Monday, September 25, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၈ )


 

ဦးထွန်းပေါ်  မှာ ရွာလူကြီး ပီပီ ထကြွ လုံ့လ ကောင်းလှသည် ။ မနက် မိုး ပင် စင်စင် မလင်း သေး ဦးသံတိုင် အိမ်ရှေ့ ကို အလျင် ဦးဆုံး ရောက် လာ တော့၏ ။

“ ဟေ့ကောင် သံတိုင် … သံတိုင် ”

ဟု အော် ခေါ်ကာ အိမ်ရှေ့ ၌ ဦးထွန်းပေါ် မတ်တတ်ရပ် လာချိန်မှာ နှစ်ညဉ့် နှစ်ညလုံး အိပ်ရေးပျက် ထားသော ဦး သံတိုင် မှာ ကား အိပ် ကောင်း ဆဲ ။ သူ အိပ်ပျော် နေသည် ဆိုလျှင် လမ်းမ အိမ် ရှေ့က ဦးထွန်းပေါ် အော်ဟစ် ခေါ် နေ၍ တစ်အိမ်သားလုံး နိုး ကုန်ကြပြီ ဖြစ်သော်လည်း ဦးသံတိုင် ကား မနိုး နိုင်သေး ။

ထို့ကြောင့် စောစော နိုးလာသော ဦးသံတိုင် သမီးကြီး က ဦးသံတိုင် ကို တစ်ဆင့် နှိုးပေး လိုက်ရသည် ။

မျက်စိ ၊ မျက်နှာ ကို ပွတ်ကာ ကမန်းကတန်း ထ လာသော ဦးသံတိုင် မှာ လည်း နှစ်ညဉ့်နှစ်ည အိပ်ရေး ပျက်ထားသဖြင့် မည်မျှ အိပ်ပျော်နေ အိပ်ပျော်နေ ရွာ သံယောဇဉ် နှင့် အိပ်ရာ က ကမန်းကတန်း ခုန် ထ လိုက်ကာ

“ ဟင် ဦးလေး ဦးထွန်းပေါ် ၊ ရွာ မှာ ဘာ အခြေအနေ ထူးပြန်လို့လဲဗျ ”

ဟု စိုးရိမ်တကြီး နှင့် မေးမိ လိုက်၏ ။

“ မင်းတို့ က သာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားပေမဲ့ ငါ့ မှာ တော့ တစ်ညလုံး လုံး ကြက်အိပ် ငှက်အိပ်ပါပဲကွာ ။ အိပ် မပျော်ပါဘူး ” 

“ ဟင် ဦးလေး ၊ ငတေ ဆင်ပေးတဲ့ ကိစ္စ ၊ ဘာ ထူးခြားလို့လဲ ”

ဟု အိပ်မှုန်စုံမွှား နှင့် ဦးထွန်းပေါ် ဆီ လှမ်း ကြည့် ကာ စိုးရိမ်တကြီး မေး လိုက်ပြန်သည် ။

“ ဘာမှ မထူးခြားပါဘူးကွာ ။ ငါ ည က တစ်ညလုံး လုံး ကြက်အိပ် ငှက်အိပ် ဆိုတော့ ပိတုန်းကောင်တွေ တစ်ညလုံး လုံး ရွာ ရဲ့ တောင်ဖျား မှာ စုဝေး နေကြသံ ကို ကြားနေရတာ ။ ခု ဘာ အသံဗလံ မှ မကြားရတော့ လို့ သူတော်ငတေ မှာ လိုက်တဲ့ အတိုင်း ဘာ ထူးခြားချက် ရှိလဲ ဆိုတာ သွား ကြည့်ကြရအောင် ။ ခု မင်း ကို ငါ လာ ခေါ်တာပဲ ”

“ ဟုတ် .. ဟုတ်ကဲ့ ဦးလေး ” 

ဟု ပြောကာ ဦးသံတိုင် မှာ လည်း မျက်နှာ သစ်ရန် ကို ပင် မေ့ သွားကာ ဦးထွန်းပေါ် ရှိ ရာ အိမ်ရှေ့ ဆီ သို့ ပြေး ဆင်း လာလေ၏ ။

သို့နှင့် ဦးထွန်းပေါ် နှင့် ဦးသံတိုင် တို့ နှစ်ယောက် သည် ရွာလူကြီး ဦးကံညွန့် အိမ် ရှေ့ ရောက်လာကြ ပြန်၏ ။

နှစ်ညဉ့် နှစ်ည လုံး အိပ်ရေး ပျက် ထားသူ ရွာလူကြီး ဦးကံညွန့် မှာ လည်း ဦးသံတိုင် ကဲ့သို့ ပင် အိပ် ကောင်းတုန်း ။ ထို့ကြောင့်ပင် ဦးကံညွန့် ကို တစ်ခါ ခေါ်နိုးပြီး ရွာလူကြီး သုံးယောက်သည် ရွာတောင်ဖျား ရှိ သူ တို့ မနေ့ ညနေ က သူတော်ငတေ အစီအမံ အတိုင်း ဆောင်ရွက်ထားခဲ့ ကြသော ရွာမုခ်ဦး ဇာတိပ္ဖိုလ်သီး ပိတုန်းသုံးကောင် ရှိရာ ဆီ သို့ ရောက် လာကြသည် ။

တပေါင်းလေရူး နှင့် အတူ အပ်ချည် မျှင် နှင့် ချည်ဖောက်ဆွဲ ထားသော ဇာတိပ္ဖိုလ်သီး သုံးလုံး သည် လေ ထဲ ၌ ဝဲပျံ ယိမ်းလှုပ် နေကြသည် ကို လှမ်း မြင်ကြရသည် ။ အနား ကပ် သွား ကြပြီး ရွာ မုခ်ဦး အောက် ကို ငုံ့ကြည့် ကြရာ ဇာတိပ္ဖိုလ် သီး အောက် တွင် သစ်ရွက် များ ပြန့်ကျဲ နေကြသည် ကို အံ့ဖွယ် ဘနန်း တွေ့ကြရသည် ။

အံ့ဩစရာ ကောင်းလှသည် မှာ ကား ဇာတိပ္ဖိုလ်သီး အောက် ၌ ပြန့်ကျဲ နေ ကြသော သစ်ရွက်များ မှာ နည်းနည်းနောနော မဟုတ် ။ အကယ်၍ တစ်ရွက် စီ တစ်ရွက် စီ သာ ရေ ကြည့် ကြမည် ဆိုလျှင် ရာချီ ထောင်ချီ ၍ ရှိနေကြ လိမ့်မည် ။

“ ဒီ ဇာတိပ္ဖိုလ်သီး အောက် မှာ မှ သစ်ရွက်တွေ လာ စု နေတာတော့ ထူးဆန်းတယ် နော် ဦးလေး ”

သစ်ရွက်ကြွေတွေ ကို ငုံ့ကြည့် နေ သော ဦးသံတိုင် က ဦးထွန်းပေါ်  ကို ပြော လိုက်၏ ။

“ ဟုတ်တယ်ကွ ၊ ဒါ တကယ့်ကို ထူးဆန်းတာပဲ ။ နောက် ဘာများ ထူး ထူးခြားခြား ရှိသေးလဲ ကြည့်ကြပါဦး ”

ဦးထွန်းပေါ် က ကြည့်ကြပါဦး ဆို သဖြင့် ဦးသံတိုင် နှင့် ဦးကံညွန့် တို့ သည် ရွာ မုခ်ဦး အောက် နှင့် တကွ ပတ်ဝန်းကျင် ကို အကဲခတ် ကြည့် ကြ သည် ။

ရွာ မုခ်ဦး အောက် ရှိ သစ်ရွက်များ က လွဲ လျှင် တခြား ထူးထူးဆန်းဆန်း အရာ ဆို၍ တော့ ဘာမှ မတွေ့ကြရ ။ ထိုအခါ သူတော်ငတေ က ထူးခြားတာ တွေ့ရင် ချက်ချင်း လာ ပြောကြပါ ဟု မှာထား သဖြင့် သူတော်ငတေဆီ ပြေးကြရ ပြန်သည် ။

ရွာလူကြီး သုံးယောက် သူတော် ငတေ ရှိရာ ဘုန်းကြီးကျောင်း အောက် သို့ ရောက်လာကြ ချိန် မှာ သူတော်ငတေ ကို ဖိုဆွဲရက်သား တွေ့ ရသည် ။ သူတို့သုံးယောက် ကို မြင် သောအခါ သူတော်ငတေ လည်း ဖိုရုံ ထဲ က ထွက်လာ လေ၏ ။

“ ကဲ စောစောစီးစီး ၊ လူကြီးမင်း တို့ ဘာ ထူးခြားတာ တွေ့လို့ လာကြတာလဲ ၊ အမိန့်ရှိပါဦး ”

“ ထူးခြားဆို ဦးသူတော် ရေ ၊ ဦးသူတော် ပြောတဲ့ ဇာတိပေါ်သီး သုံးလုံး အောက် မှာ သစ်ရွက်တွေဗျာ ရာချီ ထောင်ချီ ပုံ နေတာပဲဗျ ”

ထိုင် ပင် မထိုင်သေးဘဲ မတ်တတ်ရပ် မေး နေ သော သူတော် ငတေ ကို ဦးသံတိုင် က လည်း မတ်တတ် ပင် ပြော လိုက်ကြသည် ။

“ ဇာတိပေါ်သီး အောက် က သစ်ရွက် တွေ ဆိုတော့ ဘာ သစ်ရွက်တွေ လဲ ကိုသံတိုင် ရယ် ”

“ ဘာ သစ်ရွက်တွေ ဆိုတာ ကိုတော့ ကျုပ် လည်း သတိ မထားမိခဲ့ကြဘူးဗျ ”

“ တယ် ခက်တဲ့ လူတွေပဲ ၊ ခင်ဗျား က လယ်သမား ယာသမား ပဲ ဗျ ၊ သစ်ရွက် ကို မြင်တာ နဲ့ ဘာ သစ်ရွက် မှန်း တောင် မသိဘူး ဆိုတော့ ”

“ သတိ မထားမိခဲ့ကြလို့ပါ ခင်ဗျား ”

ဦးကံညွန့် က သူတော်ငတေ  စကား မဆုံးမီ ဝင် ပြောလိုက်၏ ။

မှန်ပါသည် ။ ရွာ မုခ်ဦး အောက် ရှိ ပြန့်ကျဲ နေသော သစ်ရွက်များ ၏ အမျိုးအစား ကို သူတို့ သုံးယောက် ကား လုံးဝ သတိ မထားမိခဲ့ကြချေ ။ သူတော်ငတေ ဆီ သို့ အကျိုးအကြောင်း မြန်မြန် ပြောရန် သာ စိတ် စောခဲ့ကြ သဖြင့် ရွာ မုခ်ဦး အောက် တွင် ပြန့်ကျဲ နေသော သစ် ရွက်များ ကို မည်သည့် သစ်ရွက် ဖြစ်ကြောင်း မသိခဲ့ကြ ။

“ ရာဇဝင် ထဲ က အမတ်မင်း ကို ခွေး ကြည့် ခိုင်းသလို ဖြစ်နေပြီ ။ အထီးမှန်း အမမှန်း ၊ ဘယ်နှကောင်မှန်း မသိကြ တော့ မခက်ဘူး လား ကိုသံတိုင် ရဲ့ ”

“ ခု ကျွန်တော် ပြေးကြည့် လိုက်ပါ့မယ် ဦးသူတော် ရယ် ” 

လူရင်း ဖြစ်သူ သူ့ ကို ချည်း သူတော် ငတေ က ပစ်မှတ် လုပ် ပြောနေရာ “ ကျုပ်ခင်ဗျား ” ပြောနေကျ စကား ကို ပင် ဦးသံတိုင် မှာ ကျွန်တော် ဖြစ် သွား၏ ။

“ ခင်ဗျား ပြေး ကြည့်ရုံ နဲ့ မဖြစ်သေး ဘူး ။ ကျုပ် သေသေချာချာ မှာ လိုက်ဦး မယ် ။ အဲဒီ မုခ်ဦး အောက် က သစ်ရွက် တွေ ကို တစ်ရွက် မကျန် တောင်း တစ်လုံး နဲ့ ထည့် ပြီး ကောက် လာခဲ့ ။ အဲဒီ သစ်ရွက်တွေ ဟာ ဘယ်လို အရွက်တွေ လဲ ဆိုတာ ကျုပ် တို့ ၊ ဦးလေး တို့ လည်း ကြည့်ပါရစေ ။ သေသေချာချာ နော် တစ်ရွက် မှ မကျန်စေနဲ့ ၊ တစ်ရွက် ကျန် ရင် တစ်ချက် ခံသွားရမယ် ။ ကဲ ... ဟုတ်ပလား ”

“ ဟုတ်ကဲ့ပါ ”

“ ကဲ ဒါဆို သွားတော့ ၊ ခင်ဗျား က တိတိကျကျ ပြောလိုက်တာ တောင် လွဲချင် လွဲနေဦးမယ့် လူ ”

ဦးသံတိုင် မှာ သူတော် မှာ လိုက် သလို သစ်ရွက် ကောက် ရန် ရွာ ထဲ အပြေးကလေး နှင့် လာရပြန်၏ ။

“ အဲဒါနဲ့ ဦးသူတော် ၊ အေး ပြော ကောင်းတယ် မပြောကောင်း တော့ ဦးလေး လည်း မသိဘူး နော် ။ ဦးသူတော် ကို ဦးလေး ပြောချင် ... ”

“ ပြောပါ ၊ ဦးလေး ဘာ ပြောမလို့ လဲ ”

ဦးထွန်းပေါ်  ကို သူတော်ငတေ က ပြောပါ ဟု ဆိုသည် ။

“ မနေ့ည က ပဲ ဦးလေးတို့ က ဦးသူတော် မှာ ထား သလို ရွာ ကို အန္တရာယ်ကင်း ပရိတ် ရွတ် သလို စည်းပိတ် ထားပါတယ် ။ အဲဒါ ခု မိုး က လည်း လင်းပြီ ဆိုတော့ နွားကျောင်း ၊ ကျွဲကျောင်း ထွက်ကြရမယ့် တောသူတောင်သား အလုပ်တွေ က ရှိ နေ … ”

“ ဦးလေး ပြောတာ ဟုတ်ပါတယ် ။ အဲဒါ ဒီလို လုပ် ၊ ဦးကံညွန့် ”

“ ဟုတ်ကဲ့ ခင်ဗျား ”

“ ခင်ဗျား ရွာ ထဲ လိုက်သွား လိုက် ၊ ကိုသံတိုင် နဲ့ အတူ သစ်ရွက်တွေ ကို တောင်း ထဲကောက်ထည့် ပြီးတာ နဲ့ ရွာတွင်း ရွာပြင် ဝင်ဝင် ထွက်ထွက် ရ ပြီလို့ ပြော လိုက်ဗျာ ။ သစ်ရွက်တွေ အကုန် မကောက် ပြီး ရင်တော့ ဘယ် သူ မှ ရွာစည်း ကို ဖောက်ပြီး ထွက်ထွက် ဝင်ဝင် မလုပ်ရဘူး နော် ။ အဲဒါ လည်း မှတ်သွားဦး ”

“ ဟုတ်ကဲ့ပါ ”

ဟု ပြောကာ ဦးသံတိုင် မှာ လည်း ရွာ ထဲ ပြန်ပြေး လာပြန်သည် ။

နာရီဝက် ပင် မကြာ ။ သစ်ရွက်တောင်း တစ်လုံး ကို ထမ်း ကာ ဦးသံတိုင် နှင့် ဦးကံညွန့် တို့ သည် သူတော်ငတေ နှင့် ဦးထွန်းပေါ် တို့ ရှိ ရာ သို့ ရောက် လာ ကြသည် ။

ဦးသံတိုင် သည် သူ ကောက် လာ သော သစ်ရွက်တောင်း ကို ဦးသူတော် နှင့် ဦးထွန်းပေါ် တို့ နှစ်ယောက် ရှေ့ ချ လိုက်သည် ။ ထို့ကြောင့် စောစော တုန်း က ရှေးဟောင်းနောက်ဖြစ် ပြော နေကြသော ဦးထွန်းပေါ် နှင့် သူတော် ငတေ တို့ ၏ စကား မှာ လည်း ရပ် သွား လေသည် ။

“ ဒါ ဘာ အရွက်တွေလဲ ကိုသံတိုင် ”

သူ့ ရှေ့သို့ လာ ချသော သစ်ရွက်  တောင်း ထဲက သစ်ရွက်များ ကို လက် နှင့် ထိုးကော် မွှေနှောက် ကြည့် ကာ သူတော်ငတေ က ဦးသံတိုင် ကို မေး လိုက်သည် ။

“ မဲဇလီရွက်တွေ ချည်းပါပဲ ဦးသူတော် ”

“ ကိုသံတိုင် ပြောတာ ဟုတ်ရဲ့လား ဦးလေး ကြည့်ပါဦး ”

သူတော်ငတေ က ကြည့်ပါဦး ဆို သဖြင့် ဦးထွန်းပေါ် ကလည်း တောင်း ထဲ က သစ်ရွက်တွေ ကို သေသေချာချာ ကြည့်သည် ။

“ ဟုတ်ပါတယ် ဦးသူတော် မဲဇလီရွက်တွေ ချည်းပါပဲ ”

“ ဟုတ်တယ်နော် ဦးကံညွန့် ” 

သူတော် ငတေ က ဦးသံတိုင် နှင့် ဦးထွန်းပေါ်  တို့ ပြောသည် ကို မယုံ၍ လား ဘာမှန်း မသိ ။ ဦးကံညွန့် ကို ပါ မေးနေ ပြန်၏ ။

ထိုအခါ ဦးကံညွန့် မှာ လည်း တောင်း ထဲ က မဲဇလီရွက်တွေ ကို စောစောက သူတော်ငတေ ကြည့် သလို လက် နှင့် မွှေ ကြည့်ပြီး

“ ဟုတ်ပါတယ် ခင်ဗျား ၊ မဲဇလီရွက် တွေပါပဲ ” 

ဟု ပြော လိုက်သည် ။

“ ကိုကံညွန့် ”

“ ခင်ဗျား ”

သူတော်ငတေ သူ့ ကို ဘာများ ဟောက်ဦးမလဲ ဟူသော အတွေး နှင့် “ ခင်ဗျား ” ဟု ဦးသံတိုင် က ခပ်လန့်လန့် ပြန်ထူး လိုက်သည် ။

“ ခင်ဗျား တောင်း ထဲ က မဲဇလီရွက် တွေ ဟာ အစိမ်းလား အခြောက် လား ”

“ အခြောက်တွေ ချည်း ပါပဲ ”

“ ဟဲဟဲ ကိုယ့် လူ ဒီ တစ်ခါတော့ အမှန် ပြော နိုင်သားပဲ ။ ဒါဆို ခင်ဗျား တို့ ရွာ ကို အစိမ်း တိုက် တာ မဟုတ်ဘူး ပေါ့ ”

ဘာ ရည်ရွယ်ချက် နှင့် ဘာပြောမှန်း ကို မသိသဖြင့် ရွာလူကြီး သုံးယောက် မှာ ဘာပြန် ပြောရမှန်း မသိ ဖြစ် နေကာ သူတော်ငတေ ၏ မျက်နှာ ကို သာ ကြည့်နေ ကြသည် ။

“ မဲဇလီရွက်တွေ က အစိမ်း မဟုတ် ဘဲ အခြောက်တွေ ဆိုတော့ ... ဟား .. ဟား ဟား .. ကျုပ် ထင်တာ မှန်ပြီ ၊ ခင်ဗျားတို့ ရွာ ကို အခြောက် တိုက် တာ ဟား ... ဟား ”

သူတို့ ရွာ ကို အခြောက် တိုက် သည် ဟု ပြောကာ တဟားဟား ရယ် နေသူ သူတော်ငတေ ကို အံ့ဩတကြီး ကြည့်ကာ ယခု ထိ ဘာ နားလည်ကြရမှန်း မသိကြသေး သော ရွာလူကြီး သုံးယောက် မှာ သူတော် ငတေ ကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်နေကြ တုန်း ...

“ ဟား ဟား ဟား တောသား ရွာ လူကြီးတွေ လုပ်နေ ကြပြီး ခင်ဗျားတို့ တော်တော် ကို ရူးကြတဲ့ လူတွေပဲ ဗျ ။ ခင်ဗျားတို့ ပဲ မဟုတ်ပါဘူး လေ ၊ ယာ တောင် တစ်ရွာလုံး က လူတွေ လည်း  ရူး နေကြလား မှ မသိတာ ”

“ ဟင် ဘာဖြစ်လို့လဲဗျ ၊ ဦးသူတော် ”

မအောင့်နိုင် တော့ သဖြင့် ဦးသံတိုင် က သူတော်ငတေ ၏ မျက်နှာ ကို စေ့စေ့ ကြည့်ကာ မေး လိုက်၏ ။

“ ခင်ဗျားတို့ က ပဲ ရွာ ကို ပိတုန်းကောင်တွေ ဝင် တုပ်လို့ ဆိုဗျ ”

“ ဟုတ်တယ်လေ ဦးသူတော် ”

သူတော်ငတေ က ရယ် ပြန်သည် ။

“ ဦးသူတော် က ကော ဘယ်လိုများ အမြင် ရှိပါလဲ ခင်ဗျား ”

အူကြောင်ကြောင် ဖြစ် နေသော ဦး ကံညွန့် က ပါ မေးမိ လိုက်၏ ။

“ ဘယ်လို အမြင် ရှိမလဲဗျ ။ ခင်ဗျား တို့ ရွာထဲ ရပ်ထဲ မဲဇလီပင်တွေ မရှိဘူးလား ”

“ ဦးသူတော် သိပါတယ် ။ ရွာ ထဲ ရပ် ထဲ တော့ မဲဇလီပင်တွေ အများကြီး ပေါ့ဗျ ၊ ဦးလေး ဦးထွန်းပေါ် အိမ်နား တောင် အပင်ကြီး တစ်ပင် ရှိနေတာ ပဲ ”

ဘာမှန်း မသိ ၊ တောပြော တောင်ပြော ပြောလာ ပြန် သဖြင့် ဦးသံတိုင်ကြီး သူတော်ငတေ ကို ခပ်ဆတ်ဆတ် ပြန် ပြော လိုက်သည် ။

“ အဲဒါကြောင့် … ခင်ဗျားတို့ ကို ရူး တယ် ပြောတာပေါ့ ။ ခင်ဗျားတို့ ရွာ ကို ဘာ အစိမ်း အကျက် တိုက်တာ မှ မဟုတ်ဘူး ။ ဒီ တပေါင်းလကြီး ဗျာ ဒီလောက် တောင် လေရူးတွေ အရမ်း နှောက် နေတာ ခင်ဗျားတို့ ရွာ ပေါ် ကို မဲဇလီရွက်ကြွေ အခြောက်တွေ တဖြောက်ဖြောက် ကျ နေတာကို ပဲ ခင်ဗျားတို့ ရွာသားတွေ က တောပြော တောင်ပြော လူကြီးတွေ က ပါ လာ ပြောတော့ ကျုပ် မှာ အဟုတ် မှတ်ပြီး အစီအမံတွေ လုပ် လိုက်ရ  ”

“ ဟာ ... ဦးသူတော် ၊ ဒါတော့ မဟုတ်ဘူးဗျ ။ ရွက်ကြွေခြောက် နဲ့ ပိတုန်းကောင်တွေ နဲ့ တခြားစီ ပါ ဗျ ။ ရွက်ကြွေခြောက်တွေ က လူ ကို ထိုးမ လား ၊ ခု တစ်ရွာလုံး လူတွေ ကို ပိတုန်းတွေ လိုက်တုပ် လိုက်ထိုး နေကြတာ နှစ်ည တောင် ရှိပြီမို့ ဦးသူတော် ကို အစီအမံ လာ လုပ်ခိုင်း ကြတာပဲဟာ ”

“ လရောင် ထဲ က ကြွေကျ လာတဲ့ ရွက်ကြွေခြောက်တွေ ကို ခင်ဗျားတို့ ရွာသူ ရွာသားများ က လန့်ဖျပ်ပြီး ပိတုန်းကောင်တွေ လို မြင်မိ ကြတာ ကော မဖြစ်နိုင် ဘူးလားဗျာ ” 

“ ဟာ ဘယ်လို မှ မဖြစ်နိုင်ပါဘူး ဆို ၊ ကဲ ကျုပ် ပြောမယ် ။ ဟို နှစ်ည က တော့ ရွက်ခြောက်တွေ ကြွေတာ ကို ကဲ ကျုပ်တို့ ရွာသားတွေ က ပဲ ကြောက်ကြောက်လန့်လန့် နဲ့ ပိတုန်းကောင်  တွေ လို့ မြင်မိကြတယ် ထားပါတော့ ။ ဒီနေ့ ည ဆို လေရူး က ပိုတောင် နှောက် သေး တယ်ဗျာ ။ ကဲ ဒီနေ့ည ကျ တော့ ဘာဖြစ်လို့ မဲဇလီရွက်တွေ မကြွေတာလဲ ၊ လူတွေ က ကော ဘာဖြစ် လို့ ပိတုန်းကောင်တွေ ကို ရွာလယ် လမ်း မှာ မမြင်တွေ့ကြရတော့တာလဲ ၊ ကဲ ဦးသူတော် ပြောပါဦး ”

“ ဒီနေ့ ည က ခင်ဗျားတို့ တစ်ရွာလုံး ကြောက်ချေး ပါပြီး ရွာလယ်လမ်း ထွက် မကြည့်ကြဘဲ အိမ်ထဲ ကုပ် နေ ကြလို့ နေမှာပေါ့ ”

“ ဦးသူတော် ခင်ဗျား ကတ်သီးကတ်သတ် မပြောနဲ့လေ ဗျာ ၊ ကျုပ်တို့ သုံးယောက် စလုံး ဒီ ည မှာ လည်း ရွာ ထဲ လျှောက် ကြည့်နေ ကြ တာပဲ ။ ဦးလေးဦးထွန်းပေါ်  ဆို တစ်ည လုံးလုံး တောင် မအိပ်ဘဲ စောင့်ကြည့် နေခဲ့တာ ၊ ဦးသူတော် ပြောတဲ့ မဲဇလီ ရွက်တွေ ဒီ နေ့ ကျတော့ ဘာဖြစ်လို့ မကြွေလဲ ၊ ကြွေတယ်ပဲ ထား ဘာဖြစ်လို့ ဟိုည ဟိုည တွေ ကလို ပိတုန်း ဖြစ် မသွားကြတာလဲ ၊ မယုံရင် ခု ဦးသူတော် ဦးလေးထွန်းပေါ် ကို ပဲ မေး ကြည့် ”

“ ဒါဆို ခင်ဗျား က ရွာ ထဲ ပိတုန်းကောင်တွေ ဝင် တုပ်တာ စုန်းတိုက် နတ်တိုက် အမှောင့်ပယောဂ တစ်ခု ခု လို့ ထင်လို့ …”

“ ခက်လိုက်တာ ၊ ထင်လို့ မဟုတ်ဘူး ။ ဟုတ်လို့ လည်း ဦးသူတော် အစီအမံ လုပ်ပေးလို့ ဒီနေ့ ည ဘယ် ပိတုန်း တစ်ကောင် မှ ရွာ ထဲ ဝင် မလာ ကြတာပေါ့ ”

“ အိမ်း … ခင်ဗျား ပြောတော့ လည်း ဟုတ် သလိုလိုပဲ နော် ”

သူတော်ငတေ က သူ့ ထုံးစံ အတိုင်း ပင် ကတုံးပြောင်ကြီး ကို ပွတ်၍ ယခုမှ ဟုတ်သလိုလို ပဲ လုပ်နေ ပြန်သည် ။

“ ဟုတ် သလိုလို မဟုတ်ဘူး ။  တစ်ခု ခု တော့ ဟုတ်ကို ဟုတ်ရမယ် ”

“ ဟင် …. ဒါဆို ဒီ မဲဇလီရွက်တွေ ဘယ်လို လုပ်မလဲ ”

“ မဲဇလီရွက်ခြောက်တွေ တော့ ဘာ လုပ်ရမှာလဲ ၊ လွှင့်ပစ်လိုက်မှာပေါ့ဗျ ”

“ ဟာ ကိုသံတိုင် ၊ အဲဒီလို တော့ မလုပ်နဲ့ဗျာ ”

သူတော်ငတေ က အထိတ်တလန့် ဖြစ်သွား သလို ပြော လိုက်၏ ။

“ မဲဇလီရွက်ခြောက်တွေ လွှင့်မပစ် လို့ ဘာ လုပ်ရမှာလဲ ”

“ ခင်ဗျား ကို အဲဒါကြောင့် ကျုပ် ဟိုနေ့ က ပြောတာ မှတ်မိသေးလား ”

“ ဦးသူတော် ကျုပ် ကို ပြောတာ အများကြီး ။ ဘယ် မှတ်မိမလဲ ”

“ ယောက်မ နဲ့ ဇွန်း … လောကနီတိ စကား လေ ဗျာ ”

“ မဲဇလီရွက်ခြောက်တွေ လွှင့်ပစ် မယ့် ကိစ္စ နဲ့ .… လောကနီတိ စကား နဲ့ တခြားစီ ပါလားဗျ ”

“ ဟဲ ဟဲ အဲဒါကြောင့် ခင်ဗျား ကို ပြောရတာ ၊ မဲဇလီရွက်တွေ ကို များ လွှင့်ပစ်ဦး မလို့ တဲ့ ။ မဲဇလီ ဟာ  ဘယ်လောက် ဆေးဖက် ဝင်တယ် မှတ် လဲ ။ တန်ဆောင်မုန်း လပြည့် ည ဆို မဲဇလီပင် မှာ ဆေးပေါင်းခ တယ် ဆို တာ ကြားဖူးတယ် မဟုတ် … ”

“ ကြားဖူးပါတယ် ၊ စားလည်း စားဖူး ပါတယ်  ”

“ ဒါဆို ကြားဖူး စားဖူး ရဲ့ နဲ့ ဒီမဲဇလီ ရွက်တွေ ကို ဘာလို့ လွှင့်ပစ် … ”

“ ဟာ ... ခက်လိုက်တာဗျာ ၊ စားဖူးတာ က အဖူးအညွန့် တွေ ဗျ ။ ဒီလို .. ရွက်ခြောက် မှ မဟုတ်တာ ”

ဦးသံတိုင် ၏ စကား ကို ဤ တစ်ခါ မှာ တော့ သူတော်ငတေ က ပါ တဟား ဟား ရယ် လိုက်သော အခါ တစ်ချိန် လုံး ငြိမ် ၍ နားထောင် နေကြသော ဦးထွန်းပေါ် နှင့် ဦးကံညွန့် တို့ က ပါ လိုက် ရယ်ကြသည် ။

သူတို့ သာ မဟုတ်ချေ ။ ဤလို အရေးကိစ္စ တစ်ခု ခု ဆိုလျှင် သူတို့ ဆရာ သူတော်ငတေ ထံ မှ ပညာ ရ လို သဖြင့် သူတော်ငတေ နား တွင် အရိပ်အခြည် ကို အမြဲ ကြည့် နေကြသော သူတော်ငတေ ၏ အန္တေဝါသိက တပည့်ကြီး သုံးယောက် တို့ က လည်း ခိုးခိုးခစ်ခစ် လိုက် ရယ် ကြသည် ။

ခိုးခိုးခစ်ခစ် လိုက် ရယ် ကြသော သူ့ တပည့်ကြီး သုံးယောက် ဘက် တစ်ချက် လှမ်း ကြည့်ပြီး သူတော်ငတေ က -

“ ကိုသံတိုင် ရယ် ဒီ ကိစ္စ က ဒီတင် မပြီးသေးပါဘူးဗျ ။ ခု ပိတုန်း ကိစ္စ ဇာတိ တော့ ပေါ်ပြီ ၊ ပဝတ္တိ က ဘာ လဲ ဆိုတာ သူ့ နေရာ သူ ပို့ လိုက်ပြီး ပဝတ္တိ အကြောင်း ကို လည်း ကျုပ် တို့ ဆက် စုံစမ်း ကြည့်ကြ ရအောင် မကောင်းပေဘူးလား ဗျာ ”

ဟု တည်တည်တံ့တံ့ ဆို ပြန်သည် ။

“ ကောင်းပါတယ် ... ဦးသူတော် ခင်ဗျား ။ ဒါမှလည်း အကျိုးအကြောင်း အဆိုးအကောင်း သိကြရမှာပေါ့ ခင်ဗျား ”

ဤ စကား ကို တော့ ဦးကံညွန့် က ဝင် ထောက် ပေး လိုက်သည် ။

“ ဦးကံညွှန့် ပြောတာ ကျုပ် လည်း လက်ခံပါတယ် ။ ကဲ အဲဒီတော့ အကျိုးအကြောင်း အဆိုးအကောင်း သိ ရအောင် ဆရာလေးတို့ ရယ် မနေ ကြနဲ့ ၊ သင်ပုန်း တစ်ယောက် တစ်ချပ် ယူပြီး ဘဘ ကို ကူညီကြပါဦး ၊ ဘာလဲ ဆိုတော့ အဖြေကို သိရအောင် တွက်ချက် ကြည့်ကြမယ် ”

သူတော်ငတေ က သူ့ တပည့် သုံးယောက် ဘက် သို့ လှည့် ပြော လိုက် သည် ။

သူ့ တပည့် သုံးယောက်တို့ က လည်း သူတော်ငတေ စကား မဆုံးခင် ပင် သင်ပုန်းစင် မှ နေ သင်ပုန်းကြီး တစ်ယောက် တစ်ချပ်စီ ကို သွား ဆွဲချ လာ ကြ ကာ သူတော်ငတေ နား က ကွပ်ပျစ် ပေါ် မှာ စပြီး တွက်ကြသည် ။

◾ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment