❝ သည်နှစ်လမ်း ❞
အချိန်ကာလ အားဖြင့် မြန်မာပြည် ၏ ဝဿန်ပျိုးစ မိုးဦးကျ ဖြစ် လေရာ မိုး ကောင်းသော မြစ်ညာဒေသတွင်မူ ကဆုန်မိုး သည် မြက်သား မွေးရုံ မကတော့ ဘဲ မိုးကြီးမိုးကောင်းများ ပင် ကျ ရောက်ပြီ ဖြစ်ရကား ထိုနေ့ ညနေ ၅ - နာရီ ကျော် လောက်တွင် ကသာမြို့ ပေါ် မှာ ရှစ်ခွင်တိုင်း အုံ့မှိုင်း ဆင် နေ သဖြင့် ရွာအံ့မိုး ကို စိုးလင့်၍ လူသွား လူလာ ခေါင်းပါးလျက် တိုက်စ ပြုလာသော လေပြင်း ကြောင့် အချို့သော အိမ်ပြူတင်းများ ၊ တံခါးများ ကို ပိတ်ထား ကြ လေသည် ။
ယင်းအခိုက်တွင် သော်တာစိန် ကို တင်လာခဲ့သော ဂျစ်ကား သည် ကသာဈေး မြောက်ဘက်တန်း “ ထွန်းညီနောင်စတိုး နှင့်သ မဝါယမ ဖြန့်ချီရေးဌာန ” ဟု ဆိုင်းဘုတ် နှစ်ခု ချိတ် ထားသော တိုက်ဆိုင် ကြီး တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး ၊ လူသုံးယောက် ဆင်း ကြ ၍ ဂျစ်ကား က မောင်းနှင် သွား လေသည် ။
ညနေ ဈေးချိန် နှောင်း၍ လည်းကောင်း ၊ မိုးလေ ကြောင့် လည်းကောင်း ၊ ဆိုင် ပိတ် ပြီ ဖြစ်၍ တစ်ခုသော တံခါး သာ လျှင် ဟ ရုံကလေး ပွင့် နေသည် ။
ထို အပေါက် မှ ဝင်ကြပြီး အထဲ သို့ ရောက် လျှင် သေနတ် နှင့် လူ က မိုးကာအင်္ကျီ ကို ချွတ်ခွါ ပစ် လိုက်ပြီး ...
“ ဟေ့ တုတ်ပု ၊ တံခါး မင်းတုံး ချ လိုက်ကွ ”
ဟု အမိန့် ထုတ် ၏ ။ သူ့ လက် က သေနတ် ကား လူချင်း ခွါ သော်လည်း သော်တာစိန် ကို ချိန် လျက်ပင် ။
သော်တာစိန် မှာ မည်သို့ မျှ နား မလည်နိုင်ဘဲ -
“ ခင်ဗျားတို့ ကျွန်တော့ ဘာ လုပ်ကြမှာလဲဗျာ .. ”
ထို လူ က ရယ်သွမ်းသွေး လိုက် ပြီး
“ ဘလှိုင် ရာ ... မင်း ငါ့ ကို ဟန်ဆောင်တုန်း ဘဲ လား ”
“ မဟုတ်ဘူးဗျ ၊ ကျွန်တော် ဘလှိုင် မဟုတ်ဘူး ၊ ကျွန်တော် ဘယ် သူလဲ သိ ချင်ရင် ကျွန်တော် သေတ္တာ မှာ လေဘယ်လ် ပါတယ် ခင်ဗျား ကြည့် ”
ဟု ဆို၍ ယူ ပြရန် တုတ်ပု ချ ထားသော သေတ္တာ သို့ သွားမည် ပြုသော အခါ၌ ...
“ ဟေ့ ဘလှိုင် မင်း မလှုပ် နဲ့ ၊ မင်း သေတ္တာ ထဲ လက်ပစ်ဗုံး ပါလား ၊ ဓာတ်ငွေ့ ဗုံး ပါလား ၊ သိနိုင်တာ မဟုတ်ဘူး ”
ဆိုပြီးမှ
“ တုတ်ပု ၊ သူ့ သေတ္တာ က လေဘယ်လ် ဖြုတ်ခဲ့စမ်း ”
ရန်ကုန်လေယာဉ်ဆိပ် မှ ချိတ် ပေး လိုက်ခြင်း ဖြစ်သည် ။ တုတ်ပု က ယူ ပေး လိုက်သည် ၌ ထို လူ က ဘတ်ပြလိုက်ပြီး
“ အင်း ... မောင်တင်စိန် ရန်ကုန် ဆို ပါလား ”
“ ဟုတ်တယ် ၊ ကျွန်တော် ရန်ကုန် က ဘဲ ၊ ဒီ အညာ ရောက်တာ ဒီနေ့ ပါ နဲ့ မှ ၅ - ရက် ရှိသေးတယ် ၊ မိုးကောင်းဘူတာ မှာ တုန်း ကလဲ လူ တစ်ယောက် က ကျွန်တော့် ကို ဒီလိုဘဲ ဘလှိုင် နဲ့ လူ မှား တာ ကြုံ ခဲ့သေးတယ် ”
ယင်း၌ ကိုထွန်းအောင် မျက်နှာ တွင် ဇဝေဇဝါ ဖြစ်သွား ကာ -
“ နေစမ်းပါဦးကွာ ၊ မင်း ဒီလောက် ပြော လှတာ ငါ့ ညီ ကို ခေါ် ပြအုံးမှဘဲ ။ သွား .. တုတ်ပု ၊ ထွန်းသောင် ကို ခေါ် ခဲ့စမ်း ၊ နောက်ဖေး တန်းလျား မှာ ရှိလိမ့်မယ် ”
တုတ်ပု သွားပြီး မကြာမီ ၌ သော်တာစိန် နှင့် ရွယ်တူ လူ တစ်ယောက် ဆိုင် နောက်ဖေးခန်း ထဲ မှ ရောက် လာပြီး ...
“ ဟာ ... ကိုကြီး ရဲ့ ဒါ ဘလှိုင် မှ ဘလှိုင် အစစ် ပေါ့ ။ ဒီတစ်ခါ လက် လွတ် မခံနဲ့ ။ ကိုယ် တို့ ကို ပတ်တီး ချ သွားတာ များ လှပြီ ”
ဆို ရင်း သော်တာစိန် အနီး သို့ ရောက် လာ ကာ ရန်ငြိုးရန်စ ကြီးစွာ နှင့် သော်တာစိန် ၏ ပါးချိတ် ကို ပင့် ၍ ထိုး လိုက်လေ၏ ။
သို့ သော် သူ့ လေသံ ကြား ကတည်း က မဟန်ပြီ သိ နေသော သော်တာစိန် သည် ဒင်း တို့ လက် ထဲ က လွတ်ရန် နှုတ် နှင့် မရ ၊ အလုပ် နှင့် ပြ ရတော့မည် ဟု ဆုံးဖြတ်ချက် ချ ပြီး၍ သူ ပင့် ထိုး လာသော လက် ကို ဘယ်ဘက် လက်မောင်း နှင့် ခုတ် ချ လိုက်ပြီး ၊ လက် နှစ်ဘက် နှင့် ထို လူ ခါး ကို ပင့်မြှောက် ၍ သေနတ် ချိန် ထားသော သူ့ အစ်ကို ဆီ သို့ ထိုး ပစ် လိုက်လေ၏ ။
ညီအစ်ကို နှစ်ယောက် ထွေးခနဲ ဖြစ် သွားသည် ၌ သော်တာစိန် သည် လျင်မြန်စွာ အစ်ကို ဆီ က သေနတ် ကို ဝင်လုသည် ။ သုံး ယောက် သား လုံး နေသည် ၌ သေနတ် သည် အောက် သို့ ကျ သွားသည် ။ ကိုထွန်းအောင် က ပြန် ကောက်မည် အပြု ၌ သော်တာစိန် က ခြေ နှင့် ခတ် ထုတ် လိုက်၍ သေနတ် အဝေး သို့ ရောက် သွားသည် ။
ထို နောက် - တစ်ယောက် နှင့် နှစ်ယောက် ထိုး ကြတော့၏ ။
ယင်း အချိန် ၌ စောစောက ဆင် နေသော မိုး သည် သူတို့ ထိုး ခတ်ပွဲ ကို ဗိန်းဗောင်း ဆိုင်း သဖွယ် သွပ်ခေါင်မိုး သံ နှင့် တစ်ဖျောင်းဖျောင်း ရွာသွန်းလေ၏ ။
သော်တာစိန် သည် အထိုးအခတ် ဝါသနာ ပါသူ ဖြစ်၍ ဘောက်ဆင် အထိုး တွင် ကျောင်းသား ဘဝ က ကျောင်း ချန်ပီယံ ဘွဲ့ ရ ခဲ့ သဖြင့် လက်ရှိ အခြေ မှာ လည်း ကျန်းမာရေး လေ့ကျင့်နေသူ ဖြစ် ရကား တစ်ယောက် နှင့် နှစ်ယောက် ပင် လှလှကြီး အရေး သာ လျက် ရှိ၏ ။
သို့သော် ထို ညီအစ်ကို တို့ ၏ တပည့်ကျော် တုတ်ပု သည် ဆိုင်ရှေ့ မှ ဗုံးဗုံးဒိုင်းဒိုင်း ကြား ၍ နောက်ဖေး မှ သံတုတ်ကြီး ကိုင် ထွက် လာ လေရကား ။ ဤနေရာ တွင် သော်တာစိန် သာ မဟုတ် ၊ ကမ္ဘာ့ လက်ဝှေ့ ချန်ပီယံ ပင် လျှင် စိုးရိမ်စရာ ရှိလေသည် ။
သွေးသံရဲရဲ နှင့် သော်တာစိန် သတိ မေ့ လဲကျ သွားသော အခါတွင် အစ်ကိုကြီး က ကြိုး နှင့် တုပ်ခိုင်း၏ ။
“ တခါထဲ သာ ကိစ္စ တုံး ပစ်လိုက်ပါတော့ဗျာ ”
ဟု ညီ ဖြစ်သူ ထွန်းသောင် က ဆို၍ တပည့်ကျော် တုတ်ပု က သံဒုတ် နှင့် သော်တာစိန် လည်မျို ရွယ် လျက် ...
“ ဟုတ်တယ် ကိုကြီး ကျွန်တော် လုပ်လိုက်မယ် ”
ကိုထွန်းအောင် သည် သံတုတ် ကို ဖမ်း ကိုင် လိုက်ပြီး ...
“ မဟုတ်တာကွာ ၊ တို့ အခု လုပ်နေတာ က မြင့်မြင့် အတွက် မဟုတ်လား ၊ ကိုယ့် နှမ စိတ် ချမ်းသာ ဖို့ စဉ်းစားကြပါ ။ နို့ပြီး ဒီ ကောင်လေး က အမြင်မှန် ရပြီး လမ်းမှန် ရောက်ရင် အဘိုးတန်မယ့် ကောင်လေး ကွ ”
ထွန်းသောင် စိတ်မာန် လျှော့ သွားကာ -
“ ဒါဖြင့် အစ်ကိုကြီးပဲ ဖြစ်အောင် စီမံပေတော့ ”
“ အေး သူ့ ကြိုး နဲ့ တုပ် ၊ သတိ ရအောင် လုပ် ”
ကြိုး တုပ်နှောင်ရင်း သော်တာစိန် အင်္ကျီ အိတ် ထဲ မှ စာ တစ်ရွက် ထွက် လာ ၍ ကောက်ယူ ကြည့်ရှု ကြသည် ။ မီးရထား ပေါ် တွင် ရေးပေး သွားသော စောထွန်း ၏ လိပ်စာ ။
ကိုထွန်းအောင် သည် မဲ့ပြုံး ပြုံး ကာ ခေါင်းညိမ့် လိုက်၏ ။
သော်တာစိန် အား ခြေရော လက်ပါ တုပ်နှောင်ကြ ၍ ဆိုင် အတွင်းခန်း တစ်နေရာ သို့ ယူ သွားပြီး ကိုယ် တစ်ပိုင်း ကို နံရံ မှာ မှီ ထားသည် ။
သော်တာစိန် သတိ ရ သော အခါ ၌ ခြေလက်များ မလှုပ်သာပြီ ၊ ဦးခေါင်း မှာ မူးနောက် နေသည် ။ အပြင်ဘက် ၌ မိုး သည်းထန်စွာ ရွာ နေသံ ကို ကြားရသည် ။ မျက်စိ ဖွင့် ကြည့် လိုက်လျှင် မီးရောင် အောက် မှာ ညီအစ်ကို နှစ်ယောက် နှင့် တုတ်ပု ကို မြင် ရ၍ ခံပြင်း သော မျက်နှာ နှင့် အံ ကို ကြိတ်၍ ကိုယ် ကို တွန့် လိုက်၏ ။ ကိုထွန်းအောင် က ဆေးတံ သောက် လျက် ...
“ ဘယ့်နှယ်လဲ မင်း ဘလှိုင် မဟုတ်ဘူး လို့ ငြင်းအုံးမလား ”
စိန် - (တင်းမာသော အသံဖြင့် ) “ ဘာ ထပ် ငြင်းစရာ လို တော့သလဲ ၊ ကျုပ် ရန်ကုန် က တင်စိန် လို့ ပြော ပြီးမှ ဘဲ ”
ဤတွင် ကိုထွန်းအောင် က လှောင်ရီ ရီ လိုက်ပြီး ..
“ မင်း လှိမ့်လို့ မရတော့ဘူး ကွ ၊ ဒီမှာ သက်သေ အခိုင်အမာ က မင့် အိတ် ထဲ က တွေ့ထားပြီ ”
ဆို၍ စောထွန်း လိပ်စာစက္ကူ ကို ပြလျက်
“ ဘယ့်နှယ်လဲ ဒါ မင့် မိတ်ဆွေ ရောင်းရင်းဖက်ကြီး ရဲဘော် ဟောင်းကြီး စောထွန်း ရဲ့ လက်ရေး နဲ့ လိပ်စာ မဟုတ်လား ၊ ဘာ ငြင်း ချင် သေးသလဲ ၊ ဟေ - ဟေ ”
လှောင်ပြောင်သော အသံ ဖြင့်
“ ဘယ့်နှယ် ရန်ကုန် က မောင်တင်စိန် ရယ် ၊ ကာမိုင်း ဖားကန့် က စောထွန်း နဲ့ သိ နေသလားကွယ် ”
ယင်း၌ သော်တာစိန် က -
“ ကဲ - အဲဒါ ခင်ဗျားတို့ သေသေချာချာ နားထောင် ၊ ကျွန်တော် ရှင်းပြမယ် ကျွန်တော် ဟာ ဒီလ ၁၁ - ရက် နေ့က လေယာဉ်ပျံ နဲ့ မြစ်ကြီးနား ကို ရောက် ခဲ့တယ် ။ ဆပ္ပလိုင်းအရာရှိ ကိုခင်ဦး ကို သိ သလား ။သူ့ အိမ် မှာ တည်း တယ် ၊ အဲဒီမှာ နှစ်ရက် နေပြီး ဒီနေ့ ၁၄ - ရက် နေ့ မှာ မီးရထား နဲ့ လာ ခဲ့တယ် ။ မိုးကောင်း ဘူတာ ရောက် တဲ့ အခါ မှာ အဲဒီ ကို စောထွန်း ဆို တဲ့ လူ က ကျွန်တော့ ကို ဘလှိုင် မှတ် ပြီး လူ မှား ရင်း က မိတ်ဆွေ ဖြစ် သွားပြီး သူ့ လိပ်စာ ကို ရေး ပေးခဲ့ တာဘဲ ၊ ကဲ - ခင်ဗျားတို့ မယုံရင် အဲဒီ ကိုစောထွန်း ဆီ သွား မေး ကြည့် ကြတော့ ၊ သူ နမ္မား ဘူတာ မှာ ဆင်းသွားတယ် ၊ သူ့ ယောက္ခမ ဆီ မှာ လေးငါးရက် လောက် ကြာမယ် တဲ့ ”
သော်တာစိန် ၏ စကား ကို နားထောင်ကြရင်း အစ်ကို ဖြစ်သူ က ယုံကြည်တော့ မလို ဇဝေဇဝါ အမူအရာ ရှိ ၍ ညီ ဖြစ်သူ က မူကား -
“ အို .... အစ်ကိုကြီး မလဲ ဗျာ ၊ ဒါ ကွန်မြူနစ် ပရိယာယ် ဗျ ၊ လူ တောင် လက်ဆုပ် လက်ကိုင် မိ နေပြီဟာ တောင် မုံလာဥ ကို ခရမ်းသီး လုပ် နေသေးတယ် ၊ စောထွန်း သွား မေးလို့လဲ “ မယုံ ငါ့ မယား မေးကြည့် ” ဆိုတာနဲ့ အတူတူပေါ့ ၊ စောထွန်း က သူ့ ဘက်တော် သား သူတို့ချင်း ငယ်ပေါင်းကြီးဖော် ကြံဘော်ကြံဘက် တွေ ဘဲ ”
သော်တာစိန် − “ အခုဟာ ကျွန်တော် အမှန် ပြော နေတာဘဲ ၊ ခင်ဗျား တို့ ပြောလို့ သာ ကြား ရတယ် ဒီ စောထွန်း ဆိုတာ နဲ့ ဘလှိုင် ရဲ့ အတိတ် ရာဇဝင် လဲ ကျွန်တော် မသိဘူး ၊ အဲ ... ဘလှိုင် ဆိုတာ က ဖြင့် တောခို နေတဲ့ လူ ဆိုတာ တော့ စောထွန်း ပြော လိုက်လို ကျွန်တော် သိခဲ့ရတယ် ၊ ကဲ အခု ခင်ဗျား တို့ က ကျွန်တော့ ကို တောခို နေ တဲ့ ဘလှိုင် လို့ ယုံကြည်ကြရင် ဖြင့် အစိုးရ ဆီ ပို့ လိုက်ပေါ့ ဗျ ၊ ကျွန်တော် အဲဒီ ရောက်မှ ရှင်း ယူမယ် ”
ယင်း၌ ကား ညီအစ်ကို နှစ်ယောက် စလုံး ပင် ဇဝေဇဝါ ဖြစ်ကာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြသည် ။
ခေတ္တ ဆိတ်ငြိမ် နေပြီးမှ အစ်ကိုကြီး ဖြစ်သူ က သော်တာစိန် မျက်နှာ စေ့စေ့ ကြည့် လျက် -
“ ဘလှိုင် မှာ အမြွာပူး ညီအစ်ကို လဲ မရှိပါဘူး ”
ထွန်းသောင် - “ ဟာ - ကျွန်တော် တို့ နဲ့ တစ်ရပ် ထဲ ကြီး လာတာ ဘယ်က ရှိ ရမှာလဲ ဗျ ၊ သူ့ အမေကြီး မှာ ယောက်ျား လဲ မရှိဘူး ၊ ဒီ သား တစ်ယောက် ထဲ ရှိတာ ”
ဟု ပြောပြီး အခိုင်အမာ ယုံကြည်သော မျက်နှာ ဖြင့်
“ ဒါဟာ ဘလှိုင် အစစ် ပါ ဘဲ အစ်ကိုကြီး ရာ ၊ အလကား ကွန်မြူနစ် ပရိယာယ်တွေ သုံး နေတာ ”
သော်တာစိန် စိတ် တို လာကာ -
“ အေး ... ဒါဖြင့် ကျုပ် ကို အစိုးရ လက် အပ်လိုက် ဆို နေ မှ ဘဲ ”
ကိုထွန်းအောင် လည်း ခေါင်း ကို ရမ်း၍
“ မင့် ကို အစိုးရ လက်ထဲ အပ်ဖို့ ထက် ကြီးတဲ့ ကိစ္စ ရှိ သေးတယ် ”
ဆိုပြီး သော်တာစိန် မျက်နှာ အကဲခတ် ကြည့်ရှု လျက် -
“ ကဲလေ မင်း ဒီလောက် တောင် ဟာ တို့ မြင့်မြင့် ကို ပြ ကြည့်မယ် ၊ မြင့်မြင့် ရဲ့ အဆုံးအဖြတ် ပေါ် မှာ တည် မှာဘဲ ၊ သို့သော် .. မြင့်မြင့် က မင့် ဆန္ဒ လိုက် ပြီး မဟုတ်ဟန် ဆောင် ရင်လဲ တို့ က သူ့ အမူအရာ ကြည့်ပြီး သိ မှာပဲ ၊ အဲ မင်း ဘလှိုင် ဟုတ်မှန်း သေချာ တဲ့ အခါ ကျတော့ ငါ တို့ အရင် ပြော ထားတဲ့ လမ်း နှစ်ခု ကို ပေး ဦးမယ် ။ ကြိုက်တာ ရွေးဖို့ စဉ်းစား ထား ပေတော့ ”
သော်တာစိန် သည် မျက်ခုံး ကို ပင့်၍
“ ဘယ်လို လမ်း နှစ်ခုလဲ ဗျာ ”
ထွန်းအောင် မနှစ်မြို့သော မျက်နှာ ဖြင့် -
“ အော် .. မင်း က မေ့ နေပြီလား ၊ နှမ အတွက် ဆိုတော့ အစ်ကို က ရှက်ရှက် နဲ့ ပဲ ပြော ရ အုံးမှာပေါ့ ကွာ ၊ ဒီမှာ နားထောင် မင်း လက်နက် ချ ပြီး မြင့်မြင့် ကို လက်ထပ် ရင် ထပ် ၊ ဒါမှ မဟုတ်ရင် မင်း ကို သတ်ပြီး အစိုးရ ကို အလောင်း အပ် ရမှာဘဲ ၊ မင့် လူ့ပြည် ထား ပြီး တော့ ဖြင့် တို့ အရှက်များ ခံ မနေနိုင်ဘူး ။ ကဲ ... အဲဒီ နှစ်လမ်း ဘဲ ကြိုက်ရာ ရွေး ဘို့ သာ စဉ်းစား ထားပေတော့ .. ”
သော်တာစိန် အဖို့ မှာ အပျက် အပျက် နှင့် ကြာလေ ကြာလေ ခက် သထက်ခ က်သော အခြေ သို့ ရောက် နေလေပြီ ။ နာကျည်း သော ကိုယ် ကို လွန့် ၍ မျက်နှာ ရှုံ့ ကာ သက်ပြင်း ရှူ လိုက်ပြီး -
“ ခက်ပြီကောဗျာ ကျွန်တော် တော့ သူများ ဓားစားခံ ဖြစ် နေ ပြီဘဲ ၊ အသက် တောင် ရန် ရှာမယ် ဆိုတော့ ခင်ဗျား တို့ ကိစ္စ က ဘယ်လို လဲ ဗျ ၊ ပြော နိုင်ရင် ပြောကြစမ်းပါ ”
သော်တာစိန် မှာ အမှတ်မဲ့ ရိုးသားစွာ မေး လိုက်ခြင်း ဖြစ်သည် ။ သို့သော် ဤ အမေး သည် သူ့ အဖို့ ပို ဆိုး သွားတော့၏ ။ အကြောင်း မှာ ဤ အမေး တွင် ညီအစ်ကို နှစ်ယောက် သည် အလွန် ဒေါသ ထွက် လာ လျက် အစ်ကို ဖြစ်သူ က -
“ မင်း တစ်ကယ် လို့ ဘလှိုင် မဟုတ်ဘူး ဆိုတောင်ဘဲ ငါ့ စကား အဓိပ္ပါယ် နဲ့ ဘယ်လို ဖြစ်ခဲ့ပုံလဲ ဆို တာ ကို သိ သင့်တယ် ၊ အခုတော့ မင်း က ဘာမှ မသိတဲ့ ပုံ နဲ့ ဘလှိုင် မဟုတ်ဟန် ဆောင် ကြောင်း တယ်ပြီး ထင်ရှား လှတယ် ။ မင်း ဒီနည်းမျိုး နဲ့ မရဘူး ဆိုတာ သတိထားပါ ကွ ။ နောက်ထပ် ဘာမှ ပြော မနေပါနဲ့ တော့ ။ အခု မြင့်မြင့် ကို ငါ တို့ ဟိုဘက်ကမ်း က အိမ် ကို ပို့ ထားတယ် ။ ည လူခြေ တိတ် ရင် တို့ မင်း ကို မြင့်မြင့် ဆီ မော်တော် နဲ့ ယူ သွားမယ် ။ တို့ နှမ နဲ့ တွေ့ လို့ မင်း ဘလှိုင် မှန်း သေချာတဲ့ အခါ ကျ တော့ မင်း တို့ တော်လှန်ရေး ကိစ္စတွေ စွန့် လွှတ်ပြီး လူ ထဲ သူ ထဲ မှာ အေးအေး နေမလား ၊ ဒါမှ မဟုတ် အသက် အသေခံ မလား ဆိုတာ သာ စဉ်းစား ထား ပေတော့ ။ မြင့်မြင့် က တော့ အမြင်မှန် ရ သွားပြီ ၊ မင်း တို့ ဝါဒ ဘက် ပြန် မလာတော့ဘူး ဆိုတာ စိတ်ချ ”
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment