❝ ဝါးနှစ်ပင် ❞
( ပုံပြင် )
တစ်ခါတုန်း က ရွာကြီး တစ်ရွာ မှာ လင်မယား နှစ်ယောက် ရှိသတဲ့ ။ လင်မယား နှစ်ယောက် ဟာ သားလေး တစ်ယောက်တည်း ထွန်းကားလို့ အင်မတန် ချစ်မြတ်နိုးလေတယ် ။ နာမည် ကိုလည်း မောင်မြတ်နိုး ရယ်လို့ ခေါ်ကြတယ် ။ မောင်မြတ်နိုး ရဲ့ အဒေါ် တစ်ဦးဟာ မုန့်ပြားလေး လုပ် ရောင်းလေတော့ နေ့စဉ်နေ့တိုင်း လို မုန့် သုံးခု ကို မောင်မြတ်နိုး တို့ သားအမိသားအဖ တွေ စားဖို့ လာပို့လေ့ ရှိသတဲ့ကွယ် ။ မောင်မြတ်နိုး ကို ချစ်လွန်းတဲ့ သူ့ အဖေ ဟာ သူ့ အတွက် မုန့် တစ်ခု ကို တောင် မစားရက်ရှာဘဲ မောင်မြတ်နိုး အတွက်ပဲ ထားတယ် ။ ဒီတော့ မောင်မြတ်နိုး ဟာ တစ်နေ့ မုန့်နှစ်ခုစီ စားနေရတာ ပေါ့ကွယ် ။
တစ်နေ့တော့ မောင်မြတ်နိုး ရဲ့ အဖေ ဟာ လှည်း မောင်းရာက မောမော နဲ့ ပြန်လာပြီး သူ့ မိန်းမ ဆီ မှာ စားစရာ တောင်းပါရောကွယ် ။ သူ့ မိန်းမ လည်း မုန့် တစ်ခု ကို ပေးလိုက်တော့ ဆာဆာ နဲ့ စားပြီး လှည်းမောင်းဖို့ ထွက်သွား ပြန်တယ် ၊ အဲဒီ နေ့ တော့ မောင်မြတ်နိုး ဟာ မုန့်ကို ခါတိုင်း လို နှစ်ခု မစားရဘဲ တစ်ခု တည်း စားရတော့ သိပ် စိတ်ဆိုးပြီး သူ့ အမေ ကို မေးလေရော ၊ သူ့ အမေ ကလည်း သူ့ အဖေ မနက်စောစော လှည်း မောင်းပြီး ပြန်အလာ ထမင်း မကျက်သေးလို့ စားစရာ တောင်းတာနဲ့ မုန့်တစ်ခု ပေးလိုက်တဲ့ အကြောင်း ရှင်းပြတယ် ၊ မောင်မြတ်နိုး က မကျေနပ်တာနဲ့ သူ့ အဖေ ကို သ,တ်မယ်လို့ ဓားကို သွေးသတဲ့ကွယ် ။ သူ့ အမေ ကလည်း သိပ်ချစ်တဲ့ သား ကိုတော့ တောင်းပန်သေးတာပေါ့ ။ အလိုလိုက် အမိုက် စော်ကား ဆိုတာလို မောင်မြတ်နိုး ဟာ တောင်းပန်လို့ မရတာနဲ့ သူ့ အမေ က မြက်ရုပ်ကြီး တစ်ရုပ် လုပ်ပြီး သူ့ အဖေ အိပ်ရာမှာ ထား လိုက်တယ် ၊ နောက် မြက်ရုပ်ကြီး ကို ခေါင်းမြီးခြုံ ထားလိုက်ပြီး မောင်မြတ်နိုး ရဲ့ အဖေ ကို အကျိုးအကြောင်း ပြောပြလိုက်တယ် ၊ မောင်မြတ်နိုး ရဲ့ အဖေ ဟာ သား ကို ချစ်ဇောကြောင့် တခြား ကို ရှောင် နေလိုက်တယ် ။
ဒါနဲ့ ဓားလည်း သွေးပြီးရော မောင်မြတ်နိုး က အဖေ ဘယ်မှာလဲလို့ မေးတော့ သူ့ အမေ က နေမကောင်း၍ အိပ် နေကြောင်း ပြောပြတယ် ။ မောင်မြတ်နိုး လည်း သူ့ အဖေ အိပ်ရာ နားအရောက် စောင်ခြုံ ထားတဲ့ မြက်ရုပ်ကြီး ကို သူ့ အဖေ မှတ်ပြီး ဓားနဲ့ တအား ပိုင်းချလိုက်တယ် ။ နောက် သူလည်း ကြောက်အားလန့်အား နဲ့ ပြေးပါလေရောကွယ် ။ မောင်မြတ်နိုး လည်း မြို့ကြီး တစ်မြို့ ကို ရောက် သွားပြီး သူဌေး လင်မယား ဟာ သားသမီး မရှိလေတော့ မောင်မြတ်နိုး ကို တွေ့ တယ် ဆိုရင် သားအမှတ် နဲ့ မွေးစား လိုက်တယ် ၊ ပညာ ကို လည်း ဆရာကောင်း သမားကောင်း ထံ ပို့ပြီး သင်ယူစေတယ် ။ နှစ်အတော် ကြာလာတော့ မောင်မြတ်နိုး ဟာ လူရွယ်ကောင်း တစ်ဦး ဖြစ်လာပြီး ပညာ လည်း စုံအောင် တတ်ကျွမ်းလာတယ် ၊ သူ လည်း တစ်နေ့ ကျတော့ ရွာမှာ ရှိတဲ့ သူ့ အမေ အရင်း ကို သတိရတာ နဲ့ သူ့ မွေးစားမိဘတွေ ဆီမှာ ခွင့်တောင်းပြီး ရွာ ကို ပြန်လာခဲ့တယ် ။
လမ်း မှာ လှည်း တစ်စီး ဟာ လှည်းမောင်းသမားကြီး ရယ် ၊ သူ့ အဖော် ရယ် ၊ နှစ်ဦး ထဲ ပါ တာ တွေ့လို့ မောင်မြတ်နိုး ဟာ ခွင့်တောင်းပြီး လှည်းကြုံ နဲ့ လိုက်ခဲ့တယ် ။ လှည်း ဟာ တောလမ်း တစ်လျှောက် တအိအိ နဲ့ မောင်း လာရင်း လှည်းသမားကြီး ဟာ “ ဪ ... မောင်မြတ်နိုး မောင်မြတ်နိုး ၊ သူ့ အမေ လုပ်ထားတဲ့ မြက်ရုပ် ကို ငါ အမှတ် နဲ့ ခုတ်ပြီး ပြေးလိုက်တာ အခု ဘယ် ရောက်လို့ ဘာများ ဖြစ်နေသလဲကွယ် ” လို့ အဖော် ဖြစ်သူ ကို သူ့ သား အကြောင်း ပြောပြရင်း တမ်းတ လိုက်မိတယ် ။ ဒီ စကား လည်း ကြားရော မောင်မြတ်နိုး လည်း လှည်း နောက်ပိုင်းမှာ ထိုင်ရာ က ထလာပြီး “ ကဲ ... ဘကြီး ၊ နောက်မှာ အေးအေး ထိုင်ပါ ၊ လှည်း ကို ကျွန်တော် မောင်းပါ့မယ် ” လို့ ပြော လိုက်တော့ လှည်းသမားကြီး ကလည်း တအံ့တဩ ဖြစ်နေတယ် ။ မောင်မြတ်နိုး လည်း လှည်းသမားကြီး လက် ထဲ က ကြိုး နဲ့ ကြိမ် ကို ယူလိုက်ပြီး လှည်း ကို မောင်းခဲ့တယ် ။ အိမ် လည်း ရောက်ရော မောင်မြတ်နိုး က အကြောင်းစုံ ကို ရှင်းပြ လိုက်တော့ မှ သူ့ မိဘတွေ ဟာ အလွန် ဝမ်းသာအားရ ဖြစ်နေတယ် ။ မောင်မြတ်နိုး လည်း အလှူကြီး တစ်ခု လုပ် လိုက်တော့ ရွာသူရွာသား တွေ ဟာ မောင်မြတ်နိုး ရဲ့အလှူ ကို လာကြတယ် ။ လူ စုံတဲ့ အခါ ကျတော့ မောင်မြတ်နိုး လည်း အသင့် ပြုလုပ်ထားတဲ့ စဉ့်အိုး နှစ်လုံး မှ တစ်လုံး ရဲ့ အထဲ ကို ဝါးပင် အနုလေး ကို ထည့်ခိုင်း လိုက်တယ် ။ ရွာသား တစ်ယောက် က ဝါးပင်အနုလေး ကို ခွေပြီး စဉ့်အိုး ထဲ ကို အလွယ်တကူ ထည့် လိုက်တယ် ။ နောက်တစ်ခါ ကြီးပြီး ရင့်သန် နေတဲ့ ဝါးပင် ကို ကျန်တဲ့ စဉ့်အိုး ထဲ ထည့်ခိုင်း ပြန်တယ် ။ ရွာသားတွေ က တအံ့တဩ ဖြစ်ပြီး ဒီလို ရင့် နေတဲ့ ဝါးပင် ကို ဘယ်လိုလုပ် ခွေပြီး စဉ့်အိုး ထဲ ထည့်လို့ ရပါ့မလဲ လို့ မောင်မြတ်နိုး ကို ပြန် မေးတော့တယ် ။ အဲဒီတော့ မှ မောင်မြတ်နိုး က ပြုံးရယ်ပြီး အလှူ ကို လာကြတဲ့ ပရိသတ်တွေ ကို “ အို ... ပရိသတ် အကြောင်းအရာ တစ်ခု ကို ရှင်းပြလိုခြင်းငှာ လက်တွေ့ သာဓက တစ်ခု ကို လုပ်ဆောင်စေခြင်း ပင် ဖြစ်သည် ။ ဝါးပင် အနု သည် ကလေးအရွယ် ကို ပြဆို၍ ဝါးပင် အရင့်ကား ကြီးသော အရွယ် ကို ပြဆိုပေသည် ။ ဝါးပင် အနု ကို ခွေ၍ စဉ့်အိုး ထဲ ထည့်ရသကဲ့သို့ ငယ်ရွယ်သော ကလေး ကို လည်း မကောင်းရာကို တားမြစ် ဆုံးမသော် အလွယ်တကူ ရနိုင်သည် ။ ဝါးပင် အရင့် ကို ခွေ၍ စဉ့်အိုး ထဲ ထည့် မရ သကဲ့သို့ ကြီးရင့် မှ ဆုံးမ၍ လွယ်ကူသည် မဟုတ်ပါချေ ။ ထို့ကြောင့် ပရိသတ်အပေါင်း တို့သည် မိမိတို့သားသမီး ကို မကောင်းမှု မှ ဆိုဆုံးမ လိုလျှင် ငယ်စဉ်တွင် ပင် ဆုံးမနိုင်ကြစေရန် ဤ ဝါးပင် အနု ၊ အရင့် နှစ်ပင် ကို ဥပမာ ပြရခြင်း ဖြစ်ပေသည် ” ဟု ရှင်းလင်း ပြောပြတဲ့ အခါ ပရိသတ်အပေါင်း က ကောင်းချီးဩဘာ ပေးကြသတဲ့ကွယ် ။ မောင်မြတ်နိုး ဟာ မွေးစားမိဘ ထံ ပြန် ရောက်တဲ့အခါ အလှူကြီး တစ်ခု ပေးပြီး အလားတူ သာဓက နဲ့ လူအပေါင်းကို ရှင်းလင်းပြောပြ သတဲ့ကွယ် ။ မောင်မြတ်နိုး လည်း လူအပေါင်း ရဲ့ ချစ်မြတ်နိုးမှု ကို ခံယူပြီး အသက်ထက်ဆုံး ပျော်ရွှင်နေရလေတော့တယ်ကွယ် ။
⎕ အေးမိုး ( အထောင် )
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၄ ၊ ဧပြီ
No comments:
Post a Comment