🔳 ထို ည ရွာ ဝင်စီးခြင်း
ဤ ဝတ္ထု အခန်း ( ၉ ) တွင် တောတွင်း ဋ္ဌာနချုပ် ၌ ၊ ဗိုလ်ဖုန်းလှိုင် လက်နက်ချခြင်း ၊ မြင့်မြင့် နှင့် လက်ထပ်ခြင်း သတင်းများ ပါ သည့် သတင်းစာများ ကို တောခိုသူများ ဖတ်ရသော နေ့ နှင့် လွန်ခဲ့သော အခန်း က မြင့်မြင့် တို့ မျောက်ဆိပ်ပင် အိမ်ကြီး တွင် လိပ်သား နှင့် ထမင်း စားကြသော ည မှာ တစ်ရက်ထည်း ဖြစ်လေ
သည် ။
ညားခါစ ညီမ နှင့် ယောက်ဖ မောင်နှံ ကို လွတ်လပ်စွာ နေစေ လို ၍ ကိုထွန်းအောင် နှင့် စောထွန်း သည် ထို ည ပင် မော်တော် နှင့် ကသာ သို့ ပြန် ကူးရန် ဖြစ် သော်လည်း ထမင်း မစားမီ စကား ကောင်း ၍ အသောက် များ သွား ကြသဖြင့် မပြန်နိုင်တော့ ဘဲ ထို အိမ်ကြီး မှာ ပင် အိပ်ကြရ လေသည် ။
သေနတ်သံ ၊ ခွေးသံများ ဆူညံစွာ ကြား ၍ သူတို့ နိုးကြရသော အချိန် မှာ သန်းခေါင်ယံ လောက် ဖြစ်သည် ။ လျှပ်စစ်မီး မရှိ မှောင်မဲသော ထို တောရွာကလေး မှာ သောင်းကျန်းသူ တို့ ၏ မီးတုတ် နှင့် လက်နှိပ်ဓာတ်မီးရောင် မှာ ဟိုမှ , ဒီမှ လှုပ်ရှား နေ ကြသည် ။ မြင်းခွါသံများ လည်း ကြား ရသည် ။ ဤ ရွာ သည် ဤသို့ တစ်ကြိမ် မျှ မဖြစ်ဖူးခဲ့သေး ။ ဒါ ပထမ အကြိမ် ဖြစ်၍ ရွာသားများမှာ အလွန့် အလွန် ထိတ်လန့် ကြောက်ရွံ့ကြ ကုန်သည် ။ ခုခံရန် လက်နက် ပြင် သူ ပြင်ကြ ၊ လွတ်မြောက်ရန် ပုန်းသူများ က ပုန်းကြ နှင့် ကိုယ့် အိမ် ထဲ မှာ ကိုယ် အသီးသီး ယောက်ယက်ခတ် နေ ကြသည် ။
သို့သော် ခဏမျှ အကြာ၌ ကိုထွန်းအောင် အိမ် မှ တစ်ပါး အခြား ရွာသားများ အကြောက် ပြေ ကုန်ကြရ၏ ။ အကြောင်း မှာ ...
“ ကိုယ့် မိန်းမ မုဆိုးမ မဖြစ်စေချင်ရင် ၊ မဆိုင်သူ အပြင် မထွက်ကြနဲ့ ”
“ ခင်ဗျားတို့ ရွာ ဓါးပြ တိုက် ရအောင် လာကြတာ မဟုတ် ”
“ သူပုန်ဗိုလ် ဗိုလ်ဖုန်းလှိုင် ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ - ရှင်းရ အောင် လာခဲ့တာ ”
“ အခု ပြော နေတာ ကျုပ် ဗိုလ်ဖုန်းလှိုင် ကိုယ်တိုင် ဘဲ ”
“ ကျုပ် အယောင်ဆောင် လက်နက်ချတယ် လုပ်ပြီး ကျုပ် ရည်းစား လက်ထပ် ယူတဲ့ လူ နဲ့ ၊ သစ္စာဖေါက်မ နဲ့ ၊ ကြံရာပါ တွေ ကို ဖမ်းဘို့ လာခဲ့တာဘဲ”
ဤ အသံများ နှင့် အတူ ကိုထွန်းအောင် တို့ အိမ် ကို လက်နက်ကိုင်များ အစိပ် ၊ သုံးဆယ် မျှ ဝိုင်းမိကြပေပြီ ။
“ အိမ် မီးရှို့ မခံချင် တံခါး ဖွင့် ပေး ”
မြင့်မြင့် သည် တစ်နေ့ နေ့ တွင် ဤသို့ ဖြစ်မည် ကို ကြိုတင် သိ ဟန် တူသည် ။ သူ့ အစ်ကိုများ ၌ ရှိသော ရိုင်ဖယ် တစ်လက် နှင့် ခြောက်လုံးပြူး တစ်လက် ကို သူတို့ လင်မယား ကိုင်ပါရစေ ဟု တောင်း ထား တာ ရှိသည် ။
သို့သော် သော်တာစိန် သည် ထို သေနတ်များ ကို ဆွဲကိုင် လိုက် တော့ ကျည်ဆံ တစ်တောင့် မျှ မရှိ ။
မြင့်မြင့် သည် ဆံပင်ဖါးလျား နှင့် အိပ်ရာ မှ ထကာ မီးအိမ် မီးဇာ ကို မြှင့် လိုက်၍ ၊ သော်တာစိန် သေနပ် ကိုင် နေသည် ကို မြင် လျှင် -
“ အို ... ကိုယ် နိုင်မှာ မှ မဟုတ်တာ ဘာလို့ ခုခံ နေမှာလဲ ”
အိမ်ရှေ့ခန်း အိပ် နေသော စောထွန်း သည် ည က အမူး လွန် ထားသည် ဖြစ်၍ မပြေသေးဘဲ သေနတ်သံ ၊ လူသံများ ကြား သည် ၌ ဝူးဝူး ဝါးဝါး နှင့် ထ ကာ ..
“ ဟေ့ - ဘယ်သူတွေလဲ ကွ ၊ ဘာလဲကွ ၊ မိုက်ရင် ထွက်ခဲ့ ” လုပ်နေ သဖြင့် ၊ မြင့်မြင့် တို့ ထွက် လာ ပြီး သူ့ သတိပေး ရသေးသည် ။ ဤအချိန် ၌ ကိုထွန်းအောင် မည်ကဲ့သို့ ဖြစ်နေချေမည် ကို စာဖတ်သူများ မှန်းဆ ယူ နိုင်ပါသည် ။ မျက်နှာ သွေးဆုတ် နေ၍ မြင့်မြင့် က -
“ အစ်ကိုကြီး ဘာမျှ မကြောက်ပါ နဲ့ ကျွန်မတို့ ဒီကိစ္စ ရှင်းပေးပါမည် ” ဟု အားပေး ရှာသည် ။
အပြင် မှ တစ်ဗျင်းဗျင်း လက်ဝါးပုတ်သံ နှင့် အတူ “ ဟေ့ - တံခါး ဖွင့် ဆို မဖွင့်သေးဘူးလား ၊ ၃ - ခါ ထက် ပို မပြောဘူးနော် - လက်ပစ်ဗုံး နဲ့ တီး လိုက်လို့ အားလုံး သေကုန်ကြမယ် ”
သော်တာစိန် သည် ရဲရင့်စွာ တံခါး ကို သွား ဖွင့်ပေး လိုက်သည် ။
ရှေ့ဆုံး မှ ဝင် လာသူ မှာ ဗိုလ်ဖုန်းလှိုင် ဖြစ်လျက် နောက်ဆုတ် နောက်ဆုတ် နှင့် လာသော သော်တာစိန် မျက်နှာ ကို လက်နှိပ် ဓာတ်မီး နှင့် ထိုး ကြည့်လျက် ..
“ ဟာ ... တကယ်ကို ငါ နဲ့ တူတာကိုးကွ - ခွေးမသား အချောင်သမား လူယုတ်မာ ” ဟု ဆိုပြီး သော်တာစိန် ပါး ကို ဘယ်ပြန် ညာပြန် တီး လေ၏ ။
မြင့်မြင့် သူတို့ နှစ်ယောက် ကြား ပြေးဝင် ကာ ..
“ ဟင် ... နင် သစ္စာဖေါက်မ က ဘာများ ရှင်းအုံးမှာလဲ ” ဆိုပြီး ပိတ် ရိုက် လိုက်ရာ မြင့်မြင့် လဲကျ အသွား ကိုထွန်းအောင် ဝင်ကူမည် အပြု ဗိုလ်ဖုန်းလှိုင် လူများ က ဘမ်းချုပ် ထား လိုက် ကြ၏ ။
မိမိ ပယောဂ ကြောင့် တစ်ရပ်တစ်ကျေး က အပြစ်မဲ့ သော သူ တစ်ယောက် နှင့် ညီမကလေး ဖြစ်အင် သူ့ ရင် တွင် ပသို့ ရှိချေအံ့ နည်း ။
ဤသို့ ရိုက်နှက် နေပြန်တော့ အမူး မပြေတပြေ စောထွန်း မှာ မနေသာ တော့ ဘဲ ။
“ ဟေ့ - ဘလှိုင် မင်း သောက်ရမ်း မလုပ်နဲ့ဦးကွ ”
ဤမှ ဗိုလ်ဖုန်းလှိုင် သူ့ ဘက် လှည့် ကြည့်ကာ ၊
“ ဟေ ... စောထွန်း မင်း လဲ ဒီမှာ ပါလား ... မင်းလဲ ကြံရာပါ ပေါ့ ”
“ ငါ့လခွီး - စစ်စစ်ဆေးဆေး မေးမေးမြန်းမြန်း လုပ်အုန်း ကွ ၊ ငါ့ လဲ အပြစ် ရှိတယ် ဆိုရင် အလကား သက်သက် သ,တ်ပစ်လိုက် တစ်ပြား မှ မပေးနဲ့ဟေ့ ... ဟောဒီမှာ – ဟောဒီမှာ ” ဆိုပြီး ပါးစပ် ဟ ပြ၍ “ ကုတို့ခ တောင် မထည့်လိုက်နဲ့ ကွာ ရှင်းရှင်း ဘဲ ”
ဗိုလ်ဖုန်းလှိုင် မှာ ဟာသဉာဏ် ရွှင်သော သူ့ သူငယ်ချင်း အကြောင်း ပြန်လည် သတိ ရ၍ စိတ် ထဲ ပြုံး မိကာ .. ၊
“ ကဲကွာ .. မင့် ငါ ဘာမှ မလုပ်ပါဘူး ၊ သူတို့ တော့ ခေါ်သွား ရမယ် ”
“ ငါ လဲ လိုက်မယ်ကွ ”
“ ဟ - မင်း က ဘာလုပ် လိုက်ရအုန်းမှာ တုန်း ”
“ ငါ က သူတို့ အတွက် ရှေ့နေ လိုက်ရလိမ့်မယ် ”
“ ဟေ့ - တို့ ခုံရုံး မှာ ရှေ့နေ မရှိဘူးကွ ”
“ ဒါဖြင့် သက်သေ ကွာ ”
ဤ တွင် ဗိုလ်ဖုန်းလှိုင် က မြင့်မြင့် ဘက် လှည့်၍ ၊
“ သူ သက်သေ လို သလား ”
“ လိုပါတယ် ”
စောထွန်း ဘက် လှည့်ပြီး ၊
“ ဒါဖြင့် လိုက် ”
ယင်း၌ စောထွန်း အား ယခင် က ပင် သိကျွမ်း ခဲ့သော တောခိုသူ တစ်ဦး က စောထွန်း ရွှတ်နောက်တတ်သည် ကို သိ၍ ၊
“ သက်သေခ တော့ မရဘူးနော် ”
“ ဟာ - ငါးမူး လောက် များ မရဘူးလား ”
“ ဖနောင့် နဲ့ ၅ - ချက် လောက်တော့ အပေါက် ခံရလိမ့် မယ် ”
“ ဟာ .. ဒီလောက်ဆို တော်ပြီ ၊ အညောင်းအညာ ပြေမယ် - အစာ ကြေမယ် ၊ ရင် ချောင်မယ် ၊ ဆီး ရွှင်မယ် ”
ဤ အခိုက် မြင့်မြင့် သည် သူတို့ သေနတ် နှစ်လက် ကို ဗိုလ်ဖုန်းလှိုင် အား အပ် လိုက်ပြီး ၊
“ ကျွန်မတို့ အေးအေးဆေးဆေး လိုက်ခဲ့ပါ့မယ် ”
ခေါ် သွားမည့် လူများ ၏ မျက်နှာ တို့ ကို အဝတ် စည်း လေ သည် ။ စောထွန်း ကျ တော့ -
“ ဟေ့ - ငါ့ ဘာလို စည်းရမှာလဲ - ငါ တရားခံ မှ မဟုတ်တာဘဲ ၊ သက်သေဘဲ ကွ ”
ဗိုလ်ဖုန်းလှိုင် “ သောက်စကား များ မနေနဲ့ကွာ - တို့ ဌာနချုပ် သွားတဲ့ လမ်း မသိအောင် စည်းတာကွ ”
“ ဟာ - သူငယ်ချင်း ငါ ဘယ်သူ့ မှ မပြောပါဘူး ကွာ ... ဘုရား စူးရ စေရဲ့ ၊ အရက် ငတ်ရစေ ရဲ့ ”
“ အေး .... မင်း ဟို ရောက်ရင် အရက် ငတ် မှာပါဘဲ ”
“ ဟာ ... မင်းတို့ ဆီ မှာ အရက် မ ရှိဘူးလား .. ဟာ - ဒီလိုဆို ငါ မလိုက်ဘူး ” ဟု ရုန်းကန် လေ သဖြင့် ဗိုလ်ဖုန်းလှိုင် က သူ့ သူငယ်ချင်း ကို ချော့ ရလေသည် ။
“ အလကား ပြောတာပါ ၊ ရှိပါတယ်ကွာ - လိုက်ခဲ့ပါ ၊ မျက်နှာ တော့ အစည်း ခံ ဟေ့ - တို့မှာ တာဝန်ဝတ္တရား ရှိလို့ပါ ”
“ ဒါဖြင့် ဖွဖွ စည်း နှော ”
မကြာမီ ၌ အပြေး မောင်း သော နွားလှည်းသံများ နှင့် မြင်းခွာသံများ သည် ရွာ ထဲ ၌ ဆူညံ သွားပြီး နောက် ရွာပြင် ရောက် ကြ ၍ တဖြည်းဖြည်း ပျောက်ကွယ် သွား လေ၏ ။
ည မှောင် သော်လည်း ကြယ်ရောင် က လင်း နေ၍ မျက်လုံး ဖုံး ကွယ် ခဲ့ကြခြင်း ဖြစ်လေသည် ။
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment