Saturday, April 15, 2023

ရွှေပြည်တော်သည် ( ၆ )


 

🔳 ပွဲသွားကျော့ကျော့

မရည်သန့်ကလေး ၏ ပွဲပြန် တော့ ကား မမော့ နိုင် ရှာပေ ။ စာ တစ်အုပ် နှင့် ပန်းနီ တစ်ပွင့် ကို ကိုင် ကာ သာ လှည်း ပေါ် မှာ ထိုင် လိုက် ခဲ့ရသည် ။ အလာတုန်း က စိတ်ကူး နှင့် ရွှင်မြူး ခဲ့သမျှ ၊ ယခု စိတ် တွေး နှင့် ရင်လေး ရသည် ။

“ ရာသက်ပန် ရည်စူးသည့် မယ့်ချစ်ဖူး မောင် သို့ ” ဟု ကျော ဘက် မှာ မိမိ ရေး လိုက်သော ဓါတ်ပုံ ။ မေလဆန်း ၁ - ရက် နေ့စွဲ နှင့် မိမိ ၏ ချစ်သဝဏ်လွှာ ၊ ၎င်းတို့ ကို ညှပ် ထားသော စာအုပ် ၏ ပထမ မျက်နှာ မှာ လည်း “ သော်တာစိန် ” ဟု အင်္ဂလိပ် လို ဆိုင်း ထိုးထား သော ချစ်သူ ၏ လက်ရေး ။

မောင် လာ သည်တော့ အမှန်ပါ ၊ မှာ ထားသည့် အတိုင်း ပန်းနီနီ ရင် မှာ ထိုး ခဲ့သည် လည်း မလွဲ ။ သို့ကတဲ ၊ တွဲပြင် ပန်းနီ ရောက် ၍ လူ ပျောက် ကာ နေရာ သာ တွေ့ ရ သည် ။

ချစ်သူ့ မျက်နှာ တစ်ကမ္ဘာ ထင် လို့ အညာခွင် ရောက် ခဲ့ ရသော မောင် မှာ ၊ ဘဇာ လို အခင်း နှင့် ကြုံ ရလေသလဲ ။

မရည်သန့်ကလေး သည် မတွေးတတ် နိုင်ဘဲ စိတ်လေး ရင်ကြပ် ဖတ်ဖတ်သာ မော ခဲ့တော့သည် ။

ယောက်ဖလောင်းများ လှည်း ပေါ် ရောက်ရင် ဖြင့် ၊ မိမိ လှည်းမောင်း ကျွမ်းကျင်ပုံ နှင့် ယောက်ဖကြီး ၏ နွားနင်း နွား ပြေး တွေ ခြေကောင်း ကြောင်း လက်စွမ်း ပြလိုက်မည် ဟု အားခဲ ထားသော မောင်ကလေး ရွှေဂဲ မှာ လည်း မသာကြည်သော အစ်မ မျက်နှာ ကို မကြည့် ရက် ၊ မမေး ရက် ၊ စိတ်လက် လေးလံစွာ ဖြင့် နွားများ ကို ခြေမှန် သာ မောင်း ခဲ့ တော့သည် ။

မရည်သန့် တို့ အိမ် တွင် မိခင် အပြင် အစ်မ လင်မယား လည်း စောင့်မျှော်လျက် ရှိကြသည် ။ ရောက် လာမည့် ဆွေမျိုးသစ် နှင့် ထမင်းလက်ဆုံ စား ကြရန် လည်း ကောင်းမွန် ဖွယ်ရာစွာ ချက်ပြုတ် ထား ကြသည် ။

ရွာလည်လမ်း တော်တော် အလှမ်း မှ မိမိ တို့ နွားချူသံ ကြား လိုက်သည် ဆိုလျှင် ပင် “ ဟော ... လာချေပြီ ” ဟု လည် ဆန့်ကာ အိမ် ထဲ မှ ထွက်၍ ဝင်းတိုင် ပေါက် ရောက် ကြသည် ။

လူသစ် မပါ - မောင်နှမ နှစ်ယောက် သာ မြင်ကြသည် ၌ ၊ စိတ်ပျက် သွားကြကာ “ ဟင် - ဒီနေ့ ရထား မဆိုက် လို့ဘဲလား ၊ ပါ မလာခဲ့လို့လား ... ” ဟု အတွေး ကိုယ်စီ နှင့် ဖြစ် ကြသည် ။

ခြံဝင်း ထဲ လှည့် ကွေ့ ဝင် လိုက်၍ မကြည်ခန့် က ညီမ မျက်နှာ ကြည့် ကာ ဘယ့်နှယ်လဲ ဟေ့ ဟု မျက်စ ပစ် မေး လိုက်သည် ။ မရည်သန့် မှာ မျက်ရည် လည် သွားလေသည် ။

“ သမီး ဒီ နေ့ ရထား မဆိုက်ဘူးလား - သောင်းကျန်းသူ ရန် လဲ ဘယ်တော့ မှ အေးပါ့မလဲ တော် ... ”

မိခင် က ရေရွတ်လိုက်သည် ၌ မရည်သန့် သည် နှုတ်ခမ်းကလေး များ တုံ ၍ ၊

“ ဆိုက် - ဆိုက်တယ် မေမေ ”

“ အို ... ဒါဖြင့် ဒီနေ့ မပါ နက်ဖြန် ပါ လိမ့်မပေါ့ - သူ ကိစ္စ တစ်ခု ခု ဖြစ်လို့ ထင်ပါရဲ့ အေ ... ”

“ ကိစ္စ တစ်ခု ခု ဖြစ်တာတော့ အမှန်ဘဲ မေမေ ရဲ့ ”

မရည်သန့် လှည်း ပေါ် မှ ဆင်း လာ ကာ သူ့ လက် ထဲ က ပန်းနီနီ နှင့် စာအုပ် ကို ပြ၍

“ သူ - ကသာဘူတာ ကို ရောက်တယ် ရထား ပေါ် က ဆင်း သွားတယ် ... ဘယ်လို ဆင်းသလဲ ဘယ်ကို သွားသလဲ တော့ ကျွန်မ မပြောတတ် တော့ ဘူး ”

ဆိုပြီး မျက်ရည်များ ကျ လာ လျက် -

“ သူ တစ်ခု ခု တော့ ဖြစ်တာ အမှန်ဘဲ မေမေ ရယ် ”

“ အင်း - သမီး တို့ ဇာတ်လမ်း က စ - စချင်း မျက်ရည် ကျ ရပြီ ကော-  ကဲ ... ဒါတွေက ဘယ်လို တွေ့ ခဲ့သလဲ ပြောစမ်းပါအုံး ”

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment