Saturday, April 13, 2024

ပန်ခဲ့ပြီ


 ❝ ပန်ခဲ့ပြီ ❞ 


‌ရွှေပိ‌တောက်လည်း

မြိုင်‌အောက်စုံ‌ခြေ ၊ ဆာဆာ‌ဝေခဲ့ ။


သင်္ကြန်မိုးလည်း

သွန်းဖြိုး‌ထွေ‌ထွေ ၊ ခါခါ‌စွေခဲ့ ။


ပိ‌တောက်သင်းပျ ၊ သီတာမြနှင့်

‌မွေးဖမာတာ ၊ ‌ဆွေသဟာတို့

ဘယာ‌ဝေး‌စေ ၊ သာမျိုး‌တွေဟု

ရည်‌ချွေညွတ်နူး ၊ နှုတ်လွတ်ကျူးသည်

နှစ်ကူးရက်ဝယ် ၊ ပန်ခဲ့ပြီ ။


◾ငွေတာရီ


📖 ကဗျာပေါင်းချုပ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment