Sunday, April 9, 2023

ကြောက်လို့ရယ် မဟုတ်ပါဘူး


 ❝ ကြောက်လို့ရယ် မဟုတ်ပါဘူး ❞


အ‌ပေါ် ထပ် ဘုရားစင်‌ ရှေ့ က သစ်သား ပက်လက်ကု,လားထိုင်‌လေး တွင် အဘွား အမြဲ ထိုင် တတ်သည် ။ ‌နေ့‌ ရော ည ပါ ထိုင်ရ လွန်း သဖြင့် စစ်စိမ်း‌ရောင် ကု,လားထိုင် ၏ ဖျင်‌လေး မှာ အ‌ရောင်‌တွေ ပင် လွင့်ပြယ်‌ နေပြီ ဖြစ်သည် ။ အဘွား ၏ အသက် က ရှစ်ဆယ်‌ ကျော်‌ နေပြီမို့ အ‌ပေါ် တက်‌ အောက် ဆင်း သိပ် မလုပ်ဖြစ်‌ တော့‌ ပေ ။ အ‌ပေါ်ထပ် တွင်‌ ရေချိုးခန်း‌ ရော အိမ်သာ ပါ ရှိ‌တော့ အောက်ထပ် ဆင်းရန် လည်း သိပ် မလိုလှ‌ပေ ။ 

အ‌ပေါ်ထပ် တွင် အဘွား အတွက် သွားစရာ‌ နေရာ က သိပ် များများစားစား ရှိသည်‌တော့ မဟုတ် ။ အခန်း ထဲ တွင် သူ အိပ်‌ သော ကုတင် နှင့် ကုတင်‌ဘေး က ကြိမ်ကု,လားထိုင် ။ ဘုရားစင် ‌အောက် က ပက်လက်ကု,လားထိုင် ။ ထို့‌နောက်‌ ရေချိုးရန်‌ ရေချိုးခန်း နှင့် တပိုတပါး သွားရန် အိမ်သာ ။ ထို‌ နေရာ‌ လေးခု ကို အလှည့်ကျ သွားရင်း တစ်‌နေ့တာ ၏ ရှည်လျားလှ‌သော အချိန် များ ကို တ‌ရွေ့‌ရွေ့ ကုန်လွန်‌စေ ရသည် ။ 


အဘွား နှင့် အတူ‌ နေ သူ က သမီး အကြီးဆုံး ဖြစ်သူ ‌ဒေါ်ခင်ခင်ကြီး ဖြစ်‌လေသည် ။ သူ့ အသက် က လည်း မ‌သေး ။ ငါးဆယ့် ငါးနှစ် ရှိပြီ ဆို‌တော့ ဆံပင်‌တွေ က လည်း ‌ကြောင်‌ကြောင်ကျားကျား ဖြူ ကာ မျက်စိ လည်း မှုန်‌ နေပြီ ဖြစ်သည် ။ ဒါတင် မက‌သေး ။ ကိုယ် အ‌လေးချိန် က လည်း‌ ပေါင် တစ်ရာ့ငါးဆယ်‌ ကျော်‌ လေသည် ။ ဒီ‌တော့လည်း ဒီ ခန္ဓာကိုယ် ဝဝကြီး ကို‌ ထောက်ပြီး ထူ မ ထား‌သော ဒူး‌တွေ က နာ လှပါသည် ။ အဘွား က‌ တော့ ပိန်ပိန်ပါးပါး‌လေး ဖြစ်သည် ။ အသက်ကြီး သည် မှ အပ ဘာ‌ ရောဂါ မှ ကြီးကြီးကျယ်ကျယ် မရှိ‌ချေ ။ ‌သွေး လည်း မတိုး ၊ ‌သွေး လည်း မချို‌ပေ ။ မျက်စိ မှုန်‌ သော်လည်း နား မ‌လေး ။ သတိ က လည်း‌ ကောင်း ဆဲ ပင် ။ ထို့‌ကြောင့် လည်း ‌ဒေါ်ခင်ခင်ကြီး က


“ အ‌မေ က အသက် ကြီး‌ ပေမယ့် ကျန်းမာတယ် ။ ငါ သာ အ‌မေ့ အသက်‌ လောက် ထိ‌ နေ ရရင်‌ ရောဂါ‌တွေ စုံနဖာ ကို စီ‌ နေမှာ ”


ဟု မကြာခဏ‌ တွေးမိ တတ်သည် ။ ယခု အသက်အရွယ် တွင် ပင် သူ့ခမျာ ဆီးချို‌ ရော ၊ ‌သွေးတိုး‌ ရော ရှိ‌နေပြီ ဖြစ်‌လေသည် ။ 


“ အဘွားကြီး ကို အဘွား‌လေး က ပြုစု‌နေတာ ဟဲ့ ”


ကျန်‌သော‌ မောင်နှမများ‌ ရှေ့ တွင်‌ ဒေါ်ခင်ခင်ကြီး က ထိုသို့ပင် အသားယူ ကာ ပြော တတ်သည် ။ သူ့ ကိုယ် သူ လည်း ထိုသို့ပင် ထင်သည် ။ အရင် က‌ တော့ ဟုတ်ပါသည် ။ အဘွား ကို ကိုယ်ဖိ ရင်ဖိ ပြုစု နိူင်ခဲ့သည် ။ သို့‌သော် ယခု‌ နောက်ပိုင်း တွင်‌ တော့ သူ့ သမီး ‌မွေးထား‌သော အမြွှာညီ‌နောင် ကို မျက်ခြည် မပြတ် ထိန်း‌ကျောင်း‌ နေရရ၍ အဘွား နား သို့ ပင် သိပ်ပြီး ကပ်ဖြစ်လှ‌တော့သည် မဟုတ်‌ချေ ။ ဂဂျီ နှင့် ဂ‌ဂျောင် ဟု အမည် တွင်‌ သော အမြွှာညီ‌နောင် မှာ အသက် သုံးနှစ်‌ ကျော်ခါ စ ပင် ရှိ‌သေး သည် ။ စကား တတ်ကာ စ မို့ အ‌မေးအမြန်း ထူ လှ သလို‌ မျောက်ရှူံး‌ အောင်လည်း ‌ဆော့ တတ်သည် ။ အ‌ပေါ်ထပ် ကို အဘွား ၏ ပိုင်နက် အဖြစ် သတ်မှတ် ထား၍ သူတို့ ၏‌ ဘေးရန် မှ လွတ်‌ သော်လည်း‌ အောက်ထပ် တစ်ထပ်လုံး ကို ကား‌ ဗြောင်းဆန် ပြီး ပွစာ ကြဲ‌ နေ‌အောင် အစွမ်း ပြ‌လေ့ ရှိကြသည် ။ ‌ဒေါ်ခင်ခင်ကြီး ခမျာ


“ ဟဲ့ ဟိုအ‌ကောင် ဂဂျီ ကြိမ်ကု,လားထိုင်‌ ပေါ် တက် မခုန်ပါနဲ့ ဆို‌ ပြော မရဘူးလား ၊ အကုန်လုံး အ‌ပေါက်‌တွေ ဖြစ်ကုန်‌တော့မယ် ”


“ ဂ‌ဂျောင်‌ နော် သံပန်း‌ ပေါ် ခို တက်‌ နေပြန်ပြီလား ဆင်း ဆို ဆင်းစမ်း ၊ အခု ဆင်းစမ်း ”


ဟု သုံးမိနစ် တစ်ခါ‌လောက် အာပြဲ‌ အောင်‌ အော်ဟစ်‌ နေရ‌တော့ အဘွား ၏ အနား သို့ သိပ် မ‌ရောက်ဖြစ်သည် မှာ မဆန်းလှ‌ပေ ။ 


‌နေ့ခင်း ကျ‌တော့ လည်း သူ့‌ မြေး‌တွေ ကို အတင်း အိပ်ခိုင်းပြီး က‌လေး‌တွေ အိပ်လျှင် သူ ပါ‌ ရောပြီး အိပ် သွား တတ်သည် ။ ည‌နေ‌စောင်း ၍ က‌လေး‌တွေ အ‌မေ ပြန်‌ရောက်ခါ မှ သူ ကအဘွား အနား သို့ ခဏတဖြုတ် လာ ထိုင်နိုင်သည် ။ အ‌ရေခွံ‌လေး‌တွေ ပျော့ကာ ရှူံ့‌ နေ‌သော အဘွား ၏‌ ခြေသလုံး‌လေး‌တွေ ကို တစ်ချက် နှစ်ချက်‌ လောက် ဝင် နှိပ်ရင်း‌ ရောက်တတ်ရာရာ‌ ပြော‌လေ့ ရှိသည် ။ 


“ အ‌မေ မနက် က ထမင်း စားလို့ ဝင် ရဲ့လား ”


“ မနက်ဖြန် မနက် မုန့်ဟင်းခါး စား မလား ဟင် ”


“ ‌နေ့ခင်းတုန်း က ခင်‌လေး ဆီ က စာ လာတယ် ။ မ‌ကွေး မြသလွန် ဘုရားပွဲ အရမ်း စည်တယ် တဲ့ ။ ဘုရားပွဲ မှာ အညာ‌စောင်‌တွေ‌ တွေ့လို့ အ‌မေ့ ဖို့ တစ်ထည် ဝယ် ထားတယ် တဲ့ ”


ဟု ‌ပြောလို့ မှ မဆုံး‌သေး ။ သူ့‌ ယောက်ျား ဦးလှ‌ဆောင် ထမင်း စား‌တော့မည် ဆို‌တော့ အဘွား ကို ထားခဲ့ပြီး‌ ယောက်ျား နား‌ ပြေး ရ ပြန်‌ လေသည် ။ 


အဘွား နား တွင်‌ နေရန် က‌လေးမ‌လေး တစ်ဦး ကို‌ တော့ အမြဲ လွှတ် ထားသည် ။ သို့‌သော် သူစိမ်း ဆို‌တော့ သူစိမ်း လိုပင် ။ အဘွား အတွက်‌ ကွေကာအုတ်‌ ဖျော်‌ပေး လျှင် ခွက် ထဲ တွင် သူ‌ သောက်ရန် တစ်ဝက်‌ လောက် ချန် ထား တတ်သည် ။ သနပ်ခါး‌ သွေး လျှင် လည်း စက်‌သွေး‌တွေ‌ ရောကာ ထည့် ထား တတ်သည် ။ ပက်လက်ကု,လားထိုင်‌ ပေါ် တွင် ထိုင်ရင်း အဘွား တရားမှတ်‌ နေပြီ ဆိုလျှင်‌တော့ သူ က‌ ဘေးတွင် လှဲ ကာ အိပ်‌ပျော် သွား တတ်သည် ။ အဘွား တစ်ခု ခု လိုချင်၍ နှိုးလျှင် လည်း‌ တော်‌တော် နှင့် မနိုးတတ် ။ ဇွတ်‌ ပေပြီး ဆက် အိပ်‌ နေ တတ်သည် ။ အဘွား ခမျာ ဘယ်သို့ ဘယ်ညာ လည်း မ‌ပြောချင်‌တော့ သဖြင့် ရတတ် သမျှ‌ သော ဝတ်‌ကျေ တမ်း‌ကျေ အပြုအစု‌လေးများ ကို ခံယူကာ နှုတ် ကို သာ ပိတ်ထား လိုက်သည် ။ ရှည်လျားလှ‌သော ‌နေ့ရက်များ ကို အ‌တွေး ဖြင့် သာ အ‌ဖော် ပြု ရ‌ လေသည် ။ 


အဘွား မှာ လည်း လွန်ခဲ့‌သော ရှစ်နှစ်‌ ကျော်‌ကျော် က ကွယ်လွန် သွားခဲ့‌ သော အဘိုး နှင့် သူ ၏ သားသမီး‌တွေ အ‌ကြောင်း မှ လွဲ၍‌ တွေးစရာ အ‌ကြောင်း များများစားစား မရှိလှ ။ သမီး အကြီးဆုံး ခင်ခင်ကြီး အပြင်‌ မောင်‌မောင်ကြီး ၊ ‌မောင်‌မောင်လတ် ၊ ‌မောင်‌မောင်‌လေး ၊ ခင်ခင်လတ် ၊ ခင်ခင်‌လေး ၊ ခင်ခင်‌ထွေး ဟူ‌သော

သား‌တွေ သမီး‌တွေ ရှိ‌သေး‌ တော့ တစ်‌ယောက် အ‌ကြောင်း မှ တစ်‌ယောက် အ‌ကြောင်း ကို ကူး‌ပြောင်း‌ တွေး‌တော ရင်း အ‌တွေးမျှင်‌တွေ‌ ရောယှက်‌ နေ တတ်သည် ။ အငယ်ဆုံး သမီး ဖြစ်‌သော ခင်ခင်‌ထွေး ပင်‌ လေးဆယ်‌ ကျော်‌ နေပြီ ဆို‌တော့ အဘွား ၏ သားသမီးများ မှာ‌ ခေတ်စကား နှင့်‌ ပြောရလျှင် အန်ကယ်ကြီး ၊ အန်တီကြီး‌တွေ ဖြစ်‌နေကြပြီ ဖြစ်သည် ။ 


“ အကြီး‌ကောင်‌ မောင်‌မောင်ကြီး က မ‌အေ ကို သိပ် ချစ်တာ ၊ အငယ်‌တွေ တစ်‌ယောက် ပြီး တစ်‌ယောက်‌ မွေးလာ‌တော့ သူ့ခမျာ အ‌မေ့ အနား မကပ်နိုင် ရှာ‌တော့ဘူး ။ ဒီ‌တော့ အ‌မေ့ အင်္ကျီ ဟောင်း‌လေး ကို ဖက်ပြီး အိပ် တတ်တာ ။ အင်္ကျီ မှာ စွဲ‌နေတဲ့ တောင်နံကြီးနံ့ နဲ့‌ ချွေးနံ့ ကို သူ က အ‌မေ့ ရဲ့  အနံ့ တဲ့ ”


အဘွား က စိပ်ပုတီး‌လေး တ‌ဂျောက်‌ဂျောက် စိပ်ရင်း‌ တွေးသည် ။ 


“ ‌ကျောင်း ပျင်း တာက အလတ်မ မိခင်လတ် ၊ ‌ကျောင်း‌ နောက်ဘက် အိမ်သာ နား က ခွေးတိုး‌ပေါက် က‌နေ တိုး ထွက်ပြီး အိမ် ကို ပြန် ပြန်‌ ပြေးလာတတ်တာ ၊ သူ့ အ‌ဖေ က စိတ်တိုတို နဲ့ အ‌တော် နာ‌အောင် ရိုက် လိုက်မှ အဲဒီ အကျင့်‌ ပျောက်‌ တော့တယ် ”


“ ငါ နို့နာ‌ ပေါက်လို့ နို့‌ ကောင်း‌ကောင်း မတိုက်နိုင်တာ က အငယ်‌ကောင်‌ မောင်‌မောင်‌လေး ၊ သူ့ ကျ‌တော့ နို့ဘူး တိုက် ရတာ ။ မတ်တပ်‌ ပြေး တတ်‌ တော့ နို့ဘူးကြီး တန်းလန်း ကိုက် လို့ ”


“ အင်း ဒီနှစ် သီတင်းကျွတ် မှာ သား‌တွေ သမီး‌တွေ အိမ် မှာ လာ စု ကြရင် ဘယ်‌လောက်‌ ကောင်း မလဲ ၊ ငါ မ‌သေခင် သားသမီး အစုံ နဲ့ စုစုရုံးရုံး ဓာတ်ပုံ ရိုက်ချင် လိုက် တာ ”


ပဋ္ဌန်းရွတ် ရင်း လည်း‌ တွေး ၊ ‌ရေချိုး ရင်း လည်း‌ တွေး ၊ အစာ စားရင်း လည်း‌ တွေး နှင့် အဘွား ၏ အ‌ဖော် က အ‌တွေးများ သာ ဖြစ်‌နေသည် ။ အဘွား က သာ သားသမီး‌တွေ အကြာင်း တ‌တွေး တည်း‌ တွေး‌ နေရ‌ သော်လည်း အလုပ်တာဝန် ဖိစီး‌နေ‌သော သားသမီး‌တွေ က မူ အဘွား ၏ အ‌ကြောင်း ကို‌ တွေးရန် အချိန် သိပ် မရှိကြ‌ပေ ။ ငယ်စဉ် က အဘွား ၏ အင်္ကျီ အ‌ဟောင်း‌လေး ကို ဖက် အိပ် တတ်‌သော‌ မောင်‌မောင်ကြီး ပင် ရန်ကုန် တစ်မြို့တည်း တွင် ရှိ‌ နေပါ လျက် အဘွား ဆီသို့ မှန်မှန် မ‌ရောက်ဖြစ် သည် မှာ ကြာ‌ ချေပြီ ။ ‌မှော်ဘီ ဘက် တွင် ခြံ ဝယ်ကာ သီဟိုဠ် သရက်‌တွေ စိုက်‌ နေ‌တော့ အချိန်အား‌လေး ရ လျှင်‌ မှော်ဘီခြံ ဘက်‌ ပြေး‌လေ့ ရှိပြီး အဘွား ဆီ‌ ခြေဦး မလှည့် နိုင်‌ တော့‌ချေ ။ 


ခင်ခင်ကြီး နှင့်‌ မောင်‌မောင်ကြီး တို့ က ရန်ကုန် တွင် ရှိကြ‌ သော်လည်း ကျန် ငါးဦး က‌ တော့ မန္တ‌လေး ၊ မ‌ကွေး ၊ ပုသိမ် ၊ ပျဉ်းမနား နှင့်‌ မော်လမြိုင် တို့ တွင် ရောက်‌ နေ ကြသည် မို့ မြန်မာပြည် အနှံ့ ပျံ့ လို့‌ နေသည် ။ တစ်ခါတစ်‌လေ ကျ‌တော့ လည်း အဘွား သည် ငယ်ငယ်တုန်း က ဩဇာ‌စေ့က‌လေး များ နှင့်

ဇယ်‌တောက် ကစား ခဲ့ဖူးသည် ကို သတိ ရသည် ။ လက်ထဲ တွင် စုဆုပ် ထား‌သော ဩဇာ‌စေ့က‌လေးများ ကို ကြမ်း‌ပေါ် သို့ ကြဲချ လိုက် သလို သူ့ သား ၊ သူ့ သမီး များ သည် ‌နေရာ အနှံ့ ကျဲပြန့် ၍ သွား‌ လေသည် ။ တစ်‌ယောက် လျှင် တစ်‌နေရာ ၊ တစ်‌ယောက် လျှင် တစ်ဘဝ စီ နှင့် ။ သူတို့ ၏ ကိုယ်ပိုင် ဘဝ ထဲ တွင် သူတို့ နှင့် သက်ဆိုင်‌သော အလုပ် တာဝန် ၊ မိသားစု တာဝန် တို့ သာ မက လူမှု‌ရေး ပြဿနာ စီးပွား‌ရေး ပြဿနာများ နှင့် ပါ အဖိစီး ခံ‌နေကြရ‌လေသည် ။ 


အဘွား ဆီ သို့ ကြုံလျှင် ကြုံသလို ဝင်လာကြ ၊ စာ‌ရေးကြ ၊ တယ်လီဖုန်း ဆက်ကြ ၊ စားစရာ‌တွေ ပို့ကြ‌ သော်လည်း သူတို့ မိခင်အိုကြီး အတွက် သူတို့ ၏ ကိုယ်ပိုင် အချိန်များ ကို များများစားစား‌ တော့ ဖဲ့ပြီး မ‌ပေးနိုင် ကြ‌ တော့‌ပေ ။ 


ဒီလို နှင့် ပင် ဒီ‌နေ့ ဘယ်သူများ‌ ပေါ်လာ မလဲ ၊ ဘယ်သူများ တယ်လီဖုန်း ဆက်မလဲ ၊ ဘယ်သူ့ ဆီ က များ စာ လာမလဲ ၊ ဘယ်သူ့ ဆီ ကများ လူကြုံ‌ ရောက်မလဲ စသည်ဖြင့် မျှော်ရင်း‌ ငေးရင်း အချိန်‌တွေ ကုန် လာခဲ့သည် ။ ‌နေ တစ်ခါ ထွက်လိုက် ၊ ‌နောက်ပြီး ပြန်ဝင် သွားလိုက် ၊ ‌နောက် တစ်ခါ‌ နေ ထွက် လာ လိုက် ၊ ပြန် ဝင်သွား နှင့် အဘွား ၏ နေမင်းများ သည် ဘာ ထူးခြားမှု ကို မှ မ‌ပေးခဲ့သည် မှာ ကြာမြင့်လှ‌ ချေပြီ ။ 


အခု တ‌လော‌ တော့ နည်းနည်း ထူးခြား‌ နေသည် ။ အ‌ကောင်း ထူးခြား သည်‌ တော့ မဟုတ် ။ နေ မ‌ကောင်း မဖြစ်ဘူး‌သော အဘွား ခမျာ ပျို့ချင်ချင် အန်ချင်ချင် ဖြစ်‌ နေခြင်း ပင် ။ ဗိုက် ထဲ တွင် တင်းတင်းကြီး ဖြစ်ကာ ထမင်း‌လေး တစ်လုတ် နှစ်လုတ်‌ လောက် စားပြီးလျှင် ပင် ပြည့်ကယ်ကယ်ကြီး ဖြစ်သွား တတ်သည် ။ အစာ လည်း ‌ကောင်း‌ကောင်း မ‌ကြေဘဲ ချဉ်နံ့‌တွေ တက်‌ နေ တတ်သည် ။ ဒီ‌နေ့ မနက်‌တော့ ဗိုက်ကြီး က တင်း‌ နေရုံ မက‌တော့ ။ နာ ချင်ချင် ၊ ‌အောင့် ချင်ချင် နှင့် အ‌နေရ အထိုင်ရ ပါ ခက် လာသည် ။ မတတ်သာ‌တော့ ခင်ခင်ကြီး ကို‌ ခေါ် ရသည် ။ 


“ ‌နေ မ‌ကောင်းရင် လည်း‌ စော‌စော က‌ ပြော‌ရော‌ပေါ့ အ‌မေရယ် ။ ဟုတ်ပါရဲ့ ၊ ကျွန်မ လည်း အ‌မေ့ အနား မကပ်နိုင် ”


“ အစာ မ‌ကြေတာ ကြာပြီ သမီး ရယ် ။ လျှက်ဆား‌လေး လျက် လိုက်ရင် သက်သာသွား မလား ထင်‌ နေလို့ မ‌ပြောတာ ”


“ အခု‌ရော ဟင် ”


“ အခု‌တော့ ဗိုက်ကြီး တင်းပြီး နာတာတာ ဖြစ်လာတာ နဲ့ ”


‌ဒေါ်ခင်ခင်ကြီး ချက်ချင်းပင် ဆရာဝန်‌ ပြေး‌ ခေါ်သည် ။ ရပ်‌ဆွေရပ်မျိုး ဖြစ်‌ နေ‌တော့ ဆရာဝန်‌လေး ကလည်း ချက်ချင်း လိုက် လာသည် ။ အဘွား ကို အ‌သေအချာ စမ်းသပ်ပြီး “ အဘွား က အူအတက်‌ ရောင်‌ နေတာပဲ ”

ဟု‌ ပြောသည် ။ 


“ အဘွား ကို‌ ဆေးရုံ တင်ဖို့ လုပ်ပါ ။ အူ အတက်‌ ရောင် တာ က ကြာ ရင်‌ ပေါက်ထွက် တတ်တယ် ”


“ မ‌ပေါက်ထွက်‌အောင် ဘယ်လို လုပ်မလဲ လူ‌လေး ရယ် ”


“ ဗိုက် ခွဲပြီး ဖြတ်ပစ်ရမှာ အဘွား ရဲ့ ”


“ ဘုရား ဘုရား ”


က‌လေး ခုနစ်‌ယောက် ‌မွေးဖူး‌ သော် လည်း တစ်ခါ မှ ဗိုက် အခွဲ မခံရဖူး‌သော အဘွား ‌ကြောက် သွားသည် ။ ဘုရား ဘုရား ၊ သူ့ ဗိုက်ကြီး ကို ဆွဲဖွင့်ပြီး အထဲ က အူအတက် ဆိုတာ ကို ဖြတ်ထုတ် ပစ်မည် တဲ့ ။ 


“ အဘွား ကို အရည် က လွဲပြီး ဘာမှ မ‌ပေးနဲ့‌တော့ ။ အရည်‌ တောင် တတ်နိုင်ရင် သိပ် မ‌သောက် နဲ့‌ တော့‌ နော် အဘွား ”


ဆရာဝန်‌လေး ပြန် သွား‌တော့ အဘွား ခမျာ ကုတင်‌ ပေါ် တွင် ငြိမ်ငြိမ်‌လေး အိပ် ကာ ကျန်ရစ်သည် ။ သူ့ ဗိုက် ကို လက်ဝါး‌လေး နှင့် အုပ် ကာ သမ္ဗု‌ဒ္ဓေ ရွတ်သည် ။ ဗိုက် ထဲ က အနာ က သက်သာ သလိုလို ရှိလိုက် တိုးပြီး နာ လာလိုက် နှင့် စိတ်‌တွေ က ဘယ်လို မှ မတည်ငြိမ် ။ 


“ အင်း ဗိုက် ခွဲရင်း ငါ‌ သေ သွားရင်‌တော့ ငါ့ သားသမီး‌တွေ ကို‌ တွေ့ရမှာ မဟုတ်‌တော့ဘူး ။ 

ဒါ‌ပေမယ့် သူတို့ လည်း လူလား‌ မြောက်‌ နေပါပြီ‌လေ ။ စိတ်ချ‌ နေရပြီ ပဲ ဟာ ”


ဟု‌ တွေးရင်း မျက်စိ ကို မှိတ်ကာ ဝင်သက် ထွက်သက် ကို ရှုမှတ်သည် ။ ခဏ‌ နေ‌တော့ အတန်ငယ် ငြိမ် သွားသည် ။ 


မငြိမ် သူ က‌ တော့‌ ဒေါ်ခင်ခင်ကြီး ဖြစ်သည် ။ ‌ပေါင်ချိန် တစ်ရာ့ငါးဆယ် ‌ကျော် ရှိ‌သော ခန္ဓာကိုယ်ကြီး ကို သယ်ရင်း အ‌ပေါ် တက် လိုက်‌ အောက် ဆင်း လိုက် တယ်လီဖုန်း‌ ပြေး ဆက်လိုက် နှင့် လှုပ်လှုပ်ရှားရှား ဖြစ်‌ နေသည် ။ အဘွား ကို မဟာမြိုင် တင်ရ မလား ၊ ဆာကူရာ တင်ရ မလား ၊ ယူအိတ် ( ချ် ) စီ ပို့ ရမလား သူမ မသိ ။ ဘယ်‌နေရာ က ဘယ် ခွဲစိတ်ဆရာဝန် က‌ တော်လည်း သူ မသိ ။ သူ က ထမင်းဟင်း ချက်တတ်‌ ဈေး သွားတတ် ‌သော် လည်း‌ မြေး ထိန်းတတ်‌ သော်လည်း အူ အတက်‌ ရောင်ခြင်း တည်း ဟူ‌သော‌ ရောဂါ ကို မည်သည့်‌ နေရာ တွင် မည်သူ နှင့် ကု ရမည် ကို မသိရှာ‌ချေ ။ ထို့‌ကြောင့်‌ ယောက်ျား ဆီ တယ်လီဖုန်း ဆက်လိုက် ၊ သမီး နှင့် သမက် ဆီ တယ်လီဖုန်း ဆက်လိုက် ၊ ရန်ကုန် တစ်မြို့တည်း ရှိ‌ နေသူ ‌မောင် ဖြစ် သူ ဆီ ဆက်လိုက် ၊ ကျန်‌ နေ‌သော‌ မောင်ညီမ‌တွေ ရှိရာ နယ်အ‌ဝေး‌တွေ ကို လည်း လှမ်း‌ ခေါ်လိုက် နှင့် ပျာယာ ခတ်‌ နေသည် ။ သူ့ ဟာ သူ လည်း ဘာမှ မဆုံးဖြတ်တတ် ရှာ‌ပေ ။ 


ခဏ‌ နေ‌တော့ အိမ်‌ရှေ့ တွင် ကား တစ်စင်း ဆိုက် လာသည် ။ ပျာယိ ပျာယာ နှင့် ဆင်းလာ သူ က‌ မောင်‌မောင်ကြီး ဖြစ်သည် ။ 


“ နင့် ဆီ က လည်း ဖုန်း‌ ခေါ် ရတာ ခက် လိုက်တာ င‌မောင် ရယ် ”


“ အ‌မေ‌ ရော ”


‌မောင်‌မောင်ကြီး က အဘွား ဆီ သို့ တန်းပြီး တက် လာသည် ။ အိပ်ရာ ထဲ တွင် အေး‌အေးချမ်းချမ်း လဲ‌လျောင်း‌ နေသည် ကို‌ တွေ့‌သော အခါ မှ သက်ပြင်း တစ်ချက် ရှိုက်ကာ “ စိတ်ပူလိုက်တာ အ‌မေ ရယ် ” ဟု‌ ပြောသည် ။ ခင်ခင်ကြီး က‌ တော့ သူ့‌ မောင်‌ ရောက် လာ၍ အ‌တော်ကြီး အားရှိ သွားသည် ။ ဝုန်းဒိုင်းကျဲ‌ နေ‌အောင်‌ ဆော့‌ နေ‌သော ဂဂျီ နှင့် ဂ‌ဂျောင် ကို ထမင်းချက် အဝတ်‌လျှော် တာဝန်ယူ ထားရ‌သော ‌ဒေါ်လှချစ် နှင့် အဘွား ၏ အပါး‌တော်မြဲ ‌ကောင်မ‌လေး တို့ လက် ထဲ သို့ တစ်‌ယောက် တစ်‌ကောင် စီ အပ် လိုက်သည် ။ သိပ်ပြီး စိတ်ချ စရာ မရှိ‌ သော် လည်း မျက်နှာ လွှဲ လိုက်သည် ။ 


“ ဒီ‌နေ့‌တော့ အ‌မေ့ အနား မှာ ပဲ‌ နေ‌တော့မယ် ။ ဒီ‌ မျောက်‌လောင်း နှစ်‌ကောင် မိုးပျံ‌အောင်‌ ဆော့ လည်း မတတ်နိုင်ဘူး ။ ထိပ်‌ ပေါက်‌ပေါက်‌ ခေါင်း ကွဲကွဲ ဖြစ်ချင်တာ ဖြစ် မတတ်နိုင်ဘူး ”


 ဟု‌ တွေးသည် ။ 


‌နေ့ခင်း ကျ‌ တော့ အဘွား ကို သား နှင့် သမီး က ဘယ် တစ်ဖက် ၊ ညာ တစ်ဖက် တွဲ ကာ ဆေးရုံ သို့‌ ခေါ် လာ ကြသည် ။ ပုဂ္ဂလိက‌ ဆေးရုံ ဆို‌တော့‌ နေ့ခင်းပိုင်း တွင် လုပ်စရာ ရှိသည်များ ကို ပြုလုပ် ပြင်ဆင် ထားပြီး ည‌နေ ကျ မှ ခွဲကြရမည် ဖြစ်သည် ။ 


“ ခန္ဓာ ရှိလို့‌ ဝေဒနာ ရှိတာပဲ အ‌မေ ရာ ”


အဘွား က‌ ကြောက်‌နေမှန်း သိ‌တော့ သားကြီး က တတ်သမျှ မှတ်သမျှ အား‌ပေးသည် ။ သားသမီး‌တွေ စိတ် မပူ‌အောင် ကြိုးစားပြီး ပြုံးထား‌ သော် လည်း အဘွား ၏ အပြုံး က မပီပြင်‌ ချေ ။ မချိပြုံး‌လေး ဖြစ်‌နေသည် ။ သတိ‌ မေ့‌ နေလျှင်‌ တော်ဦးမည် ။ အခု‌တော့ ခါးရိုး ထဲ သို့ ထုံ‌ဆေး ထိုး ထည့် ပြီး သူ့ ဗိုက်ကြီး ကို ဓား နှင့် ခွဲချမည် ဆို‌တော့ အဘွား ခမျာ ဘယ်လိုပင် အားတင်း ပါ‌ သော်လည်း မ‌ကြောက် ပဲ မ‌နေနိုင်ရှာ‌ပေ ။ 


ည ခုနစ်နာရီ တွင် ခွဲမည် ဖြစ်ရာ‌ ခြောက်နာရီ‌ လောက် ကျ‌တော့ သား အငယ်‌ မောင်‌မောင်‌လေး တစ်‌ယောက်‌ မောကြီးပန်းကြီး နှင့်‌ ရောက် လာသည် ။ 


“ အလုပ်‌တွေ အကုန် လွှဲပြီး‌ တောက်‌လျှောက်‌ မောင်းချ လာတာ အ‌မေ‌ ရေ့ ။ ညောင်တုန်း တံတားကြီး ပြီး သွားတာ သိပ် ဟန်ကျတာပဲ ၊ ပုသိမ် - ရန်ကုန် ခရီး မြေ‌ကြော ရှုံ့လိုက် သလို‌ တော်‌တော် မြန် သွားတယ် ။ အရင် က လို သာ ဇက်‌ စောင့်ပြီး မြစ်ကူး‌ နေ ရရင် အ‌မေ့ ကို ခွဲခန်း ထဲ မသွင်းခင် မီချင် မှ မီ မှာ ”


‌မောင်‌မောင်‌လေး က အဘွား လက် ကို တင်းတင်း ဆုပ် ထားသည် ။ အဘွား ကို ချစ်ကြင်နာစွာ ကြည့် ရင်း


“ မ‌ကြောက်နဲ့‌ နော် အ‌မေ ။ ကျွန်‌တော်‌ ဗေဒင် ‌မေး လာတယ် ။ အ‌မေ့ အသက် တစ်ရာ‌ကျော်‌ နေရမယ် တဲ့ ”


ဟု‌ ပြောသည် ။ အတည်‌ပေါက် နှင့် ဖြီး တတ်‌သော သူ့ သား အ‌ကြောင်း ကို သိပြီးသား မို့ အဘွား က‌  ကြောက်စိတ်‌တွေ‌ လျော့ကာ ရယ်ချင် လာသည် ။ အ‌မေ့ ကို ခွဲစိတ်ခန်း ထဲ သို့ မပို့မီ မြင်ချင်၍ တရကြမ်း‌ မောင်း လာသည် ဟူ‌သော စကား‌ကြောင့် တသိမ့်သိမ့် ကြည်နူး သွားသည် ။ 


“ ငါ ကံ‌ကောင်း လိုက်တာ ။ ငါ့ သားသမီး‌တွေ က သိတတ် လိုက်တာ ”


ဟု အခါခါ‌ တွေးရင်း ခွဲစိတ်ခန်း ထဲ သို့ ခပ်ပြုံးပြုံး ဝင် သွားသည် ။ 


“ ဘာမှ မပူနဲ့ ။ အ‌မေ က တရား မှတ်‌ နေလိုက် မှာ ။ မ‌ကြောက်‌တော့ပါ ဘူး ”


ဟု ပြန်၍ အား‌ပေး သွား‌ သေးသည် ။ 


အဘွား ‌ပြော သလိုပင် ဖြစ်သည် ။ အဘွား ကို‌ အောင်မြင်စွာ ခွဲစိတ် ၍ ပြီး သွားသည် ။ ထို‌နေ့ ည က အဘွား ခွဲစိတ်ခန်း ထဲ မှ အပြင်‌ ရောက်လာပြီး တစ်နာရီ‌ လောက်‌ နေ မှ သား နှစ်‌ယောက် ပြန် သွားသည် ။ ခင်ခင်ကြီး က‌ တော့ အိမ် မပြန် ။ သူနာပြု ဆရာမ နဲ့ အတူ အဘွား‌ ဘေးတွင်‌ စောင့်‌ နေ ရစ်သည် ။ နှာ‌ခေါင်း ပိုက်‌တွေ တန်းလန်း ထည့် ထား၍ အ‌နေ ခက်လှ‌ သော် လည်း မျက်စိ ဖွင့် ကြည့် လိုက် တိုင်း သမီး ဖြစ်သူ ခင်ခင်ကြီး က


“ အ‌မေ ခင်ကြီး ရှိတယ်‌ နော် ”


ဟု တိုးတိုး ‌ပြော တတ်‌ တော့ အဘွားခမျာ အား‌တွေ အထပ်ထပ် ရှိ‌ နေသည် ။ 


‌နောက်‌နေ့ မနက် ကျ‌ တော့ မန္တ‌လေး မှ‌ မောင်‌မောင်လတ် ၊ မ‌ကွေး မှ ခင်ခင်‌လေး နှင့် ‌မော်လမြိုင် မှ ခင်ခင်လတ် တို့‌ ရှေ့ဆင့်‌ နောက်ဆင့်‌ ရောက် လာ ကြသည် ။ 


ပြုံးရယ်‌ နေ‌သော အဘွား ကို‌ တွေ့လျက် နှင့် ခင်ခင်လတ် က


“ စိတ်ပူလိုက်တာ အ‌မေ ရယ် ”


ဟု‌ ပြောပြီး မျက်ရည်‌တွေ ကျ‌ နေ‌ သေးသည် ။ ‌မောင်‌မော်လတ် က လည်း


“ ရရာ ရထားတွဲ နဲ့ လိုက် လာတာ ဆို‌တော့ အိပ်စင် မရဘူး‌လေ ။ ‌ဆောင့်လိုက် ခါလိုက်တာ က လည်း လွန်ပါ‌ရော ။ ကျွန်‌တော် က အအိပ် မက်‌တော့ မီးရထား ဘယ်‌လောက် ခုန်ခုန် အိပ် တာပဲ ။ အိပ် လိုက်တာ နဲ့ အိပ်မက် ထဲ မှာ အ‌မေ‌ သေတယ်ချည်း မက်‌ နေ‌တော့တာ ။ ဘယ်နှစ်ခါ မှန်း‌တောင် မသိဘူး ။ အမ‌လေး စိတ် ဆင်းရဲလိုက်တာ မ‌ပြောပါနဲ့‌တော့ အ‌မေ ရာ ”


ဟု ညည်းညည်းညူညူ‌ ပြောသည် ။ သူ့ မျက်စိ ‌ရှေ့မှ‌ ပျောက်ထွက် သွားမှာ စိုးသလို အဘွား ၏ လက် ကို တင်းတင်း ဆုပ်ထား‌တော့ အဘွား က


“ အ‌မေ မ‌သေ‌သေးပါဘူး သားရယ် ၊ အသက် တစ်ရာ‌ကျော်‌ နေရမယ်လို့ ဗေဒင် က ‌ဟော သတဲ့ ”


ဟု သူ ကိုယ်တိုင် မယုံဘဲ နှင့် ပြန် ‌ပြောမိ‌သေးသည် ။ 


‌နောက်ဆုံးမှ‌ ရောက်လာသူ က အငယ်ဆုံး သမီး ခင်ခင်‌ထွေး ဖြစ်သည် ။ သူ က အလယ်တန်း‌ ကျောင်းအုပ် ဆရာမကြီး ဆို‌တော့ သူ့ တပည့်‌တွေ ကန်‌တော့ သမျှ ဟောလစ် တို့ အိုဗာတင်း တို့ အဘွား အတွက် တစ်ထမ်း တစ်ပိုးကြီး သယ်ချ လာသည် ။ 


“ ‌ဟေ့‌ ဟောလစ်‌ တွေ ၊ အိုဗာတင်း‌တွေ ဘာ လုပ်ဖို့လဲ ။ ‌နောက်ဆုံး မှ လာပြီး ဒါ‌တွေ သယ်လာလို့ ဘာ လုပ်မှာလဲ ”


အတည်‌ပေါက် နှင့် စ‌ ဟောက်သူ က‌ မောင်‌မောင်‌လေး ဖြစ်သည် ။ သူ က မျက်စိ တစ်ဖက် မှိတ် ပြ ထား‌တော့ ကျန် အစ်ကို အစ်မများ က ပါ တစ်‌ယောက် တစ်‌ပေါက် ဝိုင်းပြီး ဆူ ကြသည် ။ 


“ ဟုတ်သားပဲ ။ အ‌ရေးကြီး တာ က အ‌မေ ‌နေ မ‌ကောင်းဘူး ဆိုရင် ချက်ချင်း အ‌ရောက် လာ ဖို့ ပဲ ”


“ အ‌မေ က‌ တော့ သမီး မျက်နှာ‌လေး ကြည့်ချင် မြင်ချင် ရှာ တာ ”


“ အလုပ် က‌ တော့ အလုပ်‌ပေါ့ ။ ဒါ‌ပေမယ့် အဲဒီ အလုပ် က အ‌မေ့ ထက် အမြဲတမ်း အ‌ရေးကြီး နေ လား ”


ခင်ခင်‌ထွေး ခမျာ သူ့‌ ကျောင်း မှာ သာ သူ က‌ ကျောင်းအုပ် ဆရာမကြီး ဖြစ်‌သော်လည်း မိသားစုဝင် ထဲ မှာ‌ တော့ အငယ်ဆုံး ဖြစ်သည် ။ အစ်ကို‌တွေ အစ်မ‌တွေ ဘယ်သူ့ ကို မှ သူ က ပြန် မ‌ပြောရဲ ရှာ ‌ချေ ။ မျက်လုံး‌လေး ‌ပေကလပ်‌ ပေကလပ် နှင့် ဟိုကြည့် ဒီကြည့် ဖြစ်‌နေ ရှာသည် ။ အားလုံး က မျက်နှာထိ မျက်နှာထား‌ တွေ နှင့် ဆို‌တော့ မျက်ရည်‌တွေ ပိုးပိုး‌ပေါက်‌ပေါက် ကျ လာ သည် ။ 


“ ခင်‌ထွေး ၊ ခင်‌ထွေး လာ ချင်ပါတယ် ။ အဟုတ် အဟုတ် ကို လာ .. လာလို့ မရတာပါ ”


ဟု အထစ်ထစ် အ‌ငေါ့‌ငေါ့ ‌ပြော‌တော့ မှ တဝါးဝါး ဝိုင်း ရယ်ကြသည် ။ ခင်‌ထွေး ၏‌ ခေါင်း ကို ချစ်စနိုး ဝိုင်း ပုတ် ကြရင်း “ ငအမ‌လေး ” ဟု‌ ထောမနာ ပြု ကြသည် ။ 


အဘွား ခမျာ မှာ‌ တော့ အသက်‌ လေးဆယ်‌ကျော် ငါးဆယ်‌ကျော် သူ့ သား သူ့ သမီး‌ တွေ ကို ကြည့်ရင်း က‌လေး‌လေး‌တွေ လို ထင်မိသည် ။ သူတို့ တစ်ဦး နှင့် တစ်ဦး ‌ပြောကြ ဆိုကြ ရယ်‌မောကြ နှင့်‌ ပျော်‌ နေကြသည် ကို ကြည့် ၍ မဝ ၊ နား‌ထောင် ၍ မဝ နိုင်‌ အောင် ရှိလှသည် ။ 


နောက်ရက်‌တွေ က ‌တော့ အဘွား အတွက်‌ ရွှေ‌ရောင် လွှမ်း‌သော‌ နေ့ရက်များ ဖြစ်သည် ။ ရှားရှားပါးပါး လာ ဆုံ ရ‌သော သားသမီး ခုနှစ်ဦး နှင့် အတူတကွ ဓာတ်ပုံ ရိုက် ရခြင်း ပင် ။ ရိုက်ရသည့်‌ နေရာ က လည်း ကြည့်ဦး ။ လူနာ ကုတင်‌ ပေါ် တွင် အဘွား က ကိုယ် တစ်ပိုင်း မှီ ကာ ထိုင် ‌နေရင်း သား သုံး‌ယောက် နှင့် သမီး‌ လေး‌ယောက် က ဘေး မှ ဝိုင်း ထိုင်‌ နေ ကြသည် ။ ‌ခွေး‌ချေ‌လေး နှင့် ထိုင်‌နေ‌သော‌ မောင်‌မောင်ကြီး က

အဘွား ၏ ခုတင်‌ ပေါ် တွင် ဟန်ပါပါ နှင့် လက် တစ်ဖက်‌ ထောက် ထားသည် ။ သူ့‌ နောက် က ခင်ခင်လတ် က နှင်းဆီပန်း‌ တွေ ထိုး ထား‌သော ပန်းအိုး ကို သူ ၏‌ ခေါင်း‌ နောက်ဖက် တွင် ဝှက် လျက် ကိုင် ထားသည် ။ အမှတ်မဲ့ ကြည့် လျှင်‌ မောင်‌မောင်ကြီး ခမျာ ပန်း‌တွေ‌ ဝေ‌ နေ‌ အောင် ပန်ထားသည် နှင့် တူ‌ နေသည် ။ ခင်ခင်လတ် ၏ ခေါင်း‌ နောက် ဘက် တွင် လည်း‌ မောင်‌မောင်‌လေး က လက် ဆယ်‌ချောင်း ကို ဖြန့်ကာ ကားကားကြီး‌ ထောင် ထား ပြန်သည် ။ ခင်ခင်ကြီး က အဘွား အတွက် ဆန်ပြုတ်ပန်းကန် ကို ကိုင် ကာ ဓာတ်ပုံ ရိုက် ရာ ဘက် လှည့်ပြီး အစွမ်းကုန် ပြုံး ပြ‌ နေသည် ။ သူ့‌ နောက် မှ‌ မောင်‌မောင်လတ် က ဓာတ်ဘူးကြီး ကိုင်ပြီး ( ဓာတ်ဘူး ထဲ မှာ တကယ်‌တော့ ဘာမှ မရှိ ) သူ့ ‌ခေါင်း‌ ပေါ်‌ လောင်းချမည့် ဟန် ပြင်‌ နေသည် ။ ခင်ခင်‌လေး နှင့် ခင်ခင်‌ထွေး က ပန်း‌တွေ နှင့်‌ ဝေ ဖြစ်‌ နေ‌သော သူ့တို့ အစ်ကိုကြီး အား ကြည့် ကာ အားရပါးရ ရယ်‌ နေ ကြ‌ လေသည် ။ 


အဘွား‌ ဘေး တွင် အားလုံး ဣ‌န္ဒြေရရ ရပ်ကာ ရိုက် ထား‌သော ဓာတ်ပုံ တစ်ပုံ ရှိ‌သေး ‌သော် လည်း ပထမပုံ‌ လောက် သူတို့ က မကြိုက် ။ သားမယား‌ တွေ လည်း မပါ ၊ က‌လေး‌တွေ လည်း မပါဘဲ သူတို့‌ မောင်နှမ ချည်း သက်သက် ပြန် ဆုံ ရ သဖြင့် သူတို့ ကိုယ် သူတို့ လူငယ်‌တွေ လို ပြန် ဖြစ်ပြီး ငယ်ငယ်တုန်း က အ‌ကြောင်း‌တွေ ကို ပြော၍ မဆုံး ရယ်၍ မဆုံး နိုင်‌အောင် ဖြစ်‌နေကြသည် ။ 


ဒီလိုနှင့်ပင် အချိန်‌တွေ လျင်မြန်စွာ ကုန် သွားသည် ။ အဘွား လည်း အနာ ကျက် ကာ ချုပ်ရိုး‌ ဖြေ ရသည် ။ ဆီးချို လည်း မရှိ ၊ ‌သွေးတိုး လည်း မတက် ။ နှလုံး က လည်း‌ ကောင်း ၊ အဖျား က လည်း မတက် ။ အနာ လည်း ပိုး မဝင် ။ အဘွား ၏ အ‌ခြေအ‌နေ က ဆရာဝန် လက်ဖျား ခါ‌ လောက်‌အောင် ပင်‌ ကောင်း‌နေသည် ။ 


“ ဒီလို အသက်အရွယ် မှာ ခွဲစိတ်ပြီး ဒီ‌လောက်‌ ကောင်းတာ သိပ် ရှားတာ ။ အဘွား က‌ တော့ ထူးရှယ်ပါပဲ ”


အ‌စောင့် သူနာပြုဆရာမ‌လေး က ‌ပြောသည် ။ အဘွား က ‌တော့ အရင်တုန်း က ‌လောက် မရွှင်‌ တော့‌ပေ ။ သူ‌ နေ‌ ကောင်း လျှင် အိမ်ပြန် ရ‌ တော့မည် ။ အိမ်ပြန်‌ ရောက် ပြီး လျှင်‌တော့ သူ့ သား သူ့ သမီး‌ တွေ လည်း သူတို့ တာဝန် သူတို့ မိသားစုများ ရှိရာ သို့ တစ်‌ယောက် ပြီး တစ်‌ယောက် ပြန်ကြ‌ တော့မည် ။ 


အဘွား စိုးရိမ်‌သော အချိန် သည် ချက်ချင်း ပင်‌ ရောက်လာသည် ။ စ ၍ ပြန် သူ က မန္တ‌လေး မှ‌ မောင်‌မောင်လတ် ဖြစ်သည် ။ 


“ ခွင့်‌နေ့‌ စေ့‌ နေပြီ အ‌မေ ရဲ့ ။ သီတင်းကျွတ် မှ တစ်‌ခေါက် ပြန်လာခဲ့မယ်‌ နော် ”


ဟု‌ ပြော ကာ အဘွား ၏ ‌ခြေ အစုံ ကို‌ ခေါင်း နှင့် တိုက် ၍ ကန်‌တော့ သွားသည် ။ ခင်ခင်လတ် ကို‌ တော့ သူ့‌ ယောက်ျား က တယ်လီဖုန်း ဆက်သည် ။ သား အငယ်‌လေး ဖျား ‌နေသည် ။ အမြန် ပြန်လာပါ တဲ့ ။ ‌မောင်‌မောင်‌လေး က‌ တော့ အဘွား‌ ဆေးရုံ မှ မဆင်းမီ ကတည်း က ပုသိမ် ကို တစ်‌ခေါက် ပြန်‌ပြေး ပြီး ဖြစ်သည် ။ ဟို က အလုပ်‌တွေ ကို ကြည့်ရှု့စစ်‌ဆေးပြီး အဘွား ဆီ ပြန် လာသည် ။ ဒီမှာ‌ လေးငါးရက်‌ နေပြီး လျှင်‌ တော့ တစ်ခါ မပြန် လျှင် မဖြစ်‌တော့ ။ သူ့ အလုပ်‌တွေ က အ‌ရေးကြီးသည် ။ 


“ ပုသိမ် - ရန်ကုန် နီးနီး‌လေးပါ အ‌မေရာ ၊ ဒီ တစ်ခါ ကျွန်‌တော် လာရင်‌ ဗေဒင်ဆရာ ပါ ခေါ်လာ ဦးမယ် ”


ဟု ရယ်‌မောကာ ‌ပြော သွားသည် ။ တက္ကသိုလ် မှ ဆရာမ ဖြစ်‌သော ခင်ခင်‌လေး က လည်း စာ‌မေးပွဲ ကိစ္စ ၊ ‌မေးခွန်း ကိစ္စ အ‌ရေးကြီး‌ နေ ရှာသည် ။ အ‌မေ့ ကိစ္စ မို့ ဇွတ်ထွက် လာရ‌ သော်လည်း သူ့ အလုပ် နှင့် တာဝန် က သူ့ ကို‌ စောင့်‌နေသည် ။ မောင်‌မောင်ကြီး ၏ ခြံ မှသီဟိုဠ်သရက်များ မှည့်ရင့်ခါ နီးပြီ ဖြစ်သည် ။ ဒီ အချိန် က ကြပ်ကြပ်မတ်မတ် မ‌စောင့်‌ရှောက် လျှင် သူခိုး လက် ထဲ ပါ တတ် ၍ သူ ၏‌ ခြေဦး က ‌မှော်ဘီ ဘက် သို့ လည်‌နေပြီ ဖြစ်သည် ။ 


“ ကျွန်‌တော့် ခြံ ကို တစ်ရက်‌ လောက် လိုက် ကြည့်ပါဦး အ‌မေ ရာ ။ ကျွန်‌တော် လာ‌ ခေါ်မယ်‌ နော် ။ အဝင်လမ်း က နည်းနည်း ကြမ်း လို့ အ‌မေ အား‌ မွေးလိုက်ဦး ”


ဟု ပြောသည် ။ 


‌နောက်ဆုံး မှ ‌ရောက်လာ‌သော ခင်ခင်‌ထွေး က‌ နောက်ဆုံး မှ ပြန်သည် ။ အဘွား နှင့် အတူ အချိန်ပြည့် ကပ်‌ နေရင်း အဘွား ကို က‌လေး တစ်‌ယောက် လို ဂရုတစိုက် နှင့် ပြုစုသည် ။ တောင်နံကြီး‌တွေ ကို‌ ကျောက်ပျဉ် အပြည့်‌ သွေးပြီး အဘွား တစ်ကိုယ်လုံး ‌မွှေးကြိုင်‌ နေ‌အောင် လိမ်း‌ ပေးသည် ။ အဘွား ဆန်ပြုတ်‌ သောက် လျှင် ငါး‌ကြော် အရိုး‌လေးများ အ‌သေအချာ ထွင်‌ ပေးသည် ။ အဘွား‌ ရောက်တတ် ရာရာ ပြောသမျှ ကို စိတ်ဝင်တစား နား‌ ထောင် သည် ။ သူ့‌ ကျောင်း မှ တပည့်‌လေးများ အ‌ကြောင်း ကို လည်း ပုံပြင်‌တွေ လို‌ ပြောပြသည် ။ ‌နောင်အခါ အဘွား အ‌ဖော် လုပ်ရမည့် အ‌တွေး ထဲ တွင် ခင်ခင်‌ထွေး ၏ တပည့်များ လည်း တစ်ခါ တစ်ရံ ရောက်လာ လိမ့်မည် ဖြစ်‌လေသည် ။ 


“ သူ လည်း ပြန် ရမှာပါပဲ‌ လေ ”


အဘွား က သက်ပြင်း‌လေး နှင့် အတူ‌ တွေး‌နေဆဲ မှာ ပင် ခင်ခင်‌ထွေး က


“ ခင်‌ထွေး လည်း ခွင့်ရက်‌ စေ့ပြီ အ‌မေရယ် ”


ဟု‌ ပြောသည် ။ ဒီမှာ သာ က‌လေး လုပ်‌ နေ‌ သော်လည်း သူ့‌ ကျောင်း မှာ သူ က လူကြီး မဟုတ်လား ဟု‌ တွေးရင်း အဘွား က “ ပြန်‌လေ သမီးရယ် ။ စိတ်ချလက်ချ ပြန် ။ အ‌မေ က‌ နေ‌ကောင်း‌ နေပြီပဲ ဟာ ” ဟု ပြော ရသည် ။ 


‌နောက်ဆုံး တွင်‌တော့ အဘွား ၏‌ ဘေးတွင် အတူ‌နေ သမီးကြီး ခင်ခင်ကြီး တစ်‌ယောက် သာ ကျန်‌ လေ‌ တော့သည် ။ 


အခု‌တော့ အဘွား သည် ဘုရားစင်‌ အောက် က ပက်လက်ကု,လားထိုင် တွင် ပြန် ထိုင်‌ နေရပြီ ဖြစ်သည် ။ ခါတိုင်း လို ပင် ပဋ္ဌာန်းရွတ် ၊ ပရိတ်ရွတ် ၊ ပုတီးစိပ် ၊ တရားမှတ် နှင့် ရှည်လျား လှ‌သော ‌နေ့တာများ ကို တ‌ရွေ့‌ရွေ့ ကုန်လွန်‌ စေရသည် ။ ပက်လက် ကုလားထိုင်‌ ဘေး က စားပွဲပု‌လေး‌ ပေါ် တွင် ကား အဘွား ၏‌ ဆေးပုလင်း ၊ စိပ်ပုတီး ၊ ‌ရေပုလင်း နှင့်‌ ရေခွက် စ‌သော ပစ္စည်းပစ္စယများ အပြင် မှန်‌ဘောင် သွင်း ထား‌သော မိသားစု ဓာတ်ပုံတစ်ပုံ ပါ တိုး လာသည် ။ ဗရုတ်သုတ်ခ ရိုက် ထား‌သော ပုံက‌လေး ကို‌ ငေးကြည့် မိတိုင်း အဘွား ၏ မျက်နှာ တွင် အပြုံးရိပ် ထင် လာ တတ်သည် ။ အူအတက် ခွဲခဲ့ ရ‌သော‌ နေ့ရက်များ ကို ပြန်‌ပြောင်း‌ တွေး ရသည် က အဘွား အတွက် ကြည်နူး စရာ ပင် ဖြစ်သည် ။ အဘွား အတွက် ရှည်လျား လှ‌သော ‌နေ့တာ များသည် ထို ရက်များ အတွင်း က ဘယ်လို ကုန်လွန် သွားမှန်းပင် မသိ ရ‌ အောင် တို‌တောင်း ခဲ့ ရသည် ။ 


‌ဒေါ်ခင်ခင်ကြီး ခမျာ လည်း ထုံးစံ အတိုင်း “ ဟဲ့ ဂဂျီ ၊ ဟဲ့ ဂ‌ဂျောင် ” နှင့်‌ အော်ဟစ်‌ နေရ ရှာပြီ ဖြစ်သည် ။ လူ က လည်း ပိုပို ဝ လာသည် ။ ထိုင် လျှင် ပင် အီးခနဲ အားခနဲ အားယူ‌ နေရ‌တော့ အဘွား ၏

ပက်လက်ကု,လားထိုင်‌ ဘေး က ကြမ်းပြင် တွင် တစ်‌နေ့ တစ်‌ခေါက် ထိုင် နိုင် ဖို့ ပင် အ‌တော်‌လေး ကြိုးစားရ ရှာသည် ။ ဒီ‌နေ့‌တော့ အဘွား က ထူးထူးဆန်းဆန်း‌ မေးသည် ။ 


“ သမီး‌ ရေ အူ အတက် ဆိုတာ ဘယ် နှစ်ခု ရှိလဲ ဟင် ”


“ ဟာ အ‌မေ က လည်း တစ်ခု ပဲ ရှိတာ‌ပေါ့ ”


“ အဲဒါဆိုရင် အ‌မေ့ မှာ‌ နောက်ထပ်‌ ရောင်စရာ အူ အတက် မရှိ‌တော့ဘူး‌ပေါ့ ”


“ ဖြတ် ထုတ်လိုက်ပြီ‌လေ အ‌မေ ရဲ့ ၊ သူ့ ကို လုံးဝ ‌ကြောက်စရာ မလို‌တော့ဘူး ။ ဘာ ဒုက္ခ မှ မ‌ပေးနိုင်‌တော့ဘူး ”


‌ဒေါ်ခင်ခင်ကြီး က သူ့ အ‌မေ‌ တွေးပြီး ‌ကြောက်‌ နေသည် ထင်၍ အား‌ပေးသည် ။ အဘွား က‌ တော့ အားတက် ဟန် မတူ ။ သက်ပြင်း‌လေး ကို မသိမသာ ရှိုက်ရင်း ငြိမ် သွား သည် ။ မိသားစု ဓာတ်ပုံ‌လေး ကို‌ ငေးကြည့်ရင်း စိတ် ထဲ မှ ဝမ်းနည်းတကြီး ရေရွတ်‌ နေ မိ‌လေသည် ။ 


“ ငါ့ မှာ‌ ရောင်စရာ အူအတက် မရှိ‌တော့ပါ လား ”


◾မစန္ဒာ


📖 ဝတ္ထုတိုများ စုစည်းမှု


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment