Wednesday, October 19, 2022

လူပျို အပျို ဖတ်စာ ( ၉ )


 

အခုခေတ် ကလေး တွေ က  ခေတ် ပဲ မီ လွန်း နေတာလား ၊ ခွဲခြမ်းစိတ်ဖြာမှု က ပဲ ပုံစံ ပြောင်း သွားတာလား မသိပါဘူး ။

ဆုံးဖြတ်မှုတွေ ပုံစံ ပြောင်း လာ ကြပါတယ် ။

Facebook ကို စွဲစွဲမြဲမြဲ သုံးသူတွေ ဆို ပို ဆိုးပါတယ် ။

ကလေးမလေး တစ်ယောက် နဲ့ စကား ပြော ဖြစ်တော့

“ သမီး ရဲ့ အချစ်ဆုံး Friend တွေ က အမေရိကား က တစ်ယောက် ၊ ကနေဒါ က တစ်ယောက် ၊ ဩဇီ က တစ်ယောက် ”

“ ဒီ က လူတွေ နဲ့ က ရော Friend မဖြစ်ဘူးလား ”

ဆိုတော့ ဘာ ပြောတယ် သိလား ။

“ အကျင့် မကောင်း လို့ Block ထားတယ် ”

ဒါနဲ့ ကိုယ် လည်း ဆက် မေး ရတာပေါ့ ။

“ သမီး Block ထားတဲ့ သူ တွေ က ဘယ်သူတွေလဲ ”

ကလေးမ တစ်ချက် စဉ်းစားပြီး

“ အဖေ ပါတယ် ၊ အမေ ပါတယ် ၊ မောင်လေး ပါတယ် ၊ လမ်းထိပ် က သမီး ကျောင်းနေဖက် သူငယ်ချင်း ပါ တယ် ၊ ကျောင်း က ဆရာမ ပါတယ် ၊ ရပ်ကွက် က လူ တော်တော်များများ ပါတယ် ”

ဪ စဉ်းစားကြည့်ဦး ။

အကျင့် မကောင်းလို့ Block ထားတဲ့ အထဲ မိဘ ၊ ညီအစ်ကို မောင်နှမ ၊ သူငယ်ချင်း နဲ့ ကိုယ့် ကို စာ သင် ပေး တဲ့ ဆရာမ က အစ ပါနေတယ် ။

သူငယ်ချင်း ကောင်း ကျ တော့ တစ်ခါမှ မမြင်ဖူးတဲ့ အမေရိက , က တစ်ယောက် ၊ ဩဇီ ကတစ်ယောက် ၊ နောက် တစ်ယောက် က ကမ္ဘာ့ မြေပုံ ရဲ့ ဘယ် နား မှာ မှန်းတောင် မသိတဲ့ ကနေဒါ က တောင် ပါသေး ။

ဘာလို့ ဒီလို ဖြစ်လာသလဲ ဆိုတော့ ။

ကမ္ဘာကြီး က နှစ်ခု ဖြစ် လာတာပါ ။

တစ်ခု က တော့ တကယ့် အပြင် ဘဝ ။

နောက် တစ်ခု က Online ပေါ် က ဘဝ ပါ ။

တကယ့် ဘဝ မှာ ကိုယ် ဟာ ဘာမှ မဟုတ်ပေမဲ့ Online ပေါ် က ဘဝ မှာ တော့ မင်းသမီးလည်း ဖြစ်နိုင်တယ် ။ ဘာသာတရား ကိုင်းရှိုင်းသူလည်း ဖြစ်နိုင်တယ် ။ ရဲရဲတောက် နိုင်ငံရေးသမား လည်း ဖြစ်နိုင်ပါတယ် ။

တကယ့် ဘဝ မှာ ဘယ်သူ မှ မခေါ် ချင် မပြော ချင် လောက်အောင် ရိုင်းစိုင်း သူ ဖြစ် ပေမဲ့ Online ပေါ် က ဘဝ မှာ အင်မတန် လူချစ် လူခင် ပေါများ တဲ့ သူ လည်း ဖြစ် နိုင်ပါတယ် ။

ဒါကြောင့်လည်း လူတွေ ဟာ တကယ့် ဘဝ မှာ မသာယာတော့ ဘဲ နောက် ဘဝ တစ်ခု မှာ သာယာ သွား ကြတော့တာပါပဲ ။

ဒီတော့ ဘာ ဖြစ်လာသလဲ ဆိုတော့ အကြောင်း သိ သူတွေ ကို Block ထားပြီး အကြောင်း မသိသူတွေ ကို သူငယ်ချင်း အဖြစ် ပေါင်းသင်း လာကြပါတယ် ။

ဒါဟာ ကိုယ် တစ်ယောက် တည်း လား ဆိုတော့ မဟုတ်ပါဘူး ။

လူ အတော်များများ ပါ ပဲ ။

ဆိုကြပါစို့ရဲ့ ။

အပြင် မှာ လက်ကြော မတင်းဘဲ အလုပ် လုပ် မစား တဲ့ အရက်သမား ဟာ လည်း Online ပေါ် မှာ တရားသမား ၊ အမျိုးဘာသာ ကို ဆတ်ဆတ်ထိ မခံတဲ့ မျိုးချစ် လည်း ဖြစ်နေနိုင်ပါတယ် ။

အပြင် မှာ လုံးဝ အသုံး မကျ လို့ မိဘ ကိုယ်တိုင် လွှတ် ထားရသူ က Online ပေါ် မှာ လူချစ် လူခင် များ တဲ့ ရွှေမင်းသား ၊ ရွှေမင်းသမီး လည်း ဖြစ် နိုင် ပါသေးတယ် ။

ဒီတော့ လူတွေ ဟာ အသုံးမကျတဲ့ အပြင် လက်တွေ့ ဘဝ ကို မခုံမင်တော့ပါဘူး ။

ကိုယ့် အကြောင်း မသိတဲ့ နောက် တစ် ဘဝ မှာ ကိုယ့် အကြောင်း မသိတဲ့ သူတွေ နဲ့ ပဲ သာယာ လာပါတော့တယ် ။

ကိုယ် မမြင်ဖူးတဲ့ သူတွေ နဲ့ ပေါင်းသင်း လာပါတယ် ။

ဒီအတိုင်းပါပဲ ။

ကိုယ် ပေါင်းသင်း နေ တဲ့ သူ က Online ပေါ် မှာ ကုမ္ပဏီပိုင်ရှင် လို့ သိ ထားပေမဲ့ တကယ့် ဘဝ မှာ ဆိုက္ကားသမား မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး ။

ရပ်ကွက် ထဲ က ကလေးမလေး လို ပေါ့ ။ Online ပေါ်  မှာ စတိုးဆိုင် ပိုင်ရှင် ပါ ။ အပြင် မှာ ကွမ်းယာ ရောင်း ပါတယ် ။

Online ပေါ် မှာ တရားသမား ၊ အပြင် မှာ အရက်ပုန်း ရောင်း ပါတယ် ၊ Online မှာ တော့ မျိုးချစ် ပုဂ္ဂိုလ် ၊ အပြင် မှာ ခိုးမှု နဲ့ ထောင် နှစ်ခါ ကျ ဖူးတယ် ။

မမြင်ရသူတွေ ကို ရမ်းသန်း ပေါင်း နေတော့ အန္တရာယ် လည်း အလွန် များ လာပါတယ် ။

အခု လက်ရှိ ဖြစ်နေတဲ့ အမှုအခင်း အတော်များများ ဟာ အဲဒီ နောက် ဘဝ တစ်ခု က နေ ဖြစ် နေကြတာ အတော် များပါတယ် ။

Online ပေါ် က ရည်းစား ရှာ ကြတယ် ။ ချစ်သူ ထား ကြတယ် ။ Online ပေါ် က တွေ့ပြီး ဘုမသိ ဘမသိ နဲ့ အိမ်ထောင်ဖက် ရွေးတဲ့ အထိ ဖြစ် လာကြတယ် ။

စတိုးဆိုင်ပိုင်ရှင် နဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင်ရှင် Online ပေါ် တွေ့ ပြီး တစ်ယောက် ကို တစ်ယောက် အထင် ကြီး ပြီး လက်ထပ် လိုက် ကြ ပါတယ် ။ ( အမှန်တော့ ကွမ်းယာသည် နဲ့ ဆိုက္ကားသမား ဖြစ် နေပါတယ် )

အကြောင်း မသိသူ ချင်း ပေါင်းပြီး ကြာ လာ တော့ အကျင့် တွေ ပေါ် လာတယ် ။

နောက်တော့ လည်း ကွဲကြ ပြဲကြ နဲ့ ပေါ့ ။

လူတွေ က တကယ် မျက်စိ နဲ့ တပ်အပ် မြင်ရတာ ကို မယုံကြတော့ဘဲ ကိုယ် မမြင်ရတဲ့ အရာတွေ ကို ပိုပြီး ယုံကြည် လာကြတယ် ။

အချစ်ကဗျာ လှလှလေးတွေ  ရေး နေ တိုင်း နှလုံးသား နူးညံ့တယ် မထင်ပါ နဲ့ ။ မူးရူး ပြီး ရေး နေတာ လည်း ဖြစ် နေ နိုင်ပါတယ် ။

အမှန်တော့ Online ပေါ် က ဈေး ဝယ် သလိုပါပဲ ။ မှာ ထား တာ က တစ်မျိုး ၊ ရောက် လာ တာက နောက် တစ်မျိုး တွေ ချည်း ပါပဲ ။

ဒီတော့ အပြင် မှာ လည်း ကိုယ်တိုင် ကောင်းမွန် အောင် နေထိုင်ပါ ။ တကယ် မြင်တွေ့ နေရသူ တွေ နဲ့ ပေါင်းသင်းပါ ။

တကယ် မြင်တွေ့ နေရတာ ကိုပဲ ယုံပါ ။

တကယ် အကြောင်း သိ သူ ကို ပဲ ချစ်သူ ရည်းစား အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ပါ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment