အခန်း ( ၁၃ )
ဈေး ရောင်းရတဲ့ ပိုက်ဆံလေးတွေ လက် ထဲ ရွှင်နေတာ က တစ်ရက် က နေ နှစ်ရက် ၊ နှစ်ရက် က နေ သုံးရက် ဖြစ်လာပြီ ဆိုတော့ ရပ်ကွက် ထဲ က လူတွေ အဖို့ တပြုံးပြုံးပေါ့ ။
လခ ထုတ်ပြီးခါ စ တစ်ရက် နှစ်ရက် ပဲ ရှိသေးတဲ့ အချိန် ဆိုတော့ လည်း လူတွေ အဖို့ ဝယ်နိုင်စားနိုင် သုံးနိုင်စွဲနိုင် ရှိသေးတာ ကိုး ။ အန်တီလှ တစ်ယောက် က တော့ သူ့ ရွှေဆွဲကြိုး အတုကြီး တဝင်းဝင်း နဲ့ ဒေါ်ဟာစီးနား ရဲ့ အကြော်ဆိုင် မှာ ဒိုင်ခံ ထိုင် ပြီးတော့ ကို ကြွားတာ ။
ကြည့်ရ တာ သူ့ သမက် “ ကရင် ” သင်္ဘော က ဆင်း လာ လို့ ပိုက်ဆံ ရွှင် နေ သလား မသိဘူး ။
လင်းယုန် ဖယောင်းတိုင် ပိုင်ရှင် လင်မယား ဆိုရင် လည်း ဝတ်ကောင်း စားလှတွေ နဲ့ ပွဲခင်းထဲ ပတ် လိုက်ရတာ အမော ။ လင်းယုန်ပိုင်ရှင် ကတော် ဒေါ်ပုကြွယ် ဆိုရင် တောင်ဆုပ် လောက် ရှိတဲ့ သားရေတု ပိုက်ဆံအိတ်ကြီး ကို ချိုင်းကြား ညှပ် ထား လိုက်သေးတယ် ။ တစ်ယောက် ယောက် က များ ...
“ အမယ် ... ခွေးနီ တို့ ပုကြွယ် တို့ တယ် ဟုတ် နေပါလား ၊ ဓမ္မာရုံ အတွက် သုံးရာ တောင် လှူဖို့ စာရင်း ပေးထားတယ် ဆို ။ ကောင်းတယ် ... ကောင်းတယ် ၊ ဒီလို သဒ္ဓါတရားမျိုး နဲ့ ဆို စီးပွား တက်ဦး မှာ ”
လို့ အစ ထောင် ပေးလိုက် ပြီလား ဆိုရင် လင်မယား နှစ်ယောက် စလုံး သွားဖြီးကြီး တွေ နဲ့ တဟီးဟီး လုပ်ရင်း ( လုပ်တာ က လည်း အကြာကြီး ဗျ ) ဘယ်သူ က မှ ရိုက် မစစ်ရဘဲ ..
“ ဟုတ်တယ်ဗျ ... နောက် အပတ် ထဲ ဆိုရင်တောင် ဖယောင်း ဆွဲတဲ့ ခြေနင်းစက်ကလေး တစ်ခုံ နှစ်ခုံ လောက် ထပ် တိုးချဲ့ မလား လို့ ။ လောဘ ကြီး လို့ မဟုတ်ပေါင်ဗျာ ၊ အိုစာမင်းစာလေး အတွက်ပါ ။ ဟဲ ...ဟဲ ”
ဆိုပြီး လုပ်ကရော ။ မာန်ချီ နေလိုက်ပုံများ ပြောပါတယ် ။
ဗုံတိုမောင်ဝမ်း တို့ ဒေါ်သန်းတင် တို့ လင်မယား မာန်ချီပုံ က ပိုတောင် ဆိုး နေဦးမလား မသိဘူး ။ သူတို့ မွေးထားတဲ့ မျောက်လောင်းကလေး တွေ ဟို ‘ သံဂေါ်လီ ’ တို့ ၊ ‘ ပေကျစ် ’ တို့ကို မုန့်ဖိုး ပေးတာ က အစ အစိတ်တန် ( ၂၅ ကျပ် တန် ) ကို ဈေးဗန်း ထဲ က နေ ဆိုးခနဲ ဆတ်ခနဲ ကောက်ပြီး ‘ ရော့ ... အင့် ’ ဆို ပေးပစ် လိုက်တာ ။
“ ဒီလို စည်းမရှိ ကမ်းမရှိ လက်ဖွာလို့ ဆင်းရဲ နေတာပေါ့ ” လို့တော့ သွား အပြစ် မတင်နဲ့လေဗျာ ။ သူတို့ ခမျာ ရှားတောင့် ရှားပါး ဒီလို တစ်ခါ တလေလေး ပဲ ပိုက်ဆံ ကိုင် ရတာ ၊ ကိုယ့် ကလေး တွေ ပျော်ပျော်ကြီး သုံးတာ စားတာ မြင်ချင် ရှာ မှာပေါ့ ။
ကျွန်တော့် တွေးပုံ တွေးနည်း က သိပ် ကို ဇွတ်တရွတ်ကြီး အကောင်း မြင် ပေး သလိုများ ဖြစ်နေပြီလား ။
ဒီလို အချိန် မှာ အလိုလို နေရင်း စိတ်ကောင်း ဝင် နေတာ ကျွန်တော် တစ်ယောက် တည်း တင် မဟုတ်ဘူးဗျ ။ တစ်ရပ်ကွက်လုံး နီးနီးပဲ ။
တစ်လမ်း ဝင် တစ်လမ်း ထွက် လျှောက် ဆဲရေး တိုင်းထွာ နေတဲ့ စိတ် ဝေဒနာရှင် အဘွားကြီး တောင် ကြည် လို့ ၊ ရွှင် လို့ ... ။
သူ့ ဝသီ အလျောက် ဆဲတော့ ဆဲသေးတယ် ။ ဒါပေမဲ့ ဟန်ကလေး တစ်မျိုး ပြောင်းသွားတာဗျ ။ ဒီလို ...
“ သေချင်းဆိုးမတွေ ... ကမြင်းထီးတွေ ။ ငါ့ ကို များ အလကားနေ အလကား လျှောက်သွား နေတယ် မှတ်လို့လား ။ မအားဘူးဟဲ့ ... မအားဘူး ၊ ည ကျရင် ငါ့ ကို ရုပ်ရှင် လာ ကြည့်ပါလို့ ဖိတ်ထားသေးသဟဲ့ ”
ဒါက တစ်မျိုး ။ ပြီးတော့ ...
“ သေနာကျတွေ အကုန်လုံး ကာလနာတိုက်ကုန်ကြပါစေတော် ၊ အောင်မလေး ငါ့ မှာ မောလိုက်တာ ။ သူတို့ ကို ပြောရတာက တစ်မျိုး ၊ ညည ရုပ်ရှင် ကြည့်ရတာက တစ်မျိုး ... ဟင်း ”
အဘွားအို ရဲ့ အဆဲစကားတွေ ကြား မှာ ရုပ်ရှင်အကြောင်းလေး က ဖျတ်ခနဲ ဖျတ်ခနဲ ပါ ပါ လာ တတ်တာ ကြား ရတော့ ကျွန်တော် ပြုံး တောင် ပြုံး မိတယ် ။
••••• ••••• •••••
ကျွန်တော်တို့ ငယ်ငယ်တုန်းက တစ်ယောက် ယောက် ကို အလျှော့ ပေး ရတဲ့အခါ ပြန်ပြီး အတုံ့အတင် သဘောနဲ့ စကားနာ ထိုးချင် လို့ နောက်ပြောင် ပြောတတ်တာ တစ်မျိုး ရှိတယ်လေ ။
“ အရူး စိတ်ချမ်းသာရင် တိုင်းပြည်အေးချမ်းတယ် ”
တဲ့ ... ။
ကြားဖူးတယ် မဟုတ်လား ။
အခု အရူး စိတ်ချမ်းသာ နေတာ သုံးရက် ရှိသွားပါပြီ ။ စက်တင်ဘာ ( ၂ ) ၊ စက်တင်ဘာ ( ၃ ) ၊ စက်တင်ဘာ ( ၄ ) ။
••••• ••••• •••••
မူလ အစီအစဉ် မှာ တုန်းက လူတွေ လခ ထုတ်ပြီး ကာစ ငွေ ရွှင်တဲ့ စက်တင်ဘာ ( ၁ ) ရက် ၊ ( ၂ ) ရက် နဲ့ ( ၃ ) ရက် မှာ ပြမယ် ဆိုပြီး သတ်မှတ် ထားတာ ။
နောက်တော့ ဘယ်လို ဖြစ်တယ် မသိဘူး ။
မြို့နယ်ကောင်စီ လား ၊ ရပ်ကွက်ကောင်စီ လား ၊ ပါတီယူနစ် ဆိုလား ၊
အဲဒီ ‘ ဘာ ’ ဆိုလား က ခွင့်ပြုမိန့် ပေးတာ တစ်ရက် နောက်ကျ သွားတာနဲ့ .. ။
‘ စက်တင်ဘာ ( ၂ ) ၊ စက်တင်ဘာ ( ၃ ) ၊ စက်တင်ဘာ ( ၄ ) ’
ဆိုပြီး ရွှေ့ လိုက်ရတာ ။
••••• ••••• •••••
ဟုတ်တယ် ။ နောက်ဆုံး ပြတဲ့ ည က စက်တင်ဘာ ( ၄ ) ရက် နေ့ ည ပေါ့ ။
သောကြာနေ့ မှန်း ကျွန်တော် မှတ်မိနေ သေးတယ် ။
အဲဒီ နေ့ ပေါ့ ။
ဗုံတိုမောင်ဝမ်းကြီး နဲ့ ကျွန်တော်တို့ ပြဿနာ တက် ကြတာ ။ ဗုံတိုမောင်ဝမ်း က ( သူ့ ကို ဆံပင်ဖြူ နုတ် တဲ့ ဆိုင် လမ်းညွှန် တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ) ဖိုးစော ကို တောက် တခေါက်ခေါက် အံတကြိတ်ကြိတ် လုပ်ခဲ့ ဖူးတာ ကိုး ။
အဲဒီ ( ရူးတူးတူး ပေါတောတော ) ရန်စ ရဲ့အဆက် ပဲ ဆိုပါတော့ ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment