❝ သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ❞
တစ်နေ့ ည ဆီ တွင် ယာတောင်ရွာ တစ်ရွာ လုံး အုတ်အော်သောင်းတင်း ဖြစ်ကုန် ကြသည် ။ အချိန် မှာ ညကိုး နာရီကျော် ဆယ်နာရီ ခန့် တွင် ဖြစ်၏ ။
အကြောင်းရင်း မှာ ရာချီ ထောင်ချီ ပြီး ရွာ ထဲ ဝင် လာကြသော ပိတုန်း ကောင်များ က ရွာလမ်း ရှိ လူများ ကို လိုက်တုပ် လိုက်ထိုး နေကြ သဖြင့် ဖြစ်သည် ။
ဘယ်က ဘယ်လို ရောက် လာကြ မှန်း မသိသော ပိတုန်းကောင်များ ကြောင့် တစ်ရွာလုံး မှာ တစ်ည လုံးလုံး ဆူဆူညံညံ ဖြစ် နေကြသည် ။
ထူးဆန်းသည် မှာ ထို ပိတုန်းကောင် များ သည် ရွာလမ်းမ ကို ထွက် လာသူ ဟူသမျှ ကို သာ လိုက်တုပ် လိုက်ထိုး ကြပြီး အိမ် ထဲ ဝင် ပြေးသူ ၊ အိမ်ခြံ ထဲ ဝင်ပြေးသူ များ ကို တော့ လိုက်ထိုး လိုက်တုပ်ခြင်း မရှိကြပေ ။ အိမ် ထဲ ခြံ ထဲ ကို လည်း ဝင် မလိုက်လာကြ ။ ရွာ လမ်းမ ထဲ ထွက်လာ သူ မှန်သမျှ ကို သာ လိုက်ထိုး လိုက်တုပ် နေကြခြင်း ဖြစ်သည် ။ သို့သော် အစ က မူ ဤသည် ကို ဘယ်သူမှ သတိ မထားမိကြ သေး ။
ပိတုန်းတုပ် ခံရသူများ မှာ ကာလသားများ က အများဆုံး ဖြစ်သည် ။ ပထမဦးဆုံး ပိတုန်းတုပ် စ ခံရသူ မှာ လည်း ကာလသား ထွန်းလှဦး ဆိုသူ ဖြစ်သည် ။
သူ သည် ရပ်ဓလေ့ ရွာဓလေ့ အရ ကာလသမီး တစ်ယောက် ဆီ လူပျိုလှည့် သွားရန် အိမ် က အထွက် ၊ ရွာလမ်းမ အရောက် ၌ ပိတုန်းတုပ် ခံရ ခြင်း ဖြစ်သည် ။
ပိတုန်းတုပ် ခံရကြောင်း နှင့် ရွာ ထဲ ပိတုန်းကောင်များ ရာချီ ထောင်ချီ ဝင် လာကြကြောင်း ကို လည်း ထွန်းလှဦး က အော်ပြော လိုက်ရာ ရွာရှိ လူတွေ မှာ လည်း လန့်ဖျပ် နိုးကုန်ကြပြီး လမ်းမ ပေါ် ထွက်ကြည့် ကြသည် ။
ထိုအခါ ရာချီ ထောင်ချီ လမ်းမ ပေါ် ပျံဝဲ နေကြသော ပိတုန်းကောင် များသည် ရွာလမ်း သို့ ထွက်လာ သူ မှန်သမျှ လူများ ကို လိုက်တုပ် လိုက်ထိုး ကြ တော့သည် ။
သည်လို နှင့် တစ်ရွာလုံး မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန် ကြ၏ ။
ဤနေရာ တွင် အများဆုံး ပိတုန်း တုပ် ခံရသူများ မှာ ကာလသားများ ဖြစ်ကြရခြင်း အကြောင်းရင်း မှာ သူ တို့ ဆီ က ရပ်ဓလေ့ ၊ ရွာဓလေ့ တစ်ခု ကြောင့် ဖြစ်သည် ။ သူတို့ ဆီ က ရပ်ဓလေ့ ၊ ရွာဓလေ့ဟု ဆိုသော်လည်း ထို အလေ့အထ မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ နေရာ အတော်များများ တွင် ယခင်တုန်း က ကာလသားများ ကျင့်သုံး ခဲ့ကြသော အောက်နှိုက် ၊ အပေါ်နှိုက် ခေါ် လူပျိုများ အပျိုလှည့် နည်း တစ်ခု ဖြစ်သည် ။
အရွယ် ရောက် လာသူ လုပျို ကာလသား တစ်ယောက် သည် အပျို ကာလသမီး တစ်ယောက် အား ချစ်ကြိုက် နေပါ က ည လူခြေတိတ် သန်းခေါင်နီး လူကြီးများ အိပ်ချိန် တွင် သူ ကြိုက်နေသူ အပျို ရှိရာ အိမ် အောက် ခြေတံရှည်အိမ် မဟုတ် လျှင် အပျို အိပ် နေရာ ဘေးထရံ ခေါင်းရင်း များ သို့ အရောက်သွား ရသည် ။
ထိုသို့ မသွားမီ သူ ချစ်ကြိုက် နေသူ အပျိုမ ၏ အိပ်ရာ ကို ဦးစွာ လေ့လာရ သိထား ရသည် ။ အိပ်ရာ ကို သိပြီး လျှင် ထို အပျိုမ အိပ်ရာ အောက် က ပျဉ် ၊ ထရံ စသည် တစ်ခု ခု ကို မတိုး မကျယ် ခေါက်၍ အပျိုမ ကို နှိုး ခေါ်ရသည် ။ သူ့ အိပ်ရာ အောက် ဆီ က ခေါက်သံ ခေါ် သံ ကြား ရလျှင် အပျိုမ က လည်း ချောင်းသံ ပေး ၍ သူ နိုးပြီ ဖြစ်ကြောင်း သူ့ အိပ်ရာ အောက် ရောက် လာသူ လူပျို ကာလသား အား ချောင်းဟန့် အသိပေး အသံ ပြု ရသည် ။
နိုးလျှင် နိုးချင်း အပျိုမ က ထိုသို့ ချောင်းဟန့် အသံ မပြု လျှင် သူ့ အိပ်ရာ အောက် ရောက် နေသူ ကာလသား က သူ မနိုးသေးဘူး အထင် နှင့် အောက် က တဒေါက်ဒေါက် ဆက် ခေါက် ၍ ခေါ် နေ လျှင် မိဘမောင်ဖားများ နိုး သွားကာ အရှက် ရ နိုင် လေသည် ။
ထို့ကြောင့် အပျိုမ က လည်း သူ့ အိပ်ရာ အောက် ဆီ က တဒေါက်ဒေါက် လာ ခေါက် နေသံ ကို ကြားသည် နှင့် သူ နိုး ပြီဖြစ်ကြောင်း ချောင်းဟန့်သံ ပေးရ ခြင်း ဖြစ်သည် ။
အပေါ် မှ ချောင်းဟန့်သံ ကြား လျှင် လူပျို လှည့် လာ သူ ကာလသား က လည်း ဆက် မခေါက်တော့ ။ ထိုအခါ အပျိုမိန်းကလေး က ဘယ်လူ ဘယ်ဝါ ဖြစ်ကြောင်း ကို မေး လေသည် ။ ကာလသား က လည်း သူ က မည်သူ မည်ဝါ ဖြစ်ကြောင်း ၊ ချစ်၍ ကြိုက်၍ လာခဲ့ပါကြောင်း စတင် ပြော ရသည် ။ အပျိုမ က သူ့ အိပ်ရာ အောက်ဘက် သို့ ရောက်ရှိ နေသူ မှာ မည်သူမည်ဝါ ဟု သိသွားပြီ ဖြစ်သဖြင့် အကယ်၍ မကြိုက် မနှစ်သက် သူ ဖြစ်ပါက မိန်းမ တို့ ၏ ပရိယာယ်များ နှင့် နေ မကောင်း၍ ၊ အိပ်ချင်၍ မနက်ဖြန်ခါ တွင် ကောက်စိုက် ၊ ပျိုးနုတ် အလုပ် ရှိ နေ၍ စသည် ဥပါယ်တံမျဉ် တစ်ခုခု နှင့် လုလင်ပျို အား နှင် လွှတ် တတ်သည် ။
သူ မကြိုက်ပါဘဲ ခြေတံရှည် သူ့ အိမ် အောက် သို့မဟုတ် သူ့ အိပ်ရာ ခေါင်းရင်း ထရံ နား ရည်းစား စကား လာ ပြောနေသူ ကို မူ နောက်ဆုံး မှာ သူ့ မှာ ရည်းစား ရှိ နေပြီ ဖြစ်ကြောင်း အပြတ် ပြော၍ နှင် လွှတ် တတ်ကြ သည် ။
သူ ကိုယ်တိုင် က ချစ်ကြိုက် နေသူ လူပျိုကာလသား ဖြစ်ပါ က တစ်ည လုံး မိုးလင်း ကြက်ဦး တွန် သည် အထိ ချစ်စကား ကြိုက်စကားများ ကို ညလုံး ပေါက် မမောနိုင် မပန်းနိုင် ပြောဆို နိုင်ကြသည် ။ ဤသို့နှင့် ညဉ့် လူခြေတိတ် ၌ ညစဉ် ညတိုင်း ပင် သူ့ အိပ်ရာ အောက် ရောက်ရှိ လာသော လုလင်ပျို က ချစ်သူ အား မြင် လည်း မမြင်ရ ၊ ညကြီးမင်းကြီး စကား သာ ပြောနေကြ ရာ မှ ချစ်သူ ၏ မျက်နှာ ကို မြင်လိုလှ ပါသည် ။ ချစ်သူ သည် မျက်စိ ၊ နား ၊ နှာ ၊ အင်္ဂါခြေလက် စုံမစုံ ၊ လူကောင်း ပကတိ ဟုတ် မဟုတ် ကြည့်ရှု လိုပါသည် ဟူသော ယောက်ျား တို့ ၏ မာယာ မန်ကျည်းကိုး ပင် ကို နှောက် ကာ သာယာလိုစိတ် နှင့် ချစ်သူ အပျိုမ ၏ အိပ်ရာ အောက် ခေါင်းရင်း ဘက် မှ ပျဉ်ကြမ်းခင်း စသည် တို့ ကို လက် တစ်နှိုက် စာ ဓားမြှောင် နှင့် အပေါက် တစ်ပေါက် ဖောက် သည် ။
ဤကဲ့သို့ပင် သူ့ အိပ်ရာ အောက် ၌ အပေါက် တစ်ပေါက် လာ ဖောက် သည် ကို မိန်းမပျို က လည်း မကန့်ကွက် ။ ချစ်သူ အား လွယ်လွယ်ကူကူ ဖြစ်စေရန် အကူအညီ ပင် ပေးသည် ။ ထို့ကြောင့် လည်း လူပျို ကာလသား အတွက် ချစ်သူ အိပ်ရာ အောက် မှ အပေါက် တစ်ပေါက် ကို လက် တစ်နှိုက်စာ လွယ်လွယ်ကူကူ ဖောက်နိုင် သွားခြင်း ဖြစ်သည် ။
ဤသည် မှာ မိန်းမပျို နှင့် လူပျို ကာလသား တို့ ရက်လ အတော် ကြာကြာ တစ်ဦး နှင့် တစ်ဦး စကား ပြောဆို ကြပြီး နှစ်ဦး နှစ်ဖက် ကျေကျေနပ်နပ် ချစ်ကြိုက် မိကြကာ ရာသက်ပန် ရိုးမြေကျ ပေါင်းကြတော့မည် ဟု ဆုံးဖြတ်ကြ တော့ မှ ထို လက် တစ်နှိုက် စာ အပေါက် ကို သူ့ အိပ်ရာ အောက် ဘက် ၌ အဖောက် ခံခြင်း ပင် ဖြစ်လေ သည် ။
ထို့နောက် တွင် တော့ ချစ်သူ အိမ် အောက် ရောက် လာသော ကာလသား လူပျို အတွက် အခက်အခဲ မရှိတော့ ။ သူ ဖောက် ထားသော အပေါက် မှ လက် နှိုက်ကာ မိန်းမပျို အား စမ်းသပ် ကိုင်တွယ် ထိတွေ့ ၍ နှိုး လိုက် ရုံသာ ။
မိန်းမပျို က လည်း သူ့ ချစ်သူ လာ လျှင် အလွယ်တကူ နှိုး နိုင် အောင် ထို အပေါက် နား တွင် စောင့်မျှော် အိပ် နေ ခြင်း ဖြစ်ပါသည် ။ ဤသည် ကို “ အောက် က နှိုက်သည် ၊ အပေါက် နှိုက်သည် ” ဟု ခေါ်ကြခြင်း ဖြစ်သည် ။
လူပျို ကာလသား ချင်း တစ်ဦး နှင့် တစ်ဦး စကား လက်ဆုံ ကျကြလျှင် တစ်ဦး သူ သည် မည်သည့် အပျိုမ နှင့် ရည်းစား ဖြစ်နေပြီ ၊ ချစ်ကြိုက်နေကြ ပြီ ဟု ပြောလာခဲ့လျှင် “ ဒါဆို မင်း အပေါက် ကော နှိုက်ရ ပလား ၊ အောက်နှိုက် ရပလား ” ဟု မေး တတ်သည် ။
အောက်နှိုက် ရချေပြီ ၊ အပေါက်နှိုက် ရပြီ ဆိုလျှင်တော့ ထို မိန်းမပျို ဆီ ကို တခြား ဘယ် ကာလသား က မှ မသွား ကြတော့ ရည်းစား ရှိနေသူ ၊ ချစ်သူ ရှိ နေသူ အဖြစ် သတ်မှတ် လိုက်ကြကာ မသွားမလာ ကြတော့ဘဲ ရှောင်ကြဉ် ကြရလေသည် ။ အပေါက် မနှိုက်ရသေးဘူး ၊ အောက် မနှိုက်ရသေးဘူး ဆိုလျှင် လူပျို က မည်မျှ ချစ်ချစ် ၊ မည်မျှ ကြိုက်နေ ကြိုက်နေ လူပျို ၏ အချစ် ကို လက်မခံ သေး ဟု ယူဆကြ ပြီး ထို မိန်းမပျို ဆီ လူပျို လှည့်ရန် လူပျိုတိုင်း မည်သူ မဆို သွားနိုင် ကြသေးသည် ။ ဤသည်မှာ ရပ် စည်းကမ်း ၊ ရွာ စည်းကမ်း ဂါမပညတ် ဖြစ်သည် ။
မိန်းမပျို အနေ နှင့် သူ့ အား ချစ်ကြိုက် နေပါသည် ဟု ပြောပြီး သူ့ အိပ်ရာ အောက် ကို ညစဉ် ရောက် လာ သူ အား မိန်းမပျို သည် သူ မကြိုက် မနှစ်သက် ပါ က သူ့ အိပ်ရာအောက် ၌ အပေါက် ဖောက် မခံ သလို လုလင်ပျို နှင့် လည်း စကား ကြာကြာ လက်ခံ မ ပြောဘဲ မနက်ဖြန် စောစော ထရမည် ၊ ဘာ အလုပ် ရှိသည် ၊ ညာ အလုပ် ရှိ သည် ၊ နေမကောင်း ၊ ခေါင်းမူး နေသည် ၊ အိပ်ချင်ပြီ ၊ သူ့ ကို သနားလျှင် အိပ်ခွင့် ပေးပါ ၊ ပြန်ပါတော့ စသည် မိန်းမ တို့ ပရိယာယ် နှင့် ဥပါယ်တံမျဉ် တစ်ခု ခု အကြောင်း ပြုပြီးသော် လူပျို လာ လှည့် နေ တတ်သော လုလင်ပျို ကို နှင် လွှတ် တတ်သည် ။
မိန်းမပျိုလေး ၏ စကား အသွားအလာ ပြောနည်း ပြောဟန် များ ကို အကဲခတ် ၍ သူ့ ကို မကြိုက် သဖြင့် တမင် နှင် လွှတ် မှန်း သိတတ် ရ သည် ။ ဤသည် မှာ ယဉ်ကျေးလှပြီး အတွေ့အကြုံ ရှိသော လုံမပျိုများ လူပျိုနှင် နည်း ပင် ။ တချို့ အတွေ့အကြုံ တွေ က လည်း မရှိသေး ယဉ်ကျေးသူ လည်း မဟုတ်ခဲ့ ပါ မူ သူ့ လူပျိုလှည့် အိပ်ရာ အောက် ကို ရောက်လာသည် နှင့် ပျဉ်ထရံ စသည် တစ်ခု ခု ကို မတိုးမကျယ် ဖြင့် ခေါက်၍ ခေါ်သံ ကြားလိုက်သည် နှင့် မိမိ အိပ် နေရာ မှ တခြား သို့ ပြောင်းလဲ အိပ် ခြင်း သို့မဟုတ် မောင်ငယ် ၊ ညီမငယ် များ ကြား ထဲ တိုးဝင် သွား အိပ်နေခြင်း ဘုဘောက် ပြောဆို ၍ လွှတ်ခြင်း ၊ သို့မဟုတ် ဆဲဆို၍ လွှတ်ခြင်း တို့ ကို လည်း ပြုလုပ် တတ် ကြသည် ။
လူပျို ကာလသား အား ယဉ်ယဉ် ကျေးကျေး မပြောဘဲ ထိုသို့ ပြုမူ ဆက်ဆံ တတ်သော မိန်းမပျိုများ ကို ကာလသားများ က ဒဏ်ခတ် တတ်ကြ ပါသည် ။
အိမ် အောက်ဘက် သို့မဟုတ် မိန်းမပျို အိပ် နေရာ ခေါင်းရင်း ထရံ ကို မတိုးမကျယ် ခေါက်၍ ခေါ်လိုက် သည် နှင့် ခြေရင်း တွင် ဆင်း အိပ်နေ ခြင်း ၊ တစ်နေရာရာ ရွှေ့ပြောင်း သွား ခြင်း လုပ် လျှင် တုတ် ၊ ဝါးခြမ်းပြား ၊ ကြိမ်နှာမောင်း ဝင်ဆံ့သော အပေါက် ကို ရှာ ၍ ထို အပေါက် မှ တုတ် ၊ ဝါးခြမ်း ပြား ၊ ဆူးပါသော ကြိမ်နှာမောင်း တို့ နှင့် ထိုးစမ်း ရိုက်နှက် တတ် ပေသည် ။ မိဘ မောင်ဖားများ နိုး သွား ခဲ့၍ အရှက် ရ အောင် တမင်တကာ လုပ်တတ် ကြသည် လည်း ရှိပေသည် ။
ဤသည်မှာ လည်း ဂါမပညတ် ၊ ကာလသား တို့ ၏ အခွင့်အရေး ပင် ဖြစ်သည် ။ ထို့ကြောင့် ဣန္ဒြေ ကြီး သော ရှက် တတ်သော မိန်းမပျို များ သည် သူတို့ ဆီ ကို လူပျို လှည့် ရန် လာ နေသော ကာလသား အား အနုနည်း နှင့် သာ တစ်ခုခု ကို အကြောင်း ပြ ၍ နှင်လွှတ် တတ်သည် ။ မတူဘူး ၊ မတန်ဘူး ဘာဘာညာညာ ရိုင်းစိုင်းသော စကားများ နှင့် ကာလသားများ ကို မနှင်ဝံ့ ကြပေ ။ ကာလသား က ကြမ်းရမ်း သွား လျှင် မိဘမောင်ဖားဆီ ၌ သူ သာ အရှက် ရ မည် ဖြစ်ပေသည် ။ အဆူ အဆဲ အပြော အဆို ခံရမည် ။
ရပ်ဓလေ့ ရွာဓလေ့ အရ ကာလသားတို့ မှာ လည်း ည ကို အစိုးရ ကြသည် ။ သူခိုး သူဝှက် ဒဏ်တွေ ကို လည်း တစ်ညလုံး သူတို့ သာ ကာကွယ် ထား ကြရသည် ။ ဥပမာ ရွာ ၌ ကြက်ပျောက် ငှက်ပျောက် ၊ ဘူးသီး ခရမ်းသိး ပျောက် တာ က အစ ဘယ် အပိုင်း တွင် ဘာ ပျောက်သည် ဟု သတင်း ကြားသည် နှင့် မိုး လင်းလင်းချင်း ကာလသားခေါင်း က ထို အပိုင်း တွင် ရည်းစား ရှိနေ သူ ၊ ထို အပိုင်း တွင် ချစ်သူ အိမ် အောက် နေ့တိုင်း သွား နေသူ တို့ ကို ခေါ် မေး တော့သည် ။
ထိုအခါ လူပျိုလှည့် သွား နေကျ ကာလသားများ ထံ မှာ တာဝန် ကျလေ သည် ။ ထို့ကြောင့် သူတို့ မှာ ရွာ လူပျိုလှည့် သွားသည့် အပြင် ကင်းစောင့် အဖြစ် လည်း အပို တာဝန် တစ်ခု ကို ယူကြရ ပြန်သည် ။ ထို့ကြောင့် သူတို့ သွားလာ နေကျ အပိုင်း ၌ ည အခါ လူစိမ်း သူစိမ်း ဆို လျှင် ထို ကာလသားများ ဆီ ၌ အမေး အမြန်း အစစ်အဆေး ခံကြရသည် ။ နောက်ဆုံး ရွာ ကို ဓားပြ တိုက်ရန် ရည်ရွယ်ချက် နှင့် ရွာ ထဲ ဝင်လာ သူ လူဆိုး သူခိုးများ ဆိုလျှင် လည်း ထို ကာလသားများ နှင့် ပက်ပင်း တိုး ကာ ရွာ ထဲ မှ ထွက်ပြေး ကြရသော အခြေအနေ သို့ ရောက် လေသည် ။
ရည်းစားချစ်သူများ ဖြစ်နေ ကြပြီး တစ်နှစ် နှစ်နှစ် ကြာ နေပြီး မှ နောက်ပိုင်း တွင် တစ်စုံတစ်ခု သော အကြောင်းကြောင်း တွေ ကြောင့် မိဘ များ သဘော မတူ၍ ဖြစ်စေ နှစ်ဦး နှစ်ဖက် သဘောချင်း မတိုက်ဆိုင်ကြ၍ ဖြစ်စေ ပြဿနာ ဖြစ်လာကြလျှင် မိန်းမပျို ကလည်း သူ တို့ နှစ်ယောက် သဘောတူ ဖောက် ထားကြသော မိန်းမပျို အိပ်ရာ အောက် က အပေါက် ကို မိန်းမပျို က ပင် ဥပါယ်တံမျဉ် တစ်ခုခု နှင့် ပြန် ပိတ် ပစ် တတ်သည် ။ ထို အခြေအနေ ရောက်သွား ပြီ ဆိုလျှင် လုလင်ပျို က လည်း သူ့ ချစ်သူ သူ့ အား စိမ်းကား သွားပြီ ၊ အဆက်ဖြတ် သွားပြီ ။ သူ့ ကို လက် မထပ် လိုတော့ ဟု သိရလေ သည် ။ ဤသည်မှာ သူတို့ ဆီ ၌ အစဉ်အလာ လူပျို လှည့် ကြရသော ရပ်ဓလေ့ ရွာဓလေ့ ဖြစ် လေသည် ။ ထို့ကြောင့်လည်း ယခု ရွာ ထဲ ဝင်လာ ကြသော ပိတုန်း ကောင်များ သည် လူပျို ကာလသားများနှင့် ဦးဆုံး တွေ့ဆုံ ကာ လူပျို ကာလသားများ ဦးဆုံး ပိတုန်းတုပ် ခံ နေကြရခြင်း ဖြစ်သည် ။
သည်လိုနှင့် တစ်ရွာလုံး မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည် ။
ယခင်က တစ်ကြိမ် တစ်ခါ မျှ သူတို့ ရွာ ထဲ ကို အကာလ ည အခါ၌ ဤ ကဲ့သို့ ပိတုန်းကောင်များ ရာချီ ထောင်ချီ ဝင် လာပြီး လူတွေ ကို လိုက်ထိုး လိုက်တုပ် မခံခဲ့ကြရဘူးသော ရွာသားတွေ မှာ အစ က မူ ပိတုန်းကောင်များ ဟု မသိကြသေး ။ သူတို့ ရွာ ပတ်ဝန်းကျင် မှာ တောကြီး တောင်ကြီးများ က လည်း အထပ်ထပ် ဝိုင်းပတ် ကာရံ လျက် ရှိ ကြရာ ယနေ့ ရွာ ထဲ အုံလိုက် ကျင်းလိုက် ပျံဝဲ လာ နေကြ သည်မှာ ပျားကောင်များ သာ ဟု အစ က ထင် ခဲ့ကြလေသည် ။
ထိုအခါ ရွာ ထဲ ရှိ လူများ မှာ ရွာ ၌ လာ စွဲ နေသော ပျားကောင်များ ကို လူကြီးများ ၏ ပြောစကား ပျားစွဲ အဟော နှင့် ချင့်ချိန် တွေးဆ ကာ ဘယ် ဘက် က ဝင်လာကြပြီး ဘယ် အပင် မှာ စွဲလေ လျှင် လာဘ်ရမည် ။ ဘယ် ထောင့် မှ သူတို့ ရွာ ပတ်ဝန်းကျင် ရှိ တောတောင် ထဲ မှ စွန်သတ်ပျား အချို့ သည် အအုံအသိုက် ပျက်ပြီး ရွာ ထဲ ဝင် လာ ကြကာ ရွာ ရှိ သစ်ပင်ကြီးငယ် များ ၌ အိမ် လာ ဖွဲ့ စွဲ နေကြသည် ကို တော့ သူတို့ ကြုံဖူး ကြသည် ။ အထူးသဖြင့် ဤလို နွေရာသီ ၌ ဒေါင်းရန် ခေါ် ငှက်စွန် တစ်မျိုး သည် တော တောင် ထဲ ပျံဝဲ ကာ ပျားအုံများ ကို လိုက်ရှာ ထိုးသုတ် စား တတ်ကြသည် ။ စွန်ထိုး စွန်သုတ် ခံရသော ပျားအုံ မှ ပျားများ သည် ကစဉ့်ကလျား ထွက်ပြေး လာ ကြကာ ရွာ ရှိ သစ်ပင် ကြီးငယ်များ ၌ ခိုနား တည်းခို တတ် ကြလေသည် ။ ဝင်ရောက် လာပြီး ဘယ်လို အပင်မျိုး မှာ လာ စွဲ လျှင် ရွာ ကို ခိုက်တတ်သည် ။ ရွာ ၌ ဘေးဥပဒ် ကျရောက် တတ်သည် စသည်တို့ ကို ပျားစွဲ အဟောကျမ်း နှင့် ညှိကြသည် ။ လာဘ်လာဘ ပိတ် ၍ ဘေးဥပဒ် ရောက်မည့် ပျားစွဲနည်း ဆိုလျှင် ရွာ ထဲ လာ စွဲ နေသော ပျားအုံ ကို မီးရှူး မီးတုတ် တို့ နှင့် မြိုက် ပြီး နှင်လွှတ် တတ်ကြသည် ။
သို့သော် ယခု သူတို့ ရွာ ထဲ သို့ ပြေးပျံ လာ နေ ကြသော ပျားကောင် များ မှာ ရွာ ထဲ ရှိ ဘယ် သစ်ပင် မှာ မှ လာ မစွဲဘဲ တစ်ညလုံး ရွာလယ်လမ်း အတိုင်း စုန်ချည် ဆန်ချည် ပျံကာ လမ်းမ ထဲ တွေ့ သမျှ လူတွေ ကို ထိုးတုပ် နေကြသော အခါ မီးရှူး ၊ မီးတုတ် ထွန်း၍ ကာလသား အချို့ က ဝှေ့ယမ်း ပစ်ခတ် ကြသည် ။
မီးတုတ် ၊ မီးရှူးများ နှင့် ဝှေ့ယမ်း ပစ်ခတ် ပြီး ကြည့်ကြတော့ မှ စောစော က သူတို့ ထင် ခဲ့ကြ သလို ယခု ရွာ ထဲ အစုလိုက် အပြုံလိုက် ပြေးဝင်လာ ကြ သော အကောင်တွေမှာ ပျားကောင် များ မဟုတ်ဘဲ ပိတုန်းကောင်များ ဖြစ် နေသည် ကို မီးရောင် ထဲ ၌ ယင် ထင်ရှားရှား မြင်ကြရ လေသည် ။
ယခု သူတို့ ရွာ ထဲ ဝင် လာပြီး လူတွေ ကို ထိုးတုပ် နေကြသော ပိတုန်း ကောင်များ မှာ ပျားကောင် ထက် တစ်ဆယ် ကိုးဆ ကြီးမားပြီး လူကြီး လက်မ လောက် ခန့် ပင် ရှိကြသည် ။
ပိတုန်းကောင်များ မှာ ပျားကောင်များ လို အစုလိုက် အဖွဲ့လိုက် အိမ်တည် အိမ်ဖွဲ့ နေကြသည် ကို လည်း သူတို့ တစ်ကြိမ် တစ်ခါ မျှ မတွေ့ဘူး မမြင်ဘူး ကြ ။
သူတို့ ရွာ ထဲ ရှိ အိမ်များ ၏ ဓနိဖက် မိုး ၊ သက်ကယ် ကာ ဝါးလုံးတန်း များ တွင် အခေါင်း ဖောက် ဝင်ရောက် ပြီး သားပေါက် ကြသော ပိတုန်းကောင် များ မှာ အများဆုံး ရှိလှ မှ တစ်အိမ် ဆို လျှင် သုံးလေးကောင် လောက် သာ ဖြစ်သည် ။
ထို သုံးလေးကောင် ကို ပင် အိမ်ရှင် များ သိပါက ချက်ချင်း မီးမြိုက် သ,တ်ပစ် ကြရသည် ။ အဘယ်ကြောင့် ဆို သော် သူတို့ ၏ အမိုးအကာများ ၊ အခြင်ဝါးတွေ မှာ ပိတုန်း ဖောက် ခံရ လျှင် နောက် သုံး၍ မရတော့ဘဲ အခေါင်း အပေါက်တွေ နှင့် ချည်း ပျက်စီး ကုန်ကြ သဖြင့် ဖြစ်သည် ။
ထို့ကြောင့်လည်း ပိတုန်းကောင် များ လာ ဖောက် အိမ်တည် ကြသည် ကို ဘယ် အိမ်ရှင်များ က မှ လက် မခံ နိုင်ကြ ။ မသိ မမြင် မိ ၍ တစ်ကောင် တလေ ရှိသည် ကိုပင် အိမ်မိုး ထရံကာ လုပ် မှ တွေ့ရှိ ပါ က အသေသ,တ် အပြတ် ရှင်း ပစ် တတ်ကြ ပါသည် ။ သူတို့ ၏ အယူအဆ မှာ အိမ် ထဲ ပိတုန်း ဝင် လျှင် အိမ် ပျက် တတ်သည် ၊ ဘေးဥပဒ်များ ကျရောက် တတ်သည် ဟု အစဉ်အလာအရ ယုံကြည် လက်ခံ လာကြသည် ။
အမှန်ကတော့ အိမ် ကို ပိတုန်း ဝင် လျှင် အခြင်အကာ ဝါးတိုင်များ ကို ပိတုန်းကောင်များ ကိုက်ဖောက် သဖြင့် အိမ် ပျက်စီး မည် ကို ပြောခြင်း သာ ဖြစ် ပေမည် ။
ဤ အစွဲအလမ်း မိရိုးဖလာ ယုံကြည်မှု ကြောင့် လည်း ယခု ရွာ ထဲ ကို အ,ကာလ ညအခါ၌ ပိတုန်းများ အုပ်လိုက်ချီ၍ ဝင်ရောက် လာကြခြင်း မှာ အတိတ်နိမိတ် မကောင်း ၊ ရွာ ပျက် တော့မည့် အတိတ်နိမိတ် လက္ခဏာ များ ၊ ရွာ မှာ ကပ်ဆိုး ၊ ဥပဒ်ဆိုး တစ်ခု ခု ကျရောက်တော့မည့် ရှေ့ပြေး နိမိတ် ဟု လည်း တချို့က အတိတ် နိမိတ် ဖတ်ကြသဖြင့် ထိတ်လန့် သူ လန့် ၊ ကြောက် သူ က ကြောက် ၊ ချောက်ချား သူ က ချောက်ချား နှင့် တစ်ညလုံး ပင် ဆူဆူညံညံ ဖြစ် ကာ ပိတုန်းကောင် များ အကြောင်း သာ ပြောဆို နေကြ သည် ။
သူတို့ ရွာ ထဲ ကို သက်ကြီး ခေါင်းချ ချိန် သန်းခေါင် နီး မှ ဝင် လာကြသော ပိတုန်းကောင်များ သည် အရုဏ် တက် လာသော အချိန် အခါ မှာ တော့ တဖြည်းဖြည်း နည်းပါး ပြီး မိုး လင်း သော အခါ တစ်ကောင်မျှ ရွာ ထဲ တွင် မရှိကြ တော့ ဘဲ ပျောက်သွား ကြသည် ။
ထူးခြားသည် မှာ ည က ပိတုန်းကောင်များ ကို မီးတုတ် မီးရှူး တွေ နှင့် လိုက်ရှို့ ၊ ဝါးလုံးရှည် တွေ နှင့် လှမ်း ယမ်း လှမ်းသ,တ် ကြသော်လည်း ပိတုန်း အသေကောင် ဟူ၍ တော့ ရွာ ၌ တစ်ကောင် တစ်မြီး မှ သေကျန်ခဲ့ကြ သည် ကို မတွေ့ကြရပေ ။ ည က သူတို့ ရွာ ထဲ ဝင် လာ ကြသော ပိတုန်းကောင် များ မှာ ဘယ်လို ပိတုန်း အမျိုးအစား မှန်း သိလို ၍ လူကြီးတွေ က ရွာရိုး လျှောက် ရှာ ကြ သော်လည်း တစ်ကောင် တစ်မြီး သော ပိတုန်း ကောင် ကို မျှ မတွေ့ရခြင်း ပင် ။
အကယ်၍ ပျားကောင်များ သာ ဆို လျှင် သူတို့ ည ကလို မီးလိုက် ရှို့သ,တ် ကြ ပုံမျိုးတွေ က ပျား အသေကောင် တွေ မှာ ရွာလယ်လမ်း ၌ ခြေချ စရာပင် မရှိ ဖြစ်သွား နိုင်သည် ။ ယခုမူ ဤမျှ မီးရှူး မီးတုတ်တွေ နှင့် မီးရှို့သ,တ်ခဲ့ကြ ပါ လျက် အဘယ်ကြောင့် ပိတုန်း တစ်ကောင် တလေ မျှ ကို ပင် ရွာလယ် လမ်းမ ၌ မတွေ့ ကြရပါလိမ့် ။ ဤ အချက် သည် ပင် သူ တို့ အတွက် ထိတ်စရာ လန့်စရာ တစ်ခု လိုပင် ဖြစ်သွား ကြရ ပြန်သည် ။
သို့သော် ဤသည် ကို လည်း သတိ ပင် မထား မိသော ရွာလူကြီး ဦးပေါ် သာ က မူ
“ ဘာမှ မဟုတ်ဘူး ၊ ဒီ ရာသီ တောင်ယာတွေ မီးရှို့ချိန် ပဲ ဗျ ၊ ရိုးမ ဟို ဘက်ခြမ်း က တောင်ပေါ်သား တစ်ဦး ဦး သူ့ ယာ သူ မီးရှို့ပါလိမ့်မယ် ။ ခင်ဗျား တို့ လည်း စဉ်းစား ကြည့်ကြ ၊ ပိတုန်းများ ဟာ ဝါးအစိမ်း ဆို ဘယ်တော့မှ မဖောက်ဘူး ၊ လူတွေ ခုတ် ထားလို့ ခြောက်ပြီး အိမ် မှာ သုံးပြီ ဆို ဒင်းတို့ တစ်ကောင် စ နှစ်ကောင် စ ဖြင့် ပေါက်ချ လာပြီး အခေါင်း အပေါက် ဖောက် ပါပြီ ။ ခု ကျုပ် ထင် တယ် မိုးနှောင်းပိုင်း က ပင် တောင်ယာ ခုတ်ထားတဲ့ ဟိုဘက်ခြမ်း က တောင်ပေါ်သား တစ်ယောက် ယောက် က သူ့ တောင်ယာ ဝါးခြောက်တွေ ကို မီးရှို့ လိုက်တော့ ဝါးခြောက် ထဲ အခေါင်း ဖောက် အိမ်တည် နေကြတဲ့ ပိတုန်း ကောင်တွေ ဟာ အစုလိုက် အပြုံလိုက် ပြေးပျံ လာ ကြပြီး ကျုပ်တို့ ရွာ ထဲ မှာ တစ်ည နား သွားကြတဲ့ သဘောပဲ ။ ခု ကြည့် လေ မိုး လည်း လင်း ရော ရွာ ထဲ မှာ ဆို တစ်ကောင် တစ်မြီး တောင် မြင်ချင် လို့ မမြင်ကြ ရတော့ဘူး ။ ဘာ နိမိတ် ဘာ အတိတ် တွေ မှ ယုံ မနေကြ နဲ့ ။ ကျုပ်တို့ ရွာ ဘာမှ မဖြစ်နိုင်ပါဘူး ၊ ဒါ ခု လက်တွေ့ သာဓက ပဲ ”
ဦးပေါ်သာ ပြောသည် ကို လည်း မဟုတ်ဘူး ဟု တော့ မဆိုနိုင် ။ သူတို့ ရွာ မှာ ဝါးတောကြီးတွေ အမြောက်အမြား ရှိသော ရိုးမ နှင့် လည်း ကပ် နေရာ တောင်ပေါ်သား တွေ မှာ လည်း ဝါးတောကြီး ကို ပင် ခုတ်လှဲ ၍ မီးရှို့ စူးထိုး စပါး စိုက်တတ် ကြ လေရာ ဦးပေါ်သာ ပြောသည် နှင့် တစ်ထပ်တည်း လိုလိုပင် ဖြစ် နေသည် ။
ပြီးတော့ ပိတုန်း ဝင် လျှင် ဝါး ပြုန်း တတ်ကြောင်း ကို သူတို့ ၏ အစဉ်အလာ သားချော့ ကလေးချော့ ကဗျာသီချင်း တစ်ပုဒ် လည်း ရှိလေ သည် ။
“ ပိတုန်း ပိတုန်း ဝါးကိုဖြုန်း ပိတုန်းမည်းညို ဝါးကဆို
အစ်ကိုမည်းနက် ဝါးကထွက်
ဇူးဝေဝေ ၊ ဇူးဝေဝေ ”
သို့နှင့် တစ်ည ကုန် သွားတော့ ယာ တောင်ရွာသားများ မှာ လည်း တောသူတောင်သား တို့ ၏ ထုံးစံ အတိုင်း ယာလုပ် ကိုင်းလုပ် ရန် ဆင်း သွားကြပြီး မေ့မေ့ပျောက်ပျောက် နှင့် ပင် ကိုယ့် အလုပ် ကိုယ် လုပ် နေကြ သည် ။
◾ဝေယံလင်းခေါင်
📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment