“ ဟင် ဦးသူတော် ပြောတဲ့ ဇာတိပေါ် သီး ဆိုတာ ခု ဦးလေးတို့ က ဇာတိပ္ဖိုလ်သီး လို့ ခေါ် နေကြတဲ့ အသီး ကိုး ”
သူတော်ငတေ ၏ အဖေ နှင့် ငယ်သူငယ်ချင်း ဖြစ်ခဲ့ သူ ရွာလူကြီး ဦးထွန်းပေါ် မှာ လည်း ယခု မှ ကြားဖူး သဖြင့် အံ့သြ သွားသည် ။
“ ဟုတ်ပါတယ် ဦးလေး ၊ ခု ဦးလေး တို့ က ဇာတိပ္ဖိုလ်သီး ဇာတိပ္ဖိုလ်သီး လို့ ခေါ် နေကြတဲ့ ဇာတိပ္ဖိုလ်သီး ရဲ့ ပင်ကို နာမည် က ဇာတိပေါ်သီး ဗျ ။ အဲဒါ ရှေးပညာရှိတွေ က လူတွေ နားလည် လွယ်အောင် ၊ သုံးစွဲ တတ်အောင် ရှင်းရှင်းလေး အမည် ပေး ခေါ် ထားခဲ့ကြတာ ကို ဘယ် ပညာရှိ က မရှုပ် ရှုပ် အောင် ထွင်ခေါ်ထားခဲ့ကြတာ လဲ ဆိုတာတော့ ကျုပ် လည်း မသိဘူး ”
“ ဦးတို့ လည်း မသိပါဘူး ဦးသူတော် ရယ် ။ ခု ဦးသူတော် ပြောမှ ကြားဖူး ကြပါတယ် ”
“ ကျုပ် ထင်တာကတော့ ဒီ အသီး က ဇာတိ ကို ပေါ်စေတတ်တဲ့ အပြင် တခြား ဆေးဝါး ၊ ဓာတ်စာ ဖက် တွေမှာ လည်း အင်မတန် စွမ်းတော့ ဇာတိပေါ် သီး ရဲ့ အစွမ်းအစ နဲ့ ဆေးဝါး ကုစား နေတဲ့ ဆေးဆရာ တစ်ယောက် ယောက် က များ နှောင်း လူတွေ ရုတ်တရက် မသိအောင် ၊ အမည်နာမ ဖော် မရ ရှာ မရအောင် တမင်များ ထိမ်ဝှက် ထားချင် လို့ နာမည် ပြောင်း ခေါ်ထားခဲ့တာလား ။ ဒီလိုမှ မဟုတ်ရင် လည်း ဇာတိပေါ် သီး ဆိုတာ ကို ပီပီသသ မခေါ်တတ် ကြလို့ ဇာတိပ္ဖိုလ်သီး ဇာတိပ္ဖိုလ်သီး လို့ မပီကလာ ပီကလာ ခေါ်ကြရင်း က ဇာတိပေါ် သီး နာမည် ပျောက် ပြီး ဇာတိပ္ဖိုလ်သီး ဖြစ် သွားလေသလား လို့ လည်း တွေးစရာပေါ့ နော် ”
“ ဒါလည်း ဖြစ်နိုင်ပါတယ် ဦးသူတော် ခင်ဗျား ၊ အများညီ ဤ ကို ကျွဲ ဖတ် ဆို မဟုတ်လား ခင်ဗျာ ”
ဤစကား ကို တော့ ရွာ လူကြီး ဦးကံညွန့် က ပင် ထောက် ပြော၏ ။
“ အေးဗျ အဲဒီလို နဲ့ ဆေးကောင်းဝါးကောင်း တွေ ဟာ နာမည် ပြောင်းပြီး ရှာ မရ ဖွေ မရ ဖြစ် ကုန် ကြဟာ သိပ် နှမြောစရာ ကောင်းတယ် ”
“ မှန်ပါတယ် ဦးသူတော် ”
“ ဆေးကောင်း ဝါးကောင်း တွေ အမည်နာမ ပြောင်း သွားကြတာတွေ က လည်း ခေတ်စကား ဗန်းစကား တွေ ကို တွင်တွင် သုံး လာ ကြရာ က ပြောင်း ကုန်တယ် ထင်တယ်ဗျ ။ ကျုပ် တစ်နေ့ က ရွာ ထဲ ကို ဖြတ် သွားတော့ စကား တစ်ခု အဆန်း ကြားခဲ့ရသေး တယ် ”
“ ဘာစကားလဲ ဗျ ၊ ဦးသူတော် ”
ဦးသံတိုင် က ဝင် မေး ပြန်သည် ။
“ ကညာမဒီ ဆိုတာလေ ဗျာ ”
“ ဟားဟား အဲဒါက ဒီလိုဗျ ။ ကာလသား ၊ ကာလသမီး အခေါ် က နေ ခု ကလေးတွေ က ကညာမဒီ လို့ ခေါ် နေ ကြတာ ကျုပ် လည်း ကြားပါ တယ် ။ ဦးသူတော် တို့ ကျုပ် တို့ ငယ်ငယ် က တော့ လူပျို အပျို ခေါ်ခဲ့ကြ တာ ကို မှတ်မိလား ”
ဦးသူတော် ပြောတဲ့ ကာလသား ကာလသမီး ဆိုတာ တောင် အမှန် က ဦးသူတော် တို့ ၊ ကျုပ် တို့ အဘိုး ခေတ် ၊ အဖေ တို့ ခေတ် က ခေါ်ခဲ့ကြတာ လေ ။ ကလေးတွေက သူ့ ခေတ် နဲ့ သူ ခေါ် ကြတာ … ”
“ သူ့ ခေတ် နဲ့ သူ ခေါ်ကြတာ က အကြောင်း မဟုတ်ပေမဲ့ … ခင်ဗျား ကို ကျုပ် တစ်ခု ပြောမယ် ”
“ ဟုတ်ကဲ့ပါ ”
“ စကား ဆိုတာ ဆယ်နှစ် လောက် ကြာ ရင် တစ်ခါ အပြောင်းအလဲ ဖြစ် တတ်တယ် ။ အဲဒါကို စကား နဲ့ သာ ရေး ထားမိ ခဲ့ကြလို့ လည်း ခေတ်ပေါ် ခက်ဆစ် အဓိပ္ပာယ် တို့ ၊ ရှင်းလင်းချက် တို့ အပို အလုပ်တွေ အချိန် ကုန် ခံပြီး လုပ်နေကြရတာပဲပေါ့ ဗျာ ။ တကယ်လို့ မူလ အဓိပ္ပာယ် ပေါ်ပြီး သား ပညာရပ်တွေ ၊ ဆေးဝါးဓာတ်စာ တွေ ၊ ဆေးမြစ် ၊ ဆေးပင် ၊ ဆေးသီး တွေကို လက်ရှိ ခေတ်ပေါ် စကား နဲ့ မ ရေးကြဘဲ ၊ မူလ စကား အတိုင်း မူလ အခေါ်အဝေါ် အတိုင်း ရေးသား ထားခဲ့ ကြရင် ဘာမှ မရှင်းစရာ မသိနိုင်စရာ မရှိဘူး ၊ အရေးကြီးတဲ့ ပညာရပ်တွေ ဆေးဖက်ဝင် အပင် အသီးတွေ ကို ပါ ခေတ်မီ အောင် ဆိုပြီး တော့ ခေတ်ပေါ် စကားတွေ နဲ့ ရေးသား မိခဲ့ကြလို့ ခု ရှင်းရှင်းလေး ဖြစ်တဲ့ ဇာတိပေါ် သီး ကို ဘယ် ပညာရှင် က ထွင်ပြီး ဇာတိပ္ဖိုလ်သီး လို့ ရေးထားခဲ့ မှန်း မသိတာ နဲ့ ခင်ဗျား တို့ မသိ မရှင်း ဖြစ် ကုန်ကြတာ ”
“ ဦးသူတော် ပြောတာ မှန်ပါတယ် ခင်ဗျာ ”
“ မမှန်တာ မဟုတ်တာ ကျုပ် ပြောပါဘူးဆို ၊ ခု မမှန်တာ မဟုတ်တာ ပြောထား ရေးထား ခဲ့ကြလို့ နား ရှုပ်ပြီး ကျုပ် မှာ ဆေးကောင်းဝါး ကောင်းတွေ ရှာ မရ ဖြစ် နေတာ ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ ၊ ကျုပ် တော ထဲ တောင် ထဲ ညဉ့်အိပ် ညဉ့်နေ သွား သွား နေရတာ အမည်နာမတွေ တလွဲတချော် ဖြစ်ပြီး ရှာ မရတဲ့ ဆေးပင် ဆေးမြစ် တွေ ကို ဖော်ထုတ်ဖို့ လုပ် နေရတာဗျ ”
“ ဟုတ်ကဲ့ပါ ၊ ဦးသူတော် တောထဲ တောင်ထဲ ညဉ့်အိပ် ညဉ့်နေ သွားသွား နေတာ ကျွန်တော်တို့ ကြားပါတယ် ခင်ဗျာ ”
ဦးကံညွန့် က ပြုံးတုံ့တုံ့ နှင့် သူတော် ငတေ စကား ကို ထောက်ခံ လိုက် သည် ။
“ ခုဆို တလွဲတချော် ဖြစ် နေတဲ့ ဆေးပင် ၊ ဆေးမြစ်တွေ ပဲ လားဆို တော့ မဟုတ်သေးဘူးဗျ ။ ကျုပ်တို့ လောကီ ပညာရပ်တွေ ဆိုတာ လည်း ရှင်းတာ ကို ရှုပ်အောင် ၊ လွယ်တာ ကို ခက်အောင် သိတဲ့ တတ်တဲ့ ပညာရှင် တွေက သူများတွေ သိသွား မှာ တတ်သွားမှာ စိုးရိမ်ပြီး လျှို့ဝှက် ရေးသားခဲ့ ကြတာ က စပြီး နှောင်းလူတွေ မသိ ဘဲ ပျောက်ပျက် ကုန်ကြတာ ဘယ်လောက် နှမြောစရာ ကောင်းလဲ ”
“ မှန်ပါ ”
“ အဲဒါကြောင့် ခု ကျုပ် က တော့ ကျုပ် သိတာ တတ်တာ မှန်သမျှ အကုန် သူများတွေ ၊ နှောင်းလူတွေ လည်း သိကြ တတ်ကြ ပါစေ ဆိုတဲ့ စေတနာ နဲ့ ဘာမှ လျှို့ဝှက် မထားဘူး ၊ တတ်ချင် သိချင် တဲ့ လူတွေ ဆို အကုန် သင် ပေးခဲ့မယ် ။ ခု မောင်နေဆန်း တို့ ၊ ဒေါင်းသိန်း တို့ ၊ ငသီး တို့ ကို လောကီပညာတွေ သင်ပေး နေတာ လည်း ဒီ ရည်ရွယ်ချက် ပဲ ဦးကံညွန့် ရယ် ”
“ ဟုတ်ကဲ့ ခင်ဗျာ ”
“ ဖြစ်နိုင်ရင် ခင်ဗျားတို့ ငတေ က ကိုယ့်ရွာ မှာ လောကီပညာ တက္ကသိုလ်ကြီး တစ်ခု တောင် တည်ထောင် ပေးထားခဲ့ချင်တာဗျ ဟဲ ဟဲ ”
“ ဖြစ်နိုင်ပါတယ် ခင်ဗျာ ၊ ခုဆိုလည်း အနယ်နယ် အရပ်ရပ်က ဦးသူတော် ဆီ လောကီပညာ လာ သင် နေကြတဲ့ ကျောင်းသားတွေ မနည်းပါဘူး ”
“ ကျောင်းသားတွေ တော့ နှစ်ဆယ် ၊ သုံးဆယ် လောက် ရှိကြပါတယ် ။ ဒါပေမဲ့ ပညာ ဆိုတာ တကယ် လိုချင် ဆန္ဒ ရှိတဲ့ လူ မှ ရ တတ်တာ ကလားဗျ ။ ကျုပ် ဒီ ပညာရပ်တွေ လိုချင် တတ်ချင် လွန်း လို့ ရွာ က ထွက်ပြီး နှစ်ပေါင်း သုံး ဆယ်ကျော် ရှာ လာခဲ့တယ် ဆိုတာ တော့ လူကြီးမင်း တို့ အသိပါဗျာ ”
“ ဟုတ်ကဲ့ သိကြပါတယ် ”
ဤသည် မှာ အမှန် လည်း ဟုတ် သည် ။
သူတော်ငတေ မှာ ဤ ယာတောင် ရွာသား စစ်စစ် မိဘနှစ်ပါး မှာ လည်း လယ် နှင့် ယာ နှင့် ဖြစ် သဖြင့် တစ်ဦး တည်းသော သား မောင်မြအောင် ကို အစစ အရာရာ အလိုလိုက် ခဲ့ကြသည် ။ ရှစ်နှစ်သား ကတည်း က ပင် မောင်မြအောင် ကို ဒေသ ထုံးစံ အရ ရွာ ကျောင်း ဆရာတော် ထံ အပ်နှံခဲ့ကြ သည် ။ မောင်မြအောင်လေး မှာ ဉာဏ် ကောင်း၍ စာ တော် သော် လည်း မိဘ နှစ်ပါး အလိုလိုက် ခံ ထားခဲ့ရ သော တစ်ဦးတည်း သော သား ဖြစ်၍ လား မသိ ဆယ်နှစ် ၊ ဆယ့်တစ်နှစ်သား လောက် က ပင် အလွန်တေ ၊ အလွန်ပေ တတ်သည် ။
စောစောက ဦးသံတိုင် ပြောသလို ညည တခြား ကျောင်းသားများ စာအံ နေကျ ချိန် တွင် ဆိုးဖော် ဆိုးဖက် တေဖော်တေဖက် ရှာ၍ စာအံ နေရာ မှ အပေါ့အပါး သွားရန် လိုလို နှင့် ညကြီးမင်းကြီး မကြောက်မရွံ့ဘဲ ကျောင်း အောက် ဆီ ကို ဆင်း သွားပြီး ဇရပ် ပေါ် တွင် ရှိ ခိုငှက်များ ကို သ,တ်ဖြတ် ဖုတ်ကင် စား တတ်သည် ။
ဘုန်းကြီးပျံ ၊ ဘုရားပွဲ စသည့် ပွဲလမ်းသဘင်များ ၌ ဈေးဆိုင်များ မှ သူ လို ချင်သော ပစ္စည်းများ ကို မရမက ဝင် ခိုးတတ်သည် ။
ထို့ကြောင့်လည်း ဘုန်းတော်ကြီး က အစ မောင်မြအောင်ကို နောက်ပိုင်း မှာ မည်သူ က မျှ “ မောင်မြအောင် ” ဟု မခေါ်ကြ တော့ဘဲ “ ငတေ ၊ မောင်တေ ” ဟု သာ ခေါ် တတ်ကြသည် ။ သည်လိုနှင့် မိဘနှစ် ပါးက မောင်မြအောင်လေး ကို ဆယ့်သုံးနှစ်သား အရွယ် တွင် ရှင်သာမဏေ ပြုပေး ကြသည် ။ မောင်မြအောင် ၏ ကိုရင် ဘွဲ့ မှာ ကြာသပတေးသား ဖြစ် သဖြင့် “ ပဏ္ဍိစ္စ ” ဖြစ်ပေ၏ ။ သို့သော် သူ့ ကို မည်သူ က မျှ “ ကိုရင်ပဏ္ဍိစ္စ ” ဟု မခေါ်ကြ ။ ရှင်တေ ၊ ကိုရင်ငတေ ဟုသာ ခေါ် ကြသည် ။
သည်လိုနှင့် ရှင်ပဏ္ဍိစ္စ မှာ ကိုရင်ကြီးငတေ ဖြစ်လာပြီး မိဘနှစ်ပါး က ရဟန်း တက် ပေးကြ ပြန်သည် ။ သူ့ဘွဲ့ မှာ ဦးပဉ္စင်း ပဏ္ဍိစ္စ ပင် ဖြစ်သည် ။ သို့သော် ကိုရင် ရှင်သာမဏေ ဘဝ မှ ရဟန်း ဘဝ ရောက်လာပြီ ဖြစ်သော် လည်း သူ့ ကို မည်သူ က မျှ “ ဦးပဉ္စင်း ပဏ္ဍိစ္စ ” ဟု မခေါ်ကြပြန် ။ ဦးပဉ္စင်းငတေ ၊ ကိုယ်တော်ငတေ ဟု သာ ခေါ်ကြ ပြန်သည် ။
ဦးပဉ္စင်းပဏ္ဍိစ္စ ၊ ကိုယ်တော် ငတေ မှာဤသည်ကို စိတ် အချဉ် ပေါက် လာ၍ လား မသိ ။ မိမိ ရွာ ၊ မိမိ မြို့ ၊ မိမိပြည်နယ် ၌ ပင် မနေထိုင် တော့ဘဲ မန္တလေး ကို စာသင် သွားဦးမယ် ဟု ဆိုကာ ရွာ က ထွက် သွားခဲ့ သည် ။ သတင်း မကြား ၊ မိဘများ ဆီ ပင် စာ မပေးဘဲ နှစ်ပေါင်း သုံးဆယ် လောက် ကြာ သွားသည် ။
နှစ်ပေါင်း သုံးဆယ် ခန့် ကြာ မှ သူ မိမိ ရွာ ကို ပြန်ရောက် လာ၏ ။ ထိုအခါ မိဘ နှစ်ပါး မှာ လည်း အသက် ထင်ရှား မရှိကြတော့ ။ အကုန် သေဆုံး ကုန်ကြ ပြီ ဖြစ်သည် ။ သူ့ အနေ မှာ လည်း မိမိ ရွာ ကို ပြန် လာခဲ့သည် မှာ ဘုန်းကြီး ငတေ ဘဝ နှင့် မဟုတ်တော့ဘဲ သူတော် ဖြစ် လာသည် ။ ဤသည်ကို သူ့ ဘကြီး တစ်ယောက် က ကျန်းကြောင်း ၊ မာကြောင်း မိဘ ဆီ စာ လေးတစ်စောင် ပင် ပေးဖော် မရသည် ကို စိတ်ဆိုး ၍ -
“ ငတေ ဘယ်လို ဖြစ်လို့ သူတော် ဝတ် လာ ရပြန်တာလဲ ” ဟု မေး၏ ။
ထိုအခါ သူ က
“ ဘယ်လို ဖြစ်ရမလဲဗျ ။ ခု ဘကြီး ပြော တာ သာ ကြည့်တော့ ကျုပ် နာမည် မြအောင် ပါ ဗျ ပဏ္ဍိစ္စ ပါ ။ အဲဒါ ဘယ်လူ က မှ ကျုပ် နာမည်ရင်း ကို မခေါ်ကြဘူး ။ ကျောင်းသားတုန်း က ငတေ ခေါ်ကြတာ မခံချင်တာ နဲ့ ငတေ နာမည် ပျောက်မလား လို့ ကိုရင် ဝတ် ပါတယ် ဘုန်းကြီး ပေးတဲ့ ဘွဲ့ က ပဏ္ဍိစ္စ ဗျ ။ ဒါပေမဲ့ ကျုပ် ကို ဘယ်လူ က မှ ကိုရင်ပဏ္ဍိစ္စ လို့ မခေါ်ကြဘူး ။ ရှင်ငတေ ကိုရင်ငတေ ပဲ ခေါ်ကြ တယ် ။ အဲဒါ ပဉ္စင်းများ တက် လိုက် ရင် ငတေ နာမည်များ ပျောက်မလား သို့ ပဉ္စင်း တက်နေပါတယ် ဘုန်းကြီး က အစ ကျုပ် ကို ဟို ဦးပဉ္စင်း ငတေ တဲ့ ။ အဲဒါ ငတေ နာမည် ပျောက် မလား လို့ ကျုပ် သူတော် လုပ် လာတယ် ။ ဒီ ရွာ မှာ ကျုပ် ကို နောက်ဆို ဘယ်လူ ငတေ ခေါ်ဝံ့လဲ ၊ သတ္တိ ရှိရင် ခေါ်ကြည့် ကြစမ်း ၊ ငတေ အကြောင်း ဒီ တစ်ခါ ကောင်းကောင်း သိရမယ် ”
ဟု ကြိမ်းဝါး ပြောဆိုသည် ။
ထိုအခါ အရဟတ္တဇ တန်ဆာ သံဃ အဝတ် ကို ဝတ်ရုံ ခဲ့စဉ် က ပင် ဦးပဉ္စင်းငတေ ဟု ခေါ်နေကျ သူ့ သူငယ်ချင်း တစ်ယောက် ဖြစ်သူ ဦးတင်ဖေ က -
“ ငတေ မင်း တကယ် ပြော တာ လား ”
ဟူသော အမေး မဆုံးမီ ပင် သူတော် ငတေ က မြေ ကို ဖနောင့် ပေါက်ပြီး
“ ဘာ ငတေ လဲ ကွ ၊ ဟင် ”
ဟု အော် လိုက်ရာ ဦးတင်ဖေ မှာ သုံးရက် လုံးလုံး ပါးစပ် ကို ဖွင့် မရ တော့ဘဲ အာစေး မိ နေကာ သူတော်ငတေ ကို လာပြီး တောင်းပန် ကန်တော့ မှ ဦးတင်ဖေ ပါးစပ် ပြန် ပွင့် လာသည် ။
ထိုနေ့ ထိုအချိန် က စပြီး သူ့ ရှေ့ တွင် သူ့ ကို မည်သူမျှ “ ငတေ ” ဟု မခေါ်ဝံ့ ကြတော့ ။ သို့သော် ကွယ်ရာ၌ မူ ယခင် ငတေ အတိုင်း ပင် ယခုလည်း ငတေ ၊ ငတေ ဟု သာ ခေါ်နေကြခြင်း ဖြစ်သည် ။ ဤသည်ကို သူ က လည်း သိ သဖြင့်
တစ်ခါ တစ်ခါ -
“ ငတေ နဲ့ တွေ့မယ် ၊ ငတေ အကြောင်း သိမယ် ”
ဟုတော့ ကြိမ်း တတ် သေးသည် ။
ရွာ ဆီ မှ နှစ်ပေါင်း သုံးဆယ် ကျော် ခန့် ပျောက် နေ ခဲ့သော ငတေ သည် ဘယ်ကို ရောက်ခဲ့၍ ဘယ်လို ပညာမျိုး တတ်လာသည် ကို တော့ မည်သူမျှ မသိကြ ။ သူတော်ငတေ မိမိ ရွာ သို့ ရောက် လာသော နှစ် က ပင် ယာတောင်ရွာသူ ရွာသား အများ တို့ သည် မြို့ က မန္တလေးမြို့ ရတနာပုံ ထုတ် သင်္ကြန်စာ ကို ဝယ် ဖတ်စရာ မလိုဘဲ သူတော်ငတေ က သူ့ ဘာသာ သူ တွက်ချက် ထုတ်သော သင်္ကြန်စာ ကို သာ ဖတ်ကြရသည် ။
အစက မူ တေတေပေပေ နှင့် ပင် ဘုန်းကြီးကျောင်း အောက် တွင် ပေါက်ကရ လုပ် ပေါက်ကရ နေ နေ သော သူတော်ငတေ ထုတ် သင်္ကြန်စာ ကို မည်သူမျှ မယုံကြချေ ။ သူ့ ဘာသာ သူ စိတ်ကူး ပေါက်ရာ တောရေး တောင်ရေး ဖြင့် လျှောက်ပြီး ရေးထား တာ ဟု ထင် ခဲ့ ကြသည် ။
နောက်တော့ မန္တလေး က သင်္ကြန်စာ နှင့် တိုက် ကြည့် ကြရာ နေကြတ် ၊ လကြတ် ၊ သင်္ကြန်ကျရက် ၊ တက်ရက် ၊ တစ်ရက် မျှ မလွဲ ။ မန္တလေး သင်္ကြန်စာ နှင့် သူတော်ငတေ ၏ လက်ရေး သင်္ကြန်စာ တို့ မှာ အတူတူ ပင် ဖြစ်နေ လေသည် ။ သင်္ကြန်မင်း စီး ဆင်းသော နဂါး ၊ ဂဠုန် ၊ ကုမ္ဘဏ် ၊ ယက္ခ အကောင်ဗလောင် တွေ နှင့် မီးတုတ် ၊ ရေချမ်းအိုး ၊ ဓားလှံ ၊ ပုဆိန် စသည်များ ကို သူတော် ငတေ က မန္တလေး သင်္ကြန်စာ ပါ အခြင်းအရာ အားလုံး နှင့် တစ်ထပ် တည်း ကျ နေအောင် ပန်းချီ ရေး၍ ဆေးရောင်စုံ ပင် ဖော်ထားရာ ဗြဟ္မာဦးခေါင်း ရွက် ထားကြရမည့် နတ်သမီးများ အရုပ် မှာ သူတော်ငတေ က ပင် သာ နေ သေးသည် ဟု ချီးကျူး လာကြသည် ။
သည်လိုနှင့် တော မှာ တောင် မှာ ကျွဲ ပျောက် ၊ နွားပျောက် ၊ ဥစ္စာပျောက် ၊ လူ ပျောက် ကအစ တဖြည်းဖြည်း နှင့် သူတော်ငတေ ဆီ ၌ မေးမြန်း လာကြသည် ။
သူတော်ငတေ ဟော လိုက် လျှင် လည်း မှန်သည် က များ လာသည် ။ ဤသို့နှင့် တစ်ယောက် စကား တစ်ရာ နား ပေါက် ကာ ရွာနီး ချုပ်စပ် တစ်ဝိုက် က ပါ ယခုအခါ သူတော်ငတေ ဆီ ၌ ဗေဒင်ယတြာ ၊ ဆေးဝါး ဓာတ်စာ ၊ ကလေးသူငယ်နာ မာတြာ အစွဲအချွတ် တို့ ကို လည်း လာမေး လာကု တတ် ကြသည် ။
သူတော်ငတေ ကုသပေး လိုက် လျှင် ပျောက်သည်က တော့ များ၏ ။
သို့သော် တစ်ခု ဆိုး နေသည် မှာ သူတော်ငတေ က နှုတ် ကြမ်းသည် ။ စိမ်းသည် ကျက်သည် မရွေး ၊ မထင် လျှင် မထင် သလို ပြောဆို တတ်၏ ။ ယောက်ျားသနာများ ကို ခွ ဘုဘောက် ပြောတတ် သလို ၊ မိန်းမသူများ ကို လည်း ဆဲဆို ၍ မယား ပြော ပြောချင် ပြောသည် ။ ဤသည်တို့ ကြောင့် လည်း တော်ရုံတန်ရုံ ရောဂါဘယ နှင့် တော့ သူတော်ငတေ ဆီ မလာဝံ့ကြ ။ တခြား ရွာသူရွာသား ပတ်ဝန်းကျင် ရွာနီးနားများ က မည်မျှ အထင် ကြီးကြ ကြီးကြ ယာတောင် ရွာသားများ ကတော့ ရွာနွား ရွာမြက် မစား ဆို သလို သူတော်ငတေ ကို အထင် လည်း မကြီးကြ ။ အစဉ်အလာ ရှိ၍ အဖေ လည်း ဆေးဆရာ ၊ သား လည်း ဆေးဆရာ ဖြစ်သော ဝေယံလင်း တို့ အဖေ ဦးပန်းစိမ်း ကို သာ အားကိုး ကြ သည် ။ အနေစုတ် ၊ အစားစုတ် ဗရုတ်သုတ်ခ နေသော သူတော်ငတေ ကို အထင် မကြီးကြ ။
သို့သော် ယခု သူတို့ ရွာ ကို ညည ပိတုန်းကောင်များ ရာချီ ထောင်ချီ ပြီး ဝင် လာပြီး ရွာလယ်လမ်း က လူတွေ ကို လိုက်တုပ် လိုက်ထိုး နေသော ကိစ္စ မှာ တော့ သူတို့ အထင် ကြီး ကြသော သမားတော်ကြီး ဦးပန်းစိမ်း လည်း ဘာမှ မသိ မတတ်နိုင် ဖြစ် သဖြင့် နောက်ဆုံး မှာ သူတော်ငတေ အဖေ ၏ သူငယ်ချင်း ဖြစ်ခဲ့ဖူး သူ ဦးထွန်းပေါ် ၊ သူတော်ငတေ နှင့် ငယ်စဉ် က ပင် ပေဖော်ပေဖက် တေဖော်တေဖက် ငယ်သူငယ်ချင်း ဖြစ် သူ ရွာလူကြီး ဦးသံတိုင် ၊ မိမိ ရွာသား ဇာတိ မဟုတ် သော်လည်း မိမိ ရွာ တွင် အချမ်းသာဆုံး မုဆိုးမ နှင့် အိမ်ထောင် လာ ကျ နေ သော ရွာလူကြီး ဦးကံညွန့် တို့ က သူတော်ငတေ ထံ မှောက် လာရောက် ခစား နေကြရခြင်း ဖြစ်သည် ။
သူတော်ငတေ မှာ သူ ပြောချင် တာ သာ လျှောက် ပြော နေရ လျှင် လေ ဖြတ်၍ ရသူ မဟုတ် ၊ တစ်နေ့လုံး တစ်ညလုံး ထိုင်ပြီး ပြောနေ လျှင် လည်း သူ့ အတွေ့အကြုံ ဗဟုသုတ တွေ က ကုန်မည် မဟုတ် ။ ရွာလူကြီး သုံးယောက် မှာ သူတော်ငတေ ၏ စကား အဆက် မပြတ် ကိုသာ နားထောင် နေကြရ သော်လည်း စိတ် ထဲ က မူ တထင့်ထင့် နှင့် ။
အတော်ကြာ နေ က ဝင် တော့မည် ။ ယခင် ညများ က ကဲ့သို့ ဤနေ့ ည ၌ လည်း ပိတုန်းကောင်များ ရွာ ထဲ ကို ရာချီ ထောင်ချီ ဝင် လာ ကြပြီး ရွာသူရွာသားများ ကို လာရောက် ထိုး တုပ်ကြ မှာ စိုးရိမ် နေကြသည် ။ သို့သော် သူတော်ငတေ ၏ စကားတွေ ကလည်း အခု ထိ ရေပက် မဝင် အလျဉ် မပြတ် ဖြစ်နေသည် ။
ထို့ကြောင့် ရွာ ကိစ္စ စိုးရိမ် ကြီးနေသူ သူတော်ငတေ ၏ ငယ်သူငယ်ချင်း ဦးသံတိုင် က နောက်ဆုံး မနေ နိုင်တော့သဖြင့် အရဲစွန့် ကာ ..
“ ဦးသူတော် မိန့်ကြား နေ တာတွေ က တော့ မှတ်သားစရာ ချည်းပါပဲဗျာ ။ ဒါပေမဲ့ ခု နေ ဝင် တော့မယ် နော် ”
ဟု သတိ ပေး လိုက်သည် ။
“ နေ ဝင်တော့ လည်း မိုး ချုပ် မှာ ပေါ့ ဗျာ ။ ဒါ ကမ္ဘာ့ နိယာမ ပဲ ကိုသံတိုင် ရဲ့ မဆန်းပါဘူး ”
သူတော်ငတေ က သူ့ ထုံးစံ အတိုင်း မထီတရီ အပြုံး နှင့် ဦးသံတိုင် ကို ပြန် ပြော လိုက်၏ ။
“ နေ ဝင်လို့ မိုး ချုပ်တာတော့ ကမ္ဘာ့ နိယာမ ဟုတ်ပါတယ် ၊ ဒါပေမဲ့ ခု ဦးသူတော် ဆီ ကျုပ်တို့ လာ တိုင်ပင် နေကြတာ က နိယာမ ကိစ္စ မဟုတ် တာကို ပြောတာပါ ”
“ ဟင် … နိယာမ ကိစ္စ မဟုတ်တာ ၊ ဘာပါလိမ့် ”
“ အရေးထဲ သူ့ ဉာဉ် အတိုင်း ဒီ ငတေ လုပ်နေ ပြန်ပြီ ”
ဟု စိတ် ထဲ က တွေး လိုက် ကာ ဦးသံတိုင် က
“ နိယာမ မဟုတ်တဲ့ ကိစ္စ က ညည ကျုပ်တို့ ရွာ ထဲ ပိတုန်းကောင်တွေ ဝင် နေတဲ့ ကိစ္စလေ ဦးသူတော် ”
ဟု ပြော လိုက်ရပြန်၏ ။
“ ဟဲဟဲ ခင်ဗျား နားငြီး ရင် နားငြီး တယ် ပြောစမ်းပါ ”
“ ဟဲဟဲ နားငြီးလို့ မဟုတ်ပါဘူး ဦးသူတော် ရာ ။ ခင်ဗျား ပြောတာ အားလုံး မှတ်လောက် သားလောက် အကျိုး ရှိတဲ့ စကားတွေ ချည်းပါ ။ ခု ကျုပ်တို့ တစ်ရွာလုံး စိုးရိမ် နေကြတာ က ဟို တစ်နေ့ က ဆို သန်းခေါင် နီးပါး မှ ရွာ ထဲ ဝင်လာကြတဲ့ ပိတုန်းကောင် တွေဟာ ကုန်ခဲ့တဲ့ ည ကတော့ သက်ငယ်ခေါင်းချ အချိန် မှာ ရွာ ထဲ ဝင် လာ ကြတယ် ။ ဒီနေ့ ကျ တော့ အဲဒီ ထက် စောစောစီးစီး ဝင် လာကြပြီး လူတွေ ကို ထိုးတုပ် ကြ မှာ စိုးရိမ် နေ ကြလို့လေဗျာ ။ ကျုပ်တို့ ရွာသူရွာသား တွေ ညည မအိပ်ကြရတာ နှစ်ည ရှိပြီ ဗျ ”
“ အဲဒီ ကိစ္စ စောစော က ပဲ ကျုပ် ပြော ပြီးပြီလေဗျာ ။ ခင်ဗျားတို့ တာဝန် က ဇာတိပေါ်သီး သုံးလုံး ရအောင် ရှာပေး ကြဖို့ပဲ မဟုတ်လား ”
“ ဦးသူတော် ပြောတဲ့ ဇာတိပေါ်သီး က ရနိုင် ပါတယ် ။ ရွာ က ဆေးဆရာ ဝေယံလင်း တို့ အဖေ ဆီ မှာ တောင် ရှိ မှာပေါ့ ။ ဒါပေမဲ့ သူ့ ကို လည်း ဦးသူတော် ပြော သလို ဇာတိပေါ်သီး လို့ ပြော လို့ က တော့ သူ လည်း နားလည် မှာ မဟုတ်ဘူး ။ ဇာတိပ္ဖိုလ်သီး လို့ ပဲ ပြော တောင်းရမှာပဲ ။ ရပါတယ် ”
“ ရပါတယ် ဆို ဒါနဲ့ မပြီးသေးဘူး ဗျ ”
“ ဗျာ နောက် ဘာလိုသေးလဲ ”
ဇာတိပ္ဖိုလ်သီး ကို အများ ခေါ် သလို ဇာတိပ္ဖိုလ်သီး ဟု မပြောဘဲ နောက် သူ လို ချင်သော ပစ္စည်း တစ်ခု ခု ကို လည်း သူတော်ငတေ က သူ့ စကား နှင့် သူ စကား ပြောပြီး ခက်ခက်ခဲခဲ ရှာခိုင်း နေဦး မလား ဟု လန့် သွားသူ ရွာလူကြီး ဦးသံတိုင် က သူတော် ငတေ ၏ မျက်နှာ ကို လှမ်းကြည့် ကာ အရေးတကြီး မေး လိုက်ပြန်၏ ။
“ နောက် လိုတဲ့ ပစ္စည်း က တော့ အပ်ချည်လုံး ပါ ဗျာ ၊ အပ်ချည်လုံး ကတော့ အပြောင်းအလဲ မရှိသေးပါ ဘူး ။ သူတော် လည်း အပ်ချည်လုံး ၊ ခင်ဗျားတို့ လူတွေ လည်း အပ်ချည်လုံး ပဲ ခေါ်ကြတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ ဟုတ်ပါတယ် သူတော် ”
ဦးကံညွန့် က အလျင်စလို ဝင် ပြော လိုက်၏ ။
“ ခင်ဗျားတို့ ယာတောင်ရွာ ကို ရွာ အပြင် ဘက် က အပ်ချည်လုံး နဲ့ ဝိုင်း ပတ် မယ် ဆိုရင် အပ်ချည်လုံး တစ်လုံး တည်း နဲ့ ရွာ ကို ဝိုင်းပတ် မိ နိုင် ပါ့မလား ”
“ တစ်ရွာလုံး ကို ပတ် ရ မှာလား ”
“ ဒါပေါ့ဗျာ ၊ စောစောကပဲ ပြော နေ တာ တစ်ရွာလုံး မပတ် လို့ ခင်ဗျား တစ်အိမ်တည်း ကို ကွက် ပတ်လို့ တော့ ရ မလား ”
ဤ တစ်ခါတော့ သူ့ စကား ကို အလေးအနက် နားမထောင်ရ ကောင်းလား ဟု သူတော်ငတေ က ဦး သံတိုင်ကို ခပ်တည်တည် နှင့် ဟောက် တော့သည် ။
“ ကျုပ်တို့ ရွာ က တစ်အိမ် နဲ့ တစ်အိမ် တစ်ခြံ နဲ့ တစ်ခြံ က လည်း ခပ်ကျဲကျဲ ရယ် ဆိုတော့ အပ်ချည်လုံး တစ်လုံး တည်း နဲ့ တော့ ရွာ ကို ပတ်စေ့အောင် မမီနိုင်ဘူး ထင်တယ် ”
ဤ စကားတွေ ကို တော့ ဦးထွန်းပေါ် က တွေးတွေးဆဆ နှင့် ဝင် ပြောသည် ။
“ ဟုတ်တယ် ဦးကြီး ၊ အိမ်တွေ က လည်း ဟိုနား သုံးအိမ် ၊ ဒီနား နှစ်အိမ် ဖြစ် နေတော့ အပ်ချည်လုံး တစ်လုံး တည်း နဲ့ တော့ ရွာ ကို ပတ်မိ မှာ မဟုတ်ဘူး ထင်တယ် ”
“ အပ်ချည်လုံး တစ်လုံး နဲ့ မပတ်မိရင် နှစ်လုံး ပေါ့ဗျာ နော် ”
ဦးကံညွန့် စကား မဆုံးခင် မှာ ပင် သူတော်ငတေ က ထပ် ပြော လိုက်၏ ။
ထိုအခါမှ ဦးသံတိုင် မှာ လည်း သက်မ ချ နိုင် တော့သည် ။
စောစောတုန်း က မူ အပ်ချည်လုံး တစ်လုံး တည်း နှင့် ခင်ဗျားတို့ ယာတောင်ရွာ ကို ပတ်စေ့အောင် ၊ ပတ်မိ အောင် ပတ် ကို ပတ်ရမည် ဟု သူ့ ထုံးစံ အတိုင်း သူတော်ငတေ က ကတ်သီးကတ်သတ် များ ခိုင်းလေမလား ဟု စိတ် တထင့်ထင့် နှင့် သူတော် ငတေ ၏ မျက်နှာ ၊ ပါးစပ် တို့ ကို သာ စိုက်ကြည့် နေသော ဦးသံတိုင် မှာ ယခု တော့ သက်မ ချနိုင် သွားပြီ ဖြစ်သည် ။
သို့သော် နောက်ထပ် ဘယ်လို ပစ္စည်းမျိုးများ ရှာခိုင်း ဦးမည်နည်း ဟု သူတော်ငတေ စကား ကို ဤ တစ်ခါ တော့ လေးလေးစားစား ပင် နားစိုက် ထောင် နေရ ပြန်၏ ။
“ ဇာတိပေါ်သီး က လည်း ဝေယံလင်း တို့ အဖေ ဆီ မှာ ရမယ် ဆိုတော့ အပ်ချည်လုံး အသစ် နှစ်လုံး ပဲ လို တော့ တာပေါ့ ”
“ အပ်ချည်လုံး က လည်း ရပါတယ်ဗျ ၊ နောက်ထပ် သာ ဘာလို ”
“ နောက်ထပ် ဘာမှ မလိုတော့ဘူး ။ ရမယ် ဆိုရင် ခင်ဗျားပဲ ခု သွား ရှာ လာ တော့ ဘယ်လို အစီအမံ လုပ်ရမယ် ဆိုတာတော့ ဒီ က ဦးကံညွန့် နဲ့ ဦးလေးထွန်းပေါ် တို့ ကို ကျုပ် ပြော ထား လိုက် ပါ့မယ် ။ ကဲ ခင်ဗျား သွားတော့ ”
သူတော်ငတေ က သူ့ စကား မဆုံးခင် ပင် “ သွားတော့ ” ဆိုတော့ မှ ဦးသံတိုင် မှာ လည်း တော်ပါသေးရဲ့ ဟူသော အတွေး နှင့် အပ်ချည်လုံး အသစ် နှစ်လုံး ရှာရန် နှင့် ဆေးဆရာ ဝေယံလင်း တို့ အဖေ ဆီ သူတော်ငတေ ပြောပြ လိုက်သော ဇာတိပေါ် သီး တောင်းရန် ယာတောင်ရွာ ထဲ ဆင်း လာလေသည် ။
ရွာ ကို ညည ပိတုန်းကောင်တွေ ဝင်သည့် ကိစ္စ နှင့် အစိုးရိမ်ကြီး ရှာသူ ရွာလူကြီး ဦးထွန်းပေါ် က ဦးသံတိုင် ကျောင်း အဝ နား အရောက် တွင် ထပ် ၍ မှာ လိုက် သေး၏ ။
“ သံတိုင် ၊ တကယ်လို့ ဇာတိပ္ဖိုလ်သီး နဲ့ အပ်ချည်လုံး အသစ် ရှာ မရ ရင် မင်းရွာ သွား ဝယ်ဖို့ ချက်ချင်း လွှတ် လိုက်ကွ နော် ။ နောက်မကျစေနဲ့ နေ ဝင်တော့မယ် ” ဟု လှမ်း မှာ လိုက် သေးသည် ။
◾ဝေယံလင်းခေါင်
📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment