❝ ရေသူရဲလေး ငပိန် ❞
━━━━━━━━━━━━━
နုယဉ်
━━━━━━━━━━━━━
တောထဲ က စမ်းချောင်း ထဲ၌ ရေသရဲများ နေလေသည် ။ ရေသရဲလေး ငပိန် သည် ငထိန် ၊ ငသိန် ၊ ငပိန် တို့ညီအစ်ကို ထဲတွင် အငယ်ဆုံး ဖြစ်လေ၏ ။ သူ သည် အငယ်ဆုံး လည်း ဖြစ် ၍ အလွန် အကျီစား သန်လေ၏ ။ သူ က သူ့ အစ်ကိုများ ကို လိုက် နောက်ပြောင်ကျီစား လေရာ သူ့ အစ်ကိုများ အလွန် စိတ်ရှုပ် ကြရလေသည် ။
တစ်နေ့သ၌ သူ့ အစ်ကို ငထိန် က “ ဟေ့ ... ငပိန် ၊ မင်း က လွန်လွန်းပြီ ၊ တော်ရုံ ကျီစား မှပေါ့ ၊ ငါတို့ အိပ်ရေး ပျက်တယ် ၊ ဘာဖြစ်လို့ သူများတွေ ကို လိုက်နှောင့်ယှက် ချင်ရတာလဲ ၊ မင်း ကို ငါတို့ က ကိုယ့် ညီလေး မို့လို့ သည်းခံရမှာပဲ ၊ ဒါပေမယ့် မင်း တော ထဲ မှာ နေတဲ့ မှော်ဆရာကြီး ကို တော့ သွားပြီး မကျီစားလေနှင့် ၊ သူ က မင်း ကို သ,တ်လိမ့်မယ် ၊ ကြားလား ” ဟု ခြိမ်းခြောက်လေ၏ ။ ထိုသို့ သူ့ အစ်ကို က ပြောလိုက် သော်လည်း ငပိန် က ကြောက်ဖို့ ဝေးစွ ၊ စိတ်ကူး အသစ် ပေါ် လာလေ၏ ။ သူ သည် တော ထဲမှာ နေသော မှော်ဆရာ ထံသို့ သွား၍ ကျီစားမည် ၊ ဘာမျှ ကြောက်စရာ မရှိဟု အကြံ ရလာပြီးလျှင် မှော်ဆရာကြီး နေသော စမ်းချောင်း တစ်ဖက် ရှိ တဲကလေး ဆီ သို့ ကူး လာခဲ့လေ၏ ။
မှော်ဆရာကြီး သည် တော ထဲ တွင် နေ၍ ဆေးအတတ်များ ကို စမ်းသပ် ပြုလုပ် နေ လေ၏ ။ ငပိန် သည် မှော်ဆရာကြီး ၏ တဲနား သို့ ရောက်သော အခါ အပြင်ဘက် မှ နေ၍ ချောင်း ကြည့် လေ၏ ။ မှော်ဆရာကြီး သည် ဆေးရည်အိုးကြီး တစ်အိုးကို ရှေ့တွင် ထားကာ ပါးစပ် မှ တတွတ်တွတ် ရွတ်ဆို နေသည်ကို မြင်ရလေ၏ ။ သူ သည် ပြတင်းပေါက် မှ ချောင်းကြည့် နေစဉ် မှော်ဆရာကြီး သူ့ ဘက်သို့ လှည့် လာသော အခါ၌ အမှတ်မဲ့ ခေါင်း ကို အောက်သို့ ငုံ့ကာ ပုန်းနေ လိုက်လေ၏ ။ သူ သည် မှော်ဆရာကြီး ကို ဘယ်ကဲ့သို့ ကျီစားရပါမည်နည်း ဟု စဉ်းစား နေလေ ၏ ။ မှော်ဆရာကြီး လည်း သူ၏ ဆေးအိုးကြီး ကို ခဏ ချလိုက်ပြီးလျှင် သူ မွေးထားသော ကြောင်နက်ကြီးရွှေနီ ကို လိုက်၍ ရှာနေလေ၏ ။ မှော်ဆရာကြီး က “ ဟဲ့ ... ရွှေနီ ၊ လာစမ်းဟဲ့ ၊ ရွှေနီ ရေ ၊ အေရွှေနီ ” ဟု လှမ်း အော်၍ ခေါ်နေစဉ် ငပိန် သည် တဲနောက်ဖေး မှ ကွေ့၍ ထွက်လာခဲ့လေ၏ ။ သူ သည် စမ်းချောင်း ဘက်သို့ လာ၍ ချက်ချင်း လူယောင် ဖန်ဆင်းလိုက်ပြီးလျှင် ဈေးဆီ သို့ ပြေး သွားလေ၏ ။ ဈေးထဲ မှ ငပိန် သည် ငြုပ်ကောင်းမှုန့် တစ်ထုပ် ဝယ်ခဲ့ ပြီးနောက် မှော်ဆရာကြီး ၏ တဲသို့ ပြန် လာလေ၏ ။ မှော်ဆရာကြီး သည် သူ ၏ ကြောင်ကြီးရွှေနီ ကို လိုက်၍ ရှာနေဆဲဖြစ် သည်ကို တွေ့ရလေ၏ ။
ငပိန် လည်း သူ ယူလာသော ငြုပ်ကောင်းမှုန့်ထုပ် ကို ဖြေပြီးလျှင် မှော်ဆရာကြီး စီရင် နေသော ဆေးရည်အိုးကြီး ထဲသို့ လောင်းထည့် လိုက်လေ၏ ။ သူ သည် ပြတင်းပေါက် အပြင် ဘက်မှ နေ၍ စောင့်ကြည့် နေလေ၏ ။ သူ လောင်းထည့် လိုက်သော ဆေးရည်အိုးကြီး မှာ အရည် များ ဆူဝေ လာပြီးလျှင် ကျယ်လောင်သော အသံကြီးတစ်သံ မြည်ဟီးလာလေ၏ ။ ထို အသံကြီး ကြောင့် မှော်ဆရာကြီး က လှည့်၍ ကြည့်လိုက်သော အခါ သူ ၏ ဆေးရည်အိုးကြီး ဝေကျ နေ သည်ကို မြင်ရလေ၏ ။ ထိုအခါ မှော်ဆရာကြီး သည် ကြောက်လန့်စွာဖြင့် “ အမယ်လေး ... ငါ့ ဆေးရည်အိုးကြီး ပျက်စီး သွားပါပြီ ၊ ဒီ ဆေးရည်ကို ငါ လေးလလုံးလုံး စီရင်ခဲ့ရတာ ၊ ဘယ်သူများ လာပြီး နှောင့်ယှက်ပါလိမ့် ” ဟု ဆိုရင်း ဟိုကြည့် သည်ကြည့် လိုက်၍ ကြည့် နေလေ၏ ။ ငပိန် လည်း သူ ကျီစားလိုက်သောကြောင့် မှော်ဆရာကြီး ဒုက္ခ တွေ့နေသည်ကို အလွန် သဘောကျ စွာဖြင့် အပြင်ဘက် မှ ပုန်းကာ ရယ်မော နေလေ၏ ။ မှော်ဆရာကြီး လည်း မည်သူ့ကို မျှ မမြင်ရ သဖြင့် သူ့ ဆေးရည်အိုးကြီး ဘက်သို့ လှည့်ကာ “ ကဲ ... မင်း ကို ငါ ဘယ်လိုမှ အသုံးချလို့ ရမှာ မဟုတ်ဘူး ၊ သွန်ပစ်ရမှာပဲ ” ဟု ဆိုပြီးလျှင် ဆေးရည်အိုးကြီး ကို ပြတင်းပေါက် မှ အပြင်ဘက် သို့ သွန်ပစ်လိုက်လေ၏ ။ ထိုအခါ အပြင်ဘက်၌ ပုန်း၍ ရယ်မောနေသော ငပိန် ကို ဆေးရည်များ ထိကာ စိုရွှဲကုန်လေ၏ ။ ဆေးရည်များ စိုသောကြောင့် ငပိန် သည် တစ်ကိုယ်လုံး မဲနယ် ဆိုးထား သကဲ့သို့ ပြာ သွားလေ၏ ။ ငပိန် လည်း ရုတ်တရက် အံ့အားသင့်ပြီးလျှင် “ အမယ်လေးဗျ ” ဟုဟစ် အော်လိုက်မိလေ၏ ။ ထို အော်သံကြောင့် မှော်ဆရာကြီး သိရကာ အပြင်ဘက် သို့ ပြတင်းပေါက် မှ ခေါင်းပြူ၍ ကြည့်လိုက်လေ၏ ။ မှော်ဆရာကြီး သည် ပုန်းနေသော ငပိန် ကို မြင်ရလေ၏ ။ ငပိန့် တစ်ကိုယ်လုံး မှာဆေးရည်များ ထိသောကြောင့် ပြာနှမ်းနေသည်ကို မြင်ရသောအခါ မှော်ဆရာ ကြီး သည် စိတ်ဆိုးမာန်ဆိုး ဖြင့် ငပိန် ကို လက်ဖြင့် လှမ်းဆွဲလိုက်လေ၏ ။
မှော်ဆရာကြီး က ငပိန် ကို “ ကြည့်စမ်း ၊ ငါ့ ဆေးရည်အိုးကြီး ထဲမှာ ဘာတွေ လာပြီး ထည့်လိုက်တယ် မသိဘူး ၊ အခုမှ မိတော့တယ် ၊ မင်း နာမည် ဘယ်သူတုန်း ” ဟု မေးလိုက်လေ၏ ။ ငပိန် က “ ကျွန်တော့် နာမည် ငပိန် ပါ ” ဟု ပြန်ပြောလေ၏ ။ မှော်ဆရာကြီး ကလည်း ငပိန် အား “ အေး... မင်း နာမည်ကို ငါ ကြားဖူးတယ် ၊ မင်း ဟာ အင်မတန် နှောင့်ယှက်တတ်တဲ့ကောင်လေး ပဲ ၊ အေး ... မင်း ဒီတစ်ခါ သူများ ကို နှောင့်ယှက်တာဟာ နောက်ဆုံးပဲ မှတ်လိုက်ပါ ၊ အခု မင်း ကို ငါ ပင်လယ် ထဲ က နဂါးမင်းကြီး ဆီကို ပို့ လိုက်မယ် ” ဟု ပြောလေ၏ ။ ငပိန် လည်း အလွန် ကြောက် လန့်သွားလေ၏ ။ သို့ရာတွင် ငပိန် က မကြောက်ချင် ယောင် ဆောင်လိုက်ပြီးလျှင် “ အို ... ဒီလို ဆိုရင် ကျွန်တော် ပင်လယ် ထဲကို ရောက်ဖူးရတာပေါ့ ၊ ဟောဟို စမ်းချောင်း ထဲ ကိုသာ ပစ်မချ လိုက်ပါနှင့် ၊ ကျွန်တော် ရေနစ် မှာ ကို သာ ကြောက်ပါတယ် ” ဟု ပြန်ပြောလိုက်လေ၏ ။ မှော်ဆရာကြီး လည်း ငပိန် မကြောက်၍ သာ ပြောသည် ဟု ထင်ပြီးလျှင် “ ကောင်းပြီ ၊ မင်း ကို ငါ ပင်လယ် ထဲ မပို့ဘူး ၊ ငါ့ အတွက် သံဒယ်အိုးကြီး ထဲမှာ ရေ နဲ့ ရောပြီး ကျိုလိုက်ရမယ် ၊ မင်း ဟာ ဘဲငန်း ဖြစ်လာ တော့မှ မနက်စာ အတွက် ဟင်းချက် စားမယ် ” ဟု ပြောလေ၏ ။ ထိုအခါ ငပိန် က မကြောက်ချင် ယောင် ဆောင်လိုက်ပြန် ပြီးလျှင် “ ဒီလိုဆိုရင် ကျွန်တော် သိပ်ကို ပျော်မှာပဲ ၊ ရေနွေးအိုး ထဲကိုပဲ ဆင်းချင် နေပါတယ် ၊ ကျွန်တော့် ကို ဟင်းချက် လို ကလည်း ချက်လိုက်ပါ ၊ မမှုပါဘူး ၊ ဒါပေမယ့် ဟောဟို စမ်းချောင်း ထဲ သာ ပစ်မချလိုက်ပါနဲ့ ၊ ကျွန်တော် ရေနစ် မှာ ကြောက်ပါတယ် ” ဟု ပြန် ပြောလေ၏ ။ မှော်ဆရာကြီး လည်း ငပိန် မကြောက်ပြန်သည် ကို သိရသော် မင်း က ကြောက် တတ်တဲ့ သူငယ်ကလေး မဟုတ်ဘဲကိုး ။ ဒါဖြင့် မင်း ကို တောနက် ထဲက စုန်းမကြီး မိစိန် ဆီကို ပို့ လိုက်ရမှာပဲ ၊ သူ့ ဆီမှာ မင်း နှစ်တစ်ရာ ပတ်လုံး အစေခံ လုပ်နေပေတော့ ” ဟု ပြောလေ၏ ။ ငပိန် သည် ကြောက် ပင် ကြောက် သော်လည်း မကြောက်ဟန် ဆောင်လိုက်ပြန်ကာ “ အလို ... ကျွန်တော့် ကိုမှ စုန်းမကြီး ဆီ ပို့မယ် ဆိုတော့ အလွန် ဟန်ကျမှာပေါ့ ၊ ကျွန်တော် နှင့် စုန်းမ ဟာ အင်မတန် ခင်မင်ကြပါတယ် ” ဟု ပြန် ပြောလေ၏ ။ မှော်ဆရာကြီး ကလည်း ငပိန် က တကယ် မကြောက်သည် ဟု ထင်မှတ် ပြန်၍ “ ကဲ ... မင်းကို ဖားကလေး ဖြစ်အောင် လုပ်လိုက်မယ် ၊ ပြီးတော့ မြွေမင်းကြီး ဆီကို လွှတ်လိုက်မယ် ၊ မင်း သွားပေတော့ ” ဟု ပြော လေ၏ ။ ငပိန် က လည်း ဟန်မပျက်ပင် “ ဒီလို ဆိုရင် ကောင်းတာပေါ့ ခင်ဗျာ ၊ ဒါပေမယ့် မြွေမင်းကြီး ဆီ ကိုသာ လွှတ်ပါ ၊ ရေထဲ ကိုတော့ ဖြတ် မသွားပါရစေနှင့် ၊ ကျွန်တော် ရေ ကို အင်မတန် ကြောက်ပါတယ်ခင်ဗျာ ၊ ဒီ လိုမှ မဟုတ်ရင် လွတ်ရာကိုပဲ သွားပါရစေ ” ဟု ငိုယို၍ ပြောလေ၏ ။ မှော်ဆရာကြီး လည်း ငပိန် ရေထဲ ကို မဆင်းချင်၍ သာ ငိုယို၍ ပြောနေသည် ဟု ထင်မှတ်လိုက် ပြီးလျှင် အလွန် သဘောကျ စွာဖြင့် “ ကောင်းပြီ ၊ မင်း ရေ ထဲ ကို ဆင်းရမှာ အင်မတန် ကြောက်နေတယ်ဆိုတော့ မင်း မဆင်း ချင်တဲ့ ရေ ထဲ ကိုပဲ လွှတ်လိုက်ရမှာ ပေါ့ကွာ ၊ ကဲ ... သွားပေတော့ ၊ အကောင်ရှုပ်ကလေး ” ဟု ဆို ပြီးလျှင် တဲဘေး က စမ်းချောင်း ထဲ သို့ ပစ်ချ လိုက်လေ၏ ။
ငပိန် လည်း စမ်းချောင်း ထဲ၌ အလွန် ပျော်ရွှင်စွာ ကူးသွားလေ၏ ။ သူသည် သူ့ အစ်ကို များ ဆီသို့ ရောက်သွားလေ၏ ။ သူ့ အစ်ကိုများ က “ ဟေ့ ... ငပိန် ၊ မင်း ကိုယ်မှာ လည်း ပြာနေပါ ကလား ၊ မင်း ဟာ ငါတို့ ပြောတာကို နား မထောင်ဘဲ မှော်ဆရာကြီး ကို သွားပြီး ကျီစားတယ် မဟုတ်လား ၊ ကောင်းတယ် ၊ ကောင်းတယ် ၊ မင်းတော့ နောက်တစ်ခါ သူများ ကို နှောင့်ယှက်ရင် သေဖို့သာ ပြင်ထား ” ဟု ❝ ရေသူရဲလေး ငပိန် ❞
━━━━━━━━━━━━━
နုယဉ်
━━━━━━━━━━━━━
တောထဲ က စမ်းချောင်း ထဲ၌ ရေသရဲများ နေလေသည် ။ ရေသရဲလေး ငပိန် သည် ငထိန် ၊ ငသိန် ၊ ငပိန် တို့ညီအစ်ကို ထဲတွင် အငယ်ဆုံး ဖြစ်လေ၏ ။ သူ သည် အငယ်ဆုံး လည်း ဖြစ် ၍ အလွန် အကျီစား သန်လေ၏ ။ သူ က သူ့ အစ်ကိုများ ကို လိုက် နောက်ပြောင်ကျီစား လေရာ သူ့ အစ်ကိုများ အလွန် စိတ်ရှုပ် ကြရလေသည် ။
တစ်နေ့သ၌ သူ့ အစ်ကို ငထိန် က “ ဟေ့ ... ငပိန် ၊ မင်း က လွန်လွန်းပြီ ၊ တော်ရုံ ကျီစား မှပေါ့ ၊ ငါတို့ အိပ်ရေး ပျက်တယ် ၊ ဘာဖြစ်လို့ သူများတွေ ကို လိုက်နှောင့်ယှက် ချင်ရတာလဲ ၊ မင်း ကို ငါတို့ က ကိုယ့် ညီလေး မို့လို့ သည်းခံရမှာပဲ ၊ ဒါပေမယ့် မင်း တော ထဲ မှာနေတဲ့ မှော်ဆရာကြီး ကို တော့ သွားပြီး မကျီစားလေနှင့် ၊ သူ က မင်း ကို သ,တ်လိမ့်မယ် ၊ ကြားလား ” ဟု ခြိမ်းခြောက်လေ၏ ။ ထိုသို့ သူ့ အစ်ကိုက ပြောလိုက် သော်လည်း ငပိန် က ကြောက်ဖို့ ဝေးစွ ၊ စိတ်ကူး အသစ် ပေါ် လာလေ၏ ။ သူ သည် တော ထဲမှာ နေသော မှော်ဆရာ ထံသို့ သွား၍ ကျီစားမည် ၊ ဘာမျှ ကြောက်စရာ မရှိဟု အကြံ ရလာပြီးလျှင် မှော်ဆရာကြီး နေသော စမ်းချောင်း တစ်ဖက် ရှိ တဲကလေး ဆီ သို့ ကူး လာခဲ့လေ၏ ။
မှော်ဆရာကြီး သည် တော ထဲ တွင် နေ၍ ဆေးအတတ်များ ကို စမ်းသပ် ပြုလုပ် နေ လေ၏ ။ ငပိန် သည် မှော်ဆရာကြီး ၏ တဲနား သို့ ရောက်သော အခါ အပြင်ဘက် မှ နေ၍ ချောင်း ကြည့် လေ၏ ။ မှော်ဆရာကြီး သည် ဆေးရည်အိုးကြီး တစ်အိုးကို ရှေ့တွင် ထားကာ ပါးစပ် မှ တတွတ်တွတ် ရွတ်ဆို နေသည်ကို မြင်ရလေ၏ ။ သူ သည် ပြတင်းပေါက် မှ ချောင်းကြည့် နေစဉ် မှော်ဆရာကြီး သူ့ ဘက်သို့ လှည့် လာသော အခါ၌ အမှတ်မဲ့ ခေါင်း ကို အောက်သို့ ငုံ့ကာ ပုန်းနေ လိုက်လေ၏ ။ သူ သည် မှော်ဆရာကြီး ကို ဘယ်ကဲ့သို့ ကျီစားရပါမည်နည်း ဟု စဉ်းစား နေလေ ၏ ။ မှော်ဆရာကြီး လည်း သူ၏ ဆေးအိုးကြီးကို ခဏ ချလိုက်ပြီးလျှင် သူ မွေးထားသော ကြောင် နက်ကြီးရွှေနီ ကို လိုက်၍ ရှာနေလေ၏ ။ မှော်ဆရာကြီး က “ ဟဲ့ ... ရွှေနီ ၊ လာစမ်းဟဲ့ ၊ ရွှေနီရေ ၊ အေရွှေနီ ” ဟု လှမ်း အော်၍ ခေါ်နေစဉ် ငပိန် သည် တဲနောက်ဖေးမှ ကွေ့၍ ထွက်လာခဲ့လေ၏ ။ သူ သည် စမ်းချောင်း ဘက်သို့ လာ၍ ချက်ချင်း လူယောင် ဖန်ဆင်းလိုက်ပြီးလျှင် ဈေးဆီသို့ ပြေး သွားလေ၏ ။ ဈေးထဲ မှ ငပိန်သည် ငြုပ်ကောင်းမှုန့် တစ်ထုပ် ဝယ်ခဲ့ ပြီးနောက် မှော်ဆရာကြီး ၏ တဲသို့ ပြန် လာလေ၏ ။ မှော်ဆရာကြီး သည် သူ ၏ ကြောင်ကြီးရွှေနီ ကို လိုက်၍ ရှာနေဆဲဖြစ် သည်ကို တွေ့ရလေ၏ ။
ငပိန် လည်း သူ ယူလာသော ငြုပ်ကောင်းမှုန့်ထုပ် ကို ဖြေပြီးလျှင် မှော်ဆရာကြီး စီရင် နေသော ဆေးရည်အိုးကြီး ထဲသို့ လောင်းထည့် လိုက်လေ၏ ။ သူ သည် ပြတင်းပေါက် အပြင် ဘက်မှ နေ၍ စောင့်ကြည့် နေလေ၏ ။ သူ လောင်းထည့်လိုက်သော ဆေးရည်အိုးကြီး မှာ အရည် များ ဆူဝေ လာပြီးလျှင် ကျယ်လောင်သော အသံကြီးတစ်သံ မြည်ဟီးလာလေ၏ ။ ထို အသံကြီး ကြောင့် မှော်ဆရာကြီး က လှည့်၍ ကြည့်လိုက်သော အခါ သူ၏ ဆေးရည်အိုးကြီး ဝေကျ နေ သည်ကို မြင်ရလေ၏ ။ ထိုအခါ မှော်ဆရာကြီး သည် ကြောက်လန့်စွာဖြင့် “ အမယ်လေး ... ငါ့ ဆေးရည်အိုးကြီး ပျက်စီး သွားပါပြီ ၊ ဒီ ဆေးရည်ကို ငါ လေးလလုံးလုံး စီရင်ခဲ့ရတာ ၊ ဘယ်သူများ လာပြီး နှောင့်ယှက်ပါလိမ့် ” ဟု ဆိုရင်း ဟိုကြည့် သည်ကြည့် လိုက်၍ ကြည့် နေလေ၏ ။ ငပိန် လည်း သူ ကျီစားလိုက်သောကြောင့် မှော်ဆရာကြီး ဒုက္ခ တွေ့နေသည်ကို အလွန် သဘောကျ စွာဖြင့် အပြင်ဘက် မှ ပုန်းကာ ရယ်မော နေလေ၏ ။ မှော်ဆရာကြီး လည်း မည်သူ့ကို မျှ မမြင်ရ သဖြင့် သူ့ ဆေးရည်အိုးကြီး ဘက်သို့ လှည့်ကာ “ ကဲ ... မင်းကို ငါ ဘယ်လိုမှ အသုံးချလို့ ရမှာ မဟုတ်ဘူး ၊ သွန်ပစ်ရမှာပဲ ” ဟု ဆိုပြီးလျှင် ဆေးရည်အိုးကြီး ကို ပြတင်းပေါက် မှ အပြင်ဘက် သို့ သွန်ပစ်လိုက်လေ၏ ။ ထိုအခါ အပြင်ဘက်၌ ပုန်း၍ ရယ်မောနေသော ငပိန် ကို ဆေးရည်များ ထိကာ စိုရွှဲကုန်လေ၏ ။ ဆေးရည်များ စိုသောကြောင့် ငပိန် သည် တစ်ကိုယ်လုံး မဲနယ် ဆိုးထား သကဲ့သို့ ပြာ သွားလေ၏ ။ ငပိန် လည်း ရုတ်တရက် အံ့အားသင့်ပြီးလျှင် “ အမယ်လေးဗျ ” ဟုဟစ် အော်လိုက်မိလေ၏ ။ ထို အော်သံကြောင့် မှော်ဆရာကြီး သိရကာ အပြင်ဘက် သို့ ပြတင်းပေါက် မှ ခေါင်းပြူ၍ ကြည့်လိုက်လေ၏ ။ မှော်ဆရာကြီး သည် ပုန်းနေသော ငပိန် ကို မြင်ရလေ၏ ။ ငပိန့် တစ်ကိုယ်လုံး မှာဆေးရည်များ ထိသောကြောင့် ပြာနှမ်းနေသည်ကို မြင်ရသောအခါ မှော်ဆရာ ကြီး သည် စိတ်ဆိုးမာန်ဆိုး ဖြင့် ငပိန် ကို လက်ဖြင့် လှမ်းဆွဲလိုက်လေ၏ ။
မှော်ဆရာကြီး က ငပိန် ကို “ ကြည့်စမ်း ၊ ငါ့ ဆေးရည်အိုးကြီး ထဲမှာ ဘာတွေ လာပြီး ထည့်လိုက်တယ် မသိဘူး ၊ အခုမှ မိတော့တယ် ၊ မင်း နာမည် ဘယ်သူတုန်း ” ဟု မေးလိုက်လေ၏ ။ ငပိန် က “ ကျွန်တော့် နာမည် ငပိန် ပါ ” ဟု ပြန်ပြောလေ၏ ။ မှော်ဆရာကြီး ကလည်း ငပိန် အား “ အေး... မင်း နာမည်ကို ငါ ကြားဖူးတယ် ၊ မင်း ဟာ အင်မတန် နှောင့်ယှက်တတ်တဲ့ကောင်လေး ပဲ ၊ အေး ... မင်း ဒီတစ်ခါ သူများကို နှောင့်ယှက်တာဟာ နောက်ဆုံးပဲ မှတ်လိုက်ပါ ၊ အခု မင်း ကို ငါ ပင်လယ် ထဲ က နဂါးမင်းကြီး ဆီကို ပို့ လိုက်မယ် ” ဟု ပြောလေ၏ ။ ငပိန် လည်း အလွန် ကြောက် လန့်သွားလေ၏ ။ သို့ရာတွင် ငပိန် က မကြောက်ချင် ယောင် ဆောင်လိုက်ပြီးလျှင် “ အို ... ဒီလို ဆိုရင် ကျွန်တော် ပင်လယ် ထဲကို ရောက်ဖူးရတာပေါ့ ၊ ဟောဟို စမ်းချောင်း ထဲ ကိုသာ ပစ်မချ လိုက်ပါနှင့် ၊ ကျွန်တော် ရေနစ် မှာ ကို သာ ကြောက်ပါတယ် ” ဟု ပြန်ပြောလိုက်လေ၏ ။ မှော်ဆရာကြီး လည်း ငပိန် မကြောက်၍ သာ ပြောသည် ဟု ထင်ပြီးလျှင် “ ကောင်းပြီ ၊ မင်း ကို ငါ ပင်လယ် ထဲ မပို့ဘူး ၊ ငါ့ အတွက် သံဒယ်အိုးကြီး ထဲမှာ ရေနဲ့ ရောပြီး ကျိုလိုက်ရမယ် ၊ မင်း ဟာ ဘဲငန်း ဖြစ်လာ တော့မှ မနက်စာ အတွက် ဟင်းချက် စားမယ် ” ဟု ပြောလေ၏ ။ ထိုအခါ ငပိန် က မကြောက်ချင် ယောင် ဆောင်လိုက်ပြန် ပြီးလျှင် “ ဒီလိုဆိုရင် ကျွန်တော် သိပ်ကို ပျော်မှာပဲ ၊ ရေနွေးအိုး ထဲကိုပဲ ဆင်းချင် နေပါတယ် ၊ ကျွန်တော့် ကို ဟင်းချက် လို ကလည်း ချက်လိုက်ပါ ၊ မမှုပါဘူး ၊ ဒါပေမယ့် ဟောဟို စမ်းချောင်း ထဲ သာ ပစ်မချလိုက်ပါနဲ့ ၊ ကျွန်တော် ရေနစ် မှာ ကြောက်ပါတယ် ” ဟု ပြန် ပြောလေ၏ ။ မှော်ဆရာကြီး လည်း ငပိန် မကြောက်ပြန်သည် ကို သိရသော် မင်း က ကြောက် တတ်တဲ့ သူငယ်ကလေး မဟုတ်ဘဲကိုး ။ ဒါဖြင့် မင်း ကို တောနက် ထဲက စုန်းမကြီး မိစိန် ဆီကို ပို့ လိုက်ရမှာပဲ ၊ သူ့ ဆီမှာ မင်း နှစ်တစ်ရာ ပတ်လုံး အစေခံ လုပ်နေပေတော့ ” ဟု ပြောလေ၏ ။ ငပိန် သည် ကြောက် ပင် ကြောက် သော်လည်း မကြောက်ဟန် ဆောင်လိုက်ပြန်ကာ “ အလို ... ကျွန်တော့် ကိုမှ စုန်းမကြီး ဆီ ပို့မယ် ဆိုတော့ အလွန် ဟန်ကျမှာပေါ့ ၊ ကျွန်တော် နှင့် စုန်းမ ဟာ အင်မတန် ခင်မင်ကြပါတယ် ” ဟု ပြန် ပြောလေ၏ ။ မှော်ဆရာကြီး ကလည်း ငပိန် က တကယ် မကြောက်သည် ဟု ထင်မှတ် ပြန်၍ “ ကဲ ... မင်းကို ဖားကလေး ဖြစ်အောင် လုပ်လိုက်မယ် ၊ ပြီးတော့ မြွေမင်းကြီး ဆီကို လွှတ်လိုက်မယ် ၊ မင်း သွားပေတော့ ” ဟု ပြော လေ၏ ။ ငပိန် က လည်း ဟန်မပျက်ပင် “ ဒီလို ဆိုရင် ကောင်းတာပေါ့ ခင်ဗျာ ၊ ဒါပေမယ့် မြွေမင်းကြီး ဆီ ကိုသာ လွှတ်ပါ ၊ ရေထဲ ကိုတော့ ဖြတ် မသွားပါရစေနှင့် ၊ ကျွန်တော် ရေ ကို အင်မတန် ကြောက်ပါတယ်ခင်ဗျာ ၊ ဒီ လိုမှ မဟုတ်ရင် လွတ်ရာကိုပဲ သွားပါရစေ ” ဟု ငိုယို၍ ပြောလေ၏ ။ မှော်ဆရာကြီး လည်း ငပိန် ရေထဲ ကို မဆင်းချင်၍ သာ ငိုယို၍ ပြောနေသည်ဟု ထင်မှတ်လိုက် ပြီးလျှင် အလွန် သဘောကျ စွာဖြင့် “ ကောင်းပြီ ၊ မင်း ရေ ထဲ ကို ဆင်းရမှာ အင်မတန် ကြောက်နေတယ်ဆိုတော့ မင်း မဆင်း ချင်တဲ့ ရေ ထဲ ကိုပဲ လွှတ်လိုက်ရမှာ ပေါ့ကွာ ၊ ကဲ ... သွားပေတော့ ၊ အကောင်ရှုပ်ကလေး ” ဟု ဆို ပြီးလျှင် တဲဘေး က စမ်းချောင်း ထဲသို့ ပစ်ချ လိုက်လေ၏ ။
ငပိန် လည်း စမ်းချောင်း ထဲ၌ အလွန် ပျော်ရွှင်စွာ ကူးသွားလေ၏ ။ သူသည် သူ့ အစ်ကို များ ဆီသို့ ရောက်သွားလေ၏ ။ သူ့ အစ်ကိုများ က “ ဟေ့ ... ငပိန် ၊ မင်း ကိုယ်မှာ လည်း ပြာနေပါ ကလား ၊ မင်း ဟာ ငါတို့ ပြောတာကို နား မထောင်ဘဲ မှော်ဆရာကြီး ကို သွားပြီး ကျီစားတယ် မဟုတ်လား ၊ ကောင်းတယ် ၊ ကောင်းတယ် ၊ မင်းတော့ နောက်တစ်ခါ သူများ ကို နှောင့်ယှက်ရင် သေဖို့သာ ပြင်ထား ” ဟု အပြစ် ဆိုကြကာ ရေသရဲ ညီအစ်ကိုများ ထဲ မှ ဝိုင်းပယ် လိုက်ကြလေ သတည်း ။
⎕ နုယဉ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ စက်တင်ဘာ
#ကိုအောင်နိုင်ဦး
⎕ နုယဉ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ စက်တင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment