Saturday, October 15, 2022

လူပျို အပျို ဖတ်စာ ( ၅ )


 

“ သံသရာ မှာ သံသယ နဲ့ မဖြတ်သန်းချင်တဲ့ အခါ ချစ်တယ် လို့ မပြောလိုက်မိဘူး ”

သံသယ စိတ် ဆိုတာ အဆိုးမြင်ဝါဒီ လည်း ဖြစ် နိုင်တယ် ။ အစ က အကောင်းမြင် စိတ် နဲ့ ကြည့်ပြီး ချစ်တယ် ။ ကြာလာတဲ့ အခါ သံသယ စိတ် ကြောင့် အဆိုးမြင်ဝါဒီ ဖြစ် ပြီး မုန်း လာကြတယ် ။

မုန်း လည်း မုန်း ချင် နေပြီ ။ ချစ်ခင် စိတ် နဲ့ လည်း မပြတ်နိုင်တဲ့ အခါ ကိုယ့် ချစ်သူ လူ စစ်စစ် ကို “ ကြက်သွန်နီ ” တောင် ထင်ချင် လာတယ် ။

“ နင် နဲ့ ငါ တွေ့ တိုင်း မျက်ရည် ကျ နေရအောင် နင် က လူလား ၊ ကြက်သွန်နီလား ”

အမှန်တော့ ဟို က လူ ပဲ ။ ကိုယ်တိုင် ကို က ကြက်သွန်နီ စိုက်ခင်း စိုက် လိုက်တာပါ ။ ဒါတော့ အားလုံး ဟာ တစ်ခု ခု ကြောင့် အဆင် မပြေ ဘဲ စိတ် ကောက် ရာ က စ ပါတယ် ။ ပြီးတော့ သဝန် တို လာ ပါ တော့တယ် ။

ပြောပါရစေ ။ စိတ်ကောက် တာ နဲ့ သဝန် တို တာ မတူပါဘူး ။ စိတ်ကောက် တာ က စိတ် ကို ပြန် ပြေစေ နိုင်ပါသေးတယ် ။ သဝန်တို တာ က တော်ရုံ နဲ့ မပျောက် နိုင်ပါဘူး ။

မိန်းကလေးတွေ ရဲ့ စိတ် ဟာ သူတို့ ရဲ့ ဆံပင်တွေ လို ပါပဲ ။ ကောက် ချင် ကောက် ၊ ဖြောင့် ချင် တဲ့ အချိန် မှ ဖြောင့် ၊ အမျိုးမျိုး ဖြစ် နိုင်ပါတယ် ။ စိတ် ကောက်ခြင်း ဟာ မိန်းကလေးတွေ ရဲ့ မွေးရာ ပါ ဗီဇ လို့ တောင် ပြော လို့ ရ နိုင်ပါတယ် ။

ယောက်ျားတွေ က တော့ ဒီလို မဟုတ်ပါဘူး ။ ယောက်ျားလေး ဖြစ်ပြီး စိတ် ကောက်တာ အင်မတန် ရှားပါတယ် ။ အဲ .... ကိုယ့် ချစ်သူ နဲ့ ပတ်သက်ရင်တော့ သဝန်တို စိတ် တော့ ရှိ တတ် ကြပါတယ် ။ ဒါပေမဲ့ ယောက်ျားလေးတွေ ရဲ့ သဝန်တို စိတ် က မိန်းကလေးတွေ ကို မမီပါဘူး ။

“ မိန်းမတွေ သဝန် တို တဲ့ အခါ ယောက်ျားတွေ စိတ် တို လာ တတ် ကြပါတယ် ”

ဒီမှာ သတိ ထား ကြပါ ။

စိတ် ဆိုး ပြီး မုန်း တာ နဲ့ သဝန် တို ပြီး မုန်း တာ မ တူညီပါဘူး ။

စိတ် ဆိုးပြီး မုန်း သွား တာ ဘာမှ မဖြစ်နိုင်ပေမဲ့ သဝန် တို ပြီး မုန်း သွားရင် ပိုပြီး အန္တရာယ် ရှိ လာ နိုင်ပါတယ် ။

သဝန် တို ပြီး မုန်း တဲ့ အခါ ယောက်ျား ဖြစ်ဖြစ် ၊ မိန်းမ ဖြစ်ဖြစ် အသက် အန္တရာယ် အထိ ဖြစ် လာ တာမျိုး တွေ ရှိ နိုင်ပါတယ် ။

ဒါကြောင့်လည်း ချစ်ခင် နေပါလျက် နဲ့ သဝန်တို စိတ် နဲ့ အန္တရာယ် ပေး မိ တာ မျိုး ဖြစ် နိုင်ပါတယ် ။ သဝန်တို စိတ် ဆိုတာ လူမှုရေး ပြဿနာ တစ်ခုပါပဲ ။

ကိုယ် ချစ်တဲ့ သူ က တခြား တစ်ယောက် ကို ပြန် ချစ် သွားတဲ့ အခါ ကိုယ် ချစ်တဲ့ သူ က တခြား တစ်ယောက် ကို စိတ်ဝင်စား နေတဲ့ အခါ ၊ ယုတ်စွ အဆုံး ကိုယ် ချစ်တဲ့ သူ က ခွေးကလေး ၊ ကြောင်ကလေးတွေ ကို ပို ဂရုစိုက် နေတဲ့ အခါ သဝန်တို စိတ် က သူ့ အလိုလို ဖြစ် လာတတ်ပါ တယ် ။

သဝန်တို တဲ့ သူ က မိန်းကလေး ပဲ ဆိုပြီး အထင် မသေးမိပါစေနဲ့ ၊ သူ ဘာ လုပ်နိုင်မှာလဲ ဆိုပြီး တွေး မ နေပါနဲ့ ။ အဲဒီ အချိန်မျိုး မှာ သူ က ခင်ဗျား ကို ...

“ ပန်းလေး နဲ့ ပဲ ပေါက်ပါ့မယ် ”

ဆိုရင်တောင် အဲဒီ သူ ခင်ဗျား ကို ပေါက်မယ့် ပန်း မှာ ပန်းအိုး ပါ ပါမှာ သေချာပါတယ် ။

ဒါကြောင့် သဝန်တို စိတ် နဲ့ ကိုယ် ချစ် တဲ့ သူ ကို ကတ်ကြေး နဲ့ ထိုး ၊ ဓား နဲ့ ထိုး စသည် ကျူးလွန်မှု တွေ ရှိ လာပါတယ် ။ အကယ်၍များ ခင်ဗျား တို့ က အဲဒီလို မှ အထိုး မခံချင်ရင် ...

“ အပျိုကြီး ၊ လူပျိုကြီး လုပ်ပါ ”

“ ဓား တို့ ကတ်ကြေး တို့ နဲ့ ထိုး ဖို့ မပြောနဲ့ ၊ ကလိ တောင် ထိုးမယ့် သူ မရှိပါဘူး ”

အကြံပေးပါရစေ ။

“ ခွင့်လွှတ် နိုင်သလား ”

“ ခွင့်လွှတ် နိုင်ရင် မစွန့်လွှတ်ပါနဲ့”

“ ခွင့် မလွှတ် နိုင်ရင် စွန့်လွှတ် လိုက်ပါ ”

“ တကယ် ချစ်မိနေပြီ သေချာရင် မျှော်လင့်ချက် နည်းပါစေ ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment