Tuesday, April 30, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၁ )


 

မျက်နှာ ကို စင်သော ရေစက် ကြောင့် လန့် နိုး လာရ၏ ။ လူ က မထနိုင်သေး ။

“ တောက် ... ရန်ကုန် က လက်ဝှေ့ကျော် တဲ့ ကွာ မျက်နှာကြီး က ထိုး မလွဲကြီး ”

“ အေးလေ ... ဒီလို မျက်ပေတုံး နဲ့ ထိုးမလွဲ မျက်နှာမျိုး ၊ ကျွဲမောင်း မပြောနဲ့ ငါ တောင် ချ ထည့်ချင်တာ ”

“ ဟေ့ကောင် ခုနက ကျွဲမောင်း သူ့ မျက်နှာကြီး ချ ထည့် လိုက်တာ ငါ့ မယ် ဆိုင်းဝိုင်း က ပတ်ချမ်းချမ်း ( ရကွင်း ( ခ ) လင်းကွင်း ) ကြီး ဆိုင်းဆရာ ယောင် တီးလိုက်တယ် မှတ်တာ ၊ တောက် အားရလိုက်တာ ကွာ နှစ်ချက် သုံးချက် ဆင့် မြည် မှ ဒီကောင့် မျက်ခွက်ကြီး က မှန်း သိတာ ”

မျက်နှာ လာ စင်သော ရေစက် နှင့် အသံများ ကြောင့် ယောင်ပြီး လန့် နိုး လာသည် ။

“ ကျွန် ... ကျွန်တော် ဘယ် ရောက် နေပြီလဲ ဟင် ”

ကျွန်တော် ၏ အမေး ကြောင့် ခုနက ကျွန်တော့် စကား ပြော နေသူများ က ...

“ ဟော ... ဟော သတိရ လာပြီ ၊ သတိရ လာပြီ ၊ ဟေ့ ဟေ့ ပခုံး နှိပ်ပါဟ ”

“ အား ... ကျွတ်  ... ကျွတ် ကျွန် ... ကျွန်တော် ဘယ် ရောက်နေတာလဲ ဟင် ”

“ ဘယ်မှ မရောက်ဘူး ၊ ဘယ်မှ မရောက်ဘူး ၊ စင်ပေါ် မှာ ပဲ ရှိသေးတယ် ”

အနီးနား ဝေ့ ကြည့်လိုက်တော့ ဟုတ်သည် ။ စင် ပေါ် မှာ ပင် ။

“ ဟင် ... ခုန .. ခုန ကျွန်တော် ရှုံးပြီ မဟုတ်လား ”

“ ဘာ ... ဘယ်ကလာ ရှုံးရမှာလဲ ။ ခင်ဗျား မျက်နှာကြီး တခွမ်းခွမ်း နဲ့ အထိုး ခံရပြီး မေ့လဲ သွားလို့ ခြောက်မိနစ် အနား တောင်း သေးတာ ခင်ဗျား သတိရ လာရင် ပြန်ထိုးရမှာ ”

“ ဂျာ ”

လူ က မျက်လုံး ပင် ပြန် လည် သွား၏ ။ ကြောက်စိတ် ကား ဘယ်ကနေ ဘယ်လို ပေါ် ပြီး ငယ်ထိပ် ဆောင့် တက် လာသည် မသိ ။ ရေ ထိပြီး ဝပ် နေသော ဆံပင်များ ပင် အချောင်းလိုက် ပြန် တောင့် တက်လာ၏ ။

“ ကဲ ... ကဲ သတိရ လာပြီ ဆို ၊ ပြန် အထိုး ခံမယ် ၊ အဲလေ မျက်နှာကြီး နဲ့ ပြန် ထိုးမယ် ၊ ကဲ ဝိုင်း လယ် မှာ တည် ”

ဆိုကာ မတ်တတ် ဆွဲ ထူပြီး ဝိုင်းလယ် ကို တွန်း လွှတ် လိုက်ပြန် သည် ။

“ ဟင် ”

ကုပ်ချိကုပ်ချိ နှင့် ဝိုင်းလယ် မှာ ပြန် ရပ်နေတာ တွေ့ တော့ ကျွဲမောင်း အံ့အားသင့် သွားသည် ။ ပရိသတ် ၏ လက်ခုပ်သံများ လည်း စီညံ သွားသည် ။

“ ဒါမှ မြို့ကြီးသား ကွ ”

“ တောက် ... အသည်း က တော့ ဘယ်လို နေတယ် မသိဘူး ၊ မျက်ခွက် က တော့ အလွန် မာတဲ့ကောင် ပဲ ၊ ကြည့်စမ်း အခွက်ကြီး တစ်ခု လုံး ပိန်ချိုင့် နေတော့မယ် ၊ ကုန်း ထ လာ တုန်း ”

ဟူသော ဩဘာသံများ လည်း ပေါ်ထွက် လာ၏ ။ လူများ ၏ အာရုံ မှာ စင်ပေါ် ပြန် ရောက် ကုန်သည် ။ ကျွဲမောင်း ပင် ကျွန်တော့် ကို လက်ဆွဲ နှုတ်ဆက်ပြီး .. 

“ ကျုပ် တွေ့ဖူးသမျှ လက်ဝှေ့သမား တွေ ထဲ မှာ တော့ ခင်ဗျား ခံနိုင်ရည် အရှိဆုံးပဲ ဗျာ ၊ ဒီလောက်တောင် မျက်ခွက်ကြီး ကို တခွမ်းခွမ်း ထိုးခွဲ တာ တောင် ပြန် ထ လာနိုင်သေးတယ်လို့ ”

ကျွန်တော် လည်း သူ့ မျက်နှာ ကို မချင့်မရဲ ကြည့်ပြီး ...

“ အခုလို ချီးကျူး တဲ့ အတွက် ကျေးဇူးဥပကာယ အထူး တင်ရှိ ပါတယ် ၊ ဒါပေမယ့် ထိုးမယ် ဆို မျက်နှာ ကို သာ ဆက် ထိုးပါဗျာ ”

“ ဘာလို့လဲ ”

ကျွဲမောင်း က မျက်မှောင် ကျုံ့ ရင်း မေးသည် ။ ဒါကို ကျွန်တော် က ငိုချင်ရုပ် ကို ဟန် လုပ်၍  ...

“ လက် မှာ က အနာတွေ ပြည့် နေလို့ပါ ဗျာ ၊ အဟင့် ဒါကြောင့် ဒဏ်ရာ သိပ် မများသေး တဲ့ မျက်ခွက် ကို သာ တွယ်ပါ ”

ကျွန်တော့် စကား ကို ကျွဲမောင်း က သက်ပြင်း ကို ချ လက်သီး ကို ပြင်ပြီး ...

“ စိတ်ချပါ ဗျာ ၊ ခင်ဗျား မျက်နှာကြီး စုတ်ပြတ်သတ် သွားရုံ မ က လူ မြင်ရင် ဒဿဂီရိ ထင်ရ လောက်အောင် သမ ပေးမယ် လို့ ရဲရဲ ကြီး အာမခံပါတယ် ”

သူ့ စကား ကြားတော့ ဝမ်းသာရ မှာလား ၊ ငိုပဲ ငိုပြ ရမှာလား မသိနိုင်တော့ ။ နာနေသော လက်ကလေး နောက် ပစ်ပြီး မျက်နှာလေး သာ ပင့် ထား ပေးလိုက်ရသည် ။

“ ဒါမှ မြန်မာ့ သတ္တိ ၊ ခံရတာ တောင် မျက်နှာ က ချီထားတုန်း ၊ တွေ့လား ဒီ တစ်ခါ ဘယ်လို အတွယ် ခံဦးမယ် ဆိုတာ ကြည့်ကြသေး တာပေါ့ ”

ဪ ... ကိုယ့် မှာ ဒါလေး ရှိလို့ ဒါလေး ပင့် ထားတာ အောက် က လော်စပီကာ နှင့် မြှောက် ပေးတုန်း ။ အေပေးတွေ သူ တို့ မခံရ တိုင်း ဟိုင်းယား ဟိုင်းယား နှင့် မြှောက်ပေး တတ်ကြသည် ။

“ လာပါ သူငယ်ချင်း ... ဝိုင်းလယ် မှာ တည်မယ် ၊ ဟိုင်းယား အသံကောင်း လို့ ပွဲတောင်းတဲ့ မောင် ပါ နော် ၊ ဟိုင်းယား ဟိုင်းယား ”

ဝိုင်းလယ် မှာ တကယ် တည်သည် ။ သို့သော် ကြွေးရှင် နှင့် ကြွေးပူသည် လို မျက်နှာ အကြီး အငယ် က ကွာလှ၏ ။

“ အဆင်သင့် ဖြစ်ရင် ”

“ ခွမ်း ”

“ ကိန် ”

“ ခွမ်း ... ခွမ်း ”

“ အိုင် ... အိုင် ”

“ ဖုန်း ”

“ အာဝု ”

“ ဒုန်း ”

“ ကိန် ”

ကြမ်းပြင် ပေါ် မှောက်လျက် လဲ လား ၊ ပက်လက် လဲ သလား တော့ မသိ ။ ခေါင်း နှင့် ကျသွားမှန်း တော့ သိသည် ။ ပြီးနောက် ယောင်ယောင်ကန်းကန်း နှင့် စင်ပေါ် လေးဘက် ထောက် သွား နေမိသည် ။ မျက်လုံး က တော့ ဘာကို မှ မမြင်တော့ ။

“ တစ် ... နှစ် ... သုံး ... လေး ... ငါး ... ခြောက် ”

အမှတ်စဉ် ရေတွက် နေသံသာ ကြားသည် ။ ဘာမှ မမြင်တော့ ။ လူ က စင်ပေါ် လေးဖက်ကြီး လည် နေတုန်း ။

“ ဂိန် ”

စင်ပေါ် မှ စင်အောက် သို့ ခွေးကျ ထပ် ကျသည် ။ ကျ တာ မှ ခွေးကျ စစ်စစ် ။ ဘယ်လို ကျကျ အောက်ပိုင်း ထက် အပေါ်ပိုင်း ကြီး နေ ၍ လား မသိ ခေါင်း နှင့် သာ ကျသည် ။

“ ခွန် ... ရှစ် ... ကိုး ... တစ်ဆယ်ပါ ခင်ဗျား ”

အမှတ်စဉ် ရေတွက် လို့ ပြီး သွားသည် ။ လူ က စင် အောက် ထိုင်ခုံများ ကြား လေးဖက် သွား နေတုန်း ။ လူ စင်စစ်က ဘာ ဖြစ်သွားသည် တော့မသိ ။ လေးဖက်ကြီး လည်တယ် နှင့် ပြန် တည့်လို့ မရသေး ။

“ ဟ ... ဟ ဝိုင်း ဖမ်းကြပါဦး ဟ ၊ ဟိုကောင် ဘာ ဖြစ်သွားလဲ မသိဘူး ”

အားလုံး ဝိုင်း ဖမ်း မှ ဒိုင် တစ်ယောက် ၏ လုံချည် အောက် မှ ခေါင်း ကို ပြန်မိသည် ။

“ ဟ ... ဘာကြီးလဲ ဟ ၊ ကြောက်စရာကြီး ”

“ ဘာရမလဲ ကွ ... လုံချည် အောက် က မြင်ရတာ ဆိုတော့ ဟာ အဖြေရ ခက်လိုက်တာ ကွာ ၊ အဲ ဟိုကောင့် ခေါင်း ကွ ... ဟိုကောင့် ခေါင်း ”

“ ဟင် ... ဟိုကောင့် ခေါင်း က ဘာလို့ နှစ်ခု ပို ၊ ဟင်... ဪ ဒီလိုလား ၊ ဒီလိုတော့ အရှင်းသား ဟီဟီ ”

အရေးထဲ သဘောကျ သူ နှင့် လာ တွေ့ နေသေးသည် ။ ဒိုင်လူကြီး လုံချည် ကြား က မနည်း တိုး ထွက် ယူရသည် ။

“ အာ ... ကြည့်စမ်းပါဦး ဒီကောင့် မျက်နှာကြီး တကယ့် ကို စုတ်ပြတ်သတ် သွားတာ ၊ ထွီ ရွံစရာကြီး ”

“ အေးလေ ... မျက်နှာကြီး က ဘီလူး လိုပဲ ၊ တောက် ဒိုင် လုပ် လာတဲ့ သက်တမ်း တစ်လျှောက် ဒီလောက် အဖြစ်ဆိုး တာ တစ်ခါ မှ မကြုံဖူးသေးဘူး ၊ သေ တာ တောင် ဒီလောက် ကံ ဆိုးမယ် မထင်ဘူး ”

“ အေး ... ဟေ့ကောင်တွေ ငါတို့ မကြည့်ရဲဘူး ၊ သွား ပစ်ထုတ်လိုက်ကြ ၊ သွား ... သွား ”

“ အမြန် လုပ်ပါဟ ... ရွံလွန်းလို့ပါ ”

ဝါရင့်ဒိုင်များ ကိုယ်တိုင် ကို က လန့် ယူရသည့် အနေအထား ဖြစ် နေလေပြီ ။

“ ကဲ ... ကဲ ဒါဆိုလည်း ဟိုကောင်တွေ ခြေထောက် က မ ၊ ငါတို့ က ခေါင်း ၊ ဟင် ခေါင်း တစ်ခုလုံး ဒဏ်ရာချည်း ပဲ ဆိုတော့ ”

“ ဟာ ... နားရွက် က သာ မ သွားစမ်းပါ ”

ပြောသည့် အတိုင်း တကယ် လုပ်သည့် ရွာ ပင် ။ နှစ်ယောက် က ခြေမ က ဆွဲ၍ နှစ်ယောက် က နားရွက် ကဆွဲသည် ။ ပြီးနောက် လူကြား ထဲ မှ တိုးဝှေ့ ပြီး ခပ်ဝေးဝေး လူ ရှင်းရာ တွင် သွား ပစ်ထုတ်သည် ။

“ ကိန် ”

သည် တစ်ခါက ကျွန်တော် အော်သည် မဟုတ် ။ တကယ့် ကို ခွေး ပေါ် ပြုတ် ကျ ၍ ခွေး လန့်အော်ခြင်း ဖြစ်သည် ။ နောက် ဘယ်က ဘယ်လို သိမ်းထားမှန်း မသိသော ကျွန်တော့် အထုပ် က ဘုတ်ခနဲ ပြုတ် ကျ လာသည် ။

“ ဟဲ့ ... ပလုတ်တုတ် ”

ဘေးနား က လူ တစ်ယောက် က လန့် အော်သည် ။

“ ဟ ... ဟ ဘာကြီးလဲဟ ”

ဟို လူ က သူ့ ရှေ့ ချထား သော ခွက်ကလေး နေရာ ရွှေ့ သည် ။ ပြီးနောက် ကျွန်တော့် ကို အသေအချာ ကြည့်ပြီး သတိရ သွားဟန် နှင့် ...

“ ဟင် ... နှေ့ ကောင် ... နှင်း နှာ နေရာ ... နု တာနားကွ ”

ဘုရားပွဲဈေး ၌ ရရာ တောင်း ပြီး အလုပ် ဖြစ်နေသူ ထင်၏ ။ သူ့ မှာ လည်း ပတ်တီးကြီးများ နှင့် ...

“ အာ .. ဘာလို့ နု ... အဲ လုရမှာလဲ ဗျ ၊ ဒီမှာ ကိုယ့် ဘာသာ ကိုယ် မဟန်နိုင်လို့ လာ လဲတာ ”

“ နှေ့ကောင် .. သူတောင်းစား ချင်း ခြေ ညင်တယ်နော ၊ မင်း ဒီ မှာ လာနဲ ကနည်းက ဘယ် အပေါက် ညိုးမယ် ဆိုတာ သိတယ် ”

“ အာဂျာ... အဲလေ ဟာဗျာ ခင်ဗျား ကလည်း တစ်မှောင့် ကျုပ် က သူတောင်းစား မဟုတ်ဘူးဗျ ”

“ မင်းရုပ် မင်းရည် နဲ့ သူတောင်းစား မဟုတ်ဘူး ၊ ထွီ ရွံ့စရာ ကောင်း လိုက်တာ ၊ ငါ့ များ နာ လိမ်နေသေး ၊ ရုပ်ကလပ် က စုတ်ပြတ် နေတာ ၊ အနူ က တောင် ပြန် ရွံရသေး ၊ နေ့ကောင် နာ့ လက် ကို တုတ် ချည်ပေးစမ်း ”

“ ဘာလုပ်ဖို့လဲ ဗျ ”

“ မင်း ကို ရိုက်မလို့ နေကွာ ... မင်း ကို ရိုက်မလို့ ”

“ အောင်မာ ... ကိုယ့် ကို ရိုက်မလို့ ကို များ သူ့ လက် တုတ် ချည်ပေးရဦးမယ် ၊ တော်ပြီဗျာ သွား တော့မယ် ၊ အား ကျွတ် ကျွတ် ”

လူက  ယိုင်နဲ့နဲ့ နှင့် ထ ရသည် ။

“ အား ... ကျွတ် ... ကျွတ် ”

“ နှေ့ကောင် နေဦး ၊ ဒီ အထုပ် က နာ့ လှူသွားတာကွ ၊ ပေးကြမ်း ”

အရေးထဲ ကျွန်တော့် ဆီ က ပါလာသည့် အထုပ် ကို သူ့ ခြေမ နှင့် ကလော် ထား၏ ။

“ အာ ... ဘယ့်နှယ် ခင်ဗျား ကို လှူရမှာလဲ ၊ ကျုပ် အထုပ်ဗျ ၊ ကျုပ် နဲ့ ပါလာတာ ”

“ နှေ့ကောင် ... ဒူတောင်းစား ချင်း ခွက်ဇောင်း မခုတ်နဲ့ ၊ နုန က လူတွေ ငါ့ ရှေ့ ပစ်ချ သွားတာကွ ၊ နာ့ ပစ္စည်း ”

“ အာ. . ဘယ့်နှယ် ခင်ဗျား ရှေ့ ပစ်ချရမှာလဲ ၊ ကျုပ် ရင်ဘတ် ပေါ် ကျ လာတာ မတွေ့ဘူးလား ”

“ မင်း က နာ့ ရှေ့ လာ အိပ် နေတာကိုးကွ ၊ မင်း ရင်ဘတ် ပေါ် ကျ မှာပေါ့ ၊ သူစောင်းစား ကျက်သရေ တုန်းလိုက်ဘာ ၊ အင်္ကျီလေး ဘာလေး တောင် မရှိဘူး ”

ကြည့် လိုက်တော့ ဟုတ်ပါသည် ။ သူ က တောင် အင်္ကျီ နှင့် ကျွန်တော် က ကြိုးဝိုင်း ပေါ် မှ ဆင်းလာ သူ မို့ အင်္ကျီ ဗလာကျင်း သူတောင်းစားကြီး က အိတ်ကြိုး ကို ခြေသလုံး နှင့် ညှပ် ပြီး အတင်း ဆွဲ သည် ။ ကျွန်တော် က လည်း ကိုယ့် အိတ် သူ့ ဆီ ပါသွား မှာ စိုး၍ လက် နာနေရသည့် ကြားမှ အားစိုက် ၍ ပင် ...

“ မပေးဘူး .. ဘာလို့ ပေးရမှာလဲ ၊ ကျုပ် အိတ် ကျုပ် ပြန်ယူရမှာ ၊ လွှတ်စမ်း ”

“ ဘာလို့ လွှတ်မှာလဲ ၊ မင်း လွှတ်ရမှာ ”

“ လွှတ်ဘူး ... လွှတ်ဘူး ”

“ ကျုပ် လည်း လွှတ်ဘူး ၊ ခင်ဗျား လွှတ် ”

အိတ် တစ်လုံး ကို သူတောင်းစား က ခြေချိတ် ၊ ကျွန်တော် က လက်ချိတ် ပြီး အပြိုင် ဆွဲ နေရသည် ။ ကြာတော့ ဒေါသ ထွက် လာပြီး ဆောင့် ဆွဲကာ ...

“ အာ ... လွှတ်လေဗျာ ၊ ဒါ ကျုပ် အိတ်ဗျ ”

“ မလွှတ်ဘူး ၊ ငါ့ အိတ် ၊ ဟောဒီမှာ ကယ်ကြပါဦး ဗျို့ ၊ ကျုပ် ကို လှူတာ ကို ဒီကောင် လာ လုနေတယ် ”

“ ဟင် ”

သူတောင်းစားကြီး ဆီ က ကျယ်လောင်သော အော်သံ ကြား တော့ ခေါင်းနားပန်း ပါ ကြီး သွားရသည် ။

“ အရပ် ကူပါ လူ ဝိုင်းပါဦး ဗျို့ ၊ ဒီမှာ ကျုပ် စီးပွားအိုး ကို တုတ်ထိုး နေလို့ပါ ခင်ဗျ ၊ ဟီး ဟီး ”

အမူအရာ ကောင်းလိုက်သည့် ဖြစ်ခြင်း ။ မျက်ရည် က ပတစ်ခနဲ အတောင့်လိုက် ထွက်လာ၏ ။ အကယ်ဒမီ ပေး လျှင် သူ ရပြီ ။

“ ကယ်ပါ ... ကယ်ပါ ၊ ကယ်ပါ ဆီ က အထုပ် လု နေလို့ အို့ အို့ ဟီး ”

သူ့ အော်သံ ကြောင့် လူများ ဝိုင်း လာကြလေသည် ။

“ ဟေ့ ... ဟေ့ ဘာဖြစ်ကြတာလဲကွ ”

“ ဒီ ... ဒီလိုပါ ”

ကျွန်တော့် အဖြေ မဆုံးမီ မှာ ပင် သူတောင်းစားကြီး က သူ့ တိုနေသော လက် ကို ထိုး ရင်း ...

“ ကျုပ် လက် ကို တုတ် ချည်ပေးစမ်းပါ ဗျ ၊ တုတ် ချည်ပေးစမ်းပါ ၊ ဟီး... ဟီး ”

“ ဘာ ... ဘာဖြစ်လို့လဲ ”

“ ဟောဒီ နူ .. ဟောဒီ နူ ကျုပ် စုထားတဲ့ အထုပ်ကို နု နို့ ၊  ဟီး ... ဟီး ကျုပ် လက် ကို တုတ်ချ ည်ပေးစမ်းပါဗျာ ၊ ဒီကောင့် ကို ရိုက်ချင် နို့ ”

“ ဟင် ... သူတောင်းစား ဆီ က တောင် ပြန် လုတဲ့ ကောင် ၊ ဒီလို ကောင်မျိုး ကို မထားသင့်ဘူး ”

“ အေး ... ဟုတ်တယ် ၊ ရုပ် ကို က ကြည့်ပါလား ၊ စုတ်ပြတ်သတ် နေတာ ”

“ ချကွာ ... ဒီလို ကောင်မျိုး ကို ဆုံးမ ပစ် ၊ ဟို လူ့ လက် တုတ် ချည် ပေးလိုက်ကြစမ်း ”

ရှင်းပြချိန် တစ်ချက်ကလေး ပင် မရလိုက် ။ လူတွေ အားလုံး စုပြုံ ကျ လာ၏ ။

ထို့နောက် သူတောင်းစား လက် ကို ဘယ်သူ ချည် ပေးလိုက် မှန်း မသိသော တုတ်ကြီး ကို အနီးကပ် မြင် လိုက်ရသည် ။

“ ကယ်တော်မူကြပါဗျို့ ”

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၀ )


 ဆိုင်းသံဗုံသံ ဆူဆူညံ ကြားသည် နှင့် နဂို ပျော် တတ်သည့် ကျွန်တော် ခြေဦး က အလိုလို လှည့်မိသည် ။


“ ဟိုင်းဟား ... ကျား ဆို  မှကျား ... ဒူးပျံ နဖူး မှန် ရင် ဟက်တက်ကွဲ သွားမနော့ ၊ ဟိုင်းဟား ”


ဗိန်းဗောင်းတိုက်သံ ၊ ညာသံများ က လူ ကို ဆွဲဆောင် နေပါသည် ။


“ နယ်ခံ လက်ဝှေ့ကျော် ကျွဲမောင်း ပါ ခင်ဗျား ၊ လကလေး ကို လက် ဆွဲ စင်ပေါ် တက်ရဲတဲ့ မောင် ပါ ၊ ဟိုင်းယား ”


စင် ပေါ် တွင် မဲမဲသဲသဲ ဗလကောင်းကောင်း တစ်ယောက် လက်ဝှေ့ရေး ပြ နေ၏ ။ ခုန  ဘကြီးဆန်းထူး တို့ ပြောသော လက်ဝှေ့ကျော် ကျွဲမောင်း ပင် ။


“ ကဲ ... ရန်ကုန် က လက်ဝှေ့ကျော် ”


ခေါ်သံ သာ ကြားသည် ။ တက်လာသူ ကို မမြင် ။ 


“ ဪ ... အရေးထဲ လက် က ယင်ကောင် လာ နား နေသေး ”


ပေပွ နေသော လက် ကို ယင်ကောင် လာ နား၍ လက် ကို ဝှေ့ယမ်း ပြီး ယင် မောင်း နေ ရသေး၏ ။


“ ရန်ကုန် က လက်ဝှေ့ကျော် ”


“ ဪ ... ဒီ ယင်ကောင် က လည်း ”


အနံ့ ဆိုး ၍ ဖြစ်မည် ၊ ယင်ကောင် က လက် ကို သွက်သွက်ဝှေ့ ယမ်း သော်လည်း မရ ။ ထို့ကြောင့် မြန် သထက် မြန်အောင် လှုပ်ရှား လိုက် ရသည် ။


“ ဟာ ... ဟေ့ လူ ဟိုမှာ ခေါ် နေပြီလေ ၊ ဘာလို့ စင်ပေါ် မတက်သေးဘာလဲ ၊ လာ လာ ”


အနား သို့ လူ နှစ်ယောက် သုံးယောက် ပြေး လာပြီး လာ ဆွဲ၍ ကျွန်တော် လည်း ကြောင် သွားရသည် ။ လက် မှာ က လည်း ပတ်တီးတွေ နဲ့ မို့ လက်ဝှေ့သမား ဟု ထင် နေပုံ ရသည် ။


“ မဟုတ်ဘူး ... ယင် ... ယင် ”


“ ဪ ... မော်တော်ယာဉ် နောက်ကျလို့လား ၊ ကဲပါဗျာ လာပါ ၊ ဟိုမှာ ကျွဲမောင်း က ခင်ဗျား ကို သမ ဖို့ စောင့်နေပြီ ” 


“ မ ... မဟုတ် ... မဟုတ် ”


“ နာမည် က ကိုမဟုတ် ... ဟုတ်လား ကျွန်တော် ကြေငြာ ခိုင်း လိုက်ပါ့မယ် ”


“ ဟ .. လုပ် ... လုပ်ကြပါဦး ၊ လုပ်ကြပါဦး ” 


“ လာစမ်းပါဗျာ ... ဗျား ရန်ကုန် က လာတယ် မဟုတ်လား ”


“ ဟုတ် ... ဟုတ် ရန်ကုန် က ပါ ”


“ ဒါဆို သေချာပြီ ၊ ခင်ဗျား မျက်နှာကြီး စုတ်ပြတ်သတ် နေမှာ မြင်ယောင်သေး ၊ ဟီဟိ ၊ ဟေ့ကောင်တွေ အင်္ကျီ ဝိုင်း ချွတ်ပေး ”


ဟု ဆိုကာ အတင်း ဆွဲခေါ် သွားတော့ ကျွန်တော့် မှာ ရုန်းကနခြင်း ငှာ မစွမ်းသာ၍ ကန့်လန့်ကန့်လန့် နှင့် ပါ သွား ရလေသည် ။ အနား ရောက် တော့ ခါးတောင်း ကျိုက်၍ စင် ပေါ်ပစ်တင် ပေး လိုက် ကြသည် ။ ကြည့်ရတာ ကျွန်တော့် လက် မှ ပတ်တီးများ ကို လက်ဝှေ့ ထိုးဖို့ စည်းထားသည် ဟု ထင် နေပုံ ။ အင်္ကျီ က လည်း ဘယ်သူ ချွတ်ပေးလိုက်သည် မသိ နံရိုးအပြိုင်းပြိုင်း က ဝါးပတ္တလား စီလွယ် ထားသည့် အတိုင်း ။  


“ လာပါပြီ ဗျာ ... ရန်ကုန် က လက်ဝှေ့ကျော် ဖြစ် ၊ ဟင် ငပိန် ကြီး ၊ အဲ ... ဒါပေမယ့် လက်ခုပ် တီး၍ ဩဘာ ပေးကြပါ ” 


တစ်ကွင်းလုံး လက်ခုပ်သံ စီညံ သွားသည် ။


စင်ပေါ် ထိ လိုက်ပါ လာသော ယင်ကောင်များ ကြောင့်

အလိုလို နေရင်း လက် ကို ဝှေ့ယမ်း နေရသည် ။ မသိ လျှင် တော့ လက်ဝှေ့ ထိုး ရန် ဟန်ရေး ပြ နေသလို ယောင်ရမ်းပြီး လက်မောင်း မှာ လာ နား သော ယင်ကောင် ကို နှစ်ချက် သုံးချက် ဆင့် ရိုက် မိသည် ။


“ ဖတ် ဖတ် ဖတ် ”


လက်ခမောင်း ခတ်သည် ထင် ပြီး ပရိသတ် သဘောကျ သွားသည် ။ သို့သော် လူ က တော့ ကြောက်သေး တချို့ပင် ထိုးကွင်း သဖွယ် စီးကျ နေပြီ ။


“ အဆင်သင့် ဖြစ်ရင် ဒိုင် လွှတ်မယ် ”


ဆင်း ပြေးမယ် ကြံတုန်း မှာ ပင် ဒိုင်လူကြီး က လာ ဆွဲသည် ။ နှစ်ယောက်လုံး မျက်နှာချင်းဆိုင် ရပ် လိုက်မှ ဆင် နှင့် ပုရွက်ဆိတ် လောက် ကွာနေမှန်း သိသာလှသည် ။ လက်ဝှေ့ကျော် ကျွဲမောင်း က ကျွန်တော့် မေးကား မျက်နှာကြီး ကြည့် ၍ အားရ နေပြီးမှ ပေါင် နှင့် ခြေသလုံး အမွှာညီအစ်ကိုသဖွယ် ဖြစ် နေသော ပေါင်သလုံးကြီး မြင် မှ ပါးစပ် အဟောင်းသား ဖြစ်သွားသည် ။


“ ဟာ ... စင်ပေါ် မှာ ကျွဲမောင်း ကို အံ့အားသင့် စေတာ ဒီ တစ်ခါ ပဲ မြင်ဖူးပါသေးတယ် ခင်ဗျား ၊ ဒါကိုက အံ့အားသင့်စရာပါ ၊ ဆရာ ရေ အဆင်သင့် ဖြစ်ရင် လွှတ်မယ် ” 


“ ခွမ်း ... ခွမ်း ... ခွမ်း ”


ဘယ်အချိန် ဒိုင် လွှတ် လိုက်သည် ပင် မသိ ၊ ကျွဲမောင်း က ဘယ်လို လုပ်လိုက်သည် မသိ စင် ပေါ် ပက်လက်ကြီး ပြုတ်ကျ သွား တော့၏ ။ ကြမ်းပြင် နှင့် နောက်စေ့ ထိသံ ဒုန်းခနဲ ။ 


နောက် ... 


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

အရင်းအနှီး


 ❝ အရင်းအနှီး ❞ 


ဒီနေ့ ဈေး ထဲ မှာ ကျွန် မနဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ မိန်းမကြီး ကို ပြောရမှာ ဖြစ်ပေမယ့် ပြောချင်စိတ် ကို မရှိ လို့ မပြောလိုက်တဲ့ စကား ကို ပြော ပြပါမယ် ။ နည်းနည်း လေး သည်းညည်းခံပြီး နားထောင် ပေးပါနော် ။


အရင်ဆုံး မနက် က ဈေး ထဲ မှာ ဖြစ်တဲ့ ကိစ္စ ကို ပြော ပါမယ် ။ ကျွန်မ ခင်း ထားတဲ့ မန်ကျည်းရွက်ဗန်းကလေး ရှေ့ ကို ခွာမြင့်ယိုးဒယားဖိနပ် စီး ထားတဲ့ ခြေထောက် တစ်စုံ လာပြီး ရပ်ပါတယ် ။ သနပ်ခါးရေကြဲ လိမ်းပွတ် ထားတဲ့ ခြေဖမိုး က ခြေချောင်းဖြူဖြူကလေးတွေ မှာ မရမ်းရောင်စိုစို တောက် နေပါတယ် ။ “ ဝယ်မယ့် သူပဲ ” ဆိုတဲ့ အသိ နဲ့ မော့ ကြည့်ပြီး “ ဘယ်ပုံ ယူမလဲ အစ်မ ” လို့ ကျွန်မ မေး လိုက်ပါတယ် ။ တကယ်တော့ ကျွန်မ ဒွေးလေး အရွယ် အမေ အရွယ် ပါ ။ မိတ်ကပ်လိမ်း နှုတ်ခမ်းနီပါးပါး ဆိုးပြီး ငယ်ရုပ် ဆင် ထားတဲ့ အသွင်အပြင် ကို အားနာ လို့ “ အစ်မ ” ခေါ်လိုက်တာပါ ။ 


“ ငါးဆယ်ဖိုး ပေး ” တဲ့ ။


“ တစ်ပုံ ကို တစ်ရာ ပါ အစ်မ ၊ ငါးဆယ်ဖိုး ရောင်းလို့ မဖြစ်ပါဘူး ”


ကျွန်မ ဗန်း ထဲ မှာ မန်ကျည်းရွက် ငါးပုံ ပုံ ထားပါ တယ် ။ လယ်ကန်စွန်းရိုးနီကလေး တွေရယ် ၊ ဥသျှစ်ညွန့်ကလေး သုံးလေးခက် ရယ် အပေါ် မှာ တင် ထားပါ တယ် ။ အပုံ တစ်ပုံ ဟာ အိမ်သား ငါးယောက် လောက် ရှိတဲ့ အိမ် အတွက် ဟင်းရည်သောက် တစ်ခွက်စာ အလောတော် ပါ ။ သူများ တွေ လည်း ဒီလို ရောင်းကြတာပါပဲ ။ 


“ လမ်းဘေး မှာ သူ့ ဟာ သူ ပေါက် နေတဲ့ အပင်တွေ က ရတဲ့ မန်ကျည်းရွက် ကို ငါးဆယ်ဖိုး ရောင်း မဖြစ်ဘူး ဆို တော့ ရယ်စရာ ကောင်းလိုက်တာ ။ အရင်းအနှီး ကလည်း ကြီးတာကိုး ”


ဘယ်လိုမှ ထင် မထားဘဲ ကြား လိုက်ရတဲ့ စကား ကြောင့် မန်ကျည်းရွက် ထုတ် ပေးဖို့ ကတော့ ထိုး နေတဲ့ အင်ဖက် ဟာ ကျွန်မ လက် ထဲ က လွတ်ကျ သွားပါတယ် ။ ပါတိတ်ဝမ်းဆက် ရွှေလက်ကောက် တဝင်းဝင်း နဲ့ ရော ၊ အသက်အရွယ် ရုပ်ရည် နဲ့ ရော ဘယ်လိုမှ မလိုက်ဖက် တဲ့ ထေ့လုံး ငေါ့လုံး စကား ဖြစ်လို့ ကျွန်မ တကယ်ပဲ အံ့ဩ ရတယ် ။ နောက်ပြီး စိတ် ထဲ မှာ ခံပြင်းဒေါသ လည်း “ ဟုန်း ” ခနဲ ထ လာပါတယ် ။ ဒီတော့ ကျွန်မ က လည်း တင်ရီမ ပဲလေ ။ စနေသမီး နေတက်ရေတက် မှာ မွေးလာ တဲ့ ကောင်မ ။


“ အဒေါ်ကြီး တစ်ရာ မတတ်နိုင်ရင် လည်း အလကား ပဲ ယူသွား ၊ ငါးဆယ် လည်း ပေး မနေနဲ့ တော့ ” ပြောပြောဆိုဆို နဲ့ ကျွန်မက လွတ်ကျ သွားတဲ့ အင်ဖက် ကို ကောက် ကိုင်ပြီး မန်ကျည်းရွက်ပုံ ပေါ် ကို လက် လည်း ဝဲ လိုက်ရော မချောကြီး လေ ပါးစပ် အဟောင်း သား နဲ့ မျက်လုံးကြီး ပြူး ကြည့်ပြီး ချာခနဲ လှည့် ထွက်သွား ပါလေရော ။


ကျွန်မ အနေနဲ့ “ အရင်းအနှီး က လည်း ကြီးပေ သကိုး ” လို့ ငေါ့ထေ့ထေ့ ပြောတဲ့ အဲသည် မိန်းမကြီး ကို သူ ထင် သလို အလကား ရတာ မဟုတ်ဘူး ဆိုတာ သိ စေချင်တာ ။ ဒါပေမဲ့ စိတ်ပေါက် လွန်းလို့ မပြောနိုင်ခဲ့ဘူး ။ အခု ပြောပြပါမယ် ။


•••••   •••••   •••••


ကျွန်မတို့ ရွာ မှာ နေစဉ်တုန်း က တော့ ဟုတ်ပါတယ် ။


ရွာနီးဝန်းကျင် က မန်ကျည်းပင် တွေ ရွက်နု ထိုးပြီ ဆိုရင် လွယ်အိတ်ကလေး လည်ပင်း စွပ်ပြီး လွှားလွှား လွှားလွှား နဲ့ တက် ခူး ။


သူ တကာ အိမ်ဝိုင်း ထဲ က မန်ကျည်းပင်တွေ ရွက်သစ် ဝေ လို့ ငထွေရီ ဖြစ်နေတာ မြင် ရင်လည်း “ ကြီးတော် ရေ အရီး ရေ တစ်ခါချက် ခူးမလို့နော် ” လို့ ပြော ပြီး စကား ဆုံး တာ နဲ့ ခွဆုံ ရောက် ။


အိမ်ရှင် က မတားပါဘူး ။ “ ခူး သာ ခူးဟဲ့ ၊ ဒါပေမဲ့ သတိ နဲ့ တက် ၊ ကိုင်းဖျား ကိုင်းနား သိပ် မသွားနဲ့ ၊ မန်ကျည်း တစ်ညို လူ တစ်ကိုယ် ဆိုပေမယ့် မသကာ လိမ့်ပြုကျ နေ ဦးမယ်နော် ” လို့ တောင် မှ သတိ ပေး ဖော် ရပါသေးတယ် ။ အပင် ပေါ် ကဆင်း လို့ တစ်ခါချက် ယူ ထားလိုက်ပါဦး ပေး တာ တောင် “ တို့ မလည်း ခြေ နဲ့ လက်နဲ့ပါအေ ။ ညည်း ဟာ ညည်း ယူသွား ” လို့ ငြင်း သေးတယ် ။


ကျွန်မတို့ က လယ်ခြေ ယာခြေ မရှိ လယ်ကူလီ ဘောက်သမား တွေ ဆိုတော့ ကြုံရာကျပန်း လုပ် စားမယ် ဆိုပြီး ဒီ မြို့ ကို ပြောင်း လာကြတာ ။ ရွာ မှာ လို ဘယ်ဟုတ် လို့လဲနော် ။ ကျွန်မတို့ မိသားစု ဒီကို ရောက်စ မှာ တော်တော် ကသီလင်တ နိုင်ပါတယ် ။ လိမ်ဖယ် လိမ်ဖယ် နဲ့ ပေါ့ ။ တစ်နှစ် လောက် နေလို့ ရှိကာ မှ အဖေ က သူ ကုန်ထမ်းတဲ့ ပွဲရုံ မှာ ညစောင့် အလု ပ်ပါ ရတာကြောင့် ရယ် ၊ ပွဲကတော် ထုတ် ပေးတဲ့ အရင်းအနှီးကလေး နဲ့ အမေ က ကုန်စိမ်းဒိုင် မှာ သင့်နိုးရာရာ အသီးအရွက်ကလေး တွေယူပြီး ရပ်ကွက် ထဲ လှည့်လို့ ဈေးတောင်း ခေါင်းတင် ရောင်း တာကြောင့် ရယ် နပ်မှန်လာခဲ့တာပါ ။


ကျွန်မ က လည်း ပန်းရံ ထဲ လိုက်ပြီး မဆလာ ရွက် ပါ သေးတယ် ။ ဒါပေမဲ့ အမေတို့ က “ ညည်းရုပ်ညည်းရေ နဲ့ စိတ် မချဘူး အေ ” ဆိုပြီး အလုပ် မဆင်းခိုင်းတော့တာ နဲ့ အမေ့ ကို ဈေးတောင်း ကူ ရွက်ရင်း အလုပ်သင် ဈေးသည် ဖြစ်ခဲ့ပါတော့တယ် ။


တစ်နေ့သား ဈေးရောင်း လည် ရင်း နဲ့ ကန်ပတ်လမ်း အရောက် မှာ ကန်ပေါင် ပေါ်ပေါက် နေတဲ့ မန်ကျည်းပင် တွေ က ရွှဲနေအောင် နု နေတာ မြင်တော့ ကျွန်မ လည်း စိတ်ကူး ပေါက်ပြီး “ အမေ ကျွန်မ ခူးချင်တယ် ။ ရောင်းရ မှာ သေချာတယ် ” လို့ အမေ့ ကို ပြောလိုက်ပါတယ် ။ ငယ်ငယ် ကတည်းက သရက်ပင် တက် မန်ကျည်းပင်  တက် လုပ်ခဲ့တဲ့ ကျွန်မ အစွမ်း ကို အမေ သိပြီးသားမို့ “ ကောင်းသားပဲ ” ပေါ့ ။


ထင်တဲ့ အတိုင်းပါပဲ ။ ညသိပ် ရေစီ ထားတာ မဟုတ်တဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ ခူး ရသမျှ ပြိုက်ခနဲ ကုန်ပါပဲ ။ တချို့အိမ်တွေ က ကြိုတောင် မှာကြသေးရဲ့ ။ ဒီလိုနဲ့ တစ်ရက် က နှစ်ရက် ၊ နှစ်ရက် က သုံးရက် လည်း ရှိရော ကန်ကြီး ဘေး မှာ ရှိတဲ့ ပန်းခြံ ထဲ က လူကြီး တစ်ယောက် ရောက် လာပြီး တက် မခူးဖို့ တား ပါတော့တယ် ။ ကျွန်မ က “ ဘာလို့လဲ ” မေးတော့ “ ဒီ အပင်တွေ ကို စည်ပင်သာယာ  က ပိုင်တာတဲ့ ။ ခွင့် မပြုရင် ခူးခွင့် မရှိဘူး အပြစ် ရှိတယ် ” တဲ့ ။ ပြာခြောက်ခြောက် ယူနီဖောင်းကြီး နဲ့ ။ ဒါပေမဲ့ နောက်ရက်တွေ ကျတော့လည်း အဆင် ပြေ သွား ပါတယ် ။ ခူး ဖို့ လာတိုင်း ကျွန်မ က သူ့ ကို ကွမ်းယာ တစ်ထုပ် နဲ့ စီးကရက် နှစ်လိပ် ပေးရတာ ပေါ့ ။ နှစ်ရာဖိုး ။ ကဲ အဲဒါ အရင်းအနှီး မဟုတ်ဖူးလား ။


နောက်ပြီး အရင် က ကျွန်မ နဲ့ ဘေးချင်း ယှဉ်ပြီး ရောင်းတဲ့ မမစန်းဌေး အကြောင်း ပြောချင် သေးတယ် ။ သူ လည်း ကျွန်မ လို ပဲ ကိုယ်တိုင် ခူးပြီး ရောင်းတာ ။ သူ ခူး တဲ့ အပင်တွေ က အိမ်ဝိုင်း ထဲ က အပင်တွေ ။ ဖောက်သည် လုပ် ထားတာ သုံးလေးအိမ်ရှိတယ် ။ အဲသည် အပင်တွေ ကို တက်ခူးခွင့် က အလကား ရတာ မဟုတ်ဘူး ။ နာရီ ကြေး နဲ့ ။


ကျွန်မ ပြောတာက ဒီလို လေ ။ အပင်ရှင် တွေ က နာရီဝက် ခူးရင် သုံးရာ လို့ သတ်မှတ် ထားတယ် ။ ကျွန်မ လို အလေ့အကျင့် ရနေသူတွေ က နာရီဝက် လောက် ခူးရင် တစ်ထောင်ဖိုး လောက် ရတယ် ။ ဒီတော့ ကိုယ် ဖို့ ခုနစ်ရာ လောက် ကျန်တယ် ။ ကဲ .. အဲဒါ အရင်း မရှိဘူးလား ။ 


အဲသည့် မမစန်းဌေး ရယ် လေ ၊ မနှစ် က ဆုံးသွားရှာတယ် ရှင့် ။ မန်ကျည်းပင် ပေါ်က ကျတဲ့ ဒဏ် နဲ့ ပေါ့ ။ သူ့ ခမျာ ခူးခွင့် ရတဲ့ နာရီဝက် အတွင်းမှာ များများစားစား ရ ချင်တော့ ကိုင်းဖျား ၊ ကိုင်းနား အထိ တက် ခူးရင်း နဲ့ ခြေချော် ကျတာလေ ။ ခမျာ ဆေးရုံ မှာ သုံးရက်လောက် ဝေဒနာ ခံစား လိုက်ရ ရှာတယ် ။ ကဲ .. အဲဒါ အရင်းအနှီး မဟုတ်ဘူးလား ။ အသက် လေ ... အသက် ။


အံမယ် မမစန်းဌေး သေသွားပြီ လည်း ကြား ရော မန်ကျည်းပင် ပိုင်ရှင် အိမ် က ဘုန်းကြီး တွေ ပင့် ပရိတ်ရွတ် အန္တရာယ်ကင်း တရားနာ ကြ သတဲ့ ။ မမစန်းဌေး ကို အမျှ ဝေဖို့ မဟုတ်ပါဘူး ။ သူတို့ အပင် မှာ မမစန်းဌေး နေမှာ စိုးလို့ပါ ။ အဲသည်တုန်း က ကျွန်မ လေ သွား ပြီး ပြောလိုက်ချင်တာ ။


“ မမစန်းဌေး က ရှင်တို့ အပင် မှာ မနေနိုင်ပါဘူး ။ နာရီဝက် ကို သုံးရာ ပေးရတဲ့ အပင် မှာ နေဖို့ လ ခကို သူ ဘယ် တတ်နိုင်ပါ့မလဲ ” လို့ ။


အဲဒါပါပဲ ရှင် ။ ဈေးကောက် ဈေးခေါင်းတွေ အဆို မခံရ အောင် ကျီးကန်းတောင်းမှောက် ကြည့်ရင်း ဗန်းကလေး ချ ဖိနပ်မြီးပြတ် ဖင်ခု ထိုင်ပြီး ရောင်းတဲ့ ပစ္စည်း ကို ဘာ တစ်ခု မှ အရင်းအနှီး မလုပ်ဘဲ ရ တာ လို့ ထင် နေတဲ့ ဟို မိန်းမကြီး ကို ဒါတွေ ပြောပြ နေလို့လည်း စာနာနားလည် မှာ မဟုတ်ဘူး ။ အလကား ပဲ ဖြစ်မှာ ။ ဒါပေမဲ့ ကျွန်မ ရင် ထဲ မှာ ဖြစ် နေရတဲ့ ခံပြင်းစိတ် က တစ်ယောက် ယောက် ကို ရင်ဖွင့် လိုက် ရ မှ ပျောက်မှာ မို့ လို့ အခုလို ပြောပြတာပါ ။ နားထောင် ပေးတဲ့ အတွက် ကျေးဇူး ။  ။

 

◾ မင်းမြင့်ဇင်


📖 ပေဖူးလွှာ မဂ္ဂဇင်း

      နိုဝင်ဘာလ ၊ ၂၀၁၃


#ကိုအောင်နိုင်ဦး


.

ဘီလူးခေါ်သံ


 

❝ ဘီလူးခေါ်သံ ❞
   ( တက္ကသိုလ်စန်း )
  
ဟိုရှေးရှေးတုန်း က တောင်ခြေရင်း တစ်ခု အနီး မှာ ရှိတဲ့ မြို့ကြီး တစ်မြို့ မှာ နာမည်ကြီး သူခိုး တစ်ယောက် ရှိခဲ့တယ် ။ အဲဒီ သူခိုး ဟာ တစ်နေ့ ကျ တော့ မြို့ ထဲ က အိမ်တွေ မှာ ဘာ ပစ္စည်း တစ်ခု မှ ခိုးယူ လို့ မရတာ နဲ့ ဘုရားစေတီဟောင်း တစ်ခု မှာ လှူဒါန်း ထားတဲ့ ခေါင်းလောင်း တစ်ခု ကို ခိုးယူ ပြီး တောင်ခြေရင်း ဘက် ကို ထွက်ပြေး သွားခဲ့တယ် ။ တောင်ခြေရင်း ရောက် တော့ အဲဒီ ခေါင်းလောင်း ကို လုံခြုံ တဲ့ တစ်နေရာ ရာ မှာ ဝှက်ထား မယ်လို့ လုပ် နေတုန်း မှာ ပဲ ကျားကြီး တစ်ကောင် က ထွက် လာပြီး သူခိုး ကို ကိုက်ချီ သွားတာ နဲ့ ခိုးယူ လာတဲ့ ခေါင်းလောင်း လည်း လမ်းခုလပ် မှာ ကျ ကျန်ရစ် ခဲ့တော့တယ် ။ ဒါပေမယ့် ဒီခေါင်းလောင်း ကို နေ့ရက်ပေါင်း အတော် ကြာ အောင် ဘယ်သူမှ မတွေ့မိကြဘူးကွယ့် ... ။

တစ်နေ့တော့ တောင်ပေါ် မှာ နေတဲ့ မျောက် တစ်အုပ် ဟာ အစာ လှည့်လည် ရှာဖွေ ကြရင်း တောင်ခြေရင်း ဘက် ကို ရောက် လာတဲ့ အခါ သူခိုး လက် က လွတ်ကျပြီး ကျန်နေခဲ့တဲ့ ခေါင်းလောင်း ကို တွေ့တာ နဲ့ ကောက်ယူ သွားပြီး တောင် ပေါ် မှာ လှည့်လည် တီးခေါက်ကြတော့တယ် ။

မျောက်တွေ ဟာ အဲဒီ ခေါင်းလောင်း ကို လက် က မချဘဲ သွားလေရာ ကို ဆောင်ယူ သွားပြီး မကြာခဏ တီးခေါက် ကြတော့ တောင်ခြေရင်း အနီး မှာ ရှိတဲ့ မြို့ပေါ် က လူတွေ ဟာ “ ငါတို့ တစ်သက်လုံး ဒီ မြို့ မှာ နေထိုင် လာခဲ့ကြတာ တောင်ပေါ် က ဘာသံ မှ မကြားခဲ့ဘူးပါဘူး ။ အခု တောင်ပေါ် က မကြာခဏ ခေါင်းလောင်း ခေါက်သံ ကြားနေရတာ ဧကန္တ လူတွေ တီး တာတော့ မဟုတ်နိုင်ဘူး ။ ငါတို့ မြို့ပေါ် က လူတွေ ကို ဖမ်းစားဖို့ လို့ တောင်စောင့် ဘီလူးကြီး က သူ့ တပည့် မကောင်းဆိုးဝါး
တစ္ဆေသရဲ တွေ ကို အချက်ပေး ခေါ်တာပဲ လို့ ” တွေးတော ယူဆပြီး အတော်ပဲ ထိတ်လန့် ကြောက်ရွံ့ ကုန်ကြတာပေါ့ ။ ဘယ်လောက်များ ကြောက်ရွံ့ကြသလဲ ဆိုရင် မြို့တွင်း က မြို့ပြင် ကို တောင် မထွက်ရဲ ကြတော့ဘူး ။ မြို့ ထဲ မှာ လည်း လူ ၄ - ၅ ယောက် စုမိ တိုင်း တောင်ပေါ် က မကြားဖူး ကြား ရတဲ့ ခေါင်းလောင်းသံ အကြောင်း ကို ပဲ ပြောဆိုပြီး အလိုလို ကြောက်ရွံ့ နေကြတော့တယ် ။

အဲဒီလို မြို့ထဲ မှာ လူတွေ အကြောက်လွန် ပြီး လှုပ်လှုပ်ရွရွ ဖြစ်နေကြတာ ကို မြို့စားကြီး သိ ရတော့ မြို့သူမြို့သားတွေ ရဲ့ စိတ်အေးချမ်းမှု ရအောင် တောင်ပေါ် က ခေါင်းလောင်းသံ ကို
ပျောက် သွားအောင် မိမိတို့ တတ်စွမ်းတဲ့ လောကီပညာ နဲ့ လုပ်ပေး နိုင်တဲ့သူ ရှိရင် ဆုတော်ငွေ မြောက်မြားစွာ ပေးကမ်း ချီးမြှင့်တော်မူမယ် လို့ တစ်မြို့လုံး မှာ လှည့်လည် ပြီး မောင်းခတ် ကြေညာ စေတယ် ။ ဒီ ကြေညာချက် ကို အလွန် ဆင်းရဲနွမ်းပါး တဲ့ အဘွားအို တစ်ယောက် က ကြားသိ ရတော့ “ ဒီမြို့ မှာ ငါ နေထိုင် လာခဲ့တာ နှစ်ပေါင်း ( ၇ဝ ) လောက် ရှိခဲ့ပြီး တောင် ပေါ် မှာ ဘီလူး ရှိတယ်လို့ တစ်ခါမှ မကြားခဲ့ပါဘူး ။ အခု ကြားရတဲ့ ခေါင်းလောင်းသံ ဟာ မြို့သူမြို့သား တွေ ထင် နေ သလို “ ဘီလူးခေါ်သံ ” တော့ မဟုတ်နိုင်ပါဘူး ။ ဧကန္တ တောင်ပေါ် မှာ ထူးခြားတဲ့ အချက် တစ်ခု တော့ ရှိမှာပဲ ။ ဟုတ် မဟုတ် သိ ရအောင် ငါ ကိုယ်တိုင် သွားရောက် စူးစမ်း ကြည့်ဦးမှပဲ ” လို့ အကြံ ရပြီး ဘယ်သူမှ မသိအောင် တောင် ပေါ် ကို တိတ်တဆိတ် တက် သွား တော့တယ် ။

တောင်ပေါ်  ရောက်တဲ့ အခါ အမယ်အိုကြီး ဟာ သူ ထင်တဲ့ အတိုင်း ပဲ “ ဘီလူးခေါ်သံ ”
မဟုတ်ဘဲ မျောက်တွေ လက် ဆော့ပြီး ခေါင်းလောင်း တီး နေတာ ကို တွေ့ရတာ နဲ့ မြို့ ကို အလျင်အမြန် ပြန် လာခဲ့ပြီး မြို့စားကြီး ထံ ကို တိုက်ရိုက် ဝင်သွား တော့တယ် ။ မြို့စားကြီး ဆီ ရောက် တော့ အမယ်အိုကြီး က “ အရှင် မြို့စားကြီး ။ အခု မြို့သူမြို့သားတွေ ထိတ်လန့်ကြောက်ရွံ့ နေတဲ့ တောင်ပေါ် က ဘီလူးခေါ်သံ ကို ကျွန်ုပ် ရဲ့ပညာအစွမ်း နဲ့ နှိမ်နင်း ပေးပါ့မယ် ။ အောင်မြင်ခဲ့လို့ ရှိရင် မောင်းခတ် ကြေညာတဲ့ အတိုင်း ကြီးမား တဲ့ ဆုတော် လာဘ်တော်များ နဲ့ ချီးမြှင့် နိုင်ပါ့မလား ” လို့ လျှောက်ထား မေးမြန်း လိုက်တယ် ။ မြို့စားကြီး က လည်း ချီးမြှင့်ပါမယ် လို့ ကတိ ပြုတာနဲ့ အမယ်အိုကြီး ဟာ သစ်သီး တစ်ခြင်းတောင်း စာ လောက် ရအောင် လိုက်လံ ဝယ်ယူ စုဆောင်း တော့တယ် ... ။

သစ်သီးတွေ လည်း ပြည့်ပြည့်စုံစုံ ရရော ။ အမယ်အိုကြီး ဟာတန်ခိုးကြီး ဘုရား တစ်ဆူ ရှေ့ မှာ ဦးချ ဝတ်ပြုပြီး မကောင်းဆိုးဝါးတွေ ကြောက်ရွံ့တဲ့ ဂါထာ ၊ မန္တယားတွေ ကို မန်းမှုတ်ဟန် ဆောင် တော့တယ် ။ မြို့သူမြို့သားတွေ က တော့ သူတို့ ထိတ်လန့် ကြောက်ရွံ့ နေရတဲ့ တောင်စောင့် ဘီလူးခေါ်သံ ကို ပျောက်သွား အောင် အမယ်အိုကြီး က သူ့ ရဲ့ပညာစွမ်း နဲ့ တားဆီး ကာကွယ်ပေးမယ် လို့ ကြားရ ကတည်း က ဝမ်းသာအားရ တာ နဲ့ အမယ်အိုကြီး ရဲ့ အပြုအမူတွေ ကို တအံ့တဩ ဝိုင်းဝန်း ကြည့်ရှု နေကြ တော့တယ် ။ အမယ်အိုကြီး လည်း လုပ်စရာ ရှိသမျှတွေ ကို ဆောင်ရွက် လုပ်ကိုင် လို့ ပြီးတာနဲ့ တစ်ပြိုင် နက် တောင် ပေါ် ကို မကြောက်မရွံ့ ဘဲ ရဲရဲဝံ့ဝံ့ နဲ့ တက် သွား တော့တယ် ။ အဲဒီလို တောင် ပေါ် ကို တက် သွားလို့ မျောက်တွေ ရှိတဲ့ နေရာ နဲ့ မနီးမဝေး ကို လည်း ရောက် ရော ခြင်းတောင်း ထဲ က သစ်သီးတွေ ကို မျောက်တွေ မြင်နိုင်လောက်တဲ့ မြေကွက်လပ် တစ်ခု ပေါ် မှာ ဖြန့်ကြဲ လိုက်ပြီး ချုံကွယ် တစ်ခု မှ တိတ်တဆိတ် ချောင်းမြောင်း ကြည့်ရှု နေ တော့တယ် ။

မျောက်တွေ က တော့ အမယ်အိုကြီး ကြဲဖြန့် ထားတဲ့ သစ်သီးဝလံတွေ ကို မြင်တယ် ဆိုရင်ပဲ လက် ထဲ က ခေါင်းလောင်း ကို ပစ်ချခဲ့ပြီး အပြေးအလွှား လုယက် ကောက်စား ကြတာပေါ့ ။ အဲဒီလို မျောက်တွေ လုယက် စားသောက် နေတုန်းမှာ အမယ်အိုကြီး ဟာ ပုန်းကွယ် ကြည့် နေရာ က မျောက်တွေ မသိအောင် တိတ်တဆိတ် ထွက် လာခဲ့ပြီး ခေါင်းလောင်း ကို အလျင်အမြန် ယူ လာ ခဲ့တော့တယ် ။ အခုလို ယူလာခဲ့ ပြီးတဲ့ နောက် တစ်မြို့လုံး ကို ထိတ်လန့် ကြောက်ရွံ့အောင် ဒုက္ခ ပေး နေတဲ့ ခေါင်းလောင်းသံ ဟာ လည်း အဲဒီ အချိန် က စပြီး မကြားရတော့ဘူး ။ မြို့သူမြို့သား တွေ မှာ လည်း တောင် ပေါ် က ခေါင်းလောင်းသံ ပျောက်ကွယ် သွားတော့ မှ ပဲ အကြောက် ပြေပြီး ပျော်ရွှင် နိုင်ကြတော့တယ် ။
မြို့စားကြီး လည်း ဆင်းရဲသူ အမယ်အိုကြီး ကို သူ့ ရဲ့ ကတိ အတိုင်း ရွှေ တစ်အိတ် နဲ့ ဆုတော် လာဘ်တော်များ ချီးမြှင့်တော် မူလိုက်တယ် ။ သူတို့ ရဲ့ သေဘေး ကို ကာကွယ်ပေးတဲ့ အတွက် “ အသက်သခင် ကျေးဇူးရှင် ” ဆိုပြီး ရွှေငွေ မြောက်မြားစွာ ကို လက်ဆောင် အဖြစ် နဲ့ ပေးပို့ ကြတော့တယ် ။ ဆင်းရဲသား အမယ်အိုကြီး ဟာ အဲဒီအချိန် က စပြီး မဆင်းရဲတော့ဘူး ။
အသက်ထက် ဆုံး အထိ ချမ်းချမ်းသာသာ နဲ့ နေထိုင် သွားရတယ်ကွဲ့ ။

ဒါကြောင့် ကလေးတို့ တစ်တွေဟာ လည်း ဒီ ပုံပြင် မှာ ပါတဲ့အတိုင်း အရမ်းမဲ့ ထိတ်လန့် ကြောက်ရွံ့ခြင်း မဖြစ်ကြနဲ့ ကွဲ့ ။ ဘယ်ကိစ္စ မှာ မဆို မိမိ တို့ ရဲ့အသိဉာဏ် နဲ့ နှိုင်းချိန် စဉ်းစားပြီး နေထိုင် ကျင့်ကြံ သွားတတ်ရင် တစ်နေ့ မှာ ကြီးပွား တိုးတက် နိုင်ပါတယ် ။

ကိုင်း ... ဒီတစ်ပတ် ဒါလောက် နဲ့ ပဲ ရပ်နားကြပါစို့ကွယ် ။

ကလေးတို့ ပျော်ရွှင်ကြပါစေ ။

◾တက္ကသိုလ်စန်း

📖 ရှုမဝ မဂ္ဂဇင်း
       ၁၉၅၇ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

Monday, April 29, 2024

စက်ဘီး မင်းသား


 ❝ စက်ဘီး မင်းသား ❞


[ ဖိုးစွံ လို့ နာမည် ခံ ထားပြီး ယခု ထိ လူပျိုကြီး ပဲ ဖြစ် နေသေး တဲ့ ကိုအောင်မြင့်ဟန် နဲ့ ပတ်သက်ပြီး စက်ဘီးမင်းသား ဦးမောင်မောင်ထွေး ( ၆၂ နှစ် ) နဲ့ ရင်းနှီး ခင်မင် ရ ပါတယ် ။ ဦးမောင်မောင်ထွေး ဟာ အစဉ်သဖြင့် သွက်လက် ဖျက်လတ် နေပြီး ခပ်ပျော်ပျော် နေတတ်ပုံ ရတယ် ။ သူ့ ကို စက်ဘီး တစ်စီး နဲ့ အမြဲ တွဲပြီး တွေ့ ရတတ်တယ် ။


N.S.C.C ( Northern Star Cycle Club ) လို့ ဆိုင်းဘုတ် တင် ထား တဲ့ သူ့ အိမ် မှာ ဦးမောင်မောင်ထွေး ကို ကျွန်တော် သွား တွေ့တယ် ။ ဦးမောင်မောင်ထွေး က မန္တလေးတိုင်း ပြိုင်စက်ဘီး ဆပ်ကော်မတီ အတွင်းရေးမှူး တာဝန် ယူ ထားပြီး N.S.C.C ဆိုတဲ့ အပျော်တမ်း စက်ဘီးစီးကလပ် တစ်ခု လည်း တည်ထောင် ထားတယ် ။ သူ့ ကလပ် မှာ အဖွဲ့ဝင် လူ ၁၅ဝ လောက် ရှိပြီး ပုံမှန် စီးသူ ၃၅ ဦး လောက် ရှိတယ် လို့ ဆိုပါတယ် ။ ဦးမောင်မောင်ထွေး ရဲ့ အိမ် အဝင် ဝ မှာ မြန်မာပြည် မြေပုံကြီး တစ်ခု ချိတ် ထားပြီး ကျွန်တော့် ဘဝ စက်ဘီး ဖြင့် သွားလာခဲ့ ဖူးသော ခရီးများ လို့ လမ်းကြောင်းတွေ ပြ ထားတယ် ။ မြစ်ကြီးနား - မော်လူး လည်း ပါတယ် ။ မန္တလေး က နေ ရှမ်းပြည်နယ် လားရှိုး ၊ တောင်ကြီး ၊ သံလွင်မြစ်ကူးတံတား တာကော ၊ အလောင်းတော်ကဿပ ၊ ချောင်းသာလမ်းကြောင်း တွေ တော်တော် စုံပါတယ် ။ ဦးမောင်မောင်ထွေး ရဲ့ စက်ဘီးဘဝ ကို သူ က ယခုလို ပြောပြပါတယ် ။


   •••••   •••••   •••••


ကျွန်တော် လည်း ၁၉၉၆ ခု ကတည်း က စက်ဘီး စီး လာခဲ့တာ ပထမ တော့ ပြိုင်ပွဲ ဝင်ဖို့ အတွက် စီးတာ ၊ နောက်တော့ အရက်သမား အရက်စွဲ သလို ၊ ကွမ်းသမား ကွမ်းစွဲ သွား တာ ။ ကိုယ် နဲ့ ရွယ်တူတန်းတူတွေ အိုစာပြီး ကျ သွားတယ် ။ ကိုယ် က တော့ မကျဘူး ။ ဘာကြောင့်ပါလိမ့် လို့ ပြန် စဉ်းစား လိုက်တော့ စက်ဘီး စီး လို့ ပဲ ဆိုတာ အဖြေ သွား တွေ့တယ် ။


တကယ်တမ်း တော့ စက်ဘီး အားကစား ကို သိပ် သိတာ မဟုတ်ပါဘူး ။ စိတ်ဝင်စား လို့ စာအုပ်တွေ လိုက် ဖတ် မှ ပဲ သိ လာတာ ။ ဥပမာ ကျွန်တော် ဆိုရင် အင်အားတွေ အမြဲတမ်း ပြည့် နေ သလို ဖြစ် နေတယ် ။ သက်လုံ ကောင်းတယ် ၊ ကြွက်သားတွေ ကျ မသွားဘူး ။


လောကကြီး မှာ ပိုက်ဆံ ချမ်းသာ ဖို့ အဓိက လို့ ထင် ရပေမယ့် အသက်ရှည် နေတဲ့ အခါ ကျန်းကျန်းမာမာ ရှိဖို့ က သိပ် အဓိက ကျတယ် ။ ကျန်းမာအောင် နေထိုင်ခြင်း ကို မွန်မြတ်တဲ့ လုပ်ငန်း လို့ ထင်တယ် ။ ကျွန်တော့် အပေါင်းအသင်းတွေ ထဲ မှာ ရောဂါမျိုးစုံ ခံစား နေရ ပေမယ့် ကျွန်တော်တို့ က တော့ Training တွေ လုပ် နေ လို့ အရွယ် တင်တယ် ။ မွေးလာ ကတည်း က သေရ မှာ မုချပဲ ။ ဒါပေမယ့် အသက် ရှည်ရှည် နေဖို့ နဲ့ ကျန်းကျန်းမာမာ နေရဖို့ က အရေးကြီးတယ် ။ ဒါကြောင့် မို့ လူတိုင်း လူတိုင်း ကို စက်ဘီးစီး ဖို့ တိုက်တွန်းတယ် ။ ပိုက်ဆံ ချမ်းသာ တဲ့ သူ က လည်း ကျွန်တော်တို့ လို နေရမယ် ဆိုရင် ပျော်မှာပဲ ။ ဒါကြောင့် အားလုံး ကို စက်ဘီး စီး ဖို့ တိုက်တွန်းတယ် ။ အခု ဆိုရင် စက်ဘီး စီးကြတဲ့ မိတ်ဆွေတွေ ထဲ မှာ စီးပွားရေးသမားတွေ ၊ ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အင်ဂျင်နီယာတွေ ပါလာ ကြပြီ ။ သူတို့ လည်း စွဲစွဲမြဲမြဲ စက်ဘီကို စီး နေကြပြီ ။


စက်ဘီး စီး တာ က အခြား အားကစားတွေ နဲ့ ယှဉ်ရင် ငွေကုန်ကြေးကျ များတယ် ၊ စရိတ်စက များတယ် လို့ ထင်ရပေမယ့် ကိုယ် မကျန်းမာ တဲ့ အခါ ဆရာဝန်တွေ ကို သွား ပြလို့ ကုန်ကျစရိတ် နဲ့ ယှဉ်ရင် မဆိုးဘူး ။ ဟိုဟာ က စိတ်ဆင်းရဲမယ် ၊ ဒါက စိတ်ပျော်တယ် ။


နိုင်ငံခြားသား အချို့ ဒီလို စီးရတာ သိပ် သဘောကျ တယ် ။ သူတို့ ပြန်သွား ပြီးတော့ စာတွေ ဘာတွေ လှမ်း ပို့တာ ရှိတယ် ။


မြန်မာပြည်ကလေး က ကျဉ်းကျဉ်းလေး ပါ ။ ကျွန်တော်တို့ ဒီထက် မက သွား ချင်တယ် ၊ ဒါပေမယ့် ငွေရေးကြေးရေး က အခက်အခဲ ရှိတယ် ။ ချောင်းသာ သွားတာ ဆိုရင် လေးယောက် ထဲ ကို ၃ သိန်း လောက် ကုန်တယ် ။ ကုမ္ပဏီတွေ က သာ ကြော်ငြာ တဲ့ သဘောနဲ့ စပွန်စာ လုပ်ပြီး သူတို့ ကုန်အမှတ်တံဆိပ်တွေ ကို ဝတ်စုံ ချုပ်ပြီး ကျွန်တော်တို့ ကို ဝတ် ခိုင်းမယ် ၊ စက်ဘီးတွေ မှာ ကြော်ငြာ ချင်တဲ့ ကုန် ပစ္စည်းတံဆိပ် ကို ဆေး နဲ့ ရေးမယ် ဆိုရင် သူတို့ အတွက် လည်း ထိရောက် မှာပါ ။ လမ်း တစ်လျှောက်လုံး မှာ ကျွန်တော်တို့ စက်ဘီး စီး လာ ရင် လူတွေ က သိပ် စိတ်ဝင်စားတယ် ။


စက်ဘီး စီးမယ် ဆိုရင် နံပါတ် ( ၁ ) အရေးကြီးဆုံး က တော့ Safety First ကိုယ့် ဘီး က ကောင်းကောင်းမွန်မွန် နဲ့ အန္တရာယ် ကင်းဖို့ လိုတယ် ။ တာယာ တို့ ၊ ကျွတ် တို့ ကောင်းဖို့ လိုတယ် ။ ခပ်ဝေးဝေး စီးတော့ လမ်း မှာ ဘီး ပေါက် ရင် စိတ်ဆင်းရဲ ရမယ် ၊ လမ်း ပေါ် မှာ စီးတဲ့ အခါ ကိုယ် သွားရမယ့် လမ်းကြော အတိုင်း စီး ရင် အန္တရာယ် မရှိဘူး ။ ရပ်သင့်တဲ့ နေရာ ကိုယ် က ရပ် ပေးရမယ် ၊ အလောသုံးဆယ် မစီးနဲ့ပေါ့ ။ နံပါတ် ( ၂ ) က တော့ ကိုယ် ဘာ အတွက် လုပ် နေတာလဲ စဉ်စားရမယ် ။ ကျန်းမာရေး အတွက် စီးတာ မို့ ကျန်းမာရေး ချွတ်ယွင်းတဲ့ အထိ တော့ မစီးသင့်ဘူး ။ အရက်သမား အရက် သောက် တဲ့ အခါ ရေချိန် တက် တက် လာ သလို စက်ဘီး က လည်း စီးရင်း စီးရင်း နဲ့ တစ်ယောက် နဲ့ တစ်ယောက် အပြိုင်အဆိုင်ကလေး က လည်း ရှိတော့ ချမယ်ကွာ ၊ ချမယ်ကွာ ဆို စီးရင်း နောက်ဆုံး ဖလက် ပြတော့ တာပဲ ။


သတိ ထား ရမယ့် အချက် တစ်ခု ကတော့ စက်ဘီး ရဲ့ အနေအထား က ကိုယ့် ရဲ့ ခန္ဓာကိုယ် နဲ့ အံဝင်ခွင်ကျ ဖြစ်ရမယ် ။ လူ က စက်ဘီး ဖင်ထိုင်ခုံ ပေါ် မှာ ထိုင် ပြီး စက်ဘီး ကို နင်း ပြီး ခြေ ဆန့် လိုက်တဲ့ အခါမှာ ခြေထောက် က ကွေး မနေရဘူး ။ ခြေနင်းကွင်း နဲ့ လွတ် မသွားရဘူး ။ ခြေ တစ်ဆန့် အံကျ ဖြစ်ရမယ် ။ ခြေနင်းကွင်း တစ်ဆုံး ဟာ ကိုယ် ခြေထောက် တစ်ဆန့် ဖြစ်ရမယ် ။ နင်း ရာ မှာ လဲ ခြေဖဝါး က ခြေနင်း ကွင်း ရဲ့ အလယ် ဗဟို မှာ ရှိ ရမယ် ။ ပေါင် ကား ပြီး ဘဲသွား သွား သလို လည်း မနင်း ရ ဘူး ။ ဖင်ထိုင်ခုံ ထိပ် နဲ့ လက်ကိုင် ထိပ် ဟာ ကိုယ့် တစ်တောင် နဲ့ တစ်တောင် ကွာ ဝေးရမယ် ။ နီး လည်း မသွားရဘူး ။ ဝေး လည်း မသွားသင့်ဘူး ။


အရက် သောက် တဲ့ အခါ မှာ မူးတဲ့ ခံစားမှု ကို ခံစားရ သလို စက်ဘီး စီး တဲ့ အခါ မှာ လည်း ခံစားရမှု တစ်ခု ရှိတယ် ။ ဒါကို စွဲလန်းတာပဲ ။ စက်ဘီး စီးတာ ပင်ပန်းတာ မှန်ပေမယ့် Touring တစ်ခု က ပြန် လာရင် ပြန်ပြီး စမြုံ့ပြန် ပြောရတဲ့ အရသာ ဟာ သိပ် ကောင်း ပါတယ် ။ Touring သွား တဲ့ အခါ ခရီးဖော် ထဲ မှာ ကိုယ် နဲ့ စိတ်ချင်း မတိုက်ဆိုင်တဲ့ သူတွေ ပါလာ နိုင် ပါတယ် ။ တချို့ က လည်း ဂဂျီဂဂျောင် ပဲ ။ ဒါပေမယ့် အချင်းချင်း သဘော ပေါက် သွားတယ် ။ စက်ဘီး စီး ခရီး သွားရင်း Friendly ဖြစ် သွားတာ က တကယ့် ကို စိတ်တူ ကိုယ်တူ ဖြစ်သွားတာ ၊ အဖွဲ့စည်း နဲ့ နေတတ် လာတဲ့ အခါ မှာ ကိုယ့် ဘက် ကလည်း လျှော့ သူ့ ဘက် က လည်း လျှော့ အဲဒါ မျိုးပေါ့ ။ စက်ဘီး ကို အလုပ် သွား အလုပ် ပြန် စီးတာ မျိုး မဟုတ်ဘဲ နဲ့ ကိုယ့် ရှိ တဲ့ ဘီးကလေး နဲ့ ဟိုနား ဒီနား ပုံမှန် စီး ကြည့်ပါ ။ စွဲစွဲမြဲမြဲ လုပ် ကြည့်ပါ ။ ပိုပြီးကျန်းမာ လာပါ လိမ့်မယ် ။


ကိုယ် နဲ့ စိတ်တူ ကိုယ်တူ သူငယ်ချင်း တစ်ယောက် နှစ်ယောက် နဲ့ နီးရာ နေရာကလေး တွေ ကို စက်ဘီး နဲ့ Touring ထွက် ကြည့် စေချင်တယ် ။ စားစရာ သောက်စရာလေး တွေ ယူ သွား ၊ လမ်း အဆင်ပြေတဲ့ နေရာ မှာ ရပ် ပြီး စား ၊ ပြီးရင် နေ့ချင်း ပြန် လာ ၊ ပျော်စရာ သိပ် ကောင်းပါတယ် ။ နောက် နည်းနည်း ကြာ တော့ အဝတ်အစား အပို တစ်စုံ နှစ်စုံ နဲ့ ညဉ့်အိပ် ညနေ ခရီးလေးတွေ ထွက်ကြည့် စေ ချင်တယ် ။ အဝတ်အစား ကို ကျောပိုးအိတ် နဲ့ တော့ ထည့် မလွယ်စေချင်ဘူး ။ ကျောပိုးအိတ် ဟာ ဘာမှ မလေးဘူး ထင် ရပေမယ့် ရေရှည် မှာ ပခုံးတွေ ဘာတွေ ကိုက် လာတယ် ။ ခါးပတ်အိတ်တွေ လည်း မပတ်စေ ချင်ဘူး ။ ရေရှည် မှာ ဗိုက် အောင့်လာမယ် ။ တောသူ တောင်သားတွေ ဟာ အင်မတန် ခင်မင်စရာ ကောင်း ပါတယ် ။ သူတို့ မှာ ဟန်ပန် မရှိဘူး ။ တစ်ခါက တောင်ကြီး က အပြန် မှာ ပင်းတယလမ်း မှာ စုပေါင်းပြီး အာလူး ကောက် နေတဲ့ တောသူတောင်သားတွေ နဲ့ တွေ့တယ် ။ ကျွန်တော်တို့ အဖွဲ့  ကို တားပြီး လက်ဖက်ရည် တိုက်တယ် ။ သိပ် ပျော်ဖို့ ကောင်းတာပဲ ။ အဲဒီ အရသာမျိုး က လွယ်လွယ် မရနိုင်ပါဘူး ။


ခရီး သွားတဲ့ အခါမှာ ငွေရေးကြေးရေး အခက်အခဲ တော့ ကျွန်တော် တို့ မှာ ရှိတယ် ။ ဒကာ ခံတာ လည်း ရှိတယ် ။ သွားတဲ့ အခါ မှာ ကိုယ့် စရိတ် ကိုယ် တာဝန် ယူ ကြရတယ် ။ လမ်း မှာ စက်ဘီး ပျက်တာ ၊ ပေါက်တာ မျိုး ဖြစ်လို့ မျှော်မှန်းတဲ့ အတိုင်း မရောက် ဘဲ တွေ့ကရာ နေရာ မှာ ချုံကြိုချုံကြား က ဇရပ်ပျက် ထဲ ကို မှောင်မှောင်မဲမဲ နဲ့  ဝင် အိပ်တာ မနက် ကျ မှ သင်္ချိုင်း ဖြစ် နေတာ မျိုး လည်း တွေ့ ရတယ် ။ လမ်း မှာ ဒုက္ခ ရောက် တာတွေ အများကြီး ရှိပေမယ့် ပျော်ရွှင်စွာ နဲ့ ဒုက္ခ ရောက် တာပါ ။ အဲဒီ သဘော ကို နားလည်မယ် ထင် ပါတယ် ။ နိုင်ငံခြား က လာတဲ့ စက်ဘီး ဝါသနာရှင်တွေ ကို လည်း အနီးအနား ကို စက်ဘီး အတူ စီး ပြီး လိုက်ပို့ ဖူးတာ ရှိတယ် ။


ကျွန်တော် မစီးဘူး ဆို တစ်နေ့မိုင်၂ဝ လောက် စီး ဖြစ်တယ် ။ ဥပမာ မန္တလေး ကျုံး တစ်ပတ် ၆ မိုင် လောက် ရှိတယ် ဆို ၃ ပတ် လောက် စီးတယ် ။ တစ်ခါ တလေ ရေတံခွန်တောင် ၊ တစ်ခါတလေ မတ္တရာ ဘက် နေ့စဉ် စီးတယ် ။ နေ့စဉ် မနက် ၄ နာရီခွဲ လောက် ထ ပြီး တစ်ယောက် တည်း တစ်ခါတလေအပေါင်းအသင်း တွေ နဲ့ စီး တာပေါ့ ။


ဒီလို စီး တော့ ရှူရှိုက် ရ တဲ့ လေ က အစ မြို့ ထဲ နဲ့ ကွာတယ် ။ မြင်ကွင်းတွေ က လည်း ဒီ နေ့ နင်း သွားတာ နဲ့ နောက်နေ့ နင်း သွားတာ ခံစားရမှု က မတူဘူး ။ စပါးခင်းလေး တွေ က အစ စ စိုက်တဲ့ အချိန် မှာ တွေ့ ရတဲ့ အရောင်အသွေး ၊ ထွက်တဲ့ ရနံ့ တစ်နေ့ နဲ့ တစ်နေ့ မတူဘူး ။ ဒီ ခရီး ဒီ အချိန် သွားနေ တတ်ပေမယ့် ပတ်ဝန်းကျင် က ပြောင်းလဲ နေတာ ။


မန္တလေး က တောင်ကြီး ကို အသွား အပြန် ၊ ချောင်းသာ သွားတဲ့ ကိစ္စမျိုး လူငယ်တွေ နဲ့ အတူ လိုက် စီးနိုင်တာ က ကိုယ် ကိုယ်တိုင် လည်း Training ရှိတဲ့ အပြင် စက်ဘီး က လည်း အဆင့်မြင့်မှု ၊ အားသာမှု ၊ စက်ဘီးပညာ တတ်မှုကြောင့် ပေါ့ ။


အရင် က စက်ဘီး ကို စီးတဲ့ အခါ နင်း ရင် ပြေးမှာပဲ ထင်တာ ၊ မဟုတ်ဘူး ဗျ ၊ ထိုင်ခုံ အမြင့် လက်ကိုင် အနေအထား အချိုး ကျ မှ ခြေနင်းကွင်း ကို လည်း တောင်တက် မှာ ဘယ်လို နင်း ၊ ရေ ဘယ်လို သောက် ၊ အစား ဘယ်လို စား ဆိုတဲ့ စနစ်တွေ လည်း ရှိ သေးတယ် ။ အစား ကို တနင့်တပိုး စား ချ လိုက်လို့ ရှိရင် အစာအိမ် ထဲ အစာ ပြည့် ရင် လှုပ်ရှားမှု မသွက်လက်ဘူး ။


စက်ဘီး နဲ့ ခရီး တော်တော်များများ သွား ဖူးတယ် ။ ရောက်လေရာ ဒေသ မှာ တည်းခိုခန်း မရှိရင် ဘုန်းကြီးကျောင်း မှာ တည်းတယ် ။ ဘုန်းကြီးတွေ က လည်း တော်တော် လိုလိုလားလား ဝမ်းပမ်းတသာ နဲ့ ကြိုဆို လက်ခံတယ် ။


ကျွန်တော် ပုဂံ သွား တာ အခေါက် ၅ဝ လောက် ရှိပြီ ။ ၁၉၆၇ ခု လောက် က စပြီး သွားတာ ။ လမ်း တစ်လျှောက် ရွာတွေ ဟာ အမျိုးတွေ လို ဖြစ် နေပါပြီ ။ တစ်ချို့ ထမင်းဆိုင်တွေ က ဆိုရင် ထမင်းဖိုး တောင် မယူတော့ဘူး ။ စ တွေ့ခါစ က ကျွန်တော်တို့ ကို နိုင်ငံခြားသားတွေ လို့ ထင်တာ ။ မြန်မာတွေ က စက်ဘီး စီးပြီး Touring သွားတဲ့ အလေ့အထ က မရှိသေးဘူး မဟုတ်လား ။ မြန်မာတွေ က အစု လိုက် စက်ဘီး စီးပြီး Touring ထွက်တဲ့ အလေ့အထ က လည်း သိပ် မရှိသေးဘူး ။ ကျွန်တော်တို့ မန္တလေး မှာ ပဲ ရှိ သေးတာ ။ ကျွန်တော် တို့ သွား ရင် တစ်ခါတလေ ၂၃ ယောက် ၊ ၂၈ ယောက် တောင် ရှိတာ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၉ )


 ရွာလမ်းကလေး က သစ်ပင်ရိပ် တို့ ဖြင့် အေး ပါသည် ။ လက် နှင့် ခြေများ မှာ ဒဏ်ရာ သာ မရပါက အင်မတန် မှ ကို စိတ်ကူးယဉ်ချင်စရာ ကောင်းသော နေရာလေး ပင် ဖြစ်ပေလိမ့်မည် ။ 


လူကြီး က ခြံဝင်း တစ်ခု ထဲ ချိုးဝင် လိုက်သည် ။


“ ဟ ... ဘကြီးဆန်းထူး ပါ လား ၊ ဘာကိစ္စလဲ ”  


ခြံဝင်းတွင်း ရှိ ခြေတံရှည်အိမ် မှ ကွမ်းပါးစပ် နှင့် အင်္ကျီဗလာကျင်း လူ တစ်ယောက် က အော် မေးသည် ။ ဒါကို ရှေ့ က လူကြီး က .. 


“ အေးကွာ ... ဒီ နွား လက် နာ နေလို့ နင့် လာ ပြတာဟေ့ ”  


သူ့ စကား ကြောင့် ကျွန်တော် ကိုယ့် လက် ကိုယ် ပြန် ကြည့်မိ သည် ။ ဪ လူ စင်စစ် က နွား ဖြစ်ရပြန်လေပြီ ။


“ နွား က လက် နာတယ် ဆိုတော့ ... ဟင် ” 


အိမ် ပေါ် က ဆင်းလာသူ က အရှေ့က နွား ကို ကြည့် ပြီး မှ အနောက် က ကျွန်တော့် ကို မြင်တော့ အံ့အားသင့် သွားသည် ။ နောက် အရှေ့ က နွား ကို လက်ညှိုး ထိုး လိုက် ၊ အနောက် က နွား ၊ အဲလေ ကျွန်တော့် ကို လက်ညှိုး ထိုး လိုက် ဖြစ်သွားသည် ။ ပြီးမှ ခေါင်း ကုတ်ပြီး 


“ ဘ ... ဘကြီးဆန်းထူး ပြောတာ ဘယ် နွား လဲ ဟင် ”  


“ နွား က တော့ နှစ်ကောင်လုံး ၊ အဲ သူ က လည်း လက် နာလို့ တဲ့ ၊ လမ်း ကြုံတာ နဲ့ နင့် ဆီ တစ်ပါတည်း ခေါ်လာတာ ” 


“ ဟင် ... ကျွန်တော် က တိရစ္ဆာန်ကု ဆရာဝန် လေ ”  


“ ငါ သိတော့ သိသား ၊ ဒါပေမဲ့ ဒီ ရွာ မှာ က နင် တစ်ယောက် ပဲ ဆရာဝန် ရှိတော့ သူ့ ကို လည်း တိရစ္ဆာန် လို သဘော ထားပြီး ကု ပေး လိုက်ပေါ့ကွယ် ၊ သူ့ ခမျာ သနားပါတယ် ၊ လက် က အနာတွေ နဲ့ ဆိုတော့ သူတောင်းစားလေး ကျနေတာ ၊ သူ့ ရုပ် သူရည် နဲ့ တိရစ္ဆာန် ဖြစ်တာပဲ ကောင်းပါတယ် ” 


ဘကြီးဆန်းထူး ပြောတော့ မှ ကျွန်တော့် ဘဝ မှာ နွား လို အော် ပြ ရမလား ၊ ခွေး လို အူ ပြ ရမလား ဖြစ်နေမိသည် ။ ဆရာဝန် က ကျွန်တော့် ကို ကြည့်ပြီး ...


“ အေးဗျာ ... ခင်ဗျား ရောဂါ က ကျွန်တော် နဲ့ တော့ မဆိုင်ဘူး ” 


“ အတတ်နိုင်ဆုံး တော့ ကုပေးပါ ဆရာ ” 


“ ကုလို့ ဖြစ်မလားဗျ ၊ ကျုပ် က တိရစ္ဆာန်ကု ဆရာဝန် ” 


“ ဟင် ” 


ဪ ... နာလို့ ပြတာတောင် တိမွေးကု နဲ့ လာတွေ့ နေရတယ် လို့ ။ သို့သော် မတတ်နိုင် ။ ဒါပဲ ရှိတော့တာ ကိုး ။ ထို့ကြောင့် သက်ပြင်း ချ ပြီး ...


“ တိရစ္ဆာန်ကု ဆိုလည်း ခုန ဘကြီး ပြောသလို ကျွန်တော့် ကို အဲဒီလို သာ သဘော ထားပြီး ကု ပေးလိုက်ပါဗျာ ၊ နာလို့ပါ ”  


ကျွန်တော့် မျက်နှာငယ်လေး မြင် တော့ ဆရာဝန် ခမျာ သနား သွားသည် ထင်၏ ။ ထို့ကြောင့် ...


“ အေးလေ ... အတတ်နိုင်ဆုံး တော့ ကု ပေး လိုက်ပါ့မယ် ၊ ဒါပေမယ့် ခက်တာ က ကျွန်တော် က သင်း ပဲ သင်းကွပ် တတ်တာဗျ ”   


“ ဟာ ... ဆရာရယ် ၊ ဒဏ်ရာ က လက် မှာပါ ၊ မတော်ရာ ကို မထိပါနဲ့ ၊ နော် ... နော် တောင်းပန်ပါတယ် ၊ ဒါလေး ဦးဆောင် လို့ အသက် ရှင်နေတာပါဗျာ ” 


“ ဘာပဲဖြစ်ဖြစ် အရင် သင်း လိုက်ရင် လူ က ဖီးလာမှာဗျ နော့ ”  


“ မလုပ်ပါနဲ့ ဆရာ ရယ် ၊ ဒီ စိတ်ကလေး နဲ့ ပဲ အသက်ရှင် နေတာပါဆို ” 


ကျွန်တော် ၏ အကြောက်အကန် ငြင်းဆန် စကား ကို ဆရာ ဝန်တိကု က ခေါင်း တညိတ်ညိတ် လုပ်ပြီး ...


“ ဒါပေမယ့် ကျွန်တော် က လူတွေ ကို ကုတဲ့ နည်း မသိဘူးဗျ ၊ အဲ တိရိစ္ဆာန်နည်း နဲ့ဆိုလည်း ခွာနာလျှာနာ နဲ့ ကုရ မှာလား ၊ ပေါင်ပုတ် လက်ပုတ်နည်း နဲ့ ဆို ကောင်းမလား ” 


ကျွန်တော် လည်း လက် ကို ပြန် ကြည့်ပြီး ... 


“ ပေါင်ပုတ်လက်ပုတ်နည်း နဲ့ သာ ဆော်လွှတ်လိုက်ပါ ဆရာ ရယ် ” 


“ ဒါဆို ဒန်းရွက် အုံရမယ် ” 


ဆိုကာ လုပ်ငန်း စ တော့၏ ။ ဒန်းရွက် ကို ခူးသည် ။ ပြီးနောက် ထမင်းရည်ပူ ထဲ စိမ်သည် ။ ဒန်းရွက် နွမ်း တော့မှ ဆုံ ထဲ ထည့် ထောင်း သည် ။ ပြီးနောက် ဘာမှန်း မသိသော အရွက်များ နှင့် အရည်များ ထဲ စိမ်၏ ။ ( သူ ပြောတော့ မြင်းသေး နှင့် ဩဇာရွက် ဟု ဆိုပါသည် ။ )


ပြီးမှ ဒဏ်ရာများ ပေါ် အုံပြီး ပတ်တီးကြပ်ထုပ် စည်း ပေးပါ သည် ။ သိပ် မကြာခင် ကျွန်တော့် ရုပ် ထွက် လာပါသည် ။ 


“ တောက် ... အနူ အတိုင်းပဲ ၊ ထွီ ... ရွံလိုက်တာ ”  


ခုန နွား ဆွဲလာသော ဘကြီးဆန်းထူး မှ မှတ်ချက် ပေးပါသည် ။ မှန်ပေသည် ။ လက် တစ်ခုလုံး ပတ်တီးများ နှင့် အပြင် အရည်များ ပါ စက်လက်ကျ နေ သလို ဖြစ်လက်စ အနာကြီးရောဂါ သည်း ၍ အရည် တောက်တောက် ယိုကျ နေသလို ။ အန်ထွက်မည် စိုး၍ ကိုယ့် ကိုယ် ပင် ပြန် ငုံ့ မကြည့်ရဲ ။ ကျန် သူဆို ပြောနေစရာ ပင် မလို ။ ထို့ကြောင့် စကား လွှဲသည့် အနေ နှင့် ...


“ ဒါနဲ့ နေပါဦး ... ဟိုဘက် ရွာ က ဆိုင်းသံ ကြားသလားပဲ ”  


ကျွန်တော် ၏ အမေး ကို ကျွန်တော့် ကို ကုသော တိရစ္ဆာန်ဆေးကု ဆရာ က ...


“ ဟိုဘက် ရွာ မှာ ဘုရားပွဲ ရှိတယ်လေ ၊ စည်လိုက်တာ ပြောမနေနဲ့ ” 


သူ့ စကား ကို ဘကြီးဆန်းထူး က ပါ ...


“ အေးကွ ... ကထိန် တွေ လှည့် ၊ လက်ဝှေ့ပွဲ တွေ ကျင်းပ နဲ့ ဪ ဒါနဲ့ ဒီနှစ် မှာ တို့ ရွာခံ ကျွဲမောင်း ကို မြို့ က တစ်ယောက် က လာ ထိုးမတဲ့ ဆရာ ရဲ့ ” 


“ ဟာ ... ဟုတ်လား ဒါဆို ကြည့် ကောင်းပြီ ဗျာ ၊ ကျွဲမောင်း အပြင် သာ ထွက် မထိုးတာ ဒီ ရွာ လာ လို့ ကတော့ လာသမျှ လူ ခံထိုး တာ စုတ်ပြတ်သတ် သွားတာချည်းပဲ နော် ” 


“ အဲဒါ ပြောတာပေါ့ ဆရာ ရဲ့ ၊ အခု လာတဲ့ မြို့ က လက်ဝှေ့သမား က လည်း နံပါတ်တစ်တမ်း ထိုး နေတာတဲ့ ၊ ဒီ ရွာ မှာ ကျွဲမောင်း ကောင်းလွန်းတယ် ဆိုလို့ ဖြို ဖို့လာတာတဲ့ ဗျ ၊ ကျုပ် တောင် နွားလေး ဆရာ့ ပြ ပြီးရင် ပြေး ကြည့် မလို့ ” 


သူတို့ စကားများ ကိုယ် က နားမလည် ၍ ဘာသိဘာသာ နေ လိုက်သည် ။ ပြီးမှ ...


“ ခွင့်ပြုပါဦး ဆရာ ရယ် ၊ ကျွန်တော် ဟိုဘက် ရွာ ကို ခရီး ဆက်ရဦးမှာ မို့ ပါ ” 


“ ဪ ... ဟုတ်ကဲ့ ... ဟုတ်ကဲ့ ၊ ကြုံတုန်းကြုံခိုက် မှာ ဘုရားပွဲ ဝင် တော့ ဝင်လည် သွားဦးဗျ နော့ ” 


ခေါင်းသာ ညိတ် ပြ လိုက်သည် ။ စိတ် က ချစ်သူ ဆီ မှာ မို့ ဘုရား ပွဲ လည်း ရောက်မည် မထင် ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၈ )


 

ရွာထဲ လှမ်း ဝင်လိုက်သည် နှင့် စုတ်ပြတ်သတ် နေသော သူ့ ကို ရွာသားများ တအံ့တဩ ကြည့်ကြသည် ။

“ အား .. ကျွတ် ... ကျွတ် ”

တချို့ က ကွေ့ရှောင်၏ ။ တချို့ က လိုက် ကြည့်သည် ။ ကျွန်တော် လည်း ထော့နင်းထော့နင်း ရွာ ထဲ လှမ်း ဝင်ရင်း ...

“ အား ... ကျွတ် .. ကျွတ် ဒီ ဒီရွာ မှာ ဆရာ ဆရာဝန်များ မရှိကြဘူးလား ”

ကျွန်တော့် စကား ကို အားလုံး ကြောင် ကြည့်နေကြသည် ။ မှန်ပေသည် ။ ဤ ဒဏ်ရာများ နှင့် ဒီ တစ်ရွာ ကျော် ၍ မြင့်စန်းရီ တို့ ရွာ ရောက်ရန် မလွယ်ကူလှ ။

“ ဟို ... ဟိုလေ ဆေး ကုတဲ့ ဆရာဝန်များ မရှိကြဘူးလား ”

နာ လွန်း၍ အရိပ်ကောင်း သော သစ်ပင် အောက် သာ ထိုင် လိုက်ရသည် ။ ဤသည် ကို နွားဆွဲ လာ သော လူကြီး တစ်ဦး က ...

“ ရှိတယ် ၊ ရှိတယ် ၊ ကျုပ် တောင် အခု ဆရာဝန် ဆီ သွား ပြမလို့ ၊ လိုက်ခဲ့ ၊ လိုက်ခဲ့ ”

ထို လူကြီး စကား ကြားတော့ နာကျင် နေသည့် ကြားက အား တက် သွားရ၏ ။ ဘာမှ ဆက် မပြောဘဲ အထုပ်ကလေး ကို ဆွဲပြီး လူကြီး နှင့် နွား နောက် လိုက်သွားရလေသည် ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

ပြုံးလဲ့လဲ့ ချို


 

❝ ပြုံးလဲ့လဲ့ ချို ❞

ခုလို ဆိုတော့လည်း ဘ ဝက နေပျော်စရာပဲ ။ တစိမ့်စိမ့် တွေးကာ ကြည်နူး မြူးပျော်လျက် နှုတ်ခမ်းများ ကတော့ တငြိမ့်ငြိမ့် ပြုံးမြ နေခဲ့လေသည် ။

ဖေဖေ က ချို့ ကို အလျင်လို မဆူတော့ ၊ မဆဲတော့ ။ သူ့ စိတ် နှင့် မတွေ့လျှင် ပြုနေကျ အတိုင်း ဖြောင်းခနဲ မြည်အောင် နားရင်း ရိုက်တာတွေ လည်း မရှိတော့ပေ ။ ထူပူ နာကျင်သော ခံစားမှု နှင့် ကြယ်တွေလ တွေ ကို မမြင်ရတော့ တာ တောင် အတော် ကြာ လှပြီ ။

ဒါပေမဲ့ ဖေဖေ တစ်ယောက် ညစဉ် ညတိုင်း အရက် တွေ ပို သောက်လာခဲ့သည် ဟု ထင်သည် ။ ဒါပေမဲ့ ချို ဖေဖေ့ ကို မကြောက်ရတော့ ။ ဟိုအလျင်တွေ က ဆို ဖေဖေ က မူး လာလျှင် အလွန် သွေး ဆိုးလှတာ ။ ချို့ မှာ နေစရာ မရှိ အောင် ကြောက်လွန်း လှသည် ။ ညနေ မှောင်ရီချိန် ရောက် လျှင် ချို့ ရင်ခုန်နှုန်းတွေ မူ မမှန်ချင်တော့ ။ ဖေဖေ က လမ်း ထဲ သို့ စ , ဝင်လာ ကတည်းက သိုင်းကွက် နင်း လာတာ ဖြစ်သည် ။ နှုတ် က လည်း လျှာလေး အာလေး ၊ ဗလုံးဗထွေး စကားတွေ နှင့် ဆဲရေးတိုင်းထွာ နေပြန်သည် မှာ မကြားဝံ့ မနာသာ ။ ပြီး ... ဟိုလူ့ ကို လိုလို ၊ သည်လူ့ ကို လိုလို စောင်းချိတ် ရန်စချင် သေးတာလည်း ဖြစ်သည် ။ ဖေဖေ မို့ လမ်း ထဲ ဝင်လာပြီ ဆိုလျှင် တစ်လမ်းလုံး က အချင်းချင်း အချက် ပြ ကာ တော်ရာ ခပ်ဝေးဝေး မှာ ရှောင်ဖယ်နေကြ တော့သည်  ။ ငို လက် စ ကလေးသည် ပင် အငို တိတ် ကာ နီးစပ်ရာ ရင်ခွင် ဆီ ပြေး ဝင် ပုန်းတော့ပြီ ။ ဖေဖေ့ နီးနား ဝန်းကျင် မှာ ခွေး ပင် ဖြတ် မလျှောက်ရဲ ။ ဖေဖေ က ရစ်စရာ မရှိ လျှင် ကိုယ့် အရိပ် ကို တောင် ပြန် အပြစ် ရှာ တတ်သူ လေ ။

အိမ် ပေါ် ရောက် လျှင် တော့ ဖေဖေ့ ဆိုးမျိုး သည်းညည်း မှန်သမျှ ရင်စည်း ခံရ သူမှာ ချို သာ ဖြစ်တော့သည် ။ ဖေဖေ့ အကြိုက် ချို ဘယ်လောက်ပဲ လိုက်နာ လုပ်ကိုင် ပေး ပေမဲ့ ဘယ်တော့မှ စိတ်တိုင်း မကျ ။ အပြစ် ဆိုစရာတွေ ချည်း သာ ။ ရိုက်နှက် ဒဏ် ပေး ခံခဲ့ရသည် မှာ လည်း အကြိမ်ကြိမ် ။

ခုတော့ ဖေဖေ က ချို့ ကို တစ်ပြန် အရိပ် ကြည့် ကာ ဂရုတစိုက် ရှိ လွန်း လှသည် ။
တစ်နေကုန် အပြင် မထွက်ဘဲ ချို့ အနား မှာ သာ စောင့်ကြပ် ပြုစု နေတော့ တာ ဖြစ်သည် ။ ညနေ ညို လျှင်တော့ ခဏငယ်ကလေး ဖေဖေ အိမ် က နေ ပျောက် သွား တတ်သည် ။ ဖေဖေ ပြန် လာလျှင် ရစ်ရွှေ ရည် အပြည့် ကြည်လဲ့လဲ့အိတ်ကလေး တစ်လုံး ကို လက် တစ်ဖက် က ကိုင်ဆွဲမြဲ လျက် တွေ့ရတတ် မြဲ ။

အဘွား က ...

“ ကလေး ရှေ့ မှာ မလုပ် ပါ နဲ့ ။ ခါတိုင်းလို ပဲ နင့် ဟာ နင် အပြင်မှာ ပဲ ထွက် သောက်ပါ ”

အဖေ က ...

“ ကျွန်တော့် သမီး ကို စိတ် မချလို့ပါ အမေ ရယ် ”

မျက်ရည်တွေ ဝဲ ပြီး အသံ တုန်ခိုက်ခိုက် နှင့် ပြောရှာသည် ။

ဖေဖေ့ စကား ကို သိပ်တော့ နားမလည်နိုင်ဘူး ။ အခါတိုင်း လည်း ဖေဖေ တစ် ယောက် တည်း ချို့ ကို အဘွား နှင့် ပစ် ထားပြီး တစ်နေကုန် မိုးလင်း မိုးချုပ် သွား နေကျပဲ မဟုတ်လား ။ အိမ် ပြန်လာ တော့ လည်း သူ ရစ်ချင် စိတ် ရှိချိန်တွေ လောက် သာ ချို့ကို  သတိတရ ရှိ တတ်တာ ။ ပြောချင်ရာတွေ တောင်စဉ်ရေ မရ ပြောပြီး မူးမူး နှင့် တခေါခေါ ဟောက် ပြီး အိပ်ပျော် သွားတော့တာ ။ ခုတော့ ဖေဖေ က ချို့ ကို စိတ်မချဘူး ဆို ပြန်ပြီ ။

ချို ဉာဏ်မီ သလောက် စဉ်းစား ကြည့် မိသည် ။ ဖေဖေ စိတ် မချတာဟာ ချို့ ကို မေမေ လာ ခေါ် မှာ စိတ် ပူ၍ များလား ။ မေမေ က ချို့ ကို အတူ ခေါ်ထားဖို့ ပြော နေတာ ကြာ လှပြီ ။ အဘွား နှင့် လာ တွေ့ သွား ပြီးပြီ ။ အဘွား က တစ်ဆင့် ဖေဖေ လည်း သိ နေလောက်ပြီ ။ မေမေ က ချို နှင့် တော့ တိုက်ရိုက် လာမတွေ့ ဘူး ။ လာ တွေ့လည်း ပဲ ချို က တော့ မေမေ့ နောက် လိုက် မသွားချင်ပါ ။ မေမေ့ မှာ တွယ်တာချစ်ခင်စရာ က ချို တစ်ယောက် တည်း မဟုတ် ။ နောက် အိမ်ထောင် က ပါ သည့် သားသမီး နှစ်ယောက် ရှိသည် ။ မေမေ ထပ် မွေးထား သည့် ချို့ မောင်လေး တစ် ယောက် လည်း ရှိ သေးသည် ။ ချို မောင်လေး ကို ချစ်ခင် တွယ်တာလို စိတ်ဖြ င့် ဟို မောင်နှမ နှစ်ယောက် ကို သည်းခံ နိုင်မည် ဆိုလျှင် တောင် မေမေ့ ယောက်ျား မျက်နှာ ကို တော့ မကြည့် ချင် ။ ဖေဖေ့ ကို အရက် တွေ ပို သောက်စေခဲ့ သည့် လူကြီး ။ အို ... မေမေ လည်း ဘာ ထူးလဲ ။ သူစိမ်း တစ်ယောက် နှင့် ပူးပေါင်း ပြီး ဖေဖေ့ အပေါ် သစ္စာ မဲ့ ခဲ့တာပဲ ။ မုန်းဖို့ ကောင်းလိုက်တာ ။

“ နင့် အဖေ က နေ့ ရှိသရွေ့ လောင်းကစား နဲ့ အရက် ပဲ အာရုံ ကျ နေတဲ့ လူ လေ ။ သားမယား ကို အရိုး နာ အောင် ခါး ချိုးပြီး လုပ်ကိုင် ကျွေးမွေး ချင်တဲ့ ကောင် မှ မဟုတ်ဘဲ ၊ မူး လာ ရင် ရမ်းကား နှိပ်စက် ချင်တာ ရှိသေးတယ် ”

ဖေဖေ့ ကို မွေး ထား သည့် အဘွား ကိုယ်တိုင် က မေမေ့ ဘက် က ဖြစ်နေသည် ။ တကယ် ဆို ကိုယ့် သား ဘက် က ဝင် ပါပြီး မေမေ့ ကို အပြစ် တင် ပါလား ။ အိမ် ကို လာ လျှင် ရန်တွေ့ ပြီး နှင်ထုတ်ပါ တော့ လား ။ အဘွား ကို လည်း စိတ်ကွက် ချင် မိသည် ။

“ လောက မှာ လင်ဆိုး မယားတွေ လက်ချိုး ရေတွက်လို့ မကုန်နိုင် အောင် ရှိ နေတာ အဲဒီ အဘွား မတွေ့ဘူးလား ။ မိန်းမ တိုင်း လှေကြီး ပေါ် လှေငယ် တင်ကြလို့လား ။ ပြီး ... ဒီ လင်ယောက်ျား ကို ကြောက် ရွံ့ စွန့်ပစ်ခဲ့မယ် ဆိုလျှင်တောင် ရင် မှ ဖြစ်သော သမီး အတွက် ရော မေမေ ထည့် တွက် မစဉ်းစားမိခဲ့ဘူးတဲ့လား ။ မေမေ့ မေတ္တာတရား ကို ချို တော့ မယုံကြည်နိုင် ”

“ ဟဲ့ .. မတွေးကောင်းတဲ့ အတွေး တွေ မတွေးမိပါ စေနဲ့ မြေး ရယ် ။ အဖြစ်အပျက် အားလုံး ဟာ ဖြစ်ချိန်တန် လို့ ဖြစ်ခဲ့ကြတာ ချည်းပဲ ။ မြေးလေး ရဲ့ ဘဝ အကြောင်းကံ ပေါ့ကွယ် ”

“ အဲဒီ အကြောင်းကံ ကို မေမေ လုပ်ခဲ့တာပဲ လေ ”

ချို တစ်ယောက် ရန်တွေ့ မည် ပြင်ရင်း ဝမ်းနည်း ဆို့နစ် ကာ စကား မျှ မဆက်နိုင် ။

“ မြေး ရဲ့ မေမေ က ဟို တစ်ဖက် က နောက် အိမ်ထောင် ကို အပြေအလည် ညှိနှိုင်းပြီး သူ့ သမီး ကို ခဏ မဆိုင်းဘဲ ခေါ်ယူဖို့ လုပ်ခဲ့ဖူးတာပါ ။ မြေး ရဲ့ ဖေဖေ က ဘယ်လို မှ ညှိ ယူလို့ မရခဲ့ဘူးလေ ။ တရားတပေါင် ရင်ဆိုင်ပြီး တောင်း ယူဖို့ အထိ ကြိုးစား ပေမဲ့ သူ့ အားနည်းချက် ကို လည်း လူ ရှေ့ ချ မပြရဲပြန်ဘူးပေါ့ ”

ကိုယ်ကျင့် သီလ မှ အစွန်းအထင်း မကင်းတော့ အမေ့ စိတ်လိပ်ပြာ သိမ်ငယ် နေလိမ့်မည် ထင် ပါသည် ။ ဒါပေမဲ့ ချို ကတော့ စာနာ နားလည်မှု မပေးနိုင် ။

အဲသည် အချိန် က ချို့ အသက် ဆယ့်တစ်နှစ် ၊ ခြောက်တန်းတက် နေရပြီ ။ နေ့လယ်နေ့ခင်း အိမ်ပြန် မကပ် တတ် သော ဖေဖေ က ရုတ်တရက်ကြီး အိမ်ပြန် ရောက်ချ လာ ကာ မေမေ့ အား စွပ်စွဲ ရိုက်နှက် ခဲ့ လေသည် ။

“ မင်း ... မင်း ... အဲဒီကောင် နဲ့ မပတ်သက် ဖို့ မင်း ကို ငါ ဘယ်နှခါ ပြောရမလဲ ... ဟင် ၊ ‌ေ-ာ က်ကမြင်းမ ”

ဖေဖေ့ ဒေါသ က အခါတိုင်း ရန်ပွဲတွေ ထက် ပိုကြီးမား ပြင်းထန် ကာ စကားလုံး တွေ က ပိုမို ရင့်သီး ကြမ်းတမ်းလှသည် ထင်မိ၏ ။ မေမေ က လည်း ဖေဖေ ရိုက်နှက်ထား သော ဒဏ်ရာဒဏ် ချက်တွေ ကြား ကနေ တစ်ခွန်း မကျန် ခွန်းတုံ့ ပြန် ၊ ခံ ပက် နေခဲ့သည် ။

“ ရှင် ... လူစကား ပြောပါ ။ ကျွန်မတို့ တစ်မျိုးလုံး မှာ အဲဒီ အကျင့် မရှိဘူး ”

“ ဒါဆို မင်း ကျ မှ အမျိုး ဖျက် တာပေါ့ ။ ကဲ ... ကဲ ဟာ ... အမျိုးဖျက်မ ”

မေမေ က ကယ်ပါ ၊ ယူပါ မအော်ရှာခဲ့ ။ ဒါပေမဲ့ ...

“ ကျုပ် မကမြင်း ဘူး ။ ရှင် က ယောက်ျား ဖြစ်ပြီး သူများ သားသမီး ယူ ထားပြီး ဝ , အောင် မကျွေးနိုင်တော့ ကျုပ် လည်း ထမင်း မငတ် အောင် ရှာရဖွေရတာပေါ့ ”

မေမေ့ စကား အရ ဈေး ရောင်းရင်း အရင်း ပြုတ်သွား၍ အဲ လူကြီး ဆီမှာ အတိုး နှင့် ငွေ သွား ဆွဲခဲ့သည် ဆိုတော့ ချို က မေမေ့ ကို သနားမိခဲ့သေးတာ ဖြစ်သည် ။ ဒါပေမဲ့ မေမေ့ မှာ အပေါင် ထား စရာ ပစ္စည်း တစ်စုံတစ်ရာ လည်း ပါ မသွားခဲ့ပါဘဲ ။

“ အပေါင်ပစ္စည်း မပါ ရင် သူ့ ဆွေမျိုးတောင် မယုံ တတ်တဲ့ ဟို ... ဥစ္စာရူး ၊ ခံတွင်းပျက်ကောင် က နင့် ကို တော့ ယုံသလား ”

မေမေ့ စကား အကျွံ မှာ ဖေဖေ ပေါက်ကွဲ ခဲ့ ရ ပြန် သည် ။ မေမေ က ...

“ လူ ကြည့် ယုံတာပေါ့ ”

... တဲ့ ။

တစ်နေကုန် တစ်ညကူး လာချိန် အထိ ဖေဖေ့ စကား တွေ အပ်ကြောင်းထပ် လာဆဲ ။ မေမေ့ ကိုယ် ပေါ် မှာ အရှိုးရာ ချင်း ထပ်ကာ မျက်လုံးတွေ ဖောင်းရောင် နီရဲ လာချိန်အထိ မျက်ရည်တွေ သွန်ကျ မစဲ ရှိ နေဆဲ ။ ချို တစ်ယောက် က တော့ ထောင့် တစ်ထောင့် မှာ ကျိတ်ရှို က်ကာ ကြောက်လန့် စိတ် နှင့် တသိမ့်သိမ့် တုန် နေခဲ့ ရတာ ဖေဖေ ရော ၊ မေမေ ပါ သတိ မပြုမိကြသေး ။ အဲသည်စဉ် က သီးခြား အိမ်ခွဲ နေ ချိန် မို့ ချို့ အား ဖေးမကူမည့် အဘွား လည်း အနား မှာ မရှိနိုင်သေး ။

အဝတ်တစ်ထည် ကိုယ်တစ်ခု ဖြင့် မေမေ အိမ်ပေါ် က ဆင်း ဖို့ပြင်တော့ ချို က မေမေ့
အနား သို့ တိုးကပ် သွားချင်မိခဲ့သေးသည် ။

“ ချို ... ပြန်လာခဲ့ ။ မင်း .. ငါ့ သမီး ကို ခေါ်ရဲ ခေါ် သွားကြည့် ”

“ ကျွန်မ သမီး ကို မထား ခဲ့ နိုင်ဘူး ။ ရှင် က ရော ထမင်း ဝ အောင် ရှာ ကျွေး နိုင်မှာမို့ လား ... အမယ်လေး .... ” 

ဖေဖေ က လက် ထဲ မှ ထင်းခြမ်း တစ်ချောင်း နှင့် ဖြောင်းခနဲ လှမ်း ပစ်တော့
ချို ... မျက်စိ စုံ မှိတ်ကာ သတိ ပင် လစ် မတတ် တဆတ်ဆတ် တုန် နေခဲ့ရသည် ။ မေမေ လည်း ဖေဖေ့ အား အကြောက် ကြီး ကြောက်ရှာသည် ထင့် ။ မေမေ့ နောက်ကျော ဘက် ဝါး ထရံ ဆီ မှ ဒိုင်းခနဲ ထိမှန် ကန်ထွက်လာသော ထင်းချောင်း ကို အထိတ်တလန့် ရှောင်ရှား ပြေးလွှားရင်း လမ်း ပေါ် ရောက် သွားသည် ထင်၏ ။

“ ကျွန်မ သမီး ကို ရှင် နဲ့ ထားခဲ့မယ် ထင်လား ။ ရအောင် ပြန် ခေါ်ပြမယ် ။ ချို ရေ ... မေမေ ပြန် လာ ခေါ် မယ် ။ စောင့် နေနော် သမီးလေး ”

ချို တစ်ယောက် က တော့ မေမေ့ စကားသံ တွေ ကို မကြားနိုင်တော့ လောက် အောင် ကစဉ့်ကလျား ပြိုကွဲ တုန်လှုပ် နေခဲ့ကာ အမြင်တွေ ပြာမှောင် ပြီး သတိ ကင်း ပျောက်လု ဖြစ်သွားရ ပြန်တော့သည် ။ အဘွား တစ်ယောက် အပြေးအလွှား ရောက် လာ နိုင်ခဲ့လို့ သာ ။ မဟုတ်လျှင် နေရာတင် ပွဲချင်းပြီး သေခဲ့ရှာမည် ထင်၏ ။

ချို ... အိပ်ရာ ထက် မှာ တညှိုးခွေခွေ နှင့် ဖေဖေ မသိ အောင် မေမေ့ ကို တိတ်တိတ်
ကလေး မျှော် နေခဲ့တာ မေမေ သိရဲ့လား ။ တစ်ရက် က နှစ်ရက် ရှိလည်း မေမေ့ အရိပ်
ယောင် မမြင်ရသေး ။ တစ်လ ကနေ နှစ်လ ကူး သွားလည်း ပဲ မေမေ ချို့ထံ ရောက် မလာ နိုင်သေး ။

အဘွား ပြော တော့ မေမေ က ဟို လူကြီး အိမ် ကို တန်း တက် သွား တာ ဆို ။ ဒါဆို .. ဖေဖေ့ စွပ်စွဲချက် စကားတွေ ဟာ အမှန် ပေါ့ ။ ချို ရှက်လိုက်တာ ။

“ ဟိုဘက် မှာ လည်း ငွေကြေး ပြေလည်တယ် သာ ဆို ပေမဲ့ အမိမဲ့ သားသမီး တွေ က
ဥမမည် စာမမြောက်ကလေး တွေ မဟုတ်လား ။ အမေ အုပ် ထိန်းမှုလို အပ်နေတာ ။ ညည်း အမေ က နဂို ကတည်း က မှ အမြင်မတော် ရင် မနေတတ် တော့ ဟိုဟာ ဝင်ကူ ၊ ဒီဟာ ဝင်ပါ  နဲ့မို့ ကလေးတွေ ကအစ ခင်မင်သံယောဇဉ် တော့ ရှိကြ မှာ ပေါ့ ။ သူ တကာ ထက် အရေးပေး ခံ နေရတာ မြင်တော့ ပတ်ဝန်းကျင် က မလိုတမာ စကားတွေ ကို ညည်း အဖေ နား ပေါက် အောင် လုပ်ကြတာပါ ”

“ ဒါဆို မေမေ က ဘာလို့ အဲ လူကြီး နဲ့ တကယ် ယူ လိုက်တာလဲ ”

“ သူ့ လည်း ဆွေရယ် မျိုးရယ် လို့ တွယ်ကပ် စရာမှ မရှိတာဘဲ မြေး ရယ် ၊ ညည်း အမေ ရဲ့ ဗီဇ ကို က လည်း အရွဲ့ တိုက်တတ် ၊ ခေါင်းမာတတ် တာ ညည်း လည်း အသိ ပဲ မဟုတ်လား ။ အဲဒီ ဇွတ်တရွတ် စိတ် နဲ့ ပဲ ညည်း အဖေ နောက် ဆွေပြတ် ၊ မျိုးပြတ် ခံ ပြီး လိုက်လာခဲ့ တာပဲ ” 

အဘွား က ချို့ အား မေမေ အိမ် မှ ဆင်းစ သူငယ်နှပ်စားလေး လို ထင်ယောင် ယူဆ နေသည် ထင်၏ ။ တကယ်က အရွယ် နှင့် မမျှ အောင် နားလည်လွန်း နေတတ် ခဲ့သော ချို့ အတွက် အဘွား ပြော သမျှ မျက်စိ မှိတ် ယုံကြည်ရန် မလွယ်ကူ ခဲ့ပါ ။

“ ညည်း အမေ မှာ ညည်း အဖေ ငုတ်တုတ် ဖြစ်နေတော့ လည်း ပတ်ဝန်းကျင် မှာ တော့ ပြောစရာ တော့ ဖြစ်တာပေါ့ အေ ။ ဒါပေမဲ့ ညည်း အမေ လိမ္မာ ရင် အဆင်ပြေ မှာပါ ။ ညည်း ကို လည်း အချိန် တန် ရင် လာ ခေါ်မှာပါ ”

ချို ... မေမေ့ အား မမျှော် ချင်တော့ ပါပြီ ။ ဖေဖေ့ အား သနားမိ သည်နှင့် အမျှ မေမေ့ ကို မျှော်လင့်အား လျော့ခဲ့ပါ ပြီ ။ ချို ... လုံးလုံးလျားလျား ဖေဖေ့ ဘက်တော်သား စစ်စစ် ပဲ လုပ်ပါတော့မည် ။ ချို မရှိ လျှင် ဖေဖေ သေမှာ ပဲ ထင် ၏ ။ ဖေဖေ အသက် ရှင်နေ သရွေ့ ဘယ်တော့မှ ချို... ဖေဖေနှင့် မခွဲဘူး ။

ဒါပေမဲ့ ဖေဖေ က အမြဲ တမ်း အရက် ချည်း သောက် နေတော့ တာ ခက်သည် ။ ဖေဖေ အရက် သောက် တိုင်း ချို ... စိတ်ညစ် ရသည် ။ အလျင်တုန်း က တော့ ချို့ အား အပြစ် မရှိ ပြစ်ရှာ ၊ ဆူပူတတ် ၊ ရိုက်နှက် ကန်ကျောက်တတ် ၍ ကြောက်ရွံ့ စိတ်ညစ်ရတာ ဖြစ်သည် ။ ခုတော့ တစ်မျိုး ။ မူး လာလျှင် ချို့ ကို ဖက်ကာ ရှိုက်ကြီး တငင် ငိုကြွေး နေပြန် တော့သည် ။

“ ဖေဖေ စိတ် မပူပါနဲ့ ။ ချို ... မေမေ့ နောက် လိုက် မသွားပါဘူး ။ ဖေဖေ နဲ့ ပဲ နေမှာ ။ စိတ်ချ ” 

ချို လည်း သိတတ် သလောက် ၊ ဉာဏ် မီ သလောက် တော့ ဖေဖေ့ ကို ဖျောင်းဖျ အားပေးသည် ပင် ။ ဒါပေမဲ့ ချို ထိုသို့ ပြောမှ ပို ဆိုးတော့ သည် ထင်၏ ။ ဖေဖေ က ချို့ ကိုယ့်ခန္ဓာကလေး ကို လက် မှ လွတ်ထွက် သွား မလား ပူပန် လှ သလို ပိုလို့ တင်းကျပ်စွာ ဖျစ်ညှစ် ထွေးဖက် ထား တော့သည် ။ ချို ... အသက်ရှူ မဝ တော့ ဘဲ မွန်းကျပ်မောပန်း လာ လျှင်တော့ အာခေါင် ခြစ် ၍ အော်ဟစ် ပစ်ကာ အားကုန် သုံး ပြီး ရုန်းကန် တွန်းထိုး ပစ် လိုက်ချင်သည် ။ ဒါပေမဲ့ ဖေဖေ စိတ် ဆိုးမှာ ကြောက်သည် မို့ ချို မရုန်းကန်ရဲ ။ အသက် အောင့် ကာ မျက်စိ မှိတ် လျက် ငြိမ်သက် နေရ ပြန်တော့သည် ။

လောက မှာ ချို ... အကြောက်ဆုံး က ဖေဖေ ... ချို့ အား စိတ်ဆိုး မှာ ၊ စိတ်ကွက် ငြိုငြင် မှာ ကိုပဲ ဖြစ်သည် ။ ပြီး .. ချို ဖေဖေ့ ကို သနား လှပါသည် ။ ဖေဖေ သည် မေမေ့ အား စိတ်နာ မပြေသော် လည်း တစ်ရံမလပ် သတိရ နေတတ်သည် ဟု ချို ထင်ပါ သည် ။ ပြီး အလုပ် မှာ လက်ကြော မတင်းသော ဖေဖေ့ လက်ထက် မှာ ငတ် တစ်လှည့် ၊ ပြတ် တစ်လှည့် ရုန်းကန် ခဲ့သော မေမေ သည် တစ်ပါးသူ ထံ မှာ ထိတ်ထိတ်ကြဲ မချမ်းသာ လှ သည့် တိုင် ထမင်း တစ်ဝမ်း ကို သက်ပြင်းမော နှင့် ရောနှော မျို ချ ရမည့် အခြေအနေ မျိုး မဟုတ်တော့ တာ ဝမ်းသာစရာ ဖြစ် သော်လည်း ဖေဖေ့ သိက္ခာ ၊ မာန ကို မြေပေါ် ချနင်း ခံရသလို အထိ နာ စေသည် ထင်၏ ။

“ ခင်ဗျား ... တရားစွဲ ပစ်လိုက်ဗျာ ”

ပတ်ဝန်းကျင် ပြော စကား ကို မသိ ၊ မကြား သလို မထုံတက်သေး လုပ်ပြနေခဲ့
တာ ဟာ ဖေဖေ မေမေ့ အတွက် ငဲ့ညှာ စဉ်းစားပေးခဲ့
တာလို့ မေမေ သိနိုင်ခဲ့ရဲ့ လား ။ မေမေ့ လူကြီး က ငွေကြေး တစ်ထပ် နှင့် ဗန်းပြ လာ ကာ ပျားရည် နှင့် ဝမ်းချ သလို ပြုမူ လာ ခဲ့တော့ ယောက်ျား တန်မဲ့ မျက်ရည် ဖြိုင်ဖြိုင် ကျ ကာ စေပြုကြသမျှ နုခဲ့ရ ပြန်သည် လည်း အသည်း ခိုက် တမျှ နာကျင် ပင်ပန်းရမည် ဆို တာ မေမေ စာနာ ကြည့်တတ် စေချင်ပါသည် ။

မေမေ ၏ ဝမ်းမနာ သား သမီး တွေ က လည်း သိတတ် လိမ္မာကြသည် တဲ့ ။ ချို လည်း ဖေဖေ့ အတွက် သမီး လိမ္မာ ဖြစ် ရန် ကြိုးစား ဆင်ခြင် နေထိုင် ခဲ့ ပါသည် ။ လွန်ခဲ့သော နှစ် က မေမေ့ ဝမ်းမနာ သားလေး တစ်ယောက် ဆယ်တန်း ကို ဂုဏ်ထူး သုံးဘာသာ ဖြင့် အောင်မြင်ခဲ့သည် ။ မြို့နယ် မှ ကျင်းပသော ပညာရည်ချွန် ဆုပေးပွဲ မှာ မေမေ တစ်ယောက် စုံပဝါ ဘယ်ညာ ချ လျက် ပြုံးမော့ ဂုဏ်ယူ နေခဲ့တာ မမြင် သော် လည်း သတင်းတွေ ကြား ပါသည် ။ ယခု နှစ် မှာ ချို့ အလှည့် ဖြစ်သည် ။

“ ငါ့ သမီး ဆု ရလို့ က တော့ ကွာ ငါ ကိုယ်တိုင် ဆုပေးပွဲ လိုက် တက်မှာ ” 

အဘွား က မဲ့ပြုံး စွက်လျက် မျက်စောင်း ဝင့်ချီ ကာ ...

“ နင် က မူးရူး ပြီး ချဉ်တူးနံစော် နေတော့ ငါ့ မြေး မျက်နှာ ငယ်မှာပေါ့ ”

“ အမေ ကြည့် နေလိုက်ပါ ၊ ကျွန်တော် သမီး ဆယ်တန်း အောင်တဲ့ နေ့ မှာ ကျွန်တော် အရက် ပြတ် စေရမယ် ”

အဘွား က မယုံဘူး ဆို သော မျက်နှာဟန်ပန် ကို လွှဲဖယ် ပစ်ခဲ့ သည် ။

“ ဖေဖေ ၊ ဖေဖေ တကယ် ပြောတာလား ”

ဖေဖေက လှိုက်လှိုက်လှဲလှဲ ဦးခေါင်း ကို ဆက်တိုက် ညှိတ်ဆတ် ပြနေတော့တာ ။ အဘွား မယုံပေမဲ့ ဖေဖေ့ ကို ချို ယုံကြည်သည် ။ ကြည့် နေ .. ။ ချို ... အစွမ်းကုန် ကြိုးစား ပြမည် ။ ဖေဖေ့ အား သုရာတွင်း မှ ကယ်တင် နိုင်ရမည် ။

ချို ကြိုးစားခဲ့ပါသည် ။ ကြိုးစားသလောက် လည်း အရာ ထင် ခဲ့ပါသည် ။ ယခု နှစ် အောင်စာရင်း မှာ ချို့ နာမည် နှင့် ခုံနံပါတ် ကို ထင်ထင်ရှား ရှား မြင်နိုင်ခဲ့ပြီ မဟုတ်လား ။ ချို့ ခုံနံပါတ် နောက် မှာ ဂုဏ်ထူး ငါးဘာသာ ။

“ သူ့ အဖေ နဲ့ ဆက် နေ သွား လို့ က တော့ ကလေး ဖွတ် သထက် ညစ်မှာပဲ ”

မေမေ ၏ နှိမ်ချစော်ကား စကားတွေ ကို လည်း ဖေဖေ့ ကိုယ်စား ချေဖျက် ပစ်နိုင်ခဲ့ ပြီး မေမေ့ ရင်ခွင် နှင့် ကင်းလွတ်ပြီး မြော်မြင် စနစ်ကျ သော အုပ်ထိမ်းမှု ဖြင့် မနေရ သော်လည်း ချို ဟာ မေမေ့ သမီး ထက် သာလွန်ကြောင်း ကို ခုတော့ မေမေ သိပြီ မဟုတ်လား ... ဟား ... ဟား ။

ဒါပေမဲ့ တရွေ့ရွေ့ ကုန်ဆုံး လွန်မြောက်ခဲ့သော စာသင်ရက်တွေ အတွင်း မှာ တော့ ချို ... အလွန် အင်မတန် စိတ်ညစ်စိတ်ပျက် ခဲ့ရတာ ဖြစ်သည် ။ ဖေဖေ က ချို့ ကို သာ ဆင်ခြင် ထိန်းကွပ်မှု မဲ့ ကြိုးစားအား ထုတ်စေ ချင်နေသည် ။ ဖေဖေ ကိုယ်တိုင် ကျ တော့ နေ့စဉ် နှင့် အမျှ မူးယစ်ရမ်းကားမှု မလျှော့ ။

“ ဒီ ပုံစံ အတိုင်း ဆိုရင်တော့ ညည်း ... ဟို မိန်းမ ရဲ့ သား ကို ခြေဖျား တောင် မီ မှာ မဟုတ်ဘူး ချို ”

ချို့ အား ထို တစ်ယောက် နှင့် နှိုင်းယှဉ် နှိမ်ချ ၊ စော်ကား ခံ ရတာ လောက် အသည်းနာစရာ ကောင်းလှ တာ လောက မှာ မရှိတော့ပြီ ကို ဖေဖေ သိဖို့ကောင်းပါသည် ။ ထို ကောင်လေး အတွက် မေမေ က ဘာသာရပ်ဆိုင်ရာ ဆရာ အားလုံး ကို အိမ် အရောက် ပင့်ခေါ် ကာ ကျူရှင် ပေးခဲ့တာ ရော ဖေဖေ မသိ၍ လား ။ Study Guide လည်း သီးသန့် ထားပေးခဲ့ သေး တာ သတင်း မကြား၍ လား ။ ချို့ မှာတော့ ခက်ခဲ သော ဘာသာရပ် တချို့ အတွက် အချိန်ပိုင်း ကျူရှင် ပင် တစ်လ ပြည့်အောင် တက် ခွင့် မရခဲ့ပေ ။ ကျူရှင် လခ ပေးရန် သတ်မှတ် ရက် နီးလာ သော အခါ ထို ကျူရှင် ရှေ့ သို့
လမ်း ပင် ဖြတ် မလျှောက်ရဲ သော ဘဝ သို့ ရောက်ခဲ့ရသည် မဟုတ်လား ။

အိုကြီးအိုမ ဖြစ်သော အဘွား တစ်ယောက် တည်း လုပ်စာ ကို မှီခို စားသောက် နေ ကြရသော ချို တို့ သားအဖ မှာ ထမင်း နပ်မှန် နေတာ ပင် ကံကောင်း လွန်းလှပြီ ။ ကျောင်း တက် ခွင့် ရ နေသေးတာ ပင် မဟာ အခွင့်အရေးကြီး ဖြစ်တော့သည် ။

သို့ပေမဲ့ ကံကြမ္မာ သည် ချို့ အား တစ်ကြိမ် တစ်ခါ မျက်နှာသာ ပေးခဲ့ ပြန်ပါသည် ။ တပည့် ကျောင်းသား များ အပေါ် နားလည်စွာ စာနာ ဖေးမ တတ်သော ချို တို့ ဆရာ
က သူ စီစဉ်သော စာသင် ဝိုင်း တစ်ဝိုင်း မှာ ချို့ အား ပါဝင် စေခဲ့သည် ။ ငါးယောက်စာ စာသင်ဝိုင်း မှာ ချို့ အတွက် သင်တန်းကြေး တစ်စု ကို ကင်းလွတ်ခွင့် ပြုခဲ့သည် ။ အမှန်ဆို ချို ... ဆရာ့ ထံ မှ အကူအညီ ကို မလိုချင်ခဲ့ပါ ။ ဒါပေမဲ့ မေမေ့ ထံ မှ အထောက်အပံ့ ကို ပို လို့ မလိုချင် ။ မေမေ က သူ ထောက်ပံ့ရသည် နှင့် တန်အောင် ဖေဖေ ၏ အစွမ်းအစ မဲ့ပုံများ အကြောင်းအမြစ် ဖော်ဦးမည် ။ ပြီး ချို့ ကို သူ နှင့် အတူ လာ နေဖို့ စည်းရုံး ဦး တော့မည် ။ မေမေ့ ထံ မှာ မျက်နှာ အောက်ချ ရမည့် အတူ တူ တော့ သူစိမ်းတွေ ကြား မှာပဲ အောက်ကျ ခံတော့မည် ။

“ ညည်း ကြိုးစားနော် သမီး ။ ဒီနှစ် ထူးထူးချွန်ချွန် အောင် သွားရင် ညည်း တက္ကသိုလ် တက်ဖို့လည်း စီစဉ် ပေးမယ် ။ တကယ် ထူးချွန်တဲ့ သူ အတွက် ငွေ ရှိဖို့ မလိုပါဘူး ။ ပညာရေးဖောင်ဒေးရှင်း တွေ လည်း အများကြီး ရှိ နေတာ ညည်း လည်း ကြားသိ နေတာပဲ မဟုတ်လား ။ ကျောင်းစာ က လွဲပြီး တခြား ကိစ္စတွေ ညည်း ခေါင်းထဲ
မှာ ဘာမှ ထည့်ထားစရာ မလိုဘူး ”

ချို့ ခေါင်း ထဲ မှာ ကျောင်းစာတွေ လည်း ရှိ နေ ပါသည် ။ ပြီး ... အခြားသော အကြောင်းအရာ များစွာ ကို လည်း ချို မတွေးဘဲ မနေနိုင် ခဲ့ပါ ။ ထို နေ့ ရက်တွေ အတွင်း မှာ ဖေဖေ့ ကျန်းမာရေး လည်း တစစ ယိုယွင်း ၍ လာနေသည် ။ အစား မမှန် ၊ အအိပ် မမှန်ဘဲ အရက် ကို သာ ချိုးကပ် အောင် သောက်နေ တတ်တာမို့ မျက်နှာကြီး က ဖောရောင်ဖောင်းကြွ နေပြန် လျှင် ချို က ဖေဖေ့ အတွက် စိုးရိမ် ပိုရ ပြန်သည် ။

ဖေဖေ့ ကို အရက် ပြတ် စေချင်သည် ။ မေမေ့ သားလေး ထက် သာလွန် ထူးချွန်ချင်သည် ။ ဆရာ ၏ ကျေးဇူးတရား ကို သိတတ်တုံ့ပြန်ရန် မှာ လည်း စာ ကြိုးစားရန် တစ်နည်း သာ ရှိတော့ တာ မဟုတ်လား ။ ပြီး ဆက် လှမ်းရမည့် တက္ကသိုလ် ပညာရေး လမ်းခရီး အတွက် ရော ... ။

ချို ၏ နေ့ရက် အချိန်များစွာ တို့ သည် စာ ... ၊ ကျောင်း စာ ... ။ ကျောင်းစာ ပြီး လျှင် လည်း စာ ပဲ ဖြစ်တော့ပြီ ။

ခါတလေ စိတ်ပျက် လက်လျှော့ ချင် မိသည် ။ သို့ပေမဲ့ စိတ်ပျက် လက်ပျက် ကြား မှ ပင် စာအုပ် နှင့် မျက်နှာ ခွာ မရ ။ တစ်ခါတစ်ရံ နေ့ည အချိန်ကာလ တို့ ကို ချို သတိ မရနိုင် ။ အစားအသောက် ပင် မမှန်ချင် တော့ ။ ချို တစ်ယောက် အစာအိမ်နာ နှင့် အိပ်ရာ ထဲ တစ်ပတ်လောက် လဲပြို ရ ပြန်သည် ။ ဆရာဝန် က ...

“ လူ က အရမ်းလည်း ဖျော့ နေပြီ ။ အား ရှိမယ့် အစားအစာလေး တွေ ဂရုတစိုက် ကျွေး ပါ ။ ရက် နည်းနည်း လောက် အနား ယူ ဖို့ လည်း လိုအပ်တယ် ။ ဖြစ်နိုင်ရင် စာ ကို လည်း နားနားနေနေ ပဲ လုပ်ပါစေ ”

ဟင့်အင်း ဒေါက်တာ ။ ကျောင်းစာ ကို ရပ် ထားဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဒါပေမဲ့ လူ က နေရင်း ထိုင်ရင်း အလိုလို မောနွမ်း နုံးချည့် နေ သည် ။ တစ်ခါတစ်ရံ ရင်တွေ တလှပ်လှပ် ခုန် ၊ တဆတ်ဆတ် တုန် လျက် မတ်တတ် မှ ပင် ပစ်လဲကျ ချင်နေတတ် ပြန်သည် ။ ပို၍ ဆိုးတာ က ဦးခေါင်းတွေ အုံခဲ ကာ ထုရိုက် ခံထားရ သလို တဆစ်ဆစ် ကိုက်ခဲ နာကျင် ၍ နေတာပဲ ဖြစ်သည် ။ စာတွေ လည်း တစ်လုံး မှ မှတ်၍ မရတော့ဘူး ။ ချို့ ဦးနှောက် က မှတ်ဉာဏ် တွေ ထွက်ပြေး ကုန်ပြီလား ။ ချို ... တုန်လှုပ် ကြေကွဲလာ ရ ကာ တလှိုက်လှိုက် ဝမ်းနည်း ဆို့နစ် လို့ လာသည် ။ သတိ မထားနိုင် ခင် မှာ ဘဲ ချို့ မျက်ဝန်း မှာ မျက်ရည်တွေ စိမ့်အိုင် လာ တော့သည် ။ ကိုယ်ငွေ့ နွေးနွေး ပူ ရာ က ချစ်ချစ်တောက် လာခဲ့ တော့ လောကကြီး နှင့် ချို ... အဆက် ပြတ် ၍ သွားတော့ပြီ ။

ဒါပေမဲ့ နောက်ဆုံးကျ တော့ လည်း အရာ အားလုံး ကို ချို တစ်ယောက် အောင်အောင်မြင်မြင် အနိုင်ရခဲ့တာ ပဲ မဟုတ်လား ။ ချို သည် ပြုံးမော့မာန်ဝင့် လျက် မျက်နှာကလေး တချီချီ ။ ချို့ မျက် စိရှေ့ မှာ ပြန့်ကျဲ နေသော ကျောင်းစာအုပ်တွေ ကို တစ်အုပ် ချင်း ကောက်ယူ စုစည်းကာ ...

“ မေမေ့ သား ကြီး လာ ရင် သုံးဖို့ ယူ သွားလိုက်ပါ ။ ချို့ နုတ်စ်တွေ က အရမ်း ပြည့်စုံ လို့ သူငယ်ချင်းတွေ က လာ ... လာ တောင်းနေကြတာ ။ ချို က မောင်လေး ဖို့ ဆိုပြီး တမင် မပေးလိုက်ပဲ ချန်ထားတာ ”

မေမေ က တရှုပ်ရှုပ် ငို နေပြန် ရော ။ သူ့ သား ထက် ပို သာ သွားလို့ မနာလို ဖြစ်နေတာ မဟုတ်လား ။ ဖေဖေ က လည်း နေ့ဆက် ညဆက် မူး လို့ ချည်း နေ ပြန်တာပဲ ။ ဖေဖေ ပြော တော့ ချို ဆယ်တန်း အောင် ရင် အရက် မသောက် တော့ဘူး ဆို ။ ဖေဖေ လည်း ကတိ မတည်ဘူး ။ အဘွား က လည်း မြေး ရယ် ... ၊ မြေး ရယ် ဆိုပြီး တဖွဖွ ရေရွတ် ရင်း မျက်ရည်တွေ ကျ နေ လိုက်တာ ။ ချို တက္ကသိုလ် သွား လျှင် ခွဲရတော့ မှာ သိ၍ အစောကြီး ကြိုတင် ပူဆွေး နေသည်လား ။ အဘွား က တော့ စံ ပဲ ။

အိမ်ရှေ့ ဆီ မှာ ဖြတ်လျှောက် သွားကြသည့် အဖြူ ၊ အစိမ်း တစ်အုပ် က ချို တို့
စာသင်ဝိုင်း က သူငယ်ချင်းမ တွေ မဟုတ်လား ။ ချို့ ကို ကွက်ကြည့် ကွက်ကြည့် လုပ် နေ လို့ လက် တစ်ဖက် မြှောက် ပြ လိုက်ရသည် ။ တစ်ယောက် က စာရွက်ဖြူဖြူ တစ်ရွက် ကို ပြန် မြှောက် ပြ ကာ ...

“ ငါတို့ ဒီနေ့ မြန်မာစာ စ , ဖြေရတယ် ။ ဖြေနိုင်တယ် ”

ရိုက် မစစ်ရဘဲ အော် ပြော နေသေးတယ် ။ စကြွား မ .... ။ ငါ က အောင်ပြီးသား မို့ ခုလို အေးဆေး ဖြစ်နေတာ နင် မမြင်ဘူးလား ။

ချို့ ကို လည်ပြန် လှည့် တကြည့်ကြည့် နှင့် စကား တွေ တွတ်ထိုး နေကြပြန်ရင်း တစ်ယောက် က နားထင် ကို လက်ညှိုးကလေး နှင့် ထောက် ၊ လက်ဝါးကလေး ခါ ပြနေပြန် တော့ ကျန်သည့် သူ အားလုံး က ဝါးခနဲ ရယ် လိုက်ပြန်သည် ။ ဟွန်း ... ရယ်စရာ လည်း မဟုတ်ဘဲ နဲ့ ။ အရူးမ တွေ ။

မျက်စောင်းကလေး ယောင်ယောင် ဝင့် ကာ မျက်နှာ လွဲ လိုက်မိ လျှင် တော့ ချို ကိုယ်တိုင် လည်း ပန်းနု သွေး နှုတ်ခမ်းဖျား မှာ အပြုံးစလေးတွေ တလဲ့လဲ့ ဝေ လို့ပေ ။  ။

◾သတိုး

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၆ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

Sunday, April 28, 2024

ကား‌လေး ‌ပျောက်သွားတာပဲ အဖတ်တင်ပါတယ်


 

❝ ကား‌လေး ‌ပျောက်သွားတာပဲ အဖတ်တင်ပါတယ် ❞

“ အဲဒါ မင်း ဘယ်လို သ‌ဘောရ သလဲ ”

“ သူတို့ စိတ်ကူး ထားတဲ့ ကုန်‌ လှောင်ဖို့ ‌ငွေ ထုတ်‌ချေးဖို့ ဆိုတာ က‌ တော့ လွယ်‌တော့ လွယ်တာ‌ပေါ့ အစ်ကိုကြီး ၊ ဒါ‌ပေမယ့် ဒီ အလုပ်‌တွေ က တကယ် မ‌သေချာ မ‌ရေရာ တဲ့ အလုပ်‌ တွေ ၊ ဒီ အလုပ်‌ တွေ က ‌လောင်းကစား နဲ့ သိပ် မထူးလှဘူး ”

“ ငါ လဲ ဒီ သ‌ဘောပဲ ဒါ‌ပေမယ့် သူတို့ က ငါ့ လာ အပူကပ်‌ နေ‌တော့ ”

“ ခက်တယ် အစ်ကိုကြီး ဒီ မှာ လုပ် စားလို့ ရ‌ လောက်တဲ့ ပညာ တစ်ခု ခု ပါလာတယ် ဆိုရင်‌တော့ ”

၂၀၀၅ ခုနှစ် ဩဂုတ်လ ၁ဝ ရက် ဗုဒ္ဓဟူး‌နေ့ က အစ်ကိုကြီး ကိုတင်ရှိန် နဲ့ ကျွန်‌တော် ‌ပြောဖြစ်ကြတဲ့ စကား‌တွေ ပါ ခင်ဗျာ ။

သူ့ တူ‌တွေ နိုင်ငံခြား ထွက် အလုပ် လုပ် ရာ က ပြန် လာ ကြတယ် ။ ‌ငွေ‌ တွေ ပါ လာတယ် ။ သည် မှာ ဘာ လုပ် လို့ ဘာ ကိုင် ရမှန်း မသိဘူး ဖြစ်‌ နေတယ် ။

အဲဒါ အစ်ကိုကြီး နဲ့ ကျွန်‌တော် စကား စပ်မိ စပ်ရာ ‌ပြောကြတာ ။ ဖြစ်တတ်ပါတယ် ။ စမ်း တဝါးဝါး ။ တချို့ ကျ‌ တော့ နိုင်ငံခြား သွား အလုပ် လုပ် ကြတယ် ။ သည်မှာ သုံး လို့ ရမယ့် ပညာ‌ တွေ ၊ လုပ် စားလို့ ဖြစ်နိုင်‌လောက် တဲ့ ပညာ‌ တွေ ပါ တတ် လာခဲ့ကြတယ် ။ သူတို့ ကျ‌တော့ ပါ လာတဲ့ ‌ငွေ ကို ရင်းနှီး ပြီး လုပ်ငန်း တစ်ခု ဖတ်ခနဲ ‌ကောက် ထူ‌ထောင် လိုက်ရုံပဲ ။

နိုင်ငံခြား ထွက် အလုပ် လုပ်တဲ့ လူ‌တွေ ထဲ မှာ ကျွန်‌တော့် တူ ‌မောင်‌ကောင်းကြီး က‌ တော့ .. ။

“ မ‌ပြောချင်‌တော့ ပါဘူး ဟယ် ”

“ ဒါဖြင့်လဲ မ‌ပြောပါနဲ့‌တော့ အစ် မရယ် ”

“ ‌ဟေ့ ‌အေး ငါ‌ ပြောလိုက်ရမှ ဒါမှ ငါ့ ရင် ထဲ က အလုံးကြီး ကျ သွားမှာ ”

‌ဪ လူ့ သဘာဝ ၊ ရင် ထဲ က အလုံးကြီး ကို သူ တစ်ပါး ထံ အံချ ဖွင့်ချ လိုက် ရရင် ရင် ရှင်း သွား သတဲ့ဗျာ ။

“ အင်း အင်း ဆိုပါဦး ”

“ ငါ့ ဟယ် ငါ့ သား ‌မောင်‌ကောင်းကြီး‌ ပေါ့ ၊ နိုင်ငံခြား ထွက်ချင်လှချည် ရဲ့ ၊ သ‌င်္ဘော တက်ချင်လှချည် ရဲ့ ဆိုလို့ ငါ့ ဗင် ကား‌လေး ‌ရောင်း ပြီး သ‌င်္ဘော‌ ပေါ် တင်‌ပေး လိုက်တာ ”

“ အမှန် အကန် လိုင်းလား ”

“ အမှန်အကန် လိုင်းပါ ဟယ် ၊ အဲဒါ ငါ့ မှာ စိတ်ချလက်ချ ရှိ‌ နေတုန်း ဗြုန်း ဆို ပြန်‌ ရောက် လာ‌ရောဟယ် ၊ ဘာ ကြာတုန်း ၊ သ‌င်္ဘော‌ ပေါ်  မှာ သုံးလ တည်း ရယ် ”

“ ‌နေထိုင် မ‌ကောင်းလို့ လား အစ်မ ”

“ အ‌ကောင်း ပကတိကြီး ပါ‌ တော် ”

“ ဟင် ဒါနဲ့များ ”

“ ဒီ‌ ကောင် က လက်‌ကြော မတင်း‌တော့ သ‌င်္ဘော ပေါ် က ‌မောင်းချ လိုက်တာ‌ပေါ့ ၊ အိမ် မှာ ‌နေတုန်း က လဲ သူ က ‌ပေါ်‌ကြော့ ဟဲ့ ”

“ ဒါဖြင့် ဘာလို့ ”

“ အမယ်‌လေး ဟယ် ‌သေ မတတ် ပူဆာ တညည်းညည်း တညူညူ ဂျီတိုက်‌ နေ‌တော့ နား‌အေး ပြီး‌ရော ဆိုပြီး ကား‌လေး‌ ရောင်း ပြီး ရင်း လိုက်တာ ”

“ ‌နေဦး အစ်မ ဒီ ကား‌လေး ‌ရောင်း လိုက်တုန်းက ဘယ်‌လောက် ရတု န်း ”

“ ‌ခြောက်သိန်းခွဲ‌ လေ ”

“ အင်း အစ်မ ကျွန်‌တော် က ကား နဲ့ ပတ်သက်ရင် ဘာမှ မသိဘူး ။ နုံ တယ် ဆိုဆို ၊ အ တယ် ဆိုဆို အဲဒီ အစ်မ တို့ ‌ရောင်း လိုက်တဲ့ ကားမျိုး ဒီ‌နေ့ ဆို ဘယ်‌လောက် တန်ပါ့မလဲ ”

“ သိန်း နှစ်ရာ့ငါးဆယ် ‌အောက်ထစ်‌ ပေါ့ ငါ့‌ မောင် ရယ် ”

ဟုတ်‌ပေလိမ့်မည် ။ ၁၉၉၅ ခုနှစ် ဧပြီလ က ကျွန်‌တော့် သူငယ်ချင်း ‌ရွှေချစ် ဆိုတဲ့‌ကောင် ကား ဝယ်တာ ‌လေးသိန်း‌ ကျော်‌ လေးပဲ ‌ပေး ရတယ် ။ ဟိုတ‌လော‌လေး က ‌မေး ကြည့် မိ‌တော့ သိန်း နှစ်ရာ့ငါးဆယ် ‌ခြောက်ဆယ် ‌လောက် ‌ပေါက်တယ် တဲ့ ခင်ဗျာ ။
( ပိုင်ရှင် ကို မ‌မေးရဲဘူး ၊ ‌ဘေး လူ ကို တီး‌ခေါက် ကြည့်တာ ) ။

၁၉၉၅ - ယ‌နေ့ ၂၀၀၅ - ဆယ်နှစ် အတွင်း ဖြစ် သွားတာ ။

“ ငါ့ ဟယ် အဲဒီ ကားက‌လေး သာ ‌ရောင်း မပစ်လိုက်ရဘူး ဆိုရင် ဒီ‌နေ့ ”

“ ဟုတ်တာ‌ပေါ့ အစ်မ ဒါ‌လေး‌ ရောင်းပြီး စီးပွါး‌ရေး လုပ်ငန်း တစ်ခု ထူ‌ထောင် လို့ ရ‌သေးတာ‌ပေါ့ ”

“ အဲဒါ ငါ‌ ပြောတာ ”

“ အခု‌ ကော အစ်မ သား ဘာ‌တွေ လုပ်‌ နေတုန်း ၊ စီပွါး‌ရေး တစ်ခု ခု ”

“ အမယ်‌လေး ဟို အလုပ် က သူ နဲ့ မတန်ဘူး ၊ ဒီ အလုပ် ကို ဖြင့် မကြိုက်ဘူး နဲ့ သ‌င်္ဘောသားလူထွက်ကြီး က အိမ် မှာ ‌ယောင်‌တောင်‌ပေါင်‌တောင် ပါ ပဲ ဟယ် ”

‌ဪ ကျွန်‌တော့် အစ်မကြီး ရဲ့ အဖြစ်က မလွယ်ပါလား ။

“ ကား‌လေး ‌ပျောက် သွားတာပဲ အဖတ် တင်ပါတယ် ငါ့‌ မောင် ရယ် ”

ကျွန်‌တော် ချက်ချင်း ထွက်‌ပြေး ခဲ့ပါ၏ ။ မ‌တော် ကျွန်‌တော့်‌ ရှေ့ မှာ ငို‌ နေ မှ ဖြင့် ။

‌◾ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
     ၂၃ စက်တင်ဘာ ၊ ၂၀၀၅

#ကိုအောင်နိုင်ဦး

.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၇ )


 ဂျုံးဂျုံးဂျက်ဂျက် လယ်တောစပ် က မီးရထား မရပ်မနား ပြေးလွှား နေသည် ။ ပြင်ပ လယ်ကွင်းပြင် ကို ကြည့် ရင်း နွား နှစ်ကောင် မြင် လျှင် ပင် စိတ်ကူး ယဉ်ချင်စရာ ဖြစ်နေ၏ ။ စိတ် ထဲ ၌ လည်း လှိုက်ခနဲ လှိုက်ခနဲ ။


“ ဪ ... မြင့်စန်းရီ နှင့် သားဦး ရပါ က နွား ပဲ ဖြစ်ရ ဖြစ်ရပါကွယ် ” 


တကယ်ပါ ။ နွားမ နေရာ မှာ မြင့်စန်းရီ မျက်လုံး သာ ပြောင်း တပ် လိုက် ကျွန်တော် ဟာ လူ စင်စစ် က နွား ဖြစ်ဖို့ ဝန်မလေး တဲ့ သူပါ ။ 


ဤမျှလောက် စွဲလမ်းရသူ လေ ။


အတွေး ကောင်း နေစဉ် မှာ ပင် ရထား က တံတား တစ်ခု ကို ဖြတ် ၍ တဝုန်းဝုန်း နှင့် ဆူညံ သွားသည် ။ ထို တော့ မှ အသိစိတ် က ခုန နွား ဆီ က နေ လူ ဆီ ပြန် ကပ်၏ ။


“ ရောက်တော့မယ် ” ဆိုသော အသိစိတ် က ရင် ထဲ မှာ လှိုက်ခနဲ ။


အရှေ့ တစ်ရွာ လွန် လျှင် မြင့်စန်းရီ တို့ ရွာ ရောက်ပြီ ပဲ ။ မြင့်စန်းရီ မှာ စေ့စပ်ပွဲ ပျက်ပြီး ကတည်း က ရှက်လွန်း ၍ ရွာ ပြန် ခဲ့လေပြီ ။ သူ က ပြေးသူ ။ ကျွန်တော် က လိုက်သူ ။


ရထား က လည်း ပြေး နေ ဆဲ ။ အရှိန် က လုံးဝ မလျှော့ ၊ မသင်္ကာ ၍ ဘေးနား ငိုက်မြည်း နေသူ တစ်ဦး ကို လက်တို့ နှိုးလိုက်သည် ။ 


“ အဘ ... အဘ အရှေ့ရွာ မှာ ရထား က မရပ်ဘူးလား ”  


လူကြီး မှာ အိပ်ချင်မူးတူး နှင့် ထ၍ ဘေးဘီ ဝေ့ ကြည့်သည် ။


ပြီးမှ ..


“ မရပ်ဘူး ” 


“ ဟယ် ” 


တစ်လုံး ထဲ သော စကား ကို မှာကြားပြီး ပြန်လည် ငိုက်မြည်း နေ ပြန်သည် ။ ကျွန်တော် က သာ မနေနိုင် မထိုင်နိုင် ဖြင့် ... 


“ ဒါဖြင့် ဘယ်မှာ ရပ်မှာလဲ ” 


“ အဲဒီ ရွာ ကျော်ပြီး သုံးလေးငါးရွာ ကျော်ပြီး ဟိုဘက် မြို့ ရောက် မှ ရပ်မှာ ၊ အဲဒီက မှ ဂွန်ဒေါင်း ဖြစ်ဖြစ် ၊ ဆိုင်ကယ် ဖြစ်ဖြစ် စီး ပြီး ပြန်လာ ရ မှာ ” 


“ ဟင် ” 


တင်း ထားသော အားများ ပျော့ကျ သွား မိ၏ ။ ရွာ ကို မြင် နေရ ပြီး မှ ကျော်သွား ရမဲ့ အဖြစ်မျိုး တော့ ကျွန်တော် အဖြစ် မခံနိုင် ။ ဖြစ်နိုင် လျှင် မြင့်စန်းရီ နှင့် အမြန်ဆုံး တွေ့ ချင်ပြီ ။ ရှင်းပြချင် ၊ တောင်းပန်ချင် ပြီ လေ ။ ထို့ကြောင့် ...


“ ဒါ ... ဒါဆို အနီးဆုံး လမ်း က ” 


“ ခုန်ချ ပေါ့ ” 


“ ဟင် ” 


တိုသည် ။ ထိသည် ။ အနီးဆုံး လမ်း ကား တိုတိုလေး နှင့် ထိသည် ။ ခုန် ချ လိုက်ရုံသာ ။


အချစ် ၏ စွမ်းအား သည် လွန်စွာ ထူးဆန်းလွန်း ပါသည် ။ ဘယ်က ဘယ်လို ပေါ်ထွက်လာမှန်း မသိသော တွန်းအား တစ် ခုက လူ ကို ရထားတံခါး နား ရောက်စေခဲ့ ပါသည် ။ 


ပြင်ပ လေ တဟူးဟူး က မျက်နှာ ကို ရိုက်ခတ် သော်လည်း ကျော ကို စိမ့် စေသည် ။ အောက် ကို ငုံ့ ကြည့်လိုက် တော့ နိမ့်လိုက် မြင့်လိုက် နှင့် ခေါင်းမူး ချင်စရာ ၊ မျက်လုံး ကို ပြန် မှိတ်လိုက်သည် ။


“ ဟူး ... ဟူး ”  


အသက် ကို ရှူလိုက် သလား ၊ လေ ကို ပဲ မှုတ်ထုတ်မိ သလား မသိ ။ မျက်လုံး ပြန် ဖွင့် ကြည့်သည် ။ ဘုန်းကြီး လူထွက် ဆံပင် က လေ ထဲ ရှုပ်ယှက်ခတ် နေသည် ။ စိတ် ထဲ တွင် လည်း ... 


“ ခုန် ချ လို့ ဖြစ်ပါ့မလား ၊ ခုန် ချ လို့ ဖြစ်ပါ့မလား ”  


ဟု စိတ် က ကြောက်ရွံ့မှု ကို ကြီးစိုး စေသည် ။ 


မျက်လုံး ကို ပြန် ဖွင့်မိ၏ ။


သစ်ပင်များ က ရိပ်ခနဲ ရိပ်ခနဲ ။ အောက် ငုံ့ ကြည့်တော့ ရထားလမ်း ခင်းထားသော ဂဝံကျောက်များ က အသည်းယား စဖွယ် ။ 


“ အော့ ” 


ကျောက်များ ကို ကြည့်ပြီး ခေါင်းပ င်မူး တက် လာသည် ။ 


ခြေလှမ်း ကို အနောက်သို့ အလိုလို ရွေ့မိသည် ။ 


သို့သော် .. 


“ မြင့်စန်းရီ ”  


ထို နာမည် လေး ခေါင်း ထဲ ပြန် ရောက်သည် နှင့် မျက်လုံး က ဒိန်းခနဲ လင်းတက် သွား၏ ။ ကြောက်စိတ် က အလိုလို ပျောက်ကွယ် သွားသည် ။ ခပ်ပြင်းပြင်း တိုက်ခတ် နေသော လေပြင်း က လေပြည်ညှင်း သဖွယ် အေးမြ သွား၏ ။ အရှိန်ပြင်း နေသော ရထား က  လိုအပ် သည် ထက် ပိုမို နှေးကွေး သွား သယောင် ၊ အလိုလို နေရင်း ခြေလှမ်း ကို အရှေ့ ပြန် ရွှေ့မိသည် ။


“ ဟော ... ကြည့်စမ်း မြင့်စန်းရီများ လက်ပြ ခေါ်နေ သလား ”  


ခပ်ဝေးဝေး လယ်ကွင်း ထဲ မှ မြင့်စန်းရီ ၏ ပုံရိပ် ကို မြင် လိုက် ရသည် ။ လူ လည်း ချက်ချင်း ဝမ်းသာလုံး ဆို့ သွားသည် ။ 


ထို့ကြောင့် ... 


“ မြင့်စန်းရီ ... ကျွန်တော် လာပြီ ”  


အော်သံ နှင့် အတူ ခြေထောက် က လေ ထဲ ။ လူ က လှိုက်ခနဲ ပြုံးပြုံးကြီး ကားယားကြီး ။ 


ပြီးနောက် ...


“ ကိန် ” 


ခွေးကျ ရှင်းပြရ ခက်မည် စိုး၍ ဟောင် ပြ လိုက်သည် ။ ခြေ နှစ်ဖက် လက် နှစ်ဖက် အပီအပြင် ကျသည့် ခွေးကျ ။ ကျတာ က မှ ဂဝံ ကျောက် ပေါ် ။


“ အာဝု .. ဝု ... ဝု ... အု ” 


ပါးစပ် က လူသံ မထွက်ဘဲ ခွေးသံတွေ သာ ထွက် နေ၏ ။ ဖုန်းခနဲ လိမ့်ထွက် ကာ လွယ် ထားသော အိတ် ပင် ပေ ငါးဆယ် ခန့် လွင့်ပျံ သွားသည် ။


“ ဟင် ... ရထား ပေါ် က လူ ပြုတ်ကျပြီ တော့ ”  


“ ဟင် ... ဘယ်ကလဲ ၊ ဒီ အော်သံ နဲ့ ဆို ခွေးသားလေး ရေနစ်တာ ဖြစ်မှာပါ ” 


“ ဟဲ့ ... ရထား ပေါ် က ခုန်ချ သွားတာလား ” 


“ အိုအေ ... တော်ရုံ အသိဉာဏ် ရှိရင် ခုန်ချပါ့ မလား ၊ ခွေး ပဲ ဖြစ်မှာပါ ” 


“ အလို... လူ တစ်ပိုင်း ခွေး တစ်ပိုင်း ၊ သမန်းခွေး သမန်းခွေး ” 


အော်သံများစီ ညံနေသော ရထား ။ သူ့ အလုပ် သူ ဆက် လုပ်သည် ။


ကျွန်တော် က သာ ဂဝံကျောက်ပုံ ဘေး ခွေခွေလေး ။ မထ နိုင်သေး ။


ဘေးဘီ ဝေ့ ကြည့်တော့ မြင့်စန်းရီ တို့ ရွာ လည်း မဟုတ် ။ တဏှာ ဦးဆောင်ပြီး ရူးကြောင်မူးကြောင် နှင့် တစ်ရွာ အလို မှာ ခုန်ချမိ ခြင်းသာ ။


လူ တစ်ကိုယ်လုံး ဘာမှ မဖြစ်ပေမယ့် လက် နှစ်ဘက် ၊ ခြေ နှစ်ဘက် မှာ ဒဏ်ရာများ နှင့် စုတ်ပြတ် နေသည် ။


“ ဝု ... ဝု ... အူး ... အူး ... အိုင် ... အိုင် ... အိုင် ”  


နာကျင် လွန်း ၍ ပါးစပ်မှ မူလဘူတ အစ အရင် ဘဝ က အသံ သာ ထွက် နေ၏ ။ ကိုယ့် လက် ကို ကိုယ် ပြန် ကြည့် လိုက် ။ လက် ကို ကုပ်ကုပ်လေး ကွေး ကြည့် လိုက် နှင့် ကုပ်ကွး နေရ ရှာသည် ။ 


“ အိုင် ... အိုင် ... အူး ... ဝု ” 


ကိုယ့် ဒဏ်ရာ ကိုယ် ကြည့်တာ တောင် မျက်လုံးများ က မှေး နေ ၏ ။ လက် နှစ်ဘက်လုံး မှာ ဂဝံများ ဒဏ်ကြောင့် အရေပြားများ လန် နေသည် ။ လေးဘက် ထောက် ကြည့်သည် ။ ယခင် ဘဝ ၏ ကုသိုလ်ကံ ပါရမီကြောင့် ရ၏ ။ ခေါင်း ကို ဘေး ဘယ်ညာ လှည့် ကြည့်သည် ။ အဆင် ပြေတုန်း ။ မတ်တပ်ရပ် ကြည့်သည် ။


“ ယာစ် ” 


ယခု ဘဝ အတွက် သီလ ၊ သမာဓိ မကောင်း၍လား မသိ မတ်တပ် စမ်းရတာ ကို က မလွယ် ။


“ ယားစ် ” 


လူ မကောင်း သော် ငြား ဘုန်းကြီး လေးကြိမ် ဝတ်ခဲ့သော ပါရမီ အခံကြောင့် မတ်တပ်ရပ် ၍ ရသွားသည် ။ 


“ အမေ ရေ ” 


ပထမဆုံး လူ လို ပြောတတ်သည် နှင့် ခလုတ် ထိ ထားသည် မို့ အမိ ကို တ၏ ။ လမ်း အနည်းငယ် လျှောက် ကြည့်သည် ။ 


“ အား ... ကျွတ် ... ကျွတ် ... ကျွတ် ” 


ခြေဖမိုး နှင့် အရေပြားများ လန် နေသည်မို့ အနည်းငယ် နာသယောင် သာ ပြုသည် ။ ထို အတိုင်း ထော့နင်းထော့နင်း နှင့် လွင့်စင် သွားသော အိတ် ကို သွား ကောက်ရသေး၏ ။ 


ပြီးမှ တစ်လှမ်း ချင်း ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၆ )


 

ဤသို့သာပေါ့ မြင့်စန်းရီ ။

မြင့်စန်းရီ ကြောင့် ပြဿနာ ဖြစ်တိုင်း ကံဆိုးမှုများ ပြေပျောက်အောင် ဘုန်းကြီး ဝတ် ခဲ့တာ လေးကြိမ် တိုင်တိုင် ရှိခဲ့ပါပြီ ။ အဲဒီ အကျိုးဆက် ကြောင့် ကျွန်တော် ဟာ လူစင်စစ် ဖြစ်ပါလျက် အာသဝေါ တော့ ကုန်ခမ်း ခဲ့ပါပြီ ။ တဏှာလေး ဦးဆောင် နေလို့ သာ မြင့်စန်းရီ နဲ့ ပေါင်းချင်စိတ် ကျန်ရစ် နေခဲ့ရတာပါ ။

မြင့်စန်းရီ ။

ဒီလို ကံဆိုးခြင်းများ သာ မရှိခဲ့ ရင် ကျွန်တော့် ဘ ဝဟာ အများသူငါ နဲ့ ထပ်တူ ရှင်သန် နိုင်မှာပါ ။ ဒါဆို မြင့်စန်းရီ ဟာ လည်း ကျွန်တော့် ကို ဘယ်တုန်း က မှ စိတ်ပျက် နိုင်ခဲ့မှာ မဟုတ်ပါဘူး ။ ကိုယ် ပြုသော ကံ မဟုတ်ဘဲ အများသူငါ ပြုသော ကံများ က လွဲမှားစွာ ကျွန်တော့် အပေါ်  ပုံကျ နေတာ သဘာဝ လို ဖြစ်နေခဲ့ပါပြီ ။

တောင်းပန်ချိန် လည်း မရ ၊ ရှင်းပြခွင့် လည်း အပေး မခံရ လို့ ကျွန်တော့် ဘဝ ဟာ လူ စင်စစ် ဖြစ်ပါ လျက် ဘုန်းကြီးလူထွက် ဘဝ ခဏ ခဏ ရ နေခဲ့တာပါ ။

အာဝါ က လည်း အခါနီး ၊ ဝီဝါ ရင် လည်း အချာနီး ၊ ပါးစပ် နားဝ ရောက်ခဲ့ပြီး မှ သွားတုကြီး ကျွတ် ကျ သွားတဲ့ ရွှေပွဲလာ အဘွားကြီး လို ပြန် ကောက်ရ လည်း ခက် ၊ ဒီအတိုင်း ထားတော့ လည်း ရှက် ၊ ထ ထွက် ပြေး ဖို့ ကျတော့လည်း ခြေ မသန် ။ ဒီအတိုင်း နေပြန်တော့ လည်း ဆံထုံး နဲ့ သွားဖုံး ။ မျက်တောင်တုကလေး နဲ့ ဘယ်ဟာ က များ အဆင်ပြေ နိုင် မှာလဲ မြင့်စန်းရီ ။ ဘယ်အရာ က များ အဆင်ပြေ နိုင်မှာလဲ ။

ဒါပေမဲ့ မြင့်စန်းရီ ကျွန်တော့် စိတ်ကူး ထဲ မှာ တော့ မြင့်စန်းရီ ဟာ ကျွန်တော် နဲ့ ပဲ ပေါင်း ရမယ် ။

မြင့်စန်းရီ ဟာ ကျွန်တော့် အတွက် ဆုလာဘ် တစ်ခုပါ ။ ဘယ်သူမှ ပေးအပ်ထားခြင်း မဟုတ်သော် ငြား ကိုယ်တိုင် ရယူထားတဲ့ ဆုလာဘ် ပါ ။

မြင့်စန်းရီ နဲ့ ပေါင်းပြီး ကလေး သုံးယောက် မရမချင်း ကျွန်တော် ဟာ မသေနိုင်သေးတဲ့ သူ ပါ မြင့်စန်းရီ ။ ဘုန်းကြီး လည်း ရာသက်ပန် မဝတ်နိုင် သေးပါဘူး ။

ယခု မှာ လည်း ...

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

မောင့်သဘော


 

❝ မောင့်သဘော ❞
  
ကိုရင်မောင် အဖို့ ကြုံတောင့်ကြုံခဲ ပေါင်းဟောင်း သင်းဟောင်း မိတ်ဆွေဟောင်း တို့ နှင့် တစ်နေ့ တည်း တွေ့ရ ဆုံရ လေသည် ။ တနင်္ဂနွေနေ့ ဖြစ် သဖြင့် ရုပ်ရှင် နေ့လည်ပွဲ ကို တူမောင်မယ် ရွှေလည် တွဲ ပြီး ရုပ်ရှင် ကြည့်ရန် ကိုရင်မောင် တို့ ဇနီးမောင်နှံ ပြင်ဆင် ထားပြီး ဖြစ်၏ ။

ကလေး နှစ်ယောက် ကို သူတို့ အဘွား အိမ် ပို့ ထားပြီး ဖြစ် သဖြင့် ကိုရင်မောင် တို့ တော်တော် လွတ်လပ် နေသည် ။ အခုလို အခါမျိုး မှာ မှ စိတ်လွတ် ကိုယ်လွတ် နှစ်ယောက်သား ထွက် ရမည် ဖြစ်သည် ။

ဤသို့ဖြင့် နေ့လည် ၁၂ - နာရီခွဲပွဲ အမီ သွားရန် ဟန်ရေး ပြင် နေစဉ်မှာ ပင် သူကောင့်သား ကျော်စိန် ပေါက် လာသည် ။

ကျော်စိန် သည် မော်လမြိုင်သား ဖြစ်၏ ။ မှောင်ခို လုပ်ငန်း ဖြင့် တွင်ကျယ် နေသူ တည်း ။

“ ဟ ကျော်စိန် ၊ ဘယ်က ဘယ်လို ပေါက်လာတာလဲ ၊ ထိုင်ဟေ့ ”

ကိုရင်မောင် က အားရဝမ်းသာ စွာဖြင့် နှုတ်ဆက် ဆီးကြို လိုက်၏ ။

“ မနေ့ က ပဲ ရန်ကုန် ရောက် လာတယ်လေ ၊ ထုံးစံ အတိုင်းပေါ့ ကိုရင်မောင် ရဲ့ ၊ ဟဲ့ ဟဲ ”

ကျော်စိန် သည် ပြောပြောဆိုဆို ဧည်ခန်း စားပွဲ တွင် ထိုင် လိုက်ပြီး လက် ထဲ တွင် ပါ လာသော အထုပ် ကို လှမ်း ပေးလိုက်၏ ။

“ ဘာတွေတုန်းကွ ဟင် ”

ကိုရင်မောင် သည် အထုပ် ကို လှမ်း ယူရင်း မေး လိုက်၏ ။

“ ဖြေကြည့်ပေါ့ ဗျ ၊ ဒါ မော်လမြိုင် လက်ဆောင် ပဲ ”

အထုပ် ကို ဖြေ ကြည့် လိုက်သည် နှင့် ယိုးဒယားဖိနပ် တစ်ရံ ထွက်ကျ လာ ရာ ကိုရင်မောင် အတော်ပင် ဝမ်းသာ သွား၏ ။ ကိုရင်မောင် လိုချင် နေသည်မှာ ကြာပြီ ဖြစ်သော ပစ္စည်း ဖြစ်သည် ။

“ ကောင်းတယ်ကွာ ၊ ကျေးဇူးပဲ ဟေ့ ။ ကိုယ် လိုချင်နေတာ နဲ့ အတော်ပဲ ”

ကိုရင်မောင် သည် ဖိနပ် ကို ချ စီး လိုက်၏ ။ ပြီးတော့ အခန်း ထဲ ၌ အလှ ပြင် နေသော မရွှေမ ကို လှမ်း ခေါ်လိုက်ပြီး ပြလိုက် ပြန်သည် ။ မရွှေမ က ဧည့်သည် ဖို့ ကော်ဖီ ဖျော်ရန် နောက်ဖေးဘက် ဝင် သွားတော့ မှ ကျော်စိန် နှင့် စကား လက်ဆုံ ကျ နေရစ် ခဲ့ ပေသည် ။

ကျော်စိန် ပြန် သွားသော အခါ တစ်နာရီခွဲ သွားပြီ ဖြစ်၏ ။ နေ့လည်ပွဲ မမီနိုင်တော့ပေ ။

“ မှောင်ခိုသူဌေး ကောင်းမှုကြောင့် တို့ တော့ သုံးနာရီခွဲ ပွဲ ပဲ ကြည့်ရတော့မယ် ဟေ့ ”

ကိုရင်မောင် က ဤသို့ ညည်းညူလိုက်သည် တွင် မရွှေမ က ကိုရင်မောင် စီး ထားသော ယိုးဒယားဖိနပ် ကို လှမ်း ကြည့်ပြီး ....

“ ဒါပေမယ့် မောင် အမြတ် ရလိုက်တယ် မဟုတ်လား ” ဟု လှမ်းပြော လိုက်၏ ။ ကိုရင်မောင် သည် ပခုံး တွန့် ပြ လိုက်ပြီး ....

“ ဒါတော့ ဒါပေါ့ကွာ ၊ ဒါပေမယ့် ဒီကောင့် ကို မောင် မေတ္တာ မရှိပါဘူး ။ ဒီကောင် အချောင်သမား ပဲ ၊ မတတ်သာ လို့ သာ လက်ခံ စကား ပြောနေရတာ ”

မရွှေမ သည် ကိုရင်မောင့် စကားကြောင့် မဲ့ ပြ လိုက်၏ ။

“ ဟင် ... မောင့်ဟာကလည်း ”

••••• ••••• •••••

ဘတ်စ်ကားဂိတ် တွင် ကိုရင်မောင် တို့ ဒုက္ခလှလှ တွေ့ နေကြ ပြန်သည် ။ ဘတ်စ်ကား က လည်း တက် မရ ၊ သုံးဘီးကား က လည်း ခေါ် မရ သဖြင့် တော်တော် ကြာအောင် စောင့် နေကြရ၏ ။

ဤတွင် စစ်ဂျစ်ကား တစ်စီး ကိုရင်မောင် တို့ ရှေ့သို့ ရုတ်တရက် ဆိုက် လိုက်သည် ။ လှမ်း ကြည့် လိုက်ရာ ဗိုလ်မှူးစိုးလွင် က ပြုံး ပြီး ကား ပေါ်  မှ နှုတ်ဆက် နေသည် ကို တွေ့လိုက်ရ၏ ။

“ အတော်ပဲ ၊ ရေငတ် တုန်း ရေတွင်း ထဲ ကျတာပဲ ၊ ဘယ်သွား မလို့လဲ စိုးလွင် ”

ကိုရင်မောင် သည် ဝမ်းသာအားရ ဖြင့် နှုတ်ဆက် လိုက်ပြီး ဂျစ်ကား ဘေး သွား ရပ်လိုက်၏ ။

“ ဘယ် သွားသွား ရဲဘော် ကို လိုက် ပို့ပါ့မယ် ၊ ကား ပေါ် သာ ကြွတော်မူကြပါ ”

ကိုရင်မောင် တို့ သည် ဘတ်စ်ကား ဒုက္ခ မှ ကင်းဝေးစွာ ပင် စစ်ဂျစ်ကား ဖြင့် အခန့်သား ပါ သွား တော့သည် ။

ကား ပေါ် မှ ဆင်းပြီး ကျေးဇူးတင် စကား ပြောပြီးသည် နှင့် ဂျစ်ကား ထွက် သွားတော့သည် ။ ကိုရင်မောင် တို့ သည် ယုဇနရုံ ဘက် ကူးရန် တစ်ဖက် ပလက်ဖောင်း ပေါ် တွင် ခေတ္တမျှ စောင့် နေကြရ၏ ။

“ အဲဒီ စိုးလွင် ပေါ့ ကွ ၊ ကိုယ် တို့ ဥပစာတန်း တုန်း က မအောင်နိုင်ဘဲ တဘုန်းဘုန်း ကျနေလို့ စစ် ထဲ ဝင် သွားတာ ၊ အခုတော့ ဟန်ကျ နေပြီလေ ။ တို့ ထက် တောင် ကြီးပွား နေ သေးတယ် ။ ဒီကောင် ကျောင်း တုန်း ကတော့ လေပေါ ကွ ၊ တို့ က သူ့ ကို ဆေးဖော်ကြောဖက် တောင် လုပ်တာ မဟုတ်ဘူး ”

ကိုရင်မောင် သည် ကား ရှင်းအောင် စောင့်ရင်း သူတို့ ကို လိုက် ပို့သည့် ဗိုလ်မှူးစိုးလွင် အကြောင်း ကို ဖောက်သည် ချ လိုက်၏ ။

“ အခုတော့ မောင် နဲ့ ဖြူး လို့ပါလား ၊ သဘော လည်း ကောင်းသားပဲ ”

“ အေးပေါ့ကွ ၊ ဟော ... အခု ကြည့်လေ ၊ စကား စပ်ရင်း သူတို့ အရာရှိ ဆိုင် က တက်ထရွန် တစ်ဝတ်စာ နဲ့ စစ်ခြင်ထောင် တစ်လုံး ဝယ်ပေးမယ် တဲ့ ၊ ဘယ်လောက် ဟန်ကျလဲ ။ ဒါ ရဖို့ မလွယ်ဘူးကွ ။ အရ အင်မတန် ချောင်တာ ”

မရွှေမ က ကိုရင်မောင် ကို တစ်ချက် မျှ လှမ်း ကြည့် လိုက်ပြီး ကိုရင်မောင် လမ်း ဖြတ်ကူး သည့် နောက်သို့ ခပ်သွက်သွက်ကလေး လိုက် သွားလေသည် ။

နှစ်ကျပ်ခွဲတန်း လက်မှတ် ပေါက် ရှေ့ ၌ တန်းစီ နေသော လူတန်းကြီး ကို ကြည့်ပြီး ကိုရင်မောင် တို့ သက်ပြင်း ချမိသည် ။

ထို့နောက် လူတန်းကြီး အတွင်း ၌ အသိ တွေ့လို တွေ့ငြား ကိုရင်မောင် လိုက် ကြည့် လိုက်သေး၏ ။ မတွေ့သဖြင့် ရင်မော ရ ပြန်သည် ။

“ မ ဒီနား ခဏ စောင့်‌နေ ဦးနော် ၊ မောင် မှောင်ခိုလက်မှတ် လိုက်ဝယ် လိုက်ဦးမယ် ”

ကိုရင်မောင် သည် ပြောပြောဆိုဆို ဆေးလိပ်ဆိုင် ထောင့် ဘက် ကပ် သွား လိုက်၏ ။

ခေတ္တမျှ သာ ကြာ လိုက်သည် ။ ကိုရင်မောင့် လက် ထဲ ၌ လက်မှတ် နှစ်စောင် ပါလာသည် ။

“ တစ်စောင် လေးကျပ် နဲ့ ရခဲ့တယ်ကွ ”

“ ဟင် ... မောင့် ဟာ က များလိုက်တာ ၊ ဒီလိုမှန်း သိရင် တန်းစီပါတယ် မောင် ရယ် ”

“ အို ... မ , ကလဲ ၊ တန်းစီရတာ ဘယ်လောက် ရုပ်ပျက်သလဲ ”

ကိုရင်မောင် တို့ သည် ရုပ်ရှင် ပြချိန် လိုသေး သဖြင့် အအေးသောက် ရန် အိုးရီယင့်ဟိုတယ် ဘက် သို့ ထွက် သွား ကြ၏ ။

ဆိုင်တွင်း ဝယ် အခန့်သင့် ပင် တပည့်ဟောင်း တစ်ယောက် ကို တွေ့ ရသည် ။

“ အေး ... မင်း ဟန်တင် မဟုတ်လား ”

“ ဟုတ်ပါတယ် ဆရာ ၊ ကျွန်တော် ဆရာ့ တပည့် ပါ ”

“ အေး ငါ မှတ်မိပါတယ် ကွ ၊ မင်း ခု ဘာလုပ်နေလဲ ”

“ ကျွန်တော် ဥက္ကလာပ အခြေခံ စားကုန်ဆိုင် မှာ လုပ် နေတယ် ဆရာ ”

“ ကောင်းတယ် ၊ ကောင်းတယ် ၊ လခ ဘယ်လောက် ရသလဲ ”

ကိုရင်မောင် သည် တက်ထရွန် အကွက် အင်္ကျီ ၊ အင်းလေး လုံချည် ၊ အိုမီဂါ နာရီ တို့ဖြင့် ပြောင်လက် နေသော ဟန်တင် ကို အကဲခတ် ရင်း လှမ်း မေး လိုက်၏ ။

“ ရှစ်ဆယ့်နှစ်ကျပ် ပါ ဆရာ ”

“ အင်းအင်း ၊ ကြိုးစားပေါ့ကွာ ။ နောက်တော့ တက်ဦးမှာပေါ့ ဟုတ်လား ”

ဟန်တင် သည် ပြုံးပြုံးရွှင်ရွှင် နှင့် ကိုရင်မောင် တို့ ကို နှုတ်ဆက် လိုက်ပြီး ကိုရင်မောင် တို့ သောက်သော နို့အေးဖိုး ကို ပါ သူ က ဇွတ် အတင်း ငွေ ရှင်း၍ ပေး လိုက် ၏ ။ ထို့နောက် ရိုရိုသေသေ နှုတ်ဆက် ပြီး ထွက်သွား လေသည် ။

“ အဲဒီ ကောင် ပေါ့ကွ ၊ ကျောင်း တုန်း က ဘယ်တော့မှ ကြီးပွားမယ့် ကောင် မဟုတ်ဘူး လို့ ငါ နိမိတ် ဖတ်ခဲ့တာ ”

“ အခုတော့ ပြောင်ပြောင်ရောင်ရောင် ပါ လား မောင် ရဲ့ ၊ သားသားနားနား ပဲ ”

“ အေးလေ ဒါက သူ့ ကုသိုလ် ပေါ့ ၊ ရတော့ ရှစ်ဆယ့်နှစ်ကျပ် ပဲ ။ ဝတ်စား ထားတာ က ကြော့ လို ၊ တို့ အတွက် တောင် သူ က ဒကာခံ သွားသေးတယ် ၊ ဟန်တော့ ကျပြီ ၊ နောက် အချိန် နို့မှုန်လေး ဘာလေး လိုရင် ဒီကောင့် ကပ် ရမှာပဲ ”

မရွှေမ က ပြုံး ၍ ကိုရင်မောင့် အား ကြည့် လိုက်၏ ။

“ မောင် က တယ် လာဘ်မြင် တာပဲ ”

ရုပ်ရှင်ရုံ ထဲ သို့ ဝင်ဝင်ချင်း ကိုခင်မောင်ဦး က လှမ်း နှုတ်ဆက် သဖြင့် ကိုရင်မောင် ပြုံး ၍ လက်ပြ လိုက်ရသေး၏ ။ တော်ပါသေးသည် ။ ခုံတန်း က ဝေး နေ သဖြင့် စကား ပြော မနေရတော့ချေ ။

“ ခုန က ပြုံး ပြလိုက်တဲ့ လူ မ , မှတ်မိလား ”

ကိုရင်မောင် က ထိုင်ခုံ နေသားကျပြီး မရွှေမ အား လှမ်း မေး လိုက်၏ ။

“ ဟင့်အင်း ”

“ မောင် အမြဲတမ်း အမြင်ကပ် တဲ့ အကြောင်း ပြောတဲ့ လူ လေ ၊ ခင်မောင်ဦး ပေါ့ ”

“ ဪ ... ဪ မှတ်မိပြီ ။ ကျောင်း တုန်း က ဟို အဖွဲ့ဝင် လိုက် ၊ ဒီ အဖွဲ့ ပြောင်း လိုက် လုပ်နေတဲ့ လူ ဆိုတာလား ”

“ အေးအေး သူ ပေါ့ကွ ၊ အခုတော့ ဟန်ကျ နေပြီလေ ။ ဌာနကြီးမှူး ဆိုလား ၊ လူထုရေးရာမှူး ဆိုလား မသိပါဘူး ကွာ ။ တော်တော်ကြီးကြီး ပဲ ။ ဣန္ဒြေ ရလို့ မဆိုးဘူးကွ ”

“ မောင် က လည်း အမြင်ကပ်တယ် ဆိုပြီး ဘာဖြစ်လို့ ပြုံး ပြနေရသေးလဲ ”

“ အို ... မ , ကလဲ ၊ အခု လူကြီး ဖြစ် လာကြမှ တော့ အထိုက်အလျောက် ပေါ့ ၊ သူ လည်း လူကြီးလူကောင်း ဖြစ်နေပြီ ပဲ ။ ဟန်ဆောင်ပြုံးကလေး ဖြစ်ဖြစ် ပေါ့ကွာ ”

ရုံ မှောင်ချပြီ ဖြစ်သဖြင့် စကားစပ် ပြတ်သွားကြ လေသည် ။

••••• ••••• •••••

ရုပ်ရှင် အပြန် လေဟာပြင်ဈေး ဝင် ၍ တရုတ်ထမင်း စား ရသည် မှာ ကိုရင်မောင် အဖို့ ဧရာမ အရသာ ဖြစ်၏ ။ တစ်ခါတစ်ရံ ဤသို့ ဆိုင် ထမင်းဟင်း စား လိုက်ရ လျှင် စည်းစိမ် တစ်မျိုးပါပေ ။

တစ်ခု ဆိုးသည် မှာ လေဟာပြင်ဈေး သည် လူ က ရှုပ်ရှုပ် ၊ အကြော်နံ့ တညှော်ညှော် ၊ ခေါ်သံအော်သံ က ဆူဆူညံညံ ဖြင့် မျက်စိ နား ရှုပ်စရာ တော့ ကောင်းသည် ။

အရေးထဲ သူတောင်းစား တစ်ယောက် က လက်ဖြန့် တောင်း လာသည် ။

မရွှေမ က သူတောင်းစား ကို ပေးရန် လက်ကိုင်အိတ် ကို လှမ်းဖွင့်၏ ။ ကိုရင်မောင် က မရွှေမလက် ကို လှမ်း ဆွဲ ထားပြီး သူတောင်းစား ကို လှမ်း ငေါက် လွှတ် လိုက်သည် ။

နောက် စားပြီး သောက်ပြီး ပြန်ကာနီး ကျ မှ ကလေး တစ်ဖက် နှင့် သူတောင်းစားမ တစ်ယောက် ခွက် ခံပြီး ဟင်းကျန် ထမင်းကျန် လာ တောင်း ပြန် သည် ။

မရွှေမ က ပန်းကန် ထဲ ၌ ကျန် နေသေးသော အစိမ်းကြော်များ ကို ထည့် ပေးရန် ဟန်ပြင် ပြန်သည် ။ ကိုရင်မောင် က လက် ကို ဖမ်းဆွဲ ပြီး တား လိုက်ပြန်၏ ။

မရွေမ သည် ကိုရင်မောင် အား အံ့ဩတကြီး ဖြင့် ကြည့် ကာ ငြိမ်နေ လိုက်ရသည် ။

အိမ် အပြန် သုံးဘီးကား ပေါ် ရောက်မှ ...

“ မောင် သူတောင်းစား ပေးဖို့ ဟာ ဘာ့ကြောင့် လှမ်း တား ရတာလဲဟင် ” ဟု နားမလည် သဖြင့် မေး လိုက်မိသည် ။

“ အို ... မ , က ဘာ နားလည်လဲ ၊ ဒါ အချောင်စိတ် ကို အားပေးတာ ကွ ၊ ဘယ်တော့မှ မလုပ်နဲ့ ၊ ဒီ သူတောင်းစား တွေ ဟာ ကိုယ့် လက် နဲ့ ကိုယ် လုပ်စား ချင်တဲ့ လူတွေ မဟုတ်ဘူး ။ အမြဲတမ်း အချောင် လိုက်ပြီး သူများ ပေါ် မှီခို စား ချင် နေတဲ့ လူတွေ ၊ ပြီးတော့ဒါ အမျိုးသားရေး ဂုဏ်သိက္ခာ ထိခိုက်တယ် ကွ ၊ တို့ မြန်မာပြည် သူတောင်းစား တွေ ဘယ်လောက် များ လာပြီလဲ ။ မြန်မာ ဆိုတော့ ပေးချင် ၊ ကမ်းချင် ၊ လှူချင် ၊ တန်းချင် ကြတယ် ။ ဒါကို အခွင့်ကောင်း ယူပြီး အလုပ် လုပ် မစားဘဲ တောင်းစား ချင်ကြတယ် ။ ဒါကို အား မပေးရဘူး ၊ လိမ်စားတဲ့ အချောင်စား ချင်တဲ့ လူမျိုးတွေ ကို အား မပေးရဘူး ၊ ဒါက မောင့် သဘောတရား ပဲ ၊ မောင့် မူ ပဲ ”

မရွှေမ သည် ရှည်လျား လှသော ကိုရင်မောင် ၏ သဘောတရား ဟောစာတမ်း ကို တအံ့တဩ ပါးစပ် အဟောင်းသား နှင့် နားထောင် နေ မိလိုက် ရာ အိမ် ရှေ့ သို့ သုံးဘီးကား ဆိုက်မှန်း ပင် မသိလိုက်ပေ ။

ကိုရင်မောင် က သုံးဘီးကားခ ပေး နေစဉ် အိမ်တံခါး သော့ ကို ဖွင့် လိုက် ၏ ။ ထို့နောက် မီး ကို ဖွင့် လိုက်ပြီး ဝမ်း ထဲ တွင် ကလိကလိ ဖြစ်လာသော ဟဒယ မနော တို့ က မရွှေမ အား ဟန်မဆောင်စေနိုင်တော့ ဘဲ တဟားဟား ရယ်ချလိုက် လေတော့သည် ။

မရွှေမ မှာ ဆက်၍ လည်း မပြောနိုင်တော့ ။ အရယ် ကို လည်း မရပ်နိုင် တော့ ။ အခန်း ထဲ ပြေးဝင်ပြီး အဝတ်အစား ကို လည်း မလဲနိုင်ဘဲ အိပ်ရာ ပေါ်  ပစ်လှဲ ကာ လှိမ့် ၍ ရယ် နေပြန်သည် ။

ကိုရင်မောင် လည်း အခန်း ထဲ လိုက် သွားပြီး အူကြောင်ကြောင် ဖြစ်ကာ မရွှေမ အား ရပ် ကြည့် နေ လိုက်မိ၏ ။ ပြီးလျှင် ဘာ မသိ ညာ မသိ ဖြင့် သူ ပါ ရော၍ ရယ်လာ မိကာ ရယ်ပြီး ရင်း ရယ်ချင် ရင်း ဖြစ်လာလေ တော့သည် ။

◾မောင်ကိုယု

📖 ရှုမဝ မဂ္ဂဇင်း
      အမှတ် ( ၂၀၀ )
      ၁၉၇ဝ ခုနှစ် ၊  စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

Saturday, April 27, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၅ )


 

ဝတ်ကောင်းစားလှများ နှင့် စည်ကား နေသော နေရာ တစ်ခု ကို တွေ့လိုက်ရ ၍ ခြေလှမ်းများ ရပ်တန့် သွား၏ ။

“ ဟင် ”

“ ဟာ ”

“ အလို ”

ထို ဝတ်ကောင်းစားလှများ က လည်း စုတ်ပြတ်သတ် ၍ ပေပွ နေသော ကျွန်တော့် ကို မြင်တော့ အံ့အားသင့် ကုန်ကြ၏ ။ မင်္ဂလာခန်းမ အပြင် စင်္ကြံ ဖြစ်သော်ငြား အချို့ က ရေခဲမုန့် တန်းလန်း ၊ ပေါင်မုန့်စွပ် လျက် ဖြစ်ကုန်သည် ။

“ ဟင် ... ဒီ ... ဒီ အရူး က ”

“ ဟ ... ဘယ်က ဟာကြီးလဲ ဟ ”

“ ဟာ ... စော ... စောကြည်ဖြူ ပဲ”

ဧည့်ခံပွဲ ကြို ရောက် နေသော ကိုကိုလွင် က ပြေး လာသည် ။ နောက် ထုံးစံအတိုင်း ပြေးဆွဲ ကာ ...

“ ဟေ့ကောင် ... မင်း ကို စောင့်နေတာ ကွ ၊ မြန်မြန်သွား ”

ဟု ဆိုကာ ခြေကလိမ်ကွပ် ထည့် လိုက်ရာ ...

“ ဟာ ”

ခန္ဓာကိုယ် က အရှိန် လွန် ပြီး ပိတ် ထားသော မင်္ဂလာတံခါး ကို ဝုန်းခနဲ တွန်း ဖွင့် သလို ဖြစ် သွားကာ တံခါးဝ မှာ စောင့် နေသော စားပွဲထိုး ကို တွန်းလွှတ် သလို ဖြစ် သွားပြီး ...

“ ဟာ ... အောင်မယ်လေးဗျ ၊ လုပ်ကြပါဦး ”

စားပွဲထိုး က မှတ်တမ်းတင် ရိုက်ကူး နေသော ကင်မရာမီးသမား ကို သွား ဝင်တိုး မိသည် ။

“ ဟင် ... ဟင် ... ဘာဖြစ် ... အင်းဟာ ”

မီးသမား က လည်း အားလုံး ငြိမ်သက် နေရာ မှ သူ့ ကို တစ်ယောက် က ဝင် တိုး လာ၍ လန့်၍ အရှေ့ က ရှိနေသော လူ တစ်ဦး ၏ တင်ပါး ကို လက် ထဲ က မီးလုံးကြီး နှင့် ကပ်မိ ရာ ...

“ အား ပလူးပလူး ... သေသေ ”

ဆိုကာ ခုန်ဆွခုန်ဆွ နှင့် အရှေ့က ကုန်း နေသော လူ ၏ တင်ပါး ကို ကန်ချ လိုက် သလို ဖြစ်သောကြောင့် ...

“ ဗွက်”

“ ဟာ”

အရှေ့ က လူ ကုန်း ကြည့် နေသော မင်္ဂလာကိတ်ကြီး ပေါ် ခေါင်း ငိုက်စိုက် ကျသွား တော့၏ ။

အားလုံး ကြောင်ပြီး ရုတ်တရက် ငြိမ်သက် သွား၏ ။ မသိ လျှင် စတေဓာတ်ပုံ ရိုက် ထား သလို စက္ကန့် သုံးဆယ်ခန့် ကြာ အားလုံး ငြိမ် နေသည် ။

အတန်ကြာ မှ မုန့်ဗန်း ပေါ် ကျ နေသော လူကြီး ခေါင်း ပြန် ထောင် လာ၏ ။

“ မြင့်စန်းရီ တို့ မွေးသဖခင် ”

မျက်နှာ ပေါ် မှ မုန့်များ ကို လက် နှင့် ခွာ ၍ လျှာ နှင့် အရင် လျက် လိုက်သေး၏ ။ မုန့် က အလွန် ချိုနေရော့ ထင့် မျက်နှာ ပျက်တာ တောင် ပြုံးပြုံးကြီး ။ ပြီးမှ ဒေါသတကြီး ဖြင့် ...

“ ငါ့ ကို အနောက် က ဘယ်သူ ကန်ချတာလဲကွ ဟေ ”

သူ့ ကို ကန်ချ မိသော ရွှေပွဲလာဧည့် ပရိသတ် က

“ မ ... မဟုတ် ၊ ကျွန်တော့် ကို အနောက်က မီး .. မီး နဲ့ ထိုးလို့ ”

“ မီး နဲ့ က ဘာလို့ ထိုးတာလဲ ”

“ ကျွန် ... ကျွန်တော့် ကို အနောက် က တွန်း တွန်း လွှတ်လို့ ”

“ ဟိုကောင် က ဘာလို့ တွန်း လွှတ်ရတာလဲကွ ”

“ ဟို ... ဟို ကျွန်တော် တံခါးဝ မှာ ရပ် နေတုန်း အနောက် က တံခါး ကို တွန်း ဖွင့်လို့ ”

“ တံခါး ကို ဘယ်သူ တွန်း ဖွင့်တာလဲ ”

လက်ညှိုး က အဆင့်ဆင့် ပြော င်းကာ တံခါး မှာ တွန်း ဖွင့် ဟန် ကိုးရိုးကားရား နှင့် ငြိမ် နေသော ကျွန်တော့် ဆီ စုပြုံ ကျ လာ၏ ။ အခြေအနေ မ ကောင်းမှန်း သိ၍ လူ က အရုပ် တစ်ရုပ် လို လုံးဝ မလှုပ်ရဲ ။ ကုန်းကုန်းကြီး ငြိမ် ပြီး မျက်လုံး သာ တောင်ကြည့် မြောက်ကြည့် လုပ်လိုက်သည် ။

“ စောကြည်ဖြူ ”

မြင့်စန်းရီ ဖခင် က ဆီများ ၊ ဖုန်များ ပေပွ နေရာမှ ကျွန်တော် ၏ မူပိုင် ဖြစ်သော ငတို မျက်လုံး ငတုံး မျက်နှာ ကို မှတ်မိ သွား၏ ။ ကျွန်တော် လည်း ယောင်ယောင်ကမ်းကမ်း နှင့် ခြေကလိမ် ကွပ် လွှတ် လိုက်သော ကိုကိုလွင် ကို ပြန်ရှာ ကြည့်သည် ။ အရိပ် ပ င် မမြင်တော့ ။

“ ဟို ... ဟို ”

စကား စ ရန် ကြံတုန်း မှာ ပင် မြင့်စန်းရီ ဖခင် ထံမှ ကြားရသော ဒေါသသံ က ...

“ ဒီ စေ့စပ်ပွဲ ကို ငါ ကိုယ်တိုင် ဖျက်တယ် ”

ပြီးနောက် မျက်နှာ ပေါ် မှ ပေါင်မုန့်များ ကို လက် နှင့် သပ် ၍ လျှာ နှင့် လျက် ချ လိုက်သည် ။

မျက်နှာ ပျက်တာ ကို က ပြုံးပြုံးကြီး ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ.

#ကိုအောင်နိုင်ဦး

.