❝ နိဂုံး မဟုတ်သော နောက်ဆက်တွဲ ❞
ပြာလဲ့သော မိုးသားကောင်းကင်သည် အိပ်မက် ဆန် နေ၏ ။ နှင်းကြွင်းသော လေပြည်သည် စိုစွတ်အေးမြ
နေ လေသည် ။
အရွက်ဟောင်းတွေ ကြွေကျထားသော သစ်ဆိမ့်ပင် အောက်က မြေနီလမ်းကလေး ပေါ် တွင် ကောင်ကလေး
တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် မျက်နှာချင်း ဆိုင် လျှောက်လာရင်း ဆုံမိကြသည် ။
အသစ် က ပြန် စချင်သော ကောင်ကလေး နှင့် အသစ် က ပြန် စချင်သော ကောင်မလေး ...
သူတို့ ရဲ့ နေ့ရက် ဟောင်း တွေ သိစိတ် ဟောင်း တွေ ကို အသစ် ပြန် စ ဖို့ အဲသည် မြေနီလမ်းကလေး မှာ ...
အဲသည် သစ်ဆိမ့်ပင်ကြီးအောက် မှာ ( မတော်တဆ လိုလို တမင်တကာ လိုလို ) ဆုံတွေ့ကြသည် ။
ကောင်ကလေး က စပြီး မိတ်ဆက်သည် ။
“ ဒီမှာ ... ဒီမှာ တဆိတ်လောက်ဗျာ ... ခင်ဗျား နဲ့ မိတ်ဆွေ ဖြစ်ချင်လို့ ... နာမည်လေး သိ ပါရစေ ...”
ကောင်မလေး က ပြန် ပြောသည် ။
“ ဪ ... ရပါတယ် ရှင် ... ကျွန်မ နာမည် က ဆိုဖီယာလပြည့်ဝန်း လို့ ခေါ်ပါတယ် ...”
“ ဟုတ်လား ... ကျွန်တော့်နာမည် ကို လည်း မှတ်ထားနော် ၊ ကျွန်တော့် နာမည် က စိုးရှားတဲ့ ...”
“ ဒါဆို ... ကျွန်မတို့ မိတ်ဆွေတွေ ဖြစ် သွားကြပြီပေါ့ နော် ...”
ဆိုဖီယာ ၏ စကား အဆုံး တွင် သူတို့ နှစ်ယောက် စလုံး ပြိုင်တူပင် လှိုက်လှိုက်လှဲလှဲ အော်ဟစ်ရယ်မော
လိုက်ကြမိသည် ။
ရယ်သံတွေ သည် ပန်းသီးတစ်လုံး လို နီရဲ လတ်ဆတ် ချိုမြိန် စွာ လွင့်မျော သွား၏ ။
ထို ပန်းသီး သည် မြေပြင် ပေါ်သို့ ကြွေ ကျလိမ့်မည် မဟုတ်ပါ ။
ကိုယ့် ကိုယ် ကိုယ် သိနားလည်သူများ ၏ ရင်ခွင် ပေါ် သို့ သာ ကြွေကျမည် ဖြစ်ပါသည် ။
◾မင်းခိုက်စိုးစန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment