❝ ကျေးဇူးတရား ရဲ့ စာလုံးပေါင်းသတ်ပုံ ❞
“ မေတ္တာအေးရိပ် ” ဆိုတာ ကျုပ် နေတဲ့ ခြံ ရဲ့ နာမည် ။ ဒီ ခြံ ကို ကျုပ် ရောက်လာတာ
သုံး ၊ လေးလ လောက် ပဲ ရှိသေးတယ် ။ အရင်က တော့ ကျုပ် မှာ အိပ်စရာ နေရာရယ် လို့ အတည်တကျ မရှိခဲ့ဘူး ။ စားဖို့ သောက်ဖို့ အတွက် လည်း မနည်း လှုပ်ရှား ရုန်းကန်ခဲ့ရတာ ။ ဒါကလည်း ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး လေ ။ ကျုပ် ရဲ့ လာခြင်း က ကောင်း မှ မကောင်းခဲ့ဘဲ ကိုး ။ မကောင်း ဆို ကျုပ် ကို လမ်းဘေး ရေနုတ်မြောင်း တစ်ခု ရဲ့ ဘေး မှာ မွေးခဲ့တာလေ ။
အမေ ကျုပ် ကို မွေးတု န်းက တစ်ကောင် တည်း မွေးခဲ့တာ မဟုတ်ဘူး ။ ကျုပ် နဲ့ အတူ မွေးချင်း သုံးကောင် လည်း ရှိသေးတယ် ။ ဒါပေမဲ့ အခု သူတို့ ဘယ် ရောက်ကုန်ကြပြီလဲ ဆိုတာ ကျုပ် မသိတော့ဘူး ။ အရင် နေရာ ဟောင်း မှာ ပဲ အလေအလွင့် ဘဝ နဲ့ ရှိချင် ရှိနေလိမ့်ဦးမယ် ။ ဒါမှမဟုတ် ကျုပ် လို နေဖို့ စားဖို့ မပူရတဲ့ နေရာ တစ်နေရာ ကို ရောက် နေတာမျိုး လည်း ဖြစ်ချင် ဖြစ်နေမှာပဲ ။
လွန်ခဲ့တဲ့ လေးလ လောက် ကတည်း က ကျုပ်တို့ တွေ ကွဲသွား ကြတာ ကိုး ။ ဆိုတော့ အဲဒီ နောက်ပိုင်း ကြုံတွေ့ရတဲ့ သူတို့ ရဲ့ အပြောင်းအလဲ ကို ကျုပ် ဘယ် အတိအကျ သိနိုင်ပါ့မလဲ ။ သူတို့ ဘဝတွေ ပြောင်းလဲခြင်း ရှိ ၊ မရှိ မသိပေမဲ့ ကျုပ် သေချာ သိတာ တစ်ခုတော့ ရှိတယ် ။ ကျုပ် ဘဝ က သိသိသာသာကြီး ကို ပြောင်းလဲခဲ့ပြီ ဆိုတာပဲ ။ ဒီ ခြံ ကို ရောက်ပြီး နောက်ပိုင်းမှာ ဆိုပါတော့ ။
ကျုပ် ဘယ်လောက် ထိ ပြောင်းလဲ သွားသလဲ ဆိုရင် ကျုပ် ရဲ့ မွေးချင်းတွေ က ကျုပ် ကို လမ်း မှာ ပြန် တွေ့ရင် တောင် မှတ်မိဖို့ ခပ်ခက်ခက်ပဲ ။ ဒါ က ကျုပ် ရဲ့ ပြောင်းလဲ နေတဲ့ သွင်ပြင်ကြောင့် လည်း ပါကောင်း ပါနိုင်တယ် လို့ ပြောမယ် ဆို ပြောလို့ ရလိမ့်မယ် ။ ဟုတ်တယ်လေ ။ ဒီ ခြံ ကို ရောက် မလာခင် နေ့ က ထိ ကျုပ် ရဲ့ခန္ဓာကိုယ် ဟာ ပိန်ခြောက်ခြောက် နဲ့ ကိုယ် ပေါ် မှာ ရှိတဲ့ အမွေးတွေ က လည်း မလှ မပ ညစ်စုတ်စုတ် ရယ် ။ ဒီ ကြား ထဲ ရပ်ကွက်ချင်း ကပ်လျက် က ကောင်တွေ နဲ့ ရန်ဖြစ် ပြီး ဒဏ်ရာ ဗရပွ နဲ့ လမ်းဘေး မှာ လဲကျ နေချိန် မို့ စဉ်းစား သာ ကြည့်တော့ ။ ကျုပ် ရဲ့ သွင်ပြင် က ဘယ်လို ပုံစံ ပေါက်နေ မလဲ ဆိုတာ ။ ဒါပေမဲ့ အဲဒီ နေ့က အဲဒီလို ဖြစ်ခဲ့တာ လည်း ခပ်ကောင်းကောင်း ပဲ လို့ ဆိုရမယ် ထင်ပါရဲ့ ။ မဟုတ်ရင် ကျုပ် ဒီ ခြံ ကို ရောက် လာ စရာ လမ်းစ မမြင်ဘူးလေ ။ အဲဒီ နေ့ က ကျုပ် လမ်းဘေးမှာ လဲ ကျ နေတာ ကို မြင်ပြီး သနား လို့ တဲ့ ဦးခင်စိုး တို့ သားအဖ က ကျုပ် ကို သူ တို့အိမ် ခေါ် လာခဲ့ ကြတာ ။“ မေတ္တာအေးရိပ် ” ဆို တဲ့ ဒီ ခြံ ထဲ ကို ပဲ ပေါ့ ။
ခြံ ထဲ ရောက် ရောက် ချင်း နေ့ မှာပဲ ကျုပ် အတွက်နဲ့ ဦးခင်စိုး တို့ မိသားစု စကား အချေအတင် ဖြစ်ကြရသေး တယ် ။ ဒါလီစိုး က ကျုပ် ကို အိမ် မှာ မမွေးဖို့ အပြင်းအထန် ကန့်ကွက်တာ ကြောင့် ပါ ။ ဪ ဒါလီစိုး ဆိုတာ က ဦးခင်စိုး ရဲ့ သမီး အကြီးမ ကို ပြောတာ ။ သူ့ မှာ သမီး နှစ်ယောက် ရှိတယ် ။ ကျုပ် ကို သနား ပြီး အိမ် ခေါ်လာတာ က အငယ်မ ။ နာမည် က ရူပါခင် တဲ့ ။ သူတို့ အမေ က တော့ ဒေါ်ထက်ယုဇနထွန်း ၊ နာမည် မှာ “ ထက် ” ပါနေ ပေမဲ့ လူ က တော့ ခပ်အေးအေးသမား ထင်ပါ ရဲ့ ။ ကျုပ် ကို အိမ် မှာ မွေးဖို့ ၊ မမွေးဖို့ ကိစ္စ နဲ့ ပတ်သက် ပြီး ဘာမှ ဝင် မပြောဘူး ။ အဲဒါ နဲ့ ပဲ ကျုပ် ဒီ ခြံ မှာ နေထိုင်ခွင့် ရခဲ့တယ် ဆိုပါတော့ ။ ဒါလီစိုး က နှစ်မဲ ၊ တစ်မဲ နဲ့ ရှုံးနိမ့် သွားတယ်လေ ။ မလွှဲသာ မရှောင်သာ လို့ လက်ခံ ထားရပေမဲ့ ဒါလီစိုး က ကျုပ် ကို လုံးဝ အမြင် မကြည်ဘူး ရယ် ။ လစ် ရင် လစ် သလို တံမြက်စည်းရိုး နဲ့ ရိုက်တယ် ။ ကျုပ် က သူ့ မျက်လုံး ထဲ အချိုးမကျ ဖြစ် အောင် ဘာမှ မလုပ်ဘဲနဲ့ ကို ရိုက်တာ ။ ရောက်စ က တော့ ဒဏ်ရာတွေ အပြည့် နဲ့ စုတ်ချာချာ သွင်ပြင် ကြောင့် ကျုပ် ကို ကြည့်မရ ဖြစ်နေတာ လို့ ထင်မိ ပေမဲ့ မဟုတ်ပါဘူး ။ ရူပါခင် ရဲ့ ဂရုတစိုက် ကျွေးမွေး စောင့်ရှောက်မှု ကြောင့် တစ်သွေး တစ်မွေး ဖြစ်လာတော့ လည်း အရင် အတိုင်းပဲ ။ ကျုပ် ကို သာ ကြည့် မရတာရယ် ၊ ပင်စီ ကို ကျ တော့ ပွတ်သီးပွတ်သပ် နဲ့ ။ ပင်စီ ဆို တာ “ ဖေဖေတို့ က ဒီ ခွေး ကို မွေးရင် သမီး လည်း ခွေး တစ်ကောင် မွေးမယ် ” ဆို ပြီး ဒါလီစိုး ဝယ် ထားတဲ့ မွေးပွခွေးလေး ပေါ့ ။ ညနေ တိုင်း သူ့ ကို ခေါ်ပြီး လမ်း လျှောက် ထွက်ရတာ က လည်း အလုပ် တစ်ခု ဖြစ်လို့ ။ ဒီ အတွက် တော့ ကျုပ် ပင်စီ ကို မနာလို မဖြစ်ပါဘူး ။ ပြောရမယ် ဆို ကျေးဇူးတောင် တင်မိ သေးရဲ့ ။ ဟုတ်တယ်လေ ။ ပင်စီ ရောက် လာတော့ သူ့ ကို ဂရုစိုက် နေရတာနဲ့ ပဲ ကျုပ် ဘက် ကို သိပ် မလှည့်နိုင်တာ ကြောင့် ဒါလီစိုး ရဲ့ ဒဏ် ကို အရင်တုန်း က လောက် မခံရ တော့ဘူး မဟုတ်လား ။
ဒါပေမဲ့ ကျုပ် က လည်း ဒါလီစိုး ကို အတတ်နိုင်ဆုံး ရှောင် ပါတယ် ။ သူ ကျုပ် ကို ကြည့်မရမှန်း သိနေမှ တော့ သူ့ အနား မကပ်တာ ဟာ ကျုပ် အတွက် အကောင်းဆုံးပဲ လေ ။ အဲသလို ရှောင်နေတဲ့ ကြား ထဲ က ကို ဒါလီစိုး နဲ့ ကျုပ် ထိပ်တိုက် တိုး ရမယ့် ကိစ္စ တစ်ခု က မထင်မှတ် ဘဲ ပေါ် လာခဲ့သေး တယ် ။ မှတ်မှတ်ရရ အဲဒီ ည က လမိုက်ည ။
ကောင်းကင် ထက် မှာ မှုန်ပျပျလေး လင်းနေတဲ့ ကြယ်လေးတွေ ရဲ့ အလင်းဖျော့ဖျော့ ရယ် ၊ ဝပ်အားနည်း မီးသီး က ဖြာကျ လာတဲ့ အလင်း မှိန်မှိန် အမှောင် ထု ရယ် က လွဲ ရင် တစ်ခြံလုံး ကို ဖုံးအုပ် ထား တယ် ။ ဦးခင်စိုး တို့ မိသားစု အတွက် အကုန်လုံး အိပ်မော ကျနေကြပြီ ။ ကျုပ် က တော့ ခြံ ထဲ အနှံ့ လျှောက်ပတ် ကြည့် ရင်း မအိပ်နိုင်သေးပါဘူး ။ မအိပ်နိုင်သေးဘူး ဆိုတာ ထက် မအိပ်သေးဘူး ဆိုရင် ပို မှန်လိမ့် မယ် ။ ဒီ ခြံ ရဲ့ လုံခြုံရေး တာဝန် ကို ယူထားတာ ကြောင့် ပါ ။ ဒါက ဒီ ခြံ ကို ရောက်ပြီး ထူထူထောင်ထောင် ဖြစ်လာ ကတည်း က ကျုပ် ယူခဲ့တဲ့ တာဝန် ဆိုပါတော့ ။ ဘယ်သူ က ခိုင်း လို့ မှ မဟုတ်ဘဲ ကိုယ့် အသိ စိတ် နဲ့ ကိုယ် ယူထားတဲ့ တာဝန် ပေါ့ ။
ခြံ ထဲ မှာ လျှောက်ပတ် သွား နေတုန်း အနောက်ဘက် တံတိုင်း မှာ ရှိတဲ့ မလွယ်ပေါက် တံခါး ပွင့် လာတာ တွေ့ လိုက် ရတယ် ။ အဲဒီ တံခါး က သိပ် အသုံး မပြုလို့ ဖွင့်ခဲတယ် ။ အမြဲလိုလို သော့ခတ် ပြီး ပိတ် ထား တာ ရယ် ။ ဒီနေ့ ကျ မှ ဘယ်လို ဖြစ်လို့ သော့ က ပွင့်
နေရတာ လဲ ။ သော့ ကို အပြင် က များ လက် နှိုက်ပြီး ဖွင့် လိုက်တာလား ။ ကျုပ် ရှည်ရှည်ဝေးဝေး တွေးတော မဆ အားဘူး ။ ပွင့် လာတဲ့ တံခါး ပေါက် ကနေ ခိုးကြောင်း ဝှက်နဲ့ ဝင် လာတဲ့ လူ တစ်ယောက် ကို လှမ်း မြင်လိုက်ရ လို့ပါ ။ သေချာတယ် ၊ ဒါ သူခိုး ပဲ ဖြစ်ရမယ် ။ အဲဒါနဲ့ ကျုပ် လည်း အဲဒီ သူခိုး ဆီ တစ်ဟုန်ထိုး ပြေး သွားပြီး သူ့ ခြေသလုံး ကို မိမိရရ ခဲ ပစ်လိုက်တာပေါ့ ။
“ အား .... ”
သူခိုး ဆီ က ထွက် လာတဲ့ အော်သံ နဲ့ အချိန် သိပ် မကွာပါ ဘူး ။ အိမ်မကြီး ဆီ က မီး တွေ ဖျတ်ခနဲ လင်းလာတယ် ။ ပြီးတော့ ကျုပ် ကို လှမ်း မေးလိုက် တဲ့ ဦးခင်စိုး ရဲ့ အသံ ကို ကြား လိုက်ရလေ ရဲ့ ။ သူ့ အသံ ကြောင့် အိမ်မကြီး ဆီ စိတ် ရောက် သွားမိတဲ့ ခဏလေး အတောအတွင်း မှာ ပါပဲ ။ သူခိုး က ကျုပ် ခေါင်း ကို လက်သီး နဲ့ အားကုန် ထိုး ချ ပါလေရော ။ ကျုပ် လည်း သတိ လက်လွတ် ဖြစ်ပြီး သူ့ ခြေသလုံး ကို ခဲ ထား ရာ က လွှတ်ပေး လိုက်မိတယ် ။ ဦးခင်စိုး တို့ ရောက်လာချိန် မှာ သူခိုး က မရှိတော့ဘူး ။ မလွယ်ပေါက် က နေ ပြန် ထွက်ပြေး သွားပြီ ။ သူခိုး ကို မမိလိုက် လို့ ကျုပ် က အပြစ် မကင်း သလို ခံစား နေရ ပေမဲ့ ဦးခင်စိုး က တော့ အဲသလို မမြင်ဘူးရယ် ။ ကျုပ် ကြောင့် ဘာပစ္စည်း မှ ပါ မသွားတာ ဆို ပြီး ချီးမွမ်းခန်း တောင် ဖွင့် နေ သေးတာကလား ။ ဒါပေမဲ့ အဲဒီ အထဲ မှာ ဒါလီစိုး တော့ မပါဘူး ။
ဟုတ်တယ် ။ တခြား သူတွေ က ကျုပ် ကို ချီးကျူး ပြောဆိုကြပေမဲ့ ဒါလီစိုး က တော့ မီးဝင်းဝင်း တောက် နေ တဲ့ အကြည့် တွေ နဲ့ ကြည့်လို့ ။ အံ ကို လည်း ကြိတ် ထားလိုက် သေးရဲ့ ။ သူ ဘာလို့ အဲသလို ဖြစ်နေတာလဲ ဆိုတာ ကို မနက် ရောက်တော့ မှ ကျုပ် သိရ တယ် ။ အိမ် မှာ သူ နဲ့ ကျုပ် ပဲ ကျန်ရစ်ခဲ့ ချိန် ကျုပ် ကို တိုင် မှာ ကြိုး နဲ့ ချည်ပြီး တံမြက်စည်းရိုး နဲ့ ရိုက်နှက် ရင်း ဒါလီစိုး ပြောလို့ သိ လိုက်ရတာပါ ။ တကယ်တော့ ည က ကျုပ် သူခိုး ထင်ပြီး ကိုက် လိုက်တဲ့ လူ က သူခိုး မဟုတ်ဘူး ။ ခြံ ထဲ မှာ တွေ့ဖို့ အချိန်းအချက်
လုပ် ထား လို့ လာတဲ့ ဒါလီစိုး ရဲ့ ရည်းစား ။ မလွယ်ပေါက် တံခါး ကို လည်း ဒါလီစိုး ကိုယ်တိုင် သော့ ဖွင့် ပေးထားတာတဲ့ လေ ။
အဲသလို ပါးစပ် က လည်း ပြော ၊ လက် က လည်း ရိုက် နဲ့ ကျုပ် မှာ တော်တော်လေး အီ သွားတယ် ။ ရူပါခင် က ကျုပ် ကိုယ် ပေါ် မှာ အရှိုးရာတွေ တွေ့လို့ မေး တော့ ဒါလီစိုး က ဘာပြန် ပြောတယ် မှတ်လဲ ။ ကျုပ် က ဟင်း ခိုး စား လို့ ဆုံးမ ထားတာတဲ့ ။ ရုပ်လေး နဲ့ မလိုက်အောင် လီဆယ် ပြီး ပြောချလိုက်ပုံ က လွန် လွန်းတယ် ။ တော်ပါ သေး ရဲ့ ။ သူ့ စကား ကို ဘယ် သူ က မှ မယုံကြည်ကြလို့ ။
••••• ••••• •••••
၂ ။
နေစောင်း သွားပြီ ဆိုပေ
မဲ့ အပူရှိန် က တော့ ကျန် နေ တုန်းပဲ ။ ဘာဖြစ်လို့ ဒီလောက် ထိ ပူလောင် နေရတယ် မသိ ဘူး ။ သစ်တောတွေ ပြုန်းတီး ကုန်လို့ ဆိုလား ၊ အယ်နီညို ရာသီဥတု ကြောင့် ဆိုလား အိမ်သား တွေ ပြောသံ ကို ကျုပ် ကြားဖူးတယ် ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ လေ ။ ညနေစောင်း တဲ့ အထိ အပူရှိန် က သိသိသာသာ လျော့ မသွားသေးတာ က တော့ အမှန်ပဲ ။ ဒါပေမဲ့ မိဝမ်းဖြူ ဆီ ကို ကျုပ် ထွက်လာခဲ့တယ် ။ ဒါလီစိုး လည်း ပင်စီ နဲ့ လမ်းလျှောက် ရင်း ခွေငှားဆိုင် ကို ထွက် သွားပြီ ။ ပြီးတော့ ခြံတံခါး ကို လည်း ချက် ပြန် ထိုး မထားခဲ့ဘူးလေ ။
မိဝမ်းဖြူ နဲ့ ကျုပ် နဲ့ က လွန်ခဲ့တဲ့ နှစ်လလောက် ကတည်း က စပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ ။ ချစ်သူ သက်တမ်း နှစ်လ အတွင်းမှာ ငါးကြိမ် လောက် ပဲ တွေ့ဖြစ်ကြ တယ် ။ ကျုပ် သဘော အရ ဆို ရင်တော့ နေ့တိုင်း နီးပါးတွေ့ ချင်တာပေါ့ ။ ကိုယ့် ချစ်သူ နဲ့ နေ့စဉ် မတွေ့ချင်တဲ့သူ ရယ်လို့ ဘယ် ရှိပါ့မလဲ ။ ခြွင်းချက် ဆို တာမျိုး ရှိကောင်း ရှိနိုင်ပေမဲ့ အဲဒီ ထဲ မှာ ကျုပ် မပါဘူး ။ ဒါပေမဲ့ ဒီ ခြံ မှာ ခြံတံခါး ကို အမြဲ ပိတ် ထားတတ်တယ် ။ အုတ်တံတိုင်း နဲ့ ကာ ရံထားတဲ့ ခြံ မို့ တိုးထွက်စရာ အပေါက် က လည်း မရှိဘူးလေ ။ ဆို တော့ ဒါလီစိုး က ပင်စီ နဲ့ လမ်းလျှောက် ဖို့ အပြင် ထွက် တဲ့ အချိန် ၊ ပြီးတော့ ခြံတံခါး ကို ချက်ပြန် ထိုး ဖို့ မေ့ သွားတဲ့ အခါမျိုး ကျ မှ ကျုပ် လည်း မိဝမ်းဖြူ နဲ့ တွေ့ခွင့် ရတာ ကလား ။
ခြံ အပြင် ကို ရောက်တာ နဲ့ မိဝမ်းဖြူ ရှိရာ ဆီ ခပ်သွက်သွက်ကလေး လှမ်း လာခဲ့တယ် ။ သူ့ ကို မြင်ချင် တွေ့ချင် အားပေး ချင် လှပြီ ။ သူ နေမကောင်းဘူး ဆိုတဲ့ သတင်း ကြား ထားလို့ ပါ ။ အဲဒီ သတင်း ကို လာပေး တဲ့ နီမ ပြော သွားတာ က တော့ မိဝမ်းဖြူ ရဲ့ ဝေဒနာ က တော်တော် ဆိုးပုံ ရတယ် တဲ့ ။ အစား ကို ဟုတ်တိပတ်တိ မစားဘဲ သစ်တိုသစ်စ တို့ ၊ သံတိုသံစ နဲ့ ကျောက်တုံးကျောက်ခဲတွေ ကို လိုက် ကိုက်နေတယ် ။ တစ်ခါ တစ်ရံ ပါးစပ် က သွားရည်တွေ စီးကျပြီး တအီအီ နဲ့ ညည်းညူ နေတတ်တယ် ဆိုပဲ ။ သေချာပါတယ် ။ သူ့ ကို မေတ္တာ အပြည့် နဲ့ အားပေး ယုယမယ့် ကျုပ် ကို မိဝမ်းဖြူ မျှော် နေတော့မယ် ။
ကျု ပ် က လည်း သတင်း ကြား , ကြားချင်း ကတည်း က မိဝမ်းဖြူ ဆီ အပြေး သွားချင်ခဲ့တာပါ ။ ဒါပေမဲ့ အခြေအနေ က မပေးခဲ့ဘူး လေ ။ ဒီနေ့ မှ အခွင့်အရေး ရ လို့ ထွက် လာနိုင်တာ ။ သိ , သိ ချင်း ရောက်မလာနိုင်တဲ့ အတွက် မိဝမ်းဖြူ က ကျုပ် ကို စိတ် ကောက် မှာ မဟုတ်ဘူး ။ ကျုပ် နဲ့ မိဝမ်းဖြူ ကြား မှာ ရှိတဲ့ အပြန်အလှန် နားလည်မှု က အား ကောင်းတယ်လေ ။ ကျုပ် ရောက် လာတာ တွေ့ရင် ပျော် တောင် ပျော်သွားဦးမှာ ဆိုတာ ကျုပ် အတပ် သိ တာပေါ့ ။ ကျုပ် ကိုယ်တိုင် က လည်း ပျော်နေ မိတာပါပဲ ။
မိဝမ်းဖြူ တို့ အိမ် နား နီး လာ တော့ သူ့ ကို ခြံပေါက်ဝ မှာ ခွေခွေလေး အိပ် နေတာ မြင်ရ တယ် ။ သူ က တော့ ကျုပ် ကို မြင်ပုံ မရဘူး ရယ် ။ ခြံပေါက်ဝ က သစ်တုံး ပေါ် မှာ မေးတင် ရင်း လမ်းမ ဆီ ကို ငေးရီ လို့ ။ မျက်ဝန်းတွေ က လည်း ရီဝေဝေ နဲ့ ။ ပုံမှန် မဟုတ်တာ တော့ သေချာတယ် ။ ကျုပ် သူ့ ဆီ ကို အသံ မပေးဘဲ ပြေးသွားဖို့ ဟန်ပြင် ပြီး မှ မသွားဖြစ်ဘူး ။ ခွေဆိုင် က ပြန်လာတဲ့ ဒါလီစိုး ကို လှမ်း တွေ့လိုက်ရလို့ ။ သူ က ကျုပ်ကို အမြင် မကြည်သူ မို့ အခုလို တွေ့ရင် အပြစ် မရှိ အပြစ် ရှာ ပြီး ရိုက်နှက် နေဦးမှာ ဆို တာ ကျုပ် သိတယ် ။ အိမ် မှာ ကျုပ် ကို ဘယ်လိုပဲ လုပ်လုပ် ခံနိုင်ပေမဲ့ မိဝမ်းဖြူ ရှေ့ မှာ တော့ အရိုက် မခံနိုင်ဘူး ။
နောက် တစ်ခု က ဒါလီစိုး နောက် မှ အိမ် ပြန်ရင် ဦးခင်စိုး ပြန် မလာမချင်း ကျုပ် ခြံပြင်မှာ ပဲ နေရလိမ့်မယ် ။ ဒါလီစိုး က ခြံတံခါး ကို ပြန် ပိတ် ထားမှာ ကြောင့် ပေါ့ ။ အဲဒါကြောင့် မိဝမ်းဖြူ ကို လာ တွေ့တဲ့ အခါတိုင်း ဒါလီစိုး ပြန် မရောက်ခင် ကျုပ် က အရင် ပြန် နေကျ ။ သူ့ အရင် အိမ် ပြန်ရတာ မှန် ပေမဲ့ ဆယ်မိနစ် လောက်တော့ မိဝမ်းဖြူ နဲ့ တွေ့ချိန် ရပါတယ် ။ ဒီနေ့ ကျ မှ ဘာ စိတ်ကူး ပေါက်ပြီး အစောကြီး ပြန် လာတယ် မသိ ဘူး ။ ကျုပ် နဲ့ မိဝမ်းဖြူ ရဲ့ တိုရေရှားရေ တွေ့ဆုံချိန်လေး ဆုံးရှုံးရတော့မယ် ထင်ပါရဲ့ ။
ရှေ့ ဆက် သွားရမလား ဒါမှမဟုတ် နောက်ပြန် လှည့် ရမလား ။ ချီတုံချတုံ ဖြစ်နေ တုန်း ဒါလီစိုး က တဖြည်းဖြည်း နဲ့ မိဝမ်းဖြူ တို့ အိမ်နား ကို ရောက် လာခဲ့ပြီ ။ အဲဒီ အချိန် မှာ ပဲ မိဝမ်းဖြူ ရဲ့ မျက်ဝန်းတွေ အရောင် ပြောင်း သွားတာ ကို မြင်ရတယ် ။ စောစောက လို ရီဝေဝေ မဟုတ် တော့ ဘဲ ရန်လိုမှု အပြည့်နဲ့ တောက်ပြောင် ဝင်းလက် လာ ကြလေရဲ့ ။ ကျုပ်တို့ ရဲ့ သဘာဝ အရ သူ ဒါလီစိုး ကို ပြေး ကိုက်တော့မယ် မှန်း ကျုပ် သိ လိုက်ပြီ ။ ဒါလီစိုး က တော့ ဘာကိုမှ သတိ မထားမိဘဲ ပင်စီ ကို ကြိုး နဲ့ ဆွဲရင်း အေးအေး လူလူ လျှောက် နေတုန်း ။
ကျုပ် ဘာ လုပ်ရမလဲ ။ ဒါလီစိုး က ကျုပ် ကို မမြင် ခင် လှည့် ထွက်ခဲ့တာ ကောင်းမလား ။ မိဝမ်းဖြူ ရဲ့ အကိုက်ခံရတာ ကို ရပ်ကြည့် နေရမလား ။ ဒါမှမဟုတ် ဒါလီစိုး ရှေ့ က မားမားမတ်မတ် ရပ်တည်ပြီး ခုခံကာကွယ် ပေးမယ် ဆိုရင် ရော ။ ဟုတ်တယ် ။ ဒါလီစိုး ကို မိဝမ်းဖြူ ကိုက်ခွင့် မရ အောင် ကြားဝင် ရမယ် ။ ဒါလီ စိုး က ဦးခင်စိုး ရဲ့သမီး ၊ ရူပါခင် ရဲ့ အစ်မ လေ ။ အဲဒီ တစ်ချက်တည်း နဲ့ တင် သူ့ ကို အကာအကွယ် ပေးဖို့ လုံလောက်နေ ပြီ ။ သူ က ကျုပ် အပေါ် လုံးဝ မကောင်းခဲ့တာ မှန်တယ် ၊ ဒါပေမဲ့ ဦးခင်စိုး တို့ က ကျုပ်ရဲ့ ကျေးဇူးရှင် တွေ မဟုတ်လား ။ ဒါလီစိုး ကို မနှစ်မြို့ဘူး ဆိုရင်တောင် ဦးခင်စိုး မျက်နှာ ကို ထောက်ရဦး မှာ ပေါ့ ။ ကျေးဇူး ရှင် တို့ ရဲ့ သားချင်း တစ်ယောက် ကိုယ့် မျက်စိ ရှေ့ မှာ ပဲ အန္တရာယ် ကြုံရမယ့် အရေး ကို မြင်နေပါ လျက် နဲ့ မျက်နှာလွှဲ ခဲပစ်လု ပ် ရလောက် အောင် ကျုပ် အသိစိတ် က လည်း ခွင့် မှ မပြုဘဲကိုး ။
ထင်ထားတဲ့ အတိုင်းပါ ပဲ ။ မိဝမ်းဖြူ က ဒါလီစိုး ကို ပြေး ကိုက်တယ် ။ ဒါလီစိုး က အထိတ်တလန့် အော်ဟစ်ပြီး ကြောင်တက်တက် နဲ့ ရပ်နေလေ ရဲ့ ။ မိဝမ်းဖြူ ပြေး ဝင် သွားတာ မြန် ပေမဲ့ သူ့ ထက်ခြေ သုံးလှမ်း စာ လောက် ကြိုပြေး ထား နှင့် တာ မို့ ကျုပ် အတွက် အချိန် မီ ပါတယ် ။ မိဝမ်းဖြူ က ကျုပ် ကို သူ့ ချစ်သူ လို့မှတ်မိပုံ လည်း မပေါ်ဘူး ။ ရုတ်တရက်ကြီး ဒါလီစိုး ရှေ့ ရောက် လာတဲ့ ကျုပ် ကို ရန်သူကြီး တစ်ယောက် လို တိုက်ခိုက်တယ် ။ ကျုပ် လည်း ဘာ တစ်ခွန်း မှ ပြောချိန် မရဘဲ ပြန်တိုက်ခိုက် ရတော့တာပေါ့ ။ ဒါလီစိုး နဲ့ ပင်စီ တို့ က တော့ အိမ် ကို ပြန် ပြေး သွားကြပြီ ။
ရေ နဲ့ အပက် ခံလိုက်ရာ ပဲ ကျုပ် နဲ့ မိဝမ်းဖြူ ရဲ့ ပွဲ က ပြတ်သွားတယ် ။ ခြံတံခါး ပိတ်ထား ရင်တော့ ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အပြင် မှာ နေရတော့မှာပဲ ။ စိုးရိမ်စိတ် တွေ နဲ့ တွေးပူမိ ပေမဲ့ ဒီတစ်ခါ တော့ ဒါလီစိုး က သူ့ ကို အန္တရာယ် မဖြစ်အောင် ကာ ကွယ်ပေလို့ ထင်ပါရဲ့ ၊ ခြံတံခါး ကို ချက် ပြန် မထိုးထားခဲ့ဘူး ။ ဒါပေမဲ့ ကျုပ် ရခဲ့တဲ့ ဒဏ်ရာ တွေအကြောင်း ကို ကျ လှီးလွှဲ ပြောဆို ထားတယ် ။ ရူပါခင် က ကျုပ် ဒဏ်ရာတွေကို ထည့်ပေးရင်း ပြော လို့ သိရတာ ပါ ။ ကျုပ် အခု ရတဲ့ ဒဏ်ရာ တွေ က မိဝမ်းဖြူ ကို တခြား ခွေးထီး တစ်ကောင် နဲ့ ယှဉ် လု ရင်း ရလာတာတဲ့ ။ ဘယ် ဘဝ ရေစက်ကြောင့်များ ဒါလီ စိုး ကျုပ် အပေါ် ဒီလောက် ထိ မုန်းတီး နေတာပါလိမ့် ။ ကျုပ် ဖြင့် တွေးတောင် မတွေးတတ် တော့ဘူး ။
••••• ••••• •••••
၃ ။
မိဝမ်းဖြူ သေပြီ တဲ့ ။
ကြားလိုက် ရတဲ့ သတင်း က ကျုပ် ကို အရူး တစ်ပိုင်း ဖြစ် သွားစေတယ် ။ သူ သေသွားတာ သူ့ ရောဂါ ကြောင့် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများတယ် ဆိုစေဦးတော့ ကျုပ် ပယောဂ လည်း မကင်းသလို ခံစား နေမိတယ် ။ အချိန် ခဏလေး အတွင်း မှာ ဝမ်းနည်း စိတ် တွေ က ကျုပ် ဆီ ကို မဖိတ် ခေါ်ဘဲ ရောက်လာကြပါလေ ရော ။ ချစ်သူခင်သူတွေ နဲ့ သေကွဲ ကွဲရတဲ့ ဒုက္ခ ရဲ့ ဖိစီးနှိပ်စက်မှု ဒဏ် က တော်တော်ဆိုး ရွားတာပဲ ။ ရင် ထဲ မှာ တစ်ခု ခု ဝင်ရောက် ကာဆီး ထား သလို တစ်ဆို့ဆို့ကြီး ။ ခါတိုင်း လို ခြံ ထဲ မှာ လျှောက်ပတ် သွားချင် လာချင် စိတ် လည်း မရှိတော့ ဘူး ။ ပရိဒေဝ အပူမီး လောင်ကျွမ်း ခံထားရလို့ အားအင် တွေ တောင် ဆုတ်ယုတ် ကုန်ခန်း သွား သလိုလို ။
“ ဪ ... နင် က ဒီ ရောက် နေတာကိုး ။ ငါ့ မှာ ဖြင့် ရှာ လိုက်ရတာ ဖတ်ဖတ် ကို မောလို့ ။ ဘာလဲ ၊ မိဝမ်းဖြူ သေသွား လို့ ဒီမှာ ချောင်ကပ် ပြီး လာ ဆွေး နေတာပေါ့လေ ။ အဲလောက် ထိ လည်း ဝမ်းနည်းမနေပါ နဲ့ ကောက်ရ ရယ် ။ လာ ... လာ ထမင်း စားရအောင် ”
ကျုပ် ကိုယ့် နား ၊ ကိုယ့် မျက်စိ ကို တောင် မယုံသင်္ကာ ဖြစ် သွားမိတယ် ။ အပူလုံး ဆို့ ပြီး အမြင်အကြား အာရုံတွေ ဖောက်ပြန် ကုန်တာများလား ။ ဒါမှမဟုတ် မှိန်း နေရင်း တကယ် အိပ်ပျော် သွားပြီး အိပ်မက် မက် နေတာများလား လို့ လည်း ထင်မိလိုက်လေရဲ့ ။ ဒီလို ထင်မိလို့ ကျုပ် ကို အပြစ် တင် မစောလိုက်ကြပါနဲ့ဦး ။ ဘယ်သူမဆို ကျုပ် နေရာမှာ ရောက် နေရင် ကျုပ် ထင်သလို ထင်မိကြ မှာပါပဲ ။ ကျုပ် အပေါ် ဘယ်တုန်း က မှ အကောင်း မမြင်ဘဲ အပြစ် ပေး ဖို့ အမြဲ ချောင်း နေတတ်တဲ့ ဒါလီစိုး က စကား ချိုချိုတွေ ပြော ပြီး ထမင်း စား ဖို့ လာ ခေါ်နေတာကိုး ။
မျှော်လင့် မထားတဲ့ အခြေအနေ ကြောင့် ဖြစ်ပေါ် လာတဲ့ အံ့သြစိတ် ၊ ငါ့ အပေါ် သဘောထား ပြောင်းသွားပြီ ထင်တယ် ဆိုတဲ့ အတွေးကြောင့် ပွင့်လန်း လာတဲ့ ကြည်နူးစိတ် ။ အဲဒီ စိတ်တွေ အစားထိုး ဝင် ရောက် လာလို့ဖြစ်မယ် ၊ မိဝမ်းဖြူ အတွက် ဝမ်းနည်းတဲ့ စိတ် တွေ လွင့်ပါး ပျောက်ကွယ် သွားပါလေရော ။ အင်အား ချင်း မမျှတဲ့ အခါ အားနည်း သူ က အရှုံးပေး ဆုတ်ခွာ ရတာ ဓမ္မတာ ပဲ မဟုတ်လား ။ အခု လည်း အဲသလို ပဲ ပေါ့ ။ မိဝမ်းဖြူ သေဆုံးခြင်း အတွက် ဝမ်းနည်းရမှု က ဒါလီစိုး ရဲ့ ပြောင်းလဲခြင်း ကြောင့် ကြည်နူးဝမ်းသာရမှု လောက် ကျုပ် ရင် ကို ထိထိရှရှ ဖြစ် သွားအောင် မစွမ်းဆောင်နိုင်ဘူးလေ ။
ဒါလီစိုး ကျွေး တဲ့ ထမင်း က ဖြစ်သလို မဟုတ်ဘူးရယ် ။ အသေအချာ နယ်ဖတ် ထားတာ ဆိုတော့ ဟင်းနံ့လေး က လည်း မွှေးလို့ ။ မနက် ကတည်း က ဘာမှ မစားဘဲ ခွေ နေ ခဲ့တာမို့ ဗိုက် ထဲ မှာ လည်း ဂီဂွမ် မြည် နေပြီ ။ ကျုပ် လည်း ဟန် မဆောင် နိုင်တော့ ဘဲ အားရပါးရ တွယ် ပစ်လိုက်တာ ပေါ့ ။ ဒါလီစိုး က တော့ အငမ်းမရ စားနေတဲ့ ကျုပ် ကို ပြုံးပြုံးကြီး ကြည့် နေလေရဲ့ ။ အစာခွက် ထဲ က ထမင်းတွေ ပြောင်တလင်း ခါအောင် ကျုပ် စား ပြီးပြီ ဆိုတော့ မှ ဒါလီစိုး ထွက် သွားတယ် ။
သူ ထွက်သွားပြီး ဘာ ကြာ လို့တုံး ။ အလွန်ဆုံး ရှိ ဆယ့်ငါးမိနစ် လောက် ပေါ့ ။ ကျုပ် ရင် ထဲ မီးခဲ မျိုချ ထားမိ သလို ပူပူလောင်လောင် ဝေဒနာ ကို ခံစား လိုက်ရတယ် ။ အနား မှာ ရှိတဲ့ ရေခွက် ထဲ က ရေတွေ ကုန်အောင် သောက် ပစ်တာလည်း မရဘူး ။ ပူလောင်မှု ဝေဒနာ က လျော့ကျ မသွားတဲ့ အပြင် ပို လို့တောင် ဆိုး လာသေးတယ် ။ ဝမ်း တွင်း က ကလီစာတွေ လည်း ပြတ်ထွက်တော့ မတတ်ဘဲ ။ ခန္ဓာကိုယ် တွင်း မှာ လှည့်ပတ် နေတဲ့ အစီးကြောင်း က တဖြည် ဖြည်း နယ်ချဲ့ လာလို့ ထင်ပါ ရဲ့ ။ အမြင်အာရုံ တွေ လည်း ရီဝေမှုန်ဝါး လာကြပြီ ။
“ ဟယ် ... ကောက်ရ ၊ လာကြပါဦး ဒီမှာ ကောက်ရ ဘာဖြစ်နေမှန်း မသိလို့ ”
ရူပါခင့် အသံ ကြောင့် အိမ် ရှိ လူ အကုန် ကျုပ် နား ကို ရောက် လာကြတယ် ။ သူတို့
ရောက် လာတာ သိပေမဲ့ ကျုပ် အရေး မစိုက်နိုင်ဘူး ။ တစ်စ ထက် တစ်စ ပို ပို ဆိုးလာတဲ့ ဝေဒနာ ကြောင့် သမံတလင်း ပေါ် မှာ လူးလှိမ့် နေရလို့ ။ ဒီ ဝေဒနာ နဲ့ ပဲ မကြာခင် မှာ ကျုပ် သေရတော့မယ် ဆိုတာကိုလည်း သိ လိုက်ရပြီ ။ မခံမရပ် နိုင် အောင် အနှိပ်အစက်ခံနေရတဲ့ ကြား ထဲ က ကျုပ် အနား မှာ စုရုံး ရောက်ရှိ နေသူတွေ ကို တစ်ချက် ဝေ့ ကြည့်လိုက်တယ် ။
အမှောင် ထုထည် က ပို သိပ်သည်း နေတာမို့ သဲသဲကွဲကွဲ မြင်ရမှာ မဟုတ်မှန်း သိပေမဲ့ နောက်ဆုံး နှုတ်ဆက်တဲ့အ နေနဲ့ ကြည့် တာပါ ။
“ ဒါ ဆေး မိတဲ့ လက္ခဏာ ပဲ ။ ကောက်ရ ခြံ အပြင် လည်း မထွက်ဘူး ဆိုတော့ တရားခံ က အိမ် ထဲ မှာ ပဲ ရှိရ မယ် ။ မဟုတ်မှ လွဲရော အကြီးမ လက်ချက် ပဲ ဖြစ်ရမယ် ။ ကဲ... ဒါလီစိုး ပြောစမ်းပါဦး ”
“ ဟုတ်တယ် ဖေဖေ ၊ ကောက်ရ နဲ့ ကိုက် ခဲ့တဲ့ မိဝမ်းဖြူ က ရူးပြီး သေ သွားပြီ ။ အဲဒါကြောင့် ကောက်ရ မရူး ခင် ဘယ်သူ့ ကို မှ အန္တရာယ် မပြုနိုင် အောင် အစာ ထဲ မှာ အဆိပ် ခတ်လိုက်တာ ”
ကျုပ် ရဲ့ အမြင်အကြား အာရုံတွေ အလုံးစုံ မှောင် အတိ ကျ မသွားသေး ခင် ကြား လိုက်ရတဲ့ ဒါလီစိုး ရဲ့ နှုတ်ထွက် စကားပါ ။ ဒါပေမဲ့ ကျုပ် သူ့ အပေါ် စိတ် မကွက် ပါဘူး ။ သူ့လုပ်ရပ် က ရက် က်လွန်းရာ ရောက်တယ်ပဲ ထားဦး ။ သူ့ အတွေး နဲ့ သူကျ တော့ လည်း မှန် နေတာပဲ လေ ။ အခုလို ဖြစ်ရတာကို လည်း ကျုပ် ကျေနပ် ဂုဏ်ယူ မိပါတယ် ။ ကျေးဇူးရှ င်ရဲ့ သွေးသားရင်းချာ တစ်ယောက် အတွက် ကျုပ် အသက် စတေး ပြီး ကျေးဇူး ဆပ်ခွင့် ရခဲ့တာ ကြောင့် ပေါ့ ။ တကယ်ဆို ကျုပ် က လွန်ခဲ့တဲ့ လေးလ လောက် ကတည်း က လမ်း ဘေး မှာ တင် မထင်မရှား သေဆုံးသွားရမယ့် ခွေး တစ်ကောင် မဟုတ်လား ။
◾ မော်မော့်မောင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment