Monday, September 4, 2023

ခုန်ပျံ‌ကျော်လွှား ဖြတ်‌တောက်ပစ်လိုက်စမ်းပါ


 

❝ ခုန်ပျံ‌ကျော်လွှား ဖြတ်‌တောက်ပစ်လိုက်စမ်းပါ ❞

“ အို‌ကေကြီး လာတယ်‌ ဟေ့ ၊ ပါးပါး‌လေး တစ်ပွဲ ”

‌ကျော်‌ဝေ ကော်ရည်ဆိုင် ထဲ သို့ ဝင်သွားသည် နှင့် တစ်ပြိုင်နက် ယောက်ျား က မှာ‌ လေ၏ ။ မိန်းမ က မုန့်ပွဲ ပြင်‌ လေ၏ ။

“ ဘာလဲကွ ပါးပါး‌လေး ဆိုတာ ”

“ လာ‌တော့ ကြည့် ဗျာ ၊ ခင်ဗျား လည်း မှာ‌ လေ ”

မကြာမီ ပါးပါး‌လေး တစ်ပွဲ ‌ရောက်လာ၏ ။ ခေါက်ဆွဲဖတ် နည်းနည်း ၊ ကြက်ဥ အကာကျက်က‌လေး တစ်လုံး ၊ ‌ကော်ရည် အ‌နေ သင့် ၊ ‌မွှေးချိုစိမ့်က‌လေး ။

“ ပါးပါး‌လေး ဆိုတာ ဒါကိုး ”

“ ဟုတ်ပါ ဦးတိန်‌တောင် ”

“ ဟို‌နေ့က လက်ဖက်ရည်ဆိုင် မှာ လည်း “ ကြက်ပလာတာ ပူပါးကြွပ်နပ်က‌လေး ” လို့ မှာတာ ကြားမိ သလိုပဲ ”

“ ဟုတ်တယ်ခင်ဗျာ့ ၊ ပါးပါး‌လေး‌ခေတ်‌ လေဗျာ ”

“ ‌ကောင်မ‌လေး‌တွေ ကို ပြောတာလား ”

“ လိုရာ ဆွဲ မ‌တွေးပါးနဲ့ ဗျာ ၊ အတုံးလိုက် အတစ်လိုက် ထူလပျစ်ကြီး‌တွေ ‌ခေတ် မရှိ‌တော့ဘူး လို့ ဆိုလိုတာ ”

“ အတုံးလိုက် အတစ်လိုက် ဆိုတာ ... ”

“ ဒီလို‌လေဗျာ ဦးတိန်‌တောင် ... ”

ကျွန်‌တော် နှင့် ဦးတိန်‌တောင် စကား တပြောပြော နဲ့ မုန့် တစ်ပန်းကန် စီ ‌ချော‌ လေ၏ ။ ၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၈  ရက်‌ နေ့ က ဗျာ ၊ ကျွန်‌တော်တို့ သားအဖ နှစ်‌ယောက် ပြည်မြို့ က ပရိ‌ဘောဂဆိုင်‌တွေ ၊ လက်သမားရုံ‌တွေ ၊ မင်္ဂလာပစ္စည်းဆိုင်‌ တွေ နှံ့ ရော ၊ တစ်‌နေကုန်‌ ရော ဗျာ ။ မင်္ဂလာ ခန်းဝင် ပစ္စည်း ခုတင် ၊ ဗီရို ၊ မှန်တင်ခုံ လိုက် ရှာကြတာ ၊ ‌တွေ့ပါ၏ ။ မျက်စိ မှာ မတိုး ။

“ တို့ သားအဖ ရန်ကုန် ဆင်း ရှာကြစို့ကွာ ”

‌အောက်တိုဘာ ၃ဝ ရက်‌ နေ့ နံနက် ၉ နာရီ ယုဇနပလာဇာ‌ ရောက် ၊ တစ်ထပ်လုံး မင်္ဂလာခန်းဝင်ပစ္စည်း‌တွေ ချည်း ခင်းကျင်း ပြသထားတာ ဗျာ ။

“ ရှာကြ‌ဟေ့ ၊ ဈေး မ‌မေးနဲ့ဦး ၊ ဈေး မဆစ်နဲ့ဦး ၊ ငွေ မ‌ချေနဲ့ဦး ၊ မဝယ်နဲ့ ဦး ၊ ကြည့်ရုံ ပဲ ကြည့် ”

‌ဈေး ဝယ်တာ မ‌လော ရ ဘူး ၊ နှံ့ နေ‌အောင် တစ်ပတ်‌ လျှောက် ကြည့်ရတယ် ၊ ‌လောကြီး ဝယ်ပြီး ကာ မှ သူ့ ထက် လှတာ ၊ ‌ကောင်းတာ ၊ သူ့ ထက်‌ ဈေးချိုတာ ‌တွေ့ရ တတ်တယ် ။ သည်အခါ မှာ ဝယ်ပြီးသား ပစ္စည်းကြီး မကြိုက်ဘဲ နဲ့ ယူ လာ ရတာမျိုး ဖြစ်တတ်တယ် ဗျာ့ ။

အခန်းကျယ်ကြီး ထဲ မှာ တကယ့် နုနုရွရွက‌လေး‌တွေ အလှက‌လေး‌တွေ ၊ အတုံးလိုက်  အတစ်လိုက် ‌ဆော်ထားတာ‌တွေ ၊ ဒုကြီး ဗြက်ကြီး ထူလပျစ်ကြီး‌တွေ ၊ ခုတင် ၊ ဗီရို ၊ မှန်တင်ခုံ ၊ မွေ့ယာ ၊  ခေါင်းအုံး ၊ စားပွဲ ကုလားထိုင် ၊ ဆက်တီ စုံ မှ စုံဗျာ ။ အဲသည် အထဲ က ‌ခေတ်မှီလှပ နိုင်ငံခြားဖြစ် ပါးပါးက‌လေး ကို  ဆွဲ လိုက်တယ် ။ ခုတင် ၊ ဗီရို ၊ မှန်တင်ခုံ ။ နိုင်ငံခြား ဖြစ် ကို အရမ်း အထင်ကြီး လွန်းလို့ ၊  နိုင်ငံခြား ဖြစ် ဆို ပြီးရော ဟ သ‌ဘောမျိုး နဲ့ ဆွဲတာ မဟုတ်ဘူး ။ သူ့‌ ဈေး နဲ့ သူ့ အဆင့် သင့်တယ် ဆိုပြီး ဝယ်တာ ( ပြည်တွင်းဖြစ်‌တွေ ထက်‌ တောင် ဈေး က ချိုပါ‌သေး ။ ) ဖြုတ် လို့ ရတယ် ၊ ပတ်ကင် လုပ်လို့ ရတယ် ၊ အ‌ဝေး ကို သယ်လို့ လွယ်တယ် ။ ပတ်ကင် လုပ် ၊ တင်ပို့ ။ ပြည်‌ ရောက်‌ တော့ ကတ်တ‌လောက် ကြည့် ဆင် ၊ သူတို့ သားသမီးများ လုပ်ထား လိုက်တာ ၊ လုပ်တတ် လိုက် ကြတာ ၊ ပေါ့‌ပေါ့က‌လေး ကို အခိုင်အခံ့ ဖြစ်‌အောင် လုပ်တတ်ပါ့ ဗျာ ၊ ပညာ ။ သစ်သား ဗီရို ၊ သစ်သား မှန်တင်ခုံ ဆိုလို့ ကျွန်းသား‌တွေ ပျဉ်းကတိုးသား‌တွေ လို့ မထင်လိုက်ပါနဲ့ ဦး ၊ ကြိတ်သားပါတဲ့ ဗျာ ။ ဘာသား မှန်း မသိ ၊ ဈေး‌ပေါ သစ်သား ကို ‌ခေတ်မှီ နည်း ခေတ်မှီ စက်ကရိယာများ နဲ့ လုပ်ထားတဲ့ လက်ရာ ။ နောက်‌ကျော တစ်ချပ် ၊ ‌ဘေး တစ်ချပ် စီ ၊ အမိုး တစ်ချပ် ၊ ဖင်ပိတ် တစ်ချပ် ၊ တံခါး တစ်ရွက် တစ်ချပ် စီ ၊ သည်မှာလို ပျဉ်‌တွေ ကို လျှာထိုး ၊ န‌ဘေထပ် ၊ ‌ကော် နဲ့ ကပ် ဆက်စပ် ထားတာမျိုး မဟုတ်ပါ ။ ဗီရို တစ်လုံး ။ ကျွန်‌တော်တို့ ‌တောရွာ မှာ‌ တော့ သည်လို ဗီရို ဆို သုံးတစ်လက်မ‌တွေ ၊ ‌ခြောက်တစ်လက်မ‌တွေ ၊ ‌ပေပျဉ် ( ဒုတစ်လက်မ ဗြတ်တစ်‌ပေ ) ကြီး‌တွေ နဲ့ ‌လှော်ခတ်ကြတာ ။ ပတ္တာတပ် အ‌သေစပ် ထားကြတာ ဆို‌တော့ အလုံးကြီး အတိုင်း မ‌ ရွှေ့ ရတာ ။ ‌လေးထပ်တိုက်‌ ပေါ်‌ ရောက်‌ အောင် လူ ရှစ်‌ယောက်‌ လောက် ဝိုင်း မရမယ် ။ ၁ဝ ထပ်တိုက်‌ ပေါ် တင်ရမယ် ဆို လျှာထွက်‌ သေ‌လောက်တယ် ။ ဘာ ထူ သလဲ မ‌မေးနဲ့ ။ ဘာ‌ လေးသလဲ မ‌မေးနဲ့ ။

ခုတင် ဆိုလည်း သည် အတိုင်းပဲ ။ ဒုကြီး ဗြတ်ကြီး ကျွန်းပျဉ်ကြီး‌တွေ နဲ့ ‌ဆော် ထားတာ ။ လက်သမားရုံ ထဲ သွား ကြည့် ၊ လူ ကိုယ်တိုင် ‌ရွေ‌ဘော်ထိုး ၊ ခုတ်ဟ ၊ ထစ်ဟ ၊ ‌ဖောက်ဟ ၊ ထွင်းဟ ၊ ‌ချွေး တစ်ပြိုက်ပြိုက် ကျ ၊ ပင်ပန်းလှ ။ ထွက် လာတဲ့ လက်ရာ က‌ တော့ သည်‌နေ့ ထွက် တဲ့ ပစ္စည်း နက်ဖြန် ပြတိုက် သာ ပို့လိုက်ပါ‌တော့ ။      

ကျွန်‌တော်တို့ ‌တောသားများ မှာ‌ တော့ ဒါကြီး‌တွေ ကို ပဲ အဟုတ်ကြီး မှတ်ပြီး ဂုဏ်ယူ ဝံ့ကြွားစွာ သုံး‌ နေကြရတာကလား ဗျာ ။ တကယ်ဆို ဗျာ ၊ သူများ လုပ်တာ ကြည့် ၊ သူများ ပါးပါးလွှာလွှာ ၊ ကိုယ် လည်း လွှာ ၊ သူများ ပါးပါးလှီး ၊ ကိုယ် လည်း လှီး ၊ သူများ နည်းပညာ သုံး ၊ ကိုယ် လည်း သုံး ၊ သူများ က ကြိတ်သား ဆို ၊ ကိုယ် လည်း ကြိတ်သား‌ ပေါ့ ဗျာ ။ ကျွန်းပျဉ်းကတိုး သစ်သား မပါရင် ပရိ‌ဘောဂ မဖြစ်‌တော့ဘူးလားဗျာ ။ ပုံတုံးကြီး‌တွေ နဲ့ ပဲ ပြီးကြ‌တော့ မှာ လား ။ ‌နောက်မှာ အ‌ဝေးကြီး ပြတ် ကျန်‌ နေရစ် ခဲ့ကြ‌တော့ မှာလား ဗျာ ။ သည်အတိုင်း က‌ တော့ ပျဉ် သာ ကုန် မောင်ပုံ လက်သမား‌ကျော် မဖြစ်နိုင်ပါ ။ အတင်း နင်းကန် ဖြတ်‌ကျော်တက် ပစ်ကြစမ်းပါ ။ အမီ လိုက်ကြ‌လော့ ၊ ခုန်ပျံ‌ ကျော်လွှားကြ‌လော့ ၊ သူများ‌ ရှေ့ က ဖြတ်တက်ကြ ကုန်‌လော့ ။

မြန်နိုင် သ မျှ မြန်မြန် ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment