Thursday, October 13, 2022

လူပျို အပျို ဖတ်စာ ( ၃ )


 

“ အချစ် ဟာ ယဉ်ကျေးမှု မရှိဘူး ”

“ သူ ဟာ တံခါး မခေါက်ဘဲ ဝင် လာ တတ်တယ် ”

မှန်ပါတယ် ။ အချစ် စိတ် ဆိုတာ ဘယ်လို ဝင် ဝင် လာမှန်း မသိပါဘူး ။ ဒါ့အပြင် သူ ဟာ တိတ်တိတ်ကလေး ပြန် ထွက်သွားတဲ့ အခါ ရှိ သလို ဝုန်းဒိုင်း ကြဲ ပြီး မှ ပြန် ထွက် သွားတာ မျိုး လည်း ရှိပါတယ် ။

တချို့ က လည်း အသည်း ကွဲပြီး ကျန်ရစ်ခဲ့သည် ပေါ့ ။

ထူးထူးဆန်းဆန်း ပါ ပဲ ။ အရင် က တော့ အသည်း ကွဲ တဲ့ မိန်းကလေး ဆိုတာ မျိုး က မစား နိုင် မသောက် နိုင် နဲ့ အခန်း ထဲ ကျိတ် ငို တတ်ကြပါတယ် ။ ခု ခေတ် ကလေးတွေ က အသဲ ကွဲပြီ ဆို facebook ပေါ် ခြေကန် တက် လာပြီး Single is the best ဆို သေချာပါပြီ ။ မကြာခင် က မှ ရည်းစား နဲ့ ကွဲ သွား သူ ပါ ။

တစ်စုံ တစ်ယောက် ကို သတိ ရ ပြီး တနုံ့နုံ့ ခံစား နေရပြီ ဆိုရင်  အသည်း ကွဲ တာပါပဲ ။ လူငယ် အတော် များများ ဟာ အသည်း ကွဲပြီ ဆို ဘယ်လို နေထိုင် ရ မှန်း မသိကြတော့ပါဘူး ။

မိန်းကလေး တွေ က ပိုတောင်ဆိုး ပါတယ် ။ မစားနိုင် ၊ မသောက်နိုင် ၊ အလှ ပြင်ဖို့ ဝေးစွ ၊ ခေါင်း တောင် မဖြီး နိုင် တော့ဘဲ ရုပ်ပျက် ဆင်းပျက် တွေ ဖြစ် သွားတတ်ပါတယ် ။ “ ဘဲပြတ် တော့ ဘတ်ပြဲကြီး ” တွေ ဖြစ် သွားတော့တာပေါ့ ။

ဒါဟာ မှားယွင်း တဲ့ နေထိုင်နည်းပါ ။ အသည်း ခွဲ ခံ ရတဲ့ မိန်းကလေး ဟာ ပိုပြီး လှပအောင် နေသင့် ပါတယ် ။ ကိုယ် က ပိုပြီး လှပ နေ မှ ...

“ လူယုတ်မာ တွေ နောင်တ ရကြမှာပါ ”

“ မင်း ကို မရရင် သေရချည်ရဲ့ ” ပြောခဲ့တဲ့ သူ တိုင်း ကိုယ် နဲ့ ပြတ်ပြီး မသေကြပါဘူး ။ တကယ်သာ ကတိ အတိုင်း သေကြမယ် ဆိုရင် နေ့စဉ် သတင်းစာ တစ်စောင် လုံး ရည်းစား နဲ့ ပြတ်သွားတဲ့ မသာတွေ အကြောင်း နဲ့ တင် ပြည့်နှက် နေမှာပါ ။

တချို့ က လည်း ရည်းစား နဲ့ ပြတ် သွားတိုင်း တနုံ့နုံ့ ခံစား နေတတ်ကြပါတယ် ။ စိတ် ထဲ မှာ လည်း

“ တစ်နေ့ နေ့ ငါ ပြန် လက်စား ချေပြမယ် ”

မှတ်ထားပါ ။

လက်စား ချေခြင်း ဟာ ကိုယ် တစ်ချိန် က ရှုံးနိမ့်ဖူးကြောင်း ဝန်ခံခြင်း ဖြစ်ပါတယ် ။ အသည်း ကွဲ သွားတဲ့ အခါ ဝင်အောင် စား ပါ ၊ ပိုပြီး လှပအောင် နေပါ ။ လက်စား ချေခြင်း ဆို တာ ထက် ...

“ ရှင်ဘုရင် ကြွ လာ မှာ မို့ သူတောင်းစား လမ်း ဖယ် ပေးရတာပါ ” လို့ တွေးပါ ။

နောက်ပြီး ကိုယ့် ဘဝ ကို ကိုယ်တွေးပါ ။

ကမ္ဘာ မှာ လူသား ပေါင်း သန်း ( ၇ ) ထောင် ကျော် ရှိ ပါတယ် ။ နိုင်ငံပေါင်း ( ၂၁၀ ) ကျော် ရှိပါတယ် ။ ဘယ် နေရာ မဆို ကိုယ့်ကို ချစ်တဲ့ သူ ထပ်ပြီး ရ နိုင်ပါသေးတယ် ။ ရွေးချယ်စရာ လည်း အများကြီး ရှိ နေ ပါသေးတယ် ။ ဒါ ကို မှ လူတစ်ယောက် တည်း အတွက် ငိုကြွေး နေ ရတာ တန် ရဲ့လား ပြန် စဉ်းစား ကြည့်ပါ ။

ဘဝ တစ်လျှောက် လုံး ထပ်ပြီး ချစ်စရာ တွေ ကျန် နေပါသေးတယ် ။ လာခြင်း ကောင်းမယ့် သူတွေ အများကြီး ရှိ နေပါသေးတယ် ။ လာခြင်း ကောင်း တဲ့ သူ အများကြီး ရှိ နေပါသေးတယ် ။ အသည်း ကွဲ လို့ ငိုရင်တောင် မှန် ကြည့် ငိုပါ ။

“ ငါ ငိုတာ မလှဘူး လို့ သိရင် ချက်ချင်း ရပ်ပြီး လှပ အောင် အလှ ပြင်ပါ ”

သူငယ်ချင်းတွေ နဲ့ အချိန် ယူ ပါ ။ အမြင် တွေ ကို ပြောင်းလဲ ပစ် ပါ ။ တခြား ရှုထောင့် တစ်မျိုး က ပြန် သုံးသပ်ပါ ။ ကိုယ့် ကို တန်ဖိုး မထား တဲ့ သူ ကို မေ့ ပစ်ပါ ။ ကိုယ့် ကို တန်ဖိုး ထား တဲ့ သူ ရောက် လာပါဦးမယ် ဆိုတာ သတိ ရပါ ။

ရည်းစား အများကြီး ထားဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး ။ အသည်း ကွဲ တဲ့ အခါ သိသင့်တာ ကို ပြော ပြ တာပါ ။

“ အသည်းကွဲခြင်း သည် ရောဂါ မဟုတ် ၊ သို့သော် ကုစား ရ၏ ”

“ မစဉ်းစားရင် မစွဲလမ်း ” ဆိုတဲ့ စကား ကို အသေအချာ မှတ် ထားပါ ။

ကိုယ့် ကို ထား သွား သူ ရဲ့ အကြောင်း ကို အတတ်နိုင်ဆုံး မစဉ်းစားမိအောင် နေပါ ။ လှပ သည် ထက် လှပ အောင် ပြင်ဆင်ပါ ။

ကိုယ့် ကို ချန်ထား ခဲ့ သူ နောင်တ ရ အောင် နေထိုင်ပါ ။

ဒါဆို သင် ဟာ အချစ် ရေး မှာ ကံကောင်း သူ တစ်ယောက်  ဖြစ် လာ မှာ အသေအချာ ပါ ပဲ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment