❝ ခံနိုင်ရိုးလားဗျာ ❞
“ မောင်ချမ်းသာ ရေ မောင်ချမ်းသာ ဟေ့ မောင်ချမ်းသာ မောင်ချမ်းသာ တို့ အိမ် ဘယ်နားမှာလဲဗျို့ ”
၁၉ရဝ ပြည့်နှစ် အောက်တိုဘာလ ပထမပတ် တစ်နေ့သော နံနက်ခင်း ၄ : ၀၀ နာရီ ကျော်ကျော် လောက်တွင် အထက်ပါ ခေါ်သံ သည် ကျွန်တော် နေထိုင်ရာ ကြည့်မြင်တိုင် ငြိမ်းချမ်းရေး ရပ်ကွက်ကလေး ထဲ တွင် ပွက်လောရိုက် သွားလေတော့၏ ။
“ ဦးလေး ရေ ၊ ကျွန်တော် ဒီမှာဗျို့ ၊ ဒီကို ဒီကို ”
အသံ ကို မှတ်မိ၏ ။ ကျွန်တော့် ဦးလေး ဦးထောင် ၏ အသံ ။
အိပ်ရာ ထဲ မှ လူးလဲ ထ ၊ ကဗျာကယာ ထွက်ကြို ။
“ ဦးလေးရယ် တိုးတိုး လုပ်ပါ ၊ သူများတွေ အိပ်ကြတုန်း ”
“ တတ်နိုင်ဘူးကွာ ၊ မင်း ဘယ်နား နေမှန်း မှ မသိတာကြီးကို ”
ဦးလေးထောင် သည် အောင်လံမြို့ အရှေ့ဘက် ဆတ်ဆူရွာ မှ ကျွန်တော် နေရာ ရန်ကုန် သို့ လိုက်လာခြင်း ဖြစ်ပါ၏ ။ ပြည် မှ မီးရထား စီး ၊ ကြည့်မြင်တိုင် ဘူတာ ဆင်း ၊ ခြေကျင် လျှောက် ၊ ငြိမ်းချမ်းရေးရပ်ကွက် ကလေးသို့ လာခြင်း ဖြစ်ပေ၏ ။ လိပ်စာ အတိအကျ ပေးထားပါ သော်လည်း နံနက်စော မှောင်မှောင်ကြီး ၌ မရှာတတ်၍ အော် ခေါ်နေခြင်း ဖြစ်ပါ၏ ။ ဟို အဝေးကြီး က လှမ်းအော် ခေါ်နေကျ ၊ ကျွန်တော် တို့ တောသား သဘာဝ ။
သူ့ ချည်း တစ်ယောက် တည်း မဟုတ် ။ ကျွန်တော့် အစ်ကို ကိုကြီး နှင့် သူ့ ဇနီး မစိန်အိ တို့ လည်း ပါလာလေ၏ ။ ဦးလေး က ရန်ကုန် သို့ တစ်ခေါက် ရောက်ဖူး၏ ။ ဒါကြောင့် သူ က ဆရာ လုပ်လာခဲ့ခြင်း ပေတည်း ။
သူတို့ အိမ် ပေါ် ရောက် ၊ ထွေရာလေးပါး ပြော ၊ တော်ကြာ မိုးလင်း သွား ။
••••••••••
“ ကဲ အစ်မကြီး နေရာလေး ပေးနော် ဆန်ကော တစ်ချပ်စာ နေရာ ရ တော်ပါပြီ ။ သူ ပဲ ဈေးရောင်းမယ့် လူ ၊ အခု မနက် မှ အောင်လံ က ရောက်လာတာ ”
“ ရပါတယ် မောင် ၊ ဘယ်နေ့ ဈေးထွက် မှာလဲ ”
“ နက်ဖြန် ”
ငြိမ်းချမ်းရေး ရပ်ကွက် ကလေးနဲ့ မလှမ်းမကမ်း မှာ ကြည့်မြင်တိုင် နံနက် ဈေးတန်းကလေး ရှိတယ် ခင်ဗျာ ၊ အဲသည် ဈေးကလေး က ကျွန်တော် ဝယ်နေကျ ပဲပြုတ်သည်မကြီး ကို စကားဆက် ပြီးသာ ။ တော က ကျွန်တော့် အစ်ကို လိုက်လာမယ် ၊ ဈေးရောင်းမယ် သူ့ ဘေးနားမှာ နေရာ ပေးပါ ၊ ပြောပြီးသား ခင်ဗျာ ။
“ ပိုက်ဆံ ဘယ်လောက် ပါခဲ့တုံး ”
“ ၃၄၅ ကျပ် ပါတယ် ”
“ ဟာ ဒါဆို ရင်း လောက်ပါတယ်ကွာ ၊ လာ သွားစို့ ၊ ဒီနေ့ ရုံးပိတ်တာ နဲ့ အတော်ပဲ ”
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ က တနင်္ဂနွေနေ့ ဗျာ ၊ ကျွန်တော် ရုံး မတက်ရဘူး ။
ညီ အစ်ကို နှစ်ယောက် ဘတ်စ်ကားစီး ၊ လူ တစ်ယောက် ဆယ်ပြား ၊ ညောင်ပင်လေးဈေး မှာ ဆင်း ။
ပထမနေ့ ရောင်း စမ်း ကြည့်ရမှာ ၊ အများကြီး ဝယ်လို့ မဖြစ်သေး ။
ကြက်သွန်နီ ငါးပိသာ ၊ ကြက်သွန်ဖြူ ငါးပိဿာ ၊ ပုစွန်ခြောက် ၂၅ကျပ်သား ။
“ တို့ ဒီလောက်ပဲ ဝယ်ပြီး အစမ်း ရောင်းကြည့် ကြရအောင် ”
နောက်နေ့ နံနက်စောစော ကလေး ၊ ဈေးလေး သို့ ခြေကျင် လျှောက် ၊ ပဲပြုတ်သည်မကြီး ဘေးမှာ လူ တစ်ထိုင်စာ နေရာ ကုန်ကလေးတွေ ပုံရောင်း ။
“ ဘယ်လိုလဲဟေ့ အဆင်ပြေ ပုံပဲလား ”
ညနေ ကျွန်တော် ရုံး မှ ပြန်ရောက် အစ်ကို့ ကို မေး
“ ဘယ် သိဦးမှာလဲကွာ ၊ ခုမှ အစ ရှိသေးတာပဲ ”
“ အေး ဟုတ်တာပေါ့ကွ ”
မနေ့က ဝယ်ခဲ့သော ကုန် ကလေးများ ကို ကြည့် ၊ နည်းနည်းစီ ပဲ ကျန်တော့ ။ အမယ် ငါ့ လူ ဘယ် ဆိုးလို့တုံး ။ အပြန်အလှန် အားပေး ၊ တစ်ဦး ကို တစ်ဦး ဖေးမ ။
ကျွန်တော့် အစ်ကို က မြို့ ရောက်လာတာ မဟုတ်ဘူး ၊ မြို့တက် ပြေးလာရတာ ခင်ဗျာ့ ။
၁၉၆၈ - ၆၉ ခုနှစ် ကျွန်တော်တို့ ရွာတွေ မှာ ၆၄ လမ်းစဉ် ကျောရိုးတွေ ရွာတွေ ပျက်ကုန်တော့ ။
“ ကဲပါကွာ ၊ ဘယ်နေနေ လုပ်မှ စားရမယ့် အတူတူ ငါ့ ဆီ လိုက်ခဲ့ကွာ ”
သည်လိုနဲ့ ကျွန်တော် အစ်ကို ရောက်ရခြင်း ဖြစ်ပါ၏ ။ ပိုက်ဆံ ၃၄၅ ကျပ် ၊ ခေါင်းအုံး တစ်လုံး ။ စောင် တစ်ထည် ၊ နို့ဆီဘူး နှစ်လုံးဝင် ဒန်အိုးလေး တစ်လုံး သာ ပါခဲ့ပါလေ၏ ။
ကျွန်တော်တို့ လင်မယား ၊ သား မောင်မိုးကျော် မိသားစု သုံးယောက် ငှား နေသော အိမ် တစ်ခြမ်းကလေး ထဲ တွင် ကျွန်တော့ အစ်ကို လင်မယား ကို ထိုးထည့် လိုက်၏ ။
အစ်ကို တို့ လင်မယား သည် နံနက် ဈေး ရောင်း ။ ဈေး သိမ်း တော့ မယား က ထမင်း ချက် ၊ လင် ဖြစ်သူ က ကုန် သွားဝယ် ။
ပထမသော် လင် တစ်ထမ်း မယား တစ်ရွက် ခင်ဗျာ ၊ နောက်တော့ ... ။
သစ်သားလက်တွန်း သုံးဘီးလှည်းကလေး ၉ဝ ကျပ် နဲ့ ဝယ် ၊ လှည်းကလေး နဲ့ သယ် ၊ ဟိုဘက် လှည့် ချဲ့ ၊ သည်ဘက် လှည့် ချဲ့ နဲ့ ဆိုင် နေရာကလေး ကလည်း ကျယ် သွားလေပြီ ။ သူတို့ လည်း မျက်စိ အမြင် ကျယ် သွားလေပြီ ။
ညောင်ပင်လေးဈေး ၊ လမ်းမတော် ပွဲရုံတန်း ၊ ကြည့်မြင်တိုင် ကမ်းနားဈေးကြီး တို့သည် သူတို့ ကျက်စားရာ နေရာများ ဖြစ်လာကြ ကုန်၏ ။
ကြည့်မြင်တိုင် နံနက်ဈေးတန်း ယကလေး မှာ ရောင်းရုံ နှင့် အားမရ ။ ကြည့်မြင်တိုင် ညဈေးတန်း မှာ ပါ ထွက်ကြပြန်လေ၏ ။ နံနက် မှာ ဈေးကလေး ။ ညနေ မှာ ညဈေးတန်း တစ်နေကုန် ရောင်းတော့ ပိုက်ဆံ ပိုရ ။
ကုန် တွေ အရမ်း များလာ သဖြင့် သုံးဘီးလှည်းကလေး ကို ၈၀ ကျပ် နှင့် ရောင်းပစ်ပြီး လေးဘီးလှည်းကြီး ကို ၂၀၀ ကျပ် နှင့် ဝယ်ရ တော့ ၏ ။
၁၉၇၂ ခုနှစ် တွင် အစ်ကို က သူ့ မယား အား နှစ်ကျပ်သား ဆွဲကြိုးကြီး ဝယ် ဆင်နိုင်လေ၏ ။
၁၉၇၃ ခုနှစ် တွင် ညီအစ်ကို နှစ်ယောက် ပေါင်း၍ ကြည့်မြင်တိုင် ၊ ရေတွင်းကုန်း တွင် ကိုယ်ပိုင် အိမ် တစ်လုံး ဝယ်ကြလေ၏ ။ ညဈေးတန်း နဲ့ နီးတော့ ဈေးထွက် ရ လွယ်တာပေါ့ ။
အတင်း နင်းကန် ကုန်းရုန်း စီးပွား ရှာ လေ ရာ အမွဲ သည် ခြေကုန်သုတ် ထွက်ပြေး သွားလေတော့၏ ။ ခံနိုင်ရိုးလား ။
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
11 July 2003
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment