Tuesday, October 11, 2022

လူပျို အပျို ဖတ်စာ ( ၀၁ )


 အမြဲတမ်း စစ်ပွဲ စတင်တယ် ။

အမြဲတမ်း လက်နက် ချတယ် ။

အမြဲတမ်း စစ်ပြေငြိမ်းတယ် ။

အမြဲတမ်း ချစ်ကြည်ရေး ကတိတွေ ပေးတယ် ။

အမြဲတမ်း စစ်ပွဲ ပြန်လည် စတင်တယ် ။

အမြဲတမ်း လက်နက် ပြန် ချတယ် ။

အမြဲတမ်း …

အမြဲတမ်း …

အမြဲတမ်း …

သမီးရည်းစား တွေ ပါ ။

အချစ် စိတ် ဆိုတာ ကမ္ဘာဦး ထဲ က စတင် ခဲ့ တဲ့ …

“ ပကတိ မကောင်းမှု အသိဉာဏ် ”

ဖန်ဆင်းရှင် က အာဒံ နဲ့ ဧဝ ကို ဖန်ဆင်း ပြီး ဧဒင် ဥယျာဉ်ကြီး မှာ ထား ၊ မနေနိုင် မထိုင်နိုင် ပန်းသီး စား ရာ က ဒီ ပြဿနာ စ တော့တာပါပဲ ။

အဲဒီက စ ပြီး အချစ် ဆိုတာ စတင် ဖြစ်တည် ၊ နောက်တော့ အိမ်ထောင်သည် ဘဝ တွေ ဖြစ်လာ တော့ တာပါပဲ ။

ကျွန်တော် သိသလောက် ပြော လိုက်ရင် အချစ် စိတ် ဆိုတာ မွေးဖွားလိုက် ကတည်း က ခန္ဓာကိုယ် ရဲ့ အစိတ်အပိုင်း တစ်ခု လို တွယ်ကပ် ပါ လာတာပါပဲ ။

ငယ်စဉ် က တော့ မိဘ မောင်နှမ တွေ ကို ချစ်တယ် ။ အရွယ် ရောက် လာတော့ ဆန့်ကျင်ဖက် လိင် တွေ ကို ချစ်တယ် ။ ကြီးတော့ ကိုယ့် မိသားစု ကို ကိုယ် ပြန် ချစ်ကြတယ် ။

ဆိုပါတော့ … တရားဓမ္မ လည်း ချစ် ချင် ချစ်သွား မှာပေါ့ ။

အချစ် စိတ် ဆိုတာ တည်ရှိမြဲ ရှိ နေတာမို့ အရောင် မပြောင်းလဲပါဘူး ။ ဒါပေမဲ့ ချစ်တဲ့ သူ တွေ သာ အရောင် ပြောင်း လဲ တတ်တာပါ ။

ဘယ်လောက် အရောင်ပြောင်း နိုင်သလဲ ဆို ရင် ...

“ ကိုယ့် ကိုယ် ကိုယ် အင်မတန် မှ ကို အကောင်း မြင် တတ်ပြီး အင်မတန် မှ ကို စိတ်ရှည်သည်းခံ နိုင်တယ် ထင်နေသလား ”

“ ရည်းစား ထား ကြည့်ပါ ”

အဲဒီတော့မှ ကိုယ် ဘယ်လောက် ထိ သဝန် ကြောင်ပြီး ၊ ဘယ်လောက် အထိ ရန် လိုပြီး ၊ ဘယ်လောက်ထိ စိတ်ပုပ် စိတ်ယုတ် များ လဲ ဆိုတာ ပေါ် လာ ပါလိမ့်မယ် ။

“ ကိုယ့် ကိုယ် ကိုယ် တောင် တွေးထင် မထားတဲ့ အတွင်းစိတ် အတော်များများ ထပ်ပြီး ရှိနေ သေးပါလား ”

ဆိုတာ သိ လာရပါလိမ့်မယ် ။

ချစ်သူ ရည်းစား ထား လိုက်လို့ ဘဝကြီး တစ်ခု လုံး ပြောင်းလဲပြီး ကောင်း သွားတဲ့ သူ တွေ အများကြီးပါ ။ ချစ်သူရည်းစား ထား မှ ဆိုးသွမ်း ခဲ့ သူ တွေ လည်း မရေမတွက် နိုင်အောင် ရှိပါသေးတယ် ။

အချစ် စိတ် ဆိုတာ လူတွေ ကို မထင်မှတ် လောက် အောင် တွန်းရွှေ့ နိုင်တဲ့ အရာ မျိုးပါ ။

ရည်းစား မထားဖူး သူ ဟာ ဆေးလိပ် မသောက် ဖူး သူ လိုပါပဲ ။ ခန္ဓာကိုယ် ရဲ့ လိုအပ်ချက် ၊ ခံတွင်း ချဉ်တတ်မှန်း မသိသေးလို့ပါ ။ အကျိုး သက်ရောက်မှု က တော့ အတူတူ ပါ ပဲ ။

ချစ်သူ ရည်းစား ထားခြင်း ဟာ ရံဖန်ရံခါ၌ ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် ပျက်စီး စေနိုင်ပါတယ် ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment