❝ ရောင်းတတ် ရင် ဈေးကောင်း ရတယ် ❞
ဩဂုတ်လ ၁၇ ရက် စနေနေ့ က အောင်လံမြို့ တောင်ပိုင်း ရွာထောင်ရပ်ကွက် ကို
ရောက်တယ် ခင်ဗျာ့ ။
“ ကိုချမ်းသာ လာစမ်းပါဦးဗျာ ”
ပွဲစားဦးအောင်မြိုင် က ပွဲရုံ ထဲ က လှမ်း ခေါ် လို့ စက်ဘီး အသာ ရပ်ပြီး သူ့ ပွဲရုံ ထဲ
ဝင် လိုက်တယ် ။ ပဲတီစိမ်းအိတ် တွေ က အထပ် လိုက် ပဲ ။
“ ကျွန်တော် တော့ ၇၁၀ဝ နဲ့ ထုတ် လိုက်ပြီ ”
“ အမယ် ... တယ် ဟုတ်ပါလား ၊ ထိပ်ဈေးပဲနော် ”
“ ဟား ... ဟား ... ရောင်း တတ်ရင် ဈေးကောင်း ရ တာပေါ့ ဗျာ ”
“ ဗျာ ... ဘယ်လို ”
“ ဘယ် ပစ္စည်း မဆို ရောင်းတတ် ဖို့ လိုတယ်ဗျာ ၊ ရောင်း တတ်ရင်
ဈေးကောင်း ရတယ် ဗျာ့ ၊ ကိုယ် က ရောင်း တော့မယ် ဆိုရင် ဝယ်သူ ကို အကဲခတ် ရတယ် ၊ တကယ် ဝယ်ချင်တဲ့ သူလား ၊ ဈေး သိရုံ လာ အကဲခတ် တဲ့ သူလား ၊ လက်ငင်း ချေမယ့် လူလား ၊
ငွေ ဆိုင်း ထားမယ့် သူလား ၊ လည်စေ့ ညှစ်ပြီး ဈေးဆစ်မယ့် လူလား ၊ လျှံ နေ သူလား ၊ ဆာ နေ သူလား ဝယ်သူ့ အကဲ ကို ကြည့် ”
“ ဟုတ်ပြီဗျာ ”
“ ပြီးတော့ ကိုယ့် ဘက် က လည်း အရမ်း ရောင်းချင် နေတဲ့ ပုံစံမျိုး မဖမ်းရဘူး ၊ ငရံ့ပြာလူး မလုပ်ရဘူး ၊ တက်နိုင်သမျှ ဂုဏ်ခံ ထား ရတယ် ခင်ဗျာ့ ၊ အဲ ... တစ်ခု ရှိတာက ကို့ ပစ္စည်း က လည်း ဂုဏ်ခံ နိုင်လောက် တဲ့ အဆင့်အတန်း အရည်အသွေး မျိုး ရှိ ရမယ် ၊ ကိုယ့် ကတ္တား ကိုယ့် အလေး က စံကိုက် ဖြစ် နေရမယ်ဗျာ ”
ပွဲစား ငှဲ့ ပေးတဲ့ ရေနွေးကြမ်းလေး တစ်ငုံ သောက် ၊ ပွဲကတော် သုပ် လာတဲ့ လက်ဖက်ကလေး တစ်ဇွန်း တို့ ပြီး မြောက်ပိုင်း သွားတယ် ။ ( တောင်မြောက် မြို့တန်းရှည် ၊
တောင်ပိုင်း မြောက်ပိုင်း အဝေးသား ။ ) မြောက်ပိုင်း ပွဲရုံများ ရောက် ၊ လေးငါးရုံ လျှောက်မိ တော့
ဈေး သိရပြီ ။ ပဲတီစိမ်း အစုတ် ( အညံ့ဆုံး နောက်ကျ ပဲသီး မအောင် ၊ မမာ ၊ စိုပျော့ ၊ မွဲခြောက် ၊ အရောင် မတောက် ) က ၆၂၀၀ ။ ဒုတိယတန်း အသင့်အတင့် က ၆၈၀၀ ။ အမြင့်ဆုံး အကောင်းဆုံး က ပထမတန်းစား က ၇၀၀ဝ ( အချိန် ပိဿာ ၂ဝ ဝင် တစ်တင်းဈေး ) ။ ပေါက်တယ် ဗျာ ။
“ တောင်ပိုင်း မှာ ဘယ်ဈေး ကြား ခဲ့သလဲ ဆရာသမား ”
“ အယ် ... ကျွန်တော် တောင်ပိုင်း မရောက်ခဲ့သေးဘူး ဗျာ ”
“ ရောင်းတတ် ရင် ဈေးကောင်း ရတယ် ”
ဦးအောင်မြိုင် စကား ကျွန်တော့် နား ထဲ က မထွက်ဘူးဗျာ ၊ သည် ဥပဒေသ ကို
မလိုက်နာ မိလို့ ကျွန်တော် ခံ ရပေါင်းလဲ များ လှပါပြီ ။ ၁၉၇၈ - ၁၉၈၅ ခုနှစ် အောင်လံ မှာ ကျွန်တော် တောကုန်သည်ကလေး လုပ်ခဲ့စဉ် က လူကဲ လည်း မခတ် တတ် ၊ မျက်နှာ ရိပ် မျက်နှာ ကဲ လည်း မသိ ၊ ဝယ် နေ သူ အနား ရောက် နေမှန်း လည်း မသိ ၊ တောသား ငအ ။ ကား ပေါ် က ဖုတ်ကနဲ ဆင်း ၊ ပွဲရုံ ထဲ ဝင် ၊ ပွဲစား ရှေ့ ရပ် ။
“ ဟာ ... ပွဲစား ရေ ၊ ကျွန်တော် ပဲအိတ် ၅ဝ ပါတယ် ဗျို့ ”
“ ဘယ် ဈေး ရရင် ရောင်းမလဲ ”
ပွဲစား က မေး ၊ ( အနား မှာ ဝယ်သူ က ရှိနေသည် ။ )
“ ပွဲစား ကြည့် သာ ရောင်း လိုက် ၊ ကျွန်တော် နားမလည်ပါဘူး ၊ ပေါက်ဈေး ရရင် တော်ပြီ ”
ဟိုတုန်းက အဖြစ် ကို တွေးမိ ၊ ရှက်ပြုံးကလေး ပြုံးမိ ။
“ ပေါက်ဈေး ရရင် တော်ပြီ ”
ကျွန်တော် ပြော လိုက်တဲ့ စကား ။ ပွဲစား နဲ့ အဝယ်တော် အကြိုက် ပေါ့ ။ ကျွန်တော့်
စကား ကြား ရတော့ ပွဲစား က အားရဝမ်းသာ ၊ အဝယ်တော် နှုတ်ခမ်းပါးနား များ
လျှာ နဲ့ လျက် လိုက်လို့ ။ ဟာ ... အချဉ်တော့ တွေ့ပြီ ပေါ့ ။ ဪ ... အလွန် မိုက်မဲခဲ့တဲ့ မောင်ချမ်းသာ ပါ တကား ။ အ , ချက်ကယ် နာ ဘိခြင်း ။ ဟင်း ... ဟင်း ... အဲသည်တုန်း က တော့ ကိုယ့် ကို ကိုယ် ဟုတ်လှပြီ ပေါ့ ။ အဝယ်တော် နဲ့ ပွဲစား လက်ခုပ် လက်ဝါး ရိုက် ။
“ ဒီဈေး ပေးတယ် ကိုချမ်းသာ ရေ ၊ ကျွန်တော် တော့ လွှတ် လိုက်ပြီ ၊ စုံစမ်း ကြည့် ၊ ခင်ဗျား ပဲ နဲ့ ဒီ ဈေး နဲ့ အသင့်ဆုံးပဲ ”
“ အို ... ဘာ စုံစမ်းစရာ လိုလဲဗျာ ၊ ပွဲစား ပြီး ပြီးတာပဲ ”
ပွဲစား ရှင်း ပေးတဲ့ ငွေကလေး ကို ယူ ၊ ပွဲရုံ က ကျွေးတဲ့ ကြက်သားငရုတ်သီးချက် နဲ့
ချဉ်ရည်ဟင်း နဲ့ ထမင်းကလေး စား ၊ အိတ်ခွံကလေး လိပ် ၊ ကား ပေါ် တင် ပြန်လာခဲ့ ၊
တော သို့ တစ်ခေါက် ။ ပဲ ကုန်ကူး တာ ခုနစ်နှစ် ဗျာ ၊ ဝယ်တယ် ၊ ရောင်းတယ် ၊
သည်လောက် ပါ ပဲ ။ သည်ထက် ပို မတက် ခဲ့ဘူး ။ သည် ခုနစ်နှစ် မှာ ပွဲစား နဲ့ အဝယ်တော် ကျွန်တော့် အပေါ် ကို ဘယ်လောက် ဆော် လိုက်ကြ သလဲ ကျွန်တော် မသိတော့ပါ ။ ပဲ ဝယ်တယ် ဗျာ ၊ ပဲ လက်ထဲ ရောက် နေပြီဆို စိတ် က ရောင်းဖို့ ပဲ အား သန် နေတော့တယ် ။
ဈေးကောင်း ရအောင် ဆိုတာလေး ကို အရေးတကြီး ထည့် မတွက်မိဘူး ။ ကျွန်တော် မှ မဟုတ်ဘူး ။ အရောင်းသမား တော်တော်များများ ဖြစ်တတ် ကြတယ် ။ ရောင်းမယ် လို့ စိတ် ပိုင်းဖြတ် လိုက်သည် နှင့် တစ်ပြိုင်နက် ရောင်း စိတ် ဆိုတာ ဖြစ် သွားပြီ ။
“ နှစ်ရက် သုံးရက် စောင့်ဦး ၊ တက်ရိပ် ရှိတယ် ”
တစ်ယောက် ယောက် က လာ ပြော လက်မခံဘူး ဗျာ ၊ ရောင်းစိတ်ကြီး က လွှမ်းမိုး နေတော့ ဘယ်ဈေး ရရ ရောင်းမယ် ပဲ ဖြစ်ကရော ဗျို့ ။ ဟော ... ဒရောသောပါး ရောင်းချ လိုက်ပြီ ။ နောက် တစ်ရက် နှစ်ရက် အကြာ ဈေး က တက် သွားပြီ ။ အဲသည်အခါ ကျ မှ ကိုယ့် နှဖူး ကိုယ် ပြန် ထုမိ ၊ ဟိုနေ့ က ဟိုလူ ပြော တာ အမှန်သား ငါ က လော မိလို့ ။ ငိုရခက် ရယ်ရ ခက် ၊ ခံရချက် နာလွန်းလို့ ဗျာ ။ အမှန်က အရောင်းသမား ဆိုတာ ဗိုက်နာ တဲ့ လက္ခဏာ ကို လုံးဝ မပြရဘူး ။ ဘယ်လောက်ပဲ ဗိုက်နာ နေနေ တင်းခံ ထားရမှာ ဗျာ့ ၊ ( မျက်နှာ ကြော တင်း ခိုင်းတာ မဟုတ်ဘူး ၊ မျက်နှာ က ပြုံးထား ၊ စိတ် ကို တင်း ခိုင်းတာ ။ ) ဝယ်သူ တစ်ကယ် ကြိုက်နေပြီ ၊ တကယ် ဗိုက်ဆာ နေပြီ ဆို ပြန် လာပါ လိမ့်မယ် ဗျာ ။ တစ်ရစ်ဝဲဝဲ နဲ့ ။ ( ညိုပြာညက်ညက်ကလေး နား ကာလသားကလေးများ မခွာနိုင် သလို ။ ) မူ ထားဗျာ ၊ ဈေးကောင်း ရ တော့မယ် ၊ ရ တော့မယ် ။ အဝယ်တော် ကြိုက် နေပြီ ။ ကျိန်းသေ ဝယ် တော့မယ် ၊ တောင့်ထား ။ တောင်းတဲ့ ဈေး ပေး တော့မယ် ။ အဲသည် အချိန် မှာ မသိ ချင်ယောင် ဆောင် ၊ ဘေး ကို အသားလေး ရှောင် ထွက်သွား ၊ ပွဲစား နဲ့ အဝယ်တော် စကား ပြော ကြပါစေ ။
ကြည့်နေ ၊ ကြည့်နေ အသာ မယောင်မလည် ဘေးနား လေးက မကြည့် တကြည့် နဲ့ ကြည့် နေ ။ ကိုယ် ကြည့် တာ လူ မသိစေ နဲ့ ၊ သူတို့ မသိစေနဲ့ ။ ပွဲစား နဲ့ အဝယ်တော်
လူချင်း ပူး သွားပြီ ။ ( ခပ်မှိန်မှိန် မီးရောင် အောက် က အတွဲ ကဲ့သို့ ) နှုတ်ခမ်းချင်း ပွတ် နေပြီ ။
ဘေးဘီ ကို လည်း တစ်ချက် တစ်ချက် အကဲခတ် လို့ ၊ သူတို့ ပြော တာ လူ သိမှာ စိုး ။
မျက်နှာ ရိပ် မျက်နှာ ကဲ ပြ ။ ဘေး ခွာလိုက်ကြ ၊ ( မိဘ ရှေ့ ရောက် အတွဲ ကဲ့ သို့ ) အမယ်
ခုမှ တွေရတဲ့ လူတွေ လိုလို ဘာလိုလို ။ ဘေးရှောင် နေရာ မှ ရောင်းသူ က ဝင် လာ ။ သူတို့အကဲ ကို သိ သော် လည်း မသိ သကဲ့သို့ ။
“ ဒီ ဈေး တော့ ပေးတယ်ဗျို့ ”
ဘယ်နှယ့်လဲ ဆိုတဲ့ အမေး မျက်နှာ နဲ့ ပွဲစား က ပြော မေး ။ အရောင်းသမား က စိတ် ထဲ က တွက် ဦးနှောက် ကွန်ပျုတာ ကို သတင်း ပို့ ။ ဦးနှောက် က ရောင်း ချင် နေပြီ ။
နှလုံးသား ကွန်ပျူတာ က ဈေး ဆွဲ ချင်သေး ။
“ နည်းနည်း လောက် ထပ် တိုး ခိုင်း ကြည့်ပါဦး ”
ပွဲစား က အဝယ်တော် ကို ခေါ် ၊ ဈေး တိုး တောင်း ၊ ရောင်းသူ ရှေ့ မှာ ရောင်းသူ
လို ချင်သော ဈေး တောင်းပေးတယ် ပေါ့ ၊ ဟဲ ဟဲ ။ အဝယ်တော် က ပေး ပြီ ။ ( အမှန်က အစော ကတည်း က သည်ဈေး ပေးပြီးသား ၊ ရောင်းသူ အမြင် ကောင်း အောင် ဂွင် ရိုက်နေတာ ။ ) ပွဲစား ၊ အဝယ်တော် ၊ ရောင်းသူ သုံးဦး ညီ ပြီ ။ အရောင်းအဝယ် တည့် သွားပြီ ။
ရောင်း လိုက်ပြီ ။ ဝယ် လိုက်ပြီ ။ သည်နေ့ သည်ဈေး အမြင့်ဆုံး ပါ ပဲ ။ စံချိန်တင်ဈေး အရောင်း တော်လှ ၊ တော်လှ ၊ ဟုတ်လှပြီ ၊ ငါ မှ ငါ ။ ဟဲ ... ဟဲ ... မထင်လိုက်ပါနဲ့ ။ နောက်နေ့
ဈေး က ခုန်တက် သွားပါပြီ ။ ပွဲစား နဲ့ အရောင်းသမား ခံလိုက်ရပါပြီ ။ အမှန် က
ဈေး တက် တော့မယ် ဆိုတာ အဝယ်တော် က ကြိုတင် သိပြီးသား ။
( ရည်းစား လူ လု ခံရတာ ထက်ဆိုး ။ )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment