Tuesday, April 18, 2023

ရွှေပြည်တော်သည် ( ၉ )


 🔳 တောလုံးညံပြီ


ကသာမြို့နယ်ခရိုင် သောင်းကျန်းသူတို့ ၏ ဌာနချုပ် တည်ရာ တောသာခေါင် ။


အသံ ပေါင်းစုံ မြည်ကျုး နေကြသော ကျေးငှက် အများ တွင် အထင်ရှားဆုံး ဖြစ်သော တစ်တီတူး နှင့် ယောက်ဖခွေးခေါ် ငှက် တို့ ၏ အသံ က ထူးခြားစွာ ပေါ်လွင် လျက် ၊


“ ယောက်ဖ ” အင်မတန် တာ စား သော ဤ အညာဒေသ ရှိ တော များ တွင်လည်း “ ယောက်ဖခွေးခေါ်ငှက် ”  က တာစား လှပေသည် ။ သူ့ အသံ သည် လူ ၏ စိတ် ထဲ မှ သူ မြည် နေစဉ် တွင် “ ယောက်ဖခွေး ခေါ် ယောက်ဖခွေးခေါ် ”  ဟု လိုက် ဆိုနိုင် လောက် အောင် ပီသ ပါ၏ ။ အများ ကြားဖူးကြမည့် တောက်တဲ့ ၊ ဇီးကွက် ၊ တစ်တီတူး ငှက် တို့ ၏ အသံ ကဲ့သို့ တည်း ။


ဤ အချိန်ကာလ သည် အနှစ် ၄၀ - ဆရာ တို့ ၏ ၅ နှစ် မျှ မပြည့် သေး သော လွန်ခဲ့သော ၁၀ - နှစ် ကျော် က ဖြစ်လေရာ သောင်းကျန်သူများ ယခု ကဲ့ သို့ ကစင့်ကလျား မဖြစ်သေး ၊ အင်အား ကောင်း တုန်း ဖြစ်၏ ။ ယင်း ဌာနချုပ် မှာ လူ တစ်ရာ ကျော် မျှ ရှိ၍ သစ်ဝါး ပေါသော ဒေသ ဖြစ်သည့် အလျောက် သက်ငယ်မိုး ထရံကာ အဆောက်အအုံ တို့ လုံလောက်စွာ ရှိပေသည် ။ ယောက်ျား ရော မိန်မ ရော ထိုစဉ် တုန်း က ရှိခဲ့လေရာ ၊ လူပျိုလိုင်း အိမ်ထောင်သည်လိုင်း လည်း ခွဲခြား ထားပေသည် ။


ယင်းအချိန် သူတို့ ဆီမှာ နွားလှည်း ရော ၊ ကျောစီး မြင်း များ ပါ ရှိ လေရာ နွားတင်းကုတ် မြင်းဇောင်း တို့ လည်း ရှိလေ၏  ။ ထို နေ့သည် သူတို့ ဆီ သို့ ၃ - ရက် တစ်ကြိမ် မှ ရသော သတင်းစာ များ စုပြုံ လာ၍ သူတို့ လူ ဗိုလ်ဖုန်းလှိုင် အတွက် ကြွက်ကြွက်ညံ နေကြသည် ။


    ဗိုလ်ဖုန်းလှိုင်     

    ကသာခရိုင်ဝန် 

    ထံတွင် လက်နက်ချခြင်း


ဆိုသော ၃ လိုင်း စာလုံးကြီးများ နှင့် သတင်းစာ အလယ် မျက်နှာ အချို့ ရှေ့ မျက်နှာဖုံး မှ ပါ လာသည် ။ လက်နက် အပ် နေသော ဓါတ်ပုံ က လည်း ပါ သေး၏ ။


ဗိုလ်ဖုန်းလှိုင် သည် ကသာခရိုင် တောတွင်း လက်နက် တပ်ဖွဲ့ကြီး တစ်ခု ၏ လက်ရုံး တစ်ဆူ ဖြစ်သည် ။ ၁၉၄၉ - ခုနှစ် ကတည်း က တောခို သွားခဲ့ ရာ ယခု အမြင် မှန် ရ လာခဲ့ခြင်း ဖြစ်ပေသည် ။ ဗိုလ်ဖုန်းလှိုင် နာမည် ရင်း မှာ မောင်ဘလှိုင် ဖြစ်၍ ခေတ်ပညာ တတ် တစ်ယောက် ဖြစ်သည် ။ ကသာမြို့ အထက်တန်းကျောင်းကြီး မှ ၁၀ - တန်း အောင်မြင်သူ ဖြစ်သည် ။


စသည်ဖြင့် ..


နောက် တစ်နေ့ ထုတ် သတင်းစာများ မှာ ကား ၊ သူတို့ တောတွင်းသား များ အတွက် ပိုမို တုန်လှုပ်ကြရ ပေသေး၏ ။


   ဩော် - အချစ်အတွက် 

   လက်နက်ချတာကိုး


ယမန်နေ့ က လက်နက် ချ ခဲ့သော ဗိုလ်ဖုန်းလှိုင် သည် ယနေ့ ထို ခရိုင်ဝန် ရုံး မှာ ပင် လက်ထပ် သည် ။


ဗိုလ်ဖုန်းလှိုင် နှင့် လက်ထပ်သူ မှာ ကသာမြို့ မျက်နှာကြီး ပိုင်း မှ ထွန်းညီနောင် စတိုး ပိုင်ရှင် ဦးထွန်းအောင် ၏ ညီမ မမြင့်မြင့် ဖြစ်သည် ။


ယင်း မမြင့်မြင့် သည် လည်း ယခင် တုန်း က ဗိုလ်ဖုန်းလှိုင် နှင့် အတူ တောခို သွားခဲ့သူ ဖြစ်သည် ။ တော ထဲ မှာ ၂ - နှစ် လောက် ကြာ ပြီး မှ အလင်း ပြန် ရောက်ခဲ့သည် ။ သူတို့ သည် ကျောင်းသား ဘဝ က ပင် သမီးရည်းစား ဖြစ်ခဲ့ကြသည် ဟု သိ ရသည် ။ တော ထဲ မှာ စိတ်ဓါတ် ကျဆင်းသူ တွေ များပြား နေ၍ မကြာမီ ဘဲ သူ့ လို လက်နက် ချ လာသူတွေ များစွာ ရှိလိမ့်မည် ဟု ဗိုလ်ဖုန်းလှိုင် က ပြောသည် ဆို၏ ။


သော်တာစိန် နှင့် မြင့်မြင့် လက်မှတ် ထိုး နေပုံလည်း ထင်ရှား စွာ ပါ ၏ ။


သော်တာစိန် နှင့် ဗိုလ်ဖုန်းလှိုင် ကား ဓါတ်ပုံ ထဲ မှာ ပင် ချွတ်စွပ် တူ သည် ။


ယင်းသို့ တောတွင်းသားများ သတင်းစာ တွေ ကို အလု အယက် ရုတ်ရုတ်သဲသဲ ဖတ်နေကြ ရာ မှ -


“ ဟေ့ - ဒို့ ဗိုလ်ကြီး ရော ... ”  


“ ဗိုလ်ဖုန်းလှိုင် ဘယ် သွားလဲ ဗျ ... ” 


“ ဘလှိုင် ဘယ်မှာတုန်း ဟ - မနက် က မြင် လိုက် ပါ သေးတယ် ” 

 

ဟု တစ်ယောက် တစ်ပေါက် မေးမြန်း ပြောဆို နေကြစဉ် - သေနတ်ရှည်ကြီး လွယ် လျက် သူ့ နောက် မှ ဂျီသေ တစ်ကောင် ကန့်လန့် တင် ထား သော မြင်းကြီး ကို စီးလျက် ဗိုလ်ဖုန်းလှိုင် ရောက် လာ ကာ ဘာမျှ မသိသေးဘဲ ပြုံးရွင် ဝမ်းမြောက်စွာ ဖြင့် - 


“ ရော့ - ရဲဘော်တို့ ဟဲကြလော့ ”  


ဟု ဆိုကာ ဂျီကောင် ကို လူအုပ် ထဲ ပစ် ပေး လိုက်သည် ။ အချို့က ဆီး ဖမ်းယူ လျက် တစ်ယောက် သော သူ က


“ ဘလှိုင် ရေ - မင်းတို့ စားဘို့ ဂျီ ရခဲ့ပြီးတော့ မင်း ဒီ မှာ “ ဂျီကျ ” ရအုံး မယ် ကွ ” ဟု ဆိုကာ သတင်းစာများ ကို မြှောက် ပြ လိုက်တော့ ဗိုလ်ဖုန်းလှိုင် က -


“ ဘာများတုန်း ရဲဘော် ရ ” ဆိုပြီး မြင်း ပေါ် မှ ဆင်း ၍ သတင်း စာတွေ ယူ ကြည့် လိုက် တော့ ...


ဗိုလ်ဖုန်းလှိုင် ၏ ကြည်လင်သော မျက်နှာမှာ တစ်စတစ်စ ညိုပုပ် သွားကာ နောက်ဆုံး ၌ ဒေါသအမျက် ချောင်းချောင်း ထွက် လျက် - 


“ ဘယ်က - ကျုပ် နဲ့ တူတဲ့ ကောင်များ ရှာပြီး ဘာကြောင့် ဒီလို လုပ်လိုက်ကြ တာ တုန်း ... ” 


“ မြင့်မြင့် က ကျုပ် ဟုတ် မဟုတ် တကယ်ဘဲ မသိရော့လား ”  


“ သိရက် နဲ့ ဘဲ - ကျုပ် မစောင့်နိုင်တော့ တာ နဲ့ ... ”  


“ ဟင် ... သစ္စာဖေါက်မ ” 


“ ကြည့်စမ်း ဒီကောင် ... ” 


“ ကျုပ် ဂုဏ်သိက္ခာ ကျဆင်း အောင် ကျုပ် ယောင် ဆောင် လက်နက် ချတယ် - လုပ်တယ် ” 


“ နို့ပြီး - ကျုပ် ရည်းစား လက်ထပ် ယူတယ် ” 


“  ထွီ ...” 


“ ဒီကောင်မျိုး မှ ကျုပ် မသ,တ် ဘယ်သူ့ သ,တ်ရမှာလဲ ” 


“ ပါတီ တိုင်မယ် ”  


“ ကော်မတီ တင်မယ် ” 


“ ဒင်းတို့ကို သုတ်သင်ခွင့် တောင်းမယ် ”  


သတင်းစာ ကိုင်၍ တစ်ယောက် တည်း ဒေါသ ကြီးစွာ ပြောပြီးမှ သတင်းစာများ ယူလေ့ ရှိသော ဆက်သား သို့ - 


“ ဟေ့ - မင်း ဒီကောင် မြင်ခဲ့လား ” 


“ မြင်ခဲ့တယ် ဗိုလ်ကြီး ၊ ဗိုလ်ကြီး နဲ့ တစ်ထေရာ ထဲ တူတာ ဘဲ ”  


အခြား လူကြီး တစ်ယောက် က -


“ ဟုတ်တယ် မောင်ဘလှိုင် ... ဟောဒီ ဓါတ်ပုံတွေ မြင်ရတာ နဲ့ မင်း သာ တို့ ဌာန မှာ မရှိဘူး ဆိုရင် တို့ ယုံကြည်မှာဘဲ ကွ ၊ အခုတောင် ဌာနစိတ် - ဋ္ဌာနခွဲ ကလေးတွေ က ဆိုရင် အဟုတ် ယုံ နေကြမှာ ဘဲ ”  


ဗိုလ်ဖုန်းလှိုင် စိတ်ဓါတ်ပြင်းစွာ မျက်နှာ ကို တင်း လျက် - 


“ ဒါ - ကျွန်တော် တို့ အမြန်ဆုံး ရှင်းတမ်း ထုတ် ရမှာပေါ့ ”  


ဟု ဆိုပြီး မှ တဖန် ဆက်သား ဘက် လှည့် ၍ -


“ အခု သူတို့ ဘယ်မှာ နေကြသလဲ ကွ ” 


“ ဖျောက်ဆိပ်ပင်ရွာ အိမ်ကြီး မှာ ” 


“ မြင့်မြင့် အစ်ကို တွေ က ကော ” 


“ သူတို့ က တော့ ကသာ နဲ့ ကူးလိုက် ပြန်လိုက် ဘဲ ”   


“ ကောင်းပြီ ... တို့ ဒီရွာ ကို ခု ည  စီးခွင့် ရ အောင် ကော်မတီ တင် ရမယ် ” 


“ တို့ ရဲဘော် တစ်ယောက် ကို ဒီလောက် စော်ကား တာ တော့ - ဒီ ကောင်မျိုးတွေ ဆုံးမ ခွင့်တော့ ပေးသင့်တာ ဘဲ ” 


တစ်ယောက် က ဗိုလ်ဖုန်းလှိုင် ဘက် မှ ထောက်ခံ ပြောဆို လိုက်၏ ။ အခြား များစွာတို့ က လည်း သဘော တူ ကြ၏ ။ 


ထိုစဉ် အခါက တောတွင်းအင်အားစု တို့မှာ ယခု ခေတ် လို ဗရမ်းဗတာ ကိုယ် လုပ်ချင်ရာ ရှောက် မလုပ်ရ ။ ကိစ္စ အရပ်ရပ် ကို ကော်မတီ ၏ အဆုံးအဖြတ် ခံယူ ပြီးမှ လုပ် ရ၏ ။


သို့အတွက် ဗိုလ်ဖုန်းလှိုင် ၏ ပြဿနာ ကော်မတီ ဝင်များ နှင့် ဆွေးနွေးသော အခါ၌ ရွာ ကို သွား စီးခွင့် ရသည်  ။ မြင့်မြင့် တို လူစု ကို ဖမ်းလာ ခွင့် ရသည် ။ သို့သော် မသုတ်သင် ခဲ့ ရ ၊ ဒီ ကျမှ ခုံရုံး တင် ပြီး ဆုံးဖြတ် စီရင်မည် ။


မြင့်မြင့် သည် ရဲမေဟောင်း တစ်ဦး ဖြစ်ခဲ့သည် မဟုတ် တုံ လော ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment