Wednesday, September 20, 2023

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၃ )


 

ရွာလူကြီး သုံးယောက် သည် သူတော်ငတေ ရှိရာ ရွာ ဘုန်းတော်ကြီး ကျောင်း အောက် သို့ ရောက် လာကြ လေသည် ။ သူတော်ငတေ အမြဲ နေ သော ကျောင်း အောက် ခေါင်းရင်း ဘက် ရှိ ဖိုရုံဓာတ်ခန်း ကို သွား ကြည့် ကြရာ ဖိုရုံဓာတ်ခန်း မှာ ကန့်လန့် ထိုး ပိတ် ထားသည် ကို တွေ့ ရသည် ။

ဖိုရုံဓာတ်ခန်း ကန့်လန့်ထိုး ပိတ် ထားသည် ကို မြင်ရသော အခါတွင် ရွာ လူကြီး သုံးယောက် မှာ စိတ်မော သွား ကြလေ၏ ။

သို့နှင့် ကျောင်းသား သုံးလေးဆယ် ရှိသော ကျောင်းသားများ ထဲ တွင် သူတော်ငတေ ၏ လက်ရင်း တပည့် သုံးယောက် ကို လိုက်ရှာ နေကြရသည် ။

သူတော်ငတေ ၏ အန္တေဝါသိက လက်ရင်း တပည့် သုံးယောက် တို့ မှာ ဒေါင်းသိန်း ၊ နေဆန်း နှင့် ငထီး တို့ ဖြစ်ကြသည် ကို တော့ ရွာလူကြီးများ သိထားကြသည် ။ ထို သူငယ် သုံး ယောက် မှာ သူတော်ငတေ ၏ ဝေယျာဝစ္စများ ကို နေ့ည မပြတ် လုပ်ပေး နေကြ သဖြင့် သူတော်ငတေ က  ဆေးပညာ ၊ ဗေဒင် နှင့် လောကီပညာ ရပ်များ ကို သင်ပေး ထားသူများ ဖြစ်သည် ။

ထို သူငယ်လေး သုံးယောက် မှာ လည်း ခေသူများတော့ မဟုတ်ကြ ။ နောင်သော အခါတွင် နေဆန်း ဆို သော သူငယ် မှာ “ နေတစ်လုံး ” ဟူသော အမည်နာမ နှင့် မျက်လှည့် ပညာ တွင် တစ်ဖက်ကမ်း ခပ်ပြီး မိုး ပေါ် ကို ပင် ပျံ ပြ နိုင် လောက် အောင် စွမ်းဆောင် ပြနိုင်သူ ၊ နေတစ်လုံး မျက်လှည့် အဖွဲ့ကြီး ကို ဦးဆောင်ကာ မျက်လှည့် ဆရာကြီး ဖြစ်လာမည့် သူ ပင် ။

ဒေါင်းသိန်း ဆိုသော သူငယ်လေး မှာ လည်း ဆေးဝါး ၊ ဓာတ်စာ ၊ အခါ  ကာလ နှင့် လျော်ညီအောင် ပင် နယ် လှည့် ဆေး ကု ကာ မြန်မာ့ သမားတော် ကြီး ဖြစ်လာမည့် သူ ဖြစ်သည် ။

ငထီး ဆိုသော သူငယ် မှာ လည်း စုန်းတိုက် ၊ နတ်တိုက် ၊ မာတြာရက္ခိုက် ၊ အမှောင့်ပယောဂ မှန်သမျှ ကို ကုသ ကာ ခြောက်ကြိုး ၊ ရှစ်ကြိုး ၊ ဆယ့်နှစ်ကြိုး ၊ ကဝေရှင်မ ၊ ဇော်ဂနီ ၊ ဇော်ဂဇက် ၊ မောက်လုံး ၊ မောက်ပြား အားလုံး ကြွေးကြော် ကာ ငါ့ မယားချည်း ဟု ထိုင်ရာ မထ လက်ဝါး မှာ အင်းကွက် ချပြီး ဖြန်းခနဲ ရိုက်ချ လိုက်ရုံ နှင့် စုန်း ၊ တစ္ဆေ ၊ ကဝေ ၊ မှင်စာ ၊ မာတြာရက္ခိုက်များ ချက်ချင်း ထွက်ပြေး ကြ ရ လောက်အောင် စွမ်းဆောင် နိုင်ခဲ့သော မှော်ဆရာကြီး ငထီး ဖြစ်လာမည့် သူငယ် ပင် ။

ထို့တွက်ကြောင့် လည်း ကျောင်းသား သုံးလေးဆယ် ယောက် ထဲ တွင် ထို သူငယ် သုံးယောက် ကို ရွာလူကြီးများ က လိုက် ရှာကြ ခြင်း ဖြစ်သည် ။ နေဆန်း ကို တွေ့တော့

“ မင်းတို့ ဘဘ ကို မတွေ့ပါလား လူလေး ”

ဟု ဦးပေါ်ထွန်း က မေး လိုက်၏ ။

“ ဘဘ တော ဝင် သွားတာ သုံးည တောင် ရှိပြီ ဘိုးဘိုး ” 

ဟု နေဆန်း က ပြော၏ ။

သူတော်ငတေ မှာ တစ်ခါ တစ်ခါ ဤ ကဲ့သို့ပင် တောထဲ တောင်ထဲ ညအိပ် ညဉ့်နေ သွား နေ တတ်သည် ကို တော့ သူတို့ လည်း သိကြသည် ။ အိပ်ချင် ရာ အိပ် နေချင် ရာ နေ နှင့် တောတောင် ထဲ လျှောက်သွား နေ တတ်သည့် အပြင် သူများ ချမ်းအေးလွန်း ၍ ခိုက်ခိုက် တုန်ယင် နေကြသော ပြာသိုလ ကြီး ၌ ပင် စမ်းချောင်း ထဲ ရေငုပ်စိမ် ချိုးကာ နီးစပ်ရာ ကောက်ရိုးပုံ ထဲ ၌ ခေါင်းမြီးခြုံ ဝင် အိပ် နေ တတ်သည် ကို လည်း တွေ့သူများ က တွေ့ဖူး ကြသည် ။

ဤသည်နှင့် ပတ်သက်၍ ဥပုသ်သီတင်း တစ်နေ့ နေ့ တွင် သူတော်ငတေ နှင့် ကျောင်း တွင် ဆုံမိ စကားစပ် ပြောမိကြရာ သူတော်ငတေ က -

“ ခင်ဗျားတို့ နား မလည်ပါဘူး ။ ဒါ ကျုပ် စရဏ တစ်ခု ခု အတွက် စမ်းသပ် ကျင့်ကြံနေတာ ”

ဟု ဆိုသည် ။

“ ကြံကြီးစည်ရာ ၊ ဒီလောက် ချမ်းပြီး အေးခဲ မတတ် ဖြစ်နေတဲ့ စမ်းရေ ထဲ ရေငုပ် နေရတာ ဘာ စရဏ လဲ လင်း စမ်းပါဦး ”

သူတော်ငတေ နှင့် ငယ်စဉ် က ပင် ဒိုးထိုး ၊ ဂျင်ပေါက် အတူကစား လာခဲ့ကြ သူ တစ်ယောက် က မေး၏ ။

“ ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယော စတဲ့ ဓာတ်ကြီး လေးပါး ကို ခံနိုင်ရည် ရှိထားအောင် ကျင့်ရတဲ့ စရဏ ပေါ့ ”

သူတော်ငတေက ခပ်တည်တည် ပင် ပြန် ပြောသည် ။

“ ခင်ဗျား ဟာ မကြားဖူးပါဘူး ”

“ ဪ … မကြားဖူးဘူး ”

“ ဟုတ်တယ် ၊ ကျုပ်တို့ ကြား ကို မကြားဖူးဘူး ”

သူတော်ငတေ က လည်း စိတ်ကောင်း ဝင် နေချိန် မျိုး မို့ ကျောင်းနေဖက် ငယ်သူငယ်ချင်း တစ်ယောက် က သူတို့ မကြားဘူး ကြောင်း ရဲရဲဝံ့ဝံ့ ပင် ပြောလိုက်သည် ။

“ အေး ၊ မကြားဘူးရင် မင်း (  ... ) ဗျဉ်း ကို ကြမ်းညပ် သလို မသေမချင်း မှတ်ထား ၊ ချမ်း လျှင် ရေချိုး နှင်းတော တိုး ၊ မော လျှင် တောင်တက် ကျောက်ခဲ ရွက် ၊ ပူ လျှင် မီးလှုံ စောင် ကို ခြုံ တဲ့ ၊ ဒါ ရှေးလူကြီးတွေ နောင်လာ နောက်သားတွေ အတွက် မှာကြား ထားခဲ့တဲ့ ကိုယ်ခံ စွမ်းအားဖြည့် သိဒ္ဓိ ပြီးဆေး ဗျ ”

“ မဟုတ်က ဟုတ်ကတွေ တော့ ပြော ပြန်ပြီ ၊ ချမ်းရ အေးရ တဲ့ ထဲ စမ်းချောင်း က ရေ ထဲ ငုပ်ချိုး ရင် သွေးခဲ သေမှာပေါ့ ၊ ဒါ သေတာ ကို ပြောတာနဲ့ တူ မနေဘူးလား“ 

သူတော်ငတေ သူငယ်ချင်း စကား ကြောင့် နားထောင် နေသူများ ဝိုင်း ရယ်ကြသည် ။

“ မင်း အဘ ဟုတ်မယ် အားကြီး ကြီး မင်းလို နလပိန်းတုံး အကောင် မျိုး က တော့ အဲဒီ သိပြီးနည်း ကို ကျင့် ရင် သေမှာပေါ့ ။ သိဒ္ဓိ ပြီးအောင် ကျင့် တယ် ဆိုတာ ခု ချက်ချင်း ဗြုန်းစားကြီး လုပ်လို့ မရဘူး ၊ အချိန် အများကြီး ပေးပြီး ပင်ပန်းခံ ကျင့်ရတယ် ။ “ ချမ်း ရင်ရေချိုး နှင်းတောတိုး ” ဆိုတာက အချမ်း ခံနိုင်အောင် တဖြည်းဖြည်း အအေး ထဲ မှာ သွားလာ ကျင့်ကြံပြီး ရေချိုးထားဖို့ ပြောတာ ၊ “ ပူရင် မီးလှုံ စောင် ကို ခြုံ ” ဆိုတာ က ပူ တဲ့ဒဏ် ကို ခံ နိုင်အောင် ပူတဲ့ အချိန် မှာ မီးလှုံ ရင် ဘာဖြစ်မလဲ ”

သူတော်ငတေ က သူ့ သူငယ်ချင်း မျက်နှာ ကို စေ့စေ့ စိုက် ကြည့်၍ မေး၏ ။

“ ပူရ အိုက်ရတဲ့ ထဲ မီးလှုံရင် ဘာဖြစ် မလဲ ဟုတ်လား ”

“ အေး .. ဘာဖြစ်မယ် မင်းထင်လဲ ”

“ ချွေး ပြန်မှာပေါ့ဗျ ”

“ အေး ဟုတ်ပြီ ၊ မင်း နည်းနည်းလေး တော့ သဘော ပေါက် လာပြီ ၊ ချွေး က ဘာလဲ ”

“ ဟာ ချွေး က ဘာလဲ ဆိုတော့ ဘာ ပြောမလဲ ချွေး ပေါ့ဗျ ။ လူ ကိုယ် က ပူအိုက် လို့ ထွက်တာ ၊ နံတာပေါ့ ”

နားထောင်နေသူများ က ဝိုင်းရယ် ကြပြန်သည် ။

“ ငတုံး ၊ ချွေး ဟာ အာပေါ လို့ ခေါ် တယ်ကွ မှတ်ထား ။ ပူ နေတဲ့ ကိုယ် ကို ရေစို သွားရင် ချွေးစို သွားရင် ဘာဖြစ် မလဲ ”

“ အေးသွားမှာပေါ့ ”

“ ဟုတ်ပြီ အပူ မငြိမ်းဘူးလား ။ မင်း မယုံ ရင် ပူအိုက်တုန်း မင်း စောင်ခြုံ ပြီး အိပ်ကြည့် ၊ ချွေးတွေ တဒီးဒီး နဲ့ အေးသွားမယ် ကိုယ့်လူ ရဲ့ ”

“ ဦးသူတော်ကြီး ပြောတာ ဟုတ် သလို လိုပဲဗျ ။ ဒါ စဉ်းစားစရာနော် ”

တစ်ယောက် က ထောက်ခံ စကား ဆိုသည် ကို သူတော်ငတေ သူငယ်ချင်း က တော့ မျက်နှာ မဲ့ ပြ၏ ။

“ စဉ်းစားမနေနဲ့ … ဒါ အမှန်ပဲ ။ ခင်ဗျားတို့ ကို မဟုတ်တာ ကျုပ် ဘယ်တုံးက ပြောဖူးလို့လဲ ငတေ မုသာဝါဒ မပြောဖူးပါဘူး ။ “ မော လျှင် တောင် တက် ကျောက်ခဲ ရွက် ” ဆိုတာ က လည်း ရှင်းရှင်းလေးပါဗျာ မောတတ် ပန်းတတ် တဲ့ လူတွေ အတွက် အမော အပန်းဒဏ် ကို ခံနိုင်ရည် ရှိအောင် ကျောက်ခဲ ရွက်ပြီး တောင် တက် တဲ့ အကျင့် ကို  အလေ့အထ ဖြစ်အောင် ကျင့် ထား ရင် တောင် ဘယ်နှစ်လုံး သွား တက်တက် အဲဒီ လူ မှာ မောတယ် ပန်းတယ် ဆိုတာ မရှိတော့ဘူး ။ ရှေးရှေးက ပညာရှိတွေ စကား ဆို တာတွေ သေသေချာချာ သဘော ပေါက် အောင် လေ့လာစူးစမ်း ပြီး ကျင့်ကြံ ထားရင် အကျိုးရှိနိုင်ပါ တယ် ။ ကျုပ် က တော့ အဲဒါကြောင့် သူများတွေ ချမ်းလှပါချေရဲ့ ဆိုတဲ့ ပြာသိုလကြီး မှာ အချမ်း ခံနိုင်အောင် စမ်းရေ ထဲ ငုပ်ချိုးထားတာ ၊ ရေငုပ် မီးလှုံ တုံးခုန် ဇယ်ခတ် ဆိုတဲ့ ကျင့်စဉ် ကတော့ တို့ ဦးသူတော် လည်း ကြားဖူး မယ် ထင်တယ် ။ ချမ်းရင် ရေချိုး နှင်းတော တိုး ပြီးရင် ရေငုပ် ၊ မီးလှုံ ၊ တုံး ခုန် ၊ ဇယ်ခတ် စရဏ ကော တို့ ဦးသူတော် ကျင့်ဦးမယ် လို့ မှန်းထားသေးလား ”

“ မင်း အဘ ၊ အဲဒါ အရည်းကြီးတွေ ကျင့်တာကွ ၊ ငါ ဘာလို့ ကျင့်ရမလဲ ”

“ ဝါး ... ဟား ဟား ... ”

“ ဟိ … ဟေး  ... ဟေး ဟိဟိ ” 

အားလုံးက ဝိုင်း ရယ်ကြသော အခါ သူ့ သူငယ်ချင်း ကို သူတော်ငတေ က ထ ဆဲသည် ။

“ ဒါတော့ မသိဘူးလေ ၊ ခု ခင်ဗျား ပြောတဲ့ ‘ ချမ်းရင်ရေချိုး ’ ဆိုတဲ့ သိဒ္ဓိ ပြီး လမ်းစဉ်တွေနဲ့ များ နွယ် မလားလို့ မေးကြည့်ရတာပါ ”

“ မင်း အဘ ဟုတ်မယ် ၊ ခွေးကောင် ” ဟု ပြောကာ သူတော်ငတေ ထ သွား လေသည် ။

‘ သူတော်ငတေ ’ ဆိုသူ မှာ ဤနှယ် လို ပေါက်ကရ လည်း မဟုတ် မဟတ် တစ်ခါတစ်ခါ လုပ်တတ်သူ ဖြစ်လေ ရာ ယခု လည်း တော ဝင် သွား တာ သုံး ည ပင် ရှိပြီ ဟု သူ့ အန္တေဝါသိက နေဆန်းလေး က ပြောသော အခါ ရွာ လူကြီးတွေ မှာ စိတ် ထဲ တစ်မျိုး ဖြစ်သွား ကြသည် ။

သူတို့ တစ်သက် တွင် တစ်ခါဖူး မျှ ရွာ ထဲ ကို ဤသို့ ရာချီ ထောင်ချီ ပိတုန်းကောင်များ ဝင်လာသည် ကို မကြား ဘူး ၊ မကြုံ ဘူး ကြ ။ သူတို့ ရွာ ကို သူတော်ငတေ တော ဝင် နေတုန်း ည ကျ မှ ပိတုန်းကောင်များ ရာချီ ထောင်ချီ ဝင်လာကြခြင်း မှာ သူတော်ငတေ နှင့်များ ဆက်စပ် နေ လေ သလား ၊ သူတော်ငတေ သည် တော ထဲ ၌ ထင်ရာ မြင်ရာ  မဟုတ်မဟတ်တွေ လျှောက် လုပ်နေ သဖြင့် ရွာရှင် နှင့် တောရှင် ၊ တောင်ရှင် များ က သူတော်ငတေ ကို ခံနိုင် သဖြင့် သူတော်ငတေ နေသော ရွာ ကို တစ်ခု ခု ဖြစ်အောင် များ လုပ်သည့် သဘောလား ။

သူတို့ စိတ် ထဲ သူတော်ငတေ နှင့် ပတ်သက်၍ သံသယ ဝင်သွားကြရာ

“ မင်းတို့ ဘဘ ဘယ် နေ့ ပြန် လာ မယ်လို့ ပြောသွားလဲ ”

ဟု နေဆန်းလေး ကို ထပ် မေးကြ သည် ။

“ သွား တုန်း ကတော့ တော ထဲ မှာ သုံးည ပဲ ကြာမယ် ၊ ဒီနေ့ မနက် ပြန် လာမယ်လို့ မှာ သွားတာပဲ ဘိုးဘိုး ”

ဦးထွန်းပေါ် ၏ အမေး ကို နေဆန်းလေး က သူတော်ငတေ မှာ သွားသည့် အတိုင်း ပြန် ပြော ပြသည် ။

“ ဒီနေ့ မနက် ဆိုတော့ သူ့ ဆွမ်းစား အမီ ပြန် လာ မှာပေါ့နော် ”

“ ဟုတ်ကဲ့ လာမယ် ထင် ပါတယ် ။ ဘဘ က မှာ သွားရင်တော့ ကတိ မ ပျက်တတ်ပါဘူး ။ လာမှာပါ ”

အချိန်မှာ နံနက် ရှစ်နာရီ ကျော် သာ ရှိသေး သဖြင့် ရွာ လူကြီးတွေ အတွက် မျှော်လင့်ချက် တော့ ရှိနေပေသေး သည် ။ ထို့ကြောင့် ...

“ အေးကွ ၊ တို့ ကျောင်း ပေါ် တက်ပြီး ဆရာတော် နဲ့ စကား သွား ပြောစရာ ရှိ သေးတယ် ။ တို့ ကျောင်း ပေါ် မှာ ရှိနေ မယ် ။ မင်း ဘဘ ဦးသူတော် လာ ရင် သာ ဘိုးဘိုး တို့ ကို ချက်ချင်း လာ ပြောပါနော် ။ ပြီးတော့ မင်းတို့ ဘဘ ဦးသူတော် ကို လည်း နောက်ထပ် ဘယ် မှ ထွက် မသွားပါနဲ့ဦး ။ ရွာ က လူကြီး တွေ ကိစ္စ ရှိလို့ ရောက် နေကြတယ်လို့ ပြောလိုက်ပါ ကလေး ရယ် ”

ဟု မှာကြားပြီး ဦးထွန်းပေါ် ၊ ဦးကံညွန့် ၊ ဦးသံတိုင် တို့ သုံးယောက် မှာ ဘုန်းကြီးကျောင်း ပေါ် သို့ တက်လာ ကြလေသည် ။

◾ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment