Monday, October 17, 2022

လူပျို အပျို ဖတ်စာ ( ၇ )


 

မိန်းကလေးတွေ ရဲ့ အမူအကျင့် က ထူးဆန်း တယ် ။

တစ်ခါက မြို့ ထဲ မှာ ကလေးမ တစ်ယောက် တွေ့ ဖူးတယ် ။ ကျွန်တော် တို့ က လေးလွှာ ၊ သူတို့ က ခြောက်လွှာ ။

လူပုံ က ပိန်ပိန်ပါးပါး ပါ ပဲ ။ ဒါပေမဲ့ မြေညီထပ် က နေ သူ နေ တဲ့ ခြောက်လွှာ ကို ရေသန့်ဘူးကြီး တစ်ဘူး အသာလေး ဆွဲ တက် နိုင်တယ် ။

ဒါတောင် ဒေါက်ဖိနပ် နဲ့ ။

ကျွန်တော်တို့ ယောက်ျား သန်သန်မာမာကြီး တောင် လေးလွှာ ကို ရေသန့်ဘူးကြီး ဆွဲ သွားဖို့ ဆို တာ ဟစိဟစိ နဲ့ နေတာ ။

ကောင်မလေး က တော့ သာသာယာယာ ပဲ ။ ပခုံး တစ်ဖက် မှာ လွယ် ထားတဲ့ စလင်းဘက် ( ခ် ) ကို သိုင်း လွယ် လိုက်တယ် ။ ပြီးတော့ ဒေါက်ဖိနပ် တောင် မချွတ်ဘူး ။ ရေသန့်ဘူးကြီး ကို လက် တစ်ဖက် က ဆွဲပြီး ဒေါက် ... ဒေါက် ဒေါက်ဒေါက် နဲ့ တက် သွားတာ ။

အဲ ... သိပ် မကြာဘူး ။ ခြောက်လွှာ ကို ဒေါက်ဖိနပ် နဲ့ ရေသန့်ဘူး ဆွဲ တက် ခဲ့တဲ့ ကလေး မ ဟာ တဖြည်းဖြည်း နဲ့ အားနည်း လာ သလို ဖြစ် လာတယ် ။ လူ ပုံ ကလည်း တဖြည်းဖြည်း နွဲ့ ကျ လာတယ် ။ လမ်း လျှောက် ရင် တောင် လေပြင်း တိုက် ရင် လွင့်ပါ မလို ဖြစ်လာတယ် ။ ဒီ ကောင်မလေး ဘာလို့ ပုံစံ ပြောင်း ကုန်လဲ စုံစမ်း ကြည့်တော့ ...

“ ရည်းစား ရ သွားလို့ ”

ရည်းစား ရ သွားတာနဲ့ ဒီ ကလေးမ ဘယ်လောက် အား နွဲ့ သွားသလဲ ဆို .....  ။

“ ကိုကို ချစ် အအေးပုလင်း မ မ နိုင်လို့ ပိုက် တပ် ပေးဦး ”

ကြည့်စမ်း ။ ခြောက်လွှာ ကို ဒေါက်ဖိနပ် နဲ့ ရေသန့်ဘူး ဆွဲ တက် နေတဲ့ ကလေးမ က ရည်းစား ရ တာ နဲ့ အအေးပုလင်း မ မ နိုင်လို့ ပိုက် တပ်ပေးရ တယ် ။ ( အဲဒီတုန်း ကတော့ အအေး ခေတ်ပေါ့ ၊ အခု ကတော့ ဘီယာတစ်ဂျား ကို နှစ်ယောက် လု သောက် ရင်း သူ ပိုသောက်တယ် ၊ ငါ ပို သောက်တယ် နဲ့ ခွက်စောင်း ခုတ်တဲ့ ခေတ်ပေါ့ )

ဒီ ကြား ထဲ အအေးဆိုင် ထဲ ...  ။

“ မကြက်ပု ၊ သောက်ပု ၊ ကြက်ပု ၊ သောက်ပု ”

အသံ ကြား လို့ ဘယ် ဂျပု ကို စော်ကားနေလဲ လှည့် ကြည့်တော့ ...

အံမယ် ။ ဘဲ က အအေးပုလင်း ပိုက် တပ်ပြီး နှုတ်ခမ်း တေ့ ပေးတာ ကို ...

“ မကြိုက်ဘူး ၊ မသောက်ဘူး ”

ဆိုပြီး မူပြီး ပြော နေတာ ...

“ မကြက်ပု ၊ သောက်ပု ၊ မကြက်ပု ၊ သောက်ပု ”

ဆိုပြီး ဖြစ် နေတာ ။

အရင် က တစ်ယောက် တည်း လွှားလွှား လွှား လွှား နဲ့ နေတဲ့ မိန်းကလေး ဟာ အခု ကျတော့ တစ်ယောက် တည်း လမ်း လျှောက် ရင်တောင် ပစ် လဲ မှာ စိုးလို့ သူ့ ဘဲ လက်ကို အမိ အရ ဆွဲ ထားရတာ ။

အရင် က ဆိုရင် ...

“ သမီး ရဲ့အားသာချက် တစ်ခုကို ပြောပါ ”

ဆိုရင် ...

“ အစား ပဲ ၊ အစား ဆိုရင် ဘာ ကျွေးကျွေး စား တယ် ”

အဲဒီ မိန်းကလေး က ခုတော့ ...

“ ကြက်ပု ၊ သောက်ပု ”

တွေ ဖြစ်နေတာ ။

ဆိုလိုချင်တာ က ဗျာ ။

ယောက်ျားလေး တွေ ရည်းစား ထားတယ် ဆိုတာ ...

“ ချိုင်းထောက် ငှားတာ မှ မဟုတ်တာ ”

ချိုင်းထောက် တောင် ကိုယ် တွဲ ထူ ထားရတဲ့ ချိုင်းထောက် ။

ပြောချင်တာ က မိန်းကလေး တွေ ဟာ ...

“ ရည်းစား ရပြီ ဆိုတာနဲ့ အားကိုး ချင် စိတ် လွန်ကဲ တာ ”

ယောက်ျားတွေ က ဒီလို အားကိုး ယုံကြည်မှု ကို မကြိုက်ဘူးလား ဆိုတော့ ...

“ ကြိုက်တယ် ”

“ ဒါပေမဲ့ ရေရှည် မဟုတ်ဘူး ”

“ လူ တစ်ယောက် ရဲ့ ဖြစ်တည်မှု အစစ် ကို ချစ် မှ ၊ အချစ် စစ် ဖြစ်ပါတယ် ”

“ လူ တစ်ယောက် ရဲ့ ဖြစ်တည်မှု အတု ကို ချစ် နေ တာဟာ အချစ်စစ် မဟုတ်ပါဘူး ”

“ ခဏတာ သာယာတာ ပဲ ဖြစ် နိုင်ပါတယ် ”

ကျွန်တော် တို့ ဆန့်ကျင်ဖက် လိင် ဆိုတာ ခဏ ဖယ် ထားပြီး အားလုံး ကို တစ်ပြေးညီပဲ စဉ်းစား ကြည့်ပါ ။

ကိုယ့် ကိုယ် ကိုယ် ယုံကြည်သူ ကိုပဲ ပိုပြီး သဘော ကျ လေ့ ရှိပါတယ် ။ မည်သူ မဆိုပါ ။ ရည်းစား ထား လိုက်လို့ ကိုယ့် အပေါ် လုံးဝ မှီ ချ လိုက် သူ ကို ရေရှည် မကြိုက်နိုင်ပါဘူး ။

ဒါကြောင့် ...

“ ကိုယ့် ရဲ့ ဖြစ်တည်မှု ကို ချစ်ပါ ”

“ ကိုယ့် ရဲ့ ဖြစ်တည်မှု ကို ချစ်သူ ကို မှ ပြန် ချစ်ပါ ”

“ သူ့ ရဲ့ အချစ် ကို ရယူရုံ လောက် နဲ့ ပုံစံ မပြောင်းပါ နဲ့ ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment