❝ ပြုံး တော် မူ❞
သူမ ပြောင်းရွှေ့ လာပြီး သုံးရက်မြောက် သော နေ့ တွင် ကျွန်တော်တို့ အားလုံး သူမ ကို စတင် သတိထား မိခြင်း ဖြစ်၏ ။
သူမ ၏ အဒေါ် သည် ကျွန်တော် တို့ လမ်းထိပ် နား က လက်ဖက်ရည်ဆိုင် ( ကျွန်တော်တို့ ထိုင်နေကျ ဆိုင် ) နှင့် မျက်နှာချင်းဆိုင် တိုက်ခန်း တွင် အခြေချ နေထိုင် နေသူ ဖြစ်၏ ။ ဘာ အလုပ် လုပ်သည် ကို အတိအကျ မသိရသော်လည်း သန့်ပြန့်သော ရုပ်ရည် ၊ ပိရိသော အနေအထိုင် ကြောင့် ရပ်ကွက် ထဲ မှ လေးစားခြင်း ခံရ သူ ဖြစ်သည် ။
သူမ သည် လည်း ထို အိမ် ကို စတင် ပြောင်းရွှေ့ လာပြီး မကြာခင် ( သုံးရက်မြောက် နေ့ တွင် ) သူတို့ အိမ်ရှေ့ လက်ဖက်ရည်ဆိုင် ထိုင် သော ကျွန်တော် တို့ အပါအဝင် ပုရိဿ အတော်များများ သတိ ထား မိ နေပေပြီ ။
သူမ ကို ချောသည် ၊ လှသည် ဟု တော့ ကျွန်တော် မဆိုလို ၊ ( မည်သူ မှ လည်း မသတ်မှတ်ပါ ) ။ အသက် လည်း သိပ် ငယ်လှသည် မဟုတ် အပျိုကြီး ဟု ပင် ဆိုရ ပေမည် ။ သုံးဆယ် အောက်ထစ် တော့ ရှိမည် ။ ထူးခြားတာ က သူမ ၏ ခန္ဓာကိုယ် အချိုးအစား ပင် ။ သူမ ၏ ခန္ဓာကိုယ် အချိုးအစား ကို ဥပမာ ပြရလျှင် မြောက်ဥက္ကလာ မှ စံပြ ဈေး ထိ ပြေးဆွဲ နေသော ခြောက်ဆယ့်တစ် လိုင်း ချက်ဗလက် ကားကြီး နှင့် တူသည် ဟု ညွှန်းဆို ရမည် ။ အများကတော့ ထို ချက်ဗလက်များ ကို ဗိုက်ပူ ဟု ခေါ်ကြပါသည် ။ သူမ သည် လည်း ချက်ဗလက် ဗိုက်ပူ ကား နှင့် တူသည့် အပြင် ထို ကားများ အတိုင်း ဘော်ဒီ ဦးတည် နေရာ က တစ်နေရာ ဘီး ဦးတည် နေရာက တစ်နေရာ နှင့် ခန္ဓာကိုယ် မှာ လွန် စွာ အလိုင်းမင်း လွဲ နေ ပေ သေး၏ ။
ကျွန်တော်တို့ က လည်း သူမ လမ်းလျှောက် လာတာ မြင်လျှင် “ ခြောက်ဆယ့်တစ်ကြီး ထွက်လာပြီဟေ့ လမ်း ဖယ်နေကြ ဘယ် ဦးတည် လို့ ဘယ် သွားမှန်း မသိဘဲ ဝင် တိုက်မိနေကုန်ဦးမယ် ” ဟု အမြဲတစေ နောက်ပြောင် တတ်၏ ။
သူမ သည် ကျွန်တော် ပြောသည့် အတိုင်း ခြောက်ဆယ့်တစ် ဗိုက်ပူခေါင်းတိုကြီး ဖြစ်၏ ။ ကိုင်း .. ဤမျှလောက် မလှပသူ ကို ဘာ ကြောင့် လူတွေ စိတ်ဝင်စားကြလဲ ။
အပြုံး ဖြစ်သည် ။
သူမ ၏ မျက်နှာ ၊ ခန္ဓာကိုယ် ၊ အသွားအလာ ၊ ဘာမှ မလှပ ပေမယ့် သူမ ၏ အပြုံး က တော့ လွန်စွာ နှစ်လိုဖွယ် ရှိသည် ဟု ပင် ဆိုရပေမည် ။ ထို အပြုံး သည် သူမ ၏ ခန္ဓာကိုယ် ပေါ် တွင် ပေါက် ရောက် နေသော ကြောင့် ခြောက်ဆယ့်တစ် ဗိုက်ပူ ခေါင်းတိုကြီး ဂိတ် က ထွက် ကတည်း က လူ ပြည့် ၍ မော်တော်ကား ပြုံး ပြုံး နေသည်နှင့် ပင် တူ သေး တော့၏ ။
မည်သို့ပင် ဖြစ်စေ သူမ သည် အမြဲတစေ ပြုံး နေတတ်ခြင်း ပင် ။ ဘယ်အချိန် ဘယ်အခါ ကြည့်ကြည့် သူမ ၏ ခေါင်းတိုတို ပေါ် တွင် ထို အပြုံး ကို မပျက်မယွင်း တွေ့ ရမြဲ ။
အိပ်ယာ ထ လည်း ပြုံး ၊ ထမင်း စား လည်း ပြုံး ၊ အပြင် ထွက် လည်း ပြုံး ၊ အိမ် ထဲ နေလျှင် လည်း ပြုံး ၊ အမြဲတမ်း ပြုံးပြုံး ပြုံးပြုံး နှင့် သူမ ကို ကြည့်ရသည် မှာ လွန်စွာ စိတ်ချမ်းသာစရာ ကောင်းတော့သေး ၏ ။ ( နောက်မှ သိရသည် မှာ အိပ် နေလျှင်လည်း ပြုံးနေသည် ဟူ၏ ။ )
နောက်ထပ် ထူးခြားချက် တစ်ခု မှာ သူမ သည် မနက်လင်း အိပ်ရာ မှ နိုးပြီး နှင့် အလုပ် မသွားခင် စပ်ကြား ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် တွင် နေ့စဉ် မပျက်မယွင်း ပြုံးစစ နှင့် လက်ဖက် ရည် လာ သောက်တတ်ခြင်း ပင် ။ လက်ဖက်ရည် သောက် လျှင် လည်း စားစရာ ဘယ်အခါ မှ ပြောင်း စားလေ့ မရှိ ။ အီကြာကွေး တစ်ချောင်း သာ လက်ဖက်ရည် ထဲ နှစ်၍ နေ့စဉ် နှစ်နှစ်ခြိုက်ခြိုက် ငုံကိုက် စား တတ်ခြင်းပင် ။
အီကြာကွေး ကြိုက်တတ်ပုံက တော့ ထူးဆန်းလွန်းသည် ဟု ဆိုရမည် ပင် ။ အဘယ်ကြောင့် ဆိုသော် သူမ တစ်ယောက်တည်း အီကြာကွေး ကို နှစ်နှစ်ခြိုက်ခြိုက် စားတတ်သည် မဟုတ် ။ သူမ ၏ အောက် မှ ညီမငယ်များ ဖြစ်သော ( ကျွန်တော်တို့ အခေါ် ) ခြောက်ဆယ့်တစ် ခေါင်းရှည် ၊ အနီ ၊ အစိမ်း စသော ညီမငယ် သုံးယောက်လုံး သည် ပင် နံနက် လင်းသည် နှင့် လက်ဖက်ရည်ဆိုင် တွင် အီကြာကွေး တစ်ယောက် တစ်ချောင်း နှင့် စစ်ခင်း တတ်ကြသည် ။
••••• ••••• •••••
မိတ်ဆွေ ။
ရိုးသားစွာ စဉ်းစားကြည့်ပါ ။
မနက် လင်းသည် နှင့် မျက်နှာကြီး ပြုံးပြီး အီကြာကွေး မြုံ့နေ သော အပျိုကြီး ကို မည်သူက စိတ် မဝင်စားဘဲ နေနိုင်အံ့နည်း ။ လူ ကို စိတ်မဝင်စား တောင် အီကြာကွေး စွတ်နေသော နှုတ်ခမ်းပြုံးကြီး ကို တော့ စိတ်ဝင်စားသည် ။
ကျွန်တော် စိတ်ဝင်စား၏ ။ ကျော်ကို က ကြိုက်၏ ။ မျိုးမြင့်ထွန်းက အသည်းစွဲသည် ။ ထွန်းနိုင် က ရလျှင် ခိုးပြေးရန် ကြံသည် ။ ဘာမဆိုင် ညာမဆိုင် ကလေး နှစ်ယောက် အဖေ ကျွန်တော့် အစ်ကို ပင် သူမ ကို ရလျှင် ယခု လက်ရှိ ပေါင်းသင်း နေသော ဗိုက်ပူ ခေါင်းတို ကို ကွာ၍ ၊ မော်တော်ကားပြုံး ပြုံး နေသော ထို ဗိုက်ပူခေါင်းတို နှင့် ပင် ပေါင်းသင်းလိုက် ချင်ကြောင်း အာရည် တရွှဲရွှဲ နှင့် ပြော၏ ။
ကိုင်း ကျွန်တော်တို့ တစ်အိမ်တည်း မှာ တင် ခြောက်ယောက် မျှ ပြိုင်ပြီး ကြိုက်ကြသည် ဆိုတော့ သူမ ၏ အီကြာကွေး တပ်အပြုံး မည်မျှလောက် စွဲဆောင်မှု ကောင်း သလဲ စဉ်းစား သာ ကြည့် ။
ဘယ်မျှထိ ဆိုရသော် မျိုးမြင့်ထွန်း က အာသာပြေ ကား လိုက် စီးသည် ။ ကျော်ကို က လက်ဖက်ရည်ဆိုင် ချောင် ထိုး၍ ညို့နေသော သူ့ မျက်လုံး ကို ကလယ်ကလယ် လုပ်ရင်း ပြောင် ပိုးသည် ။ ထွန်းနိုင် က တော့ အရက် မူး လာလျှင် သူမ အိမ်ရှေ့ ဂစ်တာ ပိုက်ပြီး ဘာမဆိုင်ညာ မဆိုင် ‘ ငါ့သမီး စာကျက်နေတယ် ’ ဟစ်သေး၏ ။ ကျွန်တော့် အစ်ကို က တော့ သူ့ မိန်းမ လစ်လျှင် သူ့ သမီးအကြီး ကို မြှောက်ပေး၍ “ မမလေး ” ဟု ခေါ်ခိုင်း၏ ။ ထိုမှ တစ်ဆင့် အခြေအနေ ကောင်းလျှင် ‘ မေမေလေး ’ ဟု ပြောင်း၍ ခေါ်ခိုင်းရန် ကြံ ထား၏ ။ ( ကိုင်း .. အထုပ် ဖြေပြီ )
ကျွန်တော် က တော့ သမာဓိပိုး မျှသာ ။ လွန်စွာ သမာဓိ မရှိ သော မျက်လုံးကြီး နှင့် စိမ်းစိမ်းကြီး ကြည့်ကာ စာအုပ် လက်ဆောင် ပေး ဖူး၏ ။ သူမ က ကျွန်တော့် ကို သိဖို့ မပြောနှင့် နာမည်လေး သော် မှ မကြားဖူးပေ ။
‘ အကြည်တော် ဆို တာ ကျွန်တော် ပဲ ’ လို့ ပြောတော့ သူမ က ဆီးထုပ်ထုပ်တာလား ဟု ပြန်မေးပါသည် ။
မည်သို့ပင် ဖြစ်စေကာမူ ထိုကာလ ၌ ကျွန်တော်တို့ ရပ်ကွက် ထဲ ၌ ခြောက်ဆယ့်တစ်ကား ခေတ် အစား ဆုံး ဖြစ်သည် ။ ကျွန်တော် မှ စ၍ ( တကယ် ပြောတာဗျ ) အိမ်ရှိ လူ အားလုံး က လည်း တညီတညာ တည်း ကြိုက် ကြသည် ။ တစ်ရပ်ကွက် လုံး လည်း ကြိုက်သည် ။ သို့သော် ၊ နောက်ဆုံးတော့ လည်း မိန်းမ ရရန် ဘယ်တော့မှ ကံဇာတာ မပါသော ကျွန်တော် တို့ အထီးကျန် အဖွဲ့ ထုံးစံ အတိုင်း အထီးကျန် ခြင်း သာ အဖတ်တင် ပါသည် ။
ဤတွင်
ရှင်းပြရအံ့ ။
အထီးကျန်အဖွဲ့ ဆိုသည် မှာ တစ်ယောက်တည်း လည်း အထီး ကျန် , ကျန်ရစ်သည့် အဖွဲ့ မဟုတ်ဘဲ ၊ အမြဲတစေ ကျွန်တော်တို့ အိမ် ၌ အထီးချည်း ကျန်ရစ် ခဲ့သော ထုံးစံ ရှိ၍ ထို အသုံးအနှုန်း သုံး လိုက်ရ ခြင်းဖြစ်၏ ။ အိမ် ရှိ လူ ဘယ်သူ့ ကြည့်ကြည့် အထီးချည်း ပဲ ။ တိရစ္ဆာန် တွေ ဝယ် မွေးတော့ လည်း အမတွေ အကုန် သေ၏ ။ အထီးချည်း ကျန်ခဲ့သည် ။
ဩော် ပြောရဦးမယ် ။ ရှက် လည်း ရှက်ပါတယ်ဗျာ ။ တလော ကတော့ ဘယ်က ဘယ်လို မျက်စိ လည် ရောက်လာတဲ့ ကြောင်မ မှန်း မသိဘူး ။ အိမ် ခြံစည်းရိုး ထောင့် မှာ ဖအေ အကောင် လာ ဖော် သွားတာ ။ ကလေး နှစ်ယောက် မွေး သွား ပါတယ် ။ ကြောင်မ က တော့ မွေးပြီး ဘယ် ပျောက်သွားတယ် မသိဘူး ။ ငါ့ လက် က လွတ် သီတင်းကျွတ် လုပ် သွားတာ ။ သူ လုပ်တာ အကြောင်းတော့ မဟုတ်ပေါင် ။ ဟို သူ့ ကလေး နှစ်ကောင် က နေစရာ မရှိ ၊ စားစရာ မရှိ နဲ့ ဆိုတော့ အိမ် ထဲ ပဲ ပြေး ဝင် လာ တာ ။ ကိုယ် ကလည်း ဪ .. မိဘမဲ့လေးတွေ ဆိုပြီး အစာတွေ ကျွေးပြီး မွေးမိ သလို ဖြစ်သွားတာပေါ့ ။ ကြောင်လေးတွေ ကြည့်တော့ အထီး တစ်ကောင် အမ တစ်ကောင် ။ ဝမ်းသာလိုက်တာ ပြောမနေပါ နဲ့တော့ ။ ‘ ဒီ တစ်ခါတော့ ငါ့ အိမ် အမ ဝင်ပြီဟဲ့ လို့ ’
ကြောင်ထီး ကို တောင် နာမည် မပေးပါဘူး ။ ကြောင်မလေး ကျ မှ နာမည် ပေး ထားတယ် ။ ' ဗိုက်ပူမ ' တဲ့ ။ ဗိုက်ကလေး က အစာတွေ နင်းကန် စားပြီး ပူ နေ လို့လေ ။ မကြာပါဘူး သေပါရော လား ။ ဗိုက်ပူ မထင် နဲ့ ဟို အထီးလေး ။ ကိုယ့် မှာ တော့ ပျော် လိုက်တာ ။ ခါတိုင်းဆို ယုန်မွေး ယုန်မ သေ ၊ ပူး မွေး ပူးမ သေ ၊ အမ ချည်း သေပြီး အထီးချည်း ကျန်ခဲ့တာ ကိုး ။ ဒီတစ်ခါတော့ အမကလေး ကျန်တယ် ဆိုတော့ ကြံဖန် ဝမ်းသာ နေတာ ။ အိမ် က ကောင်တွေ ကလည်း ဂရုစိုက်လိုက်တာ ပြော မနေနဲ့ ။ မလုပ်စဖူး အလုပ် ထူးပြီး ကြောင်စာ ပါ ရှာ ဝယ်ပြီး ကျွေး ပစ်တာ ။ ဗိုက်ပူမ ဆိုတာ လုံး တက် လာတယ် ။ ဒါပေမယ့် ဘာ ကြာလို့ လဲ ။ သေတယ် ထင်လို့လား မဟုတ်ဘူး ။ ကျုပ်တို့ လူတွေ ပဲ ကြက်သေ သေ ကုန်တာ ။ အရွယ် ရောက် မှ သတိထား မိ ပြီး အထီးကြီး ဖြစ်နေတာ ။ ကြည့်ဦး အမလေး ဆို ပြီး ဂရုတစိုက် မွေး ထားကာ ဘယ်လောက် အထီးကျန် လည်း လို့ ။ အဲဒီ ကတည်း က အိမ် မှာ ဆို အဲဒီ ကောင် မြင် တာ နဲ့ ကန် ထုတ် ကြတော့ တာ ။
နေဦး
သို့ကလို အထီးကျန်ခြင်း အပေါ် ပါရမီ ရင့်သန်လှ ပါသော ကျွန်တော်တို့ အဖွဲ့ ၏ မထူးဇာတ် ဖြစ်သော ကိုယ် ကြိုက် သူ လင် နောက် လိုက်ခြင်း ဟူသည် သင်ခန်းစာ ဟောင်း ၊ စာမျက်နှာသစ် ထပ်မံ ဖွင့်လှစ် ခြင်းခံရသည် ဟု သာ ဆိုပေမည် ။
ကျွန်တော်တို့ ကြိုက်နှစ်သက်လှပါသော ခြောက်ဆယ့်တစ် ဗိုက်ပူ မှာ ရပ်ကွက် အတွင်း မှ ကွန်ပျူတာ စာစီ မောင်ဝေဟင် မည် သည့် ငတေ နှင့် နှစ်ပါးဂဟေဆက် လက်ထပ်ခြင်း သို့ ရောက်သွား ရ လေသည် ။
မောင်ကြည် ကြိုက် လျှင် လင်နောက် လိုက်ရမည် ဟူသော လူ့ ဘဝ အတွက်အချက် ( ကျွန်တော် က တော့ လူ့ သဘာဝ အတွက်အချက် လို့ ကို မှတ်ထားတယ် ) မှန်ကန်ပြီး သကာလ လူတွေ ထင်လို ထင်ငြား ခြင်ထောင် သုံးရက် အောင်းပြီး ပြန် အထွက် မှာ ပင် အနှီတို့ မင်္ဂလာဆောင် ခြင်း ဟူသော အာဝါဟ ၊ ဝိဝါဟ အမှု သတင်း ကြားရ ပြန် လေပြီ ။
ကြံတုန်း က တော့ ကြံပြီး မရခဲ့သည် ရှိသော် မရသူ တို့ ၏ ထုံးစံ အတိုင်း အသည်းနာနာ အကဲပါပါ ဖြင့် ၊
“ ငတုံးမ ဟိုကောင် ကွန်ပျူတာ ရိုက်တဲ့ ကောင် ကို မှ သွား ယူ တယ် ။ ငါ့ ကို ယူတော့ ဘာဖြစ်မှာတုန်း ။ အခုတော့ သူ့ ဒုက္ခ နဲ့ သူ လက် တို အောင် ရိုက်စား ပေရော့ ။ ဒါနဲ့ပဲ တန်တယ် ”
ဟူသော စိတ် နာစရာ အတွေးများ ကို ပိုးမွေး သလို မွေးပြီး အံကြိတ်၍ ‘ မိုးကြိုးကြီးကြီး ပစ်ပါစေ ’ မကြိမ်းရုံ တမည် ၊ ကိုယ် က ချိန် လိုက် လင် နောက် လိုက် သူများ ၏ ထုံး နှလုံးမူကာ ' ငါတို့ ကတော့ ဟင် ဆို လှည့် ကြည့်တတ်တဲ့ အစား ထဲ က မဟုတ်ဘူး ' ဟူ၍ တစ်ဘက် လှည့် ၍ သာ မူ ထား ရလေတော့၏ ။ ( အေးလေ လှည့်ကြည့်လည်း ကိုယ် က မှ မရ တော့တာ ) ။
ရပ်ကွက် အတွင်း မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပစဉ်မှာ ပင် ‘ ဆရာတို့ဖြင့် ကြွရောက် ချီးမြှင့်ပေးပါ ’ ဟူသော ရပ်မိရပ်ဖ စကား ကြောင့် မစားရသည့် အမဲ ကို ဆီ တရွှဲရွှဲ ဖြစ်အောင် ပြင်ဆင်ထားသည် ကို စိတ်နာနာ နှင့် ကြည့်ခွင့် ရရန် သတို့သား ၏ ပြုံးဖြဲဖြဲ မျက်နှာ နှင့် တွဲလျက် ‘ ကျွန်တော် တို့ ဒီ ခုတင်မှာ လေ ’ ဟူ၍ နှစ်ယောက်အိပ် ခုတင်ကြီး ကို ပြ၍သော် လည်းကောင်း ၊ ‘ ကျွန်တော်တို့ အဝတ်အစားတွေ ဒီ ဗီရိုကြီး ထဲ မှာ ထည့်မှာ ’ ဟူ၍ ဗီရိုကြီး ကိုလည်းကောင်း ၊ ‘ ကျွန်တော်တို့ တော့ ဒါပဲ ’ ဟု အဓိပ္ပာယ် သက်ရောက် စေသော အပြင်အဆင်များ ကို အသည်းနာ စရာ ပြင်ဆင် ထားသည့် အပြင် ‘ ကျွန်တော် တို့ လင်ယူ သားမွေး ကိစ္စ အား ရှိအောင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ ကူညီပါ ဦး ’ ဟု အဓိပ္ပာယ် သက်ရောက်စေသော မင်္ဂလာလက်ဖွဲ့ဌာနကြီး တစ်ခု ကို လည်း ကြီးကြီးကျယ်ကျယ် ဖွင့်လှစ် ထားပြန်လေသည် ။ ဤ ကိစ္စများ မှာ ကိုယ် မလုပ်နိုင်သည့် ကိစ္စများ ဖြစ် သော်လည်း လုပ်နိုင်သူများ က လုပ်တော့လည်း မုဒိတာ က မပွားနိုင် ။ သို့ပါ၍လည်း ‘ မင်းတို့ ဘာသာ မင်းတို့ မနေနိုင် မထိုင်နိုင် ထဆတ်ဆော့ တဲ့ ကိစ္စ ဘာလို့ ကူညီရမှာလဲ ’ လုပ်မရသဖြင့် အိမ် တွင် ပို နေသော ရေသန့်ဘူး တစ်လုံး ကို စတိုးဆိုင် တစ်ခု တွင် ပါဆယ် အသေအချာ ထုပ် ၍ ‘ တစ်သက်လုံး သောက် ၊ ကုန်အောင် သောက် ရေသောက်တိုင်း ခွက်နင်ပါ စေ’ ဟု ဆုတောင်းသမှု ပြုပြီး သကာလ ရက်ရက်ရောရော ပင် လှူဒါန်း ပေးအပ် လိုက်လေသည် ။
ဤသို့ဖြင့် ကျွန်တော် တို့ ၏ ချစ်လှစွာသော ခြောက်ဆယ့်တစ် ဗိုက်ပူကလေး သည် ကတုံး နောက် ဆံထုံး ပါ ဆိုသည့် အတိုင်း ( သူ့ ယောက်ျား က ကတုံးကြီး ) သူ့ ယောက်ျား ခေါ်ဆောင်ရာ သာကေတ မည်သော ရပ်ကွက် တစ်ခု ဆီ သို့ လိုက်ပါ ပြောင်းရွှေ့ သွားကြောင်း သတင်း ကောင်း ကြားရလေသည် ။
ရက်တွေ လတွေ ဘယ်လောက် ကြာ သွားသည်တော့ မသိ ။ ကျွန်တော်တို့ တည်း ဆိုသော လူမျိုးများ က လည်း ' ဒါမရ ဟိုဘက် လှည့် မဟဲ့ ' ဟူသော ခံယူချက် ကြီးကြီးမားမား ရှိသူများ ပေ မို့ သူ့ မရတော့ လည်း ရနိုင်ချေ ရှိသူ လှည့် ကြံ ရင်း ကာလယန္တရားကြီး ကို မျက်ကွယ် ပြု မိ နေပြန်လေသည် ။
ဤသို့ဖြင့် မထင်မှတ်သော တစ်နေ့သော အခါ သမယ တွင် ယခင် တစ်ခါ ချစ်လှစွာသော မှိုချိုး မျှစ်ချိုး မေတ္တာတွေ တိုးခဲ့ ရသည့် ကျွန်တော် တို့ ၏ ခြောက်ဆယ့်တစ် ဗိုက်ပူခေါင်းတို ၏ ယောက်ျား မောင်ဝေဟင် ရပ်ကွက် တွင်း ပြန်လည် ရောက်ရှိလာခြင်း ပင် ။
ထိုနေ့က ထုံးစံ အတိုင်း ရပ်ကွက်ကလေး ရှိ လက်ဖက်ရည်ဆိုင် တွင် ကော်ဖီမစ္စပလိန္န ဟု ကျွန်တော်တို့ ခေါ်တွင်သည့် ကော်ဖီမစ့် ပလိန်း တစ်ခွက် ကို ဇိမ်ကျကျ ထိုင် သောက်ရင်း ဒီနေ့တော့ ဘယ် ကောင်မလေး ကို ပိုး ရင် ကောင်းရပါ့ ။ ဘယ် ကောင်မလေး ဆို လွတ် ကုန်အံ့ ဟု စိတ်ကူး ယဉ် နေတုန်း ဗြုန်းဆို အနှီ ငတိ ရောက်လာခြင်း ပင် ။
“ ထိုင်မယ်နော် ဆရာ ”
ယခင် က လည်း သိပ် ခင်မင်သူ မဟုတ် ၍ ကျွန်တော် အံ့အား သင့်သွားရသည် ။ နှစ်ကာလ အတန်ကြာ ကင်းကွာခဲ့သူ မို့ လည်း မနည်း ပြန် စဉ်းစား ယူ ရသည် ။ ကိုယ့် မလဲ တစ်ယောက် မကောင်း တစ်ယောက် ပြောင်း ပိုး ခဲ့တာ နည်း မှ မနည်း ကိုး ။ စဉ်းစား နေ တုန်း မှာ ပင် ငတိ က စားပွဲဝိုင်း ဝင် ထိုင် နေလေပြီ ။
သူ့ ပုံ က ယခင် မြင်ခဲ့ရ သလို မဟုတ် ။ လန်းဆန်း တက်ကြွမှုများ ပျောက်ဆုံး နေပြီး ဆံပင်များ ပင် ဖွာလန်ကြဲ နေပြီ ။
“ နို့ နေဦး .. ကိုယ့် လူ က ဒီ အိမ်ရှေ့ က ကောင်မလေး နဲ့”
“ ကွာလိုက်ပြီ ”
“ အမ် ”
ကျွန်တော် စကား စ လိုက်သည် နှင့် မောင်ဝေဟင် ဆိုသူ မှာ ကြို သိနေသည့် အလား အလျင်အမြန် ဖြတ် ဖြေ လိုက်သည် ။ ပြီးနောက် ကျွန်တော့် ကို စကား မဆက်သေးဘဲ အနောက်ဘက် လှည့်၍
“ လက်ဖက်ရည် ကျဆိမ့် တစ်ခွက် အကျရည် များများ ”
ဆိုကာ လှမ်းမှာလိုက်သေး၏ ။ ကျွန်တော့် မှာ သာ ဒီလောက် သဘောထား ကောင်းကောင်း နှင့် ပြုံးရယ် နေ တတ်သည့် ကောင်မလေး ကို ဘာကြောင့် ကွာ လိုက်သလဲ စဉ်းစား၍ မရ ။ အရင်တစ်ခါ သံယောဇဉ် ရှိခဲ့ဖူးတာ လည်း ပါသပေါ့ ။ ဒါကြောင့် ...
“ နေစမ်းပါဦး ကောင်မလေး က ဒီလောက် သဘော ထား ကောင်း ပြီး အမြဲ ပြုံးပြုံးလေး နေ တတ်တဲ့ မိန်းကလေး ကို ကိုယ့် လူ က ဘာကြောင့် ကွာ လိုက်တာတုန်း ”
ကျွန်တော့် အမေး ကို မောင်ဝေဟင် က ရှုပ်ပွလက်စ သူ့ ခေါင်း ကို သူ့ လက်နှစ်ဖက် နှင့် ခပ်ကြမ်းကြမ်း ထပ် ဖွ ကာ ငို မလို မျက်နှာ ပေး နှင့်
“ အဲဒီ ပြုံး နေ တာကြောင့် ကွာ လိုက်တာပေါ့ဗျ ။ ပြုံး နေတာ ကြောင့် ကွာ လိုက်တာ ”
“ ဟင် ဘယ်လို ”
သူ့ ငိုမဲ့မဲ့ အဖြေ စကား ကြောင့် ကျွန်တော် ဘယ်လို မှ စဉ်းစား မရ ပို ဖြစ်သွားမိ၏ ။ ပြုံး နေလို့ ကွာ လိုက်တာတဲ့ ။ ပြုံး နေတာ ကွာ စရာလား ၊ ကျွန်တော် သူ့ကို ထပ် မေး မလို့ လုပ်တုန်းမှာပင် သူ က ..
“ အစကတော့ ကျွန်တော် လည်း အဲဒီလိုလေး ပြုံး နေတာ ကို အိမ် ကျက်သရေ ရှိတယ် ဆိုပြီး ယူခဲ့မိတာပါ ။ ယူပြီးတဲ့ အခါကျ မှ
“ မင်း ဟင်းချက်တာ မကောင်းဘူးကွ ”
ဆိုလည်း ပြုံး နေတာပဲ ။
“ ဟေ့ ငါ အရက် မူးလာတယ် ”
ဆိုလည်း ပြုံး နေတာပဲ ၊ အသုံး မကျတဲ့ ကောင်မ ဆိုလည်း ပြုံးနေတာပဲ ။
အဲဒီ အပြုံးကြီး နေ့စဉ် ရက်ဆက် မြင် နေ ရတော့ ကျွန်တော့် ကို သရော် သလို မဖြစ်နေဘူးလား ဗျာ ”
“ ဟင် ”
သူ့ စကား ကြောင့် ကျွန်တော် မျက်လုံး ပြူး သွား ရသည် ။ သူ ပြောတော့ လည်း ဟုတ်နေ သလို ။ ကိုယ် ဘာ လုပ်လုပ် ပြုံးပြီး ကြည့် နေ တော့ နေရ ခက်စရာ မဖြစ်ဘူးလား ။
“ ကျွန်တော့် မှာ ဗျာ နင် ဘာတွေ သဘောကျ နေလဲ နေ့တိုင်း မေးတယ် ။ ဘာမှ ပြန် မပြောဘူး ။ ပြုံး နေတာပဲ ။ စဉ်းစား ကြည့်လေ ။ ထမင်း စား လည်း ပြုံး ၊ ရေ သောက် လည်း ပြုံး ၊ ည အိပ်ရာ ဝင် လည်း ကျွန်တော့် ကို ပြုံး ကြည့်နေတာ ခံရ မခက်ဘူးလား ဆရာ ”
သူ့ ငိုသံ စကားကြောင့် ကျွန်တော် ပင် ဘာ ဆက် ပြောလို့ ပြော ရမှန်း မသိတော့ ။ သူ ပြောတော့ မှ လူတိုင်း ကြိုက်တဲ့ အပြုံး က အပြစ် ဖြစ် နေပြီ ကိုး ။ နောက် အတန်ကြာ စဉ်းစားပြီး မှ
“ နို့ မင်း အမျိုးသမီး က ပြုံး ပဲ ပြုံး နေတာလား ရယ်ရော မရယ်ဘူးလား ”
ကျွန်တော် မေး လိုက်မှ ငတိ မှာ ပို ငိုချင် သလို ဟန် မျိုး နှင့်
“ ရယ်တယ် ဆရာ ၊ သုံးခါ ရယ်တာ ကြားဖူးတယ် ”
“ ဘယ်လို သုံးခါ ပဲ ရယ်တာ ကြားဖူးတယ် ဟုတ်လား ”
သူ့ စကား ကြောင့် ကျွန်တော် အံ့အားသင့်ပြီး မျက်လုံး ပင် ပြူး သွားရသည် ။ နောက် သိချင်ဇောဖြင့် ..
“ ဘယ် .. ဘယ်လို .. သုံးခါ အဲ .. ဘယ်တုန်း က ”
ကျွန်တော့် ရဲ့ ကဘောက်တိ ကဘောက်ချာ အမေး ကို ဝေဟင် က ချက်ချင်းပဲ ငိုချတော့ မလို မျက်နှာမျိုး နှင့်
“ မင်္ဂလာဦးည မှာ ခိခနဲ တစ်ခါ ရယ်တယ် ။ နောက် အိမ် က စက်ဘီးလေး လေထိုး မရလို့ လမ်းထိပ်ဆိုင် က ဘားကျွတ်ကလေး ကျွန်တော် ဝယ်ပြီး ကိုင် လာတာ မြင်တော့ ခိခနဲ တစ်ခါ ရယ်တယ် ။ နောက် သားလေး တစ်နှစ်သား အရွယ် ”
“ ဪ .. ကလေးတောင် ရမင့်ကိုး ”
“ ကျွန်တော် က သားလေး ကို ချီပြီး ဖေ့သားလေး အဖေတူ သားလေး ဆို တုန်း က ခိခနဲ တစ်ခါ ရယ်တယ် ။ အဲဒီ သုံးခါ ပဲ ရယ်တာ ကြားဖူးတယ် ”
“ မင်း .. မင်း က လည်း ကွာ သဘောကျ အဲ ပျော် လို့ ရယ်တာ ဖြစ်မှာပေါ့ ”
“ ပျော်လို့ ရယ် ရင်လည်း ပွင့်ပွင့်လင်းလင်း ရယ်ပေါ့ ဗျာ .. ခု သူ ရယ်တာ က ခိုး ရယ် တာကြီး ဟာ .. ခိုး တော့ မရယ် နဲ့ ပေါ့ ဗျာ ။ နောက် ဘာဖြစ်လို့ ရယ်တာလဲ ဆိုတော့ မေး မရဘူး ။ ပြုံး နေတယ် ။ အဲဒါနဲ့ ကျွန်တော် လည်း သံသယ ဖြစ် လာရော ”
“ ဟ .. ဒီ သုံးခါလေး ရယ်မိတာ သံသယ ဖြစ် စရာလား မင်း ဟာ က မဟုတ်တာ ”
“ သံသယ ဖြစ် စရာပေါ့ ဗျ ။ ကျွန်တော် နဲ့ မညားခင် ကတည်း က အီကြာကွေး တစ်မျိုးပဲ စား တာရယ် ၊ နောက် အချိန်ကောင်း သုံးခါ မှာ ရွေး ရယ်တာ ရယ် ကို ဆက်စပ် လိုက်ရင် သံသယ ဖြစ်စရာ ပေါ့ ”
“ မင်း ဟာ က မဟုတ်တာကွာ သံသယ ဖြစ် ရင်လဲ စုံစမ်းကြည့် ပေါ့ ”
“ စုံစမ်းတာပေါ့ ဗျ ”
“ ဟင် စုံစမ်းတယ် ဟုတ်လား ”
သူ့ စကား ကြောင့် ကျွန်တော် ပို စိတ်ဝင်စား သွားသည် ။ ထို့ကြောင့် သိချင်ဇော ဖြင့်
“ စုံစမ်းတော့ ဘာတဲ့လဲ ”
ကျွန်တော့် အမေး ကို ဘယ်သူ မှ မသိစေချင်သည့် ပုံစံမျိုး နှင့် ဘေးဘီ ဝေ့ ကြည့်ကာ လေသံ တိုးတိုး ဖြင့်
“ သူ့ အဒေါ် က တွံတေး ဘက် က ရွာ တစ်ရွာ က ဗျ ။ လိမ်လည်မှု နဲ့ ရန်ကုန် ပြေး လာတာ ”
“ ဟယ် ... ”
ထင်မှတ် မထားသော စကား ကြောင့် ကျွန်တော် အံ့အားသင့် သွား ရသည် ။
ဒါကို ဝေဟင် မှ ပင် ဆက်၍
“ သူ ရော သူ့ ယောက်ျား ပါ လူလိမ်တွေ မျိုးရိုး ရှိတယ် ”
“ ဟာ မင်း ကလည်း ကွာ သူ့ အဒေါ် လိမ် ပေမယ့် သူ က လိမ် ချင် မှ လိမ် မှာ ပေါ့ မင်း သူ့အကြောင်း ရော မစုံစမ်းဘူးလား ”
“ စုံစမ်းတာပေါ့ ဗျာ ၊ ဘယ် နေမလဲ ”
“ ဘာတဲ့လဲ .. သူကရော ဘာတဲ့လဲ ”
“ သူ့ နာမည် ပြောလိုက်တာ နဲ့ ”
“ အင်း ”
ကျွန်တော် က သိချင်စိတ် နဲ့ အလျင်အမြန် ထောက်ခံ လိုက်သည် ။
“ တစ်ရွာ လုံး ပြုံးပြုံး ပဲ ”
“ ဟင် ”
“ ဟုတ်တယ် သူ့ နာမည် ပြော လိုက်တာနဲ့ တစ်ရွာလုံး ဘာမှ ဆက် မေးလို့ မရဘူး အားလုံး ပြုံး နေကြတာ ”
“ ဟာကွာ .. မင်း က လည်း ”
ကျွန်တော် လည်း လိုချင်သော အဖြေ မသိရ ၍ တစ်ကိုယ် လုံး ပင် ပျော့ကျ သွား၏ ။ သိချင်သည့် အကြောင်းများ က ဝေ့လည် ကြောင်ပတ် နှင့် ဘာမှ မသိရဘဲ ကိုး ။ ဒါကြောင့် အဖြေ တစ်ခု ခု ရလို ငြား ဆက် မေးလိုက်၏ ။
“ ဒါနဲ့ နေပါဦး အခု မင်း နဲ့ ကွာရှင်း လိုက်တော့ရော သူ က ဘာမှ မပြောဘူးလား ”
“ ပြုံးပြုံး ပဲ ”
ဪ .. ဒီ အထိ ပြုံး နေပါသေးလား နော် ဟု စိတ် ထဲ တေး မှတ် လိုက်ရသည် ။ ဒါကို မောင်ဝေဟင် က ရင်ဖွင့် ၍ ဝ သွား၍ ထင့် ရှေ့မှ ရေနွေးခွက် ကို ဆတ်ခနဲ သောက်ပြီး
“ ကိုင်း သွားဦးမယ် ဆရာ ရေ ဒီ လက်ဖက်ရည်ဖိုး ဆရာ ပဲ ရှင်း လိုက်တော့ ”
ဟု ဆိုကာ စားပွဲဝိုင်း မှ ထ၍ တစ်လှမ်း နှစ်လှမ်း လှမ်း သွား ပြီးမှ နောက် ပြန် လှည့် ကာ ..
“ ဪ ဆရာ မယုံရင် သာကေတ ကို သွားကြည့် ၊ ဒီ အချိန် ဆို သူတို့ လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ အီကြာကွေး တစ်ချောင်း မြုံ့ ပြီး ပြုံး နေ မှာ သေချာတယ် ”
◾ အကြည်တော်
📖 ပြုံးတော်မူ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment