အခန်း ( ၇ )
မှတ်မှတ်ရရ ...
လူရိုးလူအေးကြီး ကိုမောင်မောင်ချို ခမျာ ကျွန်တော် တို့ ကြောင့် ပြဿနာ တက်ရတာ ဆိုလို့ တစ်ခါတော့ ရှိဖူးတယ် ။
အဲဒါက လည်း ကျွန်တော်တို့ ကို မျက်မုန်းကျိုး နေတဲ့ ဦးဖေခင် နဲ့ ဖြစ်တဲ့ ကိစ္စပါ ။
ဦးဖေခင် က ကျွန်တော်တို့ အုပ်စု ကို လမ်းသရဲလေးတွေ ... ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေ လို့ တစ်ထစ်ချ သတ်မှတ် ထား တာဗျ ။
ကျွန်တော် တို့ ကလည်း ကျွန်တော်တို့ ပါ ပဲ ဗျာ ။
ရပ်ကွက် ထဲ မြောင်းဖော်တာ တို့ ၊ လုပ်အားပေးတာ တို့ မှာ လူစုစု ရှိပြီ ဆိုရင် သူ ပြောလေ့ပြောထ ရှိတတ် တဲ့ ‘ လူ နှင့် လူ့ပတ်ဝန်းကျင် အညမည သဘောတရား ’ တို့ ၊ ‘ ခေတ်ကြီးငါးခေတ် ’ တို့ ၊ ‘ ပါတီဥက္ကဋ္ဌကြီး ရဲ့ လမ်းညွှန် ချက်အရ ’ တို့ ဆိုတာတွေ ကို ကျွန်တော်တို့ က မျက်နှာပိုးသေသေ နဲ့ ဘယ်လိုမှ နားထော င်ပေးလို့ မရဘူး ဖြစ်နေတယ် ။
ဒါတောင် သူ့ မှာ ‘ သန္တာခင် ’ ဆိုတဲ့ သမီးချောချောလေး ရှိလို့ မနည်း အောင့်အည်း သည်းခံနေတာ ။
တစ်ခါ က လည်း ကျွန်တော့် ကို ဘလိုင်းကြီး ‘ ကော ’ တာ ။ ဟို ဓမ္မာရုံ ဆောက်မယ့် ကိစ္စပဲ လေဗျာ ။ ကျွန်တော်တို့ လူငယ်တွေ က ဘိလပ်မြေ သယ် ၊ အုတ် သယ် ၊ ထုံးသယ် နဲ့ လုပ်အားပေး နေကြတုန်း ဓမ္မာရုံဂေါပက ဆရာချယ် နဲ့ ဦးဖေခင် တို့ က တံတွေး တွေ ဗွက်ပေါက် အောင် ပါးစပ် အမြောက် ပစ်နေကြ လေရဲ့ ။
ဆရာချယ် က လက်ဖက်ပန်းကန် ထဲ က ပုစွန်ခြောက် ဖတ် ကို ရွေးပြီး ခပ် ဝါး လိုက်ရင်း ...
“ ခုခေတ် လူငယ်တွေ က ခင်ဗျားတို့ ကျုပ်တို့ ခေတ် တုန်း က လို မဟုတ်ကြတော့ဘူး ဗျ ။ ရင်လေးပါတယ် ဗျာ ... ဟူး ”
အပြစ် တင်ချင် တဲ့ လေသံကြီး နဲ့ စ ပြောတယ် ။
ဟင် ... “ သူတို့ လို မဟုတ်ဘူး ” ဆိုတာက ဘာ မဟုတ်တာတုံး ။ သမဝါယမဆိုင် က ပစ္စည်း မခိုးတတ်တာ ကို ပြော တာလား ။ လမ်းပြင် စရိတ် ကို ပိုပိုသာသာ ပြပြီး အိတ် ထဲ မထည့်တတ် တာ ကိုပဲ ပြော တာလား ။ ဓာတ်ဘူး တို့ စောင် တို့ ခွဲတမ်း ရရင် ရပ်ကွက် ထဲ က လူတွေ ကို မရောင်းဘဲ သူတို့ချင်း ပဲ ဝေ ယူ ကြတာကို ပြောတာလား ။ သိပ် မရှင်းဘူးဗျာ ။
ထားပါ ... ။
ကျွန်တော် က လည်း စိတ် မဝင်စားပါဘူး ။ ဒါက သူတို့ လူကြီးတွေ လက်ဖက်စား ကောင်းအောင် ပြောတဲ့ စကားတွေ ပါ ။
ဒါပေမဲ့ ဦးဖေခင် က ကျွန်တော့် ဘက် ကို ပေစောင်းပေစောင်း ကြည့် ပြီး တော့ ...
“ ဟုတ်တယ်ဗျို့ ၊ လက်ဖက်ရည်ဆိုင် မှာ ဟေးလားဝါးလား လုပ်နေ တဲ့ ကောင်တွေ ကို ကြည့်ပြီး ကျုပ်ဖြင့် အသည်း ယား လို့ မဆုံးဘူး ။ ခုနှယ်ခါ များ အရေးကြုံလို့ လူတိုင်း စစ်ထဲဝင်ရမယ် ဆိုရင် ဒီလို ကောင်မျိုး တွေ ကြောင့် ကိုယ်ကျိုး နည်းရချည်ရဲ့ "
ဒါကြီးကတော့ ‘ ဖောင်း ’ ဗျာ ။ တကယ့် ‘ ဖောင်း ’ ။
ကျွန်တော် ဆတ်ခနဲ လှည့် ကြည့်မိတော့ ရေနွေးကြမ်း ပန်းကန် ကို ကိုင် ရင်း ကြောင်ဂလုလု လုပ် နေတဲ့ ဦးဖေခင် ရဲ့ မျက်လုံးတွေ နဲ့ တန်း တိုး တယ် ။ ကျွန်တော့် ပါးစပ် က လွှတ်ခနဲ ပြော လိုက်မိတယ်ဗျ ။
“ ဒီမှာ .. ဦးလေး ။ လူငယ်တွေ ကို အပြစ် ပြော မနေနဲ့ဗျ ။ ကမ္ဘာ ပေါ် မှာ လူငယ်တွေကြောင့် ဖြစ်ရတဲ့ စစ်ပွဲရယ် လို့ တစ်ခါ မှ မရှိဖူးဘူး ၊ အဲ ... ဒါပေမဲ့ ထူးဆန်းတာက စစ်ပွဲ မှာ သေ ပေးရတဲ့ သူတွေ က တော့ လူငယ်တွေ ချည်းပဲ ”
ဟုတ်တယ်လေ ။ သူ က သာ မိုးလား ကဲလား ပြော နေတာ ဘယ် တိုက်ပွဲ မှာ ဦးဖေခင် လို အသက် ခြောက်ဆယ် အရွယ်တွေ ရိုင်ဖယ် ကိုင်ပြီး ‘ တဒိုင်းဒိုင်း ’ ပစ် နေတာ မြင်ဖူးလို့လဲ ။
လူငယ်တွေ ပဲ ‘ တိုက် ’ နေရတာ ၊ လူငယ်တွေပဲ ‘ သေ ’ နေရတာ မဟုတ်လား ။
အဲဒီနေ့ က စပြီး ကျွန်တော့် ကို ဦးဖေခင် က အမုန်းကြီး မုန်း တော့တာပဲ ။
••••• ••••• •••••
ဪ ... ပြောဖို့ မေ့ နေလို့ဗျ ။ ကိုမောင်မောင်ချို နဲ့ ပြဿနာ မတက် ခင် ကိုဆင့်သူ တစ်ယောက် ကြား ထဲ က အချောင် ခံလာရတာလေး ပြောရဦးမယ် ။
ဟုတ်ပ ... ဦးဖေခင် ပါ ပဲ ။
ကျွန်တော့် ကို အမြင်ကတ် တာ နဲ့ ကိုဆင့်သူ ကို ကြွက်မနိုင် ကျီမီး နဲ့ ရှို့ တာပေါ့ ။
ဖြစ်ချင်တော့ အဲဒီနေ့ က ကိုဆင့်သူ ခမျာလည်း ငွေစကြေးစလေး ရွှင်တာ နဲ့ ယိုးဒယားကွင်းထိုးဖိနပ်လေး တစ်ရန် ဝယ် စီးပြီး ဦးဖေခင် အိမ်ရှေ့ ဖြတ်လျှောက် မိ သဗျ ။
ဦးဖေခင် က ခြံရှေ့ မှာ ခါးထောက် ရပ်ရင်း ကိုဆင့်သူ ကို မြင်တော့ တံတွေး ကို ဗျစ်ခနဲ ထွေး လိုက်ပြီး ...
“ ထွီ ... မှောင်ခိုပစ္စည်း သုံးရ မှ လူရာဝင် တယ် ထင်တဲ့ ကောင်တွေ ၊ ကိုယ့် ပြည်တွင်းဖြစ် ကို တော့ အားပေးရ ကောင်းမှန်း မသိဘူး ... ထွမ် ”
မဲ့ကာ ရွဲ့ကာ ပြောပြီး သူ့ ခုံဖိနပ် ကို တဂွပ်ဂွပ် မြည်အောင် စီးရင်း ခြံ ထဲ ကို ပေစောင်း ပေစောင်း ဝင် သွားလေရဲ့ ။ ( သူ က တော့ ခုံဖိနပ် စီးထား မှာပေါ့ဗျ ၊ ရေချိုးခါ နီးမို့ လို့ ခြံရှင်း နေတဲ့ ဥစ္စာ )
ကိုဆင့်သူ က တော့ နှုတ်သွက်လျှာသွက် နိုင်သူ မှ မဟုတ်တာ ကိုး ။ ဘာမှ ပြန် မပြောဘဲ ခေါင်းငုံ့ ခံပြီး ပြန် လာတယ် ။
ဒါကို ကြား ထဲ ကနေ မခံမရပ် နိုင် ဖြစ်ကြရတာက ကျွန်တော် နဲ့ ပန်းချီဆရာ ဗျ ။
ဘယ့်နှယ်ဗျာ ။ မှောင်ခိုပစ္စည်း နဲ့ ကင်းတာ ဘယ်သူများ ရှိလို့လဲ ။ လူတိုင်း မှောင်ခိုပစ္စည်း သုံးနေရတဲ့ ခေတ် ပဲ ဥစ္စာ ။
အဲဒါနဲ့ ကျွန်တော် တို့ နှစ်ယောက်သား ပေါင်း ပြီး ဦးဖေခင် ကို ‘ ရိ ’ ကြတာ က ဒီလို ... ။
ကျွန်တော် က ရွှေတိဂုံဘုရား စောင်းတန်း က နေ ဘုန်းကြီးဆောင်း တဲ့ ဝါးရိုးတပ် ထီးတစ်လက် ဝယ် လာတယ် ။
ပန်းချီဆရာ က အဲဒီ ဘုန်းကြီးထီး ညိုညစ်ညစ်ကြီး ကို ဆောင်းပြီး ဦးဖေခင် အိမ်ရှေ့ မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် သဗျ ။
ကျွန်တော် တို့ တွက် ထားတာ နဲ့ ကွက်တိ ပဲ ။ ဦးဖေခင်က တွေ့ သွားတော့ ...
“ ဟေ့ကောင် ... ဘာဖြစ်လို့ အဲဒီ ထီးကြီး ဆောင်း ထားရတာလဲ ၊ ဘုန်းကြီး ဆောင်း တဲ့ ထီး ကို ကွာ ။ မအပ်မရာ တွေ ၊ ငရဲ ကြီး ကုန်တော့မှာပဲ ”
ပန်းချီဆရာ က အင်မတန် မှ အပြစ်ကင်းစင် တဲ့ မျက်နှာပေးလေး နဲ့ .. ။
“ ဗျာ ... ဘာဖြစ်လို့လဲ ဦးလေး ။ ကျွန်တော့် မှာ ဗျာ ထီး ဝယ်မလို့ ဥစ္စာ ကို ပြည်တွင်းဖြစ်ကို မှ အားပေးချင် လွန်းတာ နဲ့ ဆိုင်တွေ မှာ လိုက် မေး ကြည့် တော့ ဒီ ထီး တစ်မျိုးပဲ ရလာတယ် ဗျ ။ ဒီ့ပြင်ဟာတွေ က ယိုးဒယား က ဝင်တဲ့ မှောင်ခို ပစ္စည်းတွေချည်းပဲ ... ဟဲ ”
ဦးဖေခင် ရဲ့ မျက်နှာ က မည်းခနဲ ဖြစ်သွားတယ် ။ ပန်းချီဆရာ က အခုမှ ဖြုန်းခနဲ သတိရ သွားတဲ့ပုံစံနဲ့ ... ။
“ ဪ ... ဒါနဲ့ ဦးလေး သမီး ဆောင်း ဆောင်း နေတဲ့ ခေါက်ထီး အပြာရောင်လေး က တော်တော် လှတယ် နော် ၊ ယိုးဒယား က လာတာပဲနဲ့ တူတယ် ။ ဟုတ်လား ဟင် ”
သိသိကြီး နဲ့ မေးတာလေ ၊ ခေါက်ထီးပါ ဆိုမှ ယိုးဒယား လုပ် ပဲ ဖြစ်တော့ မှာပေါ့ ။
ပန်းချီဆရာ က ဒီလောက်နဲ့ တင် မရပ်သေးဘူး ။
“ ပြီးတော့ ဟိုနေ့ က ဦးလေး ဆောင်းသွားတဲ့ အော်တိုမက်တစ် ခလုတ်ထီး က လည်း ယိုးဒယား ဖြစ်ဥစ္စာကြီး ဗျ ။ မှောင်ခိုပစ္စည်း မသုံးစမ်းပါနဲ့ ဗျာ ၊ ပြည်တွင်းဖြစ် ကို အားပေးစမ်းပါဗျ ။ ကျွန်တော့် လို ဘုန်းကြီးထီး မသုံး ရဲ ရင် ပုသိမ်ထီး သာ ဝယ်ဆောင်းဗျာ ၊ သိလား ... ဟဲ ... ဟဲ ”
ပန်းချီဆရာ က တဟဲဟဲ လုပ်ပြီး အနိုင် နဲ့ ပိုင်းခဲ့တာ ။ ဦးဖေခင် က တော့ တောက် တခေါက်ခေါက် နဲ့ ရှူးရှူးရှဲရှဲ ဖြစ်ပြီး ကျန်ရစ်ခဲ့တော့တယ် ။
••••• ••••• •••••
ဒါတွေ က တော့ ...
ဦးဖေခင် နဲ့ ကျွန်တော် တို့ ကြား က မီးပွားသေးသေးဖွဲဖွဲလေး တွေ ပေါ့ ဗျာ ။
တကယ် အရေးကြီးတဲ့ ပြဿနာ က အခုမှ လာ မှာဗျ ။
••••• ••••• •••••
တစ်နေ့ တော့ ...
ဦးဖေခင် ရဲ့ သမီးချော သမီးလှရတနာကလေး ဟာ လင် နောက် လိုက် ပြေးပါလေရော ဗျာ ။
လိုက်ပြေး တာ ကလည်း ဟိုဘက် ရပ်ကွက် ထဲ က ဆယ်တန်း တောင် မအောင်သေး တဲ့ ပေစုတ်စုတ် ငနဲလေး တစ်ယောက် နဲ့ ဆိုပဲ ။
ကိစ္စ ဖြစ်ဖြစ်ချင်း ဖုံးဖုံးဖိဖိ လုပ်ပြီးတော့ လိုက်ရှာ ကြတာပဲ ဗျာ ။
ဒါပေမဲ့ သိတယ် မဟုတ်လား ။ ရပ်ကွက် ထဲ မှာ ဒီလို သတင်းမျိုး ဆိုတာက ဘယ်လောက်များ လုံအောင် ဖုံးထား နိုင်မှာမို့လို့ လဲ ။
လူတွေ ရဲ့ပါးစပ်ပေါက် ဆိုတာ ပိတ်လို့ ရခဲဘိခြင်း ဥစ္စာ ။
အဲ ... ခိုးပြေး ပြီး သုံးလေးရက်လောက် ကြာတော့မှ ကောင်လေး နဲ့ ကောင်မလေး ကို အင်းစိန် ဘက်မှာ ဆိုလား ပြန်မိလာကြ သတဲ့ ။
တိုတို ပြောရရင် ဗျာ ... ။
ရုပ်ရှင်တွေ ဝတ္ထုတွေ ထဲ မှာ လိုပေါ့ ။ ဦးဖေခင် က သူ့ သမီး နဲ့ ဟိုကောင်လေး ကို သဘောမတူလို့ အတင်း မရ မက လိုက်ပြီး ခွဲတာ ။ ဟို ခမျာ အပျိုရည် ပျက် တာပဲ အဖတ်တင်တော့ တာ ပေါ့ ။
ဦးဖေခင် က တော့ ခပ်တည်တည် ပဲ ။ သူ့ သမီး ဘာမှ မဖြစ်ခဲ့လေဟန်မျိုး နဲ့ အိမ်ပေါ် ပြန် ခေါ်လာတာ ။
“ ရွာ က အဘွား နေ မကောင်းလို့ သမီး ကို ပို့ ထားတာလေ ၊ ခုမှပဲ အဘွား က ထူထူထောင်ထောင် ဖြစ်လာလို့ သမီး ကို ပြန် ခေါ်လာတာ ။ ဟဲ ... ဟဲ ”
လို့ လည်း မျက်နှာပြောင် တိုက်ပြီး လိမ် သေးတာ ။
သူ က သာ အတည်ပေါက်ကြီး လုပ် နေတာ ။ တစ်ရပ်ကွက် လုံး က သိပြီး သား ကြီး ဖြစ်နေပြီ ဆိုတာ ကို တော့ သူ မရိပ်မိဘူး ။
အဲဒီ အနာ ကို တုတ် နဲ့ သွား ‘ ဆွ ’ တာ က အန်တီလှ ဗျ ။
ပြောပုံ က လည်း ကြည့်ဦး ။
“ ကိုဖေခင် ရယ် ရှင့် သမီး က သူ့ အဘွား ကို သွား ပြုစုတာ ၊ ဘာဖြစ်လို့ ဟိုဘက် ရပ်ကွက် က ကောင်လေး ကို ခေါ်သွားရတာ တုံး ။ အဲဒီ ကောင်လေး က ဆရာဝန် လား ဟင် ”
အဲဒီမှာ တင် ဦးဖေခင် တို့ ထ ပြီး ပွဲကြမ်း တော့ တာပဲ ။ ဟုတ်တယ် လေ ။ သူ့ သမီး အပျို မဟုတ်တော့တဲ့ ကိစ္စ က ( အန်တီလှ ပါးစပ်ဖျား မှာ တောင် ရောက်နေပြီ ဆိုမှတော့ ) တစ်ရပ်ကွက်လုံး ရပ်ကျော် ရွာကျော် သတင်းကြီး နေပြီ မှန်း ရိပ်မိ သွား ပြီ ကိုး ။
ဦးဖေခင် က ရှက်ရမ်း ရမ်းပြီး ကြွေးကြော်ပုံ က ( ကန်တော့ပါရဲ့ ) နည်းနည်း တော့ ရိုင်းတယ်ဗျ ။ နား နဲ့ မနာ ဖဝါး နဲ့ နာကြပါ ။ ဒီ ရပ်ကွက် ထဲ က လူတွေ ရဲ့ စရိုက် တချို့ ကို ပေါ်လွင် စေချင်လို့ပါ ။
ဦးဖေခင် က မျက်နှာကြီး နီရဲ ၊ ပုဆိုး ကို တိုတို မပြီး သူ့ ခြံရှေ့ မှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်ရင်း တစ်လမ်းလုံး ကို ကလော် တုတ်တာ ။
“ ဟေ့ ... ဘယ်သူ့ ဂရုစိုက်ရမှာလဲ ၊ ရေဆေး ပစ်ရင် ပြောင်တယ်ကွ ”
အဲဒီ စကားကြီး က ဗျာ ကြား ရတာ နား ထဲ မှာ ကန့်လန့်ကြီး ။ ရိုင်း တာ လည်း အတော့် ကို ရိုင်းတာ ။
အစပိုင်း တုန်း ကတော့ ‘ ဪ .. သူ့ ခမျာ လည်း သမီးဇော နဲ့ မို့ ရှက် ရမ်း ရမ်းပြီး ပြောမိပြောရာ ပြောရှာတာ နေမှာပဲလေ ’ ဆိုတဲ့ အတွေး နဲ့ လျစ်လျူရှု ထား သေးတယ် ။ တစ်လမ်းလုံး မှာ နေတဲ့ သူတွေ က လည်း စာနာစိတ် နဲ့ သည်းခံ ကြပါတယ် ။
ဒါပေမဲ့ မရဘူး ဗျ ။
တစ်ရက် လည်း မဟုတ် ၊ နှစ်ရက် လည်း မဟုတ် ။ ပြီးတော့ တစ်လမ်း တည်း အတူ နေတဲ့ လမ်းသူလမ်းသားတွေ အကုန်လုံး ကို မိုက်ကြည့် ကြည့်ပြီး ‘ ရေဆေး ရင် ပြောင်တယ် ’ ဆိုတာကြီး ကို ကြွေးကြော် လို့ မှ အားမရ ရင် ကျွန်တော်တို့ အိမ် ဘက် လှည့် လှည့်ပြီး အသံပြဲကြီး နဲ့ ဟစ် သေးတာ ။
ကျွန်တော် တို့ အိမ် က လူငယ်တွေချည်း ပဲ နေတာ မဟုတ်လားဗျာ ။ အစ ကတည်း က ပြောသား ပဲ ။ ကျွန်တော်တို့ က ဟေးလားဝါးလား နဲ့ နောက်နောက်ပြောင်ပြောင် နေကြတာပါ ဆို ။
နေ့တိုင်း အကြောင်း တစ်ခု မဟုတ် တစ်ခု နဲ့ တဟီးဟီး တဟားဟား ရယ် နေကျပဲ ဥစ္စာ ။
ဦးဖေခင် အဖို့ သူ့ ဖာသာ သူ စိတ် က မလုံတော့ ကျွန်တော် တို့ အိမ်ဘက် ဆီ ကနေ တဟားဟား ရယ်သံ ကြားပြီဆို ရင် ‘ ငါ့ သမီး အကြောင်း များ ပြောပြီး လှောင် နေကြတာလား ’ ဆိုတဲ့ အတွေး နဲ့ အိမ်ရှေ့ ထွက် ၊ ပုဆိုး ကို ဒူးခေါင်း လောက် မ ပြီး ကလော် ပြန်တော့တာပဲ ။
“ ဟေ့ ... ဖေခင် တို့ က ဂရု မစိုက်ဘူး ၊ ရေဆေး ပစ်ရင် ပြောင် တယ်ကွ ”
... တဲ့ ။
ဟော ... လုပ်ပြန်ပြီ ။ သူ့ “ ရေဆေးတဲ့ကိစ္စကြီး ” ကို ... ။
ဒါနဲ့ ကျွန်တော် နဲ့ ပန်းချီဆရာ တို့ နှစ်ယောက်သား တိုင်ပင်ပြီး ကိုမောင်မောင်ချို ကို တိုးတိုးတိတ်တိတ် အကူအညီ တောင်း ရတယ် ။
ကျွန်တော် တို့ ရဲ့ စိတ်ကူးလေး တစ်ခု ကို အကောင်အထည် ဖော် ပေးဖို့ ပေါ့ဗျာ ။ ကိုမောင်မောင်ချို က လည်း လုပ်ပေး ရှာပါတယ် ။
အဲဒါနဲ့ ... အဲဒါနဲ့ ပဲ ပေါ့ဗျာ ။
••••• ••••• •••••
နောက် တစ်နေ့ မနက် အစောကြီး အရုဏ်တက် ခါ စ မှာ ကျွန်တော်တို့ လမ်း ထဲ ကို ဆူဆူညံညံ အသံတွေ နဲ့ အတူ ရေစည်လှည်း အစီး ( ၃၀ ) လောက် ဟာ ပျော်ပျော်ပါးပါးကြီး ဝင်ချ လာပါလေရော ဗျာ ။
( ဒီဘက် ရပ်ကွက် မှာ ရော ဟိုဘက် ရပ်ကွက် တွေ မှာ ရော ရှိရှိ သမျှ အဝီစိ ရေစက်ပိုင်ရှင်တွေကို လူစေ့ အိမ်စေ့ လိုက်ပြီး ‘ ဦးဖေခင် အိမ် မှာ မနက် စောစော အလှူ လုပ်မှာ မို့ ရေစည်လှည်းတွေ ပို့ပေးပါ ’ လို့ ကျွန်တော် တို့ လျှောက် မှာ ထား တာကိုး )
မနက် စောစောစီးစီးကြီး ရေစည်လှည်း တွန်းသံတွေ က လည်း တဂျုန်းဂျုန်း ၊ လူသံတွေ က လည်း တဝုန်းဝုန်း ဆို တော့ တစ်လမ်းလုံး မှာ ရှိသမျှ အိမ်တွေ အကုန် နိုး တော့တာပေါ့ ။
“ ဟ .. ဘာများ ဖြစ်သလဲ ”
ဆိုပြီး ထ ကြည့် တော့ တစ်လမ်းလုံး မှာ ရေစည်လှည်းတွေ ၊ ရေစည်လှည်းတွေ ဆိုတာ ဖွေးဖွေးလှုပ် နေအောင် ကို အပြည့်ပဲ ။ ရေလှည်းသမား တွေ က ..
“ ဗျို့ ... ဦးလေးဖေခင် ၊ ရေတွေ ဘယ်နား ထားရမှာတုံးဗျ ”
“ ဦးလေး ရေ .. စိတ်ကြိုက် သာ သုံးပေတော့ ဗျို့ ၊ ရေတွေ ဖောခြင်း သောခြင်းပဲ ”
“ ဦးလေးဖေခင် ထ ကြည့်စမ်းပါဦးဗျ ။ ဒီလောက် ဆို ရေတွေ လောက်ရဲ့လား ၊ ထပ် ယူဦးမလား ”
အော်ဟစ် နှိုးပြီး မေး ကြတယ် ။
ကြားကြားသမျှ သပ္ပုရိသ အပေါင်း သူတော်ကောင်း တို့ ကလည်း ဦးဖေခင် ရဲ့ ဖြစ်ပုံ ကို အိမ် ထဲ ကနေ ချောင်း ကြည့်ပြီး ရယ်တော် မူကြ ပါ သဗျာ ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment