Thursday, September 21, 2023

ဟင်း မပါလိမ့်မယ် အားကြီး ‌စောင့်‌နေ


 

❝ ဟင်း မပါလိမ့်မယ် အားကြီး ‌စောင့်‌နေ ❞

“ မမ ရှိလား‌ဟေ့ ”

“ အ‌မေ ရယ် အ‌ပေါ် ထပ် မှာ ဘုရား ရှိခိုး‌ နေတယ် ‌လေး‌လေး ”

မမ ရှိခိုးပြီး‌ အောင် ထိုင်‌ စောင့်‌ နေလိုက်၏ ။ ဂျာနယ်များ တစ်‌စောင် ပြီး တစ်‌စောင် ဖတ်‌ နေရာ သုံး‌စောင် ကုန် သွား‌လေ၏ ။ မမ အ‌ပေါ်ထပ် က ဆင်း မလာ‌သေး ။ အဲဒါနဲ့ ကျွန်‌တော် အ‌ပေါ်ထပ် တက် လိုက် သွား‌လေ၏ ။ မမ သည် ဘုရားတရား ကို အာရုံ ပြု မျက်စိ မှိတ်လျက် ပါးစပ် က တတွတ်တွတ် ရွတ်‌နေ‌ လေ၏ ။ ဗုဒ္ဓ ရုပ်ပွား‌တော် ၊ အလွန် ကြည်ညိုစရာ‌ ကောင်း‌သော ‌ကျောက်ဆင်းတု တစ်ဆူ ၊ သူ့‌ အောက်နား မှာ ဘိုးမင်း‌ခေါင် ၊ ဘိုးဘိုး‌အောင် ၊ တရုတ်ဘိုး‌တော် ၊ ကွမ်ယင်မယ်‌တော် ၊ သူရသတီ မယ်‌တော် ၊ ဆင်းတု ဘေး ဝဲယာ မှာ ရွှေတိဂုံ ၊ မြတ်မုနိ စသည် တန်ခိုးကြီးဘုရား ပုံ‌တော်များ ၊ နောက် တစ်ဖန် မြန်မာနိုင်ငံ တွင် ထင်ရှား‌သော  ဆရာ‌တော်ကြီးများ ၏ ပုံ‌တော်များ ။ ဆင်းတု‌ ရှေ့ စားပွဲရှည်ကြီး‌ ပေါ် တွင် ငှက်‌ပျောအုန်းသီးပွဲ သုံးပွဲ ၊ သာသနာပွဲ ၊ ဘိုးဘိုးပွဲ စသည် ဖြင့် ရခိုင်ငှက်‌ပျောသီး အစိမ်း ခင်ဗျာ့ ၊ နုပြန်လွန်း လျှင် လည်း မှည့်ခါကျ စား မ‌ကောင်း ၊ ရင့်ပြန်လွန်း လျှင်လည်း မြန်မြန် မှည့် မှာ ဆို‌တော့ ( ပွဲ မြန်မြန် လဲရမှာ ဆို‌တော့ ) တွက်‌ခြေ မကိုက် ၊ ဒါ‌ကြောင့် မနုမရင့် ထိုးကြရ ၊ ဉာဏ်‌တော့ အ‌ပြေးသား ခင်ဗျာ ၊ ကျွန်‌တော့် အစ်မ ။ မီးညှိ ပူ‌ဇော်ထား လိုက်တဲ့ အ‌မွှေးတိုင် ၊ မြန်မာပြည် အထက်ပိုင်း က  မန်ကျည်းပင်‌တွေ ကုန်‌တော့မည် ၊ အ‌ပေါစား ရေ‌မွှေးနံ့ ပြင်းပြင်း‌ ကြောင့် မြတ်စွာဘုရား နှင့် တကွ ဘိုး‌တော် ၊ မယ်‌တော် ၊ ဆရာ‌တော်များ ရင်ကျပ် ၍ အသက်ရှူ ရပ်‌တော့မည် ။ ခန္တီပါရမီ ကြီးပါဘိ ။ ဘုရားစင် နဲ့ ဆယ်‌ပေ အကွာ ခပ်မှိန်မှိန်က‌လေး မှာ က ဦးမင်း‌ကျော် ရုပ်ပုံကား ၊ သူ့‌ ရှေ့ က အရက်‌ ကောင်တာ မှာ‌ တော့ တိုက်ဂါး ဘီယာပုလင်း ၊ မန္တ‌လေးဘီယာ ၊ မြန်မာဘီယာ ၊ မန္တ‌လေးရမ် ၊ အိုးဘရမ်ဒီ ၊ ဘီယာ အရက် အ‌တော် စုံသား ခင့်ဗျာ့ ။ အရက် နှင့် မြည်းရန် ကြက်သား‌ကြော် ကို‌ တော့ မ‌တွေ့ရ ။ အရက်ပုလင်း‌တွေ နား မှာ ဖောက်တံ က လည်း မရှိ ၊ ဖန်ခွက် လည်း ချ မထား ။ မမ သည် ဦး သုံးကြိမ် ချ ၊ ကြေးစည် သုံးချက် ထု ပြီး‌နောက် ရှိခိုးခြင်း အမှု ကို အဆုံးသတ် လိုက်၏ ။

“ ‌နောင် ‌ဝေ‌ဝေ ‌အေးရင့် ‌အေးရင့် ”

“ မမ နိဗ္ဗာန်‌ ရောက်‌ကြောင်း လား ”

“ ဟင် ငါ့‌ မောင် နင် ဘယ်အချိန် က‌ ရောက်‌နေ ... ”

“ မမ အာရုံ ပျက်မှာ စိုးလို့ ထိုင်‌ စောင့်‌နေတာ ၊ မမတို့များ ဘုရား နဲ့ တရား နဲ့ ၊ သမထ လား ၊ ဝိပသနာ လား ”

“ ဒီလိုလည်း မဟုတ်ပါဘူး ကွယ် ၊ ဒီ‌နေ့ လကုန်ရက်‌ လေ ငါ့‌ မောင် ၊ နက်ဖြန် လဆန်း ( ၁ ) ရက်‌နေ့ ဆို ထီ ဖွင့်‌တော့ မှာ ”

“ ဟင် ဘာ ဆိုင်လို့လဲဗျာ ”

“ ဆိုင်ပါပြီ‌ကော ကွယ် ၊ ပြီးခဲ့တဲ့ အပတ် က သိန်း သုံးရာဆု ‌နောက်ဆုံး တစ်လုံး‌လေး ကပ် လွဲ သွားတာ ၊ အာရုံ ပြုတာ အားနည်း သွား လို့ ဖြစ်မှာ‌ပေါ့ ကွယ် ၊ အဲဒါ‌ကြောင့် ဒီ တပတ် မဲ‌ နေရတာ ၊ ဆိုင်ရာပိုင်ရာများ က ကြည့် မ‌နေပါဘူး ”

“ ဗျာ ... မမ ”

“ မဗျာနဲ့ ငါ့‌ မောင် ၊ သိန်းသုံးရာ ဆို တိုက် တစ်လုံး ကား တစ်စီး ၊ စိန်နားကပ်ကြီးတစ်ရန် ရနိုင်တာ ကွဲ့ ၊ ပြီး‌တော့ အပိုဆု‌တွေ လည်း ရဦးမှာ ”

“ ထီဆိုင်အုပ်စုကြီး တစ်ခု က အပိုဆုများ မချီးမြှင့်‌တော့ပါဘူး လို့  အတိအလင်း ကြော်ညာ‌ နေပြီ မမ ၊ ပြီး‌တော့ မမ ရယ် ၊ သိန်းသုံးရာ‌ ပေါက်ဖို့ ဆိုတာ လည်း သိပ် လွယ်လှတာ မဟုတ်ဘူး ၊ အက္ခရာ တစ်လုံး မှာ ထီ စာအုပ် ၈၁၈၁၈ အုပ် ၊ အက္ခရာ‌ပေါင်း ၃၆ လုံး ဆို‌တော့ ထီ စာအုပ်‌ပေါင်း ၂၉၄၅၄၄၈ အုပ် မမ ၊ နည်းတဲ့ ထီ စာအုပ်‌တွေလား ။ ထီ စာအုပ်‌ ပြော တာ ထီ‌ စောင်‌ရေ မဟုတ်ဘူး ၊ ထီ‌ စောင်‌ရေ‌တွေ အများကြီး မမ ၊ အဲဒီ ထဲ က သိန်းသုံးရာ ဆိုတာ တစ်‌စောင် တည်း‌ သော လက်မှတ် က ‌ပေါက်တာဗျာ ခက်ခဲပါ ”

“ ဟဲ ငါ့‌ မောင် လူ့ ကံ ဆိုတာ မသိနိုင်ဘူး‌လေ ”

“ လက်ခံပါတယ် မမ ရယ် ၊ အဲဒီ မမြင်ရတဲ့ ကံကြီး ကို မဲ‌ နေမယ့် အစား မြင် ရတဲ့ ကံ ကို မဲဖို့‌ ကောင်းတာ ”

“ မြင်ရတဲ့ ကံ ဆိုတာ က ... ”

“ ရှင်းပါတယ် မမ ရယ် ၊ အတိတ်ကံ ၊ ပစ္စုပ္ပန်ကံ ၊ အနာဂတ်ကံ‌ တွေ မဟုတ်ဘူး ၊ ခုလုပ် ခုဖြစ် တဲ့ ကံ ကို ပြော ‌တာ မမ ”

“ မမြင်ရတဲ့ ကံ ဘက် မဲ မယ့် အစား မြင်ရတဲ့ ကံဘက် မဲ လိုက်မယ် ဆိုရင် တိုက် တစ်လုံး မက ဆယ်လုံး ‌ဆောက် နိုင်တယ် ၊ ကား တစ်စီး မက ၁ဝ စီး ဝယ်နိုင်မယ် ၊ စိန်နားကပ် တစ်ရန် မက ၁ဝ ရန် ဝယ်နိုင်တယ် မမ ၊ လုပ်ရင် ဖြစ်တာ‌ပေါ့ ၊ ရတာ‌ပေ့ါ ”

မမ သ‌ဘော‌ပေါက် မ‌ပေါက်‌တော့ မသိ ၊ ‌ဆောင့်ကြီး‌ အောင့်ကြီး‌ ဖျော်၍ ကျွန်‌တော့် ကို ‌ကော်ဖီ တစ်ခွက် တိုက်‌ လေ၏ ။ ကျွန်‌တော့် မျက်စိ က‌ တော့ ကိုကြီး‌ကျော်‌ ရှေ့ က အရက်‌ကောင်တာ သို့ ရောက်‌လေ၏ ။ ဒါကမှ လက်ငင်း လက်‌တွေ့ အကျိုး ခံစားရမှာ‌လေဗျာ ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment