Monday, September 4, 2023

အိမ်ထောင်ရေး လူချော့တေးများ


 

❝ အိမ်ထောင်ရေး လူချော့တေးများ ❞

အထက်ပါ ခေါင်းစဉ်ကား ‘ နတ်ချော့တေး ’ ဟု အမည် ပေး သင့် ပါ သော်လည်း အမှန်တကယ် ‘ အိမ်ထောင်ရေး ’ နယ်ပယ် ကား လူသား စင်စစ်များ ‘ ချော့ ’ နေသောကြောင့် ‘ လူ ချော့တေး ’ ဟု အမည် ပေး လိုက်ပါသည် ။

နယ်ပယ် အကျယ် ထဲ တွင် အိမ်ထောင်ရေး နယ်ပယ် ကား ဧရိယာ အကျယ်အဝန်း တိုင်းတာ ၍ မရအောင် ပင် ကျယ်ဝန်းလှသည် ။ အိမ်ထောင်ရေး ဆိုတော့ ကျွန်တော် ၏ အိမ်ထောင်ရေး
သက်တမ်း ကား လေးနှစ် ကျော် ပင် ရှိပါသေးသည် ။ ထို လေးနှစ် ကျော် အိမ်ထောင်ရေး သက်တမ်း မှ လက်တွေ့ ကြုံ ဖူးသမျှ ပင် ဖြစ် ပါသည် ။

လင်မယား ရန်ဖြစ် ကြသည် ဆိုရာ ဝယ် အကြောင်းမဲ့ ရန်ဖြစ် ကြသည် တော့ မဟုတ်။ နှစ်ဖက် မိဘ ကိစ္စ ၊ သူ့ အမျိုး ကိုယ့် အမျိုး ကိစ္စ ၊ သူ့ ဘက် ကိုယ့် ဘက် ငွေ အပေးအယူ ကိစ္စ၊ အသေးအမွှား ကိစ္စ မှ ပြာသာဒ် တစ်ခု လုံး မီးလောင် သွား သည့် ကိစ္စ။

ထိုသို့သော ကိစ္စမြားမြောင် လှသော အိမ်ထောင်ရေး ဘောင် ထဲ မှ ထူးထူးခြားခြား ဖြစ်စဉ် များ ပင်။

တယောဦးမောင်မောင် ...။

တယောဦးမောင်မောင် နှင့် အမေညွန့် တို့ အိမ် မှ တယောသံများ ထွက် ပေါ် လာပြီ ဆိုလျှင် လင်မယား ရန်ဖြစ်ပြီ လို့ မှတ်ယူ ၍ ရသည် ။ ဦးမောင်မောင် ကား ဘင်ဂျိုမောင်မောင် ဟု ဂီတလောက တွင် ယခု တိုင် ဆရာ တစ်ဆူ အဖြစ် ရပ်တည် နေသူ ။ အမေညွန့် ကား အဆို ဝါသနာ ကြောင့် ဦးမောင်မောင် နှင့် အကြောင်း ပါ ခဲ့ သူ ။ အမေညွန့် က စက်ချုပ်သည် ။

ကိစ္စ တစ်ခု ကြောင့် အမေညွန့် နှင့် ဦးမောင်မောင် ရန်ဖြစ်ကြသည် ဆိုပါတော့ ... ။ အမေညွန့် က မိန်းမသား မို့ ပွစိပွစိ ပြောသည် ။ ဦးမောင်မောင် ကား မှားသည် မှန်သည် တစ်လုံး မှ ပြန် မပြော ။ ငြိမ်သက် နေရာမှ တယောအိတ်လေး ကို အသာအယာ ဖွင့် လိုက်သည် ။ တယော ပေါ် သို့ မေးစေ့လေး တင် ပြီး လမ်းသွားလမ်းလာ များ ရပ်တန့် သွားအောင် ‘ ကြူ ’ ပါ တော့သည် ။ လက်သံ က လည်း ကောင်း ဆိုတော့ စက်ချုပ် နေ သော အမေညွန့်
ခမျာ တစ်ချက် တစ်ချက် ခြေနင်းများ ပင် ကျော်တက် သွားခဲ့သည် ။ ဂီတ နှင့် ဖမ်းချုပ် တတ် သော ဆရာ မောင် ပင်။ သိပ် မကြာခင် မှာ ဘဲ ...

“ ကိုမောင် .. ညွန့်ဦး လာ သွားတယ် ... တနင်္လာနေ့ ‘ မေ ’ မှာ အသံသွင်း ရှိတယ် တဲ့ ”

ထိုကား အမေညွန့် ၏ ငြိမ်းချမ်းရေး စကားသံ။

ရန် ဖြစ်တိုင်း ရန် ဖြစ်တိုင်း ထို တယောသံ နှင့် ညှိ ယူ၍ ငြိမ်းချမ်းရေး တည်ဆောက် ခဲ့သည် မှာ နှစ်ပေါင်း ပင် ၄၀ ကျော် လာခဲ့ပြီ ဖြစ်သည့် ဆရာ ၏ အသက်အရွယ် ပင် ၉၀ ကျော် ခဲ့ပြီ ဖြစ်သည် ။ ဆရာ ကား ယခုတိုင် အနုပညာ ကို ချစ်ခင်ဖက် တွယ် ထားဆဲ။

လိုက်ခဲ့ပါ ကိုအောင်သိန်း ... ။

သူ တို့ အိမ်ထောင်ရေး လူချော့သံ ကား တစ်မျိုး ။ ကိုအောင်သိန်း နှင့် မိပြား ကား ရန် ဖြစ် ခဲ သည် ။ ကိုအောင်သိန်း ကား စကား နည်းပြီး အလုပ် နှင့် သာ ပျော်မွေ့ တတ် သူ ။ မိပြား ကား ရွာစဉ် လျှောက် ဈေး ရောင်းရ သူမို့ အိမ် မှာ အနေ နည်းသည် ။ ညပိုင်း မှ သာ လင်မယား နှစ်ယောက် စကား တစ်လုံးစ ၊ နှစ်လုံးစ ပြောကြပြီး တစ်နေ့တာ ကုန်ဆုံး စေသည် ။ ပြဿနာ စ ဖြစ်တာ လည်း လင်မယား ကြောင့် မဟုတ်၊ နှစ်ဖက် အမျိုး ကို ပေးကျွေး ၍ လည်း မဟုတ် ။ ဘော်လီဘော ချိန်းပွဲ ကြောင့် ဖြစ်သည် ။ ရွာသား ထိ လျှင် မခံချင် စိတ်၊ ကိုယ့် ရွာသား ပဲ နိုင်စေချင်တဲ့ ကို အောင်သိန်း စိတ်ကြောင့် လင်မယား အကြီး အကျယ် ရန်ဖြစ်ရသည် ။ အကြောင်း ကား ကိုယ့် ရွာသား က လက်ရည် ညံ့ပေမဲ့ လည်း ကိုအောင်သိန်း တို့ က မရဘူး ၊ ဘယ်လို ပြော လို့ မှ မရ ။ ကိုယ့် ရွာသား ဘက် က လောင်းကြေး ထည့်သည် ။ မရှိ ရှိတာ ပေါင်နှံ ပြီး လောင်း တော့သည် ။ အချိန်တန် တော့ “ ရှုံး ” ရော။

မိပြား သတင်း ကြားသည် နှင့် လင်မယား နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ကြ သည် ။ လူကြီး တောင် ဝင် ဖျန်ဖြေ လို့ မရသည် အထိ ဖြစ်ခဲ့ကြသည် ။ မိပြား က အိမ် ပေါ် မှ ဆင်း ပြီး ရွာလယ် က သူ့ မိဘများ အိမ် ကို ဆင်း သွားသည် ။ လင်မယားခန်း ပြတ် သည့် သဘော။

မိပြား ဆင်း သွား လို့ မှ နှစ်ရက် ပဲ ကြာ သေး ။ အချိန်ကား မှောင်ရီပျိုး စ တိတ်ဆိတ် ငြိမ်သက်မှု အားလုံး ကို အောင်သိန်း ဖြိုခွဲ ပစ် လိုက်သည် ။

“ လိုက်ခဲ့စမ်းပါ လိုက်ခဲ့စမ်းပါ ”

မိပြား မိဘ နှစ်ပါး ပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည် ။

“ ဟဲ့ ... သမီး မိပြား ... နင့် ယောက်ျား ဘာ ဖြစ်လာလဲ မသိဘူး ”

“ သေချင်ရင် လိုက်ခဲ့စမ်းပါ ... လိုက်ခဲ့စမ်းကွ ”

“ ဝုန်း ”

ကိုအောင်သိန်း ယောက္ခမ အိမ် ပေါ် သို့ ပြေး တက် လိုက် ပြီး ...

“ ဟဲ့ ... မိပြား ... ငါ့ ကို ဓား ပေးစမ်း ...ဓား မရှိရင် လှံ ပေးကွ ”

“ ကိုအောင်သိန်း ... ရှင် လက်လွန် ခြေလွန် ဖြစ်ကုန်မယ် နော် ”

“ မောင်အောင်သိန်း ... သား ... စိတ် ကို ထိန်းကွ ”

ယောက္ခမ နှစ်ယောက် ၏ ဝိုင်း ဆွဲ သံ ၊ မိပြား တို့ သုံးယောက်သား ဝိုင်း ဆွဲထား နေ၍ အောင်သိန်း တစ်ချက် ၊ နှစ်ချက် ရုန်း လိုက်သေးသည် ။

“ သေချင်ရင် အိမ် ပေါ် တက်ခဲ့ကွ ... ဟာ ... ငါ ဆင်း လာ ရ မလား ကွ ”

“ တော်ပါတော် ... တော် ... ဘယ်သူ နဲ့ ရန် ဖြစ် လာတာတုံး ”

“အဲဒီကောင် နာမည် ငါ့ ကို မမေးနဲ့  ... အဲဒီကောင် နာမည် ကြား ရင် ငါ သ,တ်ချင်တယ် ”

“ သမီး မိပြား ... မမေးနဲ့ ဆို မမေးနဲ့ လေကွယ် ”

ယောက္ခထီး ၏ အသံ။

“သွား ... သွား ... နင့် ယောက်ျား ကို သိပ်လိုက် သိပ်လိုက် ”

“ လာ ... လာ ..  လာ ... ကိုအောင်သိန်း ”

“ မအေကြီး ... မီးခွက်တွေ မှုတ်လိုက် ... နင့် သမက် အလင်းရောင် မြင်ရင် ဒေါသ တွေ ထွက် နေဦးမယ် ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ”

တိတ်ဆိတ် ငြိမ်သက် သွားကြသည် ။

ကိုအောင်သိန်း အိပ်ရာ ထဲ တွင် ပြုံး လိုက်သည် ။ မိပြား က ကိုအောင်သိန်း ပြန် ထ မည် စိုး ၍ လက် နှင့် ဖိထား သည် ။

လင်မယား ပြန် ပေါင်းသည့် နည်း ကား အောင်သိန်း ထွင် ထား သော “ နည်းပညာ ” ဖြစ်သည် ။ ဘယ်သူနှင့် မှ ရန် မဖြစ်ပါဘဲ နှင့် အမှောင် ကို အားယူပြီး “ လိုက်ခဲ့စမ်းပါ ၊ လိုက်ခဲ့စမ်းပါ ” ဓားဆွဲ တုတ်ဆွဲ လုပ် ၊ အမှန်တော့ မည်သူမျှ လိုက်လာခြင်း မရှိသည် ကို ကိုအောင်သိန်း တစ်ယောက် သာ သိသည် ။

“ တောက် ... မိပြား လှံ ပေးစမ်းကွာ ”

“ အို ... ကိုအောင်သိန်း ရယ် ”

မှတ်ချက်

ဤနည်း ကို သုံး ၍ လင်မယား ပြန်ပေါင်း ကြမည် ဆို လျှင် ကျွန်ုပ် အား မူပိုင်ကြေး ပေးကြ ပါရန် ။

◾ဗေလုဝ

📖 ဟဒယမဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၀၇ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment