Wednesday, September 27, 2023

ကြေးရည် သောက် တဲ့ ည


 ❝ ကြေးရည် သောက် တဲ့ ည ❞ 


ပူလောင်တဲ့ အဆောင် ရဲ့ အခန်းကျဉ်းလေး ထဲ ကနေ အပြင် ကို ထွက် လိုက် တော့ အေးစိမ့်တဲ့ ပတ်ဝန်းကျင် က ဆီးကြိုလို က်တာများကွယ် ။ ကြည့်စမ်း ပါဦး ၊ တစ်လောကလုံး သြကာသ ရော သတ္တ ပါ အိပ်စက် နေကြတယ် ထင်ပါ ရဲ့ ။ သစ်ပင် တွေ ၊ အိမ် တွေ က လည်း အရိပ်မည်းကြီး တွေ နဲ့ ။ ဘေးအိမ် က ရေနံ ချေး သုတ် ထားတဲ့ သစ်သား နံရံ ပေါ်မှာ လေးဆယ်ဝပ် မီးလုံးဝါဝါ တစ်လုံး ပဲ လင်း နေတော့ အလင်းအဝါ နဲ့ အမှောင် အနက်တွေ ပဲ အရောင် ရှိ ရဲ့ ။ 


ညမွှေးပန်းရနံ့လေး က ညဦးပိုင်း က ရ လိုက် သေးတယ် ၊ အခုတော့ ပြန်လည် အိပ်စက် သွားကြ ပြန်ပြီ ။ အုန်းပင် ၊ သရက်ပင် ၊ ကွမ်းသီးပင်တွေ က လည်း မည်းနက်နက် တချို့ ရယ် ၊ အဝါရောင် မီးလုံးကြောင့် ဝါတာတာ တချို့ ရယ် ၊ သိပ် မြင့်တဲ့ အုန်းလက်တွေ အောက်ဘက် မျက်နှာပြင် တစ်ခြမ်း က အဝါရောင် အလင်း နဲ့ တစ်ခြမ်း က မည်းမှောင် နေတာရယ် ၊ ခပ်သေးသေး အုန်းပင်ပေါက်စ ရဲ့ ထောင်မတ် နေတဲ့ အုန်းလက် ကို အလင်းရောင် ဝင်ပြီး ညအမှောင် ရဲ့ နောက်ခံ မှာ ထင်း နေတာ ရယ် ၊ ပြီးတော့ ဒီ ည မှာ စ ကြား ရတဲ့ မိုးပေါက် ကျ သံ တဖြောက်ဖြောက် ရယ် ၊ တိတ်ဆိတ် နေတဲ့ ည ရဲ့ အိပ်စက်မှု ရယ် က ဖြင့် ငါ့ အခန်း ထဲ မှာ ချိတ်ထားတဲ့ “ ဟင်နရီ ရူးဆိုး”  ရဲ့ တောကြီးထဲ က “ မြွေအလမ္ပယ် ဆရာမ” ပန်းချီကား ကို ကြည့် နေရ သလိုပါပဲ ။ 


ဘယ် က မျက်စိလည် လာမှန်း မသိတဲ့ အချိန်အခါ မဲ့ မိုး ကလည်း ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် မိုးစက်တွေ မှန်း သိအောင်တော့ ဖြောက် .... ဖြောက် .... ဖြောက် နဲ့ သွပ်မိုး ပေါ် ၊ သစ်ရွက် ပေါ် ကျဆင်း နေပါရဲ့ ။ “ ရူးဆိုး”  ရဲ့ ပန်းချီကား ထဲ မှာတော့ အလမ္ပယ်ဆရာ နား မှာ မြွေတွေ လာ နေ လိုက်ကြ တာ လည်ပင်း မှာ ရော ၊ သစ်ကိုင်း ပေါ် မှာ ရော ၊ မြက်တော ထဲ မှာ ရောပါပဲ ။ ငါ့ နား မှာ တော့ ခြင်တွေ ပဲ တဝီဝီ နဲ့ ရှိနေကြရဲ့ ။ ရူးဆိုး ရဲ့ တောကြီး လောက် မနက် ပေမယ့် ငါ့ ရှေ့ က သစ်ပင်တွေ က လည်း ထူထပ် ပါတယ် ။  သူ့ ပန်းချီ ကား ထဲ မှာ တောကြီး ရဲ့ မာယာတွေ ပြည့် နေ သလို ငါ့ ရဲ့ ဟောဒီ ည မှာ လည်း မာယာတွေ ပြည့်နှက် လို့ ပေါ့လေ ။ ပျောက်ကွယ် သွားတဲ့ ညဦးပိုင်း က ညမွှေးပန်း ရနံ့လေးရယ် ၊ မှေးမှိန် သွားတဲ့ ကြယ်ကလေးတွေ ရယ် ၊ တစ်ကောင်တ ည်း အော် နေတဲ့ ပုရစ်ကလေးရယ် ၊  သစ္စာ ပျက်သွားတဲ့ လူ တစ်ယောက် ရယ် ဟာ ဟောဒီ ည ရဲ့ မာယာ တွေ ပေါ့ ။ သူငယ်ချင်း မိတ္ထီလာ ကိုဖူးဝေ ပြော သလို မြွေ တစ်ကောင် လို ခွေ နေတဲ့ ည ရဲ့ လေ လည်း ပါတာပေါ့ လေ ။ 


ဟင်နရီရူးဆိုး ရဲ့ ပန်းချီကား ထဲ မှာ တော့ လမင်းကြီး က ဝင်းဝင်းဝါ လို့ ။ သစ်ပင်တွေ မှာ ဝင်း နေတဲ့ အလင်းရောင် ဝါဝါတွေ ကလည်း လမင်းကြီး ရဲ့ အရောင်တွေ ပေါ့ ။ ငယ်ငယ်တုန်း က ကျောင်းသင်ခန်းစာ ကဗျာ တစ်ပုဒ် ထဲ ကလို ရွှေစက် ရွှေပြောက် ရွှေရည်တွေ သောက် နေ လိုက်ကြတာ ။ ငါ့ ည ရဲ့ သစ်ပင်တွေ က တော့ လျှပ်စစ်မီး ဝါကျင့်ကျင့် အရောင်တွေ ဝင် နေတော့ ကြေးဝါရောင် တွေ ပဲ တောက် နေလေရဲ့ ။ ကြေးစက် ကြေးပြောက် ကြေးရည် သောက် နေကြတာပေါ့ ။ လဆန်းည တစ်ည ဆိုတော့ ဟောဒီလို သန်းခေါင် ကျော် တော့ လ က လည်း ဘယ်မှာ သွား အိပ် နေတယ် မသိပါဘူး ။ ငါ့ မျက်စိ မြင်ကွင်းထဲ မှာ မတွေ့ တော့ဘူး ။ ပျောက် နေပြီ ။ 


မိုးစက်တွေ ကျတာ ပိုပြီး စိပ် လာ သလိုပဲ ။ ကြောင် တစ်ကောင် အော် နေ ပြန်ပြီ ။ ကလေးငယ် တစ်ယောက် ရဲ့ ငိုသံ နဲ့ တူအောင် ကြောင်တွေ ကို ဘယ်သူ က များ သင်ပေးခဲ့ သလဲ မသိဘူး ။ ကျား ဆရာ ကြောင် တဲ့ ။ ကြောင် ရဲ့ ဆရာ က ရော ။ နည်းနည်းလေး ချမ်း စိမ့်စိမ့် ဖြစ်လာပြီ ။ မိုးစက်တွေ ပို ကျ လာပြီး ချမ်းလာတာ မိုးလင်းခါ နီးလို့များ လား မသိဘူး ။ ချမ်းအေး လာတာ နဲ့ အမျှ ငါ့ ရှေ့ က သစ်ပင်တွေ က  ပိုပို ပြီး တောနက် လာ နေပြီ ။ ဟောဒီ အခန်း မှာ နေခွင့် ရမယ့် အချိန်လေး က လည်း မကြာခင် ကုန်ဆုံး သွားတော့မှာပေါ့ ။ 


မနက်ဖြန် ဟောဒီ အဆောင် က နေ အားလုံး စွန့်ခွာ ရမယ် ။ ဒီ အဆောင်လေး မှာ ဒီ ည နောက်ဆုံး အိပ်စက်ခွင့် ရကြခြင်းပါ ပဲ ။ လူ တစ်ယောက် သစ္စာ ပျက် လိုက်တာ နဲ့ လူတစ်စု ဟာ ကစဉ့်ကလျား လွင့်စဉ် သွားရတဲ့ အဖြစ် ကို ခံစား နေကြတယ် ။ ညီအစ်ကို လို ချစ်ခင်မှုတွေ နဲ့ အေးအတူ ပူအမျှ နေထိုင် လာခဲ့ကြတဲ့ ငါတို့ ချည်း နေခဲ့တုန်း က ဘာ ပြဿနာ မှ မပေါ်ပေါက်ခဲ့ပါဘူး ။ ဒီ ဇာတ်လမ်း ရဲ့ ဇာတ်လိုက် ဟောဒီ အဆောင် ကို ရောက် လာတာက စတာ ပါပဲ ။ ဘယ်နေ့ လဲ လို့တော့ မမှတ်မိဘူး ။ သူ့ အခန်းဝ မှာ တိုင်းရင်းသား နာမည် လိုလို တစ်ခု ကို မြေဖြူ နဲ့ ရေး ထားတာ ကို တော့ သတိပြု မိ ရဲ့ ။ ရိုးရိုးသားသား မျက်နှာပေး မျိုးနဲ့ ပါပဲ ။ အဆောင်ပိုင်ရှင် ဆီ က ကြားရပြန်တော့ စာရေးဆရာ ၊ လုံးချင်းဝတ္ထု ရေး မလို့ ၊ သူ့ အစ်ကို က ထုတ်ဝေသူ ။ တံခါး က နာမည် က သူ့ ကလောင်နာမည် တဲ့ ။ ငါ တော့ ကြားလည်း မကြားဖူးတဲ့ နာမည် ရယ် ၊  မဂ္ဂဇင်း ဝတ္ထုတို လည်း ဒီ နာမည် နဲ့ မဖတ်ဖူး တာရယ် ကြောင့် လုံးချင်းဝတ္ထု ရေး မလို့ ဆိုတော့ ငါ့ အဖို့တော့ တော်တော် ထူးဆန်း နေမိတယ် ။ ဘာပဲပြောပြော တစ်မိုး အောက် မှာ အတူနေ သူတွေ ဆိုတော့ ကြာတော့ လည်း ရင်းနှီးကြတာ ပေါ့လေ ။ အထူးသဖြင့် သူ က စာအုပ်လေး ဘာလေး ဖတ်တယ် ၊ အနုပညာ ဝါသနာ ပါတယ် ဆိုပြီး ငါ့တို့ အခန်း နဲ့ က တော့ အရင်းနှီးဆုံး ပေါ့ ။ “ ပန်းပုဆရာ ရယ် ၊ ဂစ်တာသမား ရယ် ၊  ငါ ရယ်” စု နေတဲ့ အခန်း ထဲ က ဗုဒ္ဓ ၏ အဆုံးအမအောက် ၌ နေထိုင်ကြသော ဆင် ၊ မျောက် ၊ ခါ ညီနောင် သုံးဦး ဆိုတဲ့ စာတန်း ကို ဖတ်ပြီး သူ က မေးတယ် ။  “ ကျွန်တော် က တော့ ဘာလဲဗျာ ” ဆိုတော့ ငါ က အမှတ်တမဲ့ ပါပဲ ၊ “ ကျားပေါ့ ” လို့ ပြော လိုက်တယ် ။ 


နောင်တော့လည်း သူ ဟာ တကယ်ပဲ ကျား တစ်ကောင် ဖြစ် နေတာ ပါပဲ ။  တစ်ရက် မှာ သူ့ အခန်းဖော် အင်္ကျီ ပျောက်တယ် ။ အဆော င်မှာ အင်္ကျီ ပျောက်တယ် ဆိုတာ ရေ ထဲ “ ခဲလုံး” ကျ တာ လောက်တောင် မထူးဆန်း တာမို့ “ ဟုတ်လား ” ဆိုတာ လောက်ပါပဲ ။ နောက်တော့ ရက်ခြား ဆို သလိုပါပဲ ။ ဂျီတီအိုင် ဆင်း ကန်ထရိုက် နှစ်ယောက် က ပုဆိုးတွေ ပျောက်တယ် ။ မန္တလေး က ကုန်ဝယ် တဲ့ ကိုယ်စားလှယ် အင်္ကျီ ပျောက်တယ် ။ ရူပဗေဒကျောင်းသား အင်္ကျီတွေ ပျောက်တယ် ။ ငါ့တို့ အဖို့တော့ ဘာမျှ မထူးဆန်းပါဘူး ။ တို့ အခန်း လည်း ခိုးလှည့်ပါဦး လို့ တောင် အော် အော် နေလိုက်သေး ရဲ့ ။ တစ်ရက် ကျ တော့ ငါတို့ အခန်း အခိုးခံ လိုက်ရတယ် ။ ဒါပေမယ့် မိုးကုတ် က အလည် လာ တဲ့ သူငယ်ချင်း အင်္ကျီ ပဲ ပါ သွားတယ် ။ အကုန်တော့ မဟုတ်ပါဘူး ။ နှစ်ထည် ပဲ ဆိုတော့ သူ က လည်း ပြုံးပြုံးပါပဲ ။ ယူပါစေ တဲ့ ။ ဒါပေမယ့် အခန်း ထဲ မှာ ထားရင်း ပျောက်သွားတာ ဆိုတော့ အဆောင်ပိုင်ရှင် လည်း စိတ်ညစ် သွားတယ် ။ ပျောက် တဲ့ ပစ္စည်းတွေ က သူတို့ ဟာ ဒီ အဆောင် က လူ တစ်ယောက် ရဲ့ ယူဆောင်ခြင်း ကို ခံရတာပါ လို့ ညွှန်ပြ သွားကြရဲ့ ။ တစ်ဆောင်လုံး နည်းနည်း တော့ လှုပ်ခတ် သွား ကြတယ် ။ 


မကြာပါဘူး ။ တစ်ပတ် မပြည့်ခင် မှာ တင် ထိခိုက် လောက်အောင် ဒုတိယ အကြိမ် အခိုးခံ လိုက်ရ ပြန်တယ် ။ ငါတို့ က အလှည့်ကျ ပြီး သွားပြီ ထင်နေတာ ၊ ကျားတွေ ဟာ သူတို့ သားကောင် ကို နောက် နေ့ မှာ လာ စား တတ်သေး ကြောင်း ကို လက်တွေ့ ပြ လိုက်တာ ထင်ပါရဲ့ ။ ပန်းပုဆရာ က တော့ ပြောတယ် ။ ဒီ တစ်ခါ ခိုးသူ အပြစ် မဟုတ်တော့ဘူး ၊ ငါတို့ အပြစ် တဲ့ ။ ဟုတ်ပါတယ် ။ ငါတို့ က အခြား အခန်းတွေ လို အော်ကျယ် အော်ကျယ် မလုပ်ပါဘူး ။ ဒီ တစ်ခါ မိရင် ရိုက်မယ် ၊ နှက်မယ် ၊  တွေ့ မယ် လို့လည်း မကြိမ်းမောင်းပါဘူး ။ ခံ လိုက်ရ ပြန်ပြီ လို့ သတင်း ပေး ရုံလောက်ပါ ။ ဒါပေမယ့် အိပ်ရာဘေး ခေါင်းအုံး အောက် မှာ ထား တာတွေ ပျောက်သွားတယ် ဆိုတော့ မုဆိုးတွေ ပြော သလိုဆို စွတ် ကြောင်းကြီး က ထင်း လို့ ။  မြေလျှိုး မိုးပျံခြင်း က လွဲရင် အခန်း ထဲ ဝင် ယူ မှ ရတာ ။ ဒီ အခန်း ထဲ ဝင်တာ ၊ ထွက်တာ က လည်း အဲဒီ ဇာတ်လိုက် တစ်ယောက် တည်း ။ ဘယ်နား ဘာရှိ သိတာ လည်း သူ ပဲ ။ အဆောင်ပိုင်ရှင် က စပြီး တစ်ဆောင်လုံး ရိပ်မိ နေကြတယ် ။ အဆောင်ပိုင်ရှင် က စိတ်ဓာတ် ကျ သွားပြီး တစ်ခါမှ မခေါ်ဖူး တဲ့ အစည်းအဝေး ခေါ်တယ် ။ ရပ်ကွက် က လည်း သိကုန် ပြီ တဲ့ ။  အဆောင် နာမည် ပျက်တယ် ။ ဒီတစ်ခါ ပစ္စည်း ပျောက် ရင် အဆောင် ကို ပိတ်မယ်လို့ ကြေညာတယ် ။ 


အဆောင်ပိုင်ရှင် လင်မယား က ငယ်ငယ် ပဲ ။ သဘော ကောင်းတယ် ။  အားလုံး နဲ့ အဆင်ပြေတယ် ။ ကိုယ့် အိမ် လိုပဲ ။  လခ မပေး လည်း ငါးလ ခြောက် လ နေ လိုက် တာပဲ ။ ရေ ကို ကုန်နိုင်ရုံ သောက်ပါ တို့ ၊ အိမ်သာ တက် ပြီးလျှင် တံခါးပိတ်ပါ တို့ ၊ ဆယ်နာရီ ထိုးလျှင် မီးပိတ်ပါ တို့ စာတွေ လည်း ရေး မထား ပါဘူး ။ အထူးသဖြင့် တို့ အခန်း ကို တော့ သည်းအခံဆုံး ပါပဲ ။  ပန်းပုဆရာ က ပြပွဲ တင်ဖို့ ရက် နီးရင် တဒေါက်ဒေါက် နဲ့ ကျောက်ဆစ် တဲ့ အသံ ၊  ကိုဦး ရဲ့ ဂစ်တာစကေးလ် ကျင့်သံတွေ ကို အဆောင်သားတွေ နဲ့ အတူ ပိုင်ရှင်လင်မယား က လည်း ကောင်းကောင်းကြီး အောင့် နိုင် ထားတယ် ။ ဒီတော့ ငါ တို့ အပါ အဝင် အားလုံး ဒီ အဆောင်ကလေး ကို စွန့်လွှတ်ရ မှာ ကြောက်တယ် ။  ဒါကြောင့်ပဲ ဇာတ်လိုက် ကို နောက် တစ်ခါ ထပ် မလုပ်ပါစေ နဲ့ လို့ အိပ်ရာ ဝင်တိုင်း ငါတို့ အားလုံး မေတ္တာ ပို့ရတယ် ။

 

ဒါပေမယ့် ဇာတ်လိုက် သစ္စာပျက် သွားတယ် ။ 


ငါတို့ ရဲ့ စေတနာ ၊  မေတ္တာတွေ အပေါ် ၊  အေးအေး နေတတ်တဲ့ ဆင် ၊ မျောက် ၊ ခါ တို့ ရဲ့ သဘောကောင်းမှု အပေါ် အနိုင် ကျင့်ပြီး တတိယ အကြိမ် မြောက် ခိုးလိုက်တယ် ။ နောက်ဆုံး ပစ်မှတ် က ငါ ဖြစ်နေ တော့တယ် ။ သူ အခင် ဆုံး က ငါ တဲ့ ။ ဒါတော့ ဟုတ်ပါတယ် ။ ဒါကြောင့်လည်း ငါ့ ကို နောက်ဆုံး မှ ခိုးခြင်း နဲ့ သူ့ ရဲ့ ခင်မင်မှု ကို ပြ လိုက်တာ ထင်ပါရဲ့ ။ ငါ့ ပစ္စည်းတွေ ကို ဒီလို ရှောင် နေလို့လည်း ဘယ်သူ ခိုးတယ် ဆိုတာ အားလုံး ထက် ကြိုပြီး ငါ သိ နှင့် တာပေါ့ ။ 


တစ်ရက် ကျ တော့ ငါ တို့ ဆင် ၊ မျောက် ၊ ခါ သုံးကောင် နေ မြင့် မှ အိပ်ရာ က ထပြီး အဆောင် က ထွက်တယ် ။ အဲဒီ အချိန်မှာ ဇာတ်လိုက် က မရှိပါဘူး ။ ကိုဦး က ခိုးသူ ကို အတိအကျ သိချင် နေတယ် ။ သူ က ဘာသာပြန် စပိုင်ဝတ္ထုတွေ အဖတ် များ တော့ မနက် အဆောင် က ထွက်ရင် တစ်ပေါက် တည်း သော ငါ တို့ အခန်း တံခါး အောက်ခြေ မှာ “ ဆယ်လိုတိပ် ” အကြည် လေး တွေ စီ ပြီး ကပ်တယ် ။ ပြန် လာရင် အဲဒါကို ကြည့်ပြီး မှ တံခါး ဖွင့်တယ် ။ ရက် နှစ်ဆယ်လောက် အကြာ အထိ “ တိပ် ” လေးတွေ က ပြန် လာရင် ကပ် လျက် ပါပဲ ။ “ တိပ်” ဖိုး ဆယ့်ငါးကျပ် လောက် ကုန်တာပဲ အဖတ် တင်ထယ် ။ ဘာပစ္စည်းမှ လည်း မပျောက်ပါဘူး ။ အဲဒီ ရက် ကတော့ ငါတို့ ပြန် အလာ မှာ ကပ် ထားခဲ့တဲ့ “ တိပ် ” အကြည်စလေးတွေ က ကွာ နေပြီ ။ ဆဋ္ဌမအာရုံ တွင် မကပါဘူး ။ နဝမ ရော ၊ ဒသမ အာရုံတွေ အရ ပါ အဝတ်အစားတွေ အခိုး ခံရ ပြီ လို့ ကြို သိ လိုက်ရတယ် ။ 


အတိအကျ ပါပဲ ။ ငါ့ အိပ်ရာ အောက် ကို လှန် ကြည့်တော့ အမေ ဝယ် ပေး သွားတဲ့ သေနတ်သုံးလက် တံဆိပ် နဲ့ အင်္ကျီ လေးထည် က မရှိတော့ ဘူး ။ အမေ ဝယ် သွားပေးတဲ့ အင်္ကျီတွေ ဆိုတော့ ငါ့ ဒေါသ လွတ် ထွက် သွား တယ် ။ ဆူဆူညံညံ ပဲ အခိုး ခံရကြောင်း ပြောဆို မိတော့ တစ်ဆောင်လုံး နဲ့ အဆောင်ပိုင်ရှင် ပါ သိ သွားတယ် ။ ငါ က လည်း ဒီ တစ်ခါ နောက်ဆုံး အကြိမ်ပါ လား ဆိုတာ ရုတ်တရက် မေ့ သွားတော့ အဲဒီ ည မှာ ပဲ အဆောင်အစည်းအဝေး ခေါ်တယ် ။ တစ်လ နေခွင့် ပေးပြီး အဆောင် ပိတ် လိုက်ပြီ လို့ ပိုင်ရှင်  ဝမ်းနည်း စွာ နဲ့ ပဲ ကြေညာ လိုက်တယ် ။  တကယ်တော့ အဆောင်ပိုင်ရှင် က မပိတ်ချင်ပါ ဘူး ။ မခိုး တော့အောင် ဖိအား ပေး လိုက်တာပဲ ။ ဒါပေမယ့် ဇာတ်လိုက် က ဇာတ်တူသား စားလိုက်တယ် ၊ ဟင်္သာကိုးသောင်း တော့ မပျက်ပါဘူး ။ လူ ကိုးယောက် ကစဉ့်ကလျား ဖြစ်ရတော့မယ် ။ အဲဒီ နောက်ဆုံး အစည်းအဝေး မှာ အားလုံးရဲ့ မျက်လုံးတွေ က သူ့ ဆီ မှာ ။ အဆောင်ပိုင်ရှင် က သူ့ ကို စိုက်ကြည့် ပြီး အားလုံး ကို အခွင့်အရေး တစ်ခု ကြေညာ ပေးတယ် ။ 


“ သိကြတဲ့ အတိုင်းပဲ ။  ခိုးတဲ့ သူ ဟာ ခင်ဗျားတို့ ထဲ ကပဲ ။ အဲဒီတော့ အားလုံး ဒုက္ခ မရောက်ရအောင် ပစ္စည်းတွေ ကို ယူမိတဲ့ သူ ဟာ ကိုယ့် ကိုကို ယ် ဝန်ခံ လိုက်ပါ ။ ဒါမှမဟုတ် အလိုက်တသိ အဆောင် က ထွက်သွား လိုက်ပါ ။ အဆောင် ကို မပိတ်ဘဲ ဆက် ထားပေးပါ့မယ် ” လို့ တစ်လ အတွင်း ဝန်ခံ နိုင် ခွင့် နဲ့ ထွက်သွား ခွင့် ပေး လိုက်တယ် ။ 


ဒါပေမယ့် ဟောဒီ နောက်ဆုံး ည အထိ ဝန် မခံပါဘူး ။ ထွက် လည်း ထွက် မသွားပါဘူး ။ အားလုံး စိတ်ဆင်းရဲ နေတယ် ၊ မနက်ဖြန် ဆို အဆောင် က ထွက်ကြ ရမယ် ။ အခန်း အားလုံး မီး ပိတ် ထားပေမယ့် မအိပ်ကြ သေးပါဘူး ။ ဟောဒီ ည ကို သက်ပြင်းတွေ နဲ့ တည်ဆောက် နေကြတယ် ။ အဆောင်ပိုင်ရှ င်က အဲဒီ ဇာတ်လိုက် မပါဘဲ ကျန်တဲ့ သူတွေ ကို ပြောတယ် ။ “ ငါ သူ့ ကို ဗြောင်ပဲ ဖွင့် ပြောပြီး ထွက်ခိုင်း လိုက်မယ် ” တဲ့ ။ ကျန်တဲ့ အဆောင်သားတွေ က သဘောတူ ကြတယ် ။ ငါ တို့ ဆင် ၊  မျောက် ၊ ခါ က ဒီလို မလုပ် စေချင်ဘူး ။ သူ ဘယ် လောက်ရိုင်းရိုင်း လူ တစ်ယောက် ရဲ့ ဂုဏ်သိက္ခာ နဲ့ လူသား တစ်ယောက် ဖြစ်တယ် ဆိုတဲ့ အချက် ကို လေးစားတယ် ။ အဆောင် နေသူ အချင်းချင်း ၊ အဆောင် လခ မှန်မှန် ပေးနိုင်သူ အချင်းချင်း လက်ဆုပ် လက်ကိုင် မမိဘဲ နဲ့ ခင်ဗျား အင်္ကျီတွေ ခိုးတယ် မဟုတ်လား လို့ လုံးဝ မမေးနိုင်ဘူး ။ ဒါကြောင့် အဆောင်ပိုင်ရှင် ဦးဆောင် ပြီး ကိုးယောက် မဲ ခွဲတယ် ။ ဗြောင် ပဲ မဲ ပေး ကြတော့ ဆင် ၊ မျောက် ၊ ခါ ရယ် ၊ ရုံးလုလင် ကိုစံရွှေရယ် ၊ ရူပဗေဒကျောင်းသားရယ် က သူ့ ဘက် က လိုက် တယ် ။ ကိုးယောက် မှာ ငါးယောက် က ကာကွယ် တော့ ဇာတ်လိုက် ကံကောင်း ပြန်တယ် ။ မန္တလေး က  ကုန် အဝယ်တော် က ပြော ထယ် ။ “ ခင်ဗျား တို့ ဆင် ၊ မျောက် ၊ ခါ က တော့ အနုပညာသမားတွေ ဆိုတော့ ခပ်ကြောင်ကြောင် မို့ ထားပါတော့ဗျာ ။  ခွင့်လွှတ်ပါတယ် ။  ဟို နှစ်ယောက် က တော်တော် သဘောကောင်း နေကြတယ် ။ ဒီကောင် မထွက် ရင် တစ်ဆောင် လုံး ထွက်ရ တော့မှာ ။ ကိုစံရွှေ ၊ ခင်ဗျား ကို ဘယ် အဆောင် က မှ ငှားမှာ မဟုတ် ဘူး ” တဲ့ ။ နောက်ဆုံး အားလုံး က ငါ့ ကို တောင်းဆို ကြတယ် ။ မင်း နဲ့ အရင်းနှီးဆုံး မို့ မင်းနည်း မင်းဟန် နဲ့ နောက်ဆုံး တစ်ကြိမ် တော့ ဒီကောင့် ကို ဝန်ခံ ခိုင်း ကြည့်ရမယ် တဲ့ ။ ရှစ်ယောက် တစ်ယောက် ဆို တော့ ငါ က လိုက်လျော လိုက် ရတယ် ။ 


ငါ က မဟောသဓာ မဟုတ်ပါဘူး ။ မဟောသဓာ လို လည်း အများ ရှေ့ မှာ တရား မစီရင်ပါဘူး ။ တစ်ရက် ၊ ည မိုးချုပ်ချုပ် မှာ သူ က မခေါ်ရဲ လို့ စကား မပြောကြတဲ့ ကြား ကနေ အင်းလျားကန်ပေါင် ပေါ် ကို ခေါ်ပြီး မေးတယ် ။ ရှင်းရှင်း ပါ ပဲ ။ “ ကဲ ... ခင်ဗျား နဲ့ ကျွန်တော် နဲ့ ဘာမှ ပြောစရာ မလိုဘူး ။ ရက်စ် အော် နိုး တစ်လုံးသာ ဖြေတော့ ” လို့ ဆိုတော့ “ နိုး ” တဲ့ ။ ဒါတွင် မပြီးသေးဘူး ။ မျက်ရည်တလည်လည် နဲ့ စကားတွေ ရှည် နေသေးတာ ။ 


ငါ က သိနှင့် နေပြီးသားပဲ ။ တော်ပြီ ၊  ဘာမျှ ပြောမနေပါ နဲ့ ဆိုပြီး အဆောင်သား တွေကို တော့ “ နိုး ” တစ်လုံး ပဲ ပြန် ပြောခဲ့ရတယ် ။ 


အဆောင် ရဲ့ ပဉ္စမအကြိမ် ၊ ငါတို့ အခန်း ရဲ့ ပထမ အကြိမ် အခိုး ခံ ရ တုန်း က ဧည့်သည် ပစ္စည်းတွေ ကို လုပ်တယ် ။ အကုန် ယူနိုင် ရက် နဲ့ နှစ်ထည် ပဲ ယူတယ် ။ ဒုတိယ အကြိမ် မှာ ငါ့ ပစ္စည်းတွေ ချန်ပြီး မျောက် နဲ့ ခါ ရဲ့ပစ္စည်း နည်းနည်း ယူတယ် ။ တတိယ အကြိမ် နောက်ဆုံး ကျ မှ ငါ့ ပစ္စည်းတွေ ကို ခေါင်းအုံး အောက် ကနေ ယူ သွားတာ ။ ပြီးတော့ ဟောဒီ တစ်ဆောင်လုံး ငါ က လွဲ ရင် အဲဒီ ဇာတ်လိုက် တစ်ယောက် ပဲ သိတဲ့ ငါ့ ရဲ့ လက်စွပ်ပါးပါးလေး တစ်ကွင်း ။ “ အာရှတိုက် ရဲ့ အလင်းရောင် ” စာအုပ် ကို ဖုံးထား တဲ့ အဖုံး ကြား ထဲ မှာ ထည့်ထားတဲ့ အဲဒီ လက်စွပ်လေး ကို ယူ သွားတာ ။ မျောက် နဲ့ ခါ တောင် ငါ က အသိ မပေးရဲဘူး ။ ဒါကို သိရင် တန်အောင် အရိုက် ခံရ လောက်တယ် ။ သူ သိပ်ပြီး ချစ်ခင်ပါတယ် ဆိုတဲ့ ငါ့ ကို နောက်ဆုံး ကျ မှ အိတ် နဲ့ လွယ်သွား တော့တာ ကိုး ။ 


အဆောင် မှာ ပစ္စည်းတွေ စ ပျောက်တုန်း က ငါတို့ က သူ့ ကို အဆောင် မှာ အနေ များလို့ သော့အပ် ထားခဲ့တာ ။ ငါတို့ အခန်း အခိုး မခံရခင်လေး မှာ ပဲ သော့ ပြန် အပ်သွားခဲ့တယ် ။ ငါတို့ အခန်း ဒုတိယအကြိမ် ပျောက် ပြီး တစ်ပတ် လောက် နေတော့ တစ်ည မှာ ဇာတ်လိုက် တစ်ယောက် အရက် အတော် မူးပြီး ပြန် လာတယ် ။ တစ်ဆောင်လုံး အိပ်နေ ကြပြီ ။ ငါ တစ်ယောက် ပဲ အိပ် မပျော်ဘဲ ကျန်နေတာ ။ အလဲလဲ အပြိုပြို နဲ့ အခန်း ထဲ ဝင်သံတွေ ကြား ရပြီး မကြာခင် ဟောက်သံတွေ ကြား လာ ရတော့ အဆောင်တံခါး ကို ငါ ပဲ ပိတ်ရတော့ မှာ ပါ လေ ဆိုပြီး မီး ဖွင့် ၊ အပြင် ကို ထွက် လိုက်တော့ သူ့ အခန်း မှာ တံခါး ဖွင့်ပြီး သော့ခလောက် ကို ဖြုတ်ယူ မသွားဘူး ။ သော့တံ က လည်း တန်းလန်းပဲ ။ တစ်ချောင်း တည်း ရှိတဲ့ သော့တံ က နှစ်ချောင်း ဖြစ် နေတယ် ။ အပ်ချိတ် ထဲ မှာ ထည့် တွဲ ထားတဲ့ အပို သော့တံ က လမ်းဘေး ကု,လားဆိုင် မှာ ထပ် လုပ်ထား တာမျိုး ဆိုတော့ ငါ လည်း ရုတ်တရက် ပဲ ဘယ် အရာ က စေ့ဆော်တယ် မသိ ပါဘူး ။ ငါ့ အခန်း က သော့ခလောက် ကို ပိတ်ပြီး သူ့ ရဲ့ ပို နေတဲ့ သော့ နဲ့ အသာလေး ဖွင့် ကြည့် လိုက်တော့ ဘုရားရေ အလွယ်တကူ ပါ ပဲလား ။ အဲဒီ တစ်ညလုံး သူ့ ရဲ့ ပက်စက်မှု အပေါ် အံ့သြပြီး အိပ် လို့ မပျော်ခဲ့ဘူး ။ သူ့ ဆီ သော့ အပ်ထားတုန်း က အပြင် ကို ယူပြီး သော့တူ ထပ် လုပ်ထားခဲ့တာ ကိုး ။ ဒါကြောင့် တတိယအကြိမ် ဟာ မဝေးတော့ဘူး ဆိုတာ သိရက် နဲ့ မလုပ် လောက်တော့ပါဘူး လို့ တွေးရင်း ခံကြည့် လိုက်ရ တာပါပဲ ။ နောက်နေ့ တွေ ကျ တော့ သောတံ က တစ်ချောင်း တည်း ပြန် ဖြစ်သွား ရော ။ ငါ ဘယ်သူ့ မှ ဒီနေ့ ထိ ပြော မပြ ဖြစ် ခဲ့ပါဘူး ။ ဒါပေမယ့် ငါ့ ရဲ့ အားနာမှု ၊ ညီမျှစေချင်မှု တွေ က ဘာမျှ အထောက်အကူ မပြုလိုက်ဘူး ။ ငါတို့ ရဲ့ ခင်မင်မှု ၊ တန်ဖိုးထားမှု ၊ သစ္စာရှိမှု ၊ ဘာသာတူခြင်း နားလည်မှုတွေ ကို သူ က စတေး ပစ် လိုက်တာပါပဲ ။ 


တကယ်တော့ ဒါဟာ ခိုးမှု မဟုတ်ပါဘူး ။ အကြီးအကျယ် သစ္စာ ပျက်မှုပါပဲ ။ ငါတို့ ကလည်း ဘာလို့များ တခြားသူတွေ လို ဒါဟာ ခိုးမှုပဲ ။ ခံရသူ ပီပီ ဒေါသ နဲ့ တုန့်ပြန်ရမှာ ပဲလို့များ ဘာကြောင့် ဖြောင့်ဖြောင့်တန်းတန်း မတွေးနိုင်ရတာလဲ လို့ မသိတော့ပါဘူး ။ ဘာပဲ ပြောပြော လူ တစ်ယောက် သစ္စာ ပျက် လိုက်တာနဲ့ လူတစ်စု ဒုက္ခ ရောက်ရ တော့မယ် ။ မနက်ဖြန်မ နက် ဟောဒီ အဆောင် ကနေ အားလုံး ထွက်ခွာ ကြရတော့မယ် ။ ထူးဆန်းတယ် ။ ဇာတ်လိုက် အပါအဝင် ဆယ်ယောက် စလုံး နောက်ဆုံးည အထိ ဟောဒီ အဆောင် ကို ဖက်တွယ် နေကြတုန်းပဲ ။ ဒါပေမယ့် ကောင်းကောင်း အိပ်ပျော် နေတာ က တော့ ဇာတ်လိုက် တစ်ယောက်ပါပဲ ။ တစ်ရက် ထက် တစ်ရက် ညစ်နွမ်းပြီး အရောင်တွေ မှိန်မှိန် လာတဲ့ သူ့ မျက်နှာရယ် ၊ ကြွေမွစုတ်ပြတ် နေတဲ့ သူ့ ရဲ့ သိက္ခာရယ် ကို ဖက်တွယ် ထားရင်း ပေါ့လေ ။ 


ည က လည်း ပိုလို့ ပိုလို့ နက်ရှိုင်း လာ နေတယ် ။ မကြာခင် ငါ တို့ ဆင် ၊ မျောက် ၊ ခါ လည်း ခဏ ခွဲနေကြရဦးတော့မယ် ။ ငါ တို့ ထွက်ခွာသွား တဲ့ အခါ ဟောဒီ အဆောင်လေး က ငါ့ အတွက် သမိုင်းဟောင်း တစ်ခု ကို လက်ဆောင် ပေး လိုက်တော့မှာပါ ။ ငါ ရော ဟောဒီအဆောင်လေး မှာ ဘာတွေ တိုးတက်ခဲ့ သလဲ ။ ဘာတွေ ဆုံးရှုံးခဲ့လဲ ။ ငါတို့ မြို့ ပြန် တုန်းက ရိုက် လာခဲ့တဲ့ အင်းဝခေတ် နံရံပန်းချီတွေ မှို တက်ပြီး ပျက်စီး သွားခဲ့တယ် ။ ဝတ္ထုတို နှစ်ပုဒ် မဂ္ဂဇင်း ထဲ ပါဖူးတယ် ။ ဘာသာပြန် စာအုပ်တွေ ဖတ်ရင်း တပ်ကြပ်ကြီး စတိုင်းနား နဲ့ ရင်းနှီးခဲ့ဖူးတယ် ။ လင်းယုန်တွေ နဲ့ အတူ မြေ ကို ဆင်းသက်ခဲ့ဖူးတယ် ။ ဒတ် ( စ် ) ပစ် နဲ့ အတူ ပင်လယ်ကြမ်းပြင် အောက်ခြေ ကို လိုက် ဖူးတယ် ။ အဲဒီ ဝတ္ထုတွေ နဲ့ မိတ်ဆက် ပေးတဲ့ ကိုဦး ဆီ က နေ “ မတ် နော်ဖလာ ” ရဲ့ ဂစ်တာစကေးလ် နှစ်ခု ကို ချောချောမွတ်မွတ် တီးနိုင် ခဲ့တယ် ။ အင်္ကျီ အဝတ်အစားတွေ ပျောက် ဖူးတယ် ။ အင်းလျားကန်ပေါင် ပေါ် မှာ လက်တစ်ကမ်း က လွဲ လို့ ဘာမျှ မမြင်ရအောင် နှင်းတွေ ကျတာ နှစ်ခါ ကြုံဖူးတယ် ။ ပုဂ္ဂလိက အလုပ် နှစ်ခု ပြောင်း လုပ်ဖူးတယ် ။ အလုပ်စာမေးပွဲ တစ်ကြိမ် ဖြေဖူးတယ် ။ အခန်းသော့ သုံးခါ တိတိ ဖျက်ရ ဖူးတယ် ။ သူ့ကို ယ် သူ “ ရိုဒင် ” နဲ့ “ မိုက်ကယ် အိန်ဂျယ်လို ”  ဝင်စားတယ် ပြောတဲ့ ပန်းပုဆရာ ဆီ ကနေ စူဠဝဂ္ဂပါဠိတော် နှစ်ပိုဒ် ရ ဖူး တယ် ။ သိပ် ချစ်တဲ့ မွေးစားအမေ နဲ့ သိပ် ချစ်တဲ့ ရည်းစား ကြား မှာ လွဲမှားစွာ ကြားညပ် နေရတဲ့ ကာလတွေ ကို လက်ထဲ ဆုပ်ကိုင် ရ ဖူးတယ် ။ 


အဆောင်ပိုင်ရှင် လင်မယား က တော့ မနက်ဖြန် မနက်မှာ ကန့်လန့် ကာ တစ်ချပ် ကို ချလိုက်တော့မယ် ။  မနက်ခင်း အလင်း တွေ လာ နေပြီလို့ ထင်တယ် ။ နေရစ်ခဲ့ပေဦးတော့ ပန်းပုဆရာ ခါငှက်ကြီး ပြောတဲ့ “ ကြာသပတေး ၊ သောကြာ ၊ ရာဟု ” ဆောင်ကလေး ရေ ။  နေရစ်ခဲ့ပေဦးတော့ ဂစ်တာသမား မျောက်ကြီး ပြောတဲ့ “ ဆို ၊ လာ ၊ ဒို ”  အဆောင်ကလေး ရေ ။ 

နေရစ်ခဲ့ပေဦးတော့ အိမ်နံပါတ် ၅၆၈ ၊ အဆောင်လေး နဲ့ သစ္စာ ပျ က်တဲ့ လူ တစ်ယောက် ရေ ။ 


“ နေရစ်ခဲ့ပေဦးတော့ ကြေးရည်သောက် တဲ့ ညကလေး ရေ ” 


◾မျိုးငြိမ်းဆွေ


📖 ပန်းဝေသီမဂ္ဂဇင်း

      ဧပြီ ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment