❝ ဆိုင်ရာ ဆိုင်ရာ ❞
( မောင်ဝဏ္ဏ )
ကျွန်တော်တို့ ငယ်ငယ် က ကျွန်တော့် အဖေ ဦးသာဓု က ကျွန်တော်တို့ လွှတ်ဖို့ အတွက် စွန် ( လေတံခွန် ) ကို သူ ကိုယ်တိုင် လုပ်ပေးဖူးပါတယ် ။
အဲဒီတုန်းက စက္ကူစွန် တစ်ခု မှ ငါးပြား ၊ ဆယ်ပြား ပါ ။ ကျွန်တော်တို့ နေတဲ့ ရေကျော် အရပ် မှာ စွန် လုပ်ပြီး ရောင်းတဲ့ သူတွေ ရှိပါတယ် ။ စွန်များပင် သာမက ရစ်လုံး ၊ မှန်စာကြိုး အစရှိတဲ့ စွန်လွှတ်မှု နဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ လည်း ရောင်းပါတယ် ။ လက်လီ ၊ လက်ကား ရောင်းတဲ့ ဆိုင် ဖြစ်လို့ စွန် တစ်ကျပ်ဖိုး ဝယ် ရင် ငါးပြားတန် စွန် နှစ်ဆယ့်ငါးခု ရပါတယ် ။
အဲဒီတုန်း က ကျွန်တော့် အဖေ က ပုံနှိပ်စက်လုပ်ငန်းတွေ လည်း လုပ်ပါတယ် ။ စာ လည်း ရေးပါတယ် ။ ပုံနှိပ်စက် လုပ်ငန်းကြောင့် စက္ကူဆိုင်တွေ နဲ့ လည်း အဆက်အသွယ် ရှိပါတယ် ။ စွန် လုပ်တဲ့ စက္ကူဈေး ကို လည်း အဖေ က သိနေပါတယ် ။
ကျွန်တော်တို့ စွန်လွှတ်ချင်လို့ ဝယ် လွှတ်တော့ ပြတ်ဟယ် ၊ လွင့်ဟယ် နဲ့ တစ်နေ့ တစ်နေ့ စွန် သုံး လေး ငါးကောင် ကုန်ပါတယ် ။
ဒီတော့ အဖေ က စွန် လုပ်တဲ့ စက္ကူ အပါးတွေ ဝယ်လာပြီး သူ ကိုယ်တိုင် စွန် လုပ်ပေးပါတော့တယ် ။ သိတဲ့ အတိုင်း စွန်လုပ်တယ် ဆိုတာက ဝါးကလေးတွေ သပ် ၊ ဖြတ် ၊ စွန်စက္ကူ မှာ ကပ် စသည်ဖြင့် နည်းနည်းတော့ လက်ဝင်ပါတယ် ။ အဖေ စွန် လုပ်တာကို ကျွန်တော်တို့ က ထိုင် ကြည့်နေပါတယ် ။
စွန်တွေ လုပ်ပြီး သွားတော့ ကျွန်တော်တို့ ကို ပေးပါတယ် ။ စွန်တွေ အများကြီး ပါပဲ ။ ဒါပေမယ့် လွှတ် ကြည့်တော့ ဆိုင် က စွန် လောက် မကောင်းပါဘူး ။ ဘယ်ဆွဲ ညာဆွဲ နဲ့ ထိန်းရ လွှတ်ရ ခက်နေပါတယ် ။ အဖေ့ ကို ပြောပြတော့ စွန်ရဲ့ အလေးချိန် ကို ညှိပေးပါတယ် ။ ဒီလိုနဲ့ သားအဖ တစ်တွေ စွန် ကိစ္စ အလုပ်ရှုပ် နေလိုက်ကြတာ တစ်နေကုန် တစ်ည ကူး သွားပါတော့တယ် ။
နောက်တော့ အဖေ က ပြောပါတယ် “ စွန် ဝယ်ပြီးသာ လွှတ်တော့ကွာ ” တဲ့ ။
ကျွန်တော်တို့ အရွယ် ရောက်လာတော့ အဖေ က အဲဒီ အကြောင်း ပြန် ပြောပါတယ် ။
“ အဲဒီတုန်း က စွန် တစ်ကောင် မှ အရင်း နှစ်ပြား သုံးပြား ပဲ ကျတာကို ငါးပြား ဆယ်ပြား ရောင်းလို့ ကိုယ်တိုင် လုပ်တာကွ ။ ပြီးမှ အဖေ ပြန် စဉ်းစားကြည့်တယ် ။ အဲဒီ စွန် လုပ်နေတဲ့ အချိန်မှာ အဖေ စာ ရေးနေရင် ဖြစ်ဖြစ် ၊ ပုံနှိပ်စက် အလုပ် လုပ်နေရင် ဖြစ်ဖြစ် ငွေ နှစ်ရာဖိုး သုံးရာဖိုး တော့ ရမှာကွ ။ ဒီတော့ ကိုယ် နဲ့ မဆိုင်တာ ၊ ကိုယ့် အလုပ် မဟုတ်တာ ကို မလုပ်တာ ကောင်းတယ် ။ စွန် လုပ်တဲ့သူ သူ့ ပညာနဲ့ သူ စားပါစေ ၊ စာ ရေးတဲ့ လူ လည်း စာ ရေးရုံပေါ့ ” တဲ့ ။
ကျွန်တော် လည်း အဖေ့ ဗီဇ ပါလာတယ် ထင်ပါရဲ့ ။ ကျွန်တော့် သားငယ် ရဲ့ စက်ဘီး တစ်စုံတစ်ရာ ဖြစ်ရင် က်ိုယ်တိုင် ပြင်တယ် ။ ဆေးမှုတ်စရာ လိုရင် က်ိုယ်တိုင် မှုတ် ပေးတယ် ။ စက်ဘီးပြင် ဆိုင်မှာ သွား ပြင်ရင် ငွေတစ်ရာ လောက်ပဲ ကုန်နိုင်ပေမယ့် က်ိုယ်တိုင် လုပ်တော့ သုံးလေးဆယ် နဲ့ ပြီးတယ် ။
လက်ကိုင်တန်း ဆေးတွေ ပျက်နေလို့ ဆေးမှုတ် တာလည်း ဆိုင်မှာ ဆို ပေးရလှ ငါးဆယ် တစ်ရာပါပဲ ။ က်ိုယ်တိုင် ဆေးမှုတ်တော့ မှုတ်ဆေး တစ်ဘူးလုံး ဝယ်ရတယ် ။ သုံးရာ့ရှစ်ဆယ် ပေးရတယ် ။ မသက်သာတဲ့ အပြင် ပိုတောင် ကုန်သေး ။
နောက်မှ အဖေ ပြောဖူးတာ သတိရပြီး က်ိုယ်တိုင် ကျွမ်းကျင်တဲ့ အလုပ် မဟုတ်တာကို အားလပ်ချိန် မဟုတ်ဘဲ ၊ ဒါမှမဟုတ် အပျင်းပြေ သဘော မဟုတ်ဘဲ မလုပ်သင့်ပါဘူး ။ အဲဒီ အချိန်ကလေး မှာ က်ိုယ် ဝါသနာ ပါတဲ့ ၊ က်ိုယ့် အလုပ် ဟုတ်တဲ့ စာ ရေးတာ စတဲ့ အနုပညာ အလုပ်တွေ လုပ်ရင် ပို အဆင်ပြေမှာပါ ။
လူ တော်တော်များများ ကို လေ့လာကြည့်တော့ ကိုယ် နဲ့ မဆိုင်တဲ့ အလုပ်တွေ လုပ် နေတာ တွေ့ တွေ့ နေရပါတယ် ။
ဥပမာ အားဖြင့် ထုတ်လုပ်မှု စီးပွါးရေး လုပ်ငန်းရှင် တချို့က မော်တော်ကား ဝယ်ရောင်း လုပ်တယ် ။ အလိမ်တွေ အတုတွေ နဲ့ တွေ့တော့ ပြဿနာတွေ ဖြစ် ကုန်ပါရော ။ ကိုယ် စီးဖို့ ကား ဝယ်မယ် ဆိုရင်လည်း ကျွမ်းကျင်သူ နဲ့ ( က - ည - န ) နဲ့ တိုင်ပင်စိစစ် ပြီးမှ ဝယ်သင့်တာပေါ့ ။ ကားအရောင်းအဝယ် ကျွမ်းကျင်သူတွေ အရောင်းအဝယ် လုပ်ကြပါစေ ။ မကျွမ်းကျင် ဘဲ ဝင် လုပ်တော့ စာရင်း ရှုပ်မှာပေါ့ ။ ကိုယ် ကျွမ်းကျင်တဲ့ လုပ်ငန်း ကို သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် လုပ်နေရင် အဆင်ပြေ နိုင်ပါတယ် ။ ချက်ချင်း ချမ်းသာချင် လို့တော့ မရနိုင်ပါဘူး ။ မပူမပင် မကြောင့်မကျနဲ့ သင့်လျော်စွာ နေထိုင် စားသောက်နိုင်ရင် မကျေနပ်သင့်ဖူးလား ။ စိတ်အေးချမ်းသာစွာ ၊ သောကနည်းပါးစွာ နေထိုင်ရရင် မကောင်းဖူးလား ။ သမ္မာအာဇီဝ နဲ့ တိုးတက်ချမ်းသာ နေသူတွေ ကို မနာလို မဖြစ်ဘဲ က်ိုယ့် စိတ် ကိုယ် ဆုံးမနိုင်ရင် မကောင်းဖူးလား ။
တိုးတက်ကြီးပွါးအောင် အားထုတ်တာ ကောင်းပါတယ် ။ ကိုယ် နဲ့ မဆိုင်တာတွေ လျှောက် လုပ်နေရင်တော့ မနိပ်ဘူး ထင်တယ် ။ ကျွန်တော့် သား စက်ဘီး လက်ကိုင်တန်း ကို ဆေးမှုတ် ပေးသလို မျိုးပေါ့ ။ ဆိုင် ကို သွားပြီး ဆေး မှုတ်ရင် လက်ကိုင်တန်းကလေး ပဲမို့ ငွေတစ်ရာ လောက်ပဲ ကုန်မယ် ။ က်ိုယ့် ဘာသာ ကိုယ် ရှည်ပြီး ဆေး ဝယ်မှုတ်တော့ ကော်ပတ် တိုက်ရ ၊ဆေးရ ကြောရနဲ့၊ အလုပ် လည်း ပိုတယ် ။ ဆေးဘူးဖိုး လည်း လေးရာနီးပါး ကုန်သွားရော ။
“ ကျွမ်းကျင်ရာ လိမ္မာ ” ဆိုတဲ့ ရှေးစကား ကို သေသေချာချာ စဉ်းစားသင့်ပါတယ် ။
▣ မောင်ဝဏ္ဏ
📖အတွေးသစ် ဂျာနယ်
အမှတ် ၃၀ ၊၂၀၀၀
No comments:
Post a Comment