❝ ဆား နဲ့ ဘဲ စားပါရစေ ❞
မခုန်တော့သည် မှာ ကြာပြီ မို့ မခုန်တော့ပြီ ဟု ယူဆ ထားခဲ့မိ သော်လည်း ကိုယ့် ရင် သည် သင်း ကို တွေ့သော အခါ ဆန်းပြားစွာ ခုန် လာ၏ ။ ဆုံးရတတ်ဖန် များ၍ ပိုင်စိုးရမည် ပင် မဝံ့တော့ သော ကိုယ့် နှလုံးသား တို့ သည် လည်း သင်း ကို မြင်သော် ပူဆာ သည် ။
စိတ် က မေတ္တာ ကို ဖိတ်၍ နှလုံးအိမ် မှာ ဧည့်ခံ၏ ။ မေတ္တာဧည့်သည် ပြန်သော အခါ၌ မူ စိတ် သည် ဗျာပါဒပလ္လင်ရင်း ဝယ် ဝပ်စင်း၍ ဝန်ခံတယ် ။ ထိုအခါ ဗျာပါဒဘုရား ကတရားခံမျက်စိ အစုံ ကို ဒဏ်ပေး၏ ။ မျက်ရည်တို့ သည် ကြွေရကုန် သတည်း ။
ဗျာပါဒ ကို စိတ် နာ ၍ အလှအပ ကို မကြည့် မမြင် မခင်တွယ် လိုတော့သော ကိုယ့် မျက်စိ တို့ က လည်း သင်း ကို မြင်သည် တွင် တရား မမွေ့ အမှား ကို မေ့ ချေသည် ။
သင်း သည် ရုတ်ခြည်းပင် ကိုယ့် ဘဝ ကို လှုပ်ခါ၍ နှိုးလှာ၏ ။ အဆုံးများ ဖြင့် ပြွမ်းသော ကိုယ့် ဘဝ သည် တဖန် စ ရ ပြန်ချေပြီ ။
သင်း က ရန်ကုန် သို့ အပြန် ၊ ကိုယ် က ရန်ကုန် သို့ အထွက် ၊ ရထား ထက် မှာ ဆုံစည်းခဲ့ကြရ၏ ။ သင်း က သင်း ၏ အခန်း သို့ အဝင် ၊ ကိုယ် က ကိုယ် ၏ အခန်း မှ ခေတ္တအထွက် ၊ မျက်နှာချင်း ဆိုင် မိခဲ့ကြသည် ။ ဪ ... သင်း ၏ အခန်း နှင့် ကိုယ် ၏ အခန်း ကား တခန်း တည်း ပါတည်း ။
သို့သော် သင်း က ညှင်းနုလေ အလျင် မှာ လှဟန်ပြ ပျံ ခိုက် ကိုယ့် ဘဝ က လေ နှင့် ကြွေလွင့် နေ ရသော ရော်ရွက်ငယ် ပါ သင်း ။
••••• ••••• •••••
ရထား သည် စ၍ ရွေ့လျား ချေပြီ ။ ရထားဆိပ် ကို ကိုယ် မုန်း၏ ။ ခွဲခွာရခြင်း အထိမ်းအမှတ် နေရာ မို့ သည် ရထားဆိပ် နှင့် ကိုယ် မပတ်သက် ခဲ့သည် မှာ လည်း ကြာပါပြီ ။
မခင်ဆင့် နှင့် လည်း သည် ရထားဆိပ် မှာ ပင် ခွဲခွာ ခဲ့ရပါချေ၏ ။ မခင်ဆင့် နုနုနယ် ကို သူတို့ သူတို့ က ရထားတွဲ ထက် မှ အဓမ္မ ဆွဲ၍ ၊ ဆွဲ၍ ။
သည် နေရာ ကား မခင်ဆင့် ပုန်းခဲ့ရာ တည်း ။ သည် နေရာကား မခင်ဆင့် ရုန်းခဲ့ရာ တည်း ။ သည် နေရာ ကား မခင်ဆင့် လူးခဲ့ရာ တည်း ။
ထင်မြင်ယောင် မိ၏ ။ ပြန်လည် တွေး မိသော် ကိုယ့် ရင်ဝယ် နောက်ကျိ ရပါဘိ တကား ။
••••• ••••• •••••
ငယ်သော အရွယ် မို့ စိတ်အား ငယ်ငယ် နှင့် ပင် ကျောင်း သို့ ရောက် ခဲ့သည် ။ ကျောင်းသားသစ် မို့ မျက်နှာသစ်များ ချည့် ကိုယ် ရင်ဆိုင် ရ၏ ။ ကျွမ်းဘူးသော မျက်နှာများ ကို တအားတကိုး ရှာဖွေ ခိုက် သနားခင်တွယ် တတ်သော မခင်ဆင့် နှင့် တွေ့ရသည် ။
မခင်ဆင့် က သည် ကျောင်း သို့ ကိုယ့် ထက် တနှစ် စော၍ ရောက် နှင့် ၏ ။ လူ့ လောက ထဲ သို့ လည်း ကိုယ့် ထက် တနှစ် အရောက် စောခဲ့သည် ။
စာရွက်ငယ် ကို ကိုင် ၍ စင်္ကြံ မှာ တလည်လည် လျှောက် နေခိုက် ကိုယ့် အနား သို့ မခင်ဆင့် ရောက် လာ၏ ။ မနှစ် က ကိုယ်တွေ့ ဘဝ ကို ချင့်တွေး စာနာ မိ လေ သလော မသိ ။ ကိုယ့် လက် မှ စာရွက်ငယ် ကို မခင်ဆင့် က ယူ ကြည့်တည့်၍ ကူသည် ။ ကိုယ် နေ ရမည့် အတန်း နှင့် အခန်း ကို ပြသည် ။ မခင်ဆင့် ကိုယ်တိုင် က လည်း သည် အခန်း မှာ မို့ ကိုယ့် ကို နှစ်သိမ့်၏ ။
သနားကရုဏာ ဟူသော သတ္တဝါ သည် အင်မတန် အဖော် မင်သည် ။ မေတ္တာ ပါ မှ ထွက် မြဲတည်း ။
တနေ့ ကျောင်း ဆင်း သော အခါ ခုံ အဖုံး ကို ဖွင့် ၍ စာအုပ်များ ကို လွယ်အိတ် ထဲ သို့ ထည့် ခိုက် ၊ မခင်ဆင့် က ကိုယ့် ကို ကရုဏာ ပြည့် သော အကြည့် ဖြင့် ကြည့် သည် ။ ကိုယ် တယောက် တည်း ကျန်ရစ် နေသည် မို့ မခင်ဆင့် က ပြန် လှည့် ကာ ကိုယ့် ကို ကူ၏ ။
သို့နှင့် မခင်ဆင့် ၏ မေတ္တာ ကို ကိုယ် ပိုင်ဆိုင်ခွင့် ရခဲ့ချေသည် ။
မခင်ဆင့် ၏ စိတ် ကား အတိုင်း မသိ လှပါဘိ ။
••••• ••••• •••••
သည်သို့လျှင် နွေ မိုး နှစ်လည် သစ္စာ ရက် မေတ္တာသက် ရှည် ခဲ့သော အခါ ကိုယ့် ၌ တာဝန် တရပ် ထပ်၍ ဆင့် လာ၏ ။ မခင်ဆင့် ကို ယူရန်တည်း ။
တန်းမြင့်ကျောင်း မှာ တနှစ် ၊ တက္ကသိုလ် မှာ တနှစ် ၊ သည်ကာလ မှာ မခင်ဆင့် နှင့် ကိုယ် က သံယောဇဉ် ရစ် လွန်းသည် ။ အမှန် ပြော လျှင် ချစ် လွန်းသည် ။
ထိုအခါ ယူ ရမည် ။ မပြည့်စုံ သော်လည်း ရောင့်ရဲမည် ဟု ပိုင်းဖြတ်၏ ။ ဝါသနာ ပန်းချီ ကို လည်း မခင်ဆင့် အတွက် နှုတ်ဆက် လိုက်ပါပြီ ။
သို့သော် ရုပ် ဖျောက် ၍ ရထား ထက် သို့ ရောက် ပါ မှ
မခင်ဆင့် က မြင် ၍ ပုန်းသည် ။ မခင်ဆင့် ၏ အကိုများ က မခင်ဆင့် ကို အဓမ္မ ဆွဲ၍ ၊ ဆွဲ၍ ။
မခင်ဆင့် က ရုန်းသည် ။ မရချေ ။ မြေ ၌ လူးသည် ။ ရူးချေပြီ ။
အား မတန် သော် လည်း မာန် မလျှော့ နိုင်ချေ ။ ပထမ သော် ယဉ်ကျေးလိမ့်နိုး အထင် နှင့် မခင်ဆင့် ၏ အကိုများ ကို အကျိုးသင့် အကြောင့်သင့် ကိုယ် ဖြေ၍ ပြ ပါ၏ ။ သို့သော် သူတို့ သူတို့ က အဓမ္မ ။ ကိုယ့် ကို လည်း ဆင့်၍ ၊ ဆင့်၍ ။
ကိုယ် သည် သတိ မေ့ လျက် ရထား ထက် မှာ ပါ လာ၏ ။
••••• ••••• •••••
သည်တခါ လည်း ကိုယ် သည် သတိ မေ့လျက် ရထား ထက် မှာ ပါ လာ၏ ။ မခင်ဆင့် ကမ္ဘာ မှ ပြန်လာ ခဲ့၍ သတိ ဝင် သော် သင်း ၏ မျက်နှာ ပေါ် လာသည် ။
သင်း သည် မခင်ဆင့် ထက် အဆ ဆယ် ရာ ပို၍ အလှကြွယ် ပါ၏ ။ မခင်ဆင့် သည် လည်း လှပါ၏ ။
သင်း ကို တွေးကြည့် မိသော အခါ တွေး မဆုံးနိုင်ချေ ။ သင်း သည် ယောက်ျား တကာ ကို ရုတ်ခြည်း ဖောက်ပြား မှောက်မှား စေနိုင်သော အစွမ်း လည်း ရှိ၏ ။ ဖိတ်ကြားသည့် နှယ် လွယ်သော အပြုံးများ ဖြင့် လည်း တန်ဆာ ဆင် တတ်၏ ။ သင်း ၏ မျက်နှာ ကား ကြည်လင် လှာသည် ။
သင်း သည် အောင်မြင် နေသော သူ တယောက် ၏ ထိပ် ထက် မှ သရဖူ ကဲ့သို့ လည်း ပျံလု မတတ် လွင့် နေ၏ ။ ဤ ကမ္ဘာ သည် ပင် လျှင် သင်း ၏ လက် ထဲ သို့ ရောက် နေ ပြီ ဟု ထင်မှတ် နေသည် လော မပြောတတ် နိုင်ချေ ။
သင်း ၏ မျက်စိ တို့ သည် မမြင်နိုင် သော အရာ မရှိတော့ သည့် ဟန် ဖြင့် လည်း ကြည့် တတ်၏ ။ တံခါးတံတိုင်း စသည် တို့ သည် သင်း ၏ အတွေ့အကြုံ ၌ ရှိမှ ရှိခဲ့ဘူးပါလေစ ။
အန္တရာယ် ဟူသည် ကို သင်း နားလည်တတ် ကောင်းပါ၏ ။ သူစိမ်း နှင့် တခန်းတည်း တွဲ ၍ တယောက် တည်း ည အိပ် ရဲသော သတ္တိ ကို သင်း မည်သည့် အတွေ့အကြုံ မှ ရခဲ့ပါသနည်း ။ မည်သည့် ကျောင်း ၊ မည်သည့် ဆရာ ထံ မှ ရခဲ့ပါ သနည်း ။
ကိုယ် တွေး၍ မဆုံးနိုင်ခဲ့ချေ ။
သင်း သည် မည်သို့သော ပတ်ဝန်းကျင် မှ လာ ခဲ့၍ ၊ မည်သို့သော ပတ်ဝန်းကျင် သို့ သွား မည်နည်း ။
သင်း ၌ ပူပန်တတ်ခြင်း ၊ ကြောက်လန့်တတ်ခြင်း စသည် မရှိပြီ လော ။ မရှိ လျှင် အဘယ်ကြောင့် မရှိရပါ သနည်း ။
သို့သော် သင်း ၌ သည် ပြဿနာ မြောက်မြားစွာ ကို ပြေလည်သည် အထိ ဖြေပြနိုင် စွမ်းသော အဘိဓမ္မာ မူ ရှိပေမည် ထင့် ။ ကိုယ် သည် မခင်ဆင့် ကို သာ သိ နိုင်ခဲ့၏ ။ သင်း ကို မသိနိုင် ချေ ။
တိုင်းပြည် သည် တိုင်းပြည် နှင့် ထိုက်တန်သော ဝါဒ ရှိသော အစိုးရ ကို သာ ရ နိုင်၏ ။ ကိုယ် သည် လည်း ကိုယ် နှင့် ထိုက်တန်သော အသိ ရှိသော မိန်းမ ကို သာ ရ နိုင်ပေမည် ။ သင်း သည် ကိုယ် နှင့် ဝေး ဘိ၏ ။
ကြည့် ရင်း ၊ ကြည့် ရင်း သင်း သည် ကိုယ် နှင့် ဝေး၍ ၊ ဝေး၍ ဝေး လေ၏ ။ သင်း သည် ပြေး လေ၏ ။
ကိုယ့် ဘဝ ကား ညံ့ ချေသည် ။ ကိုယ့် ဘဝ ၌ ဆုံးရှုံးရခြင်း တို့ သည် သာ လျှင် ရှိ၏ ။တက္ကသိုလ် သို့ ရောက် သော နှစ် မှာ ပင် လမ်းဘေးဆိုင်များ ဖျက်ခဲ့ ရ ၍ မေမေ ၏ အရောင်း အဝယ် ပျက်ပြား ခဲ့ ရ ချေသည် ။ ကိုယ့် အထက် တယောက် နှင့် ကိုယ့် အောက် ၌ ခြောက်ယောက် ရှိ ၍ ကိုယ် တို့ အိမ်ထောင်စု ၏ စားရေး ၊ ဝတ်ရေး ၊ နေရေး သည် မေမေ တယောက် တည်း ၏ ဝင်ငွေ နှင့် မဖြစ်တော့ ချေ ။ ထိုအခါ မမ က ကျောင်း မှ ထွက် ၍ အလုပ် တဖက် နှင့် စာ ကျက် ရ၏ ။ ကိုယ် က တော့ ကိုယ့် အပူ နှင့် ကိုယ် လေလွင့် ခဲ့သည် ။ ဝါသနာ ပန်းချီ က လည်း ကိုယ့် အတွက် ထက် ပို၍ မပေး နိုင်ခဲ့ချေ ။ သည် ကြား ထဲ မှာ အကျပ်အတည်း ကြောင့် ညီမငယ် တယောက် ကို မြေ တွင် စွန့်ပစ် ခဲ့ရ၏ ။ ထိုအခါ ကိုယ့် ၌ တာဝန် ပို လာသည် ။ ကိုယ် သိတတ် ရ တော့မည် ။
ထို့ကြောင့် ကိုယ် ရန်ကုန် သို့ ထွက် ၍ လာခဲ့ရ၏ ။ တက္ကသိုလ် ကို ကိုယ် ရှုံးပါပြီ သင်း ။
••••• ••••• •••••
ရထားဆိပ် ကို ကိုယ် မုန်း၏ ။
ချစ်သော အဆွေအမျိုး တို့ နှင့် လည်း ခွဲခဲ့ရ ပြန်ချေပြီ ။
ရန်ကုန် ရုပ်ရှင်ရုံများ ၌ အဝတ်ပန်းချီများ ရေးဆွဲရာ တွင် တပည့် လိုသည် ဟု ရထားလက်မှတ် ပေးကာ ဆရာ က လှမ်း မှာ သော ကြောင့် ကိုယ် ထွက် ခဲ့ရ၏ ။ ကိုယ် ၏ အနာဂတ် သည် တထွာ တမိုက် မျှ မူ ဖြောင့် ပေပြီ ။ သို့သော် တထွာ တမိုက် ၏ ဟိုမှာ ဘက် တွင် မူ အသို့ ရှိလေ မည်နည်း ။
ကိုယ့် ၌ ပူပန်စိတ် ၊ ကြောက်လန့်စိတ် တို့ သည် ရင် နှင့် အတိ ပြည့် နေဘိ၏ ။
••••• ••••• •••••
ရန်ကုန် သို့ ရောက် ၍ နှစ်ရက် နှင့် တမွန်းတည့် ပြည့် သော အခါ သင်း ကို တဖန် ပြန်၍ တွေ့ရ၏ ။ သင်း သည် လှမြဲ ၊ ပြုံးမြဲ ၊ ပျော်မြဲ ၊ ရဲရင့်မြဲ တည်း ။
သတင်းစာများ ၌ ပုံ နှင့် တကွ ပါ လာတော့ မှ ပင် သင်း ၏ အကြောင်း ကို ကိုယ် သိ ရ တော့၏ ။ မန္တလေး တက္ကသိုလ် ဝိဇ္ဇာ ( က ) ပိုင်း မှာ ပညာ သင်ကြား နေသော မောတို့ အနွယ် သင်း ။ နာမည်ကျော် ဝတ္ထု တပုဒ် ကို ရုပ်ရှင် ရိုက် ရာ တွင် ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင် ရမည့် သင်း ။
သင်း က ကိုယ့် ကို နှုတ်ဆက် နေသည် ထင် ၏ ။ ကိုယ် က လည်း သင်း ကို နှုတ်ဆက် ပါသည် ။
သို့သော် တနေ့ နေ့ တွင် မူ သင်း ၏ လှသော ၊ ပြုံးသော ၊ ရွှင်သော ၊ ရဲရင့်သော အသွင် ကို ကိုယ် ရေးဆွဲ ရ ချေ ဦးမည် ထင်၏ ။ ထိုအခါ ကိုယ် သည် လက် ဖြင့် မရေး မူ ၍ မေတ္တာ ဖြင့် ရေး ပါမည် ။ ဆေးမင် ကို ရေ နှင့် မဖျော်မူ ၍ မျက်ရည် ဖြင့် ဖျော် ပါမည် ။ မျက်စိ ဖြင့် မကြည့် မူ ၍ ဗျာပါဒ ဖြင့် ကြည့် ပါမည် ။
ကိုယ် သည် ဝမ်းသာသည် လော ၊ ဝမ်းနည်းသည် လော မပြောတတ်ချေ ။ လည် လာသော မျက်ရည် ကို မူ အနိုင်နိုင် ထိန်းတည့်၍ ၊ ထိုင် ရာ မှ ထ လိုက်မိ၏ ။ ကိုယ် သည် အရှိန် သေသော ဂျင် ကဲ့သို့ ရုတ်ခြည်း မြေ မှာ လဲလေ သတည်း ။
ဪ ကိုယ် ၏ ငယ်ပေါင်း ကြီးဖော်များ ဖြစ်သော ချိုင်းထောက် အစုံ ကို ပင် ကိုယ် သည် မေ့ခဲ့ လေပြီ တကား ။
◾မောင်သာရ
📖 နဝဒေး မဂ္ဂဇင်း
၁၉၆၂ ခု ၊ ဇူလိုင်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment