❝ မောင်ချမ်းသာ ဆိုတာ ခပ်ထူထူ အကောင်ပါ ❞
“ ဟာဗျာ ခင်ဗျား တော် တော် နောက်တီး နောက်တောက် ပြော တတ်တဲ့ လူပါလား ”
“ နောက်နေတာ မဟုတ်ဘူး မောင်ချမ်းသာလေး ရဲ့ တကယ် ပြောနေတာ ”
“ တော်ဗျာ တော် ”
“ ဟဲဟဲ ဟဲဟဲ ”
“ ကြည့်ပါလား ခင်ဗျား ”
“ အေး မင်း မင်း ”
ကျွန်တော့် မိတ်ဆွေ ကိုအေးမြင့်ကြီး ဆိုတာက စကား အကောင်း ပြောနေရင်း က ဖောက်ဖောက် လာတတ်တဲ့ လူဗျာ့ ။
ခုလဲ ကြည့်ဗျာ ၊ ဩဂုတ်လ ၂၂ ရက်နေ့ ညနေ က အောင်လံ မှာ မိုးသဲကြီးမဲကြီး ရွာတော့ တောင်ကျ ချောင်းရေတွေ နင်းကန် လျှံတက် လာပြီး သူ့ အိမ်ဝိုင်း ထဲ ရေတွေ ဝင်သွားသတဲ့ ။
“ တစ်ပေ လောက် မြင့်တာကွ ၊ နာရီဝက် ထဲ ရွာတာ မို့လို့ပေါ့ကွာ ၊ တစ်နေကုန်သာ ဆိုလို့ကတော့ ”
ထိုသို့ ရေလျှံ ဝင်လာရာမှ သူ့ ဂိုဒေါင် ထဲ ပါ ရောက်လာပြီး အိတ်တွေ နဲ့ ထပ်ထပ် ပုံထားတဲ့ ပဲကြီး အပုံကြီး ရဲ့ အောက်ဆုံး အလွှာ ကို ရေစို သွားပါသတဲ့ ။ ပဲကြီး ဆိုတာက ရေစိုခံတဲ့ အမျိုး မှ မဟုတ်တာဗျာ ၊ ပျော့ပြဲ ကုန်တာပေါ့ ။
“ အဲဒါကွာ သိလား ၊ နောက် နေ့မှာ အပေါ် က အိတ်တွေ ဖယ် ၊ အောက်ဆုံး က အိတ်တွေ ကို ဖော် ၊ စို သွားတဲ့ ပဲတွေ နေလှန်း ၊ အောက်ဈေး နဲ့ အတင်း ထိုးရောင်းရတယ်ကွာ ”
“ ရှုံးတာပေါ့နော် ”
“ တစ်သိန်း လောက်တော့ ရှိ
မယ်ကွ ၊ အဲဒါ တစ်ခါ ၊ ပဲကြီး အ ကောင်းအသန့် ကို ဈေးကြီးပေး ဝယ်ပြီး အစားထိုး ရတော့ ”
“ ရှုံးပြန်တာပဲလား ”
“ ပဲကြီးအကောင်း ကို ဝယ်ဖို့ ငွေ လိုနေတာနဲ့ ရွှေချစ် ဆီက ငွေ ဆယ့်ငါးသိန်း ကို အတိုး နဲ့ ဆွဲလိုက်ရသေး တော့ ”
“ ဟင် အတိုးပါ အဆစ် လိုက်ရ ပြန်တာပေါ့နော် စုစုပေါင်း ”
“ စုစုပေါင်း သုံးသိန်း လောက် ပေါ့ကွာ ၊ ရှုံး ပေမဲ့ ငါ အမြတ် ရလိုက်တယ်ကွ ”
“ ဟာ စကား အကောင်း ပြောပါ ဆို ”
“ အေး ဟုတ်တာပေါ့ မင်း ဘက် က ကြည့်ရင် ငါ ရှုံးသွားတယ်ပေါ့နော် ”
“ ဒါပေမဲ့ ငါ့ ဘက်က ကြည့်
တော့ ငါ့ မှာ မြတ် နေတုန်းပဲကွာ ”
“ သေချာ ရှင်းရှင်းလင်းလင်း
ပြောဗျာ ”
“ ဒီလိုကွာ ၊ ငွေကြေး အရ ကြည့်ရင် ပဲကြီး အကောင်းတွေ ပျက်သွားလို့ ဈေး မရဘူး ၊ အရှုံးခံ ရောင်းလိုက် ရတယ် ၊ အကောင်းစား ပြန်ဝယ် ရလို့ ဈေးကြီး ပေးရတယ် ၊ အတိုးနဲ့ ချေး ထည့်ရလို့ အတိုး ပေးရတယ် ၊ ရှုံးတယ်ပေါ့ ”
“ ဒါပေမဲ့ ငွေကြေး အရ မကြည့်ဘဲ လုပ်ငန်း အရ ကြည့်ရင် ၊ ဈေးကွက် အရ ကြည့်ရင် ၊ ငါ မြတ်တယ် ကွ ၊ ဘာကြောင့်လဲ ဆိုတော့ ငါ့ လုပ်ငန်း ရပ် မသွားဘူး ၊ ငါ့ တံဆိပ်ကလေး ဈေးကွက် ထဲ က ပျောက် မသွားဘူး ၊ အပြိုင်အဆိုင်တွေ က ငါ့ ကို ဝိုင်း မဆော်နိုင် ကြအောင် ငါ တောင့်ခံ ထားနိုင်လိုက်တယ်ကွာ ”
“ အဲဒီတော့ ငါ့ လုပ်ငန်း ပုံမှန် ရပ်တည် နေနိုင်တဲ့ အပြင် ပဲကြီး အပုပ် အညံ့စားတွေ ညာတာပါတေး နဲ့ လှော် မရောင်းဘဲ အကောင်းစား
ပဲ လှော်ရောင်း ၊ လုပ်ရောင်း တော့ နာမည် ပျက် မသွားဘူးကွာ ၊ အခုဆို ပိုတောင် ရောင်းအား ကောင်း နေသေးတယ် မောင် ”
“ အမယ် တယ် ဆိုတဲ့ စာပါလား ဗျာ ၊ ဘယ့်နှယ်ဗျာ ၊ ရှုံးနေတာကြီး ကို မြတ် သတဲ့ ၊ ကြံကြံဖန်ဖန်ဗျာ ၊ ခင်ဗျား ”
“ ဟကောင် ငွေ ဘက် က ရှုံး သွားပေမဲ့ အလုပ် ဘက် က မြတ်နေတုန်းပဲ ဟကောင်ရ ”
“ ငါ တစ်နှစ် ကြုံဖူးပြီ ၊ အဲဒီလိုပဲ ပဲကြီးတွေ လှောင်ထားတာ ဆေး အုပ်ရမယ့် ရက်ကျော် သွားလို့ ပဲကြီး တွေ ပိုး ထိုးပါလေရော ”
“ နှမြောတာ နဲ့ ပိုးထိုးလောက်ကိုက် ပဲကြီးတွေ လှော်ပြီး ရောင်း ထည့်လိုက်ပါတယ် ၊ ငါ့ တံဆိပ်ကလေး ဈေးကွက် ထဲက ပျောက်သွား ရောဟေ့ ”
“ ဒါနဲ့ အကောင်းစား ကို ပြန် လှော်ပြီး ပျောက် သွားတဲ့ ဈေးကွက် ဝေစုကလေး ပြန်ရအောင် လိုက်ရတာကွာ ၊ သုံးနှစ် လောက် ကြာတယ် ဟ ကောင်ရ ”
“ ဘယ်လောက် နစ်နာ သွားလဲ မင်း စဉ်းစားကြည့် ”
“ နှမြောလို့ ဆိုပြီး အပုပ်ကလေး လှော် ရောင်းမိတာ နဲ့ ကာမိ သေးရဲ့လားကွာ ”
“ အဲဒီ ကတည်းက ဟေ့ ”
“ အရည်အသွေး ညံ့တာ ဝယ်မိ ရင် ၊ ကိုယ့် လက်ထဲ သိုလှောင်ထားတုန်း မတော်တဆ ပျက်စီးပြီး အ ရည်အသွေး ကျသွားရင် အရှုံးခံ ရောင်းပစ် လိုက်တယ် ၊ အကောင်းစား ကို ဈေးကြီးပေး ဝယ် ရတော့ ထပ် ရှုံးတာပေါ့ ”
“ ဒါပေမဲ့ ငါ မြတ်တယ်ကွ ၊ ငါ့ နာမည် ဘယ်တော့မှ ညှိုးမှိန် မသွားဘူး ၊ ငါ့ တံဆိပ်ကလေး ဈေးကွက် ထဲ က ရွေ့မသွားဘူး ”
“ ငါ့ ဝယ်လက်တွေ က ငါ့ ကို အမြဲ ယုံကြည်တယ် ၊ စိတ်ချလက်ချ အားပေးမြဲ အားပေးတယ်ကွ ”
“ အဲဒါ အမြဲ မြတ် နေတဲ့ အမြတ် ပေါ့ ဟကောင်လေး ရ ”
အမှန်အတိုင်း ပြောရလျှင် လူတတ်ကြီး လုပ်ပြီး စာ ရေးနေသော ကျွန်တော် မောင်ချမ်းသာ ထို အကွက်ကလေး ကို လုံးဝ မစဉ်းစားမိပါ ခင်ဗျာ ။
လတ်တလော ရှုံးသွားသော တစ်ထောင်တန် ငွေစက္ကူ အုပ်လိုက်ကြီးများ ဆီ သို့သာ မျက်စိ က ရောက်ရောက်သွားတတ်ပါသည် ခင်ဗျာ ။
ကိုအေးမြင့်ကြီး က ပြောတယ် ။ ဘာတဲ့ဗျာ အဲ အဲ ငွေရှုံးပေမဲ့ အလုပ် မရှုံးဘူးတဲ့ဗျာ ။
အင်း ဟုတ်တာပေါ့ ၊ ကျွန်တော် က အပေါ်ယံ ဖျန်းခနဲ ကြည့် ပြီး ၊ ဖျဉ်းခနဲ တွေးလိုက်တာ ။
သူ က အတွင်းကျကျ ကြည့်ပြီး အလေးအနက် တွေးတာ ။
အော် မောင်ချမ်းသာ ရယ် ၊ သေခါနီးတောင် မှ မမြင်တတ်သေးပါလားနော် ။
▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၇ အောက်တိုဘာ ၊ ၂၀၀၅
No comments:
Post a Comment