Tuesday, April 16, 2024

တစ်ခိုင်လုံးရွှေ


 

❝ တစ်ခိုင်လုံးရွှေ ❞

အမရပူရ တောင်သမန် အင်းစောင်း ကန်ပေါင်ရိုး အတိုင်း ကျွန်တော်တို့ စီး လာတဲ့ ကားလေး မောင်း ခဲ့တယ် ။ ဘိုအဖွဲ့ က ဓာတ်ပုံကိုဇော်ဇော် က ကား ကို မောင်းတာ ။

ကန်ပေါင်ရိုး တစ်နေရာ မှာ မဏိဇောတဓမ္မရိပ်သာ လို့ လမ်းညွှန်ထား တဲ့ အတိုင်း ကား ကို ချိုးကွေ့ ဝင် လိုက်တော့ ဆောက်လုပ်လက်စ အဆောက်အအုံတွေ နဲ့ တရားရိပ်သာကြီး ထဲ ရောက် သွားတယ် ။ ကွန်ကရစ် သုံးထပ်တိုက် ကျောင်းကြီး တစ်ခု ။ အကြီးကြီး ပဲ ။ ဆောက်လုပ် နေဆဲ ။ မြတ်မန္တလာထွန်း အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း မိသားစု ရဲ့ ကုသိုလ်ကောင်းမှု လို့ ဆိုတယ် ။

သုံးထပ်ကျောင်းကြီး ရဲ့ မျက်နှာချင်းဆိုင် က ဆရာတော် သီတင်းသုံး ဖို့ ဆောက် နေတဲ့ စံကျောင်း ထဲ ကို ကျွန်တော် တို့ ဝင်ခဲ့ ကြတယ် ။ စံကျောင်း က လည်း ဆောက်လုပ် နေဆဲ ။ လွှသံ ၊ တူထုသံတွေ တရှဲရှဲ ၊ တဒုန်းဒုန်း ညံ နေတယ် ။

ဆရာတော် ဘဒ္ဒန္တဇောတိက က ကု,လားထိုင် တစ်လုံး မှာ ထိုင်ပြီး သီတင်းသုံး နေတယ် ။ သူ့ ရှေ့ က စားပွဲ ပေါ်  မှာ စာရွက် နဲ့ စာအုပ် အချို့ ။ ဆရာတော် ရဲ့ဘေး မှာ မှန်ဗီရိုအပုလေး တစ်လုံး ရှိပြီး စာအုပ်တွေ ထည့် ထားတယ် ။

ဆရာတော် က အရှင်ဇောတိက ( မဏိဇောတအလင်္ကာ ) ဆိုတဲ့ အမည် နဲ့ စာအုပ်တွေ ရေးတယ် ။ “ မြင်အောင်ကြည့် ၊ သိအောင်လုပ် ၊ သတိနဲ့ယှဉ် အသိနဲ့မြင် ၊ အဆင့်အတန်း မြင့်မားသူ တို့ ၏ နေရာ ၊ မဏိဇောတ ပဋိစ္စသမုပ္ပာဒ် ” စတဲ့ ကျမ်းစာအုပ်တွေ ၊ “ သက်တမ်းတိုတို ခပ်ခိုခို မလုပ်နဲ့ ၊ အဆင့်မြင့်နေရာ နေကြတဲ့အခါ ၊ အနေတတ်မှ အသေမြတ်မယ် ၊ လူ့ဘဝ လူဖြစ်ကျိုးနပ်ပါစေ ” စတဲ့ အိတ်ဆောင် တရား စာအုပ်တွေ ရေးသား ပြုစုသူ ဖြစ်တယ် ။

ကျွန်တော် နဲ့ ကိုဇော်ဇော် က ဆရာတော် ကို ဦးတင် ရှိခိုး ပြီး နောက် လျှောက်လှမ်း လာခဲ့ရတဲ့ ဘဝ အကြောင်း ကို မေးလျှောက် ပါတယ် ။

“ ဦးပဉ္စင်း ရဲ့ မယ်တော် ၊ ခမည်းတော် တို့ က လယ်သမားတွေ ပါပဲ ၊ အဓိက စပါး စိုက်တာ များတယ် ”

ကျွန်တော် က ပညာ သင်ယူခဲ့ရတဲ့ အကြောင်း ကို မေးတယ် ။

“ အဲဒီ အချိန် က ဦးပဉ္စင်းတို့ အရပ်ဒေသ မှာ ဘုန်းကြီးကျောင်း က အဓိက ၊ တန်းကျောင်း က တော်တော် နည်းတယ် ။ ဇာတိ က ပဲခူးတိုင်း ဒေသကြီး ၊ ကျောက်တံခါးမြို့နယ် ၊ အင်ကုန်းရွာ ၊ ဘုန်းကြီးကျောင်း နေပြီး စာ သင်တာ ၊ တန်းကျောင်းလေး တွေ ဖွင့် တော့ ဆရာ ၊ ဆရာမ က စာ အရေးအဖတ် စစ်ပြီး လေးတန်း မှာ ထား ပေးတယ် ။ တန်းကျောင်း မှာ ကြာကြာ မနေရပါဘူး ။ နွေရာသီ ကျောင်း ပိတ် တော့ ဦးပဉ္စင်း ရဲ့ အဘိုးတွေ နေခဲ့တဲ့ ဇာတိ ကျွန်းချောင်းရွာ ကို သွားတယ် ”

“ ဝေးသလား ဘုရား ”

ဆရာတော် က စားပွဲ ပေါ် မှာ ပုံစံ ပြပြီး -

“ ဒါက ပဲနွယ်ကုန်း ဆိုရင် ကျွန်းချောင်း က ဒီမှာ ၊ အင်ကုန်း က ဒီမှာ ၊ ရှစ်မိုင် လောက် ဝေးတယ် ” လို့ ရှင်းပြတယ် ။

“ ကိုးနှစ်သား မှာ အဘွား ဒေါ်လှမှုန် က ရှင်ပြု ပေးလို့ ကိုရင် ဝတ်လိုက်ပြီး ကျွန်းချောင်း က ဆရာတော် ဦးဝိစိတ္တကျောင်း မှာ ပဲ နေလိုက်တော့တယ် ”

“ မိဘ ရှိရာ မပြန်ဖြစ်ဘူးလား ”

“ တစ်နှစ် မှ တစ်ခေါက် လောက် ပဲ ပြန်ဖြစ်တယ် ။ ဦးပဉ္စင်း တို့ ဘက် က တော့ ဆိုက်ကား နဲ့ သွားကြတာပေါ့ ။ လမ်း က တောလမ်းလေးပေါ့ ”

“ အရှင်ဘုရား ကိုးနှစ်သား ဆိုတော့ ငယ်သေးတယ် ။ မိဘ နဲ့ ခွဲနေ ရတော့ လွမ်းတာ တို့ ၊ အိမ် ပြန်ချင်တာ တို့ မဖြစ်ဘူးလား ”

“ ပြောရမယ် ဆိုရင်တော့ မူလဇာတိ အင်ကုန်းရွာ မှာ ညီအစ်ကို မောင်နှမတွေ နဲ့ နေရတယ် ။ လူအုပ်ကြီး ၊ ကျွန်းချောင်း မှာ အဘွား နဲ့ နှစ်ယောက် တည်း ။ ကလေး ကိုရင် ဘဝ ကတည်း က ရွာ ပြန်တဲ့ အခါ လူစုလူဝေး နဲ့ နေရတာ မပျော်ဘူး ။ ကျွန်းချောင်း မှာ အဘွားတို့ က ည ကျရင် ဝိပဿနာတရား ဆွေးနွေးတယ် ။ ငယ်ငယ် ကတည်း က ပညတ် တွေ ၊ ပရမတ် တွေ နားရည်ဝ နေတာ ”

ကျွန်တော် က “ မှန်ပါ့ဘုရား ” စကား ထောက်တယ် ။

“ ဦးပဉ္စင်း ကို တောင် မှ ကလေးလူကြီး ဆိုပြီး ရယ်စရာလေးတောင် စ ကြတယ် ”

ဘုန်းကြီး စာ သင်ယူတဲ့ အကြောင်း ကို မေးတယ် ။

ကျွန်းချောင်း မှာ ငယ် ၊ လတ် ၊ ကြီး ၊ ဓမ္မာစရိယ စာတွေ ကို ဆရာတော် ဦးဝိစိတ္တ ပို့ချတဲ့ ထဲ မှာ ပါတယ် ။ ဒါပေသည့် ဦးပဉ္စင်း တို့ က တောသူ တောင်သား ဆိုတော့ မသိဘူး ။ အဲဒါ ဘယ်ကျမှ သိလဲ ဆိုတော့ အသက် ၂၁ နှစ် မှ ၊ ရဟန်း ဘဝ ကျွန်းချောင်း မှာ တစ်ဝါ နေလိုက်တယ် ။ နောက် မိတ္ထီလာ ပြောင်းခဲ့ပြီး အခြေပြ မူလတန်း စ ဖြေတယ် ။ ဖြေဖို့ စာ ကြည့်လိုက်တော့ မှ ဒီ စာတွေ ဟာ ငါတို့ ကိုရင် ဘဝ က သင်ဖူးတာတွေ ပါလား သိတာ ။ ကျွန်းချောင်း မှာ ဓမ္မာစရိယ စာတွေ အထိ သင်ဖူး သွားပြီ ”

“ မိတ္ထီလာ ကို ဘယ်လိုကြောင့်  ကြွဖြစ် သွားတာလဲ ဘုရား ”

“ ကျွန်းချောင်း ထွက် စာသင်သားတွေ စုပေါင်းပြီး ကျောင်းဆောင်သစ် ထဲ မှာ ဆင်ခံဘုရား ရုပ်ပွားတော် တစ်ဆူ ကိုးကွယ်တယ် ။ ကိုးကွယ် တော့ ကျောင်း ရေစက်ချပွဲ လုပ်တယ် ။ ဦးပဉ္စင်းဇာတိ အင်ကုန်း က အဒေါ်တွေ နဲ့ အဆက်အစပ် ရှိတဲ့ မိတ္ထီလာ က ဆရာတော် ထီလာရှင်ရေဝတ ဆိုတာ ရတု တွေ ၊ တေးချင်း တွေ ရေးစပ်တာ တော်တယ် ။ ဆရာတော် ကို ဆက်သွယ်ပြီး ကဗျာ ရေးဖွဲ့ ဖို့ လျှောက်တယ် ”

ကျွန်တော် မေးလျှောက် နေတဲ့ ဆရာတော် ရဲ့ စံကျောင်း က လည်း ဆောက်လက်စ ။ လက်သမား နှစ်ယောက် က ဘုရားဆောင် နေရာ လုပ် နေတယ် ။ ကျွန်တော် က လှမ်း ကြည့် ပြီး ဘယ်လို ပုံစံ ရုပ်ပွားတော် ထားရှိ ကိုးကွယ် မှာ လဲ လို့ အတွေး ပျံ့လွင့် သွားတယ် ။

“ မှန်ရာ ဝန်ခံရရင် ဦးပဉ္စင်း က စာကဗျာ ရေးစပ်တာ ကို အဲဒီမှာ စိတ်ဝင်စား သွားတယ် ။ နောက်ဆုံး တိုတိုပဲ ပြောကြပါစို့ ။ ကျွန်းချောင်း မှာ ရဟန်း တစ်ဝါ ရတဲ့ အချိန် ၊ သူများတွေ က ရန်ကုန် ၊ မန္တလေး တွေ စာသင် ထွက် ကြတယ် ။ ဦးပဉ္စင်း က မိတ္ထီလာ ကို အာရုံ ရောက် သွားတာ ”

“ မိတ္ထီလာ ရောက် မှ စာမေးပွဲ တွေ စ ဖြေတာ ။ ကျွန်းချောင်း မှာ ဘာကြောင့် မဖြေတာလဲ ”

“ ကျွန်းချောင်းဆရာတော် က ပခုက္ကူ နိကာယ ထွက် ၊ စာမေးပွဲ တွေ မဖြေခဲ့ဘူး ။ ကျမ်း တော့ အတတ်ပဲ ၊ စာမေးပွဲ ကို အားမပေးဘူး ။ ဦးပဉ္စင်း ကို လည်း စာမေးပွဲ တွေ ဖြေဖို့ အားမပေးဘူး ။ ကျမ်းကြီးပေါက် ပဲ လုပ်စေချင်တာ ”

“ ကျမ်းကြီးပေါက် ဆိုတာ ဘာလဲ ဘုရား ”

“ စာမေးပွဲတွေ မဖြေဘူး ။ ကျမ်းစာတွေ ကို ပဲ တကယ် တတ်အောင် သင်ယူတာ ကို ခေါ်တာ ။ စာမေးပွဲ ကို အောင် ဖို့ ထက် တတ်ဖို့ လေ့လာတာ ”

“ မိတ္ထီလာ မှာ ဘယ်လောက် ကြာလဲ ”

“ မိတ္ထီလာ မှာ လေးနှစ် လောက် နေပြီး ရန်ကုန် ပြောင်းတယ် ။ အလုံ သစ်တောလမ်း က ပါဠိတက္ကသိုလ် အောင်မင်္ဂလာ တိုက်သစ် မှာ ပထမငယ်တန်း ၊ ပထမလတ်တန်း ဖြေတယ် ၊ အောင်တယ် ”

“ ပထမကြီးတန်း အောင်တာ ကော ဘုရား ”

“ ၁၉၈၉ ခု မှာ အမရပူရ ပတ္တမြားတိုက် ကို ပြောင်း တယ် ။ မန္တလေး ရောက် မှ ပထမကြီးတန်း အောင်တာ ”

ဆရာတော်ရဲ့ စာသင်သား ဘဝ ကို ကျွန်တော် က မေးလျှောက်ကြည့်တယ် ။

“ ဦးပဉ္စင်း ဘဝ ၊ ရန်ကုန် မှာ နေရတာ နှစ်ခြိုက်တယ် ။ စာသင်သား ၅၀၀ ကျော် လောက် ရှိတယ် ။ စာသင်သား ပုံစံမျိုး နေရတာ ၊ မနက်ခင်း ဆိုရင် ဆွမ်း နဲ့ ချဉ်ရည်ဟင်း ဆို ချဉ်ရည်ဟင်း တစ်ခွက် ၊ ပဲဟင်း ဆို ပဲဟင်း တစ်ခွက် ဒါနဲ့ပဲ စားရတာ ”

ဆရာတော် က ပြုံးတယ် ။

“ အဲဒါကို နှစ်သက်ခဲ့တယ် ။ ( နေ့လယ် ) ၁း၀၀ နာရီ ထိုး ဆို စာဝါ တွေ တက် ၊ ကိုယ် က အိပ်ချင်တာ ။ ဘယ်လောက် အထိအောင် ဖြစ်လဲ ဆိုရင် ရန်ကုန် က သိတဲ့ အတိုင်းပဲ ၊ မိုးတွင်း ကာလဆို ... ”

“ မိုး က ရွာ ... ”

“ အိပ် လို့ က ကောင်း ၊ ၁း၀၀ နာရီထိုး သံချောင်း ခေါက် တာ နဲ့ စာဝါ က သွား တက်ရ ၊ ဘယ်လို ဖြစ်မိလဲ ဆိုတော့ ... အကြီးတန်း ပြီးလို့ ဓမ္မာစရိယ ရောက်ရင် ငါ အိပ်ရေး ဝဝ အိပ် ပစ်လိုက်ဦးမယ်ပေါ့ ။ ဓမ္မာစရိယတန်း ရောက် ရင် စာသင်သားတွေ သီတင်းသုံး ဖို့ နှစ်ပါး ကို အခန်း တစ်ခန်း ပေးတယ် ၊ ငယ် - လတ် - ကြီး ကတော့ ဟောခန်းကြီး ထဲ မှာ စုပေါင်း နေရတာ ”

ကျွန်တော် က ရယ်မိပါတယ် ။

ရန်ကုန် က နေ အမရပူရ ပတ္တမြားရိပ်သာ ကို ရွှေ့ပြောင်း ရတဲ့ အကြောင်း ကို မေးလျှောက် ရာ မှာ ပတ္တမြားရိပ်သာ ဆရာတော်ကြီး ဘဒ္ဒန္တသောဘိတ က အင်ကုန်း ၊ ကျွန်းချောင်း ဘက် က အဘိုး ၊ အဘွား တွေ နဲ့ ဆွေမျိုးနီးစပ် တော် တာ ။ ငရုတ်သီး ဆယ်တောင့် မှာ တစ်တောင့် လောက် တော့ စပ်တယ် လို့ ပြောပါတယ် ။

“ ပတ္တမြား ရိပ်သာ က ဝိပဿနာတရား အားထုတ်ကြတဲ့ နေရာ ။ စာသင်သား ရဟန်း အတွက် အဆင်ပြေရဲ့လား ”

“ မန္တလေး ဘုရားကြီးတိုက် ၊ ရွှေရေးဆောင်တိုက် ၊ ထီးလင်းတိုက် တို့ စာဝါ တွေ သွား လိုက် ရတယ် ။ ဝိပဿနာရိပ်သာ ဆိုတော့ စာချ ပေးမယ့် သူ မရှိဘူး ။ နံနက်ခင်း ဆို ဆွမ်းခံ ထွက် ၊ ၇း၃၀ နာရီ လောက် ပြန် ရောက်တာ နဲ့ ဆွမ်းသပိတ်လေး ချ ခဲ့ပြီး မန္တလေးဘုရားကြီးတိုက် က ၉းဝဝ နာရီ စာဝါ အမီ ပြေးရတာ ”

“ ဘာနဲ့ ကြွသလဲ ဘုရား ”

“ လိုင်းကား ၊ အမှတ် ( ၈ ) လိုင်းကား ၊ မှတ်မှတ်ရရ ကားခ နှစ်ကျပ် လောက် ပေး ရတယ် ၊ စာဝါ လိုက်ပြီး အမရပူရ ပြန်ကြွလာ ။ ၁၁းဝဝ နာရီ လောက် ကျောင်း ပြန်ရောက် ၊ ဆွမ်း ဘုဉ်းပေး ၊ ဟိုက ပေးလိုက်တဲ့ စာလေးတွေ ကူးသင့် တာ ကူး ၊ လုပ်သင့် တာ လုပ် ၊ ညနေ ၃းဝဝ နာရီ ပြေး ရ ပြန်ပြီ ။  ရွှေရေးဆောင် ”

ကျွန်တော့် အတွေး ထဲ မှာ လွယ်အိတ်ကလေး ကို လွယ်ပြီး စာ လိုက်ဖို့ ဖတ်သီဖတ်သီ ခပ်သုတ်သုတ် သွား နေတဲ့ ရဟန်းပျို တစ်ပါး ရဲ့အသွင် ကို မြင်ယောင်ပါတယ် ။

“ လိုင်းကား နဲ့ တစ်နေ့ နှစ်ခေါက် မန္တလေး သွားရတာ ၊ မှတ်မှတ်ရရ ၊ အသွားအပြန် ကားခ က တစ်နေ့ ( ကျပ် ) ၁ဝ လောက် ၊ ကြာတော့ မတတ်နိုင်ဘူး ”

“ ပထမကြီး အောင် တော့ ဘာဆက် လေ့လာလဲ ဘုရား ”

“ ဦးပဉ္စင်း က သာသနာ့ တက္ကသိုလ် တက် ချင်တာ ၊ ဒါပေမဲ့ ကံ က မကောင်းဘူး ၊ အသက် ၃ဝ ပြည့် သွားပြီ ၊ သာသနာ့တက္ကသိုလ် က အသက် ၃ဝ မကျော်ရ ဘူး ၊ ပတ္တမြားရိပ်သာမှာ ပဲ ဆက် နေရတယ် ၊ ဆရာတော်ကြီး က လည်း နယ် တရားပွဲတွေ လိုက် ဟော ခိုင်းတယ် ”

“ တရား ဟောတဲ့ အခါ စ ဟောစမှာ ပရိသတ် အရှိန် နဲ့ အဆင် မပြေတာ ဖြစ်ဖူး သလား ”

“ ဖြစ်ဖူးတယ် ။ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ဘက် သွား တော့ ဦးဦးဖျားဖျား ဟော တာ ။ ပရိသတ် အရှိန် နဲ့ ဟောရင်း ပြောရင်း ပြောတဲ့ တရား တွေ မေ့ပြီး လည်ထွက် သွားတာ ။ လူ ကို ဖျားချင် သလိုလို ဖြစ်လာတာ ။ ကိုယ့် ကိုယ် ကိုယ် သိတယ် ၊ စိုးရိမ်စိတ် ၊ ကြောက်စိတ် ကြောင့် ဖြစ်တာ ။ အဲဒီ တစ်ပွဲ ဖြစ်တာ ”

ကျွန်တော် ကိုယ်ချင်းစာ ပြီး ပြုံးမိပါတယ် ၊ တရားဟော ဆရာတော် တွေ ရဲ့ ဒုက္ခ ကို လည်း မေးလျှောက် ကြည့်တယ် ။

“ တောအရပ် တွေ က ရှေ့ မှာ မီးချောင်းကြီး တွေ ထိန် နေအောင် ထွန်းတယ် ။ ဦးပဉ္စင်း တို့ က တရား ကို အေးအေးလေး ပဲ ဟော ချင်တာ ။ ဗွီဒီယို တွေ ဘာ တွေ ရိုက် တော့ မီးပူပူကြီး ထိုးတော့ အာရုံ မရဘူး ။ မီးရောင် နဲ့ မျက်လုံးတွေ ပြာပြီး ပရိသတ် ကို မမြင်ရ တော့ဘူး ။ ဦးပဉ္စင်း နဲ့ ပရိသတ် က တခြား စီ ဖြစ်သွားတယ် ။ ဘာတွေ အခက်အခဲ ရှိသေးလဲ ဆိုတော့ စတီးပလ္လင် က ထိုင်လိုက် ရင် မငြိမ်ဘူး ။ လှုပ် နေတာ ၊ တင် ထားတဲ့ ဖုံကြီး က လည်း နည်း တာ မဟုတ်ဘူး ။ အထူ ကြီး ၊ ထိုင် လိုက် ရင် မငြိမ်ဘူး ။ တော်တော်ကို ဒုက္ခ ရောက်တယ် ။ ဒါကို လူတွေ မသိဘူး ”

အများ ရဲ့ မျက်စိများ ရှေ့မှောက် က အနေအထိုင် ကျဉ်းကျပ်မှု ဒုက္ခ ကို ကျွန်တော် သဘောပေါက် မိပါတယ် ။

ဆရာတော် စာ စ ရေးဖြစ်တဲ့ အကြောင်း ကို မေးလျှောက် တယ် ။

“ ၁၃၅၃ ခုနှစ် ဝန်းကျင် က ပတ္တမြားဆရာတော်ကြီး ရဲ့ သတိပဋ္ဌာန်စုံ ရှုမှတ်ပုံ အတွဲ - ၁ ၊ ၂ ၊ ၃ ရေးတယ် ။ နောက် ပဋိစ္စသမုပ္ပာဒ်ဟောစဉ် ရေးတယ် ။ နောက် မိမိ ကိုယ်၌ ကိုယ်တိုင် ပြုစုတာ ရှိရင် ကောင်းမှာပဲ ဆိုပြီး ရေး လိုက်တာ ။ ယခု ဆိုရင် ၂၄ အုပ် ရှိသွားပြီ ”

“ စ ရေးတဲ့ စာအုပ် က ”

“ မြင်အောင်ကြည့် ၊ သိအောင်လုပ် ၊ ဦးပဉ္စင်း တတ် တာ က တစ်ကျပ် ဖိုး လောက်ပါ ။ အလုပ် ကို တစ်ထောင်ဖိုး လောက် လုပ် နေတာပါ ။ ဘာကြောင့်လဲ ဆိုရင် လူငယ်တွေ ကြည့် လိုက်ရင် ဘောလုံးပွဲ သွားတယ် ။ ချိုင်းကြား မှာ အားကစား စာစောင် ညှပ် လို့ ၊ သူတို့တွေ အသိအလိမ္မာ ရှိစေ ချင်တယ် ။ ဒါကြောင့် ကြိုးစား ဖန်တီးနေတာပါ ”

“ စ ရေးတုန်း က အကြောင်း ပြောပါဦး ဘုရား ”

“ ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်ဘူး ။ တစ်နှစ် တော့ ဖြင့် ရေး ကိုရေးမယ် ဆိုပြီး ပတ္တမြားတိုက် နာယက ဆရာတော် ကို ခွင့်ပန်တယ် ။ နံနက် ဆွမ်းခံ ထွက်တာ နဲ့ အချိန် က ကုန်ပြီး မရေး ဖြစ်ဘူး ။ ရေးဖြစ် အောင် ရေးတော့မယ် ဆိုပြီး ဆွမ်းခံ မထွက်တော့ဘူး ။ ဆွမ်းခံ မထွက်တဲ့ အတွက် တာဝန် မကျေဘူး ။ ဒါကြောင့်မို့ လို့ ဆွမ်းစားကျောင်း မှာ မစားဘူး ။ အဲဒီတော့ ဘာလုပ်လဲ ။ ပေါင်းအိုးလေး ရှိတယ် ။ မီး လာတဲ့ အခါ တည် ထားတယ် ။ ပဲလှော် ၊ လက်ဖက်လေး နဲ့ ဘုဉ်း ပေးတယ် ”

စာရေးသူ တစ်ဦး ရဲ့ အခက်အခဲ ကို မြင်မိပါတယ် ။

“ ဒကာ ၊ ဒကာမ ဘယ်သူ့မှ မပြောဘူး ။ ပြောရင် လာပို့ နေကြမယ် ။ တစ်ခါတစ်ရံ မီး ပျက် သွားတယ် ။ ကိုရင်လေး တစ်ပါး ကို ပိုက်ဆံ ၂ဝဝ ပေး ပြီး ဆိုင် မှာ ဆွမ်း သွားဝယ် ခိုင်းတယ် ။ တစ်ခါတလေ မီး က ပျက် ၊ ကိုရင် ကို လည်း ခဏခဏ ခိုင်းရတာ အားနာ ရင် မခိုင်းတော့ဘူး ။ ကော်ဖီမစ်လေး ၊ မုန့်လေး နဲ့ ပဲ ပြီးတော့တာ ။ တစ်ခါတလေ ရူး နေသလား အောက်မေ့ ရတယ် ”

စာ ရေးပုံ ရေးနည်း ကို မေးလျှောက်တယ် ။

“ ပညာရှာ ကြာသပတေး ၊ စာရေး သောကြာ ဆိုတဲ့ အဆို အတိုင်း ပဲ ၊ သောကြာနေ့ ဆိုရင် စာ တစ်ပိုဒ် မဖြစ် မနေ စ ရေးတယ် ။ တစ်ပတ် အတွင်း အပြီး ရေးတယ် ။ ကိုယ့် ကိုယ် ကိုယ် အားပေးပြီး ရေးတယ် ။ ဆရာတော် သံဃာတော် တွေ တတ် ထားတဲ့ ပညာတွေ အများကြီး ရှိတယ် ။ ဒါတွေ ကို စာ ရေးစေ ချင်တယ် ။ စာအုပ်တွေ ရေးတာ က လည်း အသံတိတ် တရားဟော နေတာလို့ ဦးပဉ္စင်း ထင် ပါတယ် ။ မဟာဂန္ဓာရုံဆရာတော်ကြီး မရှိတော့ ပေမယ့် ဆရာတော်ကြီး ပြုစုခဲ့တဲ့ စာအုပ်တွေ က ယနေ့ အထိ သာသနာ ပြု နေဆဲပါပဲ ”

ဓမ္မရိပ်သာ တည်ထောင် ဖြစ်တဲ့ အကြောင်း ကို မေးတယ် ။ မြတ်မန္တလာထွန်း ဒကာမကြီး ဒေါ်စိမ်းစိမ်း က ဓမ္မရိပ်သာကြီး တစ်ခု ခု ၊ စာသင်တိုက်ကြီး တစ်ခု ခု တည်ထောင် လှူဒါန်းချင်တဲ့ ဆန္ဒ ကို လျှောက်ထားတာ နဲ့ အတွေးအကြံ တူပြီး ထူထောင် ဖြစ်တာ ပြောပြပါတယ် ။

“ ကိုယ့် ဟာ ကိုယ် ကြွေးကြော် တာပေါ့ ။ ဒီမှာ တစ်ခိုင်လုံးရွှေ ဖြစ်အောင် လုပ်မယ် ။ ကိုယ် တစ်ဦး တစ်ယောက် တည်း ရွှေ ဖြစ်ဖို့ မဟုတ်ဘူး ။ အားလုံး ၊ တစ်ခိုင်လုံး ၊ ပတ်သက် သမျှ ရွှေ ဖြစ်အောင် လုပ်ရမယ်ပေါ့ ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment