ယောက်ျားတွေ က လည်း တစ်မျိုး ။
ချစ်သူ ဆီ က အဖြေ ရ ဖို့ ဆိုရင် ကောင်းကင် ပေါ် က ဓူဝံကြယ် တောင် ဒူး နဲ့ တက် တိုက်မယ် တကဲကဲ ။
အမှန် လူ က ချည့် နေတာ ။
ရှိစု မဲ့စု လက်မောင်းပိန် ကို ညှစ် ပြပြီး ၊ မြန်မာ ရုပ်ရှင် ထဲ က လူကြမ်း အိုက်တင် နဲ့
“ ကိုကြီး ကို အားကိုး လိုက်စမ်းဘာ ဟင်း ဟင်း ”
တစ်ခါသား မြို့လယ် မှာ ကြုံရဲ့ ။
တစ်ယောက် က ချိုင်းထောက် ။ တစ်ယောက် က ငချိ ။
နှစ်ယောက်သား တစ်ယောက် ကို တစ်ယောက် အမှီသဟဲ ပြုပြီး လမ်းဖြတ် ကူးတာ ။ အံမယ် မိုး မ မြင် လေ မ မြင် ပဲ ။ ကောင်းကင် ကို လက်ညှိုး တ ထိုးထိုး နဲ့ ။
သူတို့ လမ်းလယ်ကောင် ရောက် မှ တက္ကစီ တစ်စီး က အရှိန် နဲ့ ဖြတ် ဝင်လာတာ ။ သူတို့ တည့်တည့် ကြီး ။
“ ဟာ သွားပြီ ”
ကြည့်နေစဉ် အချိန် အတွင်း မှာ ပဲ “ဖလွတ် ” ဆို ငချည့် ၊ ချိုင်းထောက် ကို ထားပြီး ပလက်ဖောင်း ပေါ် တက် ပြေးတာ ။
“ ဟာ ဒါတော့ မြန်သဟ ”
ငချည့် ။ လူ က သာ ချည့် တာ ။ အပြေးတော့ သန်သား ။
လမ်းလယ်ကောင် မှာ ချိုင်းထောက် တစ်ယောက် တည်း ကျန်ခဲ့တာ ။
“ ကျွီ ”
“ အမယ်လေး ကိုကို ကယ်ပါဦး ”
အံမယ် ၊ ဒုက္ခ ကြုံလို့ ‘ တ ’ တာ တောင် ဘုရား မ တ ဘူး ။
“ ကိုကို ကယ်ပါဦး ” တဲ့ ။
သူ့ ကိုကို ငချည့် က သူ့ ကို ထားပြီး ထွက် ပြေး တာ ။ ပလက်ဖောင်း မှာ ရေတောင် သောက် နေပြီ ။
ကား က ဘရိတ်အုပ် မြန် လို့ပေါ့ ။ ကားသမား သာ မမြန်ရင် ချိုင်းထောက် ကျိုးပြီ ။
ဒါကိုတောင် ငချည့် က မာန် မလျှော့ဘူး ။ လက်မောင်းပိန် ပေါ် က အင်္ကျီ ကို လိပ်တင်ပြီး ...
“ ဟေ့ လူ ကား ကို ဘယ်လို မောင်းတာလဲ ဗျ ၊ လူ ဖြတ် နေတာ မမြင်ဘူးလား ၊ တယ်လေ ငါ လုပ် လိုက်ရ ”
ဆိုပြီး သွား နေလို့ ဒရိုင်ဘာ မူလီ ကြပ် တဲ့ ဂွ ကြီး ဆွဲ ဆင်းလာပြီး ..
“ ဟင် ဘာ စကား ပြောတာလဲကွ ၊ မျဉ်းဝါကြား မ ဖြတ်ဘဲ မဖြတ်ရမယ့် နေရာ က ဖြတ်တာ သေချင် လို့လား ၊ လာလေ ”
တက္ကစီဒရိုင်ဘာ ကို သံဂွကြီး နဲ့ မြင် တော့ ငချည့် ကြောက်ကြောက်လန့်လန့် နဲ့ ပလက်ဖောင်း ပေါ် ပြန် ပြေး တက်သွားပြီး
“ ဟေ့လူ ခင်ဗျား စကား ပြော ရင် ကောင်းကောင်း ပြော ၊ လက် မပါနဲ့ ”
ကားသမား က ဆဲဆိုပြီး ထွက် သွားမှ လေ ထဲ ကို ခြေ တစ်ချက် လွှဲ ကန်ပြီး
“ တောက် ကိုယ့် အသက် နဲ့ မက ချစ်ရတဲ့ ချစ်သူ လေး ပါ နေလို့ပေါ့ ကွာ ၊ နောက်မို့ဆို သေသွား မယ် ၊ လာ ချစ်လေး ”
ဆိုပြီး ချိုင်းထောက် လက် ကို ငချည့် ဆွဲ ပြီး ထွက် သွားလေရဲ့ ။ ချိုင်းထောက် က လည်း အမှတ် မရှိ ဘူး ။
“ ကြောက်ဖုတ် ကောင်းလိုက်တာ ကိုကို ရယ် ( စကား မပီတော့တာ ) ရင် တွေ တောင် တုန်တယ် ”
ဒါကို ငချည့် က မာန် မလျှော့ဘူး ။
“ ကိုယ့် ချစ်သူလေး ပါ လာလို့ပေါ့ ကွာ ၊ ကိုယ် ဖြဲ ရင် ပြဲ တယ် ဆိုတာ ချစ် သိတယ်နော် ”
ဒါကို ချိုင်းထောက် က လည်း
“ သိတာပေါ့ ကို ရယ် ၊ ကို ဖြဲ ရင် ပြဲ နေကျပဲ ၊ ကြောက်ဖုတ်ကောင်း လတ်တာ ”
ဆိုပြီး ထုံးစံ အတိုင်း ချိုင်းထောက် သဖွယ် ငချည့် ချိုင်း အောက် တိုး ဝင်ပြီး လိုက် သွားတော့တာ ။
အမှန်ဆို စဉ်းစား ကြည့် ။
“ ကိုယ် အသက် မ က ချစ်ရတဲ့ ချစ်သူလေး ”
တဲ့ ။ တကယ် အရေးကြုံ တော့ ကိုယ့် အသက် သာ တန်ဖိုး ထားပြီး ထွက်ပြေး သွား တာ ဘယ်သူတုံး ။ ကဲ ... ဒီလောက် အားကိုးချင်စရာ မကောင်းတဲ့ ငချည့် ။ အန္တရာယ် နဲ့ ကြုံ လာတဲ့ အခါ ကိုယ့် ကို ချန် ထားပြီး ထွက်ပြေး သွား တဲ့ ငချည့် ။ ကိုယ့် အမှား ကို ဝန် မခံဘဲ တစ်ပါးသူ ကို သံကောင်းဟစ် ရန်ရှာ တဲ့ ငချည့် ။ လူ က လည်း ငချည့် ။
ကောင်းကွက် ဆိုတာ တစ်ကွက် မှ မရှိဘူး ။ ဒါကို ဘာကိစ္စ အားကိုး နေဦးမှာလဲ ။
လောက မှာ ဘာ တစ်ခု မှ မကောင်း ဘဲ အပြော ကောင်း လို့ ယုံကြည် ခံ နေရ သူ တွေ အများကြီး ။ ဒီလို လူတွေ အများကြီး ပါ ။
လမ်း ဖြတ်ကူးချိန်လေး တစ်ခု မှာ တောင် အား မ ကိုး ရ ရင် ဘဝကြီး တစ်ခုလုံး ဖြတ်ကူး ဖို့ အတွက် ဘာ ယုံကြည်စရာများ ရှိလဲ ။
ယောက်ျား ဆိုတာ လဲ ကိုယ် ချစ်တဲ့ သူ ကို အကာအကွယ် ပေး ရမှာလေ ။ ထွက်ပြေး ရ မှာ မဟုတ်ဘူး ။
ဒါပေမဲ့ လည်း ပေါ့ ။
တချို့ယောက်ျား တွေ က ကြောင် နဲ့ တူတယ် ။
“ အိမ် သာ ရင် ကြောင် နေပါတယ် ”
“ အိမ် မသာယာ ရင် အဲဒီ ကြောင် က ထွက်ပြေး သွားပါလေရော ”
ဒါကြောင့် သတိပေးပါရစေ ...
“ ရည်းစား ထား တာ ကြောင် မမွေးမိပါစေနဲ့ ”
◾အကြည်တော်
#လူပျိုအပျိုဖတ်စာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment