အခန်း ( ၁၆ )
ဟို တစ်နှစ် က လည်း ဒါမျိုး တစ်ကြိမ် ဖြစ်ခဲ့ဖူး ပြီးသားလေ ။
၁၉၈၅ ၊ နိုဝင်ဘာလ ၃ ရက်နေ့ က .... ။
တစ်ရာ ( ၁၀၀ ) ကျပ်တန် ၊ ငါးဆယ် ( ၅၀ ) ကျပ်တန် နဲ့ နှစ်ဆယ် ( ၂ဝ ) ကျပ်တန် တွေ ကို တရားမဝင် ကြေညာပြီး ဖျက်သိမ်း ဖူးသေးတယ် လေ ။
အဲဒီတုန်း က တစ်ချီ ။
ရှာထား ဖွေထား သမျှ စုထား ဆောင်းထား သမျှလေးတွေ ကုန်သွား ခဲ့ပါရောလား ။ ဒါပေမဲ့ အဲဒီတုန်း က ဆင်းရဲသား တစ်မိသားစု စာ ပိုက်ဆံ လောက် ကို ပြန်လဲ ပေးလို့ တော်သေးတယ် ။
ဒါပေမဲ့ လူလတ်တန်းစားတွေ အဖို့ လေးငါးဆယ်နှစ် စုထား ဆောင်းထား သမျှ တက်တက်ပြောင် သွားတယ် ။ တစ်နိုင် တစ်ပိုင် လည်ပတ် နေတဲ့ ဈေးသည် ၊ ကုန်သည်လေး တွေ ချက်ချင်း လက်ငင်း မွဲ သွားတယ် ။ အရင်း ပြုတ် သွားတယ် ။ အလုပ်တွေ အားလုံး ထိုးရပ်သွားတယ် ။
“ ဝိသမလောဘသားတွေ ” လို့ နာမည် တပ် ခံ ထားရတဲ့ လူလည်ကြီး တွေ က တော့ ဆုံးရှုံး သွားတဲ့ သူတို့ ပိုက်ဆံတွေ ရဲ့ တန်ဖိုး ကို ပြန်ပြီး ကာ မိအောင် ကုန်ဈေးနှုန်းတွေ ကို ဈေးကစား ပစ် လိုက် ကြတယ် ။
လူလတ်တန်းစား နဲ့ ဆင်းရဲသား က တော့ ပိုက်ဆံ လည်း အသိမ်း ခံ ရတယ် ။ ကုန်ဈေးနှုန်း တက် သွားတဲ့ ဒဏ် ကို လည်း ခံရတယ် ။ နှစ်ကောင် စား ပြီး ကင်း အဝင် ခံရတယ် ဆိုတာ ဒါမျိုး ပေါ့ ။
ရပ်ကွက် ထဲ က ဓနိမိုး ထရံကာ နဲ့ နေကြတဲ့ လက်လုပ် လက်စား အခြေခံ လူတန်းစားတွေ ဟာ နိုင်ငံရေး စနစ် အကြောင်း လည်း နား မလည် ပါဘူး ။ ပါတီ အကြောင်း ၊ အုပ်ချုပ်ရေး အကြောင်း ၊ ဘောဂဗေဒ အကြောင်း တွေ လည်း နား မလည်ပါဘူး ။ ပို ဆိုးတာ က အခု သူတို့ ဘာဖြစ်လို့ ဆင်းရဲ ပြီး ရင်း ဆင်းရဲ နေရသလဲ ဆို တာ ကို ပါ နား မလည်တော့ ဘဲ ဘဲဥ အစ ရှာ မရဘူး ဖြစ်နေတယ် ။
နား မလည်ဘူး .. နားမလည်ဘူး ။
ငါတို့ ဘာများ အမှား လုပ်မိခဲ့ကြလို့လဲ ။
ရာဇဝင် နဲ့ ချီပြီး ပြော ရရင် အခု တစ်ခါ ပိုက်ဆံ သိမ်း တာဟာ တတိယ အကြိမ် မြောက် ဗျ ။
၁၉၆၄ ခုနှစ် ၊ မေလ ၁၇ ရက် နေ့ တုန်းက တစ်ခါ ။
တစ်ရာ ( ၁၀၀ ) တန် နဲ့ ငါးဆယ် ( ၅၀ ) ကျပ်တန် တွေ ကို တရားမဝင် ကြေညာပြီး ဖျက်သိမ်း ဖူးတယ် ။
ဘယ် နှစ်သိန်း လာ အပ်အပ် ၊ လေးထောင့် နှစ်ရာ ( ၄၂၀၀ ) ကျပ် ပြန် အမ်း ပေးတယ် ဆိုပဲ ။
အဲဒီ တစ်ချီ ဆော် လိုက်တုန်း က တော့ ငွေကျပ် သန်းပေါင်း ၉၁၅ . ၈ သန်း လောက် သပိတ်ဝင် အိတ်ဝင် ဖြစ် သွားတယ် လို့ စာအုပ်တွေ ထဲ မှာ ဖတ် ဖူးတယ် ။
ဟို တစ်နှစ် ၁၉၈၅ ပိုက်ဆံ သိမ်းတဲ့ ကိစ္စ မှာ တော့ ဘယ်လောက် အမြတ် ထွက် သွားသလဲ ဆိုတာ ဘယ်သူ က မှ တွက်ချက် ရေးသား မပြတော့ မသိရဘူးပေါ့ ဗျာ ။ ( ပြည်သူတွေ သိအောင် တွက် ပြဖို့ မေ့သွားကြ တာ လား မသိဘူး )
ဒီလိုပဲ အူလည် အူလည် နဲ့ နေ လိုက် ရတာပဲ ။
ဟော အခု ၁၉၈၇ မှာ တတိယ အကြိမ် မြောက် သိမ်း ပြန်ပြီ ။ ဟို ...
ပထမဦးဆုံး တစ်ကြိမ် က တော့ နည်းနည်း ဝေးလို့ မေ့မေ့ပျောက်ပျောက် ထား ပါတော့ ။ နောက်ဟာတွေ က နှစ်နှစ် အတွင်း မှာ နှစ်ကြိမ် ဆိုတော့ ဆက်တိုက် ကြီး လေ ဗျာ ။
ကမ္ဘာ ပေါ် မှာ ဘယ် နိုင်ငံ မှ ဒီလို သုံးကြိမ် သုံးခါ တိတိ ပိုက်ဆံ ဖျက်သိမ်း တာမျိုး မလုပ်ဖူးကြဘူး ။
ရပ်ကွက် ထဲ က လူတွေ ၊ ဆင်ခြေဖုံး က လူတွေ ၊ ဈေးဆိုင်လေး ထဲ က လူတွေ လခလေး မဝရေစာ နဲ့ လူတွေ ဟာ တစ်ယောက် ကို တစ်ယောက် အမေးပုစ္ဆာ ဆန် တဲ့ မျက်လုံးတွေ နဲ့ အသံတိတ် အပြန်အလှန် ကြည့် ကြတယ် ။
ရှေ့ နှစ် ကျ ရင် ရော လေးကြိမ်မြောက် မသိမ်းဘူး လို့ ပြော နိုင်လား ။ နောက်နှစ် နောက်နှစ်တွေ မှာ ကော ငါးကြိမ်မြောက် တွေ ၊ ခြောက်ကြိမ်မြောက် တွေ မသိမ်းဘူး လို့ ဘယ်သူ အာမ ခံရဲ သလဲ ။
ဘယ်သူမှ အာမ မခံရဲဘူး ။
ဘာမဆို ဖြစ်သွားနိုင်တယ် ။
အခု ရော အရင် အခေါက်တွေ တုန်း က လို ပိုက်ဆံ နည်းနည်းပါးပါး ပြန် လဲ ပေး ဦးမှာလား ။
ဟင့်အင်း .. မဖြစ်နိုင်တော့ဘူး ။
လုံးဝ ပြန် လဲ ပေးမှာ မဟုတ်တော့ဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ အမိန့်ကြေညာချက် နောက်ဆက်တွဲ ထဲ မှာ ပြီးခဲ့တဲ့ သြဂုတ်လ အတွက် လစာ နဲ့ ပင်စင်ငွေတွေ ထုတ်ယူ ပြီး သား ဝန်ထမ်း တွေ ၊ ပင်စင်စားတွေ အဖို့ ပြန်လျော်ပေးတဲ့ အနေ နဲ့ နောက်ထပ် တစ်ကြိမ် ထပ်ပြီး ထုတ်ယူခွင့် ပေးထားတာ ပါ တယ်လေ ။
ဖျက်သိမ်းတဲ့ ပိုက်ဆံတွေ ပြန်လဲ ပေး မှာ ဖြင့် ဘာကိစ္စ တစ်လ စာ အပို ပေး နေဦးမှာလည်း ဟ ၊ မင့် အမေ့ လင် မှ မဟုတ်တာ ။
ဟင် ... ဒါဖြင့် အခု ငါတို့ ရှိစုမဲ့စုလေးတွေ ကုန်ပြီ လေ ။ မွဲပြီ လေ ။ ငတ်ပြီ လေ ။ ပိုက်ဆံ ပြန်မလဲ ပေးရင် ဘယ်လို ဆက် ပြီး ရှင်သန်ရ မတုံး ။
တော်စမ်း ... တိတ်စမ်း ။
လက် ထဲ မှာ ငါးကျပ်တန် နဲ့ ကျပ်တန် အစုတ်အဟောင်းလေး တွေ တော့ ခြစ်ခြစ်ကုတ်ကုတ် ကျန်သေးတယ် မဟုတ်လား ။
အေး အဲဒါတွေ နဲ့ ပဲ ဘဝကို ဟိုး ... အစ က ပြန် စကြပေါ့ ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment