Wednesday, April 19, 2023

ရွှေပြည်တော်သည် ( ၁၀ )


 🔳 ပိန္နဲကွင်းရွာ တွင်


သော်တာစိန် ဓါတ်ပုံ နှင့် ဗိုလ်ဖုန်းလှိုင် လက်နက်ချ ပြီး ၊ မြင့်မြင့် နှင့် လက်ထပ်ပြီ ဆိုသော သတင်းများ ပါသည့် သတင်းစာများ ပိန်းနှဲကွင်းရွာ စာသင်ကျောင်း ရှိ စာကြည့်တိုက် သို့ ရောက် သော အခါ ရွှေဂဲလေး သည် သော်တာစိန် ဓါတ်ပုံ အထင်ရှားဆုံး ပါ သော သတင်းစာ တစ်စောင် ကို ကိုင်ကာ မရည်သန့် ဆီ ပြေး လာ ပြီး လွန်စွာ ကြေကွဲစွာ နှင့် -


“ မမသန့် - မမသန့် ဒါ - နင့် ရည်းစား မဟုတ်လား  ”


သော်တာစိန် နှင့် မြင့်မြင့် လက်ထပ် လက်မှတ် ထိုး နေပုံ ကို ကြည့် ကာ မရည်သန့် မှာ မျက်ရည်များ ပျို့ လာလျက် ... 


“ စာ ထဲ မှာတော့ တောခို လက်နက်ချ ဗိုလ်ဖုန်းလှိုင် လို့ ဆို တာပဲ ... ”


တခဏ အတွင်း ၌ မရည်သန့် သည် သတင်းစာ ကိုင် ၍ သူ့ အိပ် ခန်း ထဲ သို့ ပြေးဝင် သွားကာ အလှပြင် စားပွဲပေါ် ၌ တင် ထားသော သော်တာစိန် ဓါတ်ပုံ နှင့် ယှဉ် ကြည့် ပြန်သည် ။ နောက်မှ ထပ်ချပ် ပါ လာသော ရွှေဂဲကလေး က ..


“ ဟုတ်ပါတယ် ... မမသန့်ရာ ... ဒီ လူ တစ်ယောက် ထဲ ပါ ဘဲ ”


မရည်သန့် သည် ကသာမြို့ ပေါ် မှ တောခို သွားသော ဘလှိုင် ခေါ်  ဗိုလ်ဖုန်းလှိုင် နာမည် ကို ကြားဖူးပါ၏ ။ သို့သော် လူ ကို မူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ ။


မကြာမီ ခဏမှာ ပင် မရည်သန့် အစ်မ မကြည်ခန့် နှင့် သူ့ အစ်မ ပါ ရောက်လာကြ ကာ အမေ က စတင်ပြီး “ ဘယ့်နှယ်တုန်းအေ - ညီး လူ ဟာ ... ”


မကြည်ခန့် “ ဘယ့်နှယ် - စာရေးဆရာ သော်တာစိန် နဲ့ တောခိုသူ ဗိုလ်ဖုန်းလှိုင် က တစ်ယောက် ထဲ ဖြစ်နေရော့ လား ... ” 


မရည်သန့် သည် မျက်နှာ ကို လက်ဝါး နှင့် ပိတ် ငိုကာ - 


“ မသိတော့ဘူး - မသိတော့ဘူး ... ”


အမေ “ မောင်ထွန်းအောင် ညီမ မြင့်မြင့် ဟာ သူ့ ရည်းစား နဲ့ တောခိုရာ ပါ သွားတယ် ဆိုတုန်း ကတော့ ကြားမိ လိုက် ရဲ့”


အစ်မ – “ အဲဒီ မြင့်မြင့် ရည်းစား ဘလှိုင် ဆိုတာ အမေ မြင်ဖူး လား ”


“ မြင်ဖူးပေါင်အေ ... နိုင်ငံရေးတရားတွေ ဟောတယ် လို့ နာမည် ကြားဖူး တာ သာ ရှိခဲ့ပါတယ် ”


ထိုနောက် ခေတ္တ ဆိတ်ငြိမ် နေကြပြီး မှ မကြည်ခန့် က - 


“ နေပါဦး ညီမ - ညီး ဆီ သော်တာစိန် ဆီ က စာတွေ လာတော့ ရန်ကုန် က - ဟုတ်လား ”


မရည်သန့် သည် သူ့ ရည်းစား စာတွေ စာပွဲ ဆွဲအံ ထဲ မှ ဆွဲထုတ် လိုက်ပြီး -


“ ဟုတ်ပါတယ် အစ်မ ရဲ့ - ဟောဒီမှာ .. တံဆိပ်ခေါင်း ပေါ် ရိုက် တဲ့ တံဆိပ်ခေါင်း တွေ ကြည့် - Rangoon , Rangoon ချည်းဘဲ ”


“ တောခို တဲ့ လူ က ကော ရန်ကုန် ရောက် မနေနိုင်ဘူးလား အေ ” 


မရည်သန့် သည် ခေတ္တ စဉ်းစားပြီး -


“ တောခိုတဲ့လူ က တော့ စာရေးဆရာ မဖြစ်နိုင်ပါဘူး မမ ရယ် စာ မရေးတန် ကောင်းဦးတော့ ရေးအား မှာ လား နာမည်ကြီး စာရေးဆရာ တစ်ယောက် ဖြစ်အောင် တရားဝင် ရေးပေးနေနိုင်ခွင့် ရှိ မှာလား ၊ စာအုပ် ထုတ်သူတွေ က သူ စာ ထည့် သုံး နေဝံ့ မှာလား ” 


“ ကဲ - ဒါဖြင့် ညီး စာရေးဆရာ က ညီး ဆီ လာပြီး - မြင့်မြင့် နဲ လက်ထပ် သွားတာကကော ဟင် ”


“ ကျွန်မ ဘာမှ မပြောတတ်တော့ဘူး မမ ရယ် ” 


ဆိုပြီး ထပ် ငို ပြန်တော့သည် ။


အမေ သည် သမီးကလေး ကို သနားစွာ ကြည့်နေလျက် ၊ မောင်ကလေး ရွေဂဲ ပါ မျက်ရည် လည် လာသည် ။

မကြည်ခန့် သည် မကြေမနပ် စိမ်းစိမ်း ကြီး ကြည့်နေရာ မှ တစ်ဖန် -


“ ညီး ဘူတာ သွား ကြို တုန်း က ရထားတွဲ ပေါ် မှာ သူ့ စာအုပ် တစ်အုပ် နဲ့ ညီး ပေးတဲ့ စာ တစ်စောင် ရလာသေးတယ် ဆို ... ”


မရည်သန့် သည် အံဆွဲ တစ်ခုထည်း မှ ဆွဲထုတ်ပြ ပြန်၍ - 


“ ဟောဒီမှာ ကြည့်ပါ မမရယ် - စာ နဲ့ စာအုပ် သာ မက ပါဘူး - သူ့ ရင်ဘတ် မှာ ထိုးလာခဲ့မယ် ဆိုတဲ့ ပန်းနီနီပွင့် ရော ပါ အဲဒီ တွဲ ထဲ က - လွင့်ကျ လာတာ မြင် လို့ ကျွန်မ ကောက်ခဲ့ပါ သေးတယ် ... ”


ဆိုပြီး ပန်းနီနီ ကလေး ပါ တုံရီသော လက် နှင့် ထုတ် ပြ လိုက်သေး၏ ။


“ တော်တော် ကို ရှုပ်တဲ့ ဇာတ်ရှုပ်ဘဲ ” 


ဟု မကြည်ခန့် က ညည်းတွား လိုက်၏ ။


အမေ “ ညီးတို့ ခေတ် ဘဲ ကြံကြံဖန်ဖန် အေ ... လူချင်း မမြင် ဖူးကြသေးဘဲ စာချင်း ၊ ဓါတ်ပုံချင်း နဲ့ ပဲ ရည်းစား ထားကြ သတဲ့ နို့ပြီး နီးနီးနားနား လဲ မဟုတ်ကြ ”


မကြည်ခန့် “ နီးနီးနားနား မဟုတ်ကြလို့ တော်တာပေါ့ အမေ ။ နီးများ နီးရင် ဖြင့် ကိုယ့် အသား ပါ ပါ ပြီးမှ အခု ကိုယ့် အသား မထိမီ သူ့ ဟာ သူ ဖေါက်ပြန် သွား တာ ကိုယ့် ဘက် က ကံ ကောင်း သေးတယ် ဆိုရမယ် ပေါ့ ... ”


အမေ - “ ကဲပါလေ .... ဒီ အခြေ ရောက် မှ တော့ သမီး ဟာတွေ စိတ် ထဲ ဖျောက်ဖျက် ပစ်လိုက်ပါတော့ ” ဟု ဆိုပြီး သားအမိ နှစ်ယောက် ပြန် ထွက် သွားကြသည် ။


မရည်သန့်ကလေး မှာ သော်တာစိန် ပေးသော စာတွေ တစ်ထပ် ကြီး ကိုင် ၊ ချစ်သူ ဓါတ်ပုံ ကို ငိုင် ကြည့် ကာ မျက်ရည်တွေ တတွေ တွေ ဆင်း လျက် -


“ မောင် ... မောင် ... ဘယ်လို ဖြစ်တာလဲ ... ဘယ်လို လုပ် လိုက် တာလဲ ... ဟင် ၊ မောင် ဟာ ဗိုလ်ဘလှိုင် ဆိုတာ ဖြစ် နေရင်လဲ ဒီ ကောင်မလေး ကို အရူး လုပ်ခဲ့တာတွေ လာ ရှင်းလှည့် ပါဦးတော့ လား ... မောင် ရဲ့ ”


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment