Thursday, April 13, 2023

ရွှေပြည်တော်သည် ( ၄ )


 

🔳 မောင်လာပြီ - သိင်္ဂီနွဲ့ရယ်

မောင့် .... အချစ်

မောင့် အဝတ်အစား က သန့် တို့ ဆီ က မီးရထား ခရီးသည် တွေ ထဲ မှာ ထူးခြား ထင်ရှား အောင် မီးခိုးရောင် ဘောင်း ဘီ - အင်္ကျီ နဲ့ ဆိုတော့ မောင် က အင်္ဂလိပ် ရုပ်ရှင်မင်းသား နဲ့ တူ နေမှာပေါ့ လေ ... ဟုတ်လား ။

သန့် က တော့ မောင် ရေးတဲ့ ဝတ္ထု တစ်ပုဒ် ထဲ မှာ “ ပိတောက်ပန်း တစ်ခက် နှင့် တူသော မိန်းမပျိုကလေး ” ဆို တာမျိုး ဖြစ်အောင် နိုင်လွန် နန့်သာရောင် နဲ့ ဗရိုကိတ် အဝါရင့်ခံ ကို ဝတ် ခဲ့မယ် သိလား ၊ နို့ပြီး မောင် မှာ တဲ့ အတိုင်း နှင်းဆီ ပန်းနီနီ ကို လဲ ရင် မှာ ထိုးမယ် .. 

မေလ ၁၅ - ရက် နေ့ နော် မောင် ၊ သန့် ကသာ ဘူတာ က ကြို ရမှာ ... ဆက်ဆက် လာနော် မောင် ... မေမေ့ ကို လဲ အားလုံး ပြောပြီးသား ၊ မေမေ က မောင့် ကို သဘော ကျ ပြီးသား ၊ သန့် တို့ မှာ ဖေဖေ ရှိတော့တာ မဟုတ်ဘူး ၊ မေမေ သဘော တစ်ခု ဘဲ ။ မောင် ဟာ သန့် ကို မြင်တော့ တောသူမ ရယ် ဆိုပြီး စိတ်ပျက် သွား မှာ စိုးလှပါတယ် မောင် ရယ် ...

သန့် ကို သနားပါနော် ... သန့် က တော့ မျှော်နေပြီ မောင်ရဲ့ - မောင် ချိန်းတဲ့ ရက်များ မောင် ပါ မလာဘူး ဆိုရင် ဖြင့် သန့် အသည်း ကွဲ ပြီသာ မှတ် ပါတော့ မောင်ရယ် ...

သော်တာစိန် သည် ချစ်စရာ လက်ရေးကလေး နှင့် ညုတာတာ စာလုံးကလေးများ ကို ဘတ် ကာ ပြုံး လေသည် ။

ညနေ လေးနာရီ ကျော် အညာ မှ စုံ ခဲ့သော လော်ကယ်ရထား သည် ဖက်ဆွတ်တောင် ပေါ် ရောက် သည် ၌ ကသာမြို့ နီးကပ်ပြီ သိ ရ၍ သော်တာစိန် သည် မျက်နှာ သစ် ၊ ခေါင်းဖီး ၊ အဝတ် အစား လဲလှယ် ပေးကာ ၊ မရည်သန့် ဆီ က နောက်ဆုံး စာကလေး ကို ဖတ် လိုက် ၊ သူ့ ဓါတ်ပုံကလေး ကို ကြည့် လိုက် နှင့် ရင် တလှပ်လှပ် လှုပ်ရှား နေ လေသည် ။ လူချင်း မမြင်ရဖူးသေး ဘဲ နှင့် ဓါတ်ပုံ ကြည့် စာကလေး တွေ ဖတ်၍ စွဲ ခဲ့ ရသော အချစ် ၊ နှစ်ကာလ ကြာ ခဲ့ပါပြီ ယခု မှ တွေ့ ရမည် ။

“ မောင် လာပြီ သဂီရယ် - ဆီးကြိုကွဲ့ လေး ... ”

ဖက်ဆွတ်တောင်ခြေ ရောက်ပြီး မကြာမှီ မြို့ဝင် ဥသြ ဆွဲ လိုက် သည် ၌ သော်တာစိန် သည် သူ့ အင်္ကျီ ရင်ဘတ် တွင် ပလတ်စတစ် ပန်းနီနီ ကို ထိုး လိုက်ကာ ရထား ပြတင်းပေါက် မှ ကိုယ် တစ်ပိုင်း အပြင်သို့ ထုတ် ခဲ့သည် ။

ကသာ ဘူတာ သို့ မီးရထား ဝင် လေပြီ ။ မရည်သန့် ကလေး တို့ မောင်နှမ သည် တစ်ယောက် လက် တစ်ယောက် ကိုင် ကာ ရထား ခေါင်းတွဲ မှ စ ကြည့် ၍ ရှောက် ခဲ့ကြသည် ။

ကုတ်အင်္ကျီပြာပြာ နဲ့ ၊ ရင်ဘတ် ပန်းနီနီ နဲ့ ၊ နဖူးလှလှ နဲ့ ဆံပင် အခွေအခွေ ကလေးတွေ နဲ့ ။

မရည်သန့် စိတ် ထဲ မှ ရေရွတ် လာ ခဲ့သည် ။ သူ့ လက် တစ်ဘက် မှ လည်း သော်တာစိန် ၏ ဓါတ်ပုံငယ် ကလေး ကို လက်ကိုင် ပုဝါကလေး နှင့် ညှပ် ကိုင် ထားသည် ။

သူ့ ရင်ဘတ် က နှင်းဆီပန်း ပြုတ်များ ကျ မလား ဟု မကြာ ခဏ ကြည့် ရ သေးသည် ။ တိုးမည့် လူများ ကို လည်း ရှောင်ရ သေးသည်  ။ ရထား ပြတင်းပေါက် စေ့ အောင် လည်း မျက်စိ လျှင် ရသည် ။ သူ့ တစ်သက်တာ မှာ ပထမ ဦးဆုံး ရင် အခုန်ဆုံး အခါ ပေ တည်း ။

တစ်တွဲ ၊ နှစ်တွဲ ၊ သုံးတွဲ ၊ လေးတွဲ ၊ ငါးတွဲ ကျော် ခဲ့ပြီ ။ မတွေ့ သေးပါလား ။

သောင်းကျန်းသူ မိုင်းဗုံး ဆိုတာ ပြောနိုင်တာ မှုတ်ဖူး ဟု ဆို ကာ ကိုခင်ဦး ကတော် ဒေါ်ဒေါ်ညွန့် သည် သော်တာစိန် အား ရထား နောက်ပိုင်း တွဲ မှာ သာ စီး ရန် မှာကြား လိုက်သည် ။

သော်တာစိန် သည် ကိုယ် တစ်ပိုင်း အပြင် မှာ ထုတ် ၍ ရထား အရှိန်သတ် ကတည်း က အောက် က လူအုပ် ထဲ မှာ ချစ်သူ ကို ရှာ ခဲ့ရာ ရထား ရပ်ပြီး မကြာမီ ပင် ဆင်းသူ ကြိုသူတွေ ကြား ထဲ တွင် ရင် ဘတ် ပန်းနီနီကလေး နှင့် ပိတောက်ရွှေဝါမယ်ကလေး ကို မြင် ရလေ သည် ။ ဧကန္တ သူကလေး ဘဲ ။ မိမိ မျှော်လင့်သည် ထက် ပင် လှပ နေသေးသည် ။ အနီး ရောက်မှ ' သန့် ' ဟု နှုတ်ဆက် လိုက်မည် ။

သုံးလေးတွဲ အကွာ မှာ ရှိ သေး၍ တွဲတိုင်း စေ့ ကြည့်ပြီး လာ နေ ရသော မရည်သန့် ကလေး ကား သူ့ ကို မမြင်ရ သေးချေ ။ တဖြည်းဖြည်း နီး ၍ နီး ၍ လာ လေရာ သော်တာစိန် ရင် မှာ တဒုတ် ဒုတ် ခုန်၍ နှုတ် မှာ တရွရွ လှုပ် နေလေပြီ ။ 

ယင်း အခိုက် တွင် မိမိ နောက်ကျော ကို မာကြော သော အရာ တစ်ခု နှင့် ထောက် တာ သိ လိုက် ရပြီး တစ်ပြိုင်နက် တည်း တင်းမာ သော အသံဖြင့်

“ ဟေ ဘလှိုင် မလှုပ်နဲ့ ”

သော်တာစိန် သည် ရုတ်တရက် ထိတ်လန့်ခြင်း ၊ အံ့အားသင့် ခြင်း ဖြင့် နောက်ဘက် မျက်နှာ လှည့် ကြည့် လိုက်ရာ မိမိ ကို သေနတ် နှင့် တေ့ ရာ တွင် အခြား လူများ မမြင်ရအောင် မိုးကာအင်္ကျီ ကို ခြုံထားသော လူ တစ်ယောက် နှင့် အခြား လူ ပုပု တစ်ယောက် ။

သော်တာစိန် သည် မိုးကောင်း တုန်း က လို လူ မှား ပြန်ပြီ သိရ ၍ ချက်ခြင်း ပြုံး လိုက်ကာ -

“ မိတ်ဆွေတို့ လူ မှားပြီ ခင်ဗျား ၊ ကျွန်တော် ဘလှိုင် မဟုတ် ပါဘူး ”

သို့သော် ထို သေနတ် နှင့် လူ က -

“ ဟေ့ - ဘလှိုင် ၊ မင်း ငါ့ ကို ဒီ အပေါက်မျိုး ချိုးလို့ ဘယ် ရ မှာလဲ ကွ ၊ ကဲ အသာတကြည် နဲ့ လိုက် မလား ၊ ဒါမှမဟုတ် မင့် ကိုယ် ထဲ ကျည်ဆံ ထည့်ပြီး တို့ ကပ်တွဲ ခေါ် ရမလား ”

သော်တာစိန် လည်း ဒေါသ ထွက်လာ ကာ -

“ နေပါအုံး ၊ ကျုပ် ဘလှိုင် မဟုတ်ဘူး ပြော နေရက်သား နဲ့ ၊ လူ တစ်ယောက် ကို သေနတ် နဲ့ ပစ် ဖမ်းရအောင် ခင်ဗျားတို့ က ဘာလဲ ဗျ ”

ထို သူ သည် မည်သို့မျှ အမူအရာ မပြောင်းဘဲ -

“ ပရိယာယ် လုပ်ပြီး သိပ် အချိန် ဆွဲ မနေနဲ့ ဘလှိုင် ၊ မင့် ကို အခု ပစ်သတ် လိုက်ရင် အစိုးရ က ငါ့ ကို ဂုဏ်ထူးဆောင် လက်မှတ် တောင် ပေး လိမ့်အုံးမယ် ၊ ဒါကို ငါ မယူပါရစေနဲ့ ကွာ ”

ယင်း၌ သော်တာစိန် သည် “ ဘလှိုင် က တောခို နေတဲ့ လူ ” ဆို သော စောထွန်း ၏ စကား ကို သတိ ရ၍ အပျက် အပျက် နှင့် ခံရ ပကော ဟု တုံလှုပ် ချောက်ခြား သွား လျက် -

“ တကယ် ပြောတာပါ နောင်ကြီး ရာ ကျွန်တော် ဘလှိုင် မဟုတ်ပါဘူး ၊သက်သေ ... ”

သို့ သော် သူ့ စကား မဆုံးမီ -

“ ဟေ့ ဘလှိုင် ... ရှေ လိုက်တာ ကွာ ... ” ဆိုပြီး သူ့ ကို အတွင်းဘက် တွန်း လိုက်၍ အခြားသူများ မမြင်ရအောင် မိုးကာ အင်္ကျီ တွင်း မှ သေနတ် ကို နံစောင်း တေ့ လျက် “ မင်း ငါ့ ဒီတစ်ခါ ရော်ဗင်ဟု လုပ် လို့ မရတော့ဘူး ။ ကဲ - အရှင် လိုက် မလား အသေ ဆွဲချ သွားရမလား ၊ဒါဘဲ ပြော ... ”

ထို လူ ၏ မျက်နှာ မှာ သူ ပြောသည့် အတိုင်း ပြုရန် ပြဌာန်း ပြီး ဖြစ်၍ ၊ သော်တာစိန် မလှုပ်သာတော့ ဘဲ မိမိ ဆီ လာ နေသော ချစ်သူ ထံ မှ အကူအညီ ရလို ရငြား -

“ နေပါအုံးဗျာ ... ခဏလေး ဆိုင်းပါ .. ”

“ ဟေ တစက္ကန့် မဆိုင်းနိုင်ဘူးကွ ၊ ကဲ - သွား ”

သေနတ် ပျောင်း နှင့် နံစောင်း ကော် လိုက်သည် ။

“ တုပ်ပု သူ့ ပစ္စည်းတွေ ယူခဲ့ ”

သော်တာစိန် မကြံတတ်တော့ ဘဲ သူ့ ရင်ဘတ် က ပန်းနီနီ ကို ဖြုတ် ကာ မရည်သန့်ကလေး တွေ့ပါစေတော့ ဟု ရထားတွဲ အပြင်ဘက် သို့ ပစ် ချလိုက်ရာ .. ထို လူ က -

“ ဘာလဲ .. မင့် လူတွေ အချက် ပေးတာလား ”

သော်တာစိန် က စိတ် ရှုတ်လှ စွာ နှင့် ...

“ မဟုတ်ပါဘူး ဗျာ ”

“ ဘာဘဲ ဖြစ်ဖြစ် ၊ မင့် အသက် ကတော့ ငါ့ လက် ထဲမှာဘဲ ။ ကဲ လာ ”

ဆိုပြီး မိုးကာအင်္ကျီ ကို နှစ်ယောက် ချုံ လိုက်၍ “ လှုပ်တော့ မလှုပ်လိုက် နဲ့ နော် .. သေနတ်ပျောင်းဝ က မင့် အသည်း နဲ့ တေ့ နေ တယ်  ”

◾ ပန်းနီ တစ်ပွင့်

မရည်သန့်ကလေး သည် မောင်ကလေး ကို လက် တစ်ဘက် ကိုင် ၍ တွဲပေါက် စေ့ ရှောက် ကြည့် လာရင်း မိမိ ရှေ့ တစ်တွဲ ကျော် လောက် မှ ပန်းနီ တစ်ပွင့် အရှိန် ပြင်းစွာ ပစ် ကျ လာသည် ကို ရိပ်ခနဲ မြင် လိုက်မိသည် ။ သို့သော် ဤအရာ ကို အရေး စိုက်ဖို့ အမှတ် မထားမိ ။ မိမိ ချစ်သူ မျက်နှာ ကိုသာ ရထားတွဲ ပြူတင်းပေါက် တွေ မှာ ရှောက် ရှာခဲ့သည် ။ နောက်ပိတ်ဆုံး ဂါတ်တွဲ ဆုံး သွား တော့ မှ စိတ်နှလုံး လေးလံလျက် ရင်များ တဒိတ်ဒိတ် ခုန် ကာ နောက်ကြောင်း ပြန် ရင်း အခုန ပန်း ကို သတိ ရ သဖြင့် မောင်နှစ်မ နှစ်ယောက် သား သွား ကောက် ကြသည် ။

တစ်စုံ တစ်ယောက် နင်း သွားပြီ ဖြစ်၍ ပြား နေသည် ။ သို့သော် ပျော့ပြောင်းသော ပလတ်စတစ် ဖြင့် လုပ် ထားသည် ဖြစ်၍ ပြန် ပြု ပြင်သော အခါ ၌ နဂိုအတိုင်း ဖြစ် လာသည် ။ ဤ ပန်းမျိုး သည် ဤအရပ် ဒေသ မှာ မရှိ ။ မရည်သန့်ကလေး ၏ စိတ်တွင် ကိုယ်စောင့် နတ် က ပြောကြားသည့် အလား ၊ မိမိ ချစ်သူ ၏ ပစ္စည်း ဖြစ်ရမည် ဟု အတပ် စွဲကာ - “ လာ - ကောင်လေး ” ဟု တုံလှုပ်သော လက် ဖြင့် ကောင်ကလေး ကို ဆွဲ ကာ ထို ပန်း ကျလာ ရာ တွဲ ပေါ် သို့ မောင်နှစ်မ နှစ်ယောက် တက် ကြသည် ။

တွဲ ပေါ် ၌ လူ တစ်ယောက် မျှ မရှိတော့ ။ ကသာ ဘူတာ သည် သံလမ်း အရှေ့ဘက် ၌ ရှိရာ ယင်းအချိန် တွင် မရည်သန့် တို့ မောင် နှစ်မ သည် ထို တွဲ ပေါ် မှ နေ၍ အနောက်ဘက် သို့ လှမ်း ကြည့်လိုက် ပါလျှင် ... မိုး မရွာဘဲ လျက် မိုးကာအင်္ကျီ ကို နှစ်ယောက် ချုံ သွားသော လူ နှစ်ယောက် နှင့် သူတို့ နောက် မှ ပစ္စည်း အချို့ကို ဆွဲကိုင် လိုက် သွားသော လူပုပု တစ်ယောက် ကို မြင် ရပေမည် ။ သည် ထက် ပို၍ အချိန် အနည်းငယ် ကြာ စောင့်ကြည့် လိုက် ပါ က ထို လူများ သည် မီးရထားဝင်း ဆုံး ၍ ကမ်းနားလမ်း ရောက် သည် ၌ ဂျစ်ကား တစ်စီး ပေါ် တက် သွား ကြသည် ကို မြင် ရမည် ဖြစ်ပါ၏ ။

သို့သော် မရည်သန့် တို့ မောင်နှစ်မ သည် ဤ အရာ ကို မြင် လည်း မမြင် ၊ ကြည့် ရမည် လည်း မသိ ၊ လူ တစ်ယောက် မျှ မရှိသော တွဲ ပေါ် တွင် ကြိုးကြည့် ကြောင်ကြည့် နှင့် ရှိလေရာ မှ မရည်သန့် သည် ထိုင်ခုံ တစ်ခု ပေါ် ၌ စာ တစ်အုပ် ကို မြင်၍ ပိုင်ရှင် မဲ့ ပစ္စည်း အဖြစ် နှင့် ကောက်ယူ ကြည့်ရှု လိုက်ရာ အင်္ဂလိပ် ဝတ္တု စာအုပ် ၊ ထို စာအုပ် အလယ် လောက် မှာ ဟ နေ သဖြင့် အလိုက်သင့် ဖွင့် ကြည့် လိုက်မိသော အခါ ၌ ကား မရည်သန့် ၏ တစ်ကိုယ်လုံး သည် အထက် သို့ လွင့် မြောက် ပြီး လေ ထဲ တွင် ခြားရဟတ် ကဲ့သို့ လည်ပတ် သွားသည် ဟု ထင် လိုက် ရတော့၏ ။

အကြောင်း မှာ ထို စာအုပ် ထဲ တွင် မိမိ လက်ရေး ဖြင့် သော်တာစိန် လိပ် တပ် ထားသော စာ တစ်စောင် နှင့် မိမိ ၏ ဓာတ်ပုံ ။

မရည်သန့် ချောက်ခြားပုံ မြင် ရ၍ မောင်ကလေး က -

“ ဘာလဲ မမ ”

မရည်သန့် မှာ ဘာမျှ ပြန် မပြောနိုင် ။ ရင်ခုန် ၊ လက်တုန် နှင့် နှုတ်ခမ်းများ လည်း တဆတ်ဆတ် လှုပ် နေ တော့သည် ။

ကသာ ဘူတာ ဝင်ခါ နီး တွင် သော်တာစိန် သည် ဤ စာ နှင့် ဓာတ်ပုံ ကို အထပ်ထပ် ဘတ် ၊ အခါခါ ကြည့် ပြီး လမ်း မှာ ဖတ် လာ ခဲ့ သော စာအုပ် ထဲ ညှပ် ထား လိုက်ခြင်း ဖြစ်သည် ။

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment