သူတော် ငတေ ပြောသော ဇာတိပေါ် ( ဇာတိပ္ဖိုလ်သီး ) သုံးလုံး နှင့် အပ်ချည်လုံး အသစ် နှစ်လုံး ကို ရှာ ရန် ရွာ ထဲ ဆင်းလာခဲ့ သူ ဦးသံတိုင် သည် ဝေယံလင်း တို့ အဖေ ဦးပန်းစိမ်း ဆီ ကို အလျင် ပြေးသည် ။ အကျိုးအကြောင်း ကို ပြောပြ ၍ ဇာတိပ္ဖိုလ်သီး သုံးလုံး ကို တောင်း၏ ။
ဆေးဆရာ ဦးပန်းစိမ်း က လည်း ဤ တစ်ခါ တော့
“ မင်းတို့ ငတေ က ဘာတွေ ပေါက်ကရ လုပ်မလို့ ငါ့ ဆီ ဇာတိပ္ဖိုလ် သီး လာ တောင်း ခိုင်းရတာလဲ ”
ဟု မပြောရဲ တော့ ။
ရှောရှောရှူရှူ ပင် သူ့ ဆေးလွယ်အိတ်ကြီး ထဲ က နေ ဇာတိပ္ဖိုလ်သီး သုံးလုံး ကို ဦးသံတိုင် အား ပေး လိုက်၏ ။
ဦးသံတိုင် မှာ လည်း
“ တော်ပါသေးရဲ့ ”
ဟု ဆေးဆရာ ဦးပန်းစိမ်း ကို ကျေးဇူး တင် မိသည် ။
ခါတိုင်းသာ ဆိုလျှင် မူ သူတော်ငတေ က ရှာခိုင်းသည် ၊ တောင်း ခိုင်းသည် ဟု ပစ္စည်း တစ်စုံတစ်ခု သွား တောင်း ပါ က
“ ဟေ့ကောင် သံတိုင် ၊ မင်း သူငယ်ချင်း ငတေ ပြော တိုင်း မင်း ဘာ ပေါက်ကရ လျှောက် လုပ် ဦးမလို့လဲ ၊ မရှိဘူး ပြောလိုက် ကွာ ” ဟု ဆိုဖူး သလို “ မင်းတို့ ငတေ ပေါက်ကရ ပြောတိုင်း အဟုတ်ကြီး ထင် မနေကြနဲ့ ၊ အားလုံး ဒုက္ခ ရောက် ကုန်မယ် ” ဟု လည်း ပြောတတ် သူ ဖြစ်သည် ။
ဆေးဆရာ ဦးပန်းစိမ်း နှင့် သူတော်ငတေ တို့ မှာ ငယ်ငယ် က ပင် သိပ် မျက်ကြော တည့်ကြသူတွေ မဟုတ် ။ ဦးပန်းစိမ်း က “ အလကား အကောင် ၊ ငတေ ၊ ငပေ ” ဟု အမြဲ နှိမ် ပြောခဲ့ဖူး သူ ဖြစ်သည် ။ ဤ တစ်ခါ တော့ ရွာ ထဲ လာပြီး ပိတုန်းကောင်တွေ ရာ နှင့် ချီ ထောင်ချီ ဝင်တုပ် နေကြ သည် ကို ဆေးဆရာကြီး က လည်း ဘာမှန်း မသိရ သဖြင့် လိုက်လျော လိုက်သည့် သဘောပင် ။
ဆေးဆရာ ဦးပန်းစိမ်း ဆီ က ဇာတိပ္ဖိုလ်သီး သုံးလုံး နှင့် အပ်ချည်သစ် နှစ်လုံး ကို ချက်ချင်း ရှာ ၍ ရလာ သော ရွာလူကြီး ဦးသံတိုင် ခမျာ မှာ နေ က လည်း ဝင် တော့မည် ဖြစ် သဖြင့် သူတော်ငတေ ဆီ ပြေး လာရ ပြန် လေ၏ ။
သူ ပြောသော ဇာတိပေါ်သီး သုံးလုံး နှင့် အပ်ချည်သစ် နှစ်လုံး ကို သူတော် ငတေ လက်ထဲ အပ် လိုက်သော အခါ သူတော်ငတေ က သူ့ ထုံးစံ အတိုင်း ..
“ ခင်ဗျားတို့ အပြင် က ခဏ စောင့် ကြဦး ၊ ကျုပ် ခင်ဗျားတို့ ကို ဒီ အတိုင်း ပေး လိုက်ရင် ခင်ဗျားတို့ က ကျုပ် ကို အထင် ကြီး ကြ မှာ မဟုတ်ဘူး ၊ ပေါက်ကရ တောင် ပြောချင် ပြောကြ ဦးမယ် ။ ကျုပ် ထင် သလို မဟုတ်ဘဲ ရွာ ထဲ တလွဲတချော် ဖြစ်ပြီး ပိတုန်း ဝင် တုပ်တဲ့ ကိစ္စ ဒီ ည လည်း ခင်ဗျားတို့ ရွာ ထဲ ဟိုည ဟိုည တွေ တုန်း က လို ပိတုန်းကောင်တွေ ဝင် လာ လုပ်ရင် အလကား ငတေ လို့ ပြော နေကြဦးမယ် ၊ ဒီတော့ ခင်ဗျားတို့ အထင် ကြီး အောင် ဥုံဖွ ချီးတုံး မတ်တတ် ထ လုပ် ပေး လိုက်ဦးမယ် ”
ဟု ပြောကာ သူ့ ဖိုရုံ ဓာတ်ခန်း ထဲ ဝင် သွား လေ၏ ။
နေ က လည်း ဝင် တော့မည် ဖြစ် လေ ရာ ရွာလူကြီး သုံးယောက် မှာ သူတော် ငတေ ကို ရင် တထိတ်ထိတ် နှင့် အပြင် ကွပ်ပျစ် ပေါ် ထိုင် ၍ စောင့် နေကြရ သည် ။
မကြာမီ မှာ ပင် သူတော်ငတေ သူ့ ဓာတ်ခန်း ထဲ က နေ ထွက် လာ၏ ။
စောစော က လို ပြုံးဖြီးဖြီး မထီတရီ မျက်နှာမျိုး နှင့် တော့ မဟုတ် ၊ တည်တည်တံ့တံ့ ပင် သူ့ လက် ထဲ ဆုပ်ကိုင် လာသော ဇာတိပ္ဖိုလ်သီး သုံးလုံး နှင့် အပ်ချည်လုံး နှစ်လုံး ကို ရွာ လူကြီး ဦးထွန်းပေါ် ကို လှမ်း ပေး လိုက်၏ ။
“ ကဲ ရပြီ ၊ ဦးလေး တို့ က ကျုပ် ပြော သလို တော့ တိတိကျကျ လုပ်ကြပါ နော် ”
“ ဟုတ်ကဲ့ပါ ၊ စိတ်ချပါ ဦးသူတော် ၊ ဦးလေးတို့ ဦးသူတော် ပြော သလို တစ်သဝေ မတိမ်း စေရပါဘူး တိတိကျကျ လုပ်ပါ့မယ် ”
သူတော်ငတေ လှမ်း ပေးသော ဇာတိပ္ဖိုလ်သီး သုံးလုံး နှင့် အပ်ချည်သစ် နှစ်လုံး ကို လှမ်း ယူကာ ဦးထွန်းပေါ် က လည်း အာမဘန္တေ ခံ လိုက်သည် ။
“ အလုပ် လုပ်တဲ့ အခါ တိုးတိုးတိတ်တိတ် လည်း လုပ်ကြ နော် ဦးလေး ။ အတော်ကြာ သူတော်ငတေ ဘာ လုပ်တယ် ညာ လုပ်တယ် ဆိုပြီး ထိတ်ထိတ်လန့်လန့် နဲ့ တစ်ရွာလုံး ပိတုန်း တုပ် ခံ ကြရတာ ထက် ဆိုး နေ ဦးမယ် ။ ပိတုန်း တုပ် တာ က ငါးပိ သုတ် ရင် ပျောက် ပေမဲ့ ငတေ ( ... ) ပေ ရင် တော့ ရေ ဆေးလို့ မရ လည်း ဖြစ်ကုန်ကြဦး မယ် ၊ ဟဲ ... ”
“ အရေးထဲ ပေါက်ကရက တော့ နည်းနည်းလေး ပဲဖြစ်ဖြစ် ပြောလိုက် ရမှ ” ဟု တွေးထင်ကာ ရွာ လူကြီး သုံး ယောက် မှာ ရွာ ထဲ ပိတုန်း ဝင်တုပ် သော ကိစ္စ ကို သူတော်ငတေ မှာ လိုက် သလိုပင် လုပ်ဆောင်ကြရန် ရွာ ထဲ ဆင်း လာ ကြ လေသည် ။
ထိုအချိန်မှာ ပင် နေ ဝင် သွားပြီ ဖြစ် သဖြင့် ရွာတွင်း ရွာပြင် ကို အရင် စည်း ပိတ် ကြရမည် ဖြစ်ရာ ရွာပြင် ၌ ကျွဲကျောင်း ၊ နွားကျောင်း သွား နေကြသူတွေ ရှိ မရှိ ကို ဦးဆုံး စုံစမ်းကြရသည် ။ မည်သူမည်ဝါ ၊ အိမ်ပြန် မရောက်သေးဘဲ ရှိ မရှိ ကို လည်း လိုက် မေး ကြရ၏ ။
ပိတုန်း ပြဿနာ ကြောင့် ကျွဲကျောင်း ၊ နွားကျောင်း သွား နေကြ သူတွေ မှာ လည်း လွန်ခဲ့သော နှစ်ညဉ့် နှစ်ည က ပိတုန်းတုပ် ခံထားကြရ သ ဖြင့် ဤ နေ့ တွင် မည်သူမျှ ရွာပြင် ၌ မိုးချုပ် နေဝင် မနေဝံ့ကြရာ မိမိတို့ ယာတောင် ရွာသား အားလုံး ရွာ ထဲ သို့ ပြန် ရောက် နေကြပြီ ဆိုသည် ကို သိ ကြရတော့ မှ သူတော်ငတေ ၏ အစီအမံ ကို စတင် ပြုလုပ်ကြရ လေ သည် ။
ပထမဦးဆုံး ရွာ စည်းရိုး အပြင် ဘက် ကို ဤအချိန် ကစပြီး မည်သူ မျှ မထွက်ကြ ရန် ပညတ် လိုက် ကြသည် ။ အကယ်၍ မိမိ ရွာသားများ ထဲ မှ တစ်စုံ တစ်ယောက် သည် ကျွဲပျောက် ၊ နွားပျောက် ရှာ နေ၍ ပဲ ဖြစ်ဖြစ် ရွာ ထဲ မရောက်လာသေးဘူး ဆိုလျှင် လည်း ထို သူ ကို ရွာထဲ မဝင်စေရ တော့ ။ သင့်တော် ရာ နွားရုံ ၊ ကောက်ရိုးပုံ ထဲ ၌ သာ ဤ တစ်ည အိပ် နေရမည် ။
တစ်ရွာ တစ်ကျေး ဆီ က ဆွေမျိုး နီးစပ် တော်သူ တစ်ဦး ဦး သည် သာရေး နာရေးကိစ္စ နှင့် မိမိ ရွာ က ဆွေမျိုးများ ဆီ အကြောင်း ကြား ရန် လာသည် ဆိုလျှင် ဤ အချိန် က စပြီး ရွာ ထဲ ကို လုံးဝ အဝင် မခံရတော့ ။ ဤ သည် ကို ယာတောင် ရွာလူကြီးများ ၏ အမိန့် ဂါမပညတ် နှင့် ကန့်သတ် စည်း ချထား လိုက်ကြသည် ။ ထို့နောက် တွင် ရွာလူကြီးများ ဖြစ်ကြသော ဦးထွန်းပေါ် ၊ ဦးသံတိုင် ၊ ဦးကံညွန့် တို့ သုံးယောက် သည် သူတော်ငတေ မန်းမှုတ် ပေးလိုက်သည် ဟု ထင် ရ သော အပ်ချည်ကြိုး တစ်လုံး ၏ အစ ကို ဖြေ ကာ ရွာဦး ၊ ရွာတောင်ဘက် က စ၍ ရွာ ပြင်ဘက် မှ ယာတောင်ရွာ ကို ဝိုင်းပတ် ကြသည် ။
သူတို့ ယာတောင်ရွာ မှာ သူတို့ ကနဦး က ပင် သိထားခဲ့ကြ သလို ဟို တစ်စု သည် တစ်စု ဟိုနား သုံးလေး အိမ် ၊ သည်နား သုံးလေးအိမ် ဖြစ်နေ သဖြင့် ရွာပြင် ကို ပတ်ယူ လာကြသော အပ်ချည်လုံး တစ်လုံး ကုန် သွား သော်လည်း ရွာ ကို မပတ်မိ သေးရာ နောက် တစ်လုံး နှင့် ဆက်၍ ရွာပြင် ကို ဝိုင်းပတ် ကြပြန်၏ ။
ဒုတိယ အပ်ချည်လုံး တစ်ဝက် ကျော် ကျော် ခန့် အရောက် မှာ ရွာပြင် ကို ပတ်မိ ထားပြီ ဖြစ်ရာ ရွာတံခါး အပေါ် ထက် ရှိ မုခ်ဦး ကို အရေးပေါ် လုပ် ထားကြသော ဝါးလုံးတန်း ပေါ် သူတော်ငတေ ပြောသော ဇာတိပေါ် သီး သုံးလုံး ကို အပ်ချည် နှင့် ဖောက်ကာ တစ်ထွာ တစ်မိုက်စီ ခန့် ခြား၍ ဆွဲထား လိုက်ကြသည် ။ သူတော် ငတေ က မှာ လိုက်သည် မှာ ရွာ ကို အပြင် က အပ်ချည်မျှင်တွေ နှင့် ပတ် ပြီး သွားသည် နှင့် ရွာဝင်ဝ မုခ်ဦး ၌ ဇာတိပေါ်သီး ချည်ဆွဲ သူ သည် ရွာ အပြင်ဘက် ဆီ က မဖြစ်စေ ရ ဘဲ ရွာ တွင်း ဘက် မှ ဖြစ်ရမည် ဆိုသည် ကို လည်း ဦးထွန်းပေါ် က တိတိကျကျ သူ ကိုယ်တိုင် ပင် ရွာ အတွင်းဘက် မှ နေ၍ သူတော်ငတေ ပြောသော ဇာတိပေါ် သီး သုံးလုံး ကို အထက် အောက် မှန်မှန်ကန်ကန် နှင့် အပေါက် ဖောက် ကာ ရွာ ကို ဝိုင်းပတ် လာသော အပ်ချည် အပို နှင့် ဖောက် ဆွဲ ထား လိုက်သည် ။ ပြီးတော့ မှ သုတော်ငတေ မှာ လိုက် ၊ သင်ပေး လိုက် သလို
“ ဉုံ - ပိတုန်း သုံးကောင်
ရွာကျိုးဆောင်
အမောင်ပိတုန်း
ရွာကျိုးသုံး
ပိတုန်းလာသမျှ
ပြန်တုပ်ကြ ၊ ပြန်တုပ်ကြ
ဇာတိပေါ်အောင် ပြန်တုပ်ကြ
ဇာတိပေါ် အောင် ပြန်တုပ်ကြ
ဇူးဝေဝေ ၊ ဇူးဝေဝေ ”
ဟု ဦးထွန်းပေါ် က သုံးကြိမ် သုံးခါ ရွတ်ဆို လိုက်သည် ။
ဦးထွန်းပေါ် ထိုသို့ ရွတ်ဆို နေစဉ် အပ်ချည်ကြိုး တစ်တောင် ကျော်ကျော် နှင့် ဖောက်ဆွဲကာ တွဲလောင်းချ ထား သော ဇာတိပ္ဖိုလ်သီး သုံးလုံး မှာ လေ တိုက်၍ ပဲ လေလား ၊ တကယ်ပဲ အသက် ဝင် လာကြသည် လား မသိ ။ ယိမ်းလှုပ် ဝဲပျံ လာကြသည် ။
သူတော်ငတေ မှာကြား လိုက်သည့် အတိုင်း စီမံ လုပ်ဆောင် ပြီးသောအခါ ဦးထွန်းပေါ် နှင့် ဦးသံတိုင် ၊ ဦးကံညွန့် တို့ မှာ ရွာ တောင်ဘက် မုခ်ဦး မှ ရွာ ထဲ ဝင် လာကြသည် ။
တပေါင်းလပြည့်နေ့ ည ။
လ က ထိန်ထိန် သာ နေသော် လည်း လွန်ခဲ့သော နှစ်ည က ရွာ ကို ပိတုန်းကောင်များ ဝင်ထိုး ဝပ်တုပ် ထားကြ သဖြင့် လူတွေ မှာ ကြောက်ရွံ့ ထိတ်လန့် ကာ အိမ်တွင်း မှ အိမ်ပြင် မထွက်ဝံ့ ဖြစ်နေကြသည် ။
ခါတိုင်း လသာ ည များ ဆိုလျှင် ရွာလယ် တွင် ကလေးသူငယ်များ ထုပ်ဆီးတိုးတမ်း ကစား နေကြသံ ၊ ကာလသားများ ၏ အပျိုပိုး ပလွေ ကျူးသံ ၊ ကာလသမီးများ ၏ မောင်း ထောင်း ဆန်ဖွပ်သံ တို့ နှင့် ညံ နေခဲ့ သော ယာတောင်ရွာလေး မှာ ယခု ည တော့ ချောက်ချားစရာ ကောင်း လောက် အောင်ပင် တိတ်ဆိတ် နေသည် ။
သို့သော် ဦးထွန်းပေါ် တို့ ရွာလူကြီး သုံးယောက် မှာ မူ သူတော်ငတေ ၏ စီမံ ပေး ထားသော ဇာတိပ္ဖိုလ်သီး ၊ ပိတုန်းသုံးကောင် ၏ တကယ် အစွမ်း ရှိ မရှိ ကို သိလိုကြ သဖြင့် ရွာလယ် လမ်းမ ပေါ် အကဲခတ် လျှောက် ကြည့် နေကြသည် ။
မကြာပါချေ ။ သူငယ် ခေါင်းချချိန် သို့ ပင် မရောက်သေးချေ ။ ယာတောင် ရွာ ၏ တောင်ဘက်ဖျား မှ ပိတုန်းများ တရုံးရုံး အတောင်ပံ ခတ်သံ ပေးကာ ပျံလာ နေကြသံ ကို ကြားကြ ရ တော့သည် ။ ဆူညံ လာသော ပိတုန်း တောင်ပံ ခတ်သံ တွေ မှာ လွန်ခဲ့သော နှစ်ည က ထက် ပင် များပြား နိုင် ကြောင်း အကဲခတ် မိကြ၏ ။
ထိုအခါ သူတော်ငတေ က အကျအန စီမံ ပေး လိုက်ပါ သော်လည်း မယုံ တစ်ဝက် ယုံ တစ်ဝက် ဖြစ် နေသော သူတော်ငတေ ၏ ငယ်သူငယ်ချင်း ဖြစ်သူ ရွာလူကြီး ဦးသံတိုင် က …
“ ဦးလေး ဦးထွန်းပေါ် ၊ သူတော် ငတေ ပြောသလို ဆို ဆင်ထားတဲ့ ရွာ တောင်ဖျား ကို ကျွန်တော်တို့ သွား အကဲခတ် ကြည့် ကြရင် ကောင်းမယ် ထင်တယ် ”
ဟု ပြော လိုက်၏ ။
“ သူတော်ငတေ ငါ့ ကို မှာ လိုက်တာ ကတော့ ငါတို့ ဆင် ထားတဲ့ ရွာ တောင်ဖျား က ဘာသံ ကြားကြား အနား သွား မကပ်ကြနဲ့ ၊ ခင်ဗျားတို့ ဝေးဝေးက ပဲ နား စွင့် ကြည့် နေကြ လို့ မှာ လိုက်တယ်ကွ ။ သွား ကြည့်ကြလို့ ကောင်းပါ့မလား ၊ စည်းပေါက် ၊ ကမ်း ပေါက်များ ဖြစ်သွား ရင် … ”
“ ဟုတ်ပါတယ် ဦးထွန်းပေါ် ၊ သူတော်ငတေ မှာထား သလို သွား မကြည့်ကြတာတော့ အကောင်းဆုံးပဲ ထင်တယ်ဗျ ”
ဦးထွန်းပေါ် ၏ စကား မဆုံးခင် မှာ ပင် ဦးသံတိုင် ၏ စကား ကို ဦးကံညွန့် က ဝင်၍ ကန့်ကွက် စကား ဆို လိုက် သည် ။
ထို့ကြောင့် ရွာ တောင်ဘက်ဖျား မှ ပိတုန်းကောင်များ ရာထောင်ချီ လာ နေကြသံ ကို ခါတိုင်း နေ့များ က ထက် ပင် ကျယ်ကျယ် လောင်လောင် ကြား နေကြရ ပါ သော်လည်း သူတို့ သုံးယောက် မှာ စောစောက သူတော်ငတေ မှာကြား လိုက် သလို ဆင်ထားခဲ့ ကြသော ရွာတောင်ဖျား ကို သွား မကြည့်ဝံ့ ကြဘဲ ရွာလယ် လောက် က သာ နားစွင့် နေပြီး အခြေအနေ ကို အကဲခတ် နေကြရသည် ။
လွန်ခဲ့သော နှစ်ည က ထက် ပင် ပိတုန်းကောင်များ ၏ တောင်ပံခတ်သံ ဆူဆူညံညံ ကို ကြား နေရ သော် လည်း ရွာ ထဲ ကို မူ တစ်ကောင် တစ်မြီး သော ပိတုန်းများ က တော့ ရောက် မလာကြ ။ ထိုအခါ မှ ရွာလူကြီး သုံးယောက် မှာ သူတော်ငတေ ၏ အစီအမံ သည် အမှန်တကယ် အစွမ်းပြ နေကြပြီ ကို သိကြရလေသည် ။
“ ကဲ ဦးလေး ၊ သူတော်ငတေ ရဲ့ အစီအမံတွေ က တော့ တကယ် စွမ်းပြီ ဗျ ။ ကျွန်တော်တို့ ခု ပိတုန်းကောင် တွေ လာသံ ကို ကြား နေရတာ နာရီဝက် လောက် တောင် ရှိ သွားပြီပဲ ။ လွန်ခဲ့တဲ့ ညတွေ က လို ခုထိ ပိတုန်း တစ်ကောင် တစ်မြီး မှ ရွာလယ်လမ်းမ ပေါ် ရောက် မလာကြတော့ စိတ်ချရ ပါ ပြီ ။ အိပ်ရေး ပျက် နေကြတာ လည်း နှစ်ည တောင် ရှိပြီ ဆိုတော့ သွားအိပ် ကြရအောင်ဗျာ ”
ဟု ပြော လိုက်သည် ။
“ ဟုတ်တယ်ကွ ၊ ဒီလောက် ကြာ လို့ မှ ရွာ ထဲ ပိတုန်း တစ်ကောင် တစ်မြီး မှ ရောက် မလာ ကြဘူး ဆိုတော့ စိတ်ချ ရပြီ နဲ့ တူတယ် ။ ဒါပေမဲ့ ရွာ တောင်ဖျား မှာ ပိတုန်းကောင်တွေ ပျံဝဲ နေကြ တုန်းပဲ နော် ”
“ ပိတုန်းကောင်တွေ ရွာ တောင်ဖျား မှာ ဘယ်လောက်ပဲ ပျံဝဲ နေကြ နေကြ ၊ ရွာ ထဲ ဝင် မလာကြ ရင် ပြီးတာပဲ ဦးလေး ၊ ကျွန်တော် လည်း ကိုသံတိုင် ပြော သလို အိပ်ချင်ပြီ ဗျာ ။ ကိုယ့် အိမ် ကိုယ် ပြန် အိပ် နေကြတာ ကောင်းပါ လိမ့်မယ် ”
“ အေး မင်းတို့ က အိပ်ချင်ကြပြီ ဆိုတော့ လည်း အိပ်ကြတာပေါ့ဗျာ ။ မနက် ကျ မှ ရွာတောင်ဖျား မှာ တို့ ဆင် ထားခဲ့ကြတဲ့ မုခ်ဦး ကို သွားကြည့်ပြီး ထူးခြားချက် ကို သူတော်ငတေ မှာ ထား သလို သွား အကြောင်း ကြား ကြတာပေါ့ ”
ရွာ တောင်ဖျား မှ ပိတုန်းကောင်များ တရုံးရုံး တဝီဝီ ပျံနေကြသံတွေ ကို ကြား နေရ သော်လည်း နှစ်ညဉ့် နှစ်ည အိပ်ရေး ပျက် ထားသော ရွာလူကြီး သုံးယောက် မှာ အိပ်စက် အနားယူ ရန် မိမိ အိမ် သို့ ပြန် လာ ကြလေသည် ။
◾ဝေယံလင်းခေါင်
📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment