❝ ရုံးပွဲစား ❞
( ၁ )
ဤ ရပ်ကွက် တွင် ‘ မောင်ဖုန်း ’ အမည် တူ သူ သုံးဦး ရှိ၏ ။ အမည်တူ များ နေသည့် အတွက် အခေါ် ရ လွယ်ကူ စေရန် မောင်ဖုန်း ရှေ့ တွင် ဝိသေသများ ထည့် ၍ ခေါ်သံ ကြားရသည် ။
ဆံပင် ညှပ်သည့် မောင်ဖုန်း ကို ‘ ညှပ်ဖုန်း ’ ဟု ခေါ်ကြသည် ။ လေးဘီးအငှားကား မောင်း သော မောင်ဖုန်း ကို ‘ ခွေဖုန်း ’ ဟု ခေါ်ကြ၏ ။ အလုပ်အကိုင် မည်မည်ရရ မရှိဘဲ ဟိုလူ ခေါ်ခိုင်း လုပ်ပေး ၊ ဒီလူ ခေါ်ခိုင်း လုပ်ပေး သည့် မောင်ဖုန်း ကိုတော့ ‘ ရုံးဖုန်း ’ ဟု ခေါ်ကြ၏ ။
ထို ဖုန်း များ ထဲ တွင် ကျွန်တော် နှင့် ပထမဆုံး ပတ်သက် သူ မှာ ရုံးဖုန်း ခေါ် မောင်ဖုန်း ဖြစ်သည် ။
ကျွန်တော်တို့ ဤ ရပ်ကွက် ၊ ဤ အိမ် သို့ ပြောင်းရွှေ့ လာသော နေ့ က စ ပြော ရမည် ။
ထို ပြောင်းရွှေ့လာသော နေ့ က ကျွန်တော် နှင့် ကျွန်တော့် သား သည် ကား ပေါ် မှ ဗီရိုများ ၊ ခုတင်များ ၊ ဆက်တီခုံ နှင့် စားပွဲများ ကို အိမ် ထဲ သို့ မနိုင်မနင်း သယ် နေကြသည် ။ ကျွန်တော် ၏ဇနီး မမိ နှင့် သမီး နှစ်ယောက် မှာ ပေါ့ပါးသော ပစ္စည်း များ သာ သယ်နိုင် ကြသည် ။ နွေခေါင်ခေါင် နေပူ ထဲ တွင် ခန္ဓာကိုယ် တွင်း ရှိ ချွေးများ အပြင် သို့ အတားအဆီး မဲ့ ထွက်ကုန် ကြသည် ။ လျှာ မှာ အေရိုးဗစ် က နေသည် ။ လက်ကြော တင်းအောင် မလုပ်ခဲ့ ဖူး သော ကျွန်တော့် သား ၏ မျက်နှာ မှာ အဘွားအို လက်ချောင်း ရေစိမ် ထား သလို ဖြစ် နေသည် ။
ထိုအချိန် တွင် လူ တစ်စု သည် ကျွန်တော်တို့ နား ရောက် လာသည် ။
“ ဆရာ … ကျွန်တော့် နာမည် မောင်ဖုန်း ပါ … ဟဲ … ဟဲ … ရပ်ကွက် ထဲ မှာ တော့ ရုံးဖုန်း လို့ ခေါ်ကြတယ် ”
မောင်ဖုန်း စကား ကြောင့် ကျွန်တော့် သားသမီးများ သည် ကလေး ပီပီ ရယ် ကြလေသည် ။ ရယ်မယ် ဆိုလည်း ရယ်စရာ လေ ။ နာမည် က ရှားရှားပါးပါး ရုံးဖုန်း လို့ ပြောတာ ကိုး ။ မမိ တောင် ပြုံးစိစိ ဖြစ်နေသေး ။
“ ဆရာတို့ အခက်အခဲ ဖြစ်ရင် ကူညီပါရစေ ”
ကျွန်တော် ဘာ ပြောရမှန်း မသိ ဖြစ်သွားသည် ။ ဗီရိုကြီး သယ်ရန် ကျွန်တော် နှင့် ကျွန်တော့် သား တွင် အားအင်များ ရှိ မရှိ တွက်ချက် နေ မိသည် ။
“ ကောင်းတာပေါ့ ကွယ် ”
မမိ ခွင့်ပြု လိုက်တော့ ကျွန်တော် က ဆိတ်ဆိတ် နေခြင်း ဖြင့် ဝန်ခံ လိုက်သည် ။
ရုံးဖုန်း နှင့် လူငယ် နှစ်ဦး ( သူ့ ညီများ ဖြစ်ဟန် တူသည် ) သည် ပစ္စည်းများ ကို အိမ် ထဲ သို့ ပေါ့ပါးစွာ သယ် နေ ကြသည် ။ သူ့ ညီမ ဖြစ်ဟန် တူ သူ က ကြမ်း ကို ရေပတ် တိုက်ပေးသည် ။
ပစ္စည်းများ နေသားတကျ ဖြစ်သောအခါ မမိ သည် မောင်ဖုန်းတို့ ကို ငွေ ၂၀၀ ပေး လိုက်သည် ။ မောင်ဖုန်း သည် ပိုက်ဆံ ကို လက်နှစ်ဖက် နှင့် ရိုသေစွာ ယူပြီး ကျွန်တော် နှင့် မမိ ကို အခါခါ ခါးညွှတ် ၍ …
“ ကျေးဇူးပါပဲ ဆရာ နဲ့ မမ ခင်ဗျာ … လိုတဲ့ ကိစ္စ မှန်သမျှ ကျွန်တော်တို့ မိသားစု ကို ခိုင်းပါ … အဝတ် လျှော်စရာ ၊ ကြမ်းတိုက်စရာ ၊ ဈေးသွားစရာ ရှိရင် ကျွန်တော့် ညီမ ရှိပါတယ် … ရေထမ်း ၊ ခြံရှင်း ၊ အလေးအပင် လုပ်စရာ လိုလျှင် ကျွန်တော့် ညီ ကို ခိုင်း ပါ … ညောင်းညာရင် ကျွန်တော့် အမေ ရှိပါတယ် … ကျွန်တော် က တော့ ရပ်ရေး ၊ ရွာရေး ၊ လူမှုရေး နဲ့ ရုံးကိစ္စ မှန်သမျှ အထူး ဆောင်ရွက် ပေး နိုင်ပါတယ် ”
ထိုစဉ် ကတည်း က မောင်ဖုန်း အပြုအမူတွေ ကို ကျွန်တော် သဘော မတွေ့ ။ ဒီလို အပြုအမူများ သည် ရိုးသားမှု ကို ဖုံးကွယ် ထားသော ဟန်ဆောင်မှုများ ဟု ကျွန်တော် ထင်သည် ။ ခါးသက်သက် ဆေးများ ကို အပြင် ကာဘာ အချို အုပ် ထားသည့် သဘော ဖြစ်သည် ။ လိုအပ်သည် ထက် လွန်ကဲစွာ ရိုသေမှု ကို ကျွန်တော် မနှစ်သက် ။ ဘယ်သူ ဘာ ပြောပြော ( တန်ဖိုး ရှိသည့် စကား ဖြစ်စေ ၊ တန်ဖိုးမဲ့သည့် စကား ဖြစ်စေ ၊ ယဥ်ကျေး သိမ်မွေ့သည့် စကား ဖြစ်စေ ၊ ရိုင်းစိုင်း ကြမ်းတမ်းသော စကား ဖြစ်စေ ၊ မိမိ စိတ်ဆန္ဒနှင့် ကိုက်ညီသည် ဖြစ်စေ ၊ မကိုက်ညီသည် ဖြစ်စေ ) ငြင်းပယ် ဆန့်ကျင်မှု ၊ ဒါမှမဟုတ် ဟုတ်မှန်ကြောင်း ထောက်ခံမှု မပြုလုပ်ဘဲ ခေါင်းလေး ငုံ့ ၊ ကိုယ်လေး ယို့ပြီး လက်နှစ်ဖက် နောက် ပစ်ကာ ပြုံးပြီး နားထောင် သူ များ ကို ကျွန်တော် ရွံမုန်း သည် ။
ထို လူမျိုးများ ကို ကျွန်တော် ၏ ရုံး တွင် နေ့စဥ် တွေ့ကြုံ ဆက်ဆံ နေ ရသည် ။
မြေပွဲစား ၊ အိမ်ပွဲစား ၊ ဆိုင်ကယ် ကား ပွဲစား ၊ စိန်ရွှေရတနာပွဲစား ၊ ဆန် ဆီ ငရုတ် ကြက်သွန်ပွဲစား သာ ရှိသည် မဟုတ် ။ ရုံးတိုင်း တွင် လည်း ရုံးပွဲစားများ ရှိတတ် ကြသည် ။ ရုံး က ခန့်ထား သည် တော့ မဟုတ် ။ ရပ်ကွက်များ ထဲ မှ လူရည်လည်သူ များ က အခကြေးငွေ ယူ၍ လုပ်ပေးကြခြင်း ဖြစ်သည် ။
ရုံးပွဲစားများ သည် အခြား ပွဲစားများ လို ဟိတ်ဟန် မထုတ်တတ်ကြ ။ ရုံးဝန်ထမ်းများ က သူတို့ အကြောင်း အတွင်း သိ အစင်းသိ မို့ လားတော့ မသိ ။ စကား ကို ချိုချိုသာသာ သိမ်သိမ်မွေ့မွေ့ ပြောတတ် ကြသည် ။ ရုံးဝန်ထမ်းများ ကို ‘ အစ်ကို ’ တန် သူ ကို ‘ အစ်ကို ’ ၊ ‘ အစ်မ ’ တန် သူ ကို ‘ အစ်မ ’ ၊ ‘ ဆရာ ’ တန် သူ ကို ‘ ဆရာ ’ ခေါ်တတ် ကြသည် ။ ရုံးဝန်ထမ်းများ နှင့် အလျဉ်း သင့်အောင် ပေါင်းတတ် ကြသည် ။ ဘယ် ဝန်ထမ်း က
ဆိုဆိုဆဲဆဲ ၊ အော်အော် ငေါက်ငေါက် အပြုံး မပျက်တတ်သည့် ခန္တီ ပါရမီရှင်များ ဖြစ်သည် ။ အရာရှိ က ပြောလျှင် ပုတ်သင်ညို ရှုံး အောင် ခေါင်းညိတ် ပြ တတ်သည် ။ သာလိကာ ရှုံး အောင် ‘ ဟုတ်ကဲ့ဆရာ ’ ပြောတတ် ကြသည် ။ ရုံးပွဲစား ၏ မျက်နှာ သည် အပြစ် ကင်းသည့် လသားကလေး ပမာ အမြဲ ပြုံး နေ တတ်သည် ။ ထို အပြုံး သည် သူတို့ ၏ လက်နက် ပင် ဖြစ်သည် ။
ရုံးပွဲစားများ သည် ခို သေ လို့ ဝင်စားသူများ လည်း ဖြစ်သည် ။
••••• ••••• ••••• •••••
( ၂ )
ကျွန်တော် နှင့် မမိ ဘာ မဟုတ်သည့် ကိစ္စ နှင့် ပတ်သက်၍ စကား များ ရသည် ။
အိမ်ထောင်စု ဇယား လုပ်သည့် ဇာတ်လမ်း ။ အိမ်ထောင်စုဇယား လုပ်တာ ကို မောင်ဖုန်း ငွေ ပေး ခိုင်းတယ် တဲ့ ။ ကျွန်တော့် ဒေါသ ငယ်ထိပ် ရောက် ကုန် တာပေါ့ ။ ငွေများ အလကား ရတာ အောက်မေ့ နေလား မသိဘူး ။ ယောက်ျား က တော့ တစ်နေ့ လုံး ရုံး မှာ တကုပ်ကုပ် နဲ့ မယား အတွက် ၊ သား အတွက် လုပ် နေ ရသည် ။ ရတဲ့ ငွေလေး နဲ့ သိုသိုသိပ်သိပ် သုံးစွဲ ခဲ့ လို့ ပင်စင် မစားခင် အိမ်လေးခြံလေး နဲ့ ဖြစ်တာ ကို ဒင်း က မေ့ နေ တာလား ။ ကိုယ် မအား ရင် ကိုယ့် သား ကို ခိုင်း ပါလား ။ သား မအား ရင် ကျွန်တော့် ကို ပြော ပါလား ။ ကျွန်တော့် ရုံး က တပည့် တစ်ယောက် ကို လုပ်ခိုင်း ရင် ဘာမှ ငွေ ကုန်စရာ မလိုဘူး ။ ဟွန်း … ခုတော့ မပြောချင်ဘူး ။ လက်ကြော တင်းအောင် မလုပ်ချင်တဲ့ လူ ကို သွေး တစ်စက် သွင်း ပေး နေသည် ။
ကျွန်တော့် မိန်းမ လို လူတွေ ရှိနေ လို့ မောင်ဖုန်း လို လူမျိုးတွေ အလုပ် ရှိ နေ ကြသည် ။ မောင်ဖုန်း လို လူမျိုးတွေ ရှိ နေလို့ ကျွန်တော် တို့ ရုံးတွေ နာမည် ပျက် နေ ကြသည် ။ ဘယ် ရုံးမဆို ဘောင် ဝင်တဲ့ လုပ်ငန်း မှန်ရင် လုပ်ပေး ကြတာ ချည်း ပါ ။ အနှေး နဲ့ အမြန် သာ ကွာမည် ။ တစ်ခါတစ်ရံ ကြန့်ကြာ ရင် ရုံးဝန်ထမ်း များ ပညာပြ သည် လို့ ထင် ကြသည် ။ မြန် ရင်တော့ ရုံးပွဲစားများ အစွမ်း လို့ ထင်ကြသည် ။
ထားတော့ ။ ပြီးခဲ့သည် များ ကို ခဝါ ချ ၍ နောက်နောင် ဘာကိစ္စ မဆို ငွေ ကို တံတား ထိုး မသွားရန် မိန်းမ ကို
ဆုံးမ ရသည် ။
••••• ••••• ••••• •••••
( ၃ )
တစ်နေ့တွင် မမျှော်လင့်ဘဲ အဖေ မန္တလေးဆေးရုံကြီး သို့ လာရောက် ဆေး ကုသသည် ။ ဓာတ်မှန် အဖြေ အရ အဆုတ်ကင်ဆာ ဟု သိ ရသည် ။ အဖေ့ အသက် ကို ဆေးတွေဖြင့် ကာဆီး သော်လည်း ကင်ဆာ က အဖေ့ ဝိညာဉ် ကို ဆွဲနုတ် သွားလေပြီ ။
အဖေ့ ဝိညာဉ် လမ်း မှာ ပျောက် သည်လား ၊ အိမ် မှာ ပျောက် သည်လား ပင် မသဲကွဲခဲ့ ။
အမေ သည် အဖေ့ အလောင်း ကို ဖက်၍ ငို နေသည် ။ ကျွန်တော် သည် ဘာ လုပ်ရမှန်း မသိ ဖြစ် နေသည် ။ အသိ ပျောက်သူ ပမာ တွေဝေ စွာ ထိုင်နေ မိသည် ။ အမေ့ ငိုသံကြောင့် လား မသိ ၊ အိမ်နီးချင်းများ ရောက် လာ ကြသည် ။ မောင်ဖုန်း တို့ မိသားစု လည်း ပါသည် ။ မောင်ဖုန်း သည် မမိကို တတွတ်တွတ် နဲ့ မေး နေသည် ။ မောင်ဖုန်း ကို မမိ က ကျွန်တော့် အား မေး ငေါ့ ပြ ပုံ ရသည် ။ မောင်ဖုန်း သည် ကျွန်တော့် နား ရောက် လာပြီး …
“ ဆရာ … အလောင်း ပြင် ပေးရမလား ”
လို့ မေး လာသည် ။ ကျွန်တော် ခေါင်းညိတ် လိုက် မိသည် ထင်သည် ။ မောင်ဖုန်း သည် အဖေ့ အလောင်း ကို ရေချိုး ပေးပြီး အိမ်ရှေ့ခန်း တွင် ကျကျနန ပြင် ပေး နေသည် ။ နောက် မောင်ဖုန်း သည် ကျွန်တော့် ဆီ လာ ပြီး …
“ ဆရာ ယာယီမဏ္ဍပ် နဲ့ ဧည့်သည်တွေ အတွက် ကုလားထိုင် လုပ်ပေး ရမလား ”
မေး လာသည် ။
ကျွန်တော် သည် ဒုတိယ ခေါင်းညိတ် ပြ လိုက် ပြန်သည် ။
မောင်ဖုန်း နှင့် လူငယ်များ သည် ယာယီမဏ္ဍပ် ထိုးကြ ၊ ခုံသယ်ကြ ၊ မီးသွယ်ကြ ၊ ဧည့်သည် အတွက် ရေနွေး တည် ကြသည် ။
နောက် မောင်ဖုန်း သည် ကျွန်တော့် ဆီ ရောက်လာ ပြန် ပြီး …
“ ဆရာ … ဘယ်နေ့ သင်္ဂြိုဟ် မှာ လဲ … သင်္ဂြိုဟ်လက်မှတ် နဲ့ ယာယီကား ငှားပေး ရဦး မလား ”
မေးလာ ပြန်သည် ။
ကျွန်တော် က …
“ မင်းတို့ ရပ်ကွက် ထုံးစံ အတိုင်းသာ လုပ်ပေးပါ … ကုန်ကျငွေ ကို မမိ ပေး လိုက်ပါ ”
လို့ ပြော လိုက်သည် ။
••••• ••••• ••••• •••••
( ၄ )
ကျွန်တော် ၏ အဖေ ဈာပန ကို စည်ကားစွာ ပို့ဆောင် နိုင်ခဲ့သည် ။ ရက်လည်ဆွမ်း ကို လည်း အေးချမ်းစွာ အမျှဝေ ကပ် နိုင် ခဲ့သည် ။
ရက်လည် ပြီး မှ ပတ်စာခွာ ဖျာသိမ်း မောင်ဖုန်း တို့ မိသားစု ပြန် သွား ကြသည် ။ မောင်ဖုန်း သည် သေသည့် နေ့ မှ ရက်လည်သည့် နေ့ အထိ အိမ် ကို လာ၍ လိုအပ်သည်များ ကို လုပ်ကိုင် ပေးသည် ။ ၎င်း ပြန်တော့ ကျွန်တော် က ၅၀၀ ထုတ်ပေး လိုက်သည် ။
“ နေပါစေ ဆရာ … ဒါ လူမှုရေး ပါ … ကျွန်တော် အတတ်နိုင်ဆုံး ကူညီတာပါ … မယူပါရစေနဲ့ ”
မောင်ဖုန်း စကား ကြောင့် ကျွန်တော် အံ့သြ သွားသည် ။ မောင်ဖုန်း လို လူမျိုး ကို ငွေ မရပါ က လေ တောင် မချွန်သည့် လူမျိုး ဟု ထင် ခဲ့သည် ။ အခုတော့ ကျွန်တော် ဝမ်းစာ နှင့် လူမှုရေး စည်းခြား ထားခြင်း ကို သဘော ပေါက် စ ပြု လာသည် ။
“ မောင်ဖုန်း … ဦး တို့ ရုံး ကို လည်း လိုတာရှိ လာကွ … နော် ”
ကျွန်တော့် ပါးစပ် မှ အလိုလို ထွက်သွား သော စကားများ သည် မောင်ဖုန်း ခေါင်း ကို ညိတ်စေ လေသည် ။
“ ဟုတ်ကဲ့ပါ … ဦး ၊ ကျေးဇူးပါပဲ ”
ကျွန်တော် ပြုံးပြုံးကြီး ခေါင်းညိတ် လိုက် မိသည် ။
◾မင်းတင်ထွဏ်း
📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
ဇူလိုင်လ ၁၉၉၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment