❝ အချစ်ဝတ္ထုများနဲ့ နေနွယ်ဇင်မြင့် ❞
( နေနွယ်ဇင်မြင့် နှင့် တွေ့ဆုံခြင်း )
၁၉၇၉ - ၈ဝ ခုနှစ်လောက်တုန်းက ရန်ကုန်မြို့ ၊ ဗိုလ်ချုပ်လမ်းပေါ်က ကြော်ငြာတွေ အဓိက ရထားတဲ့ မီးရထားဝင်း နံဘေးမှာ ထူးထူးခြားခြား ကြော်ငြာတစ်ခု တွေ့ခဲ့ရဖူးပါတယ် ။ ဝတ္ထုကြော်ငြာပါပဲ ။ ဒါပေမဲ့ အများတကာ တွေ ကြော်ငြာသလို တစ်အုပ်ချင်း ကြော်ငြာတာ မဟုတ်ဘဲ ဝတ္ထုဆယ်အုပ်ကို တစ်ပြိုင်တည်း တန်းစီကြော်ငြာ ထားတယ် ။ ရေးတာကလည်း တစ်ယောက်တည်း ၊ ကလောင်သစ်တစ်ယောက် ၊ ကလောင် အမည်က “ နေနွယ်ဇင်မြင့် ” ပါတဲ့ ။ တစ်ပြိုင်တည်း ကြော်ငြာထားတဲ့ ဆယ်အုပ်ထဲက တစ်အုပ်ပြီး တစ်အုပ် ဆက်တိုက် ထွက်လာလိုက်တာ အခုဆိုရင် ၂၅ အုပ်မြောက် ထွက်ပြီးသွားပါပြီ ။ နေနွယ်ဇင်မြင့် ဆိုတဲ့ ကလောင်အမည်ကို လူငယ်လူရွယ် စာဖတ်ပရိသတ် တွေ စိတ်ဝင်စားသလို သူ့စာတွေကိုလည်း လူငယ်အများစုက ဖတ်ကြ ၊ စွဲလမ်းကြပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း တချို့ဝတ္ထုတွေ ဖတ်ခဲ့ဖူးပါတယ် ။ “ တွေ့ဆုံပေးခြင်းကဏ္ဍ ” အတွက် နေနွယ်ဇင်မြင့်ကို တွေ့ဆုံပေးပါလို့လည်း လူငယ်စာဖတ်ပရိသတ်တွေဆီက စာမကြာခဏ ရောက်လာပါတယ် ။ ဒါကြောင့် ဒီလမှာတော့ လူငယ်စာဖတ်ပရိသတ်များအလိုကျ “ နေနွယ်ဇင်မြင့် ” နဲ့ တွေ့ဆုံပေးလိုက်ပါတယ် ။
••••• ••••• •••••
“ စာပေလောကထဲကို ဝင်ရောက်လာပုံက စပြီး သိပါရစေ ”
“ အဲဒါဆိုရင် တက္ကသိုလ်ကျောင်းသူ ဘဝက စခဲ့တယ်လို့ ဆိုရမယ် ။ အဲဒီတုန်းက တက္ကသိုလ်နံရံကပ် စာစောင် ၊ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း ၊ ငွေတာရီမဂ္ဂဇင်း ၊ အလင်းရောင်မဂ္ဂဇင်းတွေမှာ ရေးခဲ့ဖူးပါတယ် ။ ဆယ်ကျော်သက် ကဗျာရူး အဖြစ်မျိုးဆိုပါတော့ ။ ဝတ္ထုတိုတွေ ၊ ကဗျာတွေ ရေးခဲ့ပါတယ် ။ ကလောင်နာမည်လည်း အတည်တကျ မရှိပါဘူး ။ တစ်ခါရေးရင် တစ်မျိုးနဲ့ပါ ။ “ စောစိမ့်မွန် ” ၊ “ စိမ်း ” ၊ “ ခင်ထွေးငယ် ” ကိုယ့်ကလောင် နာမည်တချို့တောင် ကိုယ့်ဘာသာ ပြန်မမှတ်မိတော့ပါဘူး ။ လုံးချင်းဝတ္ထုလိုင်းထဲကို ၁၉၇၈ ခုနှစ်မှ စ ဝင်တာပါ ။ ဘွဲ့ရပြီး အထက်တန်းပြ ဆရာမ ဖြစ်မှဆိုပါတော့ ။ ပထမဆုံး ရေးခဲ့တဲ့ လုံးချင်းက “ နွေလယ်မွန်းတည့် မပူတော့ပါ ”
“ ဆရာမ အခု လုံးချင်းဝတ္ထုတွေ ရေးခဲ့တာ ၂၅ အုပ်မြောက်ခဲ့ပြီလို့ သိရပါတယ် ။ တော်တော်များများလည်း ကျွန်တော် ဖတ်ခဲ့ဖူးပါတယ် ။ ဖတ်ခဲ့တဲ့ အထဲက တချို့ဝတ္ထု ၊ တချို့ဇာတ်ကောင်စရိုက်ကလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးချင်ပါတယ် ။
ပထမ ဆွေးနွေးချင်တာက “ ခွာနိုင်ဘူး မောင့်နောက်မှာ အမြဲကွယ် ” ဝတ္ထုထဲက တူးတူးနဲ့ ပတ်သက်လို့ပါ ။ တူးတူး ဟာ ဘဝနာခဲ့တဲ့ မိန်းကလေးတစ်ယောက် ၊ ဗိုင်းကောင်းကျောက်ဖိ နေခဲ့တယ် ။ ကြည်သာ လို သူငယ်ချင်း ကိုတောင် မျက်နှာသာ မပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်က “ ပန်းခက်ဖြူ ” ဆိုတဲ့ သူဌေးမလေး ဘဝနဲ့ “ ဝေယံပိုင် ” ကို မသဲမကွဲသာ မြင်ရတဲ့ မတွေ့ဖူးသေးတဲ့လူ ၊ ပြောဖြစ်ကြတဲ့ အကြောင်း အရာတွေကလည်း “ မယားပြိုင် ” ကိစ္စ ဆိုတော့ ရှေ့ပိုင်းက တူးတူး စရိုက်နဲ့ ကင်းကွာ မသွားနိုင်ဘူးလား ”
“ ဒီလိုပါ ကိုဝင်းငြိမ်း ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရချိန်မှာ ကိုယ့်ဘဝကိုယ် မလုံမခြုံ ခံစားရတတ်ပါတယ် ။ ဘဝ နာတော့လည်း ပတ်ဝန်းကျင် အပေါ်မှာ သံသယစိတ် အမြဲရှိတတ်ပါတယ် ။ ငယ်သူငယ်ချင်းပေမယ့် ကြည်သာ ကိုလည်း ချစ်မှ မချစ်တာ ။ မျက်နှာသာပေးလို့ ဘယ်ဖြစ်ပါ့မလဲ ။
ပန်းခက်ဖြူ ဘဝကျတော့ ပြည့်စုံကုံလုံသွားပြီ ။ ရုန်းကန်လှုပ်ရှားစရာ မလိုတော့ဘူး ။ တာဝန်တွေ ၊ ပြဿနာ တွေလည်း တစ်ခုမှ မရှိတော့ဘူး ။ ဒီအခါမှာ ဆယ်ကျော်သက် မိန်းကလေးရဲ့ ရင်ထဲကို စိတ်နုလေးတွေ ဝင်လာတတ်တာပါပဲ ။
ဒီကြားထဲ ဝေယံပိုင် ရဲ့ လွမ်းပုံပြင်ကို ကြားလိုက်ရတော့ လစ်ဟာပြီး ခံစားစရာ အလေးအနက် ကိစ္စ ဘာတစ်ခုမှ မရှိတော့ဘဲ ပန်းခက်ဖြူ အဖို့ သိပ်စိတ်ဝင်စားသွားရပါတယ် ။ မိန်းမသားဗီဇနဲ့ သနားလိုက်မိပါတယ် ။ ဝေယံပိုင် အပေါ်မှာ ညွတ်ပျောင်းပြီး မသိမသာ တွယ်ငြိသွားပါတယ် ။ လရောင်ရိပ်မှာ စကားစမြည် ပြောရတာကိုလည်း ကြည်နူးသွားပါတယ် ။
အကြောင်းအရာက အဓိက မဟုတ်ပါဘူး ။ ရောက်တတ်ရာရာ ပြောဖြစ်နေရတာလေးကိုပဲ သဘောတူ နှစ်ခြိုက်နေတဲ့ အချိန်ပါ ။ ပြောကြတဲ့ စကားတွေရဲ့ အကြောင်းအရာ ၊ အလေးအနက် ၊ အပေါ့အတိမ် တွေလည်း သူတို့ ခေါင်းထဲ မဝင်ပါဘူး ။ ကြည်နူးနေတယ်လေ ။ အဲဒီအခန်းမှာ ကျွန်မရဲ့ ခံယူချက် အတွေးအခေါ် တစ်ခု ကို ထည့်ပြောလိုက်တာပါ ”
“ ဆရာမ ဇာတ်ကောင်တွေကို ဖန်တီးနေရာမှာ အပြင်လောက တကယ့်သက်ရှိ တစ်ယောက်ကို စံထားပါ သလား ။ စိတ်ကူးသက်သက်ပဲ ဖန်တီးပါသလား ”
“ သက်ရှိစံ ရော ၊ စိတ်ကူးယဉ်စံ ရော နှစ်မျိုးစလုံး ပါပဲ ။ တကယ် ရှိနေတဲ့ သက်ရှိစံ ပေါ် မူတည်ပြီးမှ မြန်မာအမျိုးသမီးတွေ ၊ ဆယ်ကျော်သက်လေးတွေ အတုယူသင့်တဲ့ စံမျိုးကို ဖန်တီးပါတယ် ။ ကျွန်မ ဇာတ်ကောင် အမျိုးသမီးတွေဟာ ထက်မြက်ရမယ် ၊ မိန်းမသားမို့ ဆိုပြီး ပျော့ညံ့တွေဝေ မနေရဘူး ။ ကြိုးစားမယ်ဆိုရင် ယောက်ျားတွေထက် မညံ့ပါဘူး ဆိုတာမျိုး မြန်မာ့ယဉ်ကျေးမှုကို မတော်လှန်တဲ့ အမျိုးသမီး ဆိုတာမျိုး ဖြစ်အောင် ဖန်တီး တည်ဆောက်ပါတယ် ။ အမျိုးသမီး စာရေးသူမို့ မိန်းမသား ရှုထောင့် ကိုတော့ ပိုကြည့်မိတာပေါ့ရှင် ”
“ ဇာတ်တစ်ပုဒ်ကို ကိုယ် ရေးချင်တဲ့ပုံစံ စိတ်ကူးထားပြီးမှ ဇာတ်ကောင်ရဲ့ ဆွဲဆောင်မှုနောက် ပါသွားရတာမျိုး ကြုံဖူးပါသလား ။ ကြုံဖူးရင် ဘယ်ဝတ္ထုဆိုတာ သိပါရစေ ”
“ ဝတ္ထုတိုင်း လိုလိုမှာ ကြုံရပါတယ် ။ စာရေးသူ ဈာန်ဝင်ပြီ ဆိုရင် ကိုယ့်ဇာတ်ကောင်ကိုယ်ချစ် ၊ ကိုယ့်ဘာသာ စွဲလမ်းပြီး ဇာတ်ကောင်နောက်က မျောပါသွားရတာချည်းပါပဲ ။ ဒါပေမဲ့ ကျွန်မက အဲဒီလို ဖြစ်ပြီ ဆိုတိုင်း သတိထားပါတယ် ။ ကျွန်မ သတ်မှတ်ထားတဲ့ စည်းဘောင်ထဲက ကျော်လွန်မသွားဖို့ပါ ။
ဥပမာ ဆိုပါတော့ ... တော်တဲ့ တတ်တဲ့ မိန်းမသားတစ်ယောက် အကြောင်း ရေးဖွဲ့ရင်း ကိုယ့်ဇာတ်ကောင် ကိုယ် အထင်ကြီးပြီး လေးစားလာတတ်ပါတယ် ။ တော်ချင်တိုင်း တော်စမ်း ၊ ထက်ချင်တိုင်း ထက်စမ်း ဆိုပြီး ဇာတ်ကောင်နောက်ကို စာရေးသူက လိုက်ပါသွားမိရင် အားကျအတုယူစရာ ပုံစံက ကျော်လွန်ပြီး အောက်ခြေလွတ် မာနကြီးဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်စရာ ဖြစ်သွားနိုင်ပါတယ် ။ ဒါကြောင့် ကျွန်မ အမြဲသတိထားပြီး ပြန် ထိန်းပါတယ် ”
“ ခွာနိုင်ဘူး မှာ မမငြိမ်းက ပြောတယ် ။ လူ့ဘဝမှာ စားဝတ်နေရေးနဲ့ ဘဝရပ်တည်မှုအတွက် လိုအပ်လာရင် အချစ်ဆိုတာ တကယ်ပဲ လဲလှယ်လို့ ရတယ်လို့ ဆရာမ ယူဆပါသလား ။ ဘဝအတွက် အချစ်ကို လဲကြတဲ့ သူတွေမျာ မိန်းမသားတွေက ပိုများတယ်ဆိုရင် ဆရာမ လက်ခံမလား ”
“ တကယ့်ဘဝမှာ ဆယ်ကျော်သက် သမီးပျို ရှိတဲ့ လေးဆယ်ကျော်ရွယ် မိခင်တိုင်း မမငြိမ်းလို စကားမျိုးကို ပြောကြရပါတယ် ။ ပြောကိုလည်း ပြောရပါမယ် ။ အချစ်တစ်ခုကို ဦးစားပေးလွန်းပြီး ဦးနှောက် လုံးဝ မသုံးဘဲ ရွေးလိုက်တာကြောင့် မမှားသင့်တာ ၊ မဖြစ်သင့်တာတွေ မမှားစေ ၊ မဖြစ်စေချင်ဘူးလေ ။
အချစ်ကို လဲလှယ်လို့ ရသလား ၊ မရဘူးလား ဆိုတာထက် တကယ် လဲကြ ၊ မလဲကြဆိုတာက ပိုအရေးကြီး မယ်ထင်ပါတယ် ကိုဝင်းငြိမ်း ။ တကယ့်လောကမှာ အချစ်ခွန်အား တစ်ခုက လွဲပြီး အရည်အသွေး မှန်သမျှ ပျောက်ဆုံးနေတဲ့သူကို ချစ်မိခဲ့ရင် ဘဝခရီးတစ်လျှောက်လုံး ဖြောင့်ဖြူးသွားဖို့ မလွယ်ပါဘူး ။ နောင်တ ရစရာလေးတွေနဲ့ ကြုံဆုံနိုင်ပါတယ် ။ ဒါကြောင့်မို့ ဆယ်ကျော်သက် အကျိုးပြု ရှုထောင့်အတွက် ကျွန်မတို့ စာရေးသူတွေဟာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို ခွဲခြားပြဖို့ တာဝန်ရှိပါတယ် ။
မိန်းမသားတွေက ပိုများတယ်လို့ ကိုဝင်းငြိမ်း ဝေဖန်ရင် ကျွန်မ မငြင်းပါဘူး ။ မိန်းမသား ဆိုတာ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို သီးသန့်စီလည်း မြင်ရမယ် ။ ယှဉ်တွဲပြီးတော့လည်း ကြည့်တတ်ရပါမယ် ။ ဘယ်လောက် တော်တဲ့ ထက်တဲ့ မိန်းမသားပဲ ဖြစ်ဖြစ် မိန်းမဟာ မိန်းမပဲလေ ။ အားကိုးအားထား အတွက် အိမ်ထောင်ပြုကြရတာ မဟုတ်လား ”
“ နောက်တစ်အုပ် ကျွန်တော် ဆွေးနွေးချင်တာက “ ခုတော့ အလှ ဆယ်မြင်းမိုရ် ” ဆိုတဲ့ စာအုပ်ပါပဲ ။ ဒီဝတ္ထု မှာ ဆရာမက ဆံပင်ကောက်ပုံကောက်နည်း ၊ မိတ်ကပ်ကို ဘယ်လို လိမ်းရတယ် စသဖြင့် တော်တော်လေး အသေးစိတ် ရေးထားတာ ဖတ်ရပါတယ် ။ ကျွန်တော့် စိတ်ထဲမှာ စာဖတ်သူတစ်ယောက်အနေနဲ့ ပြောရရင် ဝတ္ထုရဲ့ ရသပိုင်းကို အဲဒီအလှပြင်နည်း အသေးစိတ် ရေးပြနေတာတွေက ဖျက်ဆီးပစ်နေတယ်လို့ ထင်ပါတယ် ။ ဆရာမ ဘယ်လို သဘောရပါသလဲ ”
“ ဒီလိုပါ ၊ ပထမအချက် အနေနဲ့ ပြောရရင် ကျွန်မ ဝတ္ထုတစ်ပုဒ် ရေးတိုင်း အဲဒီထဲမှာ အဓိက ပါဝင်ရမယ့် အသက်မွေးဝမ်းကျောင်း တစ်ခုခုအတွက် ကွင်းဆင်း လေ့လာပါတယ် ။ စာချစ်သူတွေ အပေါ်မှာ ညာဝါဖြီးဖြန်း မရေးချင်တဲ့ စေတနာပါ ။ ခုတော့ အလှ ဆယ်မြင်းမိုရ် စာအုပ်အတွက် ကျွန်မ လက်တွေ့ရော စာတွေ့ပါ အများကြီး လေ့လာ ခဲ့ပါတယ် ။
နောက်တစ်ချက်က တိုးတိုးသည် အလှပြင်ဆရာမ ဖြစ်လေသတည်း ဆိုတဲ့ ဝါကျတစ်ကြောင်းနဲ့ တင်းတိမ် လိုက်ရင် ဇာတ်အိမ် ခိုင်မာမှုမှာ အများကြီး ပေါ့သွားပါ့မယ် ။ အလှပြင် ဆရာမက အဓိကဇာတ်ဆောင် မဟုတ်လား ။အလှပြင်ပြရမယ် ။ ဓာတ်ပုံဆရာမ ဆိုရင် ဓာတ်ပုံရိုက်ပြရမယ် ။ ရက်ကန်းရုံပိုင်ရှင် ဖြစ်နေရင် ရက်ကန်းရက် ပြရမယ် ။ ဒါမှလည်း သဘာဝကျပြီး ဇာတ်အိမ် ခိုင်မာလာမယ်လေ ။ ဒါတွေကို အသေးစိတ် မှုန်းတော့ ရသပိုင်းမှာ ပေါ့ချင် ပေါ့သွားနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်မ ပြောခဲ့တဲ့ အချက် နှစ်ချက်ကို ရသပိုင်းထက် ပိုပြီး ဦးစားပေးလိုက်တာပါ ”
“ ဆရာမ လုံးချင်းဝတ္ထုတွေအတွက် နေ့တိုင်း စာရေးပါသလား ။ စာရေးချိန်ရယ်လို့ သီးခြားသတ်မှတ်ထားပါသလား ။ ဒါမှမဟုတ် စိတ်ကူးရချိန်မှာ ကောက်ရေးပါသလား ”
“ နေ့တိုင်း မရေးပါဘူး ။ နေ့တိုင်းတော့ တွေးပါတယ် ။ အတွေးလေးတွေ စုမိဆောင်းမိဖြစ်လာတဲ့ အခါမှာ လုံးချင်းတစ်ပုဒ်ကို စပါတယ် ။ အဲဒီလို စ ရေးပြီဆိုရင် စာရေးချိန် သတ်မှတ်ချက် မရှိပါဘူး ။ နေ့ရောညပါ ရေးဖြစ်တော့တာပါပဲ ။ လုံးချင်း ရေးနေချိန်မှာ လူတစ်ယောက်အဖို့ လိုအပ်တဲ့ အိပ်ချိန်ဆိုတာ ကျွန်မမှာ မရှိ တော့ပါဘူး ။
တစ်ပုဒ် ပြီးသွားတဲ့ နောက်ပိုင်း ရက်တော်တော်ကြာကြာ စာမရေးဖြစ်တော့ပါဘူး ။ အဲဒီရက်တွေမှာ စာဖတ်ပါတယ် ။ အချက်အလက်တွေ စုပါတယ် ။ ဖတ်ရက် တွေးရက် ကြာလာတော့ ရင်ထဲမှာ ခံစားမှုလေး တွေ ပြည့်လာပြန်ရော ။ အဲဒီတော့ နောက်တစ်ပုဒ်ကို စ ရေးပြန်ရောပေါ့လေ ”
“ သွားလေရာကို မှတ်စုစာအုပ် ယူသွားတတ်ပါသလား ။ တွေ့မြင်တဲ့ အချက်အလက်တွေကို “ ဒါလေးတော့ ဝတ္ထုထဲ ထည့်သုံးလိုက်ရင် ကောင်းမယ် ” ဆိုတဲ့ စိတ်ကူးမျိုးနဲ့ မှတ်သားထားတတ်ပါသလား ”
“ ခရီးရှည် ထွက်တဲ့ အချိန်က လွဲလို့ မှတ်စု မကိုင်ပါဘူး ။ စာရေးတဲ့သူ ဆိုတော့ ဖြစ်ရပ်မှန်ပေါ် မူတည်ပြီး စိတ်ကူးယဉ်ကြရတာ ဆိုတော့ ပတ်ဝန်းကျင် လက်တွေ့ဘဝ ထဲက ရလာတဲ့ အချက်အလက်လေးတွေကို ကြုံရင် ကြုံသလို ခေါင်းထဲတော့ ထည့်လိုက်ရင်ပေါ့ရှင် ။ ကွင်းဆင်းလေ့လာရတဲ့ ဖြစ်ရပ်တွေ ကျမှ စာနဲ့ပေနဲ့ ရေး မှတ် ဖြစ်ပါတယ် ”
“ ဆရာမ ဝတ္ထုဖတ်လေ့ ရှိပါသလား ။ နိုင်ငံခြားဝတ္ထုတွေကော ဖတ်ပါသလား ။ ဆရာမ ဝတ္ထုတွေမှာ ဆရာမ ဖတ်လေ့ဖတ်ထ ရှိတဲ့ စာရေးဆရာ တစ်ယောက်ယောက်ရဲ့ “ ဟန် ” ၊ “ ပုံစံ ” မျိုး ဝင်လာတတ်တာ ရှိပါသလား ”
“ ကျွန်မက “ အဖတ် ” ကို “ အရေး ” ထက်တောင် ပိုဝါသနာပါပါသေးတယ် ။ စာမရေးဖြစ်တဲ့ ရက်တွေမှာ ဝတ္ထုတွေ ဖတ်ဖြစ်ပါတယ် ။ မြန်မာဝတ္ထု ထွက်သမျှ ကလောင်ဟောင်း ကလောင်သစ် အကုန် ဖတ်ပါတယ် ။ နိုင်ငံခြားဝတ္ထုကျတော့ မြန်မာဝတ္ထုတွေလောက် မဖတ်ဖြစ်ပါဘူး ။ ဆစ်ဒနီရှဲလ်ဒန် နဲ့ အာသာဟေလီ ကို ကြိုက်ပါတယ် ။ ဇာတ်အိမ် ခိုင်မာခြင်း ၊ ဇာတ်ကွက်စိပ်ခြင်း ၊ ဇာတ်လမ်း ကျယ်ပြန့်ခြင်း ဆိုတာတွေကို သဘောကျပါတယ် ။ အဲဒီဟန်နဲ့ ပုံစံတွေ ကျွန်မ ဝတ္ထုတွေထဲကို ထိုးဖောက် စိမ့်ဝင်ပါတယ် ”
“ စာရေးဆရာတိုင်းမှာ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်ပုံစံ ရှိသင့်တယ်လို့ နိုဘယ်လ်ဆုရ စာရေးဆရာကြီး “ ဖရန်ဆွာမောရယက်ခ် ” က ဆိုခဲ့ပါတယ် ။ ဆရာမ ဘယ်လို ယူဆပါသလဲ ”
“ မှန်ပါတယ် ။ ကျွန်မ ဆိုရင် လုံးချင်းလောကထဲ စ ဝင်ကတည်းက ကျွန်မအတွက် ဟန်နဲ့ ပုံစံကို တည်ဆောက်ပါတယ် ။ ဒီလိုပါ ၊ ဘဝဇာတ်ခုံမှာ လူသားတိုင်းအတွက် ကိုယ်စီ ဇာတ်လမ်းငယ်လေးတွေ ရှိနေပါတယ် ။ အဲဒီ ကိုယ်ပိုင်ဇာတ်လမ်းငယ်လေးတွေ တစ်နေရာမှာ ပေါင်းဆုံပြီး ဇာတ်လမ်း ခွင်ကျယ်ကြီး ဖြစ်သွားတတ်ပါတယ် ။ ဒါဟာ လူ့လောကရဲ့ တကယ့်ဖြစ်စဉ်ပါ ။ ဒါကြောင့် ကျွန်မ ဝတ္ထုတိုင်းမှာ ဇာတ်ကောင် များပါတယ် ။ ဇာတ်အိမ် ကျယ်ပါတယ် ။ ဇာတ်လမ်းရှည်ပြီး ဇာတ်ကွက် စိပ်သွားတတ်ပါတယ် ။ သဘာဝနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဖန်တီးချင်လို့ပါ ။
နောက်ပြီး ကျွန်မတို့ တိုင်းပြည်မှာ မိန်းမသား ဦးရေက ယောက်ျား ဦးရေထက် ပိုများပါတယ် ။ မိန်းမသားတွေ အနေနဲ့ အားနွဲ့သူပါရှင် လုပ်နေရင် လူဦးရေတစ်ဝက်ကျော်ကျော်ဟာ ပျော့ညံ့သူတွေဖြစ်လာပါမယ် ။ တိုင်းပြည်နဲ့ ချီပြီး နစ်နာမယ့် အဖြစ်မျိုးပါ ။ ဒါကြောင့်မို့ မိန်းမသား ဆိုတာ ကြိုးစားရင် ယောက်ျားတွေထက် မညံ့ပါဘူးဆိုတဲ့ စံမျိုးနဲ့ ကျွန်မရဲ့ ဇာတ်ကောင် အမျိုးသမီးတွေကို သရုပ်ဖော်ပါတယ် ။
ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ဖို့ ၊ မြန်မာမလေးတွေ မြန်မာ့ယဉ်ကျေးမှု စည်းဘောင်ထဲက ကျော်လွန် မသွားဖို့ အမြဲသတိထားရေးပါတယ် ။ အဲဒီလို မူချထားတဲ့ အချက်တွေလည်း ရှိပါတယ် ။
မူချ ၊ လိုင်းရွေး ၊ ဟန်နဲ့ ပုံစံပါ စိတ်တိုင်းကျ တည်ဆောက်ပြီးမှ ကျွန်မ လုံးချင်းလောကထဲကို ဝင်ခဲ့တာပါ ။ အလျဉ်းသင့်လို့ ကြုံကြိုက်တုန်း ပြောရမယ်ဆိုရင် ကျွန်မဝတ္ထု တွေ ၂၅ အုပ်မြောက်ခဲ့ပါပြီ ။ မိန်းကလေးက စပြီး ချစ်ရေးဆိုတာမျိုး ဘယ်စာအုပ်မှာမှ မပါခဲ့ပါဘူး ။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကန့်လန့်ကြီး ဖြစ်နေတဲ့ အချက်ပါ ”
“ အဲဒီ ဆရာကြီးကပဲ စာရေးဆရာ ဆိုတာ အတွေ့အကြုံ ရင့်ကျက်လာပြီးတဲ့ အသက်အပိုင်းအခြား ရောက်မှသာ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာနိုင်တယ် ။ ဒါကြောင့် လူငယ်စာရေးဆရာတွေမှာ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုတယ် ။ ကျွန်တော်တို့ နိုင်ငံမှာတော့ လူငယ်စာရေးဆရာတွေရဲ့ စာတွေကို ပိုပြီး ဖတ်ကြတော့ ပိုပြီး အောင်မြင်တယ်လို့ ပြောရင် ရနိုင်မလားဘဲ ။ ဒီတော့ ကျွန်တော် သိချင်တာက ဆရာကြီးရဲ့ အဆိုအမိန့်နဲ့ ကျွန်တော်တို့ဆီက အခြေအနေ ကွာခြားနေတာ ဘာကြောင့်ပါလဲ ။ ဆရာမ အမြင် သိပါရစေ ”
“ ဆရာကြီး ဖရန်ဆွာမောရယက်ခ်ရဲ့ အဆိုအမိန့်ကို ငြင်းစရာ မရှိပါဘူး ။ ယေဘုယျမှာ လူကြီးတွေက အတွေ့အကြုံများပြီး ပိုရင့်ကျက်ပါတယ် ။ ဒါပေမဲ့ ကျွန်မတို့ တိုင်းပြည်မှာ ဒီနေ့ ရသစာပေဖတ် ပရိသတ် အများစုက လူငယ်တွေ ဖြစ်ပါတယ် ။ ရေးသူနဲ့ ဖတ်သူ အသက်အရွယ်ချင်း ညီသလို ၊ ခံစားမှုပိုင်း အတွေးအခေါ်ပိုင်း မှာလည်း ပိုမို နီးကပ်ပါလိမ့်မယ် ။ ဒီတော့ လူငယ်စာရေးဆရာတွေကို ပိုလက်ခံတဲ့ သဘောပါ ”
“ ဝတ္ထုတစ်ပုဒ် ရေးပြီးသွားချိန်မှာ အဲဒီဝတ္ထုထဲက ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး ဆရာမ ရင်ထဲမှာ စွဲလမ်း နေတတ်ပါသလား ”
“ စ , ရေးချိန် ကတည်းက စပြီး စွဲလမ်းတာပါပဲ ။ ရေးပြီးတော့လည်း မထွက်ပါဘူး ။ ဒါပေမဲ့ ဇွတ်ကို နှင်လွှတ်လိုက်ရပါတယ် ။ ဒီလိုမှ နှင်မလွှတ်ရင် နောက်တစ်ပုဒ် စရေးလို့ မရတော့ပါဘူး ။ စာဖတ်ပရိသတ် အနေနဲ့ ကလည်း ကိုယ် နှစ်သက်တဲ့ စာရေးဆရာကို မကြာခဏ ဆိုသလို ဖတ်ချင်ကြပါတယ် ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးရမယ့် တာဝန်လည်း ရှိပါတယ် ။ စာရေးသူဟာ ရေးပြီးသား ဝတ္ထုထဲက ကိုယ့်ဇာတ်ကောင် နဲ့ ကိုယ့်ဇာတ်လမ်းကို စွဲလမ်းနေရင် နောက်ဝတ္ထုအသစ်တစ်ပုဒ် ရေးဖို့ရာမှာ အခက်အခဲ တွေ့မှာပဲ ”
“ ဆရာမ ပရိသတ်နဲ့ ပတ်သက်ပြီး ပြောချင်တာများရှိရင် ... ”
“ ဟုတ်ကဲ့ ။ ကျွန်မ ပြောချင်တာက ကျွန်မဆီကို ရေးလာကြတဲ့ စာတွေနဲ့ ပတ်သက်လို့ပါပဲ ။ ကျွန်မရဲ့ စာအုပ်တွေကို ဝေဖန်ရင် လက်ခံပါ့မလား ဆိုတဲ့ သံသယဝင်နေတဲ့ စာချစ်သူတွေကို ပြန်ကြားချင်ပါတယ် ။
ကျွန်မရဲ့ ခံစားမှု အတွေးတွေကို “ ဝတ္ထု ” အဖြစ်နဲ့ စာချစ်သူတွေထံ ပို့ဆက်ပါတယ် ။ အဲဒီအခါမှာ စာချစ်သူများထံက “ ဝေဖန်အကြံပြုစာ ” များကို ကျွန်မက ပြန်လည် လက်ခံရရှိပါတယ် ။ ခံစားချက်ချင်း ၊ အတွေးချင်း ၊ ဖလှယ်နှီးနှောကြတယ်လို့ ကျွန်မ ခံယူပါတယ် ။
ကျွန်မ ရေးလိုက်တဲ့ စာအုပ်နဲ့ ကျွန်မ ပြန်လည် ရရှိတဲ့ စာတွေဟာ ကျွန်မနဲ့ ကျွန်မပရိသတ် ရေးသူနဲ့ ဖတ်သူ အကြားမှာ ဆက်သွယ် တွယ်နှောင်းထားတဲ့ ပေါင်းကူးတစ်ခုရဲ့ အသွားနဲ့ အပြန်လမ်းလို့ ကျွန်မ မြင်ပါတယ် ။ ဒါကြောင့်မို့ ကျွန်မ စာအုပ်တစ်အုပ် ထွက်ပြီးတိုင်း ဝေဖန်အကြံပြုစာများကို ကျွန်မ မျှော်လင့်နေပါတယ်ဆိုတဲ့ အကြောင်း ပြောချင်ပါတယ် ။ နောက်တစ်ခုက လုံးချင်းလောကထဲကို ဝင်လာတဲ့ အချိန်ကစပြီး နေနွယ်ဇင်မြင့် ဆိုတဲ့ နာမည် တစ်ခုတည်းနဲ့ပဲ ကျွန်မ ရေးပါတယ် ။ ကျွန်မမှာ ကလောင်ခွဲ မရှိပါ ဆိုတဲ့ အကြောင်းပါပဲ ။
ကျွန်မကို စာချစ်သူတွေရဲ့ ကိုယ်စား တွေ့ဆုံခြင်း ပြုလုပ်ပေးတဲ့ အတွက် ကိုဝင်းငြိမ်းနဲ့ တကွ ပေဖူးလွှာ ဝိုင်းတော်သားတွေကို ကျေးဇူးအများကြီး တင်ပါတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာမ ၊ ကျွန်တော်ကလည်း ပေဖူးလွှာရဲ့ စာတည်းအဖွဲ့နဲ့ ဆရာမရဲ့ စာဖတ်ပရိသတ် ကိုယ်စား ကျေးဇူးတင်တဲ့ အကြောင်း မှတ်တမ်းတင်ပါရစေ ”
▢ ဝင်းငြိမ်း
📖ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၀
စက်တင်ဘာလ ၊ ၁၉၈၄ ခုနှစ် )

စက်တင်ဘာလ ၊ ၁၉၈၄ ခုနှစ်
No comments:
Post a Comment