Friday, October 14, 2022

လူပျို အပျို ဖတ်စာ ( ၄ )


 

အမှန်တော့ အချစ် စိတ် ဆိုတာ လူတိုင်း နဲ့ သင့်တော်တဲ့ အရာ တစ်ခုပါ ။

အချစ် စိတ် ဟာ လူ ကို နုပျိုစေပါတယ် ။ အသွေးအသား ကို လတ်ဆတ်စေတယ် ။ အတွေးအခေါ် ကို လည်း မြင့်တတ်စေနိုင်ပါတယ် ။ အနည်းဆုံး ခင်ဗျား တို့ ဟာ ကဗျာ တစ်ပုဒ် လောက် ရေး လိုက်ချင်တဲ့ ကဗျာဆရာ လည်း ဖြစ်လာပါလိမ့်မယ် ။

အချစ် စိတ် ဆိုတာ အကောင်းမြင် စိတ် က စတင် ပါတယ် ။ မုန်းတီးနေ သူ ကို တောင် အကောင်းမြင် စိတ်ကလေး တစ်ချက် ဖြစ် သွားရင် ချစ်ခင်လို့ ရ သွားတတ်ပါတယ် ။

ဒါပေမဲ့ အဲဒီ အကောင်းမြင် စိတ် မှာ ကပ် ပါလာတာ တစ်ခု ကို တော့ သတိ မထားမိ တတ်ကြပါဘူး ။

“ သံသယ ”

ပထမ တော့ ကိုယ့် ချစ်သူ ကို အကောင်းမြင် စိတ် နဲ့ ချစ်ခဲ့တယ် ။ အနည်းငယ် ကြာ လာတဲ့အခါ သံသယ စိတ် က ပိုပြီး ဖိစီး လာ တတ်ပါတယ် ။ သံသယ က ‘ သဝန်တိုမှု ' ကို အားပေးအားမြှောက် ပြု လာပါတော့တယ် ။

သဝန်တိုမှု က အရမ်း ကိုအားကောင်း လာ တဲ့ အခါ အကောင်းမြင် စိတ် ကို ဖုံးလွှမ်း သွားပါတော့တယ် ။ ဒီအခါ ခင်ဗျား တို့ ရဲ့ ရင် ထဲ အလိုလို နေရင်း  အမုန်း စိတ် တွေ ပေါက်ဖွား လာခဲ့ပါတယ် ။

ကမ္ဘာ မှာ ဘာသာရေး ကြောင့် ၊ နယ်မြေ ကြောင့် ၊ လူမျိုး ကြောင့်စတဲ့ အကြောင်း ပြချက် အမျိုးမျိုး နဲ့ အမုန်း ပွားပြီး စစ်ပွဲတွေ အမျိုးမျိုး ရှိခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အဲဒီ စစ်ပွဲတွေ ဟာ လူ အချင်းချင်း ချစ်လို့ မုန်းကြတဲ့ အရေအတွက် ကို မမီသေးပါဘူး ။

“ သတိပေးပါရစေ ”

“ အချစ် ကို ယုံကြည်ပါ ”

“ မကိုးကွယ်ပါနဲ့ ”

အချစ် ဆိုတာ နတ်တွေ လို ပါပဲ ။ ကိုးကွယ်ပြီ ဆိုတာ နဲ့ ရိုးရာ က စပြီး ကိုင် တော့တာပါပဲ ။

ယုံကြည်မှု တစ်ခု က သာ ခင်ဗျား တို့ ရဲ့ အချစ်ရေး ကို ခိုင်ခံ့အောင် တည်ဆောက် ပေးနိုင်မှာ ဖြစ်ပါတယ် ။

အချစ်ရေး တစ်ခု ရေရှည်တည်ဆောက်မယ် ဆို ‘ သံသယ ’ နဲ့ မဖြစ်နိုင်ပါဘူး ။

“ ယုံကြည်မှု ရှိပါစေ ”

“ အများကြီး ချစ်ပါ ”

“ သံသယ နည်းပါစေ ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment