🔳 ကျွန်တော်တို့ မြန်မာပြည်
ကျွန်တော်တို့ မြန်မာပြည် သည် အာရှတိုက် အရှေ့တောင်ပိုင်း ဒေသ တွင် နဘေး တိုင်းပြည်ကြီးများ နှင့် စာ လျှင် အလွန်ပင် သေးငယ် သော တိုင်းပြည်ကလေး ဖြစ်သည် ။ လူဦးရေ မှာ လည်း တိုင်းပြည်ကလေး ငယ်သည် နှင့် မမျှအောင် ပင် နည်းလှ ပြန် ပါသည် ။ ယခုအချိန် ပင် အနောက် ဘက် မိတ်ဆွေ နိုင်ငံကြီး က သန်း ၄ဝဝ ၊ အရှေ့ဘက် ပေါက်ဖေါ် နိုင်ငံကြီး က သန်း ၆ဝဝ ကျော် နေသည် ကို ကျွန်တော်တို့ က သန်း ၂၀ မှ ပြူ ခါ စ ။
သို့သော် ဤမျှ ငယ်၍ ဤမျှ လူဦးရေ နည်းခဲ့ သော တိုင်းပြည်ကလေး သည် တစ်ခေတ်တစ်ခါ က မည်မျှ စွာ ခဲ့သည် ကို ကျွန်ုပ်တို့ မြန်မာ ရာဇဝင် ပြန် ကြည့် က သိနိုင်ကြပေသည် ။
အင်္ဂလိပ် သုတေသီ တို့ မှတ်တမ်း တွင် “ မြန်မာလူမျိုး တို့ သည် ရဲရင့်သည် ။ စစ်တိုက် ဝါသနာ ပါသည် ။ စစ်ရေးစစ်ရာ ကျွမ်းကျင်သည် ” ဟု ဆိုကြသည် ။
ယင်းသည်မှာ သူတို့ က မမျှတသော လက်နက် အင်အား ၊ လူ အင်အားဖြင့် မဟာဗန္ဓုလ တပ် တစ်တပ် ကို တစ်ပွဲ တစ်လမ်း အကဲစမ်း ရုံ နှင့် မှတ်တမ်း တင်ခြင်း ဖြစ်သည် ။ မြန်မာရာဇဝင် အဆက်ဆက် လေ့လာ ကြည့်မည် ဆိုလျှင် ဥပမာ - မင်းရဲကျော်စွာ ကို သာဓက တင်ပြ လိုသည် ။ ၁၃ နှစ် သား နှင့် အောင်ပွဲ ဆင် ဗိုလ်မှူးချုပ် ဖြစ်သူ ကမ္ဘာ တွင် ရှိ သလော ။
ကျွန်တော်တို့ မြန်မာလူမျိုး သည် လက်နက် ဆန်းဆန်း ပြားပြား နှင့် လူစု အင်အား နှင့် တိုက်သည် ထက် ‘ စီးချင်းထိုး ’ တွင် အားသန်သည် ။ အနော်ရထာ သည် နောင်တော် စုက္ကတေး စီးချင်း ထိုး၍ ၊ ပုဂံခေတ် ကို တည်ထောင် ခဲ့သည် ။ တလိုင်းဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝဘုရင် မင်းခေါင် ၏ စစ်ပွဲ တွင် စီးချင်း ထိုး ၌ မင်းရဲကျော်စွာ သည် တံခွန်စိုက် ( ချန်ပီယံ ) ဖြစ်ခဲ့၏ ။ တလိုင်းဘုရင် ဘက် မှ အဲမွန်တရာ ၊ လကွန်းအိမ် ၊ သမိန်ဘရမ်း တို့ လည်း စွမ်းလှပါ ပေ၏ ။
မင်းရဲကျော်စွာ ကျဆုံးပြီး နောက် တရုတ်စစ်တပ်ကြီး အင်းဝ မြို့အနီး လာရောက် တပ်စွဲလျက် သူတို့ စစ်ဗိုလ်ကြီး နှင့် စီးချင်း ထိုး ၍ အရှုံး အနိုင် ဆုံးဖြတ်မည် ဆိုသောအခါ ထိုစဉ် တွင် အင်းဝ ၌ သုံ့ပန့် ဖြစ် နေသော တလိုင်း သူရဲကောင်း သမိန်ဗရမ်း က အင်းဝ နေပြည်တော် ကို တရုတ် လက် ထဲ မှ ကယ်တင်ခဲ့ ပေသည် ။
အင်္ဂလိပ် သုတေသီ တို့ က မြန်မာလူမျိုး သည် “ စစ်တိုက် ဝါသနာ ပါသည် ” ဟု ဆိုသည် ။ ကျွန်ပ်တို့ စစ်တိုက် ဝါသနာ ပါပုံ မယ်တော့ ဘာမျှ အထူးအထွေ ပြော မနေနှင့် မြန်မာရာဇဝင် ပြန် ကြည့် ၊ အား , အားရှိ စစ်ဘဲ တိုက် နေကြသည် မဟုတ် တုံလော ။ ရှမ်း ၊ ရခိုင် ၊ တလိုင်း စသည့် ကိုယ့် တိုင်းရင်းသားချင်း တိုက်ရ လျှင် တိုက်ရ ၊ ကိုယ့် တိုင်းရင်းသားချင်း စည်းလုံးညီညွတ် ၍ တိုက်စရာ မလိုဘူး ဆိုလျှင် ပြည်ပ သို့ ချီလေပြီ ။ အာသံ မဏိပူရ ၊ တရုတ်ပြည် ၊ ယိုးဒယားပြည် များ သို့ သွား၍ စွာ လေသည် ။
သတိ ။ ကျွန်တော်တို့ လူမျိုး စစ်တိုက် ထွက် သည် ကား နယ်ချဲ့ သွေးစုပ်ရန် မဟုတ် ၊ လူစွမ်း ပြရန် သက်သက်သာ ဖြစ်သည် ။ ‘ မြန်မာလူမျိုးများ သည် အမြင် မကျယ်ခဲ့ကြ ’ ဟု ပြောဆို ခဲ့ကြသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ လူမျိုးကား ကိုယ့် တိုင်းပြည် နှင့် ကိုယ့် ထွက်ကုန် နှင့် အစစ , အရာရာ ဖူလုံ နေတာကဘဲ ၊ ကိုယ့် ထဲ မပြည့်စုံ ၍ တခြား သွား လုယက် တိုက်ခိုက်စရာ မလိုလေတော့ ကျုပ်တို့ က ကမ္ဘာကြီး လုံး ပါတယ် ဆိုပြီး သက်စွန့် ဆံဖျား ခရီး ရှောက် ထွက် မနေ သဖြင့် ကိုယ့် တိုင်းပြည် အပြင် ဘက် လောက အကြောင်း မသိခဲ့ကြတာ ရှက်စရာ လား ။
အမြင်မကျယ် မဖြစ်၍ ကျယ် ရပြီး ၊ သူများ တိုင်းပြည် ကိုလိုနီ လုပ် သွေးစုပ် သူ က ရှက်စရာလား ။
ကမ္ဘာ့ ပညာရှင်ကြီးများ ဆုံးဖြတ်ကြပါခင်ဗျာ ။
မှန်၏ ၊ ချမ်းသာသော မိဘ ၏ သား - ခြေမွေး မီးမလောင် , လက်မွေး မီးမလောင် , ကိုယ့် အိမ်ထောင် ထဲ မှာ ဘဲ ကိုယ် အေးချမ်း စွာ နေ သလို ၊ ကျွန်တော် တို့ မြန်မာလူမျိုးများ ကိုယ့် ပြည် ကိုယ် ပျော် သလို နေခဲ့ကြ စဉ် အင်္ဂလိပ် နယ်ချဲ့ဘီလူး က ဝူးခနဲ ဆိုက် လာသည် မဟုတ်တုံလော ။
မမျှတသော လက်နက် အင်အား - လူအင်အားနှင့် ။
ဒါတောင် ကျွန်တော်တို့ တိုင်းပြည်ကလေး ပိစိကွေး ကို ဒင်း တို့ တစ်ချီ ထဲ နှင့် တိုက်၍ ရ သလား ။
အင်္ဂလိပ် - မြန်မာ ပထမစစ် ၁၈၂၄ ခုနှစ် ၊ ဒုတိယစစ် ၁၈၅၂ ခုနှစ် ၊ တတိယစစ် ၁၈၈၅ ခုနှစ် ကျ မှ တစ်ပြည်လုံး ကို သိမ်းလို့ ရသည် မဟုတ်ပါလား ၊ ၂၈ နှစ် ခြား ၊ ၃၃ နှစ် ခြား ။
သို့တိုင် - ကျွန်တော်တို့ လူမျိုးများ သည် တော်တော် နှင့် အလျှော့ မပေးခဲ့ကြ ၊ “ မြန်မာပြည် ကို လုံးဝ သိမ်းပြီးသော် မှ ၁ဝ နှစ် ကျော်ကျော်ကြီး ခဲယဉ်းလှစွာ နှိပ်ကွပ် ယူ ရသည် ” ဟု ခရော့စ်ဝိတ် ဆိုသူ က ‘ မြန်မာနိုင်ငံ ငြိမ်ဝပ်ပိပြားရေး နှိပ်ကွပ်မှု ’ ဆိုသော မှတ်တမ်း တွင် ရေး ထားသည် ။
သို့သော် မြန်မာပြည် ကို လွတ်လပ်ရေး ပေး ရသည် အထိ မြန်မာ လူမျိုး ကို သူတို့ အုပ်ချုပ်ရသည် မှာ ‘ မြင်းကပ် မြင်းနပ် ’ စီး ရသည် နှင့် တူ လေသည် ။
မြင်းကပ် မြင်းနပ် ဆိုသည် မှာ ရိုးရိုး သာမန် မြင်းကပ် နှင့် မတူပေ ၊ ရိုးရိုး မြင်းကပ် မှာ ရိုက်နှက် ၍ အသက် အသေခံသည် အထိ လည်း ကပ် တတ်သည် ။ သို့မဟုတ် ဇွဲ လျှင် လည်း ကျွတ် သွား ၏ ။ မြင်းကပ် မြင်းနပ် ကား - ဘယ်တော့မှ ဇွဲ မကျွတ် ၊ ကပ် သာ လျှင် ကပ် လိုက်၏ ။ မကပ် သာ လျှင် ရိုးရိုး မြင်း ထက် ပင် ခြေ ကောင်း လိုက် သေး၏ ။
မြန်မာလူမျိုး တို့ သည် အင်္ဂလိပ် အုပ်ချုပ်မှု အောက်ဝယ် ယင်းနှယ် တူ၏ ။ ဒါကို တချို့က “ ကောက်ရိုးမီး ” ဟု ဆိုကြသေး ၏ ။ ဆိုကြစေ ၊ ကျွန်တော်တို့ မြန်မာလူမျိုး ကောက်ရိုးမီး ကား ၊ မီးတောက် ငြိမ်း ပြီး ပြာ အောက် မှ မူလ က ထ တောက်သော ရှားမီးခဲ ရဲရဲသည် အမြဲ ရှိနေ၏ ။
ဒါကြောင့် ကျွန်တော်တို့ ကျွန်သဘောက် သက်တမ်း ပြန် ကြည့် -
ဝိုင်အမ်းဘီအေ ၊ ဂျီစီဘီအေ ၊ ဝံသာနု အသင်းတွေ ပေါ်ပေါက် ခဲ့သည် ။ ၁၉၂၈ - ခုနှစ် ကောလိပ်သပိတ်ကြီး မှောက် ခဲ့သည် ။ နိုင်ငံရေး ဆောင်ရွက် ရာတွင် လူများ သာ မက ဦးဥတ္တမ ၊ ဦးဝိစာရ ကိုယ်တော် တို့ လည်း ထင်ရှား ခဲ့သည် ။
၁၉၂၈ - ခုနှစ် တွင် ရွှေဘိုနယ် နှင့် စစ်ကိုင်းခရိုင် တွင် ‘ ဗန္ဓက ’ ရသေ့မင်းလောင်း ပေါ် ခဲ့သည် ။ ၁၉၃၀ - ခုနှစ် တွင် ဆရာစံ ခေါင်းဆာင် သော တောင်သူလယ်သမားများ ပုန်ကန်မှုကြီး ပေါ်ပေါက် ခဲ့သည် ။ ၂- နှစ် ကြာမျှ နှိမ်နင်း ယူ ရသည် ။
ဤ ပုန်ကန်မှုကြီး မီးငြိမ်း ပြီးစ ၁၈၃၂ - ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး ရွေးကောက်ပွဲ တွင် မြန်မာပြည် နှင့် အိန္ဒိယ ‘ ခွဲရေး ’ ‘ တွဲရေး ’ ပြဿနာ တက် လာသည် ။
စင်စစ်ကား ၁၉၂၉ - ခုနှစ် က ‘ ဆိုင်မွန်စုံစမ်းရေးအဖွဲ့’ ၏ အစီရင်ခံစာ အရ ၊ မြန်မာပြည် ကို ဗြိတိသျှ အိန္ဒိယ အင်ပိုင်ယာ မှ ခွဲထုတ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်၍ မဟာဝန်ရှင်တော် အမိန့် နှင့် ‘ ခွဲထုတ်လိုက်သကွ ' ဆိုလဲ ပြီး နေပါ လျက် ၊ သာယာဝတီ သူပုန်အရေးတော်ပုံ မှ မြန်မာလူမျိုးတွေ စိတ် အာရုံ ပြောင်းစိမ့် သော ငှာ အင်္ဂလိပ်တို့ ၏ နိုင်ငံရေး ပရိယာယ် သုံး လိုက် ခြင်း ဖြစ်ပေသည် ။
ကဲ ... ကြည့် ၊ ခွဲရေး ၊ တွဲရေး ရွေးကောက်ပွဲ အပြီး တွင် တွဲရေး ဘက် မှ အမတ် ၄၂ - ယောက် နှင့် မဲ ပေးသူပေါင်း ၄၁၅ဝဝဝ ရှိ ၍ ခွဲရေး ဘက် မှ အမတ် ၂၉ - ယောက် နှင့် မဲ ပေးသူပေါင်း ၂၅ဝဝဝဝ မျှ သာ ဖြစ်သော်လည်း ဗြိတိသျှကိုလိုနီသမားများ သည် ၎င်းတို့ ၏ စီမံကိန်း အတိုင်း အိန္ဒိယ နှင့် မြန်မာပြည် ကို ခွဲထုတ် လိုက် ကာ မူလ က ဒိုင်အာခီ အုပ်ချုပ်ရေး ကို ရုပ်သိမ်း ၍ ၁၉၃၅ - ခုနှစ် မြန်မာပြည် အုပ်ချုပ်ရေး ခေါ် ၉၁ ဌာန အုပ်ချုပ်ရေး ဖြင့် မြန်မာပြည် ကို ဆက်လက် ကျွန် ပြု ခဲ့လေသည် ။
သို့သော် ယင်း ၁၉၃၂ - ခု မှ ၃၃ - ခု ထိ တစ်နှစ်တာ မျှ ကား မြန်မာများ စိတ်အာရုံ ထဲ တွင် ဤ ခွဲရေး တွဲရေး ကိစ္စကြီး သည် နက်ဖန် သဘက် လွတ်လပ်ရေး ရတော့ မလောက် ၊ ကောက် ရိုးမီးတောက်များ ဟုံးဟုံး ထ ကြ လေ၏ ။ ယခု မိတ်ဆွေ ဖတ်နေသော ဤ ဝတ္ထု မှာ ယင်း ' ခွဲရေး တွဲရေး ’ ကိစ္စ တွင် မြစ် ဖျားခံ ထား သဖြင့် ထို ခွဲရေးတွဲရေး ခေတ် အကြောင်း ကို ဖော်ပြရ ပါမည် ။
တွဲရေး ဘက် တွင် ဒေါက်တာဘမော် ၊ ခွဲရေး ဘက်တွင် ဦးသိမ်းမောင် ခေါင်းဆောင် စေ ၍ အိမ်ကြက်ချင်း အိုးမဲ သုတ် ကာ တိုင်းပြည် လူထု ကို စိတ်ဝမ်း ကွဲ စေသည် ။
တွဲရေးသမား က မြန်မာပြည် လွတ်လပ်ရေး ရ စိမ့်သော ငှာ အိန္ဒိယပြည်ကြီး နှင့် ပူးပေါင်း ထား ရမည် ။ ဒီ တိုင်းပြည် နှစ်ပြည် အား နှင့် စုပေါင်း တောင်း ပါ မှ အင်္ဂလိပ် က လွတ်လပ်ရေး ပေး ဘို့ နည်းလမ်း ရှိသည် ။ ခွဲရေး သည် ထင်း အစည်း ဖြေ သကဲ့သို ရှိဘိသည် စသည်ဖြင့် ...
ခွဲရေးသမား က သဘာဝတရား နှင့် စဉ်းစား ရ မည် ။ နယ်ချဲ့ တွင် လောဘတရား ရှိသည် ။ လွတ်လပ်ရေး ပေး စရာ ရှိလျှင် ငယ်သော တိုင်းပြည်ကလေး တွေ ကို သာ ပေး လိမ့်မည် ။ အိန္ဒိယ ပြည်ကြီး နှင့် တွဲ ထား က ဟို ပြည်ကြီး လက်လွတ် မခံလိုသည် နှင့် မြန်မာပြည်ကလေး ပါ ကျား နှင့် အမြီးချင်း ချည် မိသော မျောက် ကဲ့သို့ ဒုက္ခ ရောက်ရချေမည် စသည် ဖြင့် ...
လူတွေ ၏ စိတ် ထဲ တွင် ခွဲရေးသမား သည် အိန္ဒိယ နှင့် ခွဲပြီး သည်နှင့် တပြိုင်နက် မြန်မာပြည်ကြီး လွတ်လပ်ရေး ရကြတော့ မည့် နှယ် ... ၊ တွဲ ရေးသမား စိတ် ထဲ တွင် လည်း ထိုအချိန် အိန္ဒိယ ကို ဟုမ္မရှူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးတော့မည့် အသံ ဖြစ် နေ၍ အိန္ဒိယ နှင့် အတူ ဟုမ္မရှူး ရပြီး နောက် တဆင့် လွတ်လပ်ရေး ရတော့မည့် နှယ် ။
ဘုမသိ ဘမသိ နှင့် မြန်မာလူမျိုးများ လွတ်လပ်ရေး ကို မည်မျှ ဆန္ဒ ပြင်းကြသနည်း ။
“ အဲဒီ ခွဲရေး တွဲရေး ကိစ္စ တုန်း က လူထု စိတ်ဓာတ် ဟာ ခုခေတ် မင်းတို့ ဖဆပလ ပါလီမာန် ရွေးကောက်ပွဲတွေ နဲ့ အပြတ်အသတ် ပေါ့ ကွာ .. လူတွေ ဟာ နေ့ ရှိ သရွေ့ တွေ့တိုင်း တွေ့တိုင်း ဒီ ခွဲရေး တွဲရေး ကိစ္စဘဲ ဆွေးနွေးကြ ငြင်းခုန်ကြ ရိုက်နှက်ကြ သည် အထိ ဖြစ်တယ် ။ အင်္ဂလိပ် ပရိယာယ် က အနယ်အနယ် အရပ်ရပ် မှာ ခွဲရေး တွဲရေး အသင်းတွေ ခေါင်းဆောင်တွေ ဖွဲ့စည်း စေပြီး တစ်နှစ်လောက် နီးနီး တရားဟောခွင့် စည်းရုံးခွင့် ပေးထား လေ တော့ ၊ လူတွေ ဟာ ခွဲရေးတရားပွဲ သွား နားထောင်လိုက် ၊ တွဲရေး တရားပွဲ သွား နားထောင်လိုက် နဲ့ ကြာတော့ တစ်အိမ် ထဲ နေတဲ့ ညီအစ်ကို မောင်နှမချင်း ၊ သားအမိ သားဖချင်း ၊ လင်မယားချင်း ရန်ဖြစ်ကြသည် အထိ ဖြစ်လာကြ တော့ ”
သော်တာစိန် တို့ အမေ က ပြောပြ နေသည် ။
“ အဲဒီ အချိန်မှာ သား တို့ အဖေ က တွဲရေး ၊ အမေ က ခွဲရေး အမယ် ... ဒီတုန်း တို့ ခွဲရေး ဘက် က နေပြီး တွဲရေးဘက် ကို ဆော် တဲ့ ကဗျာလေး တောင် အမေ မှတ်မိသေး .. ”
ဆိုပြီး ၊
တွဲအခွဲတွင် မှ မဲပွဲသို့ ဝင်ရောက်ခါ ။
တဖက်ဖုံး မျက်ခုံး ဗေါင်းတော်ချိတ်တယ်
နိပ်တဲ့ ဆရာ ... ။
အခွဲရောက် တောင်မှ
တွဲပေါက် နှင့် ရှောက် ၍ ညာ
ဒေါက်တာဘွဲ့ မော်တဦး ။
ပေါင်ဒါ အလိမ်း တွင် ဖြင့်
ကြက်သိမ်းတောင် မြင်သူထလောက်တဲ့
သံဃာ ကို အောက်ဝင်ကြို့ပါလို့
ငါးထောင် ဆို နို့ချို စို့တယ်ကွယ် ၊
တောမြို့အမှူး ... ။
အဘွားကြီး က ရွတ်ပြ ပြီးလျှင် ဆက်လက်၍
“ အဲ ... အဲလိုဘဲ ... မင်း အဖေ က တွဲရေး ၊ အမေ က ခွဲ ရေး
နှစ်ယောက် စလုံး နိုင်ငံရေး စိတ်ဓာတ် က ပြင်းထန် နေ ကြတော့ လင်မယား ကွဲသည် အထိ ဖြစ်ခဲ့ကြပါရော ကွယ် ... အမြွှာ မွေး ထား တဲ့ ဟောဒီ သားကလေးတွေ က ၃ ခါလယ် သား လောက် တောက် တောက် နဲ့ လမ်းရှောက် တတ် ခါစ ၊ မင်း တို့ အဖေ က သားကြီး မောင်မောင်ကြီး ယူ ၊ မေမေ က ဟော့ဒီ သားငယ် မောင်မောင်ငယ် ကို ယူ ပြီး တော့ သူ ကလဲ သူ့ ဇာတိ ဖြစ်တဲ့ အောက်ပြေ အောက်ရွာ ပြန် ပြေးတယ် ။ အမေ က လဲ ကိုယ့် ဆွေမျိုးညာတိ ရှိတဲ့ အညာ ကို လာခဲ့တယ် ။ ဘာ မဟုတ်တဲ့ အင်္ဂလိပ် ပရိယာယ် နိုင်ငံရေး နဲ့ သား မယား ချင်း ကွဲ ရတယ် ဆိုတော့ ရှက်လဲ ရှက်ကြ သကိုကွဲ့ ... မန္တလေး မြို့ မှာ ဆက် မနေရဲကြ တော့ဘူး ... အောင်မယ် ... တို့ လိုဘဲ သည့် ပြင် ကွဲ ကြတဲ့ လင်မယားတွေ လဲ ရှိကြသေးတယ် ကွဲ့ ၊ ဩော် - တွေး လိုက် တိုင်း ရှက်မိပါရဲ့ ”
“ အဲသည်တုန်း က တော့ မင်း တို့ အဖေ က လဲ ... အမေ့ တော် တော် စိတ်နာဟန် တူပါ ရဲ့ ၊ ဒါကြောင့် သား ကို မင့် အမေ မင်း ငယ်ငယ် ကလေး က ဘဲ သေပြီလို့ ပြော ထားတာ အမေ က လဲ ထိုနည်း၎င်း ဘဲ ... ကြည့်လေ ... သား နာမည် ကို လဲ သူ က မောင်မောင်ကြီး က နေပြီး မောင်တင်စိန် လို့ ပြောင်းတယ် ... အမေ ကျ လဲ ထိုနည်း ၎င်း ဘဲ ”
ဟု ပြောပြီး သော်တာစိန် အား ...
“ ဒါနဲ့ .... သား ... လူလေး ... မောင်တင်စိန် ... မင့် အဖေ ... နောက် အိမ်ထောင် ပြုသေးလား ကွဲ့ ”
“ ကျွန်တော် အမှတ်ရ မှ တော့ ကျွန်တော့ မှာ အမေစစ် ရော ... မိထွေး ရော တစ်ခါမှ မရှိခဲ့ပါဘူး ”
“ အင်း ... အင်း ... အမေ လဲ ဘဲ ဒီလိုဘဲ ... ဟောဒီ သားကလေး နဲ့ ကိုယ့် ဟာ ကို လုပ်ကိုင် စားနေခဲ့တာဘဲ ”
ဤတွင် စောထွန်း ၏ အသံ ပေါ် လာသည် ။ အကြောင်း မှာ ဤ စကားဝိုင်း တွင် သူ တို့ သားအမိ ချည့် မဟုတ် ၊ ကိုထွန်းအောင် တို့ မောင်နှမ နှင့် စောထွန်း ပါ ပါ သောကြောင့် ၊
“ ဟုတ်လား .. အဘွားကြီး မေး ပုံ က အဘိုးကြီး ပြန် ချိန် တယ် နဲ့ တူတယ် ”
အဘွားကြီး က “ ကမြင်မသားနှယ် ... ” ဟု ဆို၍ အားလုံး ရီမော ကြသည် ။
စောထွန်း က ဆက်လက် ၍ ...
“ အမေ က လဲ ... ဟုတ် - ဟုတ်တယ်ပေါ့ ... အခုမှ အသက် - ၆ဝ ကျော် လောက်ကလေး တွေ ရှိကြသေးတာဘဲ .. ဟော ... ဒါနဲ့ “ အိုအောင်မင်းအောင် ပေါင်းရပါစေ ” ဆိုတဲ့ ဆုတောင်း နဲ့ အော်တိုမစ်တစ် ဒါရိုက် ဟစ် ”
အားလုံးပင် ရီမောကြ ပြန်ကာ ကိုထွန်းအောင် က ...
“ မင်း က တော့ ဘယ်သူ ဘာဖြစ်ဖြစ် ကြား က ဝင် ပျော် နေတာဘဲ ဟုတ်လား ”
“ အဲဒါ မကောင်းဘူလား .. အစ်ကိုကြီး ရ ပျော်ပျော်နေ သေ ခဲတယ် ... အသက်ရှည်တယ် မဟုတ်လား ”
ဗိုလ်ဖုန်းလှိုင် က ..
“ အင်း .... မင့် အဘိဓမ္မာ နဲ့ မင်း တော့ ဟုတ်နေတာဘဲ ”
သော်တာစိန် က ...
“ ပျော်ပျော် နေရုံနဲ့ အသက် မရှည်သေးဘူး .... အရက်တွေ လဲ သိပ် မသောက်အုန်းမှ ဗျ ”
စောထွန်း - “ ဟာ .. ဆရာ ပြော မှ ဆာ လာ ပြန်ပြီ ... ဟေ့ ဘလှိုင် ငါ့ ပေးအုံးကွာ ”
ဟု ပြောပြီး မှ ဤ အချိန် တွင် မြင့်မြင့် တို့ အချုပ် ထဲ မှ ထွက်ပြီး ၊ တစ်ဆက်တည်း အဘွားကြီး စကားဝိုင်း ဝင် ထိုင်ကြသည် ဖြစ်၍ စောထွန်း တစ်ခု သတိရ ပြန်ကာ ....
“ ဟေ့ ... ဘလှိုင် မင်း .. မင်း အကို တော့ မင်း ရိုက် တာ တောင်းပန် ပြီး ပြီ ၊ မြင့်မြင့် ရိုက် တာ ကို တော့ မတောင်းပန်ရသေးဘူး .. ဒါပေမဲ့ ... မင်းတို့ ချင်း တောင်းပန် ဘို့ ‘ ပို့ စ် ’ က လူရှေ့ သူရှေ့ မှာ မဖြစ် ဘူး ... ဒီတော့ ... ဒီ တောခိုရာ က နေ ပြီးတော့ နှစ်ယောက် ထဲ သွားပြီး ထပ် တောခို ချေ ကြ ”
မြင့်မြင့် က တွန့်ခနဲ နေအောင် သူ့ ကျော လက်သီး နှင့် ထု လိုက် ၍ ဗိုလ်ဖုန်းလှိုင် က မူ -
“ မင်း ပြောမှလား ကွ ၊ လာ ... မြင့် ”
ဟု ဆိုကာ မြင့်မြင့် လက် ဆွဲခေါ် သွား၍ အရေးပေါ် သုံးရန် အသင့်ပြင် ထား သော မြင်းကြီး ပေါ် တင် ကာ တောနက် ရာ သို့ ထွက်ခွာ သွားကြ လေ၏ ။
ဒါကိုပင် စောထွန်း က မတတ်သာ တတ်သာ လှမ်း နောက်လိုက် သေး ၏ ။
“ ဟေ့ - တောင်းပန် တာ ဖြေးဖြေး သက်သာ တောင်းပန် နော် ”
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment