အခန်း ( ၁၅ )
၁၃ . ၈ . ၂ဝဝ၄
အဲသည် နေ့ သည် ( ၁၃ ) ရက်နေ့ ကျသည် သာ မက သောကြာနေ့ လည်း ဖြစ်လေသည် ။
••••• ••••• ••••• •••••
ရတနာပုံဦးစောဝင်း ၏ အင်စတော်လေးရှင်း အနုပညာ ( Installation Art ) ပြပွဲ ကို ၃၂ လမ်း
အပေါ် ဘလောက် ရှိ အဇဋာ ပန်းချီပြခန်း တွင် ကျင်းပသည် ။
ကြွရောက်လာသော ပရိသတ် ကတော့ ဦးစောဝင်း ကို သိပ်အမြင် မကတ်သူများ ( လောလောဆယ် အချိန် အထိ
အမြင် မကတ်သေး သူ များ ) ၊ ဂျာနယ် အတော်များများ မှ သတင်းထောက်များ ၊ မလွှဲမရှောင်သာ သဖြင့် စိတ် မပါဘဲ
လာ ကြသူများ ၊ ထမင်းဆီဆမ်း ဆတ်သားခြောက်မီးဖုတ် ဖြင့် ဧည့်ခံပါမည် ဟု သတင်း ကြားသောကြောင့် စိတ်ပါ
လက်ပါ လာ ကြသူများ ၊ Installation Art ( တပ်ဆင်ခြင်းအနုပညာ ) ဆိုသည် ကို ဘာမှန်း မသိသေး သောကြောင့်
အထူးအဆန်း တွေ့ရ မြင်ရ မည် ထင်ပြီး လာရောက် စပ်စုကြသူများသာ ဖြစ်၏ ။
ပြခန်း ထဲ သို့ ဝင်ဝင်ချင်း တံခါးပေါက် ဝ တွင် တွေ့ လိုက်ရသည် က တော့ အုန်းလက်ကြီး နှစ်လက် ကို ဟိုဘက်
ဒီဘက် ကိုင်းပြီး ဖဲကြိုး ဖြင့်ချည် ထားခြင်း ဖြစ်သည် ။ ထိုလက်ရာ ကို ' ဇနီးမောင်နှံ ' ဟု အမည် ပေးထား၏ ။
လူ တွေ ကတော့ အုန်းလက်ကြီး နှစ်လက် ကို ပေစောင်း ပေစောင်းဖြင့် ကြည့် ကြ၏ ။ ဘာဖြစ်လို့ ဒါကြီး ကို
' ဇနီးမောင်နှံ ' ဟု အမည် ပေး ထားမှန်းလည်း သဘော မပေါက်ကြ ။ ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင် ဆိုသူ ကတော့
တစိမ့်စိမ့် ကြည့်ကာ နက်နက်နဲနဲ စဉ်းစားရင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီး ...
“ ဟုတ်ပြီ ... ဟုတ်ပြီ ... ကျုပ်သဘောပေါက်ပြီ ၊ ဒါ ပုဇွန်တောင် မှာ နေတဲ့ ကျုပ်မိတ်ဆွေ ကိုအုန်း နဲ့
မအုန်းရွှေ တို့ လင်မယား ကို သရုပ်ဖော် ထားတာပဲ ၊ ဟုတ်တယ် မဟုတ်လား ကိုစောဝင်း ...”
ဦးမြတ်ခိုင် ၏ အမေး စကားအဆုံး တွင် ရတနာပုံစောဝင်း ၏ မျက်နှာ သည် မိုး မိထားသော သားရေဖိနပ် လို
နွမ်းရော်ညှိုးချုံးကျ သွား၏ ။ ဘာမှ ပြန် မဖြေနိုင်ရှာ ။ ဒီနေ့အဖို့ သူ့ ဦးလေး ဦးစောဝင်း တော်တော် ကံ ဆိုးနေသည် ဟု
စိုးရှား ပြုံးစိစိ လုပ်ရင်း တွေးနေမိသည် ။
တကယ်တော့ ပွဲ မစခင် ကတည်း က Installation လက်ရာ တစ်ခု က ပျက်စီးသွားလုနီးနီး ဖြစ် ခဲ့ရပြီးပြီ ။
ဦးစောဝင်း ပြသမည့် လက်ရာများ ထဲ တွင် ' ဧရာဝတီ အတွက် ရင်ကွဲနာ ကျသူများ ' ဟူသည့် အမည် ဖြင့် တပ်ဆင်မှု
တစ်ခု လည်း ပါသည် ။
ထို လက်ရာ ကား အခြားမဟုတ် ။ သုံးထပ်သားပြား တစ်ချပ် ပေါ် တွင် ငါးရဲ့ခြောက်ပြားများ ကို သံဖြင့် ရိုက်ကာ
ချိတ်ဆွဲ ပြသထားခြင်း ဖြစ်သည် ။
မနေ့ ည က ဦးစောဝင်းကိုယ်တိုင် ငါးရဲ့ခြောက် အချပ် ( ၃ဝ ) ကို သံ ဖြင့် အသေအချာ ရိုက် သွားခဲ့သည် ။
ဒီနေ့ ပြပွဲ စ ခါနီး တွင် ကြည့် လိုက်တော့ ငါးရံ့ခြောက် တစ်ကောင် လိုနေ၏ ။ ( ၂၉ ) ခု သာ ရှိတော့သည် ။
အဲသည်မှာ တင် ရတနာပုံစောဝင်း ၏ အနုပညာ မာန ၊ အနုပညာ ဒေါသ တို့ သည် ရွာ မှ ဘုန်းကြီးပျံ လောင်တိုက်
သွင်း သလို ဝုန်းခနဲ ဒိုင်းခနဲ ပေါက်ကွဲ လေတော့သည် ။
“ ဒါ ... ဒါ ... ဘယ်ကောင် လုပ်သွားတာလဲ ၊ တောက် ... စော်ကား လိုက်တာကွာ ၊ ဒါ ... ငါ့ အနုပညာ ကို
ဖျက်ဆီး တာ ၊ ငါ့ ရဲ့ အင်စတော်လေးရှင်း အနုပညာပြပွဲကြီး အောင်မြင်မှာ ကို မနာလို မရှုစိမ့်တဲ့ ကောင်တွေ က
ငါးရံ့ခြောက် တစ်ပြား ကို ခိုး ဖြုတ်ပြီး မီးဖုတ် စားလိုက်တာပဲ ဖြစ် ရမယ် ၊ ထွီ ... ရိုင်း လိုက်ကြတာကွာ ...”
“ ဟုတ်ပါ့မလား ဦးလေး ရယ် ... မနေ့ ည က ကျွန်တော် တို့ ပဲ သေသေချာချာ သော့ ခတ်ပြီး ထွက် လာကြတဲ့
ဥစ္စာ ၊ ဘယ်သူ မှ မဝင်နိုင်ပါဘူး ၊ ကြောင်တွေ ဘာတွေ ဝင်ပြီး စား သွားတာပဲ ဖြစ်မှာပါ ...”
စိုးရှား က ဖျောင်းဖျောင်းဖျဖျ ပြော သော်လည်း ဦးစောဝင်း က လုံးဝ လက်မခံ ။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ သိတယ် ၊ ဒါ ... ဟိုကောင် တွေ လုပ်တာ ၊ ငါ့ ရဲ့ ဆန်းသစ်တီထွင်တဲ့
အနုပညာ အောင်မြင်မှု ကို မနာလို လို့ တမင် အကျင့်ယုတ်ပြီး Installation လုပ်ထားတဲ့ ငါးခြောက်ဖုတ် ကို အရက် နဲ့
မြည်း ပစ်ကြတယ် ၊ ခွေးမသားတွေ ...”
“ ဟာဗျာ ... ဦးလေး က လည်း ပူညံပူညံ လုပ် မနေပါနဲ့တော့ ၊ ပြပွဲ မစခင် နောက်ထပ် ငါးရံ့ခြောက် တစ်ပြား
ပြေး ဝယ်ပြီး ချိတ် ထားလိုက်ပေါ့ ... အဲဒါဆို ပြီးရော မဟုတ်လား ...”
“ မဖြစ်ဘူးကွ ... မဖြစ်ဘူး ... အနုပညာ ဆိုတာ တစ်ခါ ပဲ လုပ်လို့ ရတယ် ... နောက်တစ်ခါ ထပ် လုပ်ရင်
မူရင်း အစစ် မဟုတ်တော့ဘူး ၊ ဒါတွေ မင်း နားမလည်ပါဘူး စိုးရှား ရာ ...”
နားမလည်ဘူး ပဲ ပြောပြော ဘာပဲ ပြောပြော လောလောဆယ်မှာ နားညည်း နေသည့် ဒုက္ခ ကိုတော့ စိုးရှား
သည်း မခံနိုင်ပါ ။
သည်တော့ သူ့ ဘာသာ သူ ပင် ဈေး သို့ အမြန် ပြေးကာ ငါးရံ့ခြောက် တစ်ချပ် ရှာ ဝယ်လာပြီး လွတ်သွားသည့်
နေရာ တွင် သံ ဖြင့် ပြန် ရိုက်ကာ ချိတ်ပေး လိုက်ရ၏ ။ ပြပွဲ စတင်မည့်အချိန် ကို မီရုံ သာ ရှိသည် ။
ဖိတ်စာတွေ အတော်များများ ဝေ ထားသဖြင့် ရောက်လာသည့် ဧည့်သည်များ မှာ တဖွဲဖွဲနှင့် ပြခန်း တစ်ခု လုံး
ပြည့် သွား၏ ။
“ ဟာ ... ဒါက ဘာကြီးလဲဟ ...”
အူတူတူ နိုင်ပုံ ရသော ပြပွဲ လာကြည့် သူ တစ်ယောက် က နံရံပေါ်တွင် ချိတ်ဆွဲထားသော ဦးစောဝင်း ၏ လက်ရာ
ကို ကြည့်ပြီး လွှတ်ခနဲ တအံ့တဩရေရွတ် လိုက်၏ ။
ထို လက်ရာ မှာ အခြား မဟုတ် ။ စက္ကူစုတ်များ ၊ ဇွန်းခက်ရင်းများ ၊ ဖိနပ်စုတ် တစ်ရံ ၊ နို့ဆီဗူးခွံဟောင်း
သုံးလေးလုံး နှင့် ဆေးလိပ် အတိုအစများ ကို ရောမွှေကာ ဟို နား မှာ ကပ် ဒီ နား မှာ ကပ် လုပ် ထားခြင်းသာ ဖြစ်၏ ။
ပြီးတော့ ပန်းချီ ဆွဲ သည့် Acryllic ဆေးရောင်စုံများ ကို လည်း ဗရပွ ပေကျံ နေအောင် ပက်ထားသည် ။
ဦးစောဝင်း က သူ့ လက်ရာ ကို ငေးမောကာ တအံ့တဩ ဖြစ်နေသော သူ အား ကြည့်ရင်း တစိမ့်စိမ့်
အရသာ ခံ ကာ ပီတိ ဖြစ်နေ၏ ။ ထိုနောက် ထိုသူ ၏ ပခုံး ကို ပုတ် လိုက်ပြီး ဦးစောဝင်း က ...
“ ဒီမယ် ကိုယ့်လူ ... ဒါ ဘာကြီးလဲ ဆိုပြီး ရင်သပ်ရှုမော ဖြစ်မနေနဲ့ ... အင်စတော်လေးရှင်း ဆိုတာ ဒါပဲ
... ဒါ ... အနုပညာ ဗျ ... ဟား ... ဟား ... အနုပညာ မမြောက်တဲ့ ပစ္စည်းတွေ ကို ဟို တစ်ခု ဒီ တစ်ခု ပေါင်းစပ်ပြီး
အနုပညာ မြောက်အောင် လုပ်တာ အင်စတော်လေးရှင်း ( Installation ) လို့ ခေါ်တယ် ... မှတ်ထား ... ကိုယ့်လူ
...”
ဦးစောဝင်း ၏ ဂုဏ်ယူဝင့်ကြွားသော ပြော စကား ကြောင့် ထိုအူကြောင်ကြောင် လူ မှာ ပါးစပ်အဟောင်းသား
ဖြင့် ကြည်ညိုလေးစားစွာ နားထောင် ရင်း ...
“ ဪ ... ဟုတ်ပြီ ... ရှင်းသွားပြီဗျာ ၊ ဟိုတစ်ခု ဒီတစ်ခု ပေါင်းစပ်တာ Installation ဆိုရင် ကျုပ် တို့
အိမ် နား က ကွမ်းယာ ရောင်းတဲ့ ကုလားမာမွတ်ဟာ တကယ့် အင်စတော်လေးရှင်း ... ပညာရှင်ကြီး ပဲ ... တောက် ...
သူ့ ကို ကျုပ် မလေးမစား ဆက်ဆံခဲ့မိတာ သိပ်မှားတယ်ဗျာ ၊ ဒီက ပြန်သွား မှ တောင်းပန် ရဦးမယ် ...”
ထို စကား ကြောင့် ဦးစောဝင်းကား သူ့ ခေါင်း ပေါ် မှ ဆံပင်များ ကို သူ့ ဘာသာ သူ ဆွဲဆွဲဆောင့် မိတော့သည် ။
ပြခန်း ၏ အဝင်ပေါက် နှင့် တည့်တည့် ရှိ နံရံ ပေါ် တွင် ကား ပန်းချီကားချပ် လို ကင်းဗတ်ပိတ်စ ကို သစ်သား
ဘောင် ကွပ် ထားသော လက်ရာ တစ်ခုရှိသည် ။
ထို ပန်းချီကား ပိတ်စ ပေါ် တွင် ငါးမူးလုံး အရွယ်အစား ခန့် ရှိမည့် ကြိုး တစ်ချောင်း ကို စူပါဂလူးကော် ဖြင့် ကပ်
ထား၏ ။ ထို ကြိုး ၏ အလယ်ခေါင် တည့်တည့် ကိုတော့ ဓား ဖြင့် လှီး ထား သလား ၊ လွှ ဖြင့် တိုက် ထား သလား မသိ ၊
ပြတ်လုတည်းတည်း အနေအထား တွင် အစအနများ ဖွာလန်ကျဲ ထားပြီး ကြိုးမျှင်သေးသေးလေး တစ်ချောင်းသာ ချန်
ထားသည် ။
ထို ပန်းချီကား ကို ' သံယောဇဉ် ' ဟု အမည် ပေးထား၏ ။
အဲဒီ လက်ရာ ကို မျက်တောင် မခတ် စူးစိုက် ကြည့်ကာ ခံစားနေသည့် ထိပ်ပြောင်ပြောင် လူ တစ်ယောက် က
အလွန် နှစ်ခြိုက် သဘောကျဟန် ဖြင့် ...
“ ကျွန်တော် ဒီ ဟာ ကို အရမ်း သဘော ကျ တယ်ဗျာ ၊ ကျွန်တော် ဝယ်ချင်တယ် ... ဘယ်လောက်လဲ ...”
ရတနာပုံဦးစောဝင်း က မာန်တက် နေသည့် အသံ ဖြင့် ခပ်တင်းတင်း ပင် ပြန်ဖြေသည် ။
“ တစ်သိန်း ...”
ခေါ်ဈေး ကြောင့် ထိပ်ပြောင်ပြောင် နှင့် လူကြီး မှာ ကွက်ခနဲ မျက်နှာ ပျက်သွား၏ ။ ထိုနောက် သူ့ သားရေ
ပိုက်ဆံအိတ် ကို ယောင်ယမ်းကာ လက် ဖြင့် စမ်း လိုက်ရင်း တောင်းပန်တိုးလျှိုးသော လေသံဖြင့် ...
“ ဒုက္ခပါပဲ ဗျာ ... ကျွန်တော့် မှာပါတဲ့ ပိုက်ဆံ က လည်း ခြောက်သောင်း တောင် ပြည့် ပါ့မလား မသိဘူး ၊
ဈေး လျော့ လို့ ရရင် လျှော့ ပေးပါဗျာ ...”
ထိုစကား ကို ကြား ရသောအခါ ဦးစောဝင်း က နှုတ်ခမ်း တစ်ဖက် ကို မဲ့ရွဲ့ပြီး ခေါင်း ကို သုံးလေးကြိမ် ခါယမ်း
ပစ် လိုက်သည် ။ ထိုနောက် ...
“ ဒီမှာ ကိုယ့်လူ ... ဒါ ဟင်းသီးဟင်းရွက် ရောင်းနေတာ မဟုတ်ဘူး ဗျ ... ခင်ဗျား အနုပညာတန်ဖိုး ကို
နား မလည်ဘူးလား ၊ ဈေး လာ မဆစ် နဲ့ လုံးဝ မလျှော့နိုင်ဘူး ...”
ဦးစောဝင်း ၏ တင်းမာသောစကားကြောင့် ထိပ်ပြောင်ပြောင် နှင့် လူ မှာ ဝမ်းနည်းပက်လက် ဖြစ်ကာ ငိုင်တွေ
သွားသည် ။ ထိုစဉ် သူ့ ဇနီးဖြစ်ဟန် တူသော မိန်းမဝဝကြီးတစ်ယောက် ဗြုန်းခနဲ အနီး သို့ ရောက်လာကာ ထို သူ့
ကျောပြင် ကို “ ဖုန်း ” ခနဲ မြည်အောင် ရိုက်လိုက်ရင်း ...
“ ဒါကို ပိုက်ဆံ ပေး ဝယ်ရအောင် ရှင် ရူးများ ရူးနေသလား ... ကြိုး ကို ဓား နဲ့ လှီးထားတာများ ကျုပ် တောင်
လုပ် တတ်သေးတယ် ၊ ရှင် ဒါမျိုး လိုချင်တယ် ဆိုရင် စောစောက ပြော ရောပေါ့ ... လာစမ်းပါ ... အိမ် ကျရင် ကျုပ်
လုပ် ပေးမယ် ... လာ သွားရအောင် ...”
ပြောပြောဆိုဆို ဖြင့် ထို မိန်းမကြီး က သူ့ ယောက်ျား ကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည် ။ ဦးစောဝင်း က
ပျာပျာသလဲ ဖြင့် ...
“ ဟာ ... ဟေ့လူ နေပါဦးဗျ ... ခင်ဗျား လိုချင်တယ် ဆိုရင် ဈေး လျှော့ပေးပါ့မယ် ၊ ငါးသောင်း ... ငါးသောင်း
နဲ့ ပဲ ယူဗျာ ...”
အတင်း ဆွဲ ခေါ်သော်လည်း မရတော့ ။ ထိပ်ပြောင်ပြောင် နှင့် လူ က သူ့ မိန်းမ ဆွဲခေါ်ရာ နောက် သို့ ရို့ရို့
ကုပ်ကုပ်ကလေး လိုက်ပါသွားရင်း အသံတိမ်တိမ် ဖြင့် ...
“ နေပါစေတော့ ဗျာ ... ကျုပ် မိန်းမ က သူ လုပ်ပေးမယ်တဲ့ ...”
ဟု ပြန်ဖြေရင်း လှည့် မကြည့်တော့ဘဲ တစ်ချိုးတည်း လစ်သွား လေတော့သည် ။
ဦးစောဝင်း ကတော့ ခေါင်းကုတ်ရင်း သက်ပျင်းရှည်ကြီး ချကာ ကျန်ရစ်ခဲ့တော့၏ ။ ထိုအချိန်တွင် သူ့ GSM
ဖုန်း မှ ခေါ်သံ မြည် လာ၏ ။
“ ဟူး ... စိတ်မောရတဲ့ အထဲ ဘယ်သူ ဆက်တဲ့ ဖုန်း ပါလိမ့် ...”
ဟု တွေးရင်း ခါးပတ် တွင် ချိတ်ထားသော အိတ် ထဲ မှ ဖုန်း ကိုထုတ်ပြီး ကြည့် လိုက်သည် ။
ကဗျာဆရာ တေးရေးမြင့်မိုးအောင် ထံ မှ ဖုန်း ဖြစ်နေသည် ။
ဒီတော့မှ ဦးစောဝင်း က ပျာပျာသလဲ ဖုန်း ကို ကိုင်ရင်း ...
“ ဟဲလို ... ကိုမြင့်မိုး လား ... ဆိုပါဦး ... ဘာကိစ္စတုန်း ဗျ ...”
တစ်ဖက်မှ ဘာ လှမ်းပြောလိုက်သည် မသိ ။ ဦးစောဝင်း တစ်ကိုယ်လုံး တောင့်တင်းပြီး ကျောက်ရုပ် လို
အသက် ကင်းမဲ့ သွားသည် ။ မျက်လုံးတွေ သေသွား၏ ။ မျက်နှာ က လည်း သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ် သွားလေတော့သည် ။
တစ်ဖက်မှ ကိုမြင့်မိုးအောင် ပြောနေသမျှကို အသက် ရှူ ဖို့ မေ့လျော့စွာ ငြိမ်သက်နားထောင် နေပြီး
ခဏကြာမှ ...
“ ဟုတ်ကဲ့ ... ကိုမြင့်မိုး ဟုတ်ကဲ့ ...”
ဟု ပြောကာ ဖုန်း ကို ပြန် ချလိုက်တော့သည် ။
သူ့ ဦးလေး အမူအရာ ကို မလှမ်းမကမ်း မှ အကဲခတ် နေသော စိုးရှား က အနီးသို့ တိုးကပ် သွားပြီး
မေးလိုက်၏ ။
“ ဦးလေး ဘာဖြစ်လို့လဲ ...”
ဦးစောဝင်း က မျက်စိပျက် မျက်နှာပျက် ဖြစ်ကာ အသံတွေတုန်ရင်လျက် ...
“ ကိုသျှပ် ... ကိုသျှပ် ... ကျန်းမာရေး အခြေအနေ တော်တော် ဆိုးလာလို့ အခုပဲ ဆေးရုံ တင်လိုက်ရတယ် ...
တဲ့ ...”
ထို စကား ကြောင့် စိုးရှား ၏ နှလုံးအိမ် ထဲ တွင် ဝုန်းခနဲမြည်သွား၏ ။
ပြက္ခဒိန် ကို လှမ်း ကြည့်တော့ ( ၁၃ ) ရက် သောကြာနေ့ ... ။
လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝ ခန့် က ဒီလို နေ့ မျိုးမှာပင် ဝတ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ
( Knights Templar ) သည် ဖိလစ်ဘုရင် ၏ အမိန့် ဖြင့် မီးရှို့သတ်ဖြတ်ခံခဲ့ရသည် မဟုတ်ပါလား ။
သောကြာနေ့ ( ၁၃ ) ရက် သည် ကံ ဆိုးစေတတ်သည် ဟု အယူ ရှိ၏ ။
••••• ••••• ••••• •••••
နောက်တစ်နေ့ နေ့လည် ၁၁ နာရီ ၄ဝ မိနစ် တွင် ...
ကိုသျှပ် ကွယ်လွန်သည် ။
' လင်းလက် တောက်ပဆဲ မှာပဲ ...
ရုတ်တရက် ကွဲကြေသွားပြန်တယ် ...
အို ... ညနေကြယ် '
၁၄ . ၈ . ၂ဝဝ၄
နိုင်ငံကျော် အဆိုတော် သျှပ်မှူးအိမ် တစ်ယောက် သူ ချစ်သော သီချင်းသံစဉ်တွေ ကို စွန့်ခွာထားရစ်ခဲ့ပြီ ။
သူ့ ကို ချစ်သော ဂီတပရိသတ်များစွာ ကို စွန့်ခွာ ထားရစ်ခဲ့ပြီ ။ ရာဇဝင်များ ရဲ့ သတို့သမီး ကို သူ ကျောခိုင်းလျက် ဟိုး
... အဝေးဆုံး သို့ ခရီး ထွက်သွားခဲ့လေပြီ ။
ဧရာဝတီ က တငြိမ့်ငြိမ့် စီးဆင်းမြဲ ... ။
သူ ... ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်တော့ ... ။
____________________
မင်းခိုက်စိုးစံ
#အောင်နိုင်ဦး
၊
No comments:
Post a Comment