Wednesday, April 24, 2024

ည ရဲ့သီချင်း ဟာ တိတ်ဆိတ်ခြင်းပဲ


 

❝ ည ရဲ့သီချင်း ဟာ တိတ်ဆိတ်ခြင်းပဲ ❞ 
    
သူ ငယ်ငယ် ကတည်း က သူ့ ဘဝ မှာ ကြောက်ရမည့် လူ တစ်ယောက် နှစ်ယောက် ၊ ချစ်ရမယ့် လူ တစ်ယောက် နှစ်ယောက် အမြဲတန်း ရှိနေတတ်ပါတယ် ။ သူ့ အသက် ၇ - နှစ် ၊ ၈ - နှစ် ၊ ၉ - နှစ် သုံးနှစ် လုံးလုံး ဘုန်းကြီးကျောင်းသား ဘဝ မှာ ကျင်လည် နေထိုင်ခဲ့ ရတယ် ။ ဒီတုန်းက ဘုန်းကြီးကျောင်းသား တစ်ယောက် ဟာ သူ့ ကို အမြဲတန်း အနိုင်ကျင့်လေ့ ရှိတယ် ။ ဆရာတော် က ခပ်သုတ်သုတ် ဆောင်ရွက်ဖို့ ခိုင်း လိုက်တဲ့ ကိစ္စ တစ်ခု အတွက် ၊ သူ ခပ်မြန်မြန် သွား နေတုန်း ၊ အဲဒီ ကောင် က ခြေထိုး ခံ လိုက်တော့ မှောက်လျက်လဲ သွား တာ ကို အဲဒီ ကောင် က ဟားတိုက် နေတယ် ။ မကြာမီ သူ နဲ့ မဟာမိတ် ဖွဲ့ထားတဲ့ တစ်ခြား ကျောင်းသား တစ်ယောက် ရောက် လာတယ် ။

“ ဆရာတော် ကို လျှောက်ရဲ ရင် လျှောက်ကြည့် ။ မင်း ကို အ သေသ,တ်မယ် ” တဲ့ သူ့ မဟာမိတ် က အသားလွတ် ဝင် ကြိမ်းမောင်း တာ လဲ ခံလိုက် ရတယ် ။

ဒီလို သူ့ ကို ကြည့် မရတဲ့ လူတွေ ရှိ သလို ကြည့်လို့ မဝ တဲ့ လူတွေ လည်း ရှိတယ် ။ သူ့ အဘိုး နဲ့ အဘွား ဟာ သူ့ ကို သိပ် ချစ်တယ် ။ အရိပ် တကြည့်ကြည့် လုပ်တယ် ။ မျက်နှာ ကောင်း မကောင်း ခိုး ကြည့် နေ တတ်တယ် ။ အထူးသဖြင့် အဖြစ်သည်း တာ အဘွား ပေါ့ ။

“ ဟင် ... ဒီ နှုတ်ခမ်း ဟာ ဘာလို့ ကွဲတာလဲ ။ မှန်မှန် ပြောစမ်း ။ ဒီမှာ ကိုပန်းခိုင် ။ ရှင့် မြေး ကို ဘယ်သူ ဘာလုပ် လွှတ်လိုက်လဲ မသိဘူး ”

ဆရာတော် ခိုင်း တာ ကို ခပ်မြန်မြန် ဆောင်ရွက်ဖို့ အပြေးကလေး သွား နေတုန်း ၊ ဘုန်းကြီးကျောင်းသားလေး တစ်ယောက် က ခြေထိုး ခံ လိုက်လို့ မှောက်လျက် လဲ သွားတဲ့ အကြောင်း အဘိုးအဘွား များ ကို ပြော ပြ လိုက်တော့ အဘိုး နဲ့ အဘွား ရဲ့ ဒေါသ ထွက် ပေါက်ကွဲ ပုံကို ယခု ထက်တိုင် သူ မြင်ယောင် နေပါသေးတယ် ။ စကား တောင် မဆုံးသေးဘူး ။ “ ဘုန်းကြီးကျောင်းသား တစ်ယောက် က ....” နေရာပဲ ရောက်သေးတယ် ၊ အဘိုး က သစ်သားတုံး နဲ့ ကြမ်းခင်း ကို ဒုံးခနဲ ထုတယ် ။ သူ့ လက် ကို အဘိုး က ဆွဲပြီး ၊ ဆရာတော်ကြီး ထံ ခေါ် သွားပြီး လျှောက် တော့ တာပဲ ။ အဘွား က ရွှဲ နေအောင် ငို နေ ရင်း က ဘုန်းကြီးကျောင်းသား အားလုံး ရဲ့ ဘဝ ကို ပြောပြတဲ့ အခါ အကောင်းဆုံး ကဗျာ တစ်ပုဒ် လို ထိခိုက် ခံစား သွားကြတယ် ။ ဆရာတော် ပါ ငိုင် သွားတယ် ။

“ စာသင်ကျောင်း မထားနိုင် လို့ ၊ သေစာရှင်စာ ရေးတတ် အောင် ဘုန်းကြီးကျောင်း မှာ ထား ရတဲ့ ဆင်းရဲသားချင်း အတူတူ ၊ နင် တို့ ငါ့ မြေး ကို မစော်ကားကြပါနဲ့ ”

အဘိုး က ကျောင်းသားလေး ကို ဆရာတော် က တဆင့် တောင် မဟုတ်ဘူး ၊ တိုက်ရိုက် ကြိမ်းမောင်းတယ် ။

“ စော်ကားတိုင်း ခံရမယ့် အစား မဟုတ်ဘူးကွ ။ ငါ က မင်း တင် မဟုတ်ဘူး ၊ မင်း မိဘတွေ ကို ပါ လိုက် သ,တ်ပစ်မှာ ”

အဘိုး က စွတ်ကြိမ်းမောင်း နေပေမဲ့ ၊ အဲဒီ ကောင်လေး မှာ မိဘ မရှိတော့ဘူး ဆိုတာ ကို အဘိုး မသိခဲ့ ။ အဘွား ပြော သလို ၊ ဘုန်း ကြီးကျောင်း ထား ရတဲ့ ရည်ရွယ်ချက် ဟာ စာသင်ကျောင်း မထား နိုင်လို့ ၊ သေစာရှင်စာ ဖတ်တတ် အောင် ဆိုတာ ပြည့်စုံတဲ့ အကြောင်း ပြချက် တစ်ခု တော့ မဟုတ်ပါ ။ တစ်ဝက်တစ်ပျက် သာ မှန်ပါတယ် ။ မိဘမဲ့ သွားသူများ နှင့် ဆင်းရဲလွန်း တဲ့ မိဘများ က ၊ အစစ အရာရာ တာဝန် မယူနိုင်တော့ တဲ့ အခြေအနေ မှာ ၊ ဘုန်းတော်ကြီးကျောင်း ကို အားကိုး အားထား ပြုကာ လာရောက် ထားခဲ့ကြခြင်း ပဲ ဖြစ်ပါတယ် ။ ဘုန်းတော်ကြီး ကျောင်း မှာ သင်အံ ကျက်မှတ် ရတဲ့ စာတွေ က လည်း ၊ လောကုတ္တရာ စာတွေ ချည်း ပဲ ဖြစ်တယ် ။ ဖြစ်သင့်တာ က တော့ ဒီ စာပေတွေ တတ်မြောက် ရင်းနှီး ပြီး ရင် ၊ ဘုန်းကြီး တစ်ခါ တည်း ဝတ် လိုက်တာ အကောင်း ဆုံး ပဲ ။ ကံကောင်း တာ တစ်ခု က တော့ ဦးဇင်း တစ်ပါး က အခြေခံ သင်္ချာနည်း တွေ သင်ပြ ပေးတယ် ။ နောင် သူ့ ဘဝ အလှည့်အပြောင်း တစ်ခု မှာ ၊ အဲဒီ သင်္ချာနည်းတွေ အသုံးကျလိမ့်မယ် လို့ သူ တွေး တောင် မတွေးမိခဲ့ဘူး ။ ဒီ ကာလ မှာ သူ ကြောက်ရတာ နှစ်ခု ရှိ သေးတယ် ။ ဘုန်းကြီးကျောင်း ဝင်း ထဲ က ည နဲ့ ဆာလောင် မွတ်သိပ်ခြင်း တို့ ကို ပါပဲ ။ ဘုန်းကြီးကျောင်း ဝင်း အစပ် မှာ ပျံလွန်တော်မူ သွားတဲ့ ဦးဇင်းတွေ ၊ ကိုရင်တွေ ရဲ့ အုတ်ဂူတွေ ရှိတယ် ။ ဒီ အုတ်ဂူတွေ ကို ကျော်လွန်ရင် ကုန်းသေးသေး တစ်ကုန်း ရှိ ပြီးတော့ ၊ အဲဒီ ကုန်း ကို ကျော် လိုက်တဲ့ အခါ ၊ မလှမ်းမကမ်း မှာ ဖံဖရွာ ရဲ့ သုဿာန် ရှိတယ် ။ ကျောင်းဝင်း ထဲ မှာ သိမ် တစ်လုံး ရှိတယ် ။ ထုံးစံ အတိုင်း သိမ် ရဲ့ အမိုး မှာ လင်းနို့ တွေ ရှိတယ် ။ ထန်းပင် အမြင့်ကြီး ပေါ် မှာလည်း လင်းနို့ တွေ ရှိတယ် ။ ထန်းပင် ခြေရင်း မှာ လင်းနို့ချေးတွေ ပုံ နေတာပဲ ။ ညည အိမ်သာ သွားရင် အုတ်ဂူတွေ ဘေးနား က ဖြတ် သွားရတယ် ။

စားသောက်ရေး နဲ့ ပတ်သက် လို့ က တော့ နံနက်စာ က ပို အဆင်ပြေ တယ် ။

ညစာ ကျ တော့ ကျောင်းသားကြီး တစ်ယောက် က မနက် က အဆီပြန်ဟင်း နည်းနည်း ချန် ပြီးတော့ ၊ ညနေ ကျရင် အရွက် တစ် ခုခု နဲ့ ရော ချက်လိုက်တဲ့ ဟင်း နဲ့ စားရတယ် ။ ရေလုံပြုတ် ပဲ ။ စား လို့ မကောင်းဘူး ။ သူတို့ ဘုန်းကြီး ကျောင်းသားတွေ ရဲ့ အမြင့်ဆုံး အိပ်မက် ဟာ အခါကြီး ရက်ကြီး ပဲ ။ အခါကြီး ရက်ကြီး မှာ အလှူ အတန်း လုပ်တဲ့ အခါ ၊ မြိန်မြိန်ရှက်ရှက် စားရတယ် ။ အလှူအတန်း နဲ့ ကင်းဝေး တဲ့ ရက်တွေ မှာ တော့ ၊ ရေလုံပြုတ် နဲ့ စားရ ပြီးတော့ ၊ အထဲ မှာ ပါတဲ့ အသားဖတ်တွေ ကို တော့ အသက်ကြီးကြီး ဘုန်းကြီးကျောင်းသား တွေ က အပိုင်စီး ထားလိုက်ကြတယ် ။ တစ်ခါတစ်ခါ ပြည်ပန်းညိုရွက် နဲ့ အသား နဲ့ ချက်တဲ့ ဟင်း မှာ ခူကောင် တွေ တောင် ပါတယ် ။ သူ က ရွံတတ်တယ် ။ သူ ထမင်း ဆက် မစားတော့ဘူး ။ သွန် ပစ်လိုက် တယ် ။ သွန် ပစ်ရင်း သူ အဘွား ကို မြင်ယောင် လာတယ် ။ သူ့ ဘဝ ရဲ့ အကြောက်တရား ကို ရင်ဆိုင် ပေးမယ့် ဂါထာ တစ်ခု လို သူ့ ရင်ခုန် သံ က တောင် “ အဘွား ... အဘွား ” လို့ ရွတ်ရင်း ၊ အဘွားအိမ် ကို သူ တစ်အား ပြေးတယ် ။ အဘွားအိမ် နဲ့ ဘုန်းကြီးကျောင်း နှစ်မိုင် လောက် ဝေးတယ် ။

အဘွား က အလတ်စား ဇလုံ တစ်လုံး ထဲ မှာ ထမင်းတွေ နဲ့ ဟင်းတွေ ပုံထည့် ပေးတယ် ။ ငါးဟင်း တွေ အများကြီး ထည့် ပေးတယ် ။ သူ အားရှိပါးရှိ စား လိုက်တာ လောကကြီး နဲ့ သူ့ အဘွား ကို တောင် ခေတ္တ မေ့သွား သလို လိုပဲ ။ အဘွား က တော့ အိမ် အလုပ်တွေ လုပ် နေရင်း သူ စားတာကို ခိုး ကြည့်နေတယ် ။ မြိန် မှ မြိန်ရဲ့လား ပေါ့ ။ အဘိုး က သူ့ ဗိုက် ကို လက် နဲ့ စမ်း ကြည့်ပြီး ၊ သူ့ ပါး ကို တစ်ချက် ဆွဲ လိမ် သေးတယ် ။ သူ ပြန်မယ် လုပ်တော့ အဘွား က သူ့ ပါး ကို တစ်ချက် နမ်းတယ် ။ သူ တစ်ခါ တစ်ခါ မှာ ဆရာတော် ရိုက် တာ ခံရ တတ်တယ် ။ သူ ခုလို ကျောင်း က နေ ရုတ်တရက် ပျောက်သွား တဲ့ အခါ ပေါ့ ။ အဘွား ဆီ သွား တတ်တဲ့ အခါတွေ ပေါ့ ။ အဲဒီ နေ့ မှာ လည်း ပဲ ဆရာတော် က ကြိမ်လုံး နဲ့ စောင့် နေတယ် ။ သူ ဆရာတော် ကို ကြောက်ကြောက် နဲ့ အဆက်မပြတ် ဦးချ နေ မိတယ် ။ စားသောက် လို့ ရလာတဲ့ ကျေနပ်မှုတွေ တောင် ဘယ် ရောက် ကုန်လဲ မသိဘူး ။ ဆရာတော် က မေးတယ် ။ စာအံချိန် ကို မေ့နေပြီ လား လို့ မေး နေတယ် ။

“ တပည့်တော် ရဲ့ အဘွား ဖျား နေပါတယ် ။ အဘွား တော်တော့ ကို ဖျား နေလို့ တပည့်တော် သတင်း သွား မေးတာပါ ဘုရာ့ ”

“ အိမ်း ... အခု မင်း ကို မရိုက်သေးဘူး ။ မင်း အဘွား မဖျားဘူး ဆိုတာ ငါ သိတဲ့ နေ့မှာ ငါ နှစ်ဆ ရိုက်မယ် ”

သူ့ ကို တစ်ခြား ဘုန်းကြီးကျောင်းသား တွေ က “ ဘုန်းကြီး အချစ်တော် ” လို့ ခေါ်ကြတယ် ။ သူ လက် မခံဘူး ။ မျက်ရည် တွေ ကြား ထဲ က သူ ခေါင်းခါ နေမိတယ် ။ အဘွား မဖျားဘူး ဆိုတာ ဆရာတော် က သိ သွားလို့ ၊ ထန်းလက်တုတ် နဲ့ ရိုက် တာပေါ့ ။ ဘုန်းကြီးကျောင်းသား တွေ ဟာ အရွယ်အစား အမျိုးမျိုး ရှိတယ် ။ အသက် ၈ နှစ် က နေ အသက်၂ဝ အထိ ရှိတယ် ။ အသက်၂ဝ လောက် ရှိလာ တဲ့ အခါ မှာ တော့ ၊ ဘုန်းကြီးကျောင်း က ကျွေးမွေး လိုက်တဲ့ အစားအသောက် တွေ ကြောင့် ၊ ခွန်အား တွေလည်း ပြည့် နေပြီ ။ လယ်ကူလီ ၊ စာရင်းငှါး ၊ စတဲ့ အလုပ်တွေ လုပ် စားဖို့ အရွယ် နဲ့ ခွန်အားတွေ အဆင်သင့် ဖြစ်နေပြီ မို့ ၊ ဆရာတော် က လည်း လက် မခံတော့ဘူး ။ ဆရာတော် ကို လာလာ ဖူး တတ်တဲ့ စာသင်ကျောင်း က ဆရာ တစ်ယောက် က ပြောတယ် ။

“ ဘုန်းတော်ကြီးကျောင်း တွေ ဟာ လူမှုရေး အခက်အခဲ တွေ ကို ဖြေရှင်း ပေးတဲ့ ၊ မွန်မြတ်တဲ့ ယဉ်ကျေးမှု ထွန်းကား တဲ့ နေရာ ပဲ ” တဲ့ ။

ဟုတ်ပါရဲ့ ။ ဘုန်းတော်ကြီးကျောင်း တွေ ဟာ ဆင်းရဲနွမ်းပါး တဲ့ လူတွေ ၊ တည်းခိုစရာ မရှိတဲ့ လူတွေ အတွက် အကူအညီ ပေး တတ်တဲ့ အစဉ်အလာ ကောင်းတွေ ထွန်းကား တဲ့ နေရာ ပဲ ။ လူတွေ တင် မဟုတ်သေးဘူး ။ ခွေးတွေ တောင် အကောင် သုံးဆယ် လောက် ရှိတယ် ။ စာအံသံ တွေ ၊ ကြေးစည်သံ တွေ ၊ အုန်းမောင်းခေါက်သံ တွေ ၊ ကျောင်းဝန်း ထဲ က စိုင်သရက်ပင် အောက် သရက်သီးမှည့် ကောက် စား ခဲ့ရတာတွေ ၊ ဆီးဖြူပင် အောက် ဆီးဖြူသီး ကောက် စား ခဲ့ရတာတွေ ၊ ဆရာတော် ရဲ့ ကြည်ညိုဖွယ် မျက်နှာ တွေ ၊ အဘိုး နဲ့ အဘွား တွေ ၊ ဒေါ်လေး ဒေါ်ကြီး တွေ ၊ ဦးလေး ဦးကြီး တွေ ၊ ဝမ်းကွဲညီ အစ်ကိုမောင်နှမ တွေ ၊ သူ ရှင်းရှင်းလင်းလင်းကြီး ထင်ထင်ရှားရှားကြီး တွေ့ နေရတယ် ။ ဒီလို တွေ့နေ မှတ်မိနေ တာ ဟာ တစ်ခြားကြောင့် မဟုတ်ဘူး ၊ သူ သိပ် လွမ်း နေလို့ပေါ့ ။ ဒီ အချိန် က စပြီး သူ ဘယ်တော့ မှ ဘုန်းကြီးကျောင်းသား ပြန်မ ဖြစ်တော့ဘူး ။ အခု သူ ရန်ကုန်မြို့တော် ကို ရောက် နေပြီလေ ။

ဘဝ တူ ကျောင်းသားတွေ ထဲ က သူ့ ကို အနိုင်ကျင့် တဲ့ ကျောင်းသား နှစ်ယောက် ကို မြင်ယောင်မိတဲ့ အခါ ၊ သူ လက်သီး ကို ကျစ်ကျစ်လျစ်လျစ် ဆုပ် ထား လိုက်မိတယ် ။ စာအံသံ တွေ နဲ့ ဆရာတော် ကို သတိရတဲ့ အခါ ၊ သူ ဆုပ်ထားတဲ့ လက်တွေ လျော့ရဲရဲ ဖြစ် သွားတယ် ။ အဘိုး နဲ့ အဘွား ကို သတိရတဲ့ အခါ မှာ တော့ ၊ သူ့ လက် နှစ်ဖက် ကို ဖြန့်ပြီး နဖူး ပေါ် မှာ အုပ် ထား လိုက်တယ် ။ သူ့ မျက်ဝန်း တွေ ထဲ က မျက်ရည် စီးကျ လာတယ် ။ ဒီလို မျက်ရည်တွေ စီး ကျ လာတာ ဟာ အတိတ် ကို လွမ်း လို့ ချည်း ပဲ မဟုတ်ဘူး ။ အနာဂတ် ကို ကြောက်တာ လည်း ပါတယ် ။ ည ည ကျရင် သူ ကြောက်ရ တာ တွေ ထဲ မှာ အဘွား ကို လွမ်းတဲ့ စိတ် လည်း ပါတယ် ။ သူ ရန်ကုန် ကို ရောက်ခဲ့ ရတဲ့ အကြောင်း ကို အတိုတကာ့ အတိုဆုံး ပြော ရရင် ၊ အမေ ဆုံးသွား တော့ နောက် အိမ်ထောင် ပြု သွားတဲ့ အဖေ က ကျောင်း ထား ပေးဖို့ လှမ်း ခေါ်လိုက်တာ ပဲ ဖြစ်ပါတယ် ။

ကမ္ဘာကြီး က မွေးထုတ် လိုက်တဲ့ လူသားတွေ ထဲ မှာ ရိတတ် ခနဲ့တတ် တဲ့ လူ တစ်မျိုး အမြဲတန်း ပါလာ တတ်တယ် ထင်တယ် ။

“ တောသား ဗိုက်ပူနံကား ”

စာသင်ကျောင်း ရောက် တော့ လည်း ၊ ၄ - တန်း ကျောင်းသား တစ်ယောက် က သူ့ ကို အနိုင်ကျင့် တာ ခံရပြန်တယ် ။

“ ငါ့ မြေး ... ဆယ်တန်း အောင် အောင်ကြိုးစား ။ ရန်မဖြစ် နဲ့ ”

အဘွား မှာ ထားလို့သာပေါ့ ။ ဒီလိုမှ မဟုတ်ရင် သူ ဆွဲထိုး လိုက်မိ မှာ အမှန်ပဲ ။ ဒါပေမယ့် ကျောင်းအုပ်ဆရာကြီး ဟာ သူ့ အပေါ် စာနာထောက်ထား သနားကြင်နာတယ် ။ ဒါဟာ သူ့ အတွက် မြို့တော် ရဲ့ အကောင်းဆုံး လက်ဆောင် ပါပဲ  ။ အကြောက် တရား ရဲ့ ဆန့်ကျင်ဘက် အချစ်တရား ပါ ပဲ ။ တကယ် ဆိုတော့ အကြောက်တရား ထဲ မှာ အမုန်းတရား ငြီးငွေ့ခြင်းများ နှင့် မယုံ ကြည်ခြင်းများ လည်း ပါဝင် နေကြောင်း နောင် သူ စာရေးဆရာ တစ်ယောက် ဖြစ်လာတဲ့ အခါ သူ ခွဲခြမ်းစိတ်ဖြာ သဘောပေါက် နေ မိတယ် ။ ရန်ကုန်မြို့တော် ကို ရောက်ပြီး နေရထိုင်ရတာ အသား ကျ လာတဲ့ အခါ ရွာ က ဘဝတူ ဘုန်းကြီးကျောင်းသားတွေ ကို သူ သတိရ ပေမယ့် သူ့ ကို မုန်းတဲ့ သူ ကြောက်ရတဲ့ ဟို ကျောင်းသား နှစ်ယောက် ကို သူ စိတ် မနာတော့ဘူး ။ ပြီး ပြီးတာ လည်း ပြီးပါစေ သဘောထားမျိုး သူ ထားနိုင်ခဲ့တာ ကို သူ တွေ့ ရတယ် ။ အတိတ် ပစ္စုပ္ပန် နဲ့ အနာဂတ် သုံးမျိုး ထဲ မှာ ပစ္စုပ္ပန် သာ အရေးကြီးဆုံး ဆို တာ သူ ခံစား လာရတယ် ။ အနာဂတ် ဆိုတာ တစ်ချိန်ကျ ရင် ပစ္စုပ္ပန် ဖြစ် မှာမို့ သိပ် အရေးကြီးတယ် လို့ ပြောလို့ မရဘူး ။ ပစ္စုပ္ပန် တည့်တည့် လူ ဖြစ်ရတဲ့ ဘဝ လှပဖို့သာ အဓိက လို့ သူ တွေးမိတယ် ။ သူများ ပစ္စုပ္ပန် ဟာ ကိုယ့် ပစ္စုပ္ပန် မဖြစ်ခင် ကိုယ် သေချင် သေသွား မှာ မဟုတ် လား ။ သူ ဟာ ငယ်ငယ် ကတည်း က လေးလေးနက်နက် တွေ လျှောက် စဉ်းစား တတ်တယ် ။ သူ့ မိထွေး ဟာ မိန်းမချော တစ်ယောက် ပါ ။ အသက် ၃၇ - နှစ် မှာ သူ မဆုံးသွားတယ် ။ အပျိုဘဝ နဲ့ မုဆိုးဖို ကို ယူ လိုက်ရပေမယ့် ဘာမှ မဝတ်မစားရ တဲ့ အပြင် ၊ ဒုတိယ မယား အခေါ် ခံ ရ သေးတယ် ။ ဒါတွေကို နောက်ပိုင်း ကျ မှ သူ ခွင့်လွှတ်စာနာ နားလည် လာတာပါ ။ ခပ်စောစောပိုင်း က ဆို သူ့ မိထွေး ကို သူ အလိုလို ကြောက် နေတယ် ။ မယားပါ သားသမီးများ နဲ့ မိထွေး ကြား နောက်ခံ သမိုင်းကြောင်းတွေ က မကောင်းခဲ့ဘူး မဟုတ်လား ။

“ ဗိုက်ပူနံကား တောသား ”  လို့ ခေါ်ပြီး ရန်စ တတ်တဲ့ ကောင်လေး တွေ သုံးယောက် လောက် တောင် စုဆောင်း မိတဲ့ အချိန် မှာ တော့ ကံကောင်းထောက်မ စွာပဲ သူ အလယ်တန်း ကျောင်းသား ဘဝ ရောက်သွား ပါ တော့တယ် ။ ကျောင်းပြောင်း ခဲ့ရတယ် ။ အလယ်တန်းကျောင်းသား ဘဝ မှာ သင်္ချာဆရာကြီး ဦးလှမောင် ဟာ သူ့ ကို သိပ် ချစ်တယ် ။ အိမ် ခေါ်ပြီး စာပြတယ် ။ ထမင်း ကျွေးတယ် ။ ဒါပေမယ့် ဘယ်လိုမျိုး ဆုတောင်း မသိဘူး ။ သူ ကြောက်ရမယ့် လူတွေ ဒါမှမဟုတ် အခြေအနေ တွေ အမြဲတန်း ရှိနေတတ် တာ အဘိုး ဆုံး သွားတယ် ။ အဖေ စီးပွားရေး မကောင်း ဘူး ။ ည ကျ ထမင်းဝိုင်း မှာ ဘာမှ အလုံအလောက် မရှိဘူး ။ အလျှံ ပယ် ရှိနေတာ က တော့ စိုးရိမ်ကြောက်လန့်မှု တွေ ။ စားဝတ်နေရေး အတွက် စိုးရိမ်သောက ဖိစီးမှု တွေ ဝိုင်းဝိုင်းလည် နေတယ် ။ အစ်မ တို့ အိမ် ကို ပြောင်းရွှေ့ ရတယ် ။ အလယ်တန်း ကျောင်းသား ဘဝ မှာ သူ တွေ့ ရတဲ့ တစ်ခြား အခက်အခဲ တစ်ခု က တော့ အဝတ်အစား လုံလုံလောက်လောက် မရှိဘူး ။ ရှိတဲ့ အဝတ်အစားတွေ က လည်း ဆွေးချင် စုတ်ပြဲချင် ။

“ အဖေ ... ကျွန်တော် ကို ပုဆိုး တစ်ထည် လောက် ဝယ်ပေးပါ ”

အစ်မ တို့ အိမ် က နေ ၊ အဖေ အလုပ် လုပ်တဲ့ နေရာ သွား ပြီး ပူဆာတယ် ။ လမ်းကြုံလို့ သွား ပြောတဲ့ ပုံစံမျိုး မဟုတ်ဘူး ။ နှစ်ည လောက် စဉ်းစား ဆုံးဖြတ် ပြီး မှ လာခဲ့တာပါ ။ အဖေ့ အလုပ် ကို မှ သူ လာခဲ့ တာ က တော့ သူ ပုဆိုး ဝယ်ပေးဖို့ ပူဆာတာ ကို သူ့ မိထွေး အပါအဝင် ဘယ်သူမှ မသိအောင် လို့ပေါ့ ။ ဒီလိုနဲ့ အဖေ့ ဆီ က တစ်လ လောက် ကြာတဲ့ တိုင်အောင် ဘာ သတင်း မှ မကြားရဘူး ။ သူ ညည တွေ မှာ အဖေ့ ဆီ သွားဖို့ အားတင်း စဉ်းစားရ ပြန်တယ် ။ သူ သူ့ အဖေ အလုပ် လုပ်တဲ့ နေရာ ကို သွား ပြန်တော့  သူလာနေ တာ ကို သူ့ အဖေ အဝေးကြီး ကတည်း က တွေ့တယ် ။ မျက်နှာ ပျက် နေတယ် ။

“ အဖေ ... ကျွန်တော် ကို ပုဆိုး တစ်ထည် လောက် ဝယ် ပေးပါ ။ ကျွန်တော့် ပုဆိုးတွေ က စုတ်ပြဲ နေလို့ပါ ”

အခု တစ်ခါ တော့ ဇာတ် နာအောင် နဲ့ ပိုပြီး စည်းရုံးရေး ကျ အောင် သူ ဝါကျ တစ်ကြောင်း ပို ပြောထည့် လိုက်ပါတယ် ။ အဖေ နဲ့ သား ဆက်ဆံရေး ဟာ ခြောက်ကပ်ကပ်ကြီး ဖြစ် နေတာ ၊ ငွေရေး ကြေးရေး အခက်အခဲ က ကြား က နေ ခံနေလို့ ဖြစ်တယ် ဆိုတဲ့ အကြောင်း နောင် သူ အသက်ကလေး ရ လာ တော့ မှ သဘောပေါက် သွားတယ် ။

အလယ်တန်း ကျောင်းသား ဘဝ မှာ ကမ္ဘာကြီး က မှားယွင်းစွာ မွေးထုတ် ပေး လိုက်တဲ့ အပြစ်အနာအဆာ နှစ်ကောင် နဲ့ တွေ့ရ ပြန်တယ် ။ သူ သည်းခံနိုင်ရည် မရှိတော့ဘူး ။ ဘုန်းကြီး ကျောင်းသား ဘဝ ၊ မူလတန်း ကျောင်းသား ဘဝ တစ်လျှောက်လုံး သည်း ခံလာခဲ့ရတယ် ဆိုတော့ သည်းခံနိုင်ခြင်း ကိုယ်ခံအားတွေ လက်ကျန် မရှိတော့ဘူး ။ ဒီ လောက မှာ ပု တဲ့ လူ ကို “ ဂျပု ”  လို့ ခေါ်တာ ကို အရူးငပေါ က လွဲလို့ ဘယ်သူမှ ကြိုက် မှာ မဟုတ်ဘူး ။ သူ့ လက်သီး ကို ကျွဲပခုံး ထ အောင် နံရံတွေ ကို ထိုးတယ် ။ သဲအိတ် တွေ ကို ထိုးတယ် ။ အဲဒီ ကောင် နှစ်ကောင် က သူ့ နောက် က ခုံ တန်းလျား မှာ ထိုင်တယ် ။ သူ့ နားရွက် ကို လက် နဲ့ တောက်တယ် ။ လှည့် ကြည့် လိုက် ရင် အိန္ဒြေရရ စာ ရေး နေကြတာ ကို တွေ့ရတယ် ။ သူ တို့ လက် နဲ့ တောက်တာ နာ ရီ ရှိတယ် ။ တစ်မိနစ် လောက် မှ တစ်ခါ တောက်တယ် ။ တောက် လောက်တဲ့ အချိ န်ကို ခန့်မှန်း ပြီး လှည့် ကြည့် လိုက်တဲ့ အခါ ၊ ဟို ကောင် တစ်ကောင် ရဲ့ လက် ကို လေထဲ မှာ မြှောက်လျက် သား တွေ့ရတယ် ။ တွေ့ ရတယ် ဆိုရင်ပဲ သူ အဲဒီ ကောင့် မျက်နှာ ကို လက်သီး နှစ်လုံး ကို တွန်းကန်အား အပြည့် နဲ့ သွင်း လိုက်တယ် ။ အဲဒီ ကောင့် မျက်ခုံးမွှေး စုတ်ပြတ် ထွက် သွားပြီး သွေးတွေ စီး ဆင်းလာတယ် ။ အတန်းပိုင် ဆရာမ အတော့် ကို စိတ်ဆိုး သွားတယ် ။

“ နင့် ကို လုပ်ရင် ငါ့ ကို တိုင်ပါလား ။ ငါ ရှိနေရက်သား နဲ့ နင် လုပ်ရက်တယ် ။ ဆရာကြီး သိရင် ပြသနာတွေ ရှုပ် ကုန်တော့ မယ် ။ လာစမ်း ၊ လက်ဖဝါး ဖြန့် ” ဆရာမဟာ သူ့ ကို ဒန်ပေတံ နဲ့ ၁၅ ချက် တအား လွှဲ ရိုက်တယ် ။ ဆရာမ မျက်ရည်တွေ ဝဲ နေတယ် ။ တစ်ချက် ရိုက် ပြီးတိုင်း “ နောက် လုပ်ဦးမှာလား ” လို့ မေးတယ် ။ ၁၄ ချက် မှာ “ ကြောက်ပါပြီ ဆရာမ ” လို့ သူ ပြော လိုက်တယ် ။ ၁၅ ချက် မြောက် မှာ တော့ သူ့ ပါးပြင် နှစ်ဖက် ပေါ် မှာ မျက်ရည် တွေ လှိမ့်ဆင်း လာတယ် ။ ဆရာမ ဟာ နောက်နောင် ကို တစ်ခြား ကျောင်းသားတွေ အတုမြင် အတတ်သင် ကြ မှာ စိုး လို့ စံပြ ရိုက်ပြ နေတာ လည်း ဖြစ်နိုင်တယ် ။ တော်ပါသေးတယ် ။ သူ့ လွယ်အိတ် ထဲ မှာ အုတ်ခဲကျိုး နှစ်လုံး ပါတာ ဆရာမ မသိသေးလို့ ။ ကျောင်း လွှတ် တော့ အုတ်ခဲကျိုးတွေ ကို သူ အပြီးအပိုင် လွှင့် ပစ် လိုက်တယ် ။ သူ ဘယ်တော့ မှ ရန် မဖြစ်တော့ဘူး ။ သည်းခံတော့ မယ် လို့ သူ ဆုံးဖြတ် လိုက်တယ် ။ သူ ကျောင်း ၃ - ရက် မတတ်ဘူး ။ ဆရာမ အိ မ်လိုက်လာ တယ် ။ သူ ဖျား နေတာ ကို ဆရာမ က တစ်မျိုး အဓိပ္ပာယ် ကောက် သွား တယ် ။ ဆရာမ ဟာ ဖူးဖူးယောင် နေတဲ့ သူ့ လက် ကို ကြည့်ပြီး စိတ် ထိခိုက် သွားပုံ ရတယ် ။ သူ ဆယ်တန်း ရောက် တော့လည်း ၊ ရန် စတဲ့ ကောင်တွေ ၊ နှိမ်တဲ့ ကောင်တွေ တစ်ယောက် နှစ်ယောက် တွေ့ ရပြန်တာပါပဲ ။

ဆယ်တန်း အောင် ပြီး တက္ကသိုလ် ရောက်သွားတဲ့ အခါ ၊ သူ ကြောက်ရတဲ့ အရာ နှစ်ခု ဟာ လူ မဟုတ်ဘူး ။ ရူပဗေဒဘာသာရပ် နဲ့ ပိုက်ဆံ ဆိုတဲ့ ဘာသာရပ် ပါပဲ ။ တစ်နေ့ မှ ၁ - ကျပ် ပဲ ရတယ် ။ သာကေတ က နေ စက်ဆန်း ကို သမ္ဗာန် နဲ့ ကူးတာ ငါးပြား ၊ စက်ဆန်း က နေ မြေနီကုန်း အထိ ကားခ ၃၅ - ပြား ။ မြေနီကုန်း က နေ လိပ်ခုံး တက္ကသိုလ် ကို ကားခ ၁၀ - ပြား ။ အသွားအပြန် တစ်ကျပ် တိတိ ။ မုန့် မစားရဘူး ။

အော် ... မေ့ နေလို့ ။ သူ ၈ - တန်း ကျောင်းသား ဘဝ မှာ အဘွား ဟာ အစ်မ တို့ နဲ့ လာ နေတယ် ။ အဘွား စု ထားတဲ့ ပိုက်ဆံ နဲ့ ပုဆိုး တစ်ထည် ဝယ် ပေးတယ် ။ ပုဆိုး ဟာ သိပ် လှတယ်လို့ သူ ယူဆပြီး ၊ နံနက် ၄ နာရီ ထိုး လောက်မှာ လည်း ထ ထ ကြည့်တယ် ။ တရေး နိုး တော့ လည်း ထ ကြည့်တယ် ။ တန်းပေါ် မှာ လွှား ထားပြီး ၊ လည်ပင်း စောင်း ပြီး တော့လည်း ကြည့်တယ် ။ အိပ် ပြီးတော့ လည်း ကြည့်တယ် ။

တက္ကသိုလ် တက် တုန်း က သူ့ သူငယ်ချင်း တစ်ယောက် က လက်ဆောင် ပေး လို့ သူ့ ဘဝမှာ ပထမဆုံး အကြိမ် နာရီ တစ်လုံး ပတ် ဖူးတယ် ။ နာရီ ဟာ စက် သိပ်မကောင်းဘူး ။ မကြာခဏ ရပ် နေ တတ်တယ် ။ လက် ကို ခပ်ပြင်းပြင်း လှုပ် လိုက်မှ ဆက် သွားတယ် ။ သူငယ်ချင်း တွေ နဲ့ စကား ပြောနေစဉ် ၊ နာရီ ရပ် နေရင် အုတ်နံရံ ကို ပုတ် ပြီးတော့ သူ စကား ဆက် ပြောတယ် ။ ဒီတော့မှ နာရီ လည်း ဆက် သွားတော့တယ် ။ သူ့ နာရီ ဟာ တကယ့် အစုတ်ကြီး ဆိုတာ ကို ချမ်းသာ တဲ့ ကျောင်းသား တစ်ယောက် က ရိပ်မိ သွားပြီး သူ့ ကို နှိမ် တယ် ။ ပထမနှစ် မှာ မဟုတ်ဘူး ။ နောက်နှစ် ကျမှ အဲဒီ ကောင် နဲ့ တွေ့တာပါ ။

“ ဟေ့ကောင် မင်း နာရီ စက် မှ ပါရဲ့လား ။ ဟေ့ .. ဒီမှာ ဒီကောင် နာရီ စက် မပါဘူး ။ နာရီအိမ် ချည်းပဲ ပတ် ထားတာ ” 

ကျောင်းသူ ချောချောတွေ ရှေ့ မှာ အော် ပြောတာ သိပ် ရှက်စရာ ကောင်းတာပဲပေါ့ ၊ မခံချင် လို့ သွားတော့ မတုန့်ပြန်လိုက် နဲ့ ။ သူ့ မာစီဒီးကား ပေါ် မှာ သူ့ သူငယ်ချင်းတွေ အပြည့်အနှက် ရှိတယ် ။ ဒီလိုနဲ့ ဆင်းရဲနွမ်းပါး ကျောင်းသားများ စတိုင်ပင် လျှောက်နိုင် တယ် တဲ့ ။ ကြော်ငြာသင်ပုန်း မှာ ကပ်ထား တာ တွေ့ တော့ သူ အား တက် လာတယ် ။ ရပ်ကွက် ထောက်ခံစာ နဲ့ တွဲပြီးလျှောက် ရတယ် ။ လူတွေ့ မေးမြန်းခန်း မှာ မာစီဒီး နဲ့ သူဌေးသား ဟာ ခုံဖိနပ် အစုပ် ၊ ပုဆိုး စုပ် ၊ အင်္ကျီ အစုပ် နဲ့ ဝင် အစစ် ခံတယ် ။ အဲဒီ ကောင် နဲ့ တစ်ခြား အလယ်အလတ်တန်းလွှာ ကျောင်းသား တွေ စတိုင်ပင် ရ သွားတယ် ။ သူ မရဘူး ။ တစ်လ ၇၅ - ကျပ်နှုန်း နဲ့ ၁၀ - လ အတွက်ငွေ ၇၅ဝကျပ် ရတယ် ။ အခု ငွေ တန်ဘိုး အနေအထား နဲ့ ဆို တစ်သိန်း လောက် တန်ဖိုး ရှိနေလိမ့်မယ် ထင်တယ် ။ မာစီဒီး နဲ့ ကျောင်း တတ်တဲ့ သဌေးသား ဟာ သူ့ သူငယ်ချင်းတွေ ကို ကား ပေါ် တင် ခေါ်ပြီးတော့ တစ်နေ့တည်း နဲ့ အကုန် သုံး ပစ်လိုက် တော့တယ် တဲ့ ။ စတိုင်ပင် မရ တဲ့ ကိစ္စ မှာ သူ အတော် ကို စိတ် ထိခိုက် သွားတယ် ။ ဒါပေမယ့် ဒီ စတိုင်ပင် မရတဲ့ ကြေကွဲမှု ဟာ ၊ သူ့ ထက် အဆပေါင်း များစွာ သိပ်သည်းတဲ့ ဝမ်းနည်း ရှိုက်ငိုသံများ အောက် မှာ နစ်မြုပ် ပျောက်ကွယ် သွား တော့တယ် ။ အဘွား ဆုံးသွားပြီ ။ အဘွား သေမယ့် အစား သူ သာ သေလိုက်ချင် ပါ တော့တယ် တဲ့ ။ တက္ကသိုလ် က ထွက် ပြီးတော့ ၊ ပိုးမွှားကာကွယ်ရေးဌာန မှာ အင်စပိတ်တော် လုပ်တယ် ။ အဲဒီမှာ ပျော်စရာ ကောင်းတဲ့ ရက်တွေ  ရှိသလို ၊ စိတ်ညစ်စရာ ကောင်းတဲ့ ရက်တွေ လည်း တစ်ပုံတစ်ပင် ပါ ပဲ ။ ကုန်းချော ကုန်းတိုက် တက်တဲ့ လူ တစ်မျိုးဟာ ကျောက်ခေတ် ကတည်း က ရှိနေလိမ့်မယ် ထင်တယ် ။ သူ ပထမဆုံး လခ ထုတ်တော့ အဘွား ကို သတိရလိုက် တာ ငိုရှိုက် မိတဲ့ အထိပဲ ။ လက်ဖဝါး ထဲ က ပိုက်ဆံ တွေ ကို ကြည့်ပြီး ၊ ရင် ထဲ မှာ ပြောနေ မိတဲ့ စကားတွေ က ရင်နာစရာ တွေ ပါ ။

“ သူ့ ဟာ သူ ရှာ စားလို့ရပြီ ဆိုပြီးတော့ စိတ်ချ လက်ချ အပြီးအပိုင် စွန့်ခွါ သွား တာလား အဘွား ရယ် ”

နောက်တော့ နယ်လှည့် စာရင်းစစ် ဘဝ ကို သူ ရောက် သွား တယ် ။ အဲဒီမှာ သူ သိပ် ကြောက်ရတဲ့ လူ တစ်ယောက် နဲ့ ပက်ပင်း တိုး တော့တာပါပဲ ။ အဲဒီ လူ ဟာ သူ့ ကို မခံချိမခံသာ သိပ် အနိုင်ကျင့် တယ် ။ သူ့ ကို မတော်တဆ ကြည့်မိရင်လဲ “ ဘာ ကြည့်တာလဲ ။ လူ ပါးမဝနဲ့ ” တဲ့ ။ သူ သစ်သား ထရံ နား မှာ ရပ် နေရင် ဓါး နဲ့ ကိုယ်လုံး နဲ့ မျက်နှာ ဘေး တွေ ကို ပေါက်တယ် ။ ဓါး ပေါက် လဲ အရမ်း ကျွမ်းကျင် တယ် ။ အဲဒီ လူ ကို သူ သိပ်မုန်းတယ် ။ သူ အသက်ကလေး ရ လာ လို့ နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်လာတဲ့ အချိန် မှာ သူ့ သူငယ်ချင်း စာရေးဆရာတွေ ကို ဘယ်လို ပြန် ပြောပြသလဲ ဆိုရင် ...  ။

“ ကျွန်တော် ရပ်နေတာ ကို သူ ဖတ်ကနဲ ဓား တစ်စင်း နဲ့ ပေါက်တယ် ။ ကျွန်တော် နားရွက် နား မှာ ဓား စိုက် သွားတယ် ။ ဟေ့ ကောင် ငြိမ်ငြိမ်နေ မလှုပ်နဲ့ ဆိုပြီး ဒုတိယ ဓား တစ်စင်း ကို ကျန်တဲ့ နားရွက် တစ်ဖက်နား ကို ပေါက်တယ် ။ တတိယ ဓါး တစ်စင်း ကို ခေါင်း ပေါ် က နံရံ မှာ ပစ်ပေါက် စိုက် လိုက်တယ် ။ ကျွန်တော် အဲဒီ ကောင် ကို အဲဒီ အချိန်က အရမ်း ဒေါသ ထွက် စိတ်ဆိုး တာပဲ ။ အနုမြူဗုံး နဲ့ အဲဒီကောင် ကို ဖောက်ခွဲ လိုက်ချင်တယ် ။ ဟိုတလော တုန်း က အဲဒီ ကောင် နဲ့ လမ်း မှာ တွေ့တယ် ။ ပိန်ခြုံး နေတာပဲ ။ အလုပ် မရှိ လို့ ဒုက္ခ ရောက် နေပြီ တဲ့ ။ ကျွန်တော် ရေး တဲ့ စာတွေ ဝတ္ထုတွေ ဖတ်ရတယ် တဲ့ ၊ ဒီနေ့ ဒီအချိန် မှာ ဒီကောင် ကို အနိုင် မယူချင်တော့ဘူး ။ မြင်းသေ ကို ကြိုးချည် ရိုက် သလို ဖြစ်နေမှာ ပေါ့ ”

တစ်ချို့ လူတွေ ဟာ သူတို့ အပေါ် စီး ရတဲ့ အခြေအနေမျိုး ရောက် သွား ရင် ၊ အရင် က သူတို့ ကို အနိုင်ယူ ခဲ့တဲ့ လူတွေ ကို ရှာပြီး ဂလဲ့စား ချေတတ်တယ် ။ သူ က တော့ အဲဒီလို မဟုတ်ဘူး ။ သူ့ ကို အနိုင်ကျင့် ခဲ့တဲ့ လူတွေ ကို ၊ ဂလဲ့စား ချေလိုတဲ့ စိတ် မရှိတော့ဘူး ။ သနားမိတာ လည်း မဟုတ်ဘူး ။ ဒီ ဘဝ မှာ အပြီးအပိုင် မေ့ချန်ထား ခဲ့တဲ့ သဘောပါ ။ ဒါပေမယ့် သူ့ မှာ မိတ်ဆွေကောင်း တွေ လည်း တိုးပွါး နေပြီလေ ။ ဘာ လိုသေးလဲ ။

သူ့ အသက် ၃၅ - နှစ် မတိုင်မီ အလုပ်တွေ ခဏခဏ ပြောင်း ရလိမ့်မယ် လို့ သာ ဗေဒင်ဆရာ က ဟောခဲ့ရင် အလွန် မှန်တဲ့ ဗေဒင် ဆရာ ဖြစ်လိမ့်မယ် ။ သူ နယ်မြို့ က ဆေးရုံ တစ်ရုံ မှာ ဆေးရုံဝန်ထမ်း ဘဝ ရောက် သွား ပြန်တယ် ။ အချစ် ။

အချစ် ။ စာလုံး နှစ်လုံး တည်း ပေမဲ့ ၊ တစ်ကမ္ဘာလုံး ဝိုင်းပြီး ရေးတာ ခု ထက်ထိ မပြီးသေးဘူး ။ သူ လေ့လာဆည်းပူး ဖတ်ရှု ခဲ့ သမျှ တွေ ထဲ မှာတော့ အချစ်ဘာသာရပ် ဟာ အကျယ်ဝန်းဆုံး ။ အဆန်း ကျယ်ဆုံး ။ အလှဆုံး ။

ပန်းတွေ ပွင့်တာ ၊ မွှေးတာ ၊ ရယ်မောသံ တွေ ၊ အေးမြခြင်း တွေ ၊ အဆင်ပြေချောမွေ့ခြင်း တွေ ဟာ အချစ် ဖြစ်ပြီးတော့ ပန်းများ ကြွေခြင်း ၊ ပူလောင်ခြင်း ၊ အဆင်မပြေခြင်း ၊ မငြိမ်းချမ်းခြင်း စတဲ့ အခြေအနေ ပတ်ဝန်းကျင် က တော့ အမုန်း တွေ ပဲ ဖြစ်ပါလိမ့်မယ် ။ တကယ် ဆို တော့ နေ့စဉ် ဖြတ်သန်းမှု နဲ့ ဖြစ်စဉ်တွေ ကို အတိုချုံး လိုက်မယ် ဆိုရင် ပန်းများ ဝေခြင်း နဲ့ ပန်းများ ကြွေခြင်း နှစ်မျိုး ပဲ ရှိမယ် လို့ သူ ထင်တယ် ။ ဒီ အချိန်မှာ သူ့ အနေနဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ အလိုအပ်ဆုံး ဖြစ်တဲ့ စိတ် ထက်သန်ခြင်း ဗီဇတွေ နိုးကြား တက်ကြွ လာပြီ ။ ပထမဆုံး သူ လက်တွေ့ ရေးချဖို့ စိတ်ပိုင်းဖြတ် ထား တာ က အချစ်ဝတ္ထုလှလှလေး ဖြစ်တယ် ။ အိမ် တစ်အိမ် မှာ ကောင်မလေးချောချော တစ်ယောက် ရှိတယ် ။ ကောင်လေး နှစ်ယောက် ပြိုင်ပိုး ကြတယ် ။ တစ်ယောက် က သူ ။ နောက် တစ်ယောက် က ကောင်မလေး နဲ့ ကျောင်းနေဘက် ကောင်လေး ။ ကောင်မလေး က သူ့ ကျောင်းနေဘက် အပေါ်  ပိုပြီး တိမ်းညွတ်တယ် ။ ကောင်လေး မရှိ ရင် ၊ ခရီး ထွက် နေရင် စာရေးဆရာ ကောင်လေး သိပ် ပျော်တယ် ။ ဟို ကောင်လေး ရှိရင် သူ့ ကို အရောမဝင် အရေး မထားတော့ဘူး ။ တစ်နေ့ တော့ ကောင်လေး မွေးနေ့ ကျင်းပရက် နီးလာတယ် ။ ဖိတ်စာ ရောက်လာတယ် ။

ကောင်မလေး ခမျာ သနားစရာ ။ မွေးနေ့ လက်ဆောင် ပေးဖို့ ဘာမျှ မရှိဘူး ။ ဝယ်ဖို့ လည်း ပိုက်ဆံ မရှိဘူး ။ ကောင်လေး က ကောင်မလေး ကို မွေးနေ့ လက်ဆောင် ပေးရမယ် လို့ အကျပ်ကိုင် နေတာ သူ ကြား လိုက်ရတယ် ။ ကောင်မလေး က ဆင်းရဲတယ် ။ လက်ဆောင် လည်း ပေးချင် နေတယ် ။ ဒီတော့ စာရေးဆရာ ပေါက်စလေး ဟာ ၊ ကောင်မလေး ကို သူ့ ချစ်သူ မွေးနေ့ မလုပ် မီ တစ်ရက် ကြိုပြီး ၊ ထိုက်ထိုက်တန်တန် ပိုးကြေးပန်းကြေး လက်ဆောင် တစ်ခု ပေး လိုက်တယ် ။ ကိုယ် ချစ်တဲ့ ချစ်သူ က သူ့ ချစ်သူ ကို ပေးဖို့ လက်ဆောင် လို့ ပြောပြီး ပေး လိုက်တယ် ။

အဲဒီ မြို့နယ် က ဆရာဝန်ကြီး ဟာ ဗြူရိုကရက် စစ်စစ်ကြီး ။

“ မင်း တစ်နေ့ ကို လူနာ ဘယ်နှစ်ယောက် အတွက် ဆီးစစ် ပေးရလဲ ”

“ ၁၅ ယောက် အတွက် ဆီးစစ် ပေးရတယ် ”

“ အဲဒါဆို မင်း ဒီ အတိုင်း အဖြေ ကောက် ရေးထည့် မှရ မယ် ။ ရန်ကုန်ဆေးရုံကြီး မှာ ဆို တစ်နေကုန် စစ်တာတောင် urine sample ၅ - ခု မပြီးဘူး ”

urine sample ဆိုတာ ဆီးစမ်းသပ် ဓာတ်ခွဲ ဖို့ နမူနာ ပေး လိုက်တဲ့ ပုလင်းတွေ ပါ ။ ဆီးပုလင်း တွေ ပါ ပဲ ။ နောက် တစ်လ လောက် ကြာ တော့ အဲဒီ ဗြူရိုကရက် ဆရာဝန်ကြီး သူ့ ဆီ လာ စစ်ဆေး ပြန်တယ် ။ ဟို တစ်ခါ ဆီး ၁၅ လုံး ကို များတယ် ဆိုတော့ ဒီ တစ်ခါ မေး ရင် တော့ လျှော့ ပြောမှ ။

“ ဆီး ဘယ်နှစ်လုံး လာလဲဟေ့ ”

“ ၃ - လုံး ”

“ ဟင် နည်းလှချည်းလား ။ ရန်ကုန်ဆေးရုံ မှာ ဆို တစ်နေ့ တစ်နေ့ အလုံး ငါးဆယ် လောက် လာတယ် ။ မင်း အား နေတာပေါ့ ဟုတ်လား ။ မြောင်း သွား ပေါက်ရလိမ့်မယ် ”

ဗြူရိုကရက် ဆရာဝန်ကြီး ကို သူ သိပ် ကြောက်ခဲ့ရတယ် ။ မဟုတ်တာ အကုန် လုပ်တဲ့ ဆရာဝန်ကြီး ။ ယူနီဆက် က ထောက်ပံ့ ထား တဲ့ ဆေးရုံသုံး ကား ပေါ်မှာ ခွေးတွေတင် ထားပုံ ၊ ဆေးရုံ က ဆေး တွေ နဲ့ သူ့ ကိုယ်ပိုင်ဆေးခန်း မှာ ဆေး ကုပုံ ၊ မိန်းမတွေ ရှုပ်ပုံတွေ ကို ဓာတ်ပုံ နဲ့ တကွ ၊ ဆေးရုံ အမှုထမ်းတွေ ၊ သတင်းထောက်တွေ တိုင် လိုက်တယ် ။ ပြုတ် သွားတယ် ။

သူ အိမ်ထောင် ကျ ခဲ့တယ် ။ အဲဒီ မြို့ က ကောင်မလေး တစ်ယောက် နဲ့ ပါပဲ ။ သူ ကြောက်ရတဲ့ ပုဂ္ဂိုလ် တွေ ၊ ကြောက်ရတဲ့ ပုံရိပ် တွေ ကို ရှာဖွေစုဆောင်း တဲ့ ရသစာတမ်း ဆိုတော့ သူ့ ဇနီး အကြောင်း အကျယ်တဝင့် မရေးတော့ဘူး ။ သူ မှ သိပ်မကြောက်ရဘဲ ပဲ ။ အခု စာရင်း က သိပ် ကြောက်ခဲ့ရ တဲ့ စာရင်း တွေ ။

သူ ရန်ကုန်ဆေးရုံကြီး ကို ရောက်ခဲ့တယ် ။ ပြောင်းရွှေ့ အမှုထမ်း ခဲ့ရတယ် ။ အဲဒီမှာ လည်း သူ ကြောက်ရတဲ့ ဆရာဝန်ကြီး တစ်ယောက် နဲ့ ပက်ပင်း တိုးတယ် ။

လက်စသတ် တော့ နယ်မြို့ မှာ ပြုတ်သွားတဲ့ ဆရာဝန်ကြီး နဲ့ အခု ဒီ ဆရာဝန်ကြီး တို့ ဟာ သူငယ်ချင်း တွေ ပဲ ကိုး ။

“ မင်း နဲ့ငါ  တွေ့ကြသေး တာပေါ့ ကွာ ။ မင်း ငါ့ မိတ်ဆွေ ကို တိုင်တဲ့ ကောင် ”

“ ကျွန်တော် တိုင်တာ မဟုတ်ဘူး ။ သတင်းထောက် တွေ က တိုင်တာ ”

“ တိတ်စမ်း .. ဟေ့ကောင် ။ ငါ အကုန် သိပြီးပြီ ။ ခွေးမသား ... မင်း တိုင်တာ ”

ဆရာဝန်ကြီး ဟာ သူ့ ကို ရင်ခွဲရုံ ပို့ လိုက်တယ် ။

သူ့ ဘဝ မှာ စိတ် အညစ်ဆုံး နေ့ တွေ ပဲ ။ ရင်ခွဲရုံ မှာ လူသေကောင် တွေ ဆီ က ထုတ် ထားတဲ့ ဦးနှောက် တွေ ၊ ကလီစာတွေ ကို ဆေးရည်စိမ် ပေးရတယ် ။ အုပ်ဆက်ပြုတ် ပြီး လှန် ထားတဲ့ လူသေကောင် တွေ ကို တွေ့ရတာ သူရဲ အခြောက် ခံ နေရ သလိုပဲ ။ မိန်းမ တွေ ဆို ဆံပင်ဖါးလျား တွဲလောင်း ကျ လို့ ။ ဆံပင် နဲ့ ဆန့်ကျင်ဘက် အရောင် ဆိုတော့ ဦးနှောက်တွေ က ပိုပြီး ဖြူဖွေး နေတယ် ။ သူ တစ်လ လောက် ဝက်သား ၊ အမဲသားတွေ စား လို့မ ရဘူး ။ စိတ်ညစ်တယ် ။ ဆရာဝန်တွေ က တော့ ပဲပြုတ် နဲ့ နံပြား စားလိုက် ၊ လက်ဖေ့ရည် မော့ သောက် လိုက် နဲ့ ဘာမှ မဆန်း သလိုပဲလေ ။ အဲဒီလို လုပ်တာကို က POST - MORTEM ပို့စ်မော်တန် လုပ်တယ် လို့ ခေါ်တယ် ။ အတိုကောက် ပီ . အမ် ( P M ) လို့ ခေါ်တယ် ။ လူ တစ်ယောက် သေပြီး နောက် ဘာဖြစ်လို့ သေသွားတာလဲ ဆိုတာ ကို အဖြေ ရှာခြင်း လို့ အဓိပ္ပာယ် ရတယ် ။ သူ အကြောက် စာရင်း ထဲ မှာ အဲဒီ အုတ်ဆက် ဖြုတ် ထားတဲ့ လူသေကောင်မ လည်း ပါတယ် ။ သူ့ ရာထူး နဲ့ ဘာမှ မဆိုင်တဲ့ နေရာ ကို ဆရာဝန်ကြီး က သက်သက် ညစ်ပတ်ပြီး ၊ ဒဏ်ခတ် တဲ့ အနေနဲ့ ရင်ခွဲရုံ ကို ပို့လိုက်တာ ပဲ ဖြစ်တယ် ။ ဆရာဝန်ကြီး နှစ်ယောက် ဟာ အရပ်အမောင်း လည်း တူတယ် ။ ရုပ်ရည် လည်း တူတယ် ။ တဆင်ထဲ ပဲ ။ တကယ်လို့ ပိတ်စ သာ ဆိုရင် တစ်ယောက် ကို အင်္ကျီ ချုပ် ဝတ် လိုက်ပြီးတော့ တစ်ယောက် ကို ထဘီချုပ် ဝတ် လိုက်ရုံ ဘဲ ။ သူများ သားမယား တောင် မရှောင်ဘူး ။ သွေးသား ညစ်ပတ် ယုတ်မာ လိုက်ပုံ က ။ အဲဒီ ဆရာဝန်ကြီး က သူ့ ကို  RUBBISH အမှိုက် လို့ အင်္ဂလိပ် လို အမြဲတမ်း နှိမ်တယ် ။ “ ရပ်ဘစ်ရှ် ” အခု လို သူ စာရေးဆရာ တစ်ယောက် ဖြစ် လာတော့ သူ ထိုင် စဉ်းစား ကြည့်တယ် ။ RUBBISH ဟာ သူလား ။ ဆရာဝန်ကြီး လား ။ အဲဒီ ဆရာဝန်ကြီး ဟာ သူ တစ်ပါး မယား ကို ရှုပ်တဲ့ ပြဿနာ နဲ့ ပတ်သက် ပြီး အလုပ် ပြုတ် သွားတယ် ။ တစ်နှစ်ခွဲ လောက် ကြာတော့ သူ နဲ့ လမ်း တစ်နေရာ မှာ တွေ့တယ် ။

“ ဆရာကြီး အခု ဘယ်မှာလဲ ” 

“ မြောင်း ထဲ မှာ ” တဲ့ ။

သူ ဒီလို ကြားရပေမယ့် ပီတိ မဖြစ်ဘူး ။ သူ က အကြာကြီး စိတ် မနာတတ်ဘူး ။ တစ်ခု တော့ ရှိတယ် ။ နိမ့်ပါး သွားတဲ့ လူတွေ ကို ခွင့်လွှတ် နိုင်ပေမယ့် ၊ သူ့ ထက် မြင့်မား ဆဲ ၊ ယုတ်မာ ဆဲ ၊ လူတွေ ကို တော့ ခပ်မြန်မြန် နဲ့ လွယ်လွယ် ခွင့် မလွှတ်တတ်ဘူး ။ အခုတော့ ဆရာဝန်ကြီး နှစ်ယောက် လည်း ကွယ်လွန် သွားခဲ့ကြပါပြီ ။

သူ အခုလို ဝတ္ထုတို တွေ လေးငါးရာ လောက် ရေး ပြီးတဲ့ အခါ ကျ တော့ ရှည်ရှည်ဝေးဝေးတွေ တွေး တတ်လာတယ် ။ ဒီ အချိန် မှာ သူ ကြောက်ရမယ့် လူ မရှိတော့ဘူး လို့ သူ ကိုယ်သူ ထင်နေဆဲ မှာ ပဲ ၊ ဂျာနယ် တစ်စောင်မှာ သူ့ ကို သူခိုး တဲ့ ။ သူများ ဝတ္ထု ကို ခိုးချ တယ် တဲ့ ။ နောက်ပြီး အင်တာဗျူး တွေ ၊ မေးခွန်းတွေ က သိပ်ခက် တာပဲ ။ ဒါပေမယ့် သူ အတတ်နိုင်ဆုံး လှပအောင် ဖြေ ပေးခဲ့တာ ချည်း ပဲ ။ မော်ဒန်သမား တွေ က သူ ဟာ မော်ဒန်စာပေ အယူအဆ ကို ဆန့်ကျင်တဲ့ လူလား ။ ထောက်ခံတဲ့ လူလား လေ့လာ နေတယ် တဲ့ ။ သူ့ စာတွေ ဟာ တံစက်မြိတ် အောက် က မထွက်ဘူး တဲ့ ။ ဆေးရုံဆေးပေးခန်း အကြောင်းတွေ ရေး နေတာတွေ ဟာ ပြီးတယ်လို့ ကို မရှိဘူး တဲ့ ။ တစ်ချို့က စာပေ စကားဝိုင်း တွေ မှာ အင်္ဂလိပ်စကားလုံး တစ်လုံး ကျက်မှတ် လာပြီး ၊ အဲဒါ သိရဲ့လား လို့ ဖြုတ် တဲ့ စာရေးဆရာ တွေ က လည်း ရှိသေးတယ် ။

ဖြတ်သန်းမှု မရှိတဲ့ ဝေဖန်ရေး ဆရာတွေ ရဲ့ ကပ်သီးကပ်ဖဲ့ ဝေဖန်ရေးတွေ ဟာ သိပ် စိတ်နာဖို့ မကောင်းဘူးလား ။ ပြီးတော့ ကိုယ် ရေးချင် တိုင်း ရေးလို့ ရတာ မဟုတ်ဘူး ။ အယ်ဒီတာ က ပြင်ဆင် ဖြတ်တောက် လိုက် သေးတာ ။ တောင်း ရင် ထည့် ကို ထည့်ရမယ် ဆိုတာ က လည်း လက်တွေ့ ကျင့်သုံးမှု နဲ့ ကင်းကွာ နေတယ် ။

အင်တာဗျူးလုပ် တဲ့ လူ တစ်ယောက် က အနောက်တိုင်း စာပေတွေ ထဲ က ဘယ် စာအုပ်တွေ ကို သဘောကျလဲ မေးရမယ့် အစား ။ ဘယ် စာအုပ် ကို ဖတ်ဖူးလား လို့ မေးတယ် ။ ဖတ်ဖူး ရင် ဝေဖန်ပါဦး တဲ့ ။ ကက်ဆက် ဖွင့် ဖမ်း ထားတယ် ။ ကြောက်စရာကြီး ။ နှုတ် တစ်ရာ စာတစ်လုံး ဆိုပေမယ့် ဒီမှာ တော့ နှုတ် တစ်လုံး စာ တစ်ရာ လို့ ပြောင်းပြန် ယူဆရ လိမ့်မယ် ။ သူ က စာ နဲ့ ရေးတာ ကို ကိုယ် က ကျွန်တော် မပြောဘူးလို့ ဝင် ငြင်းလို့ ရချင် ရမယ် ။ အသံ နဲ့ ဘယ်လို ငြင်းမှာလဲ ။ တစ်နေ့ တော့ ဗျူး တဲ့ ဆရာ တစ်ယောက် ရောက် လာတယ် ။

“ ဗျူး မလို့ဗျို့ ”

“ မေးခွန်းတွေ ချရေး လိုက်လေ ”

“ မဟုတ်ဘူး ။ ဒီအတိုင်း မေးမှာ ။ ချက်ချင်း ဖြေပေးပါ ”

“ ကောင်းပြီ ။ ပြန် ရေးတဲ့အခါ စကားပြေ လှအောင် ရေးရမယ် နော် ။ ကျွန်တာ့် ဟန် ဖြစ်ရမယ် နော် ”

“ ဘယ် အချိန်မှာ စာ ဖတ်လဲ ”

“ ညဘက်မှာ ပေါ့ ။ လူတွေ အားလုံး အိပ်ချိန်ဟာ စာရေး စာဖတ် အကောင်းဆုံးပဲ လို့ ထင်တယ် ”

“ ဘာဖြစ်လို့ ညဘက် ကို နှစ်သက်တာလဲ ”

“ ည ရဲ့ သီချင်းဟာ တိတ်ဆိတ်မှု ပဲ လေ ။ ဒေါသမောဟ မာန်မာန ၊ ယုတ်မာမှုတွေ တစ်ဝက် လောက် လျော့ နေတဲ့ အချိန် ဟာ ဒီ အချိန်ပါပဲ ”

“ ဝတ္ထုတို သဘောတရားလေး ပြောပါဦး ”

“ ဝတ္ထုတို ဆိုတာ စာဖတ်သူ ကို ဆက် တွေးခွင့် ၊ ဆက် ရေးခွင့် ပေး ထားတယ် ။ ဝတ္ထုရှည် က တော့ စာရေးဆရာ က အဲဒီ အခွင့်အရေးတွေ ကို အကုန် ယူ ထားလိုက်တာပေါ့ ။ မီးရထား ထွက်ခွာခါ နီး ကျမှ လူ နှစ်ယောက် ရောက် လာတယ် ။ အပေါ် ထိုင်ခုံ မှာ လူ တစ်ယောက် ရှိတယ် ။ သူငယ်ချင်း သုံးယောက် ပေါ့ ။ အခုမှ ဆုံကြတာ ။ တစ်ယောက် က လိုက် ပို့တဲ့ လူ ။ တစ်ယောက် က အပေါ် မှာ ထိုင်နေ တဲ့ လူ နဲ့ လိုက် သွားမယ့် လူ ။ အဲဒီ လူ က ဘဝ အပြောင်းအလဲ တစ်ခု ကို ၊ လိုက် ပို့တဲ့ သူငယ်ချင်း ကို လိုရင်းတွေ ပဲ မြန်မြန် ပြောပြတယ် ။ မီးရထား က ထွက်ခါ နီးပြီ မဟုတ်လား ။ အဲဒါ ဝတ္ထုတို ပဲ ပေါ့ ။ ရထား ပေါ် မှာ ရထား နဲ့ လိုက်သွားတဲ့ သူငယ်ချင်း နှစ်ယောက် တစ်နေကုန် ထိုင် ပြောတာ ဝတ္ထုရှည် ပေါ့ ။ ဒါ ကျွန်တော့် အမြင် သက်သက်ပါ ”

“ ဂျိမ်းစ်ဂျွိုက် ရဲ့ ယူလီဆီး ဖတ်ဖူးလား ”

“ မဖတ်ဖူးဘူး ”

“ အော် .. ဆရာ က စာဖတ်အား ကောင်းတယ် လို့ တစ်နေရာ မှာ ဆရာ ကိုယ်တိုင် ပြောထားလို့ မေးတာပါ ။ ယူလီဆီး တောင် ဆရာ မဖတ်ဖူးဘူးနော် ”

လာ မေးတဲ့ ပုဂ္ဂိုလ် က သူ့ ကို အထင်သေး သွားပုံ ကို သူ သေသေချာချာ တွေ့ လိုက်ပါတယ် ။

နောက် နှစ်ရက် လောက် ကြာ တော့ မဂ္ဂဇင်းတိုက် တစ်တိုက် က စာအုပ်ဟောင်းတွေ ဘာကြောင့် ပြန် ထုတ် နေတာလဲ ။ အသစ် တွေ နဲ့ ဘယ်လို ကွာလဲ ။ ဟိုတုန်းက ဝတ္ထုတို နဲ့ အခုခေ တ် ဝတ္ထုတို ဝတ္ထုရှည် တွေ ရဲ့ အရည်အသွေးမှု တွေ ကို လာပြီး အင်တာဗျူး တယ် ။ စာရေးဆရာ ၄ - ၅ - ၆ ယောက် ကို ဗျူး တာ ။ အဲဒီ အထဲမှာ သူ့အယူအဆ က သတ်သတ် ဖြစ်နေတယ် တဲ့ ။ ကျန်တဲ့ လူတွေ နဲ့ ဆန့်ကျင်ဘက် အယူအဆ တဲ့ ။ အဲဒီတုန်း က သူ ပြောတဲ့ စကား တစ်ခွန်း ကို သူ သတိရ နေသေးတယ် ။ “ အသစ် ဆိုပေမယ့် အတု အသစ် ဆို တာမျိုး ရှိသလို အဟောင်း ဆိုပေမယ့် အစစ်အဟောင်း ဆိုတာ ရှိ တယ် ။ တစ်ခါတစ်ရံ ပေါ့ ။ အမြဲတန်း မဟုတ်ဘူး ”

တစ်ရက် မှာ အယ်ဒီတာ တစ်ယောက် ရောက်လာတယ် ။

အကြီးဆုံး အယ်ဒီတာချုပ် က ဆရာ့ ဝတ္ထု ဟာ ကောင်း ပင် ကောင်းငြား သော်လည်း ပဲ တဲ့ ။ နာမည်တွေ နေရပ်တွေ အတိအကျ ပါ နေလို့ ပြဿနာ တက်လိမ့်မယ် တဲ့ ။ နောက် တစ်ပုဒ် ပြန် ရေးပေးပါတဲ့ ။

“ နာမည်တွေ ဖြုတ်ပြီး နာမ်စားတွေ နဲ့ ပြင် ပေးလိုက်မယ် ”

“ မဟုတ်ဘူး ။ အသစ် သာ ရေးပေးပါ ။ ဆရာ အိမ်နီးချင်း တွေ က တိုက် ကို ခဲ နဲ့ လာ ထုလိမ့်မယ် ။ ဆရာ ကို လည်း တရား စွဲ လိမ့် မယ် ”

“ ခင်ဗျား တို့ ဒီမှာ ကျွန်တော် ပြောမယ် ။ ဒီလို အရိပ် တစ်ခု ခု ထိုး နေရင် ဘယ်လို လုပ်ပြီး အနုပညာ မြောက် နိုင်တော့ မှာလဲ ။ ရသစာပေ ဖန်တီးရာ မှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေရင် မကောင်းဘူး ။ စာပေတိုးတက် ထွန်းကားရေး ဆိုတာ နောက်ဆံ တင်းမှု ကင်းကင်း နဲ့ ရေး ရမှ ထွန်းကားတောက်ပ လာမှာပေါ့ ။ ကျွန်တော့် အိမ်နီးချင်း တွေ ကို ကျွန်တော် ပြ ပြီးပြီ ။ သူတို့ ခွင့်ပြုလို့ ရေးတာ ”

နောက် ၂ ပတ် လောက် ကြာ တော့ စာရေးဆရာ တစ်ယောက် ရောက်လာတယ် ။

“ မိုးဝေခေတ် ရှိလား ။ အဲဒါ တစ်ယောက်စီ ရဲ့ သဘောထား သိချင်လို့ လိုက်လံစုဆောင်း နေတာ ။ ပြီးရင် ဆောင်းပါး ရေး မယ် ”

“ ကျွန်တော် သိတဲ့ခေတ် ရဲ့ ဖွင့်ဆိုတာ က တော့ ၊ အဲဒီ အချိန် မှာ အပြောင်းအလဲ တစ်ခု ခု ရှိခဲ့ရမယ် ။ ကောင်းတာ ရော ၊ မကောင်းတာ ရော ။ ပြီးတော့ နှစ်ပေါင်းများစွာ လွမ်း နေရမယ် ။ စိတ်နာ နေရမယ် ။ တစ်ခု စီ ရော နှစ်ခု စလုံး ရော ခံစား နေရမယ် ။ ဒါပါပဲ ။ လူ တစ်ယောက် ယောက် ဂုဏ် တက် မှာ စိုးလို့ ခေတ် ကို ငြင်းပယ်တာ ရယ် ၊ လူ တစ်ယောက် ယောက် ဂုဏ် တက်အောင် ခေတ် ကို ထောက်ခံတာရယ် တို့ မရှိသင့်ဘူး ”

“ သိပ် ကောင်းတဲ့ အယူအဆ ဗျ ။ သိပ် ကောင်းတာပဲ ၊ သိပ် တော်တာပဲ ”

ဝေဖန်ရေးဆရာ က သူ့ ကို လေးလေးစားစား ချီးကျူးပြီး ကုန်းကုန်းကွကွ ရိုသေသမှု ပြပြီး ထွက်ခွာ သွား သည့် မြင်ကွင်း ကို သူ နှစ်လ လောက် ကျေနပ် ချမ်းမြေ့ ပြီး ။ တစ်မနက်ခင်း မှာ တော့ ငယ်ငယ် ကတည်း က သူ့ ဘဝ မှာ ကြောက်ရမယ့် လူ တစ်ယောက် နှစ်ယောက် ၊ ချစ်ရမယ့် ချစ်ကြတဲ့ လူ တစ်ယောက် ရှိ နေတတ်တယ် ဆိုတဲ့ သီအိုရီ က ပြန် မှန် လာပါတော့ တယ် ။ ဘယ် ဘဝ ရောက်ရောက် ရှိနေ တတ်ပါတယ် ။

ဝေဖန်ရေးဆရာ လက်သစ် တစ်ယောက် သူ့ ဆီ ကို ရောက် လာပြီး စာပေ နဲ့ ပတ်သက် တဲ့ မေးခွန်းတွေ ဖြေ ပေးဖို့ ၊ မေးခွန်း စာရွက် တစ်ရွက် လာ ပေး သွားတယ် ။ သူ လက် မအားသေးလို့ စားပွဲ ပေါ် တင်ခဲ့ ခိုင်း လိုက်တယ် ။ ဝေဖန်ရေးဆရာ ထွက်သွားပြီး လို့ သူ လက် အားသွားတဲ့ အခါ ၊ သူ ကောက် ဖတ်လိုက်တယ် ဆိုရင်ပဲ ၊ သွေးပေါင်ချိန် ဇီးရိုး ထိ မကျအောင် သူ မနည်းကြီး ထိန်းထား လိုက် ရပါတယ် ။

( ၁ ) ဆရာ က ရန်ကုန် မှာ နေရက်သား နဲ့ ဆရာ့ စာတွေ က ယခု မော်ဒန်ဝတ္ထုတွေ နဲ့ ဝေး နေတယ်နော် ။ ပုံသေများ ဆန်နေ သလားပဲ ။ ဆရာ့ ဝတ္ထုတွေ ဖတ်ရင် မကြိုက်တာတွေ ရှိတယ် ။
( ၂ ) နိုဘယ်ဆုရ ကမ္ဘာ့စာရေးဆရာကြီး တွေ ရဲ့ ဝတ္ထု တွေ ကို ဆ ရာဖတ်ရှု လေ့လာထားပုံ မရဘူး ။ ဖတ်သင့်တယ် ။
( ၃ ) ဆရာ့ ပုံသဏ္ဍာန် တွေ ပေါ် မှာ အတက်အဆင်း ရေး တာ နည်းတယ် ။ ဘဝ အကြောင်းလေး ကို ရိုးရိုး ရေးနေတာ ကျေနပ် ပြီလား ။ ရှေ့ ဆက်ပြီး မြန်မာဝတ္ထု ကို မြှင့်တင်ရင် ကောင်းမလား လို့ ။ ကဗျာ ဆိုရင် အတော့် ကို ရှေ့ ရောက်တယ် ။
( ၄ ) အခု ဆရာ ( ---- ) ဆိုရင် ခွက် တစ်ခု ထဲ ကို ဆန် ထည့် လိုက် ၊ ဆီ ထည့်လိုက် ပုံသေ ပေါ် မှာ အကြောင်းအရာ ပဲ ပြောင်း နေတယ် ။ ပုံသဏ္ဍာန် ဆိုတာ အများအပြား ရှိသင့်တယ် ။ ဆရာ နဲ့ အဲဒီ ဆရာ ( ---- ) နဲ့ ဘာများ ထူးဦးမှာလဲ ။

မေးခွန်းတွေ က ၂၀ - လောက် ရှိတယ် ။ တကယ်ဆိုတော့ မေးခွန်း တွေ မဟုတ် ။ အဖြေ တွေ သင်ကြားပို့ချချက် တွေ ။ ဆုံးမစာ တွေ ။ မိဘ က မလိမ္မာ တဲ့ သားသမီး ကို သွန်သင် နေတဲ့ လေသံမျိုး ကြောက်စရာ ကော င်းလိုက်တဲ့ နှိပ်ကွပ် နှိပ်စက် တဲ့ စာသား တွေ ၊ ဘဝင် မြင့်လွန်း တဲ့ မေးခွန်း တွေ ၊ ရိုင်းစိုင်း လိုက်တဲ့ မေးခွန်း တွေ ၊ မေးခွန်း ယောင် ဆောင်ထားတဲ့ မေးခွန်း အတု တွေ ။

သူ့ ရင်ခုန်သံ မှာ အဲဒီ ဝါကျ တွေ တောင် မြည် နေတယ် ။ အထူးသဖြင့် “ ရိုင်းစိုင်းလိုက်တဲ့ မေးခွန်း တွေ ၊ မေးခွန်း ယောင် ဆောင် ထားတဲ့ မေးခွန်း အတုတွေ ” ဆိုတဲ့ စကားလုံး တွေ က သူ့ ရင်ခုန်သံ မှာ အကြိမ်ကြိမ် အထပ်ထပ် ပြော နေတယ် ။ သူ အတော့် ကို စိတ် ထိခိုက် သွားတယ် ။ ညစာ စား လို့ တောင် မကောင်းတော့ဘူး ။ ခံတွင်း ပျက် သွားတယ် ။ အိပ် လို့ လည်း မရတော့ဘူး ။ စာပေဝေဖန်ရေး ဆရာ နဲ့ ပြန် တွေ့တဲ့အခါ ပြောရမယ့် စကားတွေ ကို သူ စီ နေမိ တယ် ။ ပန်းပွင့်တွေ ကို သီကုံး သလို စီကုံး နေတာ မဟုတ်ဘဲ ကျည်ဆံ တွေ ကို စီတန်း ထားသလို သူ ရွေး စီနေတယ် ။

ကျွန်တော် အခု ရေးနေတဲ့ စာပေ ပုံသဏ္ဍာန် နဲ့ အကြောင်းအရာ တွေ ဟာ မတော်တဆ လို့ ခင်ဗျား ထင် နေပြီလား ။ ကျွန်တော် အနှစ် ၃၀ - ကြာအောင် သေသေချာချာ ဆုံးဖြတ်ပြီး မှ ရွေးချယ် ထား တာပါ ။ အနုပညာ မြောက်တယ် မမြောက်ဘူး ဆိုတာ က တော့ ကျွန်တော် ရဲ့ မွေးရာပါ ပါရမီ နဲ့ ပဲဆိုင်တယ် ။ ခင်ဗျား ရေးပေး ထား တဲ့ စာတွေ ဟာ အဖြေ တွေ ပါ ။ မေးခွန်း တွေ မဟုတ်ဘူး ။  ဒီအဖြေ တွေ ရဲ့ နောက်မှာ သင့်တော်တဲ့ မေးခွန်း တွေ ဖော်ထုတ်ပြီး ၊ ကျွန်တော် မေးမယ် ။ ခင်ဗျား ဝတ္ထု ဘယ်နှစ်ပုဒ် ရေးဖူးလဲ ။ ဝတ္ထု ရေး နေတုန်း မျက်ရည် ကျဖူး သလား ။ အနုပညာ ဖန်တီးသူ တစ်ဦး အဓိက လိုအပ်ချက် ဟာ ဘာလဲ ။ ခင်ဗျား ကို စစ်မှန်တဲ့ ဝေဖန်ရေး ဆရာ တစ်ယောက် လို့ ကျွန်တော် အသိအမှတ် မပြုနိုင်ဘူး ။ ခင်ဗျား ထွက် သွားတော့ ။ နောင် လဲ လာ စရာ မလိုဘူး ။

အိပ်ယာ ထက် မှာ အိပ် မပျော်ဘဲ နဖူး ပေါ် လက် တင်ပြီး သူ စဉ်းစား နေတယ် ။ ကြည့်စမ်း ။ လူသိများ တဲ့ စာရေးဆရာ တစ်ယောက် ဖြစ်နေလည်း ပဲ ကြောက်ရမယ့် အရာ ရှိနေဆဲ ပဲ ။ သူ့ ရဲ့ ကြောက်ခဲ့ရတဲ့ စာရင်း ထဲ မှာ တစ်ချို့ ဝေဖန်ရေး ဆရာ တွေ ကို ထပ် ထည့် နေမိတယ် ။ ဒါဟာ ဘာဘဲ ဖြစ်ဖြစ် သူ့ အနေ နဲ့ တကယ် ပြည့်စုံ တတ်ကျွမ်း တဲ့ ၊ လေးနက် လေးစားထိုက် တဲ့ စာရေးဆရာ တစ်ယောက် မဟုတ်သေးလို့ ပဲ ။ ပြည့်စုံတတ်ကျွမ်း တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ် လာတဲ့ အခါကျတော့ ရော ၊ ကြောက်ရမယ့် လူ မရှိတော့ဘူး တဲ့ လား ။ ရှိသေးတာပဲ ။ ဘယ်သူလဲ ဆိုတော့ ။ သေမင်း ။

သူ အိပ်ယာ ထဲ က ထ လာပြီး ၊ အိမ်ရှေ့ က ဒန်း ပေါ် မှာ သွား ထိုင်တယ် ။ ည ကို လှမ်း ကြည့် လိုက်တော့ ည ကိုယ်တိုင် အိပ် မပျော် သေးဘူး ။ ငြိမ်ငြိမ်သက်သက် မှေး နေ သလိုလို ။ တစ်ခါက သူ ပြော ခဲ့ဖူးတဲ့ “ ည ရဲ့သီချင်း ဟာ တိတ်ဆိတ်ခြင်း ပဲ ” ဆိုတာ ကို သူ သတိ ရ မိသေးတယ် ။ သီချင်းတွေ ဟာ ခါတိုင်း ည က လို မချိုဘူး ။ ည သီချင်း ဟာ တိတ်ဆိတ် နေ ပေမယ့် သီချင်းစာသားတွေ က သိပ် ညံ့တယ် ။ သံစဉ်တွေ အနုပညာ မမြောက်ဘူး ။ လေပြည် တစ်သုတ် ဝေါခနဲ တစ်ချက် ဝှေ့ လိုက်တဲ့အခါ  မှာတော့ ည စာရွက် ပေါ် ရေး ထားတဲ့ ခပ်ညံ့ညံ့ သီချင်း စာသားတွေ လေ နဲ့ အတူ လွင့်မျော သွားပါတော့ တယ် ။

◾မောင်ညိုပြာ

📖 ငါမသေဘူး ဆိုတဲ့ လူ နှင့် အခြားဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment