Sunday, April 9, 2023

ထွက်ပြေးသော သား


 

❝ ထွက်ပြေးသော သား ❞

ဟိုး ရှေးရှေးတုန်းက နွားတွေ ၊ ဆိတ်တွေ ၊ ဝက်တွေ မွေးမြူပြီး သိပ် ချမ်းသာတဲ့ သူကြွယ်ကြီး တစ်ယောက် ရှိတယ် ။ ဒီ သူကြွယ်ကြီး မှာ သား နှစ်ယောက် ရှိတယ် တဲ့ ။ သားအငယ် ဟာ အင်မတန် ဆိုးတေ တဲ့ သား ဖြစ်ပြီး အကြီး ကတော့ အင်မတန် အကူအညီ ရတဲ့ သား ဖြစ် သတဲ့ ။ သား အငယ်ကောင် က တော့ အိမ် က အလုပ် ကို ဘာမှ မလုပ်တဲ့ အပြင် အဝတ်အစား ဆိုလည်း ကောင်းကောင်း ဝတ် ၊ အစားအသောက် ဆိုလည်း ကောင်းကောင်း စား နေချင် သတဲ့ ။ သူ လိုချင်တဲ့ ပစ္စည်း ဆိုရင် ချက်ချင်း ရ မှ ကြိုက် သတဲ့ ကွယ် ။

တစ်နေ့ ကျ တော့ သူကြွယ်ကြီး ဟာ သူ့ သား နှစ်ယောက် ကို ခေါ်ပြီး “ ငါ့ သားများ ၊ ငါ မသေမီ တစ်နေ့ နေ့ မှာ ငါ့ မှာ ရှိတဲ့ ရွှေငွေပစ္စည်း မှန်သမျှတွေ မင်းတို့ နှစ်ယောက် အား ညီတူ ညီမျှ ရကြအောင် မျှဝေ ပေးခဲ့မယ် ” လို့ ပြော သတဲ့ ။ ဒီလို သူကြွယ်ကြီး က ပြောတော့ သားအငယ် ဟာ သူ ရမယ့် ရွှေငွေ တွေ ကို ချက်ချင်း လိုချင်တဲ့ စိတ် ပေါ်လာပြီး “ အဖေ ကျွန်တော် ရမယ့် ဝေစု ကို အခုပဲ ခွဲဝေ ပေးပေတော့ ” လို့ တောင်းဆို သတဲ့ ။ သူကြွယ်ကြီး က လည်း သူ့ သား ကို ယခု မယူရန် အကြောင်း အမျိုးမျိုး ပြပြီး ဆုံးမ သတဲ့ ။ ဒါပေမယ့် သားငယ် ဟာ သူ့ အဖေ ရဲ့စကား ကို နား မထောင်ဘဲ သူ ရမယ့် ဝေစု ကို အတင်း သာ တောင်း တော့တာပေါ့လေ ။ နောက်ဆုံးကျတော့ သူကြွယ်ကြီး ဟာ လက်လျှော့ ပြီး သူ့ မှာရှိတဲ့ ရွှေငွေ တွေ ကို အပုံ နှစ်ပုံ ခွဲဝေပြီး သားငယ် ကို ပေးလိုက်ရ သတဲ့ ။

အဲဒီလို ရွှေငွေတွေ ကို ခွဲဝေ ပေးပြီး လို့ မကြာမီ ည တစ်ည မှာ သားငယ် ဟာ အိမ်သားတွေ မသိအောင် သူ ရထားတဲ့ ရွှေငွေတွေ ကို ယူပြီး တိတ်တဆိတ် အိမ် က ထွက်ပြေး သွား သတဲ့ ။

နောက် တစ်နေ့ မနက် ကျ တော့ သူ ဟာ သူ နေတဲ့ မြို့ နဲ့ သိပ် မဝေးတဲ့ မြို့ တစ်မြို့ ကို ရောက် သွားတယ် ။ ဒီ မြို့ထဲ က ဈေး မှာပဲ ၊ သူ့ ဖို့ အဖိုးတန် တဲ့ အဝတ် နဲ့ အင်မတန် မြန် တဲ့ မြင်းကြီး တစ်ကောင် ကို ဝယ် လိုက် သတဲ့ ။ မြန် တဲ့ မြင်း ကို ဝယ်တာ က တော့ အိမ် က လူတွေ သူ့ နောက် ကို မီအောင် လိုက်ပြီး အိမ် ကို ပြန် မခေါ်နိုင်အောင်ပေါ့လေ ။

သူ ဟာ ဝယ်လာတဲ့ မြင်းကြီး ကို စီးပြီး ထွက်လာ လိုက်တာ ခရီး မိုင်ပေါင်း အများကြီး ဝေး ပြီး သူ့ ကို မသိတဲ့ မြို့ကြီး တစ်မြို့ ကို ရောက်သွား သတဲ့ ကွယ် ။ ဒီ မြို့ မှာ ပဲ ကြီးကျယ်ခံ့ညား တဲ့ အိမ်ကြီး တစ်အိမ် ကို ဝယ် ပြီးတော့ ဒီ အိမ်ကြီး နဲ့ လိုက်အောင် လည်း အဖိုးတန် တဲ့ အင်္ကျီအဝတ် အစားတွေ နဲ့ အဖိုးတန် အိမ်သုံးပစ္စည်းတွေ ကို ဝယ်ပြီး စတိုင်ကျကျ နေထိုင်ပြီး သိပ် ချမ်းသာတဲ့ သူကြွယ်ကြီး ဂိုက် ကို ဖမ်းနေတာ ပေါ့ ။

ဒီလို သူကြွယ် ဂိုက် ဖမ်း နေရုံတွင် မကဘူး ။ နောက်တော့ သူ့ ကို အရပ် က အထင် ကြီး အောင် မိတ်ဆွေသစ် တွေ ရှာ ပြီး အိမ်ကြီး မှာ နေ့စဉ် ရက်ဆက် ပျော်ပွဲကြီးတွေ ကိုပေးပြီး နေတာပေါ့ ။ သူ့ မိတ်ဆွေတွေ က လည်း သူ့ ကို သူကြွယ်ကြီး ၊ သူဌေးကြီး လို့ ခေါ်ပြီး ဝိုင်း မြှောက်ကာ ညာစား ကြတာပေါ့လေ ။ သူ က လည်း ဒီလို ဝိုင်း မြှောက်နေတာ ကို သဘော အကျကြီး ကျပြီး ပျော် တပြုံးပြုံး ၊ မော် မဆုံး ဖြစ်နေလိုက်တာ ၊ သူ့ အဖေ နဲ့ အစ်ကိုကြီး တောင် သတိ မရရှာဘူး တဲ့ ။

ဒီလိုနဲ့ ငွေ ရအောင်တော့ မရှာဘဲ သုံးဖြုန်း နေ လိုက်တာ တစ်နေ့ကျတော့ သူ ဟာ ငွေတွေ ထားတဲ့ သေတ္တာကြီး ကို ဖွင့် ငွေ ထည့် တဲ့ အိတ်တွေ ကို ကြည့် တော့ ငွေစ ဟာ တစ်ပြား တစ်ချပ် မှ မရှိတော့ ဘဲ ကုန်နေတာ ကို တွေ့ရတော့တာပေါ့ ။ ဒီတော့မှ “ ငါ ငွေ ဘယ်က ရှာရပါမလဲ ” လို့ သူ့ ခေါင်း ထဲ မှာ စဉ်းစားမိ လာတော့ သတဲ့ ။ ဒါပေမယ့် ဘယ်တုန်း က မှ ငွေ ကို မရှာဖူးခဲ့တော့ ဘယ်လို ရှာရမယ် ဆိုတာ မသိအောင် ဖြစ်ခဲ့တာလေ ။ နောက်ဆုံး မကြံတတ်တော့ မှ သူ့ မှာ ရှိတဲ့ အဖိုးတန် ပစ္စည်းတွေ ကို ပြန် ရောင်းပြီး စားသောက် နေလိုက် တာ နောက်ဆုံး သူ့ မှာ ဘာမှ မရှိတော့ဘဲ အဝတ် တစ်ထည် ကိုယ် တစ်ခု ပဲ ကျန်တော့ ရှာ သတဲ့ ။

သူ လည်း ဒီလို ဆင်းရဲ သွား ရော ။ သူ့ ကို မြှောက် ပြီး စားသောက် နေတဲ့ မိတ်ဆွေတွေ ဟာ တစ်ခါ ထဲ သူ့ ကို အသိအကျွမ်း မလုပ်တော့ဘဲ ရှောင် နေကြတော့ သတဲ့ ။ သူ လည်း ပဲ စားဖို့ သောက်ဖို့ မရှိတဲ့ အဆုံး လယ်သမား တစ်ဦး ထံ မှာ သွားပြီး အစာ တောင်း ရှာ သတဲ့ ။ လယ်သမားကြီး က လည်း “ ငါ တော့ မင်း ကို ထမင်း တော့ ကျွေး မထားနိုင်ဘူး ။ ငါ့ မှာ ရှိတဲ့ ဝက်တွေ ကိုကျောင်း ရင်း ဝက်တွေ ကို ကျွေး တဲ့ ဝက်စာ ကို စား နိုင်ရင် တော့ ငါ့ ဝက်တွေ ကို ကျောင်းပေတော့ ” လို့ ပြော သတဲ့ ။ သူ့ မှာ ဒီ့ပြင် ဘာမှ မလုပ်တတ်တော့ ဒီ အလုပ် ကို လက်ခံ လိုက်ရတော့တာပေါ့ ။

ဒါနဲ့ သူ ဟာ ဝက်တွေ ကို ကျောင်း ရင်း ဝက်တွေ စား တဲ့ ဝက်စာ ကို စား မလို့ ကြည့် လိုက်ပြီး စား ရမှာ ရွံ့ရှာတာပေါ့ကွယ် ။ ဒါပေမယ့် အစားအစာ က မစား ရ တာ ကြာ တော့ ဒီ ဝက်စာ ကို ပဲ မျက်စိ မှိတ်ပြီး စားရ သတဲ့ ။ ဒီတော့မှ ပဲ သူ ဟာ သူ့ အဖေ နဲ့  နေစဉ် က ကောင်းကောင်း စား ရတာတွေ ပြန် သတိ ရပြီး “ ငါ့ အဖေ့ စကား နား မထောင်မိ လို့ ခုလို ဒုက္ခ ရောက် ရတာပဲ ” လို့ နောင်တ ကြီးစွာ ရပြီး အိမ် ကို ပြန်ချင်တဲ့ စိတ် တွေ ပေါ်လာတယ် ။ အိမ် ကို ပြန်လို့ ရောက် လျှင် သူ့ အဖေ ကို လည်း “ အဖေ ... ကျွန်တော် ဟာ သဝန်တို တဲ့ သားမိုက် သာ ဖြစ်ပါတယ် ။ ကျွန်တော် ဟာ အဖေ ရဲ့ သား လို့ တောင် အခေါ်  မခံထိုက်တော့ပါဘူး ။ ဒါပေမယ့် အဖေ ရဲ့ လယ် ထဲ မှာ အခိုင်းအစေ ဘဝ နဲ့ သာ နေခွင့်ပြုပါတော့ ” လို့ တောင်းပန် ဝန်ချမယ် လို့ ဆိုပြီး စိတ် ကို ဆုံးဖြတ် လိုက်တယ် တဲ့ ။ ဒီလို စိတ် ကို ဆုံးဖြတ်ပြီး တော့ သူ ကျောင်း ရတဲ့ ဝက်တွေ ကို ပြန်အပ် ပြီး သူ့ အိမ် ကို ပြန် သတဲ့ ။ ထွက်လာတုန်း ကတော့ မြင်းကြီး စီး လာ ရလို့ မပင်ပန်းပဲ နဲ့ မြန်မြန် သွားလာ နိုင် ပေမယ့် ခုတော့ အင်မတန် ဝေးကွာ တဲ့ ခရီး ကို ပင်ပန်းကြီးစွာ နဲ့ ခြေလျင် လျှောက် ပြန် ရ တော့တာပေါ့ ကွယ် ။ ဒါပေမယ့် နောက်ဆုံး သူ ဟာ သူ့ အဖေ နေတဲ့ မြို့ ကို ပြန် ရောက်တာပေါ့လေ ။

အိမ်နား ရောက်တယ် ဆိုရင် ပဲ သူ့ ခြေတွေ ဟာ သွက် လာပြီး အိမ် ကို အမြန် ရောက်အောင် ပြေး သွား သတဲ့ ။ သူ့ အိမ် ရဲ့ ခြံဝ နား ရောက် တော့ သူ့ အဖေ ကို တွေ့ရ သတဲ့ ။ သူ့ အဖေ က လည်း သူ့ ထံ ကို ပြေးလာ နေ သတဲ့ ။ အဖေ ဟာ သား ရဲ့ ပခုံး နှစ်ဖက် ကို ဖက်ပြီး မဝ သော နမ်းခြင်း နဲ့ အားရပါးရ ဖက်ပြီး နမ်း သတဲ့ ။ ဒီတော့ မှ သားငယ် ဟာ သူ့ အဖေ ဟာ သူ့ လို မိုက်တဲ့ သား ကို တောင် ချစ်ရှာတယ် ဆိုပြီး သိပြီး ဝမ်းနည်းပြီး ငိုရင်း နဲ့  “ အဖေ ကျွန်တော် ဟာ သဝန် တို တဲ့ သားမိုက် သာ ဖြစ်တယ် ။ ကျွန်တော် ဟာ အဖေ ရဲ့ သား လို့ တောင် အခေါ်ခံ မထိုက်တော့ပါဘူး ။ အဖေ ရဲ့ လယ် ထဲ မှာ အခိုင်းအစေ ဘဝ နဲ့ သာ နေခွင့် ပြုပါတော့ ” လို့ ပြော လိုက်တယ် ။ အဖေ ဟာ သူ့ သား ကို ဖက်ထား ရာ က အိမ် မှာ ရှိတဲ့ အခိုင်းအစေတွေ ကို ခေါ်ပြီး သူ့ သား ပြန်လာပြီ ဆိုတဲ့ အကြောင်း ကို အော် ပြီး ပြော သတဲ့ ။ အိမ် မှာ ရှိတဲ့ လူတွေ ဟာ တစ်ခါတည်း သားငယ် နဲ့ အဖေ့ နား မှာ ဝိုင်းလာကြ သတဲ့ ။ ဒီတော့မှ သူကြွယ်ကြီး က “ ငါ့ သား ကို အဝတ်ကောင်းများ အမြန် ဝတ်ပေးပါ ” လို့ ခိုင်းစေ လိုက် သတဲ့ ။ ခဏချင်းပဲ သားငယ် မှာ အဝတ်အစားကောင်းတွေ ဝတ်ပြီးသား ဖြစ်သွား သတဲ့ ။

သူကြွယ်ကြီး ဟာ သူ့ သားငယ် ကို စိုက်ကြည့် နေရင်း သူ့ သားငယ် ဟာ အစာအာဟာရ နဲ့ အချိန် ကြာမြင့်စွာ ကင်းဝေး ခဲ့၍ ပိန် နေတာ တွေ့ ရတော့ အိမ်သားတွေ ကို ခေါ်ပြန်ပြီး “ ငါ့ သား စားဖို့ အကောင်းဆုံး အစားအသောက်များ ကို ယူခဲ့ကြပါ ။ ငါ့ သား ပြန်လာတဲ့ အထိမ်းအမှတ် နဲ့ သင် တို့ ပါ ပျော်ပျော်ပါးပါး စားကြသောက်ကြပါလော့ ” လို့ အမိန့် ပေး လိုက် သတဲ့ ။ အိမ် ထဲ မှ စားကြ သောက်ကြ နဲ့ ခက်ရင်းသံ ၊ ဇွန်းသံ ၊ ပန်းကန်သံ ၊ ရယ်သံ ၊ မောသံတွေ နဲ့ ဆူညံ သွားတာ ပေါ့ လေ ။

ညနေ စောင်း တော့ သား အကြီး ဟာ လယ် ထဲ က ပြန် လာ တော့ အိမ် ထဲ မှာ ရယ်သံ မောသံ သီချင်းဆိုသံ တွေ ကြားပြီး အိမ် တံခါးပေါက် တွေ မှာလည်း မီးတွေ ထိန်ထိန် လင်း နေလာ တွေ့ ရ တော့ အံ့ဩ သွား သတဲ့ ။ ဘာကြောင့်လည်း ဆိုတာ သိချင်တာ နဲ့ ခြံ ထဲ က လူ တစ်ယောက် ကို ခေါ်ပြီး မေးတော့ သားငယ် ပြန် လာ လို့ ပျော်ပွဲ ပေးတယ် ဆို တာ သိတော့ ရန်လို စိတ် တွေ ဝင် လာ သတဲ့ ။ “ ငါ ဟာ အဖေ နဲ့ အတူ နေခဲ့တာ ကြာပြီ ။ ငါ့ ကို ဒီလို ပျော်ပွဲမျိုး ဘယ်တုန်း က မှ ငါ့ အဖေ က ငါ့ အတွက် မပေးခဲ့ဘူး ။ ခု သူ့ သား လူဆိုး ငွေဖြုန်းတဲ့ အကောင် ကျ တော့ ပျော်ပွဲ ပေးတယ် ” ဆိုပြီး အိမ် ထဲ မဝင်တော့ဘဲ လယ်တော ထဲ ပြန်သွား သတဲ့ ။

သူကြွယ်ကြီး လည်း သားအကြီး ပြန် မလာသေး လို့ အိမ်ပြင် ထွက် ကြည့် တော့ ခြံ ထဲ က ထွက် သွားတဲ့ သားကြီး ကို တွေ့လို့ ခပ်မြန်မြန် လိုက် သွားပြီး သားကြီး ကို အိမ် ထဲ ဝင်ဖို့ ခေါ်သတဲ့ ။ သားကြီး က လည်း မဝင်လိုကြောင်း ပြောပြီး ငြင်း တာပေါ့လေ ။ ဒီတော့ သူကြွယ်ကြီး က “ ဘာကြောင့် မဝင်လိုတာလဲ ” လို့ မေးတော့ သားကြီးက “ အဖေ ကျွန်တော် ဟာ အဖေ နဲ့ နေခဲ့တာ ကြာပြီ ။ အခုလို ပျော်ပွဲ တစ်ခါဖူး မျှ မပေးဖူးခဲ့ပါ ။ အခု ငွေတွေ ဖြုန်း လို့ ကုန် မှ ပြန် လာတဲ့ သားဆိုး ကျတော့ ပျော်ပွဲ ပေးခဲ့တယ် ။ ဒါကြောင့် ကျွန်တော် မဝင်လိုဘူး ” လို့ ပြောတော့ သူကြွယ်ကြီး ဟာ ဝမ်းနည်း ပြီး သားကြီး ရဲ့ ပခုံး နှစ်ဖက် ကို ကိုင်ပြီး “ ငါ့သား ... မင်း ဘာကြောင့် စိတ်မကောင်း ဖြစ်ရတာလဲ ။ မင်း နဲ့ ငါ နဲ့ ဟာ အတူတကွ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြရတယ် ။ ငါ့ မှာ ရှိတဲ့ ပစ္စည်း ဟာ မင်း ပစ္စည်း ပဲ မဟုတ်လား ။ အခုလည်း ဒို့များ စွန့်လွှတ်ရပြီ ထင် ထားတဲ့ မင်း ရဲ့ ညီငယ် ဟာ ပြန် လာပြီ မဟုတ်လား ။ ဒို့ အတွက် ဘာ လိုသေးသလဲ ။ ဒို့များ နဲ့ ကြာလှစွာ ကင်းကွာ နေတဲ့ မင်း ညီငယ် နဲ့ အတူ ပျော်ပျော်ပါးပါး နေကြရအောင်ကွယ် ” လို့ ပြော သတဲ့ ။ ဒီတော့ မှ သားကြီး ဟာ သူ့ အဖေ စကား ကို နားထောင် ပြီး အိမ် ထဲ ဝင် လို့ သူ့ ညီငယ် နဲ့ အတူတကွ ပျော်ပျော်ပါးပါး စားသောက်ကြ သတဲ့ ... ။

ကဲ ... ကလေးတို့ရေ ... မိဘ ရဲ့ မေတ္တာ ဟာ ဘယ်လောက် ကြီး သလဲ ဆိုရင် သားသမီးတွေ ဟာ ဘယ်လောက်ပဲ မိဘ အပေါ်  မှာ ဆိုးဆိုး အမြဲတမ်း ခွင့်လွှတ်နိုင်တယ် ဆိုတဲ့ ဒီ ပုံကလေး ကို ဖတ်ပြီး မိဘ ရဲ့ စကား ကို နားထောင်ကြပေတော့ကွယ့် ။

◾တင်အေးကြီး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment