❝ အရှက်ကြီး တဲ့ ယမားရှင်မကြီး ❞
━━━━━━━━━━━━━━
ဝေယံလင်းခေါင်
━━━━━━━━━━━━━━
စစ်ကိုင်းတိုင်း မုံရွာခရိုင် စံပယ်တောင် ကြေးနီ ရှာဖွေတူးဖော်ရေး စီမံကိန်းကာလ က ဖြစ်သည် ။
အခြေစိုက် စခန်းတဲ ကို ကျွန်ုပ် ရောက်လာသည် နှင့် ရုံးအကူ မောင်လှရွှေ က
“ စောစောကပဲ ဌာနမှူးကြီး လာသွားသေးတယ် ” ဟု ဆီးပြောသည် ။
“ ဘာတဲ့လဲကွ ”
“ ဆရာ့ ကို ဘယ်သွား နေလဲ မေးတယ် ။ ပြန် ရောက်ရောက်ချင်း လွှတ်လိုက် ပါလို့ လည်း မှာသွားပါတယ် ”
“ အေး အေး ခုပဲ ငါ သွားလိုက်မယ် ။ မင်း ဆရာ ဦးသန်း ကော ”
“ စောစောကတော့ ဆာဗေးတဲ နား မှာ မြင် လိုက်ပါတယ် ။ ကိစ္စ ရှိလို့လား ဆရာ ။ ကျွန်တော် သွားရှာ မယ် .... ”
“ မရှိပါဘူး ၊ မေးကြည့်တာပါ ။ မရှာပါနဲ့ ”
ပြောပြောဆိုဆို ပင် ကျွန်ုပ် ဌာနမှူး ( မန်နေဂျာကြီး ) စခန်းတဲ ဘက် လျှောက် လာသည် ။ ဌာနကြီးမှူးကြီး ဦးစိုးသောင်း သည် စားပွဲ ပေါ် က စာရွက်တွေ နှင့် အလုပ် ရှုပ် နေ၏ ။
ကျွန်ုပ် ကို မြင်တော့ သူ့ စားပွဲ ရှေ့ က တောသုံး ခေါက်ခွေးခြေ ပေါ် ထိုင် လိုက် သည် ။
ဦးစိုးသောင်း က ဘာမှ မပြောသေးဘဲ ရှာဖွေရေး ၊ တူးဖော်ရေး ၊ ထုတ်လုပ် ရေး ၊ မြေတိုင်း စသည့် ဌာနဆိုင်ရာများ မှ ထုတ်ပေး ထားသော မြေပုံ တစ်ထပ်ကြီး ကို ကမ်း ပေးသည် ။
ကျွန်ုပ် မြေပုံများ ကို ယူ ကြည့်၏ ။ အဟောင်းများ ကို ဖယ်၍ လောလောဆယ် အသစ် ထပ်မံ ရေးဆွဲ တင်ပြထားသော မြေပုံများ ကို လေ့လာ ကြည့်နေ မိသည် ။ မကြာမီ ဦးစိုးသောင်း ဆီ က စကား ထွက်လာသည် ။
“ ဌာနဆိုင်ရာ အားလုံး နဲ့ ယမား ကို စခန်း ရွှေ့ဖို့ စီစဉ်ထားတယ် ။ ဂျပန်တွေ အဖွဲ့ နဲ့ ဆစ်ဆမစ်တွေ က တော့ ချဉ်းကပ်မျဉ်း ပေါ် ရောက်သွားကြပြီး နေရာ မြေပုံအညွှန်း ပြထားတယ် ၊ တွေ့လား ”
“ ဟုတ်ကဲ့ပါ ”
“ ရုံးချုပ် က ကြေးနန်း ထပ် ဝင်လာတယ် ။ လုံခြုံရေး ကို ခလရ ( ၁၅ ) က တာဝန်ယူ ထားတယ် ပြောတယ် ။ ဖောင်းပြင် ကနီ မှာ လုံခြုံရေး တွေ ရှိနေပြီ ။ မုံရွာအခြေစိုက် က လူကြီးတွေ နဲ့ ကုမ္ပဏီ က ဂျပန်ပါရဂူ တွေ လည်း မကြာခင် ရောက်လာကြ လိမ့်မယ် ။ တပ်မတော် က လုံခြုံရေး အတွက် တပ်စိတ် နှစ်စိတ် ထပ် ပို့ပေးဦးမယ် ပြောမယ် ။ ပံ့ပိုးမှု အားလုံး ကို ကိုယ်တို့ ဌာန က ဆောင်ရွက်ရမယ် ”
“ ဟုတ်ကဲ့ပါ အစ်ကိုကြီး ၊ စိတ်ချပါ ”
“ အဲဒါပဲ ၊ ရုံးအုပ်ကြီး ဦးသန်း ကို နယ်ခံ အထမ်းသမားတွေ စီစဉ်ခိုင်းပြီး မနက်ဖြန် ပဲ ထွက်ကြတော့ ”
“ ဟုတ်ကဲ့ပါ ”
ကြိုတင် စီမံထားကြသည့် အတိုင်း စံပယ်တောင် ကြေးနီ ရှာဖွေထုတ်လုပ် ရေး စီမံကိန်း ကို ဂျပန်ပါရဂူများ လာရောက် လေ့လာကြဦးမည် ကို ဤမျှ ပြောရုံနှင့် ကျွန်ုပ် နားလည် လိုက်ပြီ ။ လိုအပ်သည့် အစီအမံများ ကို ဌာန ဆိုင်ရာတွေက တာဝန်ယူ ဆောင်ရွက် ထားကြပြီ ဖြစ်သဖြင့် ကျန် တာဝန် များကို မိမိ တို့ အထွေထွေအုပ်ချုပ်ရေး က စီမံ ဆောင်ရွက် သွားကြရုံသာ ။
••••• ••••• •••••
သည်လိုနှင့် စံပယ်တောင် တစ်ဖက် ယမားချောင်း ကို ကျွန်ုပ်တို့ ရောက်လာ ကြရသည် ။ ရှာဖွေရေး ၊ တူးဖော်ရေး ၊ ထုတ်လုပ်ရေး ၊ မြေတိုင်းစ သည့် ဌာနဆိုင်ရာများ နှင့် အထမ်းသမားများ အပြင် လုံခြုံရေး အတွက် တပ်မတော်သား တပ်စိတ် နှစ်စိတ် လည်း ပါလာရာ ယမားချောင်း ကမ်းဘေး တစ်နေရာ မှာ ယခုအခါ ချက်ချင်း အသက်ဝင် လှုပ်ရှား လာပြီး ရွာငယ်ကလေး တစ်ရွာ လို ဖြစ်သွားလေသည် ။
သူ့ နေရာ နှင့် သူ စခန်းချ ပြီးကြသည် နှင့် ညနေပိုင်း တွင် ယမားချောင်း ထဲ ဆင်းပြီး စိမ်ပြေနပြေ ရေချိုးကြ ၊ အဝတ်လျှော်ကြ ၊ နောက်ကြပြောင်ကြ နှင့် ချောင်းထဲ မှာ လည်း လူသံသူသံတွေ နှင့် ဆူညံ နေသည် ။ ကျွန်ုပ် လည်း မိမိ ဌာန ၏ စီမံစရာ ရှိသည်များ ကို ရုံးအုပ်ကြီး ဦးသန်း နှင့် တိုင်ပင် ထားခဲ့ပြီး မမှောင်ခင် ရေချိုးရန် ယမားချောင်း နား ဆင်း လာလေသည် ။
ထိုအချိန်မှာ ပင် အလုပ်သမားခေါင်း ကိုပုကြီး ချောင်းနား ပြေး လာပြီး
“ ပြန် တက် ၊ ပြန်တက် ၊ ချောင်း ထဲ က အားလုံး မြန်မြန် ပြန်တက်ကြပါဗျို့ ။ ခင်ဗျားတို့ ချောင်းထဲ ဆင်းပြီး ဂျပန်ရေချိုး ချိုး နေကြတာ ယမားရှင်မကြီး ရှက်ပြီး အလုပ်သမား တစ်ယောက် ကို ဝင်ပူး နေပြီ ။ မြန်မြန် ပြန် တက်ကြပါ ”
အထမ်းသမားခေါင်း ဦးပုကြီး မှာ ကျွန်ုပ်တို့ ဌာန က လူ ဖြစ်နေ သဖြင့် ကျွန်ုပ် မှာ ချက်ချင်း ဦးပုကြီး ဆီ ပြေးရသည် ။
“ ဟင် ဦးပု ၊ ခင်ဗျား ဘာပြောတယ် ။ ဘယ်လို ဘယ်လို ”
“ ဆရာ့ နှယ် ၊ မောင်ကျော် ခု တဲ ထဲ မှာ ယမားရှင်မကြီး ဝင် ပူးလို့ ဗြောင်းဆန် နေတယ် ။ ရုံးအုပ်ကြီး ကို လည်း ကျွန်တော် ပြောထားခဲ့ပြီ ။ ဆရာ လ ည်း မြန်မြန် သွားကြည့် ပြောလိုက်ပါ ”
ကျွန်ုပ် မှာ ဦးပုတို့ တဲ ဘက် ပြန် ပြေးလာရပြန်၏ ။
“ ငါ့ ကို စော်ကားတဲ့ အကောင်တွေ ၊ ခုချက်ချင်း ငါ့ ချောင်းထဲ က တက်ရင် တက် ။ မတက်ရင် နင်တို့ အားလုံး အသေဆိုး နဲ့ သေရစေ့မယ်ဟေ့ ။ ယမား ရှင်မ ကို ဟေ့ ။ ငါ့ ကို မလေးမခန့် ”
တဲဝ အရောက် တွင် အတွင်း ထဲ မှ မိန်းမကြီး တစ်ယောက် ၏ ကြိမ်းဝါး အော်ဟစ် နေသံ ကြောင့် ကျွန်ုပ် ပင် လန့်သွားသည် ။ အမှန်က လူ သုံးဆယ် ကျော်တွင် မိန်းမသူ ဆို၍ ကား တစ်ယောက် မှ မပါ ။ ယခု မိန်းမကြီးသံ နှင့် ကြိမ်းဝါး အော်ဟစ် နေသူ မှာ ဦးပုကြီး ပြောသော ယမားရှင်မ ဝင်ပူး နေသူ ဆိုသည် ကို ကျွန်ုပ် မမေးဘဲ နှင့် သိလိုက်လေပြီ ။
“ အရှင်မကြီး ၊ အပြစ် ဆယ်ပါး အမှား ခွင့်လွှတ်ပါ ။ မသိ နားမလည်တဲ့ ကလေး အမိုက်မဲလေး တွေပါ ။ နောက် ကို မဖြစ်စေရပါဘူး ။ ခု ဦးပုကြီး ချောင်း ထဲ က ပြန် တက်ကြဖို့ သွား ပြောနေပါပြီ ။ ခွင့်လွှတ်တော်မူပါ ”
“ ဟင်း အင်း ၊ အရှက် မရှိတဲ့ ဟာတွေ ငါ့ ရှေ့ လာပြီး ဒီလို ရေချိုးကြရလား ပေါ့ ။ ဒီလို ရေချိုး ပြရ မလား ။ ငါ ရှက်တယ် ။ နင်တို့ အကုန်လုံး ကို သ,တ်ပစ် မယ်ဟဲ့ ၊ နင်တို့ အကုန်လုံးကို သ,တ်ပစ်မယ်ဟေ့ ၊ အကုန် အသေဆိုး နဲ့ ကို သေ ရစေမယ်ဟေး ”
ယမားရှင်မ ကို တောင်းပန် နေသူမှာ ကျွန်ုပ်တို့ အဖွဲ့ က မဟုတ်သဖြင့် ရုတ်တရက် ဘာလုပ်ရမှန်း မသိဘဲ ကျွန်ုပ် လည်း မတ်တတ်ပင် ခဏ ရပ် ကြည့်နေရ သေးသည် ။ ယမားရှင်မ ဝင် ပူးနေပါသည် ဆိုသူ မှာ အသက် နှစ်ဆယ်ကျော်ခန့် သာ ရှိဦးမည် ။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ပြီး အံကြိတ်လိုက် ၊ လက်သီးဆုပ်လိုက် အနား က ဝိုင်းချုပ်ထားကြသူတွေ ကို ကန်လိုက် ကျောက်လိုက် နှင့် ရုန်းရင်းဆန်ခတ် ဖြစ် နေကြသည် ။ သူ့ ကိုယ် မှာ လည်း အဝတ် မရှိ ။
ဦးပုကြီး ၏ ဆော်ဩမှုကြောင့် ချောင်း ထဲ က တက်လာကြသူ အတော်များများ လည်း ယမားရှင်မ ဝင်ပူး ခံနေရသော တဲ သို့ ရောက်လာကြရာ တပ်မတော် မှ ရဲဘော်များ လည်း ပဝါ ကို ခါးပတ်ပြီး ကမန်းကတန်း ရောက်လာကြ၏ ။
“ ယမားရှင်မကြီး ခင်ဗျား နောက် ကို အရှင်မ ချောင်း ထဲ ဘယ်လူ မှ ကိုယ်တုံးလုံး ရေ မချိုးစေရပါဘူး ။ ဒီမှာ လူကြီးတွေ ပါပါတယ် ။ ဒီ ဆရာ ဆို အရာရှိပဲ ”
စောစောကပဲ လက်အုပ် ချီပြီး ယမားရှင်မ ဝင်ပူး နေသူအား တောင်းပန်နေသူ က ကျွန်ုပ် ဘက် လက်အုပ် လှမ်း ထိုးပြီး ပြောလိုက်ရာ စကားပင် မဆုံးသေး ။
ချောင်း ထဲ မှ မျက်နှာသုတ်ပဝါ ခါး ပတ်ပြီး တက်လာ ရပ် ကြည့်နေသူ တစ် ဦး က
“ ဟေ့ တို့ က ဂျပန်ကုမ္ပဏီ က ဂျပန်တွေ နဲ့ လာတာကွ ။ ဂျပန် လို ရေချိုး တာ ဘာဖြစ် ”
“ ဟင် အရှက် မရှိတဲ့ သူ ။ နင် မြန်မာ မဟုတ်ဘူးလား ၊ နင့် ကို ငါ လုပ်မယ် ၊ ဟင်း ... အင်း .. ဖယ်ကြစမ်း ”
ထိုသူ ပင် စကားမဆုံး ။ ယမားရှင်မ ဝင်ပူး နေသူ က ထ ခုန်လိုက်ရာ ထို သူ လည်း လန့်ပြီး ချက်ချင်း ထွက်ပြေး သွားလေသည် ။
“ ကဲ ကဲ ယမားရှင်မကြီး ခင်ဗျား ၊ အားလုံး ကိုယ်စား ကျွန်တော်မျိုး တောင်းပန်ပါတယ် ။ မသိလို့ တစ်ကြိမ်တစ်ခါ ပြစ်မှားမိတာ ခွင့်လွှတ်ပါ ”
တတ်သရွေ့ မှတ်သရွေ့ နှင့် စောစောက တောင်းပန်နေသူ ၏ လေသံ ကို လိုက်ကာ ကျွန်ုပ် တောင်းပန်စကား မဆုံးမီ
“ ခု ချောင်း ထဲ မှာ အရှက် မရှိတဲ့ အကောင်တွေ ရှိသေးတယ်နော် ။ မြန်မြန် တက်ခိုင်းမလား ၊ မတက်ခိုင်းဘူးလား ”
ကျွန်ုပ် လည်း လန့်ဖျပ်ပြီး ချောင်း ဘက် လှည့် ကြည့်လိုက်မိ၏ ။
မှန်သည် ၊ ချောင်းထဲ မှာ ဂျပန်ရေချိုး နေကြသူတွေ ကို မြင်နေရသေးသည် ။ ဦးပုကြီး က မူ ချောင်း ထဲ က မြန်မြန် ပြန် တက်ကြရန် ဆော်ဩနေတုန်း ။
“ ခုထိ ချောင်း ထဲ က မတက်ကြသေးတာ က ကျွန်တော့် ရဲဘော်တွေ ပါ ယမားရှင်မကြီး ရဲဘော်တွေ မှာ ရေလဲပိုင်း မပါလို့ ခွင့်လွှတ်ပါ ”
တပ်ကြပ် ဟု ထင်ရသူ တစ်ယောက်က မျက်နှာ မချိုမချဉ် နှင့် လှမ်းပြော၏ ။ နောက် တစ်ယောက် က လည်း
“ ဟုတ်ပါတယ် ယမားရှင်မကြီး ခင်ဗျား ။ ကျွန်တော်တို့ ကတော့ ဂျပန်နိုင်ငံ ကုမ္ပဏီ ဂျပန်အလုပ်သမားတွေပါ ။ ကုမ္ပဏီ က ရေလဲပိုင်း မပေးလို့ ဂျပန် လို ရေချိုးတာ ခွင့်လွှတ်ပါ ”
“ နိပွန် ဘိရုမာ ဗန်ဇိုင်း ဗန်ဇိုင်းဘီရမာ ၊ မိန်းမကြီး မကောင်းဘူး ။ ခူးရား ကား ခုရကား ”
ရဲဘော်များ နှင့် ဌာနစုံ မှ လူများ စုရုံး ရောက်ရှိ လာကြရာ အပြောင်အပြက် လိုလို အတည်လိုလို ဂျပန် လို ၊ အင်္ဂလိပ် လို မျိုးစုံ ဝင်ရောက် တောင်းပန် ပြောဆိုနေကြရာ ယမားရှင်မကြီး လည်း မျက်စိ လည် သွား၍လား မသိ ငြိမ် ကျသွားသည် ။
ကျွန်ုပ် က မူ ယမားရှင်မကြီး ဝင်ပူး နေသူ ကို သာ ရင်တမမ နှင့် ကြည့်နေ ရ၏ ။
မ,တစ်ရာသားများ ကို ကျွန်ုပ် လည်း မဟန့်တားရဲ ။
မကြာမီ ဦးပု ပြန် ရောက်လာသည် ။ အဖြစ်အပျက် ကို ကျွန်ုပ် က မေး ကြည့်ရာ ယမားချောင်း ထဲ ဦးဆုံး ရေချိုး ဆင်း သွားသော မောင်ကျော် သည် ချောင်း ထဲ က ပြန် တက်လာပြီး တဲဝ တွင် လဲကျ သွားသည် ဟု ပြောသည် ။ ခရီးပန်း လာကြသည့် အပြင် တစ်နေ့လုံး နေပူခံ လာကြရာ ရုတ်တရက် ရေချိုး လိုက် သဖြင့် အပူရှပ် ပြီး တက်သွားသည် အထင် နှင့် နင်းနှိပ်ပေးနေ ကြစဉ် ယမားရှင်မကြီး ဝင်လာသည် ဟု ဆိုသည် ။ သူ့ ချောင်း ထဲ အဝတ် မပါ ရေချိုးသည် ကို သူ ရှက်သည် ။ သူ့ ကို စော်ကားသည် ဟု တဖွဖွ ပြောလာ သည်ဆို၏ ။
နောက် ယမားရှင်မ ဝင်ပူး ခံလိုက်ရသော မောင်ကျော် ကို မေးကြည့်ရာ သူ ချောင်း ထဲ ဆင်းလိုက်စဉ် စိမ့်ခနဲ တစ်ကိုယ်လုံး အေး သွားပြီး ကြက်သီး ထ သွားသည် ။ ရေချိုး ပြီး ပြန် တက် လာတော့ တဲဝ နား အရောက် တွင် တစ်စုံတစ်ယောက် က တွန်းလိုက် သလို ခံစားရပြီး လဲကျ သွားသည် ။ နောက်တော့ သူ ဘာမှ မသိ ဟုဆိုသည် ။ ညနေ ထမင်းစား ကြတော့လည်း ထမင်း နှစ်ပန်းကန် ကျော်ကျော် စားပြီး ပကတိ အကောင်းပင် ။
ထို့ကြောင့် နောက်နောင် တွင် ယမားချောင်း ထဲ မည်သူမျှ ဂျပန်ရေချိုး မချိုးရဲကြတော့ပေ ။
▢ ဝေယံလင်းခေါင်
📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment