Saturday, August 31, 2019
ဂုဏ်
 💸  ဂုဏ်  (   တေးရေး   ရွှေပြည်အေး  )
         စိတ်ညစ်လို့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည် တစ်ခုတည်းသိတယ် ပိုက်ဆံမရှိရင် မျက်နှာ အင်မတန်ငယ်
         ( ဂုဏ် ဂုဏ် ဂုဏ် ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှ တင့်တယ် )  ( ယောက္ခမကြီးက မျက်နှာချိုမယ် ကိုယ့်မယားက စေတနာပိုတယ် ) ဟယ် လောကမှာလေ သောက်ကွယ် စားကွယ် လမ်းလယ်မှာ ဆဲ ဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ် လူမှာငွေမရှိရင် လင်ယူမိတာ နာတယ်ထင်တယ် သူတို့ကလေ သူတို့က သူတို့က ယောက္ခမအိမ်တက် သမက်မှာ မျက်နှာငယ် မျက်နှာငယ် ဒါတွေကို ငါသိပြီကွယ် အချစ်ဆိုတာ လောကမှာ နားမလည် ငွေ ငွေ ရအောင်ရှာမယ် ငွေ ငွေ ရေလိုဖြုန်းမယ် သောက်မယ်စားမယ် ပျော်မယ် ပါးမယ် အချစ်ဆိုတာ ကစားပြမယ် ယခုဘ၀၀ယ် ဘယ်သူ့မှ မတွယ် လူ့ဘ၀တကယ် ပျက်ပြုန်းစေတော့ တစ်သက်လုံးပဲ မိုက်ပြပါတော့မယ်
 ◾  သုခ     ဆိုထားတဲ့ ဂုဏ်  သီချင်းပါ
https://yadi.sk/d/fkPOZzSfNVZBZw
 ◾   ဇော်မင်းလေး  ဆိုထားတဲ့ ဂုဏ် သီချင်းပါ
https://yadi.sk/d/9mVn2Xpo4lZuoA
◾    သုမောင်   ဆိုထားတဲ့ ဂုဏ် သီချင်းပါ
https://yadi.sk/d/9rAEzXB2MXzodg
 ◾   ဗိုလ်ဟိန်း  ဆိုထားတဲ့ ဂုဏ် သီချင်းပါ
https://yadi.sk/d/6Ma5VfrneYfisQ
 ◾   လွှမ်းမိုး ဆိုထားတဲ့ ဂုဏ် သီချင်းပါ
https://yadi.sk/d/Wl1aP2Lqk1wC1w
 ◾    စိုးအောင် ဆိုထားတဲ့ ဂုဏ် သီချင်းပါ
https://yadi.sk/d/Z2UnA60NEDcRsw
🎹     စိုးအောင် ဆိုထားတဲ့ ဂုဏ် သီချင်းရဲ့ တီးလုံး သီးသန့် ဖြစ်ပါတယ်
https://yadi.sk/d/_4MyFQlP4CoHbw
🎹    စန္ဒရား လှထွတ် တီးခတ်ထားတဲ့ ဂုဏ် သီချင်း  လက်သံ ပါ
https://yadi.sk/d/28W415h26w2Ktw
Friday, August 23, 2019
မိုးစို ခြေအေး ဝမးရောင် ငွေးတိုး သတိပြု
☔  မိုးစို ခြေအေး ၀မ်းရောင် သွေးတိုး သတိပြု
       မိုးဥတုတွင် နေအိမ်ပြင်ပထွက်ပြီး နေ့စဉ်သွားလာ အလုပ်လုပ်ကြရသူများသည် ခြေထောက်ရေစိုရာမှ နောက်ဆက်တွဲအဖြစ် ခြေအေးဝမ်းရောင်ခေါ် အစာမကြေ ၊ ၀မ်းဗိုက်လေပွရောဂါနှင့်   အသက် ၄၀ ကျော်သူများမှာ သွေးတိုးရောဂါ ၀င်လာတတ်သည်ကို သတိပြုကြရန် တင်ပြလိုပါသည်။
      သွေးတိုးရောဂါသည် အစာမှားမှ အငန်စားမှမဟုတ် ပြင်ပအအေးပတ်ဖွဲ့ခြင်း ၊ မိုးမိခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ သွေးစီးဆင်းမှုကြောင့် ပုံမှန်ပူနွေးနေသော သွေးကြောသည် အအေးဓာတ်ကြောင့် ကျုံ့သွားပြီးဖိအားတစ်ခုဖြစ်လာကာ သွေးမသွားနိုင်ဖြစ်ရသည် ။ ထိုအခါ သွေးပုံမှန်သွားစေရန် နှလုံးမှပို၍ ညှစ်အားပေးသည် ။ ထိုအားကို သွေးပေါင်ချိန် ကိရိယာနှင့် တိုင်းသောအခါ  BP 140 / 90 mmHg ( အပေါ် သွေးဖိအား ၁၄၀ နှင့် အောက်သွေး ၉၀ မီလီမီတာ/ပြဒါး) အထိခံနိုင်ရည်ရှိသောအနေအထားဖြစ်သည်။ အပေါ်ရော အောက်ပါ ထို့ထက်ဖိအားပိုလာလျှင် သွေးတိုးရောဂါဟုသတ်မှတ်သည်။
       မိုးဥတုတွင် နေအိမ်မှ ထွက်သွားချိန်နှင့် ပြန်လာချိန်များကို သွေးပေါင်ချိန် (သွေးဖိအား) မှတ်တမ်းထားရှိ လေ့လာကြည့်သည့်အခါ အိမ်မှမထွက်ခွာမီ ပုံမှန်ဖြစ်သော်လည်း ပြန်ရောက်လာချိန်တွင် မိုးရေစိုခဲ့ခြင်း သို့မဟုတ် ခြေထောက် ရေစိုခဲ့ခြင်းဖြစ်ခဲ့လျှင် သွေးပေါင်ချိန်တက်နေသည်ကို တွေ့ရှိရသည် ။အချိန်ကြာကြာ မိုးမိသည်နှင့်အမျှ ပို၍တက်သည်ကိုလည်း လေ့လာတွေ့ရှိရသည် ။
       နံနက်စောစော အစာကိုစားပြီး နေအိမ်မှ ထွက်သွားသူများအတွက် မိုးမိပြီးနောက် အစာမကြေ ဖြစ်လာတတ်သည် ။ ခန္ဓာကိုယ်အအေးပပ်ခြင်း ၊ ခြေနှစ်ဖက် ရေစိုခြင်းကြောင့် ၀မ်းမီးနုံ့ပြီး အစာမကြေဖြစ်သည်ဟု ယူဆရသည် ။ အစာခြေခြင်းကို ၀မ်းမီးခေါ် ပါစက တေဇောဓာတ်က ဆောင်ရွက်သည် ။  ထိုဝမ်းမီးသည် အအေးဓာတ်ကြောင့် အားပျော့သွားခြင်းကို ၀မ်းမီးနုံ့သွားသည်ဟု ရိုးရာဆေးပညာက ဆိုသည် ။ ၀မ်းမီး အားကောင်းလာအောင် ချင်းနှင့် ရေနွေးပူပူကို သောက်ပေးခြင်းဖြင့် အစာကြေစေ နိုင်သည် ။
       ငရုတ်ကောင်း ၊ ပိတ်ချင်းနှင့် ချင်းကို တြိကဋတ်သုံးပါးဟု အာယုဗေဒ ဆေးကျမ်းများကဆိုသည် ။ အစာကြေစေသော ( အစပ်သုံးပါး ) ဆေးသုံးပါးဟု ဆိုသည် ။ မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက် စားသုံးလျှင် ဟင်းနှင့် ဟင်းချိုတွင် ငရုတ်ကောင်း ခပ်ခြင်း ၊ ချင်းထည့် ချက်ခြင်းဖြင့် အစာကြေအောင် အထောက်အကူ ပြုနိုင်သည် ။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကို နိုင်နိုင်ထည့်ချက်လျှင် မိုးဥတုနှင့်သင့်သည် ။
       ရှေးလူကြီးများ ခြေအေးလျှင် ၀မ်းရောင်သည်ဟု ဆိုကြသည် ။ မိုးရေစိုချိန် ကြာသဖြင့် ခြေထောက် အေးလာသောအခါ အအေးဓာတ်သည် တဖြည်းဖြည်း အပေါ်သို့တက်လာပြီး ချက်တိုင်နှင့် ၀မ်းဗိုက်အထိ ရောက်လာသည် ။ အစာမကြေဖြစ်လာသည် ။ အစာမကြေလျှင် လေပွလာပြီး ၀မ်းဗိုက်သည် တင်းပြီး ဖောင်းလာသည်ကို ၀မ်းရောင်သည်ဟု ခေါ်ခြင်းဖြစ်သည် ။ အစာမကြေခြင်း၏ နောက်ဆက်တွဲ ရောဂါများမှာ ခေါင်းကိုက် ၊ ခေါင်းအုံခြင်းနှင့် သွေးတိုးရောဂါဖြစ်သည် ။
       မိုးရွာထဲမှ ပြန်လာပြီးနောက် ကိုယ်တစ်ခြမ်း လေဖြတ်သွားသူကို တွေ့ဖူးသည် ။ အသက်၅၀ ခန့် အရွယ်ကောင်းဖြစ်သည် ။ ယခင်က သွေးတိုးဖူးသည် ။ သို့သော် အမြဲမတိုးသဖြင့် သွေးကျဆေးကို ပုံမှန် မသောက်ဟု ဆိုသည် ။နေအိမ်တွင် လဲကျသဖြင့် ဆေးရုံပို့သောအခါ သွေးပေါင်အလွန်တက်ပြီး ဦးနှောက်အတွင်း သွေးခဲရောက်သဖြင့် ပိတ်ဆို့ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ခြေအေးခြင်းမှ စခဲ့သည့် သွေးတိုးရောဂါဖြစ်သည် ။ သတိပြုကြစေရန် တင်ပြရခြင်းဖြစ်သည်။
       သွေးတိုးရောဂါသည် သွေးအပျစ် ၊ အကျဲနှင့်လည်း ဆိုင်သည် ။ ပူလျှင် သွေးကျဲသည် ။ အေးလျှင် သွေးပျစ်သည်ဟုဆိုသည် ။ သွေးတိုးနှင့် နှလုံးရောဂါ ရေရှည် ဖြစ်နေသူများကို အထူးကု ဆရာဝန်ကြီးများက သွေးတိုးကျဆေးသာမက သွေးကျဲဆေးကိုပါ တွဲ၍ပေးသည်ကို တွေ့ရှိရသည် ။
      မိုးဥတုသည်  စွတ်စိုထိုင်းမှိုင်းသော ဥတုဖြစ်သဖြင့် သွေးထိုင်းသော ဥတုဖြစ်သည် ။ သက်ဥတုဖြစ်သည်ဟု မြန်မာဆေးဆရာကြီးများက ယူဆသည် ။ ၀မ်းပျက်လွယ်သော ဥတုဖြစ်သည် ။ ချဉ်ပေါင်ဟင်း ၊ ပဲဟင်းနှင့် အမှည့်လွန်သောအသီးများကို သတိထားစားသုံးသင့်သည် ။ အမှည့်လွန် သရက်သီးကို စားသုံးပြီး ၀မ်းမထိန်းနိုင်ဖြစ်ကာ ဆေးရုံရောက်ရသည့် လူကြီးများကို မိုးဥတုတွင်တွေ့ရသည် ။
အသီးအနှံပင် ဖြစ်သော်လည်း အမှည့်လွန်လျှင် ၀မ်းဗိုက်ကို ဥပဒ်ပေးတတ်သည် ။
       မိုးရွာထဲတွင် ကြွေကျသည့်သရက်သီးမှည့်များကို ကောက်၍ စားသုံးသည့် ကလေးငယ်များ ခြေအေးဝမ်းရောင်ရောဂါနှင့် ၀မ်းလျှောဝမ်းပျက်ရောဂါဖြစ်ကြသည်ကို တွေ့ရသည် ။ဆေးဆိုးသည့် အစာမှ အန္တရာယ်ရှိသည်မဟုတ်။ မိုးမိကြွေ ၊ လေကြွေ အသီးအနှံများသည်လည်း အစာအိမ်ကို ဒုက္ခပေး တတ်သည်ကို သတိပြုကြစေလိုသည် ။
       ရှေးကလူကြီးများသည် ရေမျောလာသည့်  အသီးအနှံကို  မစားရဟုဆိုသည် ။အချိန်ကြာမြင့်စွာ ရေစိမ်ပြီး ပွလာသည့် အသီးအနှံသည် အစာအိမ်နှင့် မသင့်ပါ ။ အာပေါဓာတ်လွန်ပြီး ပွဖောင်းသည့် အစာသည် ၀မ်းနှင့် ရင်ကို ဥပဒ်ပေးတတ်သည် ။ အချိန်လွန်၍ ရေစိမ်သော ပဲကြီး ၊ ပဲပင်ပေါက် နှင့် ပဲပြားများသည်လည်း ၀မ်းဖော ၀မ်းရောင်ဖြစ်စေနိုင်သည်ဟုဆိုသည် ။
       ယောအတွင်းဝန်မင်းကြီး ဦးဖိုးလှိုင် ရေးသားပြုစုသော ကာယနုပဿနာကျမ်း ( မင်းတုန်းမင်းတရားကြီး လက်ထက်က ပြုစုသည် )  တွင် “ ရုပ်ကိုဖြစ်စေသောဥတု ” အကြောင်းဖော်ပြထားသည်မှာ ...
       အအေးအပူ ဖြစ်သော တေဇောဓာတ်သည် ဥတုမည်၏ ။ ထို တေဇောဓာတ်သည် လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏ ။ လောက ဝေါဟာရအားဖြင့် အအေး ၊ အပူ နှစ်မျိုးရှိသည် ။ ဥတု ဟူသည်ကား တေဇောဓာတ်၏ ရုပ်သဘောဖြစ်၍ ဥပါဒ် ခဏ ၊ ဘင် ခဏသည် စိတ်နှင့်အတူတကွ ဖြစ်သောကြောင့် လည်းကောင်း. . . ဟု ရေးသားထားသည် ။
       ရုပ်သဘောအရ နေကောင်းနေသူသည် ဥတုကြောင့် နေမကောင်းဖြစ်နိုင်သည် ။ ဥတုပျက်ခြင်းကြောင့် ရုပ်ကိုထိခိုက်စေနိုင်သည် ဟုယူဆရမည် ။ ဥတု မကောင်းသည့်အခါတွင် နေကောင်း ကျန်းမာနေသူများပင် အသွားအလာအနေအထိုင်  ဆင်ခြင်သင့်သည့် သဘောဖြစ်သည် ။
        ခြေဖ၀ါးတွင် ပထ၀ီကြောများ ရှိသည်ဟု ဆိုသည် ။ ရှေးကလူများသည် ဖိနပ်မစီးကြ ။ ခြေဖ၀ါးနှင့် မြေကြီးထိ၍ ခရီးသွားကြသည် ။ ထိုအခါ မြေကြီးမှ အခိုးအငွေ့ ပထ၀ီဓာတ်ရ၍ ကျန်းမာသည်ဟုဆိုသည် ။ ကလေးငယ်များကို မြေကြီးပေါ်တွင် ပေး၍ ဆော့ကစားစေလျှင် ကျန်းမာရေးကောင်းစေသည် ၊  သန်မာစေသည်ဟု ဆိုသည် ။
       ဖိနပ်စီးသောခေတ်သို့ ရောက်ရှိလာသောအခါ သားရေဖိနပ် ၊ ရာဘာဖိနပ်များသည် အခိုးပိတ် စေသည်ဟုဆိုသည် ။ တစ်ခါတစ်ရံ ဖိနပ်ချွတ်၍ မြေကြီးပေါ်တွင် လမ်းလျှောက်ပေးလျှင် ကျန်းမာစေနိုင်သည်။ ခြေဖ၀ါးမှ ပထ၀ီကြောများ သန်မာစေနိုင်သည်ဟု ရှေးအယူအဆရှိသည် ။ အုန်းမှုတ်ခွက် နင်းခြင်း ၊ဆားနင်းခြင်းများသည် ခြေဖ၀ါးမှ အခိုးထွက်စေသော နည်းများဖြစ်သည် ။
        ခြေဖ၀ါးကို အချိန်ကြာမြင့်စွာ ရေစိုခြင်းမှာ ဖ၀ါး ပထ၀ီကြောများ အေးစက်ပြီး အခိုးငုပ်စေသဖြင့်  မကောင်းသော အနေအထားဖြစ်သည် ။ ရေစိုသော ခြေထောက်ကို အမြန်ခြောက်သွေ့အောင် ပြုလုပ်သင့်သည် ။ ပြင်ပမှပြန်လာလျှင် ခြေထောက်မှ ရေကို စုပ်ယူနိုင်သည့် ခြေသုတ်ခုံမျိုး ထားသင့်သည် ။ လူကြီးများ ခြေထောက်ရေစိုလျှင် အ၀တ်ခြောက်ဖြင့် သေချာစွာသုတ်ပေးပါ ။
       မိုးဥတုတွင် နေအိမ်ပြင်ပရောက်လျှင် စိုနေသော အ၀တ်အစားများကို လဲခြင်း ၊ ဦးခေါင်းရေစိုလျှင် တဘက်ပ၀ါဖြင့်သုတ်ခြင်း ၊ ခြေနှစ်ဖက် (အထူးသဖြင့်) ခြေဖ၀ါးနှစ်ဖက်ကို ခြောက်သွေ့သောအ၀တ်ဖြင့် ပွတ်ပြီး နွေးထွေးအောင် ပြုလုပ်ခြင်းဖြင့် ခြေအေးဝမ်းရောင်ရောဂါ ၊ နောက်ဆက်တွဲ သွေးတိုးရောဂါများ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပေသည် ။
       ကြည်လွင်မြင့် ( မုဒြာ )
       ကြေးမုံ  ၄-၇-၂၀၁၆
Sunday, August 18, 2019
ယောသူတို့ရွာ
🌳 🌳  ယောသူတို့ရွာ
            ◾ တေးရေး  ဂီတစာဆို စိန်မောင်မြင့်
      [ ( ပုံပြတေးဆို ခု အခြေခိုက်စရာမို့ လုံမလေးကိုနော်ဗျာ သူ့အမေ ရိုက်ပါလို့ ဟိုမှောင်မိုက်မှာတဲ့ ရှိုက်ရှိုက်ကာ ငိုသံတွေ ကြားရသူ ပူဗျာပါပွေ ကိုယ်လေမနေတတ်ပြီမို့ လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ဌာနေ ချစ်သော အညာမြေ )
      မောင်တို့ရွာမှာကွယ် ဘာ ဘာတွေ ပေါတယ် ပင်ထနောင်းနဲ့ ထန်းပင်တွေရယ် မကျည်း ၀ါပင် ပေါပါတယ် မောင်တို့ရွာမှာကွယ် ဘာ ဘာတွေ ပေါပါတယ် ပင်ထနောင်းနဲ့ ထန်းပင်တွေရယ် မကျည်း ၀ါပင် ပေါပါတယ်ဗျ ပင် ပင်နီ ချောရယ်နဲ့ ယောထမီ ယောထမီ မောင့်ချစ်သူလေးကိုလ ဆင်စေ့ချင်သည် လှစေချင်သည် သြော် ပင် ပင်နီ ချောရယ်နဲ့ ယောထမီ ယောထမီ မောင့်ချစ်သူလေးကိုလ ဆင်စေ့ချင်သည် လှစေချင်သည် ပိတ်အင်္ကျီမှာ ကြွေတွေစီလို့ ပိတ်အင်္ကျီ ပိတ်အင်္ကျီမှာ ကြွေတွေစီလို့ ကျောက်ဖန်ကပေါ ယော ယောသူတို့ရွာ
      ( လိုက်ခဲ့ပါလားကွယ် ချစ်သည်းရယ် ပစ်မခွဲလေ ပင်ပန်းရင်လည်း မောင့်ရင်မှာ အပန်းဖြေ ) သွားအတူတူ နားအတူတူ ယုယုယယ မောင်ချစ်မှာပါလေ ]
တီးလုံး သီးသန့် ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/VIhsBS2bb8Xxig
မြန်မာပြည် သိန်းတန် ရဲ့ ယောသူတို့ရွာ
https://yadi.sk/d/6HSr4fMz3NlBWA
ပိုးဒါလီသိန်းတန် ရဲ့ ယောသူတို့ရွာ
https://yadi.sk/d/sN0xi8SVtwwk4Q
ရာဇာဝင်းတင့် ရဲ့ ယောသူတို့ရွာ
https://yadi.sk/d/U287gMsPod0xQA
အောင်ရင် ရဲ့ ယောသူတို့ရွာ
https://yadi.sk/d/bv5qHgAiq92X-g
မင်းအောင် ရဲ့ ယောသူတို့ရွာ
https://yadi.sk/d/P5t2ZBgKTspCgw
အိအိချွန် ရဲ့ ယောသူတို့ရွာ
https://yadi.sk/d/qVr3wpoOwiedJw
Monday, August 12, 2019
ငါ မသေဘူး ရေကူးတတ်တယ်
    ⛱   ငါမသေဘူး ရေကူးတတ်တယ်
၂၀၀၃ ခုနှစ်  မတ်လ ၁၄ ရက်နေ့က အောင်လံမြို့  မြောက်ပိုင်း  ရှေ့ဆောင်  ပွဲရုံသို့ရောက်သောအခါ…။
“ပာာ… ပော့ကောင် ငစံ၊ မင်းဘယ်လိုလုပ်လိုက်တာလဲ”
“အဆင်ပြောင်းမလို့လေကွာ”
“ဘယ်လိုအဆင်ပြောင်းမှာလဲပာ၊ လင်းစမ်းပါဦး”
“ဒီအတိုင်း  လက်မှိုင်ချပြီး  ငုတ်တုတ်ထိုင်နေမယ့်အစား  အဆင်ပြောင်းတာ ကောင်းလိမ့်မယ် ဆိုပြီး ဆော်လိုက်တာပဲကွာ”
ထိုနေ့ကပဲစင်းငုံတစ်တင်း  ၅၅၀၀ ကျပ်ပေါက်လေ၏။ ၆၂၀၀ နဲ့ထည့်ခဲ့သော ပဲစင်းငုံအိတ် ၂၀၀ (တင်း၃၀၀)  ကိုဖိုးစံသည် တစ်တင်း ၇၀၀ အရှုံးခံ၍ ၅၅၀၀ ကျပ်နှင့် ရောင်းလေသည်။ ဖေဖော်ဝါရီ (၇) ရက်နေ့က တစ်တင်း ၉၀၀၀ ကျပ်ဖြစ်စဉ်က မရောင်းဖြစ်လိုက်ပါ။
“ဒီလိုကွာ ၉၀၀၀ ဖြစ်တုန်းက မရောင်းမိ၊ ခုတိုင်းရောင်းမယ်ဆိုလည်း  ရှုံးနေ၊ ဒါပေမယ့် ခုလောလောဆယ် အရှုံးကိုကာမိဖို့ ငါအကြံတစ်ခုရတယ်ကွ”
“အဲ… လုပ်စမ်း”
“အခု… ငါ ဆီစက်ခပ်သေးသေးတစ်လုံး လည်နေတာရှိတယ်မပာုတ်လား၊ အဲဒါကို အကြီးဖြစ်အောင်လုပ်မယ်၊ ဒါမှမပာုတ် အသေးတစ်လုံး ထပ်ဆင်မယ်ကွာ၊ စက်တစ်လုံးတောင် ထပ်မှာပြီးနေပြီ”
“ပော… တယ်ပာုတ်ပါလား”
ကျွန်တော်သူ့အကြံကို သဘောကျသွား၏။ ဂိုထောင်ထဲမှာ ကျဈေးနဲ့ ပိတ်မိနေသော ပဲစင်းငုံများကို ထုတ်ရောင်းပြီး ငွေရပေါက်တစ်ခုဖြစ်အောင် ဖန်ဆင်းခြင်းဖြစ်လေ၏။ ဖိုးစံကား ကျွန်တော်တို့   အထဲတွင် ဦးနှောက် အလွန်ပြေးသူဖြစ်ပါ၏။  ဖိုးစံကား  ကျွန်တော့်အိမ်မှ  မြေကြွက်များကဲ့သို့  အလွန်ဉာဏ်ကောင်းသူဖြစ်ပါ၏။
ကျွန်တော်သည် နှစ်စဉ်  သြဂုတ်လ မြေပဲတောင့်အသစ်ပေါ်သည့်မှစ၍  ပဲတောင့်များ
ဝယ်ရသည်။ မြေပဲတောင့်လှော်၍ရောင်းသည်။  မြေပဲတောင့်အစိုများကို  နေလှန်းရသည်။
ပဲတောင့်များနေလှန်းသောအခါ ပထမ  တစ်ရက်နှစ်ရက် ၁၀-၉  ရက်ထိ မြေကြွက်များရောက်မလာသေး။  ၁၄-၅ ရက်လှန်းမိသောအခါ  သူတို့ရောက်လာပြီ။  မြေပဲတောင့်များကို ဆွဲစားကြလေပြီ။ လူလစ်ပြီဆိုပါက ပဲလှန်းဖျာပေါ်တက်ပြီး ဗြောင်ချီလေသည်။ ပဲတောင့်များသယ်လေသည်။ ကြည့်စမ်း။ ဖျာအောက်နားလေးက မြေကြီးထဲမှာ သူ့တွင်းဝဗျာ့။
ကျွန်တော် ပဲလှန်းတာ သူတို့ဘယ်လိုသိပါလိမ့်၊          နှာခေါင်းခင်ဗျာ့၊ နှာခေါင်းကသိသွားတာ။ မြေပဲဆိုတာ ကြွက်အလွန်ကြိုက်တဲ့ အစာကလားခင်ဗျာ။ တောထဲ မြေပဲခင်းမှာဆို တွင်းအောင်းပြီး မြေကြီးထဲက ပဲတောင့်တွေကိုစားစားပစ်ကြတာ။
“ကျွန်တော် ပဲလှန်း၊ သူတို့ ပဲအနံ့ရပြီဆိုတော့ မြေကြီးထဲကနေ တွင်းဖောက်ပြီး ပဲတောင့်ဆီ အရောက်လာကြတာဗျို့။ ဖျာအောက်တည့်တည့်ကို ရောက်အောင် တွင်းဖောက်ထားတာ။ တစ်ခါတလေ ပဲလှန်းတဲ့ဖျာတောင် အောက်ကနေ တဂျစ်ဂျစ်နဲ့ ကိုက်နေလိုက်သေးဗျာ။ မြေပဲတွေ လှမ်းပြီးပြီ။ ပဲတောင့်တွေခြောက်ပြီ၊ လေးတင်းဝင် အိတ်တွေနဲ့ထည့်ချုပ်၊  ထပ်ထားလိုက်ပြီ၊  သံမံတလင်းပေါ်မှာ။  သိပ်မကြာဘူးဗျို့။ သံမံတလင်း နှုတ်ခမ်းအစပ်မှာ ကြွက်ကျစ်စာတွေ တွေ့ရပြီ။ ကြွက်တွင်းရောက်လာပြီ။ ပိာုးအဝေးကြီးကနေ    သည်အရောက်   ဖောက်လာတာဗျို့။    ညမှောင်မှောင်  လူအလစ်၊ ခွေးအလစ်၊ ကြောင်အလစ်မှာ လှစ်ခနဲထွက်လာပြီ။ ကျွန်တော့်ပဲအိတ်တွေဖောက်ကြပြန်ပြီဗျာ။ အမလေး သည်ကြွက် မလွယ်ပါလားနော်။ ဖိုးစံကား ကျွန်တော့်မိတ်ဆွေ တရုတ်ကြီးလင်မယားနှစ်ယောက်ကဲ့သို့ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင်ရဲသူဖြစ်ပါ၏။
မှတ်မှတ်ရရ ၁၉၇၂ ခုနှစ်ကဗျာ၊  ကျွန်တော်  ကြည့်မြင့်တိုင် ညဈေးနားကပ်နေတဲ့ ရေတွင်းကုန်းမှာ အိမ်ကလေးတစ်လုံးဝယ်တယ်၊  ပျဉ်ထောင်သွပ်မိုး အိမ်ကလေး၊ ရေမီးအစုံ၊ ငွေတစ်သောင်းပဲပေးရတယ်။ တစ်သောင်းဆိုလို့ ပေါ့သေးသေးမထင်နဲ့။
အဲသည်တုန်းက ရွှေတစ်ကျပ်သားမှ ၄၀၀ ရယ်။ အိမ်ဝယ်ပြီး မကြာဘူးဗျို့။ ည ၁၁ နာရီလောက်ကြီး ကြည့်မြင့်တိုင်ညဈေးနားက တရုတ်ကြီးလက်ဖက်ရည်ဆိုင် မီးလောင်ပါလေရော။  မီးသတ်ကားတွေ  လေးဖက်လေးတန်က ညှပ်ပတ်၊ ကြည့်မြင့်တိုင် ညဈေးက ရေလည်းပေါတော့ သူ့ဆိုင်တစ်ဆိုင်ပဲ မီးသင့်တယ်။ ဘေးအိမ်တွေ မကူးဘူးဗျာ။
နောက်နေ့မနက်ကျတော့ တရုတ်ကြီးလင်မယား  မီးလောင်ပြင်မှာ  ကုန်းကုန်းကွကွ  ပိာုပာာ
သည်ပာာ   လိုက်ကောက်နေတာ  တွေ့ရတာပဲ။    သုံးလလောက်ပဲ ကြာမယ်ထင်တယ်။
မီးသင့်ထားတဲ့တိုင်တွေ ထိုးထိုးထောင်ထောင် မည်းမည်းမှောင်မှောင်ကြားထဲမှာ တဲထိုးပြီး လက်ဖက်ရည်ဆိုင် ပြန်ဖွင့်နေပြီဗျာ။ မကြာဘူးဗျို့    လက်ဖက်ရည်ဆိုင်  အလုပ်လည်း ပြန်ပြီး တန်းမိလာတယ်။  မုန့်ဆိုင်မှာဆိုလည်း ဖောက်သည်တွေနဲ့  သီးနေပြီဗျာ။
အာဂလင်မယားဗျာ။  အလုပ်လုပ်ဖို့လူဖြစ်လာတယ်လို့များ  ခံယူထားလေရော့လားမသိ၊ အဲသည်မြင်ကွင်းကို  သည်နေ့ထိ   စိတ်မျက်စိထဲမှာ  မြင်ယောင်နေတုန်းပဲဗျာ။  
ဖိုးစံပာာ ကျွန်တော်တို့  ငယ်ငယ်က လက်ဆော့ခဲ့ကြတဲ့  တောင်ပို့က ခြကလေးတွေနဲ့လည်း
တူတယ်ဗျာ။
ကျွန်တော်တို့  ငယ်ငယ်က အောင်လံမြို့နယ်၊           ဆက်ဆူဝရွာမှာ နွားကျောင်းကြရတယ်။      နွားတွေလွတ်ထား၊ လုပ်ခင်းကိုင်ခင်းထဲ       ၀င်မစားအောင် လိုက်လှည့်၊ တုတ်ကလေး လက်ကကိုင်၊ ဓားမတိုလေးခါးထိုးလို့။  လယ်ကမ်းပါးက ခြတောင်ပို့ဆိုတာတော့ ကျွန်တော့်တို့  နှိပ်စက်ခံဖို့  ဖြစ်တည်လာရသလိုပဲ။ ပိာုကောင်က
ခေါက်၊  သည်ကောင်ကထု၊  ကျွန်တော်တို့ပြန်ပြီဆို  သူ့ခမျာ တုံးလုံးပတ်ခေါက်၊ မရှုရက်စရာဗျာ။    အဲသည်နောက် နှစ်ရက်၊  သုံးရက်ကြာ  အဲသည်နေရာ   ပြန်ရောက်၊ အပေါက်တွေပိတ်ဆို့၊      အချွန်အတက်တွေထွက်၊  ပောာ ပီပီပြင်ပြင်     လှတပတ၊ ခြတောင်ပို့ကလေးတစ်ခု ဖြစ်နေပြန်ပါပြီဗျာ။
                                   မောင်ချမ်းသာ
Thursday, August 1, 2019
ဆီဆမ်းပြီးသားပါ ခင်ဗျား
🍽️    ဆီဆမ်းပြီးသားပါခင်ဗျား
“ ပော့ကောင်ချမ်းသာ ပဲကြီးလှော် ယူဦးကွာ၊ ထန်းရည်နဲ့အတော်ပဲ”
“ပာာ  ငါ့မှာ နှစ်ပိဿာလောက်ကို  ရှိနေသေးတာကွ၊ ထန်းရည်နဲ့  မြည်းဖို့ဝယ်ထားတာ”
“ယူပါဦးသူငယ်ချင်းရာ၊ အရမ်းရှုံးနေလို့ပါ”
“ကဲ… ကဲ… နမူနာပေး”
သူကနမူနာပြတယ်ခင်ဗျာ့။
“ဟင်…  မင်းကလည်း   အတူးအခြစ်တွေကော၊   ကိုက်ဖဲ့တွေရော၊   ဆန်ခါနဲ့ချပြီး သန့်ပစ်မှ ရောင်းပန်းလှတော့မှာပေါ့ကွ”
“ဟာကွာ… အလိုလိုမှ ရှုံးရတဲ့အထဲ”
“ပော့ကောင်… ရှုံးကာမှရှုံးရော၊ သန့်သန့်ပြန့်ပြန့် လှလှပပလေးမှ ဈေးကွက်ဝင်မှာ မောင်”
ကျောင်းနေဖက်သူငယ်ချင်း မောင်ပေရှုးသည်     ပဲကြီး ၀ယ်လှောင်ထားရာမှ မတရား  ဈေးကျသဖြင့် ပဲကြီးလှော်လှော်ပြီး ငွေပေါ်ရောင်းနေလေ၏။
“ဦးရီးတို့များ လှည့်ကြည့်ဖော်တောင်မရဘူး”
“လှည့်ကြည့်ပါတယ်ပာယ်၊ ပာင် နင့်မှာ ငါးတွေအများကြီး ကျန်ပါသေးလား၊ ကဲ… ငါးခူသုံးကောင် အရှိချိန်လိုက်၊ ကြော်စားမှာ အိုးဝင်လုပ်ပေးလိုက်နော်”
ငါးသည်မသည်   ကျွန်တော်ရွေးပေးသော   ငါးခူကြီးသုံးကောင်ကို   အညှီဆီထုတ်၊
ဝမ်းဗိုက်ကိုခွဲ၊  ကြော်လို့ဖြစ်အောင်  မွှန်းပေးလေ၏။  သူတို့ အရောင်းပါးပြီဆို  ကျွန်တော်တို့
ဝယ်လို့ကောင်းတယ်ခင်ဗျာ့၊ မျက်နှာက ပြုံး၊ အသံကချို၊ လက်ကသွက်၊ ကိုယ်လိုချင်တဲ့ပုံစံ
စိတ်တိုင်းကျခင်ဗျာ့။  အဲ…  ပဲာ…  ပာင်း… ပာင်း…      သူတို့ဈေးရောင်းကောင်းနေ
ဝယ်သူတွေ ၀ိုင်းအုံနေလို့ကတော့ အနားမကပ်နဲ့တော့ဗျို့၊  နှုတ်ဆက်ဖို့ခေါ်ဖို့ဝေးစွ၊
လှည့်တောင်မကြည့် မတော်တဆ မြင်သွားရင်တောင် မမြင်ချင်ယောင်ဆောင်နေတယ်ဗျာ့၊
မစားကောင်းတဲ့အသီး ပဒိုင်းသီးကြီးများမှတ်နေလားမသိ။
“ပာင်… အတက်တွေအားကြီးပါလား၊ အလုပ်မရှိအလုပ်ရှာလို့ဟယ်”
“ထမင်းဆိုင်တွေကမှာလို့”
“ပော”
ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အဓိကထားရောင်းသော ဈေးသည်မ မဲတူဆိုင်မှာ တပည့်မကလေးတစ်ယောက်က  ကြက်သွန်ဖြူ အကောင်းကြီးတွေ အတက်ဖဲ့နေတယ်ဗျာ့၊ ဗန်းကြီးတစ်ချပ်၊  အမောက်အဖြိုးရနေပါပြီ။  ဈေးထဲက ကုန်ခြောက်ဆိုင်တွေမှာ  ကြက်သွန်ဖြူအတက်ပဲ့များ  အပုံလိုက် အပုံလိုက် တွေ့ရလေ့ရှိသော်လည်း  အမှုမဲ့အမှတ်မဲ့သာ နေခဲ့မိလေ၏။ ချိန်ရင်းတွယ်ရင်း သယ်ယူရွှေ့ပြောင်းရင်း   ပဲ့ကျသွားသည့်  အတက်ပဲ့များကိုစုထားသည်ပာု   ထင်ခဲ့မိသည်။ ညံ့လိုက်လေခြင်းမောင်ချမ်းသာ   ပာား…  ပာား…  ဒါနဲ့များ  လူတတ်ကြီးလုပ်ပြီး  စီးပွားရေး
ဆောင်းပါးတွေရေးနေပါသတဲ့၊   ပဲာ… ပဲာ။  အခုမှသိရပါသဗျာ။   ထမင်းဆိုင်တွေကိုသွင်းဖို့ တမင် အတက်ဖဲ့ထားကြတာပါတဲ့ဗျာ။  အခွံသင်ပေးမှ  ယူမယ်ဆိုရင်လည်း သင်ပေးမှာပါပဲ။
ကိုယ်ကရောင်းချင်သကိုး။
“ဦးချမ်းသာရေ ရေသန့်ဘူးခွံအကြည်လေးတွေရရင် စုထားပေးပါဗျာ”
“အမလေး ပေါပါ့ဗျာ၊ ကျုပ်တို့အအေးဆိုင်မှာ”
ပြည်မြို့တွင်ဖွင့်ထားသော    ကျွန်တော့်သားရဲ့    အအေးဆိုင်မှာ    တစ်ခါသောက်
ရေသန့်ဘူးခွံ အကြည်တွေ အားကြီးပါ။
“ဘာလုပ်ဖို့လဲ ဆရာသမားရဲ့”
“ဆီထည့်ရောင်းဖို့လေဗျာ့၊ဗ ဘူးကြည်တစ်ဘူး ဆီငါးဆယ်သားအကိုက်ပဲ၊ ဘူးကြည်ဆိုတော့ အရောင်ကိုမြင်သာတယ်ဗျာ့၊ လူတွေကဆီလာဝယ်ရင် အခွံပါမလာခဲ့ဘူး ဗျာ့၊ အဆင့်သင့် ငါးဆယ်သားဝင်ဘူးတွေ ထည့်ထားလိုက်တော့ အကိုက်ပဲလေ”
ဆီစက်သမားဆိုတာကလညိး နှမ်းကလေးဝယ်၊ ဆီကလေးကြိတ်၊ စားအုန်းဆီက
လေးနဲ့ရော၊ တင်ကလိန်ချိတ်၊ အိပ်နေလို့မရဘူးလေဗျာ။ ၀ယ်သူ မ၀ယ်ချင်ဝယ်ချင်အောင်
ဖန်တီးကြရတာကိုးဗျာ့။   ကြည့်ပါလား၊   ပုဆိုးဆိုချုပ်ပြီးသား၊   တံဆိပ်ခွာပြီး   တန်းကောက်
ဝတ်လိုက်ရုံပဲ။  ဘယ်လောက် လွယ်ကူလိုက်သလဲဗျာ။  ဆန်ဆိုလည်း  ရွေးပြီးသား  ပြာပြီး
တီးပြီး၊    လုံးစင်းအိုးဝင်ဗျာ။    ငရုတ်မှုန့်၊  မဆလာ၊   နနွင်းအားလုံး    အဆင်သင့်ချည်းပဲ။
ပောာ်တယ်ကြီးတွေကိုကြည့်ဦးမလား တယ်လီဖုန်းအဆင်သင့်၊ တီဗီအဆင့်သင့်၊ စလောင်း အဆင်သင့်၊  အိပ်ရာဆိုခင်ြး့ပီးသား၊ သန့်လို့ပြန့်လို့၊   ရေခဲသေတ္တာမှာ  ဘီယာအသင့်၊ အချိုရည်အသင့်၊  ရေသန့်ဘူးအသင့်ဗျာ။   ရေပူချိုးမလား၊         ရေအေးချိုးမလား၊ အပူအအေးစပ်ချိုးမလား၊      သွားတိုက်ဆေး၊ သွားတိုက်တံ၊  ဆပ်ပြာ၊      တစ်ရှုးပေပါ အဆင့်သင့်ပါဗျာ။  မွေးကာစ       အူဝဲနီလေးကို  အမိအဖများက   လိုလေသေးမရှိ
စောင့်ရှောက်တဲ့ အတိုင်းပါပဲ။  ငါးခြောက်ဆို  ဖုတ်ပြီး၊  ထုပြီး၊  ကြက်သွန်လှီးပြီး  ဆီဆမ်းပြီး၊
အဆင်သင့်ဖြစ်အောင် စီစဉ်လေ့ရှိတဲ့ အိမ်ရှင်မ ကောင်းလိုပါပဲခင်ဗျာ။ ခုခေတ်ကြီးထဲမှာ ဘာမဆိုလိုလေသေးမရှိပါတဲ့ခင်ဗျာ။ ၀ယ်သူရဲ့ အလိုက် လိုက်ကြရတာ။
                                   မောင်ချမ်းသာ
Monday, July 29, 2019
ခြံစောင့် ခွေးမောင်း ဘဝမှ လွတ်ကင်း၍
🗡   ခြံစောင့် ခွေးမောင်း ဘ၀မှ လွတ်ကင်း၍
         “ အဖေ့ ဧည့်သည် ”
         စာရေးနေရာမှ ဘောပင်ကို အသာချထားပြီး အခန်းအပြင်ဘက် ထွက်ခဲ့ပါ၏ ။
         လူငယ်တစ်ယောက် သားသားနားနား ၀င်းတံခါးရှေ့မှာ ရပ်ထားတဲ့ သူ့ကားက အမြင့်ကား ။
         “ ဆရာ မောင်ချမ်းသာ ဆိုတာ ... ”
         “ ဟုတ်ပါတယ် ငါ့တူ ၊ မောင်ရင် အခုတွေ့နေရတာ မောင်ချမ်းသာပါပဲ ၊ ကဲ ဆို ”
         “ ဆရာ့ဆီက အကြံဥာဏ် တောင်းချင်လို့ပါဆရာ ”
         “ ပြောပါဦး ”
         “ ကျွန်တော ရန်ကုန်မြို့  ........ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ သမက်ပါ ဆရာ ၊ ဆရာနဲ့ တွေ့ချင်နေတာ ဆရာ ၊ ဆရာ့ စာတွေ ဖတ်ပြီး ဆရာနဲ့ တွေ့ချင်နေတာ ဒီလိုပါဆရာ ”
         ( သူဌေးသမက်က အကြံဥာဏ် လိုချင်တယ်ဆိုတော့  ခက်တော့ ခက်သား ၊ သူ့ ယောက္ခမတစ်ယောက်လုံး သူဌေးကြီး ဖြစ်နေပြီးတော့ )
         “ ဆရာ ခဏခဏ ရေးလေ့ရှိတဲ့ သူဌေးသမက်ဟာ သူဌေး မဟုတ်ဘူးဆိုတဲ့ စကားကို ကျွန်တော် လက်ခံပါတယ် ဆရာရယ် ၊ အခုဟာက ဒီထက် ပိုဆိုးနေလို့ ”
         “ ငါ့တူက သူဌေးကြီးရဲ့ သမီးကို ခိုးပြေး ၊ သူဌေးကြီးက ပစ်ထား ၊ သားသမီးတွေ ရမှ သူဌေးကြီးက မြေးတွေ သံယောဇဉ်နဲ့ ပြန်ခေါ်  ဒီလို ဇာတ်လမ်းမျိုးလားကွာ ”
         “ အမှန်ပါပဲ ဆရာ ၊ ကျွန်တော်တို့ ဆယ်တန်းနှစ်မှာ စာမေးပွဲ မဖြေခင် ခိုးပြေးကြတာပါ ဆရာ ”
         “ ဗီဒီယို ရုပ်ရှင် ဇာတ်လမ်းတွေထဲမှာတော့ သူဌေးကြီးက အမျက်ပြေလို့ ပြန်ခေါ် ၊ ချစ်ခင်ရင်းနှီး ဖော်ရွှေစွာ လက်ခံ ၊ မိသားစု ပျော်ရွှင်စွာ နေထိုင်ကြလေတော့သတည်း ဒီလို မဟုတ်ဘူးလားကွာ ”
         “ အဲဒါက ဇာတ်လမ်းပါ ဆရာ ၊ အခု ကျွန်တော့် အဖြစ်က ရင်နာလွန်းလို့ပါ ဆရာရယ် ”
         သူကလေး မျက်နှာ ချက်ချင်း ညှိုးသွားပါ၏ ။ ကြာလျှင် ချုံးပွဲချ ငိုပေတော့မည် ။
         “ လာ ငါ့တူ ”
         ကျွန်တော်က ပရိုက်ဗိတ် အခန်းထဲသို့ ခေါ်သွင်းလိုက်ပါ၏ ။
         “ ကဲ ငါ့တူ ဘာဖြစ်လာသလဲ ၊ ရဲရဲတင်းတင်း ရင်ဖွင့်ပေတော့ ၊ ဒီနေရာကတော့ မင်းနဲ့ငါ နှစ်ယောက်ထဲ ရှိတာ ”
         “ မြေးတွေ သံယောဇဉ်ကြောင့် သူ့ဆီ ပြန်ခေါ်ထားပေမယ့် ကျွန်တော့်ကို အမြင် မကြည်ဘူး ဆရာ ၊ အခု ကျွန်တော်တို့ လင်မယား သားသမီး ငါးယောက်သာ ထွန်းကားကရော ၊ အဘိုးကြီးကတော့ စကားတောင် အဖက်လုပ် မပြောပါဘူး ဆရာ ”
         “ ကျွန်တော့်ကို သူ့ လုပ်ငန်းထဲက လက်တိုလက်တောင်း ခွေးမောင်းခြံစောင့် လောက်သာ ထားတာပါ ဆရာ ”
         “ သူ့ ကားမောင်းပေးရတဲ့ သူ့ ဒရိုင်ဘာ ၊ ဧည့်ခံပွဲမှာ စားပွဲထိုး ”
         “ သဘောပေါက်ပါပြီ ငါ့တူ ၊ မင်းကို လူရာ မသွင်းဘူး ၊ ထမင်းအိုး ဟင်းအိုးထမ်း ၊ အိုးတိုက် ပန်းကန်ဆေး အဆင့်လောက်ပဲ ဆိုပါတော့ ”
         “ အမှန်ပါပဲ ဆရာ ၊ ကျွန်တော် သူဌေးသမက်ဖြစ်ရတာ ဒဏ်နာလွန်းလို့ပါ ဆရာ ၊ သူက လူရာ မသွင်းတော့ ဘေးပတ်ဝန်းကျင်ကလည်း ကျွန်တော့်ကို မတူသလို မတန်သလို သူဌေးပေးထားတဲ့ ဟန်းဖုန်းကလေး ခါးမှာ ချိတ်ပြီး သူဌေးရဲ့ ကားကို မောင်းပြီး ဟန်လုပ်နေတဲ့ ငနဲ  အလကား ကလေကချေကောင်လို့ သဘောထားနေကြတာပါ ဆရာ ”
         “ ဆရာရယ် ဖြစ်နိုင်ရင် ဘ၀ကို တစ်ကတောင် ပြန်စလိုက်ချင်ပါရဲ့ ”
         “ ငါ့တူက လူစွမ်းလူစ မပြဘူးလားကွာ ၊ သူဌေးရဲ့ အလုပ်တွေကို ကူလုပ်မပေးဘူးလားကွာ ”
         “ ကူလုပ်ပေးတာကို သူက လက်မခံဘူး ဆရာ ၊ မြင်းရဲ့ အလုပ်ကို ခွေးက ၀င်ရှုပ်နေတယ်လို့ မြင်နေတာ ဆရာ ”  
         “ လုပ်ငန်းတစ်ခု ထူထောင်ပြီး လူလူသူသူ လုပ်ကြည့်ဖို့ အစွမ်းအစပြဖို့ စိတ်ကူးမကြည့်ဘူးလား ”
         “ ဆရာရယ် ယောက္ခမကြီး ( သူဌေးကြီးကတော် ) ကို ဘုရားလိုက်ပို့ ၊ ခယ်မတွေ ရှော့ပင်း ထွက်တာ လိုက်ပို့ ၊ယောက်ဖတွေ မူးတာ ရမ်းတာ လိုက်ထိန်း ၊ ကျွန်တော့် ကလေးတွေ ကျောင်းပို့ ကျောင်းကြို ”
         “ အင်း ဒီလိုဆိုတော့လဲ ”
         ကျွန်တော် အမျိုးမျိုး စဉ်းစားကြည့်ပါ၏ ။ သည်လူငယ်လေး လမ်းပျောက်နေလေပြီ ။ အိမ်မှုကိစ္စတွေ လုပ်ကိုင်ပေးနေရတာနဲ့ပဲ အချိန်ကုန်ပြီ ။ သူဌေးရဲ့ အိမ်ကျွန်ဘ၀ထဲ နစ်နေလေပြီ ။
         တော်သေးတာပေါ့ ။ သူ့ကောင်မလေးက သူ့ကို ချစ်နေပေသေးလို့ ၊ ပြောစရာဆိုလို့ သည်တစ်ချက် ကလေးသာ ရှိပါ၏ ။
         သူဌေးကြီး၏ အရှိန်အ၀ါ သြဇာအောက် ရှိသူကလေး ပြားပြားဝပ်နေရလေပြီ ။ လမင်းကြီး အရှိန်အ၀ါကြောင့် ပိုးစုန်းကြူး အရောင်မထွက်နိုင်သကဲ့သို့ ။
         “ ဆရာရယ် သူဌေးကြီး ကွယ်လွန်သွားတဲ့ အခါကျရင်တော့ ကျွန်တော် လူရာဝင်လာမလားပဲ ”
         “ မထင်ပါနဲ့ ငါ့တူ ၊ ငါ့တူက သူဌေးကြီးရဲ့ ခြေရာကို နင်းနိုင်မှ လူတစ်လုံး သူတစ်လုံး ဖြစ်လာမှာ ”
         “ ဆရာ  ဒါဖြင့် ကျွန်တော် ဒီတစ်သက် လူဖြစ်ပါဦးတော့မလား ဆရာရယ် ”
         သူ ငိုမဲ့ငိုမဲ့ ဖြစ်လာပြန်ပါ၏ ။
         သူဌေးလက်ထဲ သူ့သမီးကို ပြန်အပ်ပြီး ထွက်ပြေးဖို့ ဆိုတာကလည်း မဖြစ်နိုင် ။ ပြီးတော့ သားသမီးကလည်း ငါးယောက်တောင် မွေးထားပြီးနေပြီ ။
         “ ဆရာ ကျွန်တော် ဘာဆက်လုပ်ရမလဲ ဟင် ”
         “ ဆရာ အကြံဥာဏ်ပေးချင်တာကတော့ ”
         “ ပြောပါဆရာ ”
         သူ့မျက်နှာ အရောင်လက်လာပါ၏ ။
         “ သူဌေးကြီးရဲ့ လောင်းရိပ်အောက်က အမြန်ဆုံး ရုန်းထွက်ပါ ။ ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကြည့်ပါ ။ သူဌေးကြီး အဖြစ်နိုင်တောင်မှ သူဌေးပေါက်စကလေး ဖြစ်အောင် လုပ်ပြပါ ၊ ကိုယ့်အစွမ်းအစ ကိုယ်ပိုင် အရည်အချင်းတွေကို ဖော်ထုတ်ပြီး သုံးကြည့်ပါ ”
         “ ပထမတော့ မင်းတို့ ဘ၀ ခက်ခဲ ပင်ပန်း ကြမ်းတမ်းမယ် ၊ နောက်တော့ လုပ်ရည်ကိုင်ရည် တက်လာလိမ့်မယ် ၊ လုပ်ရင်းကိုင်ရင်း စီးပွါးရှာရင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရလာလိမ့်မယ် ၊ ထွက်ပေါက်ကတော့ ဒီနည်းပဲ ရှိပါတယ် ။ ငါ့တူ သတ္တိရှိရှိနဲ့ စွန့်စွန့်စားစား လုပ်ပြလိုက်ပါ ငါ့တူ ”
         “ ဒီလိုမှ မဟုတ်ရင်တော့ သူဌေးရဲ့ အိမ်ကျွန်ဘ၀က တက်မှာ မဟုတ်ဘူး ။ ဘယ်တော့မှာလဲ သူဌေး ဖြစ်လာမှာ မဟုတ်ဘူး ၊ သူဌေးသမက်ဆိုတဲ့ ရာထူးကနေ အမြန်ဆုံး နှုတ်ထွက်လိုက်ပါ ”
         “ သူဌေးရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ချင်တဲ့နေ့ ၊ လူတစ်လုံး သူတစ်လုံး  ( ကိုယ်စွမ်းကိုယ်စနဲ့ ) ဖြစ်လာတဲ့ နေ့မှာ ငါ့တူ လူရာဝင်လာပါလိမ့်မယ် ”
         “ ဒါထက် ငါ့တူ လက်ဝါးကလေးကို ခဏလောက် ကြည့်ပါရစေ ”
         သူ လက်ဝါးနှစ်ဖက်ကို ဖြန့်ပြပါ၏ ။
         ကျွန်တော်က သူ့ လက်ဝါးများကို သေချာစွာ ကြည့် ၊ ဘောပင်နဲ့ ထောက်ကြည့် ။
         “ အို ငါ့တူက သူဌေးဖြစ်ဖို့ ဇာတာက အရှင်းကြီး ပါနေတာပဲကွာ ၊ မကြောက်ပါနဲ့ ရဲရဲကြီး ရင်ဆိုင်လိုက်စမ်းပါ ”
         “ တကယ်လား ဆရာ ”
         “ တကယ်ပါ ငါ့တူ ၊ ဆရာက မင်းလက္ခဏာကို မြင်တဲ့အတိုင်း ဟောလိုက်တာပါ ”
         “ ဆရာ ဒါဆို ကျွန်တော် ... ”
         “ ငါ့တူမှာ လူစွမ်းလူစ လုပ်ရည်ကိုင်ရည်တွေ အပြည့်ရှိပါတယ်ကွာ ၊ လက္ခဏာမှာ အထင်းသား ပေါ်နေတာပဲဟာ ”
         “ နောက် မင်းသူဌေး ဖြစ်သွားတဲ့အခါ ပြန်ဆုံကြသေးတာပေါ့ ”
         သူကလေး ခေါင်းကိုမော့ ရင်ကိုကော့၍ ရွှင်လန်းတက်ကြွစွာ ပြန်ထွက်သွားပါ၏ ။
         အားလုံးသော သူဌေးသမက် ပေါက်စကလေးများ ခြံစောင့် ခွေးမောင်း နင်းပြားဘ၀မှ လွတ်ကင်း၍ ချမ်းသာကြွယ်ဝသော သူဌေးမင်းများ ဖြစ်ကြပါစေသော် ။
         ( ဘ၀ဆိုတာ လုပ်ယူရင် ရတယ် )
မောင်ချမ်းသာ
မော်ဒန် သတင်းဂျာနယ် ၊ ၁၀ စက်တင်ဘာလ ၂၀၁၀
Wednesday, July 24, 2019
မောင်တို့ ချယ်ရီမြေ
🌸   မောင်တို့ချယ်ရီမြေ  
တေးရေး     အလင်္ကာကျော်စွာ ရွှေပြည်အေး
◾    အို မောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ ဟင်... ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ အတူတူလိုက်မလား သွားမယ်မေ အချစ်ရေ
◾    စိမ်းစိုတင့်မော ယိမ်းမလိုဆင့်နှော အိုချယ်ရီမြေ လန်းတယ်ထိုပန်းကလေးက တဝေေ၀ နမ်းဘွယ် ကိုယ်လှမ်းပေးစရာ့ တချွေချွေ ဂန္ဓာရုံထဲ နှံ့စွာထုံစွဲ သာယာမယ်လေ ချစ်သူပျော်ဘို့ မောင်တို့ ချယ်ရီမြေ ဖွင့်ယူခေါ်လို့ မောင်တို့ ချယ်ရီမြေ
◾   နှစ်ဖြာထွေးတဲ့ ယနေ့ညအခြေ ကမ္ဘာဝေးစေ မမေ့ပေ ရွှင်မဆုံး အပြုံးပန်းပွင့်နေ ခင်ရေ ကြယ်ကလေးများ အဆုံးသို့လေ ရှုစားပုံ မျက်လုံးတွေ မေကစားတာ တ၀င့်ဝင့်ပါနေ ချစ်သည်းစွဲ နစ်ပေါ့မေ ရစ်ဝဲပလေ မြဲတဲ့ နှစ်ဦးမေတ္တာ သစ္စာ မိုးစွေ စိတ်ကူးနဲ့ မြူးတဲ့ဖေ တကယ်ခင်ရင် လာပါမေ မောင်တို့ မောင်တို့ ချယ်ရီမြေ
◾    အို မောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ ဟင်... ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ အတူတူလိုက်မလား သွားမယ်မေ အချစ်ရေ
🌸🌸🌸   🌸🌸🌸   🌸🌸🌸
🌸  စန္ဒရား မျိုးနိုင် ရဲ့ ဂီတ တီးလုံး စာတန်းထိုး video
https://yadi.sk/i/CU2oztRKjZqnOg
🌸 စန္ဒရား မျိုးနိုင်  ရဲ့ ဂီတ တီးလုံး သီးသန့်  mp3
https://yadi.sk/d/CQFLZdKgj91Dbw
🌸  စိုင်းထီးဆိုင် သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့် mp3
https://yadi.sk/d/r50kh2Af1u9_QQ
🌸  ဝင်းဦး
https://yadi.sk/d/3MOQmBTRl7SyVw
🌸 playplay boy သန်းနိုင်
https://yadi.sk/d/q9CUmjSLbvJh5g
🌸 play boy သန်းနိုင် ( ထူးခြားတဲ့ အိပ်မက် စီးရီး မှ)
https://yadi.sk/d/a5QDhkaeOFSquQ
🌸 မြန်မာပြည် သိန်းတန်
https://yadi.sk/d/OWQtFi0C9izbQQ
🌸 သန်းမြတ်စိုး
https://yadi.sk/d/uCony6xITLEHdQ
🌸  စိုင်းထီးဆိုင် + ( မေဆွိ  )
https://yadi.sk/d/JQUQLWmqIvv2Pw
🌸 စိုင်းထီးဆိုင် ( ဝင်းဦး အလွမ်းပြေ စီးရီး မှ  )
https://yadi.sk/d/eVk3gXNYPhExPA
🌸 အောင်ရင် + မေဆွိ
https://yadi.sk/d/wkEvLVxnsaDArQ
🌸 ရန်အောင် ( မြန်မာ့အလှ တေးကဗျာ ၁ စီးရီး မှ )
https://yadi.sk/d/owx8Fclbkbew_Q
🌸 ရန်အောင် ( စိန်စီတဲ့ တေးတစ်ပုဒ် စီးရီး မှ   )
https://yadi.sk/d/CSlHalbLQ0Tq8A
🌸 ရင်ဂို
https://yadi.sk/d/8RxZtnkAO986cA
🌸 မျိုးကျော်မြိုင်
https://yadi.sk/d/Xiu8gsznopkVnw
🌸 အောင်ထက်
https://yadi.sk/d/Pzo3wzDX6HwikA
Wednesday, July 17, 2019
ဗိုလ်အောင်ဆန်း
🏵  ဗိုလ်အောင်ဆန်း
                      တေးရေး ▪ သဟာရဆရာတင်
      ( မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် )  ငါတို့မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ် ငါတို့မြန်မာပြည် မိဘအပေါင်းတို့ကရယ် အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ် အော် ဘုရင့်နောင် နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်
      ( ရာဇ၀င် အတ္ထုပ္ပတ္တိ လည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်  တို့ မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
      ( မြန်မာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ် နေမျိုးသာကီ မြန်မာပြည်လက်ရုံး မြန်မာနိုင်ငံအလုံး ထင်ပေါ်စေတယ် စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ် တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းတွင်စေဖွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ် )
      ( ရာဇ၀င် အတ္ထုပ္ပတ္တိ လည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်  တို့ မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
◾ ကိုမြကြီး ၏  ဗိုလ်အောင်ဆန်း
https://yadi.sk/d/nDMuWkcApgOMCg
◾  ခင်ညွန့်ရီ ၏  ဗိုလ်အောင်ဆန်း
https://yadi.sk/d/H31sTyw-7-4Oqg
◾  ဂီတလုလင် မောင်ကိုကို ၏ ဗိုလ်အောင်ဆန်း စန္ဒရား လက်သံ
https://yadi.sk/d/YxO5KLBxZfqBLg
◾  နိုင်ဇော် ၏ ဗိုလ်အောင်ဆန်း ဂစ်တာ လက်သံ
https://yadi.sk/d/0H2-RtOwM-tP3g
◾  ရဲထွေး ( မြို့မ ) ၏ ဗိုလ်အောင်ဆန်း  တီးလုံးသီးသန့်
https://yadi.sk/d/R4gLybvmPG_5xg
Monday, July 15, 2019
🚩 လွှမ်းမိုး ပြောပြတဲ့ မင်းသားကြီး ၀င်းဦး အကြောင်း
🚩   လွှမ်းမိုး ပြောပြတဲ့ မင်းသားကြီး ၀င်းဦး အကြောင်း
         ဟိုးအရင်က ဘာရယ်လို့မဟုတ် ။ ရည်ရွယ်ချက်မဲ့ “ ဗျူး ” ခဲ့တာတွေကို ကံချွန် ပြန်အမှတ်ရတယ် ခင်ဗျ ။ တေးသံရှင် လွှမ်းမိုး ဟာ မန္တလေးရောက်ရင် ကံချွန်ဆီ ရောက်လာတတ်ပါတယ် ။ လမ်းမှာ မမျှော်လင့်ပဲ တွေ့လို့ လက်ပြ နှုတ်ဆက်တာမျိုး မဟုတ်ပါဘူး ။ ဟိုမေး ၊ ဒီမေးနဲ့ အိမ်ကို လိုက်လာတာပါ ။ ရန်ကုန်မှာတွေ့လည်း ကံချွန်ကို မြင်တာနဲ့ “ အစ်ကို ” လို့ ခေါ်တော့တာ ။ ကံချွန်ရုပ်က နုနေတာကိုး ။ ဒီတော့ သူဟာ ကံချွန်ထက် ငယ်တယ်ဆိုပြီး ကြေညာလိုက်တာနဲ့ သူ့အသက်က ပိုပြီး ငယ်သွားမယ်ပေါ့ ။ ဂိုး ကို ကျောပေးပြိး “ ဘက်ကစ် ” နဲ့ ဂိုးသွင်းတဲ့ သဘောပါပဲ ။
         သူအိမ်လာတုန်း ကံချွန် ဗျူးဖူးတာ ရှိပါတယ် ။ သူပြောတာတွေကတော့ အမှန်တွေပါ ။ ဖြီးတယ်လို့ ယူဆမယ်ဆိုရင်တော့ ခေါင်းထဲမှာ မှတ်ထားတာတွေကို ပြန်တွေးရေးနေတဲ့ ကံချွန်သာ ဖြီးရေးတာဖြစ်ကြောင်း ...
        ဖြီး ...... ။
xxxxx     xxxxx    xxxxxx
         “ ဟေး ....  ကိုလွှမ်း ”
         “ ဟာ ...   အစ်ကို ဘယ်သွားမလို့လဲ ”
         “ ဈေး  ၊  နင်က ဘယ်တုန်း ”
         “ အစ်ကို့ဆီလာတာ ။ ဒီလမ်းထဲမှာဆိုလို့ ၀င်လာတာ ”
         “ ဒါဖြင့် လာလေ ၊ ဟိုရှေ့က အိမ်ပဲ ”
         “ အစ်ကို ဈေးသွားမလို့ဆို ၊ အားရဲ့လား ”
         “ မအားပေမယ့် ရပါတယ် ။ ဈေးသွားရမယ့် ကိစ္စ နောက်မှ လုပ်လိုက်မယ် ။ နင်နဲ့က တွေ့ဖြစ်ခဲတယ် ”
        ( ကံချွန်က အင်တာဗျူးမှာ ကိုလွှမ်းမိုးရဲ့ ငယ်နာမည် စိုးစိုး ကို  မခေါ်ပါ ။ စကားချပ် )
         ကံချွန် နဲ့ လွှမ်းမိုးဟာ အတော်ကြာကြာ စကားတွေ ပြောဖြစ်ပါတယ် ။ ကံချွန့် အိမ်မှာပါ ။ ပြောရင်းကနေ ဘယ်လိုက ဘယ်လို သင်္ကြန်အကြောင်း ရောက်သွားလိုက်မှန်းတော့ မမှတ်မိတော့ပါဘူး ။ မန္တလေး သင်္ကြန်အကြောင်းတွေ ပြောဖြစ်ရော ။ သင်္ကြန်သီချင်းတွေက စသွားတယ် ထင်တာပဲ ။ အဲဒီမှာ ....
         “ မန္တလေးသင်္ကြန်အကြောင်း ပြောရရင် ကျွန်တော် ဦးဝင်းဦး ကို အမှတ်ရမိတယ် ”
         “ မန္တလေးသင်္ကြန်ဟာ ဦးဝင်းဦးသင်္ကြန် ဖြစ်ခဲ့ဖူးတာပဲလေ ”
         “ ကျွန်တော် မန္တလေးသင်္ကြန် မှာ သီချင်း စဆိုတဲ့ ကာလက ကျွန်တော် နာမည်တက်နေချိန်ပေါ့လေ ။ အဲဒီတော့ ဦးဝင်းဦးက မဏ္ဍပ်တွေမှာ ဖိတ်လိုက်ရင် သီချင်းလာဆိုပေးတဲ့နှစ် ။ မြို့မလည်း မဖြစ်ဖူးထင်တယ် ။ အဲဒါတော့ သေသေချာချာ မမှတ်မိတော့ဘူး ။ ဦးဝင်းဦးနဲ့အတူ ကျော်စွာဝင်း တို့ ပါလာတဲ့နှစ်ပဲ ”
         “ ဆက်ပါဦး ”
         “ ကျွန်တော်က နန်းရှေ့က မဏ္ဍပ်မှာဆိုနေတာ ။ ကျွန်တော် ဆိုနေတုန်းပဲ မင်းသားကြီး ရောက်လာတာ ။ မဏ္ဍပ်က တာဝန်ရှိသူက လာပြောတယ် ။ မင်းသားကြီး ရောက်နေတယ်ပေါ့ ။ ဒီတော့ ကျွန်တော်က ပရိသတ်ကို မင်းသားကြီး ရောက်နေလို့ ကျွန်တော် နားပါ့မယ် ။ နားရမလားလို့ မေးလိုက်တယ် ။ ပရိသတ်က မနားပါနဲ့ ။ ကိုလွှမ်းမိုး ဆက်ဆိုပါ ။ စိုးစိုး ဆိုပါဆိုပြီး ၀ိုင်းအော်ကြတာ ။ ဒီလိုနဲ့ ကျွန်တော် ငါးပုဒ် ၊ခြောက်ပုဒ်ဆိုနေလိုက်သေးတယ် ။ ပြီးမှ မင်းသားကြီး ဆိုပြီးမှ ကျွန်တော် တစ်ခါ ပြန်ဆိုပေးပါ့မယ်လို့ နှုတ်ဆက်ပြီး လှည့်ဝင်ခဲ့တာ ။ အစ်ကို စဉ်းစားကြည့်စမ်းပါ ။ မင်းသားကြီး ဘယ်လို နေမလဲလို့ ။ ကျွန်တော် လုံဝ မထင်ဘူး အစ်ကိုရာ ။ ငါတော့ ဂိုးပြီဆိုပြီဆိုပြီး ဖြစ်သွားတယ် ။ မင်းသားကြီးက ပြုံးပြုံးကြီးနဲ့ ကျွန်တော့်ကို လက်ဆွဲ နှုတ်ဆက်ပြီး အစ်ကို မင်းပရိသတ်ပါ ။ မင်းသီချင်းတွေ သိပ်ကြိုက်တာ ပြောရင်း ကျွန်တော့် ပခုံးကို ဖက်ပြီး စင်ရှေ့ ပြန်ခေါ်တယ် ။ ပြီးတော့ “ ကျွန်တော့်ညီက နားချင်ပေမယ့် ကျွန်တော်က နားခွင့် မပေးနိုင်ပါဘူး ။ ကျွန်တော်က မောင်လွှမ်းမိုး ရဲ့ ပရိသတ်ပါ ။ ကဲ ... ညီလေး ၊ အစ်ကိုကြီး က ညီလေးသီချင်းကိ ညီလေးနဲ့အတူ ဆိုမယ် ဆိုပြီး ကျွန်တော့် သီချင်းကို ကျွန်တော့်ပခုံး ဖက်ထားပြီး ဆိုသွားတာ ပရိသတ်က လက်ခုပ် တဖြောင်းဖြောင်းပေါ့ ။ ကျွန်တော် အပြတ်လေးစားသွားတယ် အစ်ကိုရာ ။ မင်းသားကြီးရဲ့ သည်းခံနိုင်မှုရော ၊ အနုပညာဝါရော ၊ ပရိသတ်ကို ထိန်းသွားတဲ့ ပညာရော ၊ ကျွန်တော့်ကို စိတ်ရင်းကောင်းကောင်းထားဖို့ ပညာပေးသွားတာပဲလို့ ခံစားလိုက်ရတယ် ”
         “ နောက်တော့ လွှမ်းမိုး ဆက်ဆိုသေးလား ”
         “ မင်းသားကြီးက ကျွန်တော့်သီချင်းဆိုပြီးတော့ သူ့သီချင်း လေး ငါးပုဒ် ဆိုတယ် ။ ပြီးတော့ ကျွန်တော့်ညီလေး ဆက်ဖျော်ဖြေပါလိမ့်မယ်ဆိုပြီး အလှည့်ပေးတယ် ။ ပရိသတ်က မင်းသားကြီး တစ်ပုဒ်လောက် ဆိုပါဦးလို့ တောင်းဆိုတာကိုပဲ  အပြုံးလေးနဲ့ တောင်းပန်ပြီး ကျွန်တော့်ညီလေးရဲ့ သီချင်းကို ကျွန်တော်ကိုယ်တိုင်က နားထောင်ချင်လို့ပါ ။ သူ့ကို အလှည့်ပေးပါရစေ ဆိုပြီး နောက်ဆုတ်တာ ၊ ကျွန်တော့်ကို ပညာတွေ အများကြီး ပေးသွားတယ်ဗျာ ။ အရမ်းလေးစားသွားတယ် ”
xxxxx     xxxxx     xxxxx
         ဒါက လွမ်းမိုးပြောတဲ့ ဦးဝင်းဦးရဲ့ အကြောင်းပါ ။ ပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ ဒီအဓိပ္ပါယ်ပါပဲ ။ သုံးနှုန်းခဲ့တဲ့ စကားလုံးကတော့ ကွဲပြားနိုင်ပါတယ် ။ မင်းသားကြီးရဲ့ နည်းပညာ ၊ အတတ်ပညာ ၊ စိတ်သဘောထား အားလုံးဟာ ကျွန်တော်တို့ စိတ်နဲ့ တိုက်ဆိုင်တာ ရှိကောင်းမှ ရှိမယ် ။ အကြိုက်ချင်း ကွဲပြားတာ ရှိကောင်းရှိမယ် ။ ဒါပေမယ့် မင်းသားကြီး တော်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ တစ်ညီတစ်ညွတ်တည်း လက်ခံရမှာပါပဲ ။
ကံချွန်
၂၃ - ၂ - ၉၉
အလင်းတန်းဂျာနယ်
Friday, July 5, 2019
ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ်
🚘  ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ်
         “ အဲဒါ မင်းဘယ်လိုသဘောရသလဲ ”
         “ သူတို့ စိတ်ကူးထားတဲ့ ကုန်လှောင်ဖို့ ငွေထုတ်ချေးဖို့ ဆိုတာကတော့ လွယ်တော့ လွယ်တာပေါ့ အစ်ကိုကြီး ၊ ဒါပေမယ့် ဒီအလုပ်တွေက တကယ် မသေချာ မရေရာတဲ့ အလုပ်တွေ ၊ ဒီအလုပ်တွေက လောင်းကစာနဲ့ သိပ်မထူးလှဘူး ”
         “ ငါလဲ ဒီသဘောပဲ ဒါပေမယ့် သူတို့က ငါ့လာ အပူကပ်နေတော့ ”
         “ ခက်တယ် အစ်ကိုကြီး ဒီမှာ လုပ်စားလို့ ရလောက်တဲ့ ပညာ တစ်ခုခု ပါလာတယ် ဆိုရင်တော့ ”
        ၂၀၀၅ ခုနှစ် သြဂုတ်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က အစ်ကိုကြီး ကိုတင်ရှိန်နဲ့ ကျွန်တော် ပြောဖြစ်ကြတဲ့ စကားတွေပါ ခင်ဗျာ ။
         သူ့တူတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရာက ပြန်လာကြတယ် ။ ငွေတွေ ပါလာတယ် ။ သည်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေတယ် ။
         အဲဒါ အစ်ကိုကြီး နဲ့ ကျွန်တော် စကားစပ်မိစပ်ရာ ပြောကြတာ ။
         ဖြစ်တတ်ပါတယ် ။ စမ်းတ၀ါးဝါး ။
         တချို့ကျတော့ နိုင်ငံခြားသွား အလုပ်လုပ်ကြတယ် ။ သည်မှာ သုံးလို့ရမယ့်ပညာတွေ ၊ လုပ်စားလို့ ဖြစ်နိုင်လောက်တဲ့ ပညာတွေပါ တတ်လာခဲ့ကြတယ် ။
         သူတို့ကျတော့ ပါလာတဲ့ ငွေကို ရင်းနှီးပြီး လုပ်ငန်းတစ်ခု ဖတ်ခနဲ ကောက်ထူထောင်လိုက်ရုံပဲ ။
         နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ လူတွေထဲမျာ ကျွန်တော့်တူ မောင်ကောင်းကြီး ကတော့ .. ။
         “ မပြောချင်တော့ပါဘူးဟယ် ”
         “ ဒါဖြင့်လဲ မပြောပါနဲ့တော့ အစ်မရယ် ”
         “ ဟေ့ အေး ငါပြောလိုက်ရမှ ဒါမှ ငါ့ရင်ထဲက အလုံးကြီး ကျသွားမှာ ”
         သြော် လူ့သဘာဝ ၊ ရင်ထဲက အလုံးကြီးကို သူတစ်ပါးထံ အံချ ဖွင့်ချလိုက်ရရင် ရင်ရှင်းသွားသတဲ့ဗျာ ။
         “ အင်း အင်း ဆိုပါဦး ”
         “ ငါ့ဟယ် ငါ့သား မောင်ကောင်းကြီးပေါ့ ၊ နိုင်ငံခြားထွက်ချင်လှချည်ရဲ့ ၊ သင်္ဘောတက်ချင်လှချည်ရဲ့ ဆိုလို့ ငါ့ ဗင်ကားလေး ရောင်းပြီး သင်္ဘောပေါ် တင်ပေးလိုက်တာ ”
         “ အမှန် အကန်လိုင်းလား ”
         “ အမှန်အကန်လိုင်းပါဟယ် ၊ အဲဒါ ငါ့မှာ စိတ်ချလက်ချ ရှိနေတုန်း ဗြုန်းဆို ပြန်ရောက်လာရောဟယ် ၊ ဘာကြာတုန်း ၊ သင်္ဘောပေါ်မှာ သုံးလတည်းရယ် ”
         “ နေထိုင် မကောင်းလို့လား အစ်မ ”
         “ အကောင်း ပကတိကြီးပါတော် ”
         “ ဟင် ဒါနဲ့များ ”
         “ ဒီကောင်က လက်ကြောမတင်းတော့ သင်္ဘောပေါ်က မောင်းချလိုက်တာပေါ့ ၊ အိမ်မှာ နေတုန်းကလဲ သူက ပေါ်ကြော့ဟဲ့ ”
         “ ဒါဖြင့် ဘာလို့ ”
         “ အမယ်လေးဟယ် သေမတတ် ပူဆာ တညည်းညည်း တညူညူ ဂျီတိုက်နေတော့ နားအေး ပြီးရောဆိုပြီး ကားလေးရောင်းပြီး ရင်းလိုက်တာ ”
         “ နေဦး အစ်မ ဒီကားလေး ရောင်းလိုက်တုန်းက ဘယ်လောက်ရတုန်း ”
         “ ခြောက်သိန်းခွဲလေ ”
         “ အင်း အစ်မ ကျွန်တော်က ကားနဲ့ပတ်သက်ရင် ဘာမှ မသိဘူး ။ နုံတယ် ဆိုဆို ၊ အတယ် ဆိုဆို အဲဒီ အစ်မတို့ ရောင်းလိုက်တဲ့ ကားမျိုး ဒီနေ့ဆို ဘယ်လောက် တန်ပါ့မလဲ ”
         “ သိန်းနှစ်ရာ့ငါးဆယ် အောက်ထစ်ပေါ့ ငါ့မောင်ရယ် ”
         ဟုတ်ပေလိမ့်မည် ။ ၁၉၉၅ ခုနှစ် ဧပြီလက ကျွန်တော့်သူငယ်ချင်း ရွှေချစ် ဆိုတဲ့ကောင် ကားဝယ်တာ လေးသိန်းကျော်လေးပဲ ပေးရတယ် ။
         ဟိုတလောလေးက မေးကြည့်မိတော့ သိန်းနှစ်ရာ့ငါးဆယ် ခြောက်ဆယ် လောက် ပေါက်တယ်တဲ့ ခင်ဗျာ ။
         ( ပိုင်ရှင်ကို မမေးရဲဘူး ၊ ဘေးလူကို တီးခေါက်ကြည့်တာ ) ။
         ၁၉၉၅ - ယနေ့ ၂၀၀၅ - ဆယ်နှစ် အတွင်း ဖြစ်သွားတာ ။
         “ ငါ့ဟယ် အဲဒီကားကလေးသာ ရောင်းမပစ်လိုက်ရဘူးဆိုရင် ဒီနေ့ ”
         “ ဟုတ်တာပေါ့ အစ်မ ဒါလေးရောင်းပြီး စီးပွါးရေး လုပ်ငန်းတစ်ခု ထူထောင်လို့ ရသေးတာပေါ့ ”
         “ အဲဒါ ငါပြောတာ ”
         “ အခုကော အစ်မသား ဘာတွေ လုပ်နေတုန်း ၊ စီပွါးရေး တစ်ခုခု ”
         “ အမယ်လေး ဟိုအလုပ်က သူနဲ့ မတန်ဘူး ၊ ဒီအလုပ်ကိုဖြင့် မကြိုက်ဘူးနဲ့ သင်္ဘောသားလူထွက်ကြီးက အိမ်မှာ ယောင်တောင်ပေါင်တောင်ပါပဲဟယ် ”
         သြော် ကျွန်တော့် အစ်မကြီးရဲ့ အဖြစ်က မလွယ်ပါလား ။
         “ ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ် ငါ့မောင်ရယ် ”
         ကျွန်တော် ချက်ချင်း ထွက်ပြေးခဲ့ပါ၏ ။ မတော် ကျွန်တော့်ရှေ့မှာ ငိုနေမှဖြင့် ။
                မောင်ချမ်းသာ
                ကုမုဒြာ ၊ ၂၃ စက်တင်ဘာ ၂၀၀၅
Thursday, June 27, 2019
ချိန်းထားတဲ့ နေ့ ချိန်းထားတဲ့ နာရီ
🕐   ချိန်းထားတဲ့ နေ့ ချိန်းထားတဲ့ နာရီ
         “ ဟ ဟေ့ကောင် မင်းအသက်အရွယ်ကြီးနဲ့ ”
         “ လုပ်ပြီ ဦိးနားဝေးကတော့ ဆုံးအောင်များ ဖတ်ကြည့်စမ်းပါဦးတဲ့လား ”
         “ အေးပါမောင် ”
         ဤသို့ဖြင့် ဇာတ်လမ်းက စလေ၏ ။
         “ ဟင် အစ်ကိုလေး သန်းမောင် အဲဒါ ဘာလုပ်တယ် ”
         “ ဆားဗစ်ကျင်းလကွာ ”
         ( ဘာလဲတော့ မသိဘူးဗျာ ၊ ကျွန်တော်တို့ အောင်လံမှာ ရေလောင်းအိမ်သာဆောက်ဖို့ မြေကြီးကို တွင်းကြီး တူးပြီး မြေနုတ်ပစ်တာကို ဆားဗစ်ကျင်းလို့ ခေါ်ကြတာပဲ ၊ ပန်းရန်စကားလား ဘာလားမသိ။ )
         “ ဟာဗျာ မိုးတွင်းကြီးကျခါမှ ”
         “ အေးလကွာ ခုမှပဲ ”
         ကျွန်တော် ၂၀၀၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျွန်တော့် ယောက်ဖ ကိုသန်းမောင်အိမ်ကို ရောက်သွားတော့ လူသုံးလေးယောက် မိုးကာကြီး မိုးပြီး မြေနုတ်နေကြတာ တွေ့သဗျာ့ ။ ဒါနဲ့ ကျွန်တော်က မေးမိ ။
         အမှန်မှာ ခုရက်လောက်ဆို ပြီးဖို့ သင့်နေပါပြီ ။
         ဖြစ်ပုံက သည်လိုပါ ။
         ယောက်ဖက ခြောက်ဘီးကားကို ၁၀ ဘီးလုပ်ချင်တယ် ။ ကားပြောင်းမယ် ဆိုတော့ ငွေက လိုက်ရမယ် ။ ဒါနဲ့ ဘေးမှာ ကျန်နေသေးတဲ့ မြေကွက်ကို ပိုင်းပြီး ရောင်း ၊ ရောင်းလို့ ရတဲ့ ပိုက်ဆံ ကားထဲ ထည့် ၊ ခြောက်ဘီးက ၁၀ ဘီး ဖြစ်သွား ။
         အကွက် တစ်ခြမ်းတော့ ပဲ့သွားတာပေါ့လေ ။
         ဖဲ့ရောင်းလိုက်ရတဲ့ အကွက်ထဲမှာ ရေလောင်းအိမ်သာက ပါသွားတယ် ။
         ဟိုက စောင့်နေတယ် ။ ခြောက်လလည်း ပြည့်ရော ခြံစည်းရိုး ခတ်လိုက်ရော ။
         ဟော ဖိုးသန်းမောင်တို့ မိသားစု အောက်ရှင်းဖို့ ခက်သွားရောဗျာ ။
         အေးပါကွာ သူ့ရက်မှ မရောက်သေးတာ ၊ အေးပါကွာ လုပ်မှာပေါ့ ဘာခက်တာမှတ်လို့ ။
         ကျွန်တော်က ကြုံတဲ့အခါ တိုက်တွန်းမိတယ် ။ ဖိုးသန်းမောင်က အေးဆေးပဲ ။
         ဘေးက ၀င်ပြောတဲ့ ကျွန်တော့်ကိုတောင် စိတ်က ချဉ်နေပုံ ရတယ် ။
         ဟုတ်တယ် ။ ကျွန်တော်ကလည်း မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင် ။
         ခုတော့ ကဲ မှတ်ကရော ။ ဟင်း ကောင်းတယ် ။
         ကျွန်တော် ကြိတ်ပြီး ပြုံးမိ ။ ဘယ့်နှယ်ဗျာ ဟိုဘက်က ခြောက်လကြီးတောင် အချိန်ပေးထားတာ ။
         အဲဒါကို မထုံတက်သေး လုပ်နေတာ ။
         ဟိုဘက်လူက ခြံစည်းရိုးလုပ်တာ တကယ်ဆို ခြောက်လ မကပါဘူးဗျာ ။ ရက်တောင် နည်းနည်း စွန်းပါသေးတယ် ။
         အခု တကယ် ပိတ်လိုက်တော့ မိုးရွာရက်ထဲ ရောက်နေပြီ ။ မိုးထဲရေထဲ မိုးကာမိုးပြီး လှော်ခတ်နေရပြီ ။ မှတ်လဟ ။
         လူ တော်တော်များဟာ သည်လိုပဲ ။ ခပ်ပေါ့ပေါ့ လုပ်တတ်ကြတယ် ။
         ချိန်းထားတဲ့ ရက် နီးနေပြီ ။ ချိန်းထားတဲ့ရက် ရောက်နေပြီ ။ ချိန်းထားတဲ့ရက် ကျော်နေပြီ ။ မလာသေးဘူး ။ အကြွေး မဆပ်သေးဘူး ။ ကုန် မအပ်သေးဘူး ။ တစ်ဖက်လူက လည်ပင်း တရှည်ရှည် ။ သည်ဘက်လူက ဤ လေး အာ လေး ။ ကြာတော့ စိတ်မရှည်ဘူး ။ စကားတွေ ပြောရ ။ စကားတွေ များကြ ။ ရန်တွေ ဖြစ်ကြ ။ ရုံးတွေ ဂတ်တွေ ရောက်ကြ ။ တရားတွေ ဖြစ်ကြ ။ ထောင်တွေ ကျကြ ။ ဘယ်က စပါသလဲ ။ မလေးစားတာက စတာပါ ခင်ဗျာ ။
         ကျွန်တော်တို့ စီးပွါးရေးလောကမှာ မိမိထက် ငယ်သူပဲ ဖြစ်ဖြစ် ၊ မိမိထက် ကြီးသူပဲ ဖြစ်ဖြစ် အလုပ်ဟာ အလုပ်ပဲ ခင်ဗျာ့ ။
         အလုပ်နဲ့ ပတ်သက်လာရင် အလွန်လေးစားကြပါတယ် ။ ချိန်းတဲ့ရက်ကို ဂရုစိုက်ကြရပါတယ် ။
         လေးစာတဲ့ လူ ၊ ဂရုစိုက်တဲ့ လူ ၊ တိကျတဲ့ လူ ကြီးပွါးသွားတာပဲဗျာ့ ။
မောင်ချမ်းသာ
ကုမုဒြာ ၊  ၈ ဇူလိုင်လ ၂၀၀၅
Monday, June 24, 2019
မေတ္တာ ဆိုတာ ခွင့်လွှတ်ခြင်း
💕   မေတ္တာဆိုတာ ခွင့်လွှတ်ခြင်း
                  ◾ တေးရေး မောင်ဆွေနွယ်
          တံလျှပ်ရေထင် ရွှေသမင် အလိုက်လွဲသည့်ပမာ မိုက်မဲမိတာကလည်း မောင့်ရဲ့အပြစ်ပါ အတတ်နိုင်ဆုံး ကြိုးစားကာ မေ့ဦးမှာ ဓနငွေစက်ယန္တရားကြားမှ မရွှေအထက်တန်းစားက အလှကြွေ ပျက်ခမ်းသွားရအောင်လည်း  ပြုပဲပြုရက်တယ်လို့သာ
         လူသိရှင်ကြား သတင်းပေးသလို သီချင်းကလေး ဆို၍ ဝေဒနာကို မကြောညာတော့ဘူး အညာ
         ( နှုတ်မဆက်ဘဲ ခွဲခွါသည့်အခါမှာ ရုတ်တရက်လည်း အသည်းနာမိတာ အမှန်ပါ  ) သို့သော်လည်း သစ္စာကိုသာ အသိညွှတ်နှင်းကာ မေတ္တာဆိုတာ ခွင့်လွှတ်ခြင်းဟာ  စိတ်ချမ်းသာမယ်ဆိုရင် စိတ်ချမ်းသာသလို မုန်းပါ မေ့ပါ ရက်စက်ပါ လွမ်းအသည်းညှာ သက်သေပြကာ ၀မ်းနည်းစရာ အရှက်မပြေသမျှသာ လမ်းခွဲမှာ မျက်ရည်မကျဘူး အညာ ကဗျာဖွဲ့လို့ ညာတဲ့သူကို အယူခံ မ၀င်ချင်သူပါ
         လူသိရှင်ကြား သတင်းပေးသလို သီချင်းကလေး ဆို၍ ဝေဒနာကို မကြေညာတော့ဘူး အညာ
◾   ကိုတင်ဝင်း ( မူရင်းသီဆိုသူပါ  ) ။
` စမ်းရေ ´ သီချင်းကို သူပဲ သီဆိုတာပါ ။ သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/Hi1HMu81nKrhcw
 ◾  ကိုတင်လှိုင်
သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/CJDJzgprrppi_Q
◾  အနိုင်
သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/H8zo76W2t0RNkA
 ◾ နီနီဝင်းရွှေ
သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/YHBHP0JwNEFLag
ဆရာ ဒုံမင်း ဦးဆန်းတင့် ရဲ့ လက်သံ သီးသန့် ကို လည်း အောက်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/WOpMUl6kRriyKA
အနိုင် သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့်ပါ။
https://yadi.sk/d/udb9zoKrqOBBDg
Thursday, June 20, 2019
ရှမ်း လူမျိုးတို့၏ ရာသီပွဲများ
🅣🅐🅘   ရှမ်းလူမျိုးတို့၏ ရာသီပွဲများ
        တစ်နှစ်တွင် ဆယ့်နှစ်လ ရှိသည့်အနက် ရှမ်းလူမျိုးများသည် သူ့လနှင့်သူရာသီပွဲများ သတ်မှတ် ထားရှိပေသည် ။ ဗုဒ္ဓဘာသာကို အလွန် ရိုသေ ကိုင်းရှိုင်းကြသော လူမျိုးများ ဖြစ်သည့်အလျောက် ရာသီအလိုက် ကျင်းပသော ပွဲများမှာလည်း ဘာသာရေးနှင့် ယှက်နွှယ်လျက်ရှိ၏ ။
         ယခု ဖော်ပြသည့် ရှမ်းလူမျိုးတို့၏ ရာသီပွဲများ အကြောင်းသည် ပြီးပြည့်စုံသည်ဟု မယုဆစေလိုပါ ။ ရှာဖွေ စုဆောင်း မှတ်သားရသရွေ့သာ ဖြစ်၍ လိုအပ်ဖြည့်စွက်ရန် ရှိသည်များကို တတ်သိနားလည်သော ပညာရှင်များ ဆက်လက်ရေးသားကြရန်ကိုလည်း မေတ္တာရပ်ခံလိုပါသည်။
 ◾ နတ်တော်လ(လိန်စိင်)
         ပွဲလမ်းသဘင် အများဆုံးသော ရှမ်းလူမျိုးတို့၏ နှစ်ဦးကာလ မြတ်သော လပေတည်း။
         ကောက်သစ်များ ရိတ်သိမ်းသူ ရိတ်သိမ်းနေကြပြီ။ ရိတ်သိမ်းရန် ပြင်ဆင်သူများကလည်း ပြင်ဆင်နေကြချိန်ဖြစ်၏ ။ အချို့ကလည်း စပါးကျီသွင်း၍ တလင်းသိမ်းကြလေပြီ ။ နတ်တော်လဆန်း ( ၁ ) ရက်နေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည့်အတိုင်း နှစ်သစ်ကူးပွဲနှင့် ကောက်သစ်စားပွဲကို ကျင်းပကြသည်။ ကောက်သစ်စားပွဲ ကျင်းပရာတွင် ပေါ်ဦးပေါ်ဖျား ကောက်သစ်ဆန်များဖြင့် ထမင်းထုပ်၊ ခေါပုတ်များ ပြုလုပ်ပြီး ရှေးဦးစွာ ဘုရားဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း ပြုလုပ်ကြပြီးနောက် စပါးသီးနှံ ဆန်စပါးအဖြစ် ရောက်ရှိအောင် ထွန်ယက်ပေးသော ကျွဲနွားများကို ဂုဏ်ပြုကျေးဇူးဆပ်သော အနေနှင့် လူတို့မစားသောက်မီ စားဦးစားဖျား ထမင်း နှင့် ခေါပုတ်များကို အရင်ကျွေးမွေးကြသည် ။ ပြီးမှ သက်ကြီး ရွယ်အိုများကို ကျွေးမွေးကန်တော့ကြသည် ။ လူငယ်များ စုပေါင်း၍ တပျော်တပါး စားသောက်ခြင်း ပြုကြ၏။
         ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းကမူ တစ်အိမ်လျှင်ဆန်အနည်းငယ်၊ ဟင်းအနည်းငယ်စီ ယူဆောင်လာကြပြီး အားလုံးစုပေါင်း၍ ထမင်းနှင့်ဟင်း ရောပြွမ်းချက်သည့် ( ခေါက်တမွတ်း ) ကို တပျော်တပါး စားသောက်ကြသည်။၎င်းနောက် ၀ိုင်းပတ်ကာ တစ်ဦးခြေလှမ်းကို တစ်ဦးက စီးချက်ဝါးချက်ဖြင့် လိုက်ကရသော ( လာမ်းဝိန်း ) ခေါ် ယမုံးကကို ၀ိုင်းဖွဲ့ကကြသည်။ ဤလ၌ ရှမ်းလူမျိုးတို့ အမြတ်တနိုးပြုကြသော ( မောက်ကော်န် ) ( ၀ါ ) ( မောက်စိင် ) ခေါ် ချယ်ရီပန်းတို့ ပွင့်လန်းရာ အခါသမယလည်း ချယ်ရီပန်းသည် အပွင့်မရှိခင်က အကျည်းတန်သော်လည်း ပန်းများ ပွင့်လာချိန်တွင် မျက်စိပသာဒတွင် ရှုမငြီးလှသည်ဖြစ်ရာ ပေါ်ဦးပေါ်ဖျား ချယ်ရီပန်းများကို ဘုရားလှူရန် နှင့် ညောင်ရေအိုး ထိုးရန်မှအပ ချိုးဖဲ့ဖျက်စီးခြင်း မပြုကြပေ။
         ရှေးအခါကာလက စော်ဘွားဟော်နန်းများ ဆောက်လုပ် ရာတွင် အထွတ်အမြတ် ဖြစ်သော ထုပ်တန်း ( မိုက်ကွမ် ) များကို ချယ်ရီသားများဖြင့် ထည့်သွင်း ဆောက်လုပ်ရကြောင်း မှတ်သားရဖူး၏ ။ ရဟန်း သံဃာတော်များကလည်း တစ်နှစ်ပတ်လုံး ပြစ်မှားမိခဲ့သမျှကို ( ပွိုင်းဝါတ် ) ခေါ် ၀တ်ဖြေပွဲ ( ၀ါ ) အာပတ်ဖြေပွဲများကို တခမ်းတနား ပြုလုပ်ကြလေသည် ။ ကောက်သစ်လည်း စပေါ်၊ လယ်ယာလုပ်ငန်းခွင်မှလည်း အားလပ်ချိန်ဖြစ်သည့် အလျောက် သေဆုံးသွားပြီဖြစ်သော မိမိတို့ ဆွေမျိုးမိဘများ ၊ အဖိုးအဖွားများအား ရည်စူး၍ ရပ်ဝေး ရပ်နီးရှိ ဆွေမျိုးဉာတိများ စုပေါင်းလျက် သေဆုံးသွားသူများ အတွက် ဆွမ်းကျွေး အမျှတမ်းဝေခြင်း ၊ ပိဋကတ် စာပေလှူဒါန်းခြင်းများ ပြုကြ၏။
◾  ပြာသိုလ(လိန်ကမ်)
        ရှောင်ကြဉ်သောလ ( သို့မဟုတ် ) ( လိန်ကမ် ) အထောက်အကူပြုသော လ ဟုဆိုသည် ။ ဤလတွင် မိမိတို့ပိုင် ဥစ္စာပစ္စည်းများကို အပြင်သို့ ထုတ်ခြင်း မပြုကြပေ။စပါးကျီ အတွင်းရှိ စပါးများကိုပင် ထုတ်ရောင်းချခြင်း ၊ မီးဖို မှ ပြာများ သွန်ခြင်းနှင့် အိုးသစ် အိမ်သစ် ထူထောင်ခြင်းများကို ရှောင်ကြဉ်ကြရသည်။ ချမ်းအေးသော ဆောင်းကာလ ဟေမန္တရာသီဖြစ်သည်နှင့်အညီ သိုင်း ၊ ဗန်တို ၊ ဗန်ရှည်သင်ပွဲများ ၊ ဆေးမင်ကြောင် ထိုးပွဲများ ကျင်းပ၏။
◾  တပို့တွဲလ(လိန်ဆမ်)
         သုံးလပိုင်းဟု အဓိပ္ပါယ်ရသည်။ ( ခေါက်ယာဂု ) ခေါ် ကောက်ညှင်းနှင့် ကြံသကာ ရော၍ ပေါင်းပြီး နှမ်း ၊ မြေပဲဆံ ၊ သစ်ကြားသီး ၊ အုန်သီးစသည်များဖြင့် ပြုလုပ်ထားသော ရှမ်း ထမနဲများကို တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် ပေးကမ်းဝေငှခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း ၊ အိုးစည် ဗုံမောင်းများ ပျော်ရွှင်စွာ တီးခတ် ကခုန်ကြခြင်း ၊ ဥပုသ် သီတင်းသီလ ဆောက်တည်ခြင်းများ ပြုကြ၏။
◾  တပေါင်းလ(လိန်ဆီ)
         လေးလပိုင်း ဖြစ်သည် ။ တပေါင်း ဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည် ။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စုံလှပေသည် ။ လယ်ယာလုပ်ငန်းခွင် အားလပ်၍ ငွေပေါချိန်ဖြစ်ရာ စုပေါင်းရှင်ပြု ရဟန်းခံပွဲများမှာလည်း နေရာမလပ်ဖြစ်၏။ ရှမ်းပြည် မြောက်ပိုင်းတိုင်း ဘုရားပွဲတော်များအနက် ဘော်ကြိုတပေါင်းပွဲ၊ သိန္နီ တပေါင်းပွဲ နှင့် လားရှိုး မန်ဆူ တပေါင်းပွဲ များမှာ ကြက်ပျံမကျ စည်ကားလှပေသည်။
◾ တန်ခူးလ(လိန်ဟာ့)
         ငါးလပိုင်း သင်္ကြန်သမယဖြစ်၏ ။ သင်္ကြန်မကျမီ တစ်ရက် အကြိုနေ့တွင် လှူဖွယ်တန်းဖွယ် ပစ္စည်းများ ၊ မုန့်ဖက်ထုပ်ပြုလုပ်ရန် ဖက်များ ၀ယ်ခြင်း နှင့် စပါး(သို့မဟုတ်) ပြောင်းဖူးစေ့များ လှော်၍ ပေါက်ပေါက်ပြုလုပ်ခြင်းများ ပြုကြသည်။ ညနေပိုင်းတွင် အိမ်တွင်ဖြစ်စေ ၊ ရေချောင်းကမ်းစပ်များ၌ ဖြစ်စေ မုန့်ထုပ် မုန့်ပေါင်းခြင်း၊ တပျော်တပါး ၀ိုင်းဖွဲ့ စားသောက်ခြင်းများ ပြုကြ၏ ။ မုန့်ထုပ်မုန့်ပေါင်းရာသို့ တစ်အိမ်နှင့် တစ်အိမ် ၀ိုင်းဝန်းကူညီခြင်းများ ပြုကြလေသည် ။ သင်္ကြန် အကျနေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ဥပုသ်သီတင်းဆောက်တည်၊ တရား ဓမ္မ နာယူခြင်းများ ပြုကြ၏ ။ (ရှမ်းလူမျိုးတို့သည်သင်္ကြန်အကျနေ့ကို အထွတ်အမြတ်ထားကြပြီး ရေကစားခြင်း မပြုကြပေ။)
         သင်္ကြန် အကြတ်နေ့ ၊ ဤနေ့ကို ( ၀မ်းနောက် ) ရက်ပုပ်ဟုယူဆကာ သစ်ဝါးခုတ်ခြင်း၊ ဆန်ဖွတ် မောင်းထောင်းခြင်း မပြုကြဘဲ သူတော်စင်များက ဥပုသ်သီတင်းဆောက်တည်၍ ကျန်လူများက အေးအေးလူလူ အနားယူကြသည် ။ ရေကစားခြင်းလည်း မပြုကြပေ။
         တံငါ မုဆိုးများကမူ ဤနေ့ ဤရက်တွင် တောစောင့် တောင်စောင့်နတ်၊ ရေစောင့် မြေစောင့်နတ်များ ၊ ဥပုသ်ဆောင် ၀င်နေကြသဖြင့် သားငါး တိရစ္ဆာန်များကို မစောင့်ရှောက်ကြဟု အယူရှိပြီး တောလိုက် ငါးဖမ်းခြင်း ပြုလုပ်ကြ၏။ သို့ရာတွင် ဆေးရုံအမှုထမ်းများ၏ မှတ်သား ပြောကြားချက် အရမူ ဤနေ့တွင် ထိုသူများ အပျော်ကျူးမှုကြောင့် အချင်းချင်း မှားယွင်း ပစ်ခတ်ဒဏ်ရာရခြင်း ၊ ရေနစ်ခြင်းများ အများဆုံးတွေ့ရ၏။ သင်္ကြန် အတက်နေ့ကို နေ့ကောင်းရက်သာ မင်္ဂလာအခါ ဟုဆိုကာ ဘုန်းကြီးကျောင်း
သို့သွား၍ ရဟန်းစုံ သံဃာစုံ ကန်တော့ခြင်း၊ တစ်ရွာနှင့် တစ်ရွာ သွားရောက်လည်ပတ်၍ မုန့်ဖက်ထုပ်များ အပြန်အလှန်ပေးဝေခြင်း၊ ရေကစားခြင်း ပြုကြသည်။ ရေကစားကြရာတွင် သမီးပျိုများရှိရာ အိမ်သို့ လူပျိုကာလသားများ လာရောက်ရေကစားခွင့်ရေပက်ခွင့် တောင်းလျှင် သမီးရှင်မိဘများက ကြည်ကြည်ဖြူဖြူ ရေပက်ခွင့်ပေးရ၏။ မဟုတ်ပါက “ ခင်ဗျားတို့ သမီးတော့ သင်္ကြန်ရေ မထိရရင် တစ်နှစ်တော့ အရွယ်လွန်အုံးမှာဘဲဗျို့ ” ဟု လှောင်ပြောင်ခြင်း ခံကြရသည် ၊ သင်္ကြန်တက်ပြီးနောက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့ ) တွင် ထမင်းထုပ် ဟင်းထုပ်များဖြင့် လူကြီးမိဘများကို သွားရောက် ကျွေးမွေးကန်တော့ခြင်း ၊ တစ်ရွာနှင့် တစ်ရွာ မုန့်ထုပ်များ ပေးပို့ ဂါရ၀ပြုခြင်း၊ ဘုန်းကြီးကျောင်းများသို့ သွားရောက် ကန်တော့ လှူဒါန်း ဒါနပြုခြင်းများ ဆောင်ရွက်ကြ၏။
         ဘုန်းကြီးကျောင်းများမှာ ဘုရားရေသပ္ပယ်၍ ပြန်လာသူများကို အပြန် လမ်းတစ်လျှောက်တွင် လူငယ်လူရွယ်များက ( ကန်တော့နမ့်ခါ )  “  ရေကန်တော့ပါရစေ ခင်ဗျာ ” ဟု ယဉ်ကျေးသိမ်မွေ့စွာ ခွင့်ပန်ကာ ရေပက်ဖျန်းကြလေသည် ။ ရေကစားရာတွင် ဦးခေါင်း ဆံပင်ကို ရေမထိစေရန် အထူးဂရုစိုက်ကြရ၏။ အောက်ပိုင်းကိုသာ ရေလောင်းကြရပြီး ညစ်ညမ်း မသန့်ရှင်းသော ရေများဖြင့်ပက်ခြင်း ၊ နှမချင်း မစာနာ ဆူညံစွာ အော်ဟစ်လှောင်ပြောင်မှုများကို အထူးရှောင်ရှားကြပေသည်။
         ညပိုင်းတွင် ပျော်ရွှင်တတ်သူများက ဖိုးသူတော်ရုပ် ၊ ရသေ့ရုပ် ၊ ရှင်လောင်းရုပ်များ ပြုလုပ်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ တစ်အိမ်တက်ဆင်း ကောင်းချီးပေး ပျော်ရွှင်ပွဲများ ပြုကြ၏ ။ အိမ်ရှင်အား ကျန်းမာချမ်းသာ၍ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ ဆထက်ထမ်းပိုး တိုးတက်စေကြောင်း ဆုမွန်ကောင်းများ တောင်းကာ အိမ်ရှင်၏ ဆန္ဒအတိုင်း ( ကွမ်းမတ် ) ခေါ် အမှာစကား တေးသီချင်းများ ဆိုပြရသည်။
         သင်္ကြန် မုန့်ဖက်ထုပ်သည် ကြာလေ ကောင်းလေ ဟောင်းလေ သစ်လေ ဆိုသည့်ပမာ ရက်ကြာသွား၍ မုန့်များ မာတောင့်သွားသည့်တိုင် စားရသူများအတွက် မငြီးငွေ့နိုင်အောင်ဖြစ်၏ ။ ထို့ကြောင့် အိမ်သို့ လာရောက် ကောင်းချီးပေး ဆုမွန်တောင်းသူတီးခတ် ကခုန်သူများကို မုန့်ဖက်ထုပ်များ ပြန်ပေါင်း၍ တဖုံ ၊ မီးကင်၍ တစ်မျိုး၊ ရေနွေးကြမ်းအိုးများဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးကြလေသည်။
◾ ကဆုန်လ(လိန်ဟုတ်းက်)
         ခြောက်လဟူ၍ဖြစ်၏ ။ ကဆုန် ညောင်ရေသွန်းခြင်း ၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း နှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲများ ၊ ဓမ္မ သဘင်ပွဲများ ပြုကြသည်။
◾ နယုန်လ(လိန်စိတ်း)
         ခုနစ်လပိုင်းဟု အဓိပ္ပါယ်ရ၏ ။ ၀ါဝင်တော့မည် ဖြစ်သဖြင့် ရဟန်းခံရှင်ပြုပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြသည် ။ ရှင်ပြုပွဲများကို သုံးလေးရက်ကြာမျှ စည်ကားခမ်းနားစွာ ကျွေးမွေး ဧည့်ခံလျက် ပြုလုပ်ကြ၏ ။ ရှင်ပြုပွဲ ပထမနေ့တွင် ပွဲဝင် တရားဓမ္မ နာယူကြ၍ ဒုတိယနေ့၌ ရှင်လောင်းပြပွဲ ၊ ဧည့်ပရိသတ်များ ဧည့်ခံ ကျွေးမွေးပွဲနှင့် တတိယနေ့တွင် သင်္ကန်းဆည်းခြင်း ၊ ရေစက်သွန်းချအမျှဝေခြင်း ပြုကြသည် ။ စတုတ္ထနေ့ နံနက်တွင်ကား ရှင်မည်ခံပွဲ ၊ အလှူ့ဒကာ ၊ အလှူ့အမတို့အား ဒါနရှင် ဘွဲ့ အမည်ပေးအပ်ပွဲပြုကြ၏ ။ ရှင်လောင်းပြပွဲ ကျင်းပသောနေ့တွင် ရှင်လောင်းများကို ပခုံးထက်တင်၍ အိုးစည်ဗုံမောင်း တီးခတ်ကာ ရှင်လောင်းအက ပြိုင်ပွဲများလည်း တပျော်တပါး ကျင်းပကြသည်။
        အလှူပွဲသို့ အခြားရပ်ရွာမှ လာရောက်သူများသည် အကူပစ္စည်းများနှင့် အတူရွာပြင်တွင် ခေတ္တ စခန်းချ ရပ်နားနေကြရပြီး နေ၀င်မိုးချုပ်သည့် အချိန်ကျမှ သေနတ် ဗျောက်အိုးများ ပစ်ဖောက်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ ရွာတွင်းသို့ဝင်လာကြလေသည်။
         ရွာခံ အလှူ့ရှင်ဘက်ကလည်း သေနတ်ဗျောက်အိုးများ ပြန်လည်ပစ်ဖောက်ခြင်း ၊ အိုးစည်ဗုံမောင်းများ တီးခတ် ကခုန်လျက် ရွာအ၀င်ဝမှ ကြိုဆို ခေါ်ဆောင်လာပြီး အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြ၏ ။
◾  ၀ါဆိုလ(လိန်ပျတ်)
         ရှစ်လပိုင်းတည်း ။ လပြည့်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက် အလှူဒါနပြုကာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။
         ဘုန်းကြီးကျောင်းတွင် လူငယ်အမျိုးသမီးများက ဥပုသ်သီလ ယူသူများအား ထမင်းထုပ် ၊ ဟင်းထုပ်များ ကမ်းလှမ်း ကျွေးမွေးကြ၏ ။ ၎င်းနောက် စားကြွင်းစားကျန်များကို စုပေါင်းသိမ်းဆည်းကာ တပျော်တပါး ၀ိုင်းဖွဲ့စားသောက်ကြသည် ။ စားကြွင်းစားကျန်များ သိမ်းဆည်း စုပေါင်းစားသောက်ကြခြင်းမှာ လူကြီးသူမများအပေါ် လေးစားရိုသေခြင်းကို ပြသကြခြင်းဖြစ်၏ ။ ဥပုသ်သည်များကလည်း လူငယ်များကို အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းပေးကြသည် ။ ငွေကြေးတတ်နိုင်သူများက ကျောင်းသို့ လာရောက်သူများ လူစေ့သက်စေ့ လူတစ်ဦးလျှင် ငွေတစ်မတ်ကျ ပေးကမ်းလှူဒါန်းကြသည်။ (မတ်)ဆိုသော စကားလုံးသည် အသိအမှတ်ပြုခြင်းဟု အဓိပ္ပါယ်ရ၏ ။
        ဘယဆေးဝါး ရောင်းဝယ် လုပ်ကိုင်သူများသည် ဥပုသ်သီလ ဆောက်တည်သူများကို ဆေးဝါးများ ပေးကမ်းလှူဒါန်းဒါနပြုကြသည်။
◾  ၀ါခေါင်လ(လိန်ကောက်)
         ကိုးလပိုင်း ဖြစ်၏ ။ ၀ါခေါင်လကွယ်နေ့ ညသည် တစ်နှစ်အတွင်း အမှောင်မိုက်ဆုံး အချိန်ဟုဆိုသည် ။ ၎င်းနေ့ ညပိုင်းတွင် ထင်းရှူးမီးတိုင် ဆီမီးဖယောင်းတိုင်များကို ရပ်ရွာ၏ အထင်ကရ တောင်များ သစ်ကြီး ၀ါးကြီးများ၌ ထွန်းညှိကြ၏ ။
◾  တော်သလင်းလ(လိန်ဆစ်းမ်)
         ဆယ်လပိုင်းတည်း ။ မိမိတို့ ကိုးကွယ်သော ဘုန်းကြီးကျောင်းများအတွက် တစ်နှစ်တာ လိုအပ်မည့် ပစ္စည်းများကို လပြည့်နေ့တွင် စုပေါင်းလှူဒါန်းပွဲ ပြုလုပ်ကြ၏။
         မြို့စောင့် ရွာစောင့်နတ်စင်များကို မွမ်းမံပြင်ဆင်ခြင်း ၊ ကန်တော့ခြင်း ပြုကြသည် ။
◾  သီတင်းကျွတ်လ(လိန်ဆင်းလိန်ဆင်းအေးတ်)
         ဆယ်တစ်လပိုင်း ဖြစ်၏ ။ အိမ်တိုင်းတွင် ( ချိန်ဆန်ပုတ် ) ခေါ် သင်ပုတ်စင်( ရှင်ဥပဂုတ်စင် ) များထိုး၍ မိမိတို့ လယ်ယာခြံမြေထွက် သစ်သီးဝလံ ၊ စပါးများ ချိတ်ဆွဲခြင်း ၊ သင်ပုတ်စင်ဒေါင့်တွင် ကြံရွက် ငှက်ပျောရွက်များ စိုက်ခြင်းနှင့် လပြည့်နေ့ မနက်စောစောတွင် အိမ်ရှိအိမ်သား အားလုံးတို့က ဆွမ်းကပ်ခြင်း ၊ ကန်တော့ခြင်းပြုကြသည် ။ လပြည့် အဖိတ်နေ့ ညမှ လပြည့်ကျော် တစ်ရက်ထိ မိမိတို့ အိမ်ရှိ ပန်းကန်ခွက်ယောက်မှအစ ပရိဘောဂပစ္စည်းပစ္စယအစုံ၊ ရေတွင်းရေကန် ၊ အိမ်သာ ၊ လှေကားထစ်မှစ၍ ဆီမီးများ ထွန်းညှိပေးကြ၏။
          လပြည့်နေ့တွင်ဘုန်းကြီးကျောင်းသို့ သွားရောက် လှူဒါန်းကန်တော့ကာ သီတင်းသီလ ဆောက်တည်ကြသည် ။ အချို့ဒေသများ၌ နတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရား ကြွလာဟန်ဖြင့် မြင့်မိုရ်တောင်သဖွယ် စင်မြင့်ကြီးဆောက်ပြီး ရဟန်းသံဃာတော်များ တက်ရောက်စေကာ လှေကားထစ်မှ ကြွဆင်းလာစဉ် အောက်မှ ဒကာ ဒကာမများက စောင့်၍ ဆွမ်းလောင်းခြင်း ပြုကြ၏။
         လူငယ်လူရွယ်များက ထမင်းထုပ်၊ ဟင်းထုပ်၊ စားသောက်စရာများဖြင့် ဆရာမိဘများထံ သွားရောက် ကျွေးမွေး ကန်တော့ကြသည် ။ ညအခါ ဘုန်းကြီးကျောင်းသို့ လာရောက်သူများကို ကောက်ညှင်းပေါင်း ၊ ဆီထမင်း ၊ ရေနွေးကြမ်းများ ကျွေးမွေးဒါနပြုခြင်း ၊ တိုးနယား ၊ ကိန္နရာ ၊ သိုင်းအကများ ကပြဖြေဖျော်ခြင်း ပြုကြသည် ။
◾  တန်ဆောင်မုန်းလ(လိန်ဆစ်ပ်ဆောင်)
         ဆယ့်နှစ်လ ။  ရှမ်းလူမျိုးတို့ ၏ တစ်နှစ်တာ နောက်ဆုံးဖြစ်၏ ။ ကောင်းကင် အဇဋာတစ်ခွင် ကြယ်တာရာနက္ခတ် စုံလင်သည့် အပြင် သစ်သီးဝလံ၊ ပန်းမန်တို့ အစုံလင်ဆုံးသော အခါသမယ ဖြစ်သည်။ စပါးသီးနှံ ၊ ရွှေရောင်လျှံကာ လေယူရာတိမ်း ယိမ်းနွဲ့လှုပ်ရှားနေပုံများကို ကြည့်ကာ စိုက်ပျိုးသူ လယ်ယာဦးကြီးများ တစိမ့်စိမ့်ကြည့်ကာ ကြည်နူးရသည့်အခါလည်း ဖြစ်၏။
         ဤလ၌ စပါးသီးနှံများ ရိတ်သိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလျက် ကောက်သစ်ကြိုဆိုပွဲ ပြုကြသည်။
         သင်ဖြူးကော်ဇောခင်း ၊ ရာဇမတ်ကာလျက် စင်ထိုးပြီး စာတော်ဖတ် စာရေးများက ( လိတ်ပူဖန်ခေါက် ) ခေါ် ဆန်ဝဉာဏ်အဖိုးနှင့် နောင်နှစ်များတွင် စပါးသီးနှံ ပိုမိုထွက်ရှိရေး အတွက် ဆုတောင်းခြင်း ပြုကြ၏။
         ရှမ်းစာဆိုတော်ကြီး ( စ၀်ကန်းဆေ ) သည် တန်ဆောင်မုန်း လဆန်း တစ်ရက်နေ့တွင် ဖွားသန့်စင်ပြီး အခြားအခြားသော ရှမ်းစာဆိုတော်ကြီးများမှာလည်း ဤ တန်ဆောင်မုန်းလ အတွင်း မွေးဖွားကြသည်ဖြစ်၍ လဆန်းတစ်ရက်နေ့မှ လကွယ်နေ့အထိ စာဆိုတော်လ အဖြစ်တခမ်းတနား ကျင်းပကြသည်။
        ( ၀မ်းခူးမော် ) စာဆိုတော်နေ့ ကျင်းပခြင်းမှာ ၎င်းတို့ရေးသားထားခဲ့သော ပိဋကတ်စာပေ ၊ သုတ္တန်ဒေသနာ ဆုံးမစာများကို မှတ်သားနာယူရသဖြင့် ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသောအနေ ဖြစ်သည်။
         စာဆိုတော်ကြီးများ ကွယ်လွန် မရှိတော့သည်ဖြစ်သော်လည်း သူတို့၏စာ ၊ သူတို့၏ ဆုံးမစကားများသည် ယခင်က ရှိခဲ့သလို ယခုလည်း ရှိနေ၏ ။ နောင်တွင်လည်း ဆက်လက်၍ တည်တံ့နေဦးမည်ဟူ၍ ဖြစ်ပါသတည်း ။
စိုင်းညွန့်မောင်(လားရှိုး)
မှတ်ချက်။ ။၁၉၇၄-ခုနှစ်၊ ဒီဇင်ဘာလထုတ်  သံလွင်ဦး  မဂ္ဂဇင်း စာမျက်နှာ(၂၃ မှ ၂၆ထိ)၌ လာရှိသော ဆောင်းပါးကိုပြန်၍ စာစီရိုက်ထားပါသည်။
Sunday, June 16, 2019
တောင်တော်ပုပ္ပါး
◼ တောင်တော်ပုပ္ပါး (တေးရေး  ကံမြဲအေးကျော်)
         [ ( သီရိ မင်္ဂလာ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ) စက်ကုန်းမို့မို့မှာ ကြွခုံးလို့ ယှဉ်ကာပြိုင် ဣန္ဒနီလာ ပြာပြာမှိုင်းမောက် မြခနောက်သို့ဆိုင် လေးထောင်ကျော် ပေမြင့်မား ၀င့်ကြွားပေစွ မြင့်မားလေစွ မိုးကောင်းကင်တိုင် မြင်းခြံခရိုင် တစ်ခုတည်းသော ရွှေပုပ္ပါးတဲ့ ကဗ္ဗည်းကျောက်စာတိုင် ]
         ( နဂါးလိမ် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့ မေရယ် ပန်းခက်က ဝေတယ် ) ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ကေခိုင် တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်
         မြရွှေတောင် ပုပ္ပါး မြင့်မားဝတိံတိုင် စုံတောမြိုင် ဂနိုင်ချောင်က ပန်းစကားမာလာကြိုင် ရွှေနဲ့များ ယိုးစွဲ ထင်မှားနိုင်  ဟေ၀န်စုံမြိုင် ရင်သတ်ရှုမောလောက်ဖွယ် ထူးတဆန်းဆန်း စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင် ကြည်နူးဖွယ် ကေသီခိုင် ကြွမြန်းခဲ့တော့ ပုပ္ပါးတောင်မဏ္ဍိုင်
         ( တောင်သူယာသမား အညာသားတို့၏ ပြဒါးမှတ်တိုင် ရွှေမိုးတွေ ညို့လို့ ညိုရင် ခမောက်ကိုယ်စီဆောင်းကာ လယ်ယာကန်သင်း ဆင်းကြ မြိုင်မြိုင် ချောင်းကလျှံ ကန်ရေတိုး သီးနှံတွေ ဖြိုးလို့ ဝေကာမြိုင်မြိုင် စိမ်းညို့ညို့ ယိမ်းလို့လို့ မြသား ယာမြေ ရှုမငြီးနိုင် စကားစိမ်း ကြိုင်ကြိုင်  စကားဝါ လှိုင်လှိုင် ချူလှည့် မေရဲ့ ပုပ္ပါးတောင်မဏ္ဍိုင် )
         ( နဂါးလိမ် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့ မေရယ် ပန်းခက်က ဝေတယ် ) ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ကေခိုင် တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်
ဒီသီချင်းရဲ့ မူရင်းသီဆိုသူက မြင်းခြံ ကိုဘသောင်းပါ ။
သူ့သီချင်း လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/YPMRDwZrz5MlJQ
နောက် ရာမ လည်းဆိုထားပါတယ် ။ သူ့သီချင်းတွေက နဲနဲပဲထွက်တယ် ။ သီချင်းခွေ စီစဉ်တာပဲများတာ ။ သူ နဲ့ သူ့တပည့် နောင် တို့ အသေစောလို့ နှမြောမိပါတယ်ဗျာ ။
သူ့သီချင်း လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/VB1oQC9aM0K1sg
နောက်တစ်ဦးက မောင်မောင်ထိပ် ပါ ။ ပုပ္ပါး နဲ့ စပ်ဆိုင်တဲ့ သီချင်းတွေပဲ စီးရီးတစ်ခု ထွက်ထားပါတယ် ။
သူ့ရဲ့ သီချင်း လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/IXKLCc0mzyV1Qg
မောင်မောင်ထိပ် ဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့်ပါ။
https://yadi.sk/d/6ybWzWhuPRv22w
Thursday, June 13, 2019
သည်လိုပဲ အမြဲ ရနေဦးမလား
🍹🍾   သည်လိုပဲ အမြဲ ရနေဦးမလား
         “ လေးလေးရယ် ခုမှတော့ လွန်ခဲ့ပါပြီ ။ ပြန်မလာတော့ပါဘူး ”
         ကား ဒရိုင်ဘာ ကိုသိန်းမောင်ကြီးက ဆွေးဆွေးမြည့်မြည့် ပြောလေ၏ ။
         “ ကဲ မှာ ဂျမ်းလား ၊ စာနီလား ၊ ဘီယာလား ”
         “ ဖြတ်လိုက်ပြီ ၊ အမြည်းပဲ စားတော့မယ် ၊ နာတယ် လေးလေး ”
         “ နောက်ကျသွားပါပြီ ”
         “ ကျွန်တော်တို့ ”
         မှန်ပါသည် ။ ကျွန်တော်တို့ ဆိုရာ၌ ကိုသိန်းမောင်ကြီး နှင့် ပုလင်းတူ ဘူးဆို့များထဲ၌ ကျွန်တော် မောင်ချမ်းသာလည်း အပါအ၀င် ဖြစ်လေသည် ။
         ကိုသိန်းမောင်ကြီး မိုးကောင်းခဲ့သော ကာလများ ။ ၁၉၇၇ - ၁၉၈၇ - ၁၉၉၅ ကာလများ ။
         ထိုစဉ်က ကျွန်တော် မောင်ချမ်းသာက တောမြေပဲ ကုန်သည် ။ ကိုသိန်းမောင်က ကားစပယ်ယာ ၊ ထို့နောက် ဒရိုင်ဘာ ၊ ထို့နောက် အုံနာ ။
         တွဲမိခဲ့ကြသည် ။ သူ့ဘက်က ကုန်ရရေးအတွက် ၊ ကျွန်တော်တို့ဘက်က ကုန်များ အချိန်မီ မြို့သို့ ရောက်ရေးအတွက် ။
        သောက်ဟယ် ၊ စားဟယ် ၊ ပျော်သမှ အရမ်းကို ပျော်ခဲ့ကြ ။ ငွေထုပ်ကလေးက အိတ်ထဲ အမြဲ ရှိနေသကိုး ။
         ကိုသိန်းမောင်ကြီးသည် စပယ်ယာ ၊ ဒရိုင်ဘာ ၊ အုံနာ ရာထူး အဆင့်ဆင့် တက်ပြီးနောက် ရာထူး အကြီးအကျယ် လျော့ကျကာ တောရွာမှာ ယာလုပ်သည့် အဆင့်သို့ ရောက်သွားလေတော့၏ ။
         ယခုအခါမှာတော့ ဒုတိယ ရာထူးဖြစ်သော ဒရိုင်ဘာ အဖြစ် အဝေးပြေး ဆယ်ဘီးကားကြီးများပေါ် ရောက်နေလေပြီ ။
         “ မစုဘူး ၊ မစုခဲ့မိဘူး ၊ စုရကောင်းမှန်းကို မသိခဲ့တာ ”
         “ အမှန်အတိုင်း ပြောရရင် ဒီလိုပဲ အမြဲ ရနေလိမ့်မယ်လို့ ထင်ခဲ့မိတာ ”
         “ မင်းချည်းမှ မဟုတ်ပါဘူးကွာ ၊ ငါလဲ ဒီလိုပါပဲ ”
         “ ၁၉၇၄ - ၁၉၈၀ ရန်ကုန် ကြည့်မြင်တိုင် ညဈေးတန်းမှာ မောင်ချမ်းသာက မှောင်ခို အထည်သည်ကလေးပါ ခင်ဗျာ ။
         ရောင်းကောင်းတဲ့ နေ့များဆို
         “ လာကြဟေ့ ကျွဲခေါင်း ပေါက်စီ ”
         ညဈေး သိမ်းပြီဆို အပေါင်းအဖော်များနှင့် လက်ဖက်ရည်ဆိုင်သွား ။
         “ ကဲ ချလကွာ ကျွဲခေါင်း ပေါက်စီ ”
         “ အဲသည်တုန်းက ကြည့်မြင်တိုင်က လက်ဖက်ရည်ဆိုင် ( နာမည်မေ့ ) မှာ ကျွဲခေါင်းပေါက်စီက နာမည်ကြီးဗျာ ။ အလုံးထွားထွား ၊ အသားများများ ၊ ရှည်ချွန်းချွန်း ၊ တကယ့် ကျွဲခေါင်းကြီးလိုပါပဲ ။
         တစ်ခါတလေကျတော့ ကြည့်မြင်တိုင်ဘူတာနားက ဆိတ်သားခပတ်ဆိုင် ။
         “ လုပ်ဟေ့ စပါယ်ရှယ် ”
         အပေါင်းအသင်းများနှင့်ပါပဲ ။ တစ်လတစ်လ ထောင့်လေးငါးရာ နှစ်ထောင်ရပါ၏ ။ မိသားစု ငါးယောက် ရရစားစား ၀ါးဝါးမျိုမျို ။
         မစုမိပါ ၊ ဘာမျှ မစုခဲ့မိပါ ။ ရန်ကုန်မှ အောင်လံသို့ ပြန်ပြောင်းသောအခါ အိမ်ရောင်းလို့ ရသော ပိုက်ဆံကလေးသာ လက်ထဲ ပါခဲ့ပါ၏ ။
         ထိုအကြောင်းကို ကပ္ပိယ ဦးစံမြင့် သို့ ပြောမိသောအခါ ။
         “ ဟာ ဆရာက ဘာဟုတ်သေးလဲဗျာ ”
         “ ကျွန်တော့် အဖြစ်ကမှ ”
         အောင်လံကနေ မန္တလေး တစ်ခေါက်ဆို အမြတ် ငါးထောင်ရတယ် ဆရာ ။ အဲဒီတုန်းက ငါးထောင်ဆိုတာ ”
         “ သိတယ် သိတယ် ၊ ကြက်သား တစ်ပိဿာမှ တစ်ဆယ် ၊ ဆယ့်နှစ်ကျပ် ပေးရတဲ့ ခေတ်မို့လား ”
         “ မှန်တာပေါ့ ဆရာ ၊ ရွှေ တစ်ကျပ်သား ကျပ် ၁၅၀၀ ၊ ကျပ် ၁၆၀၀ ခေတ်ပါ ဆရာ ။ ရွှေ သုံးကျပ်သားဖိုးလောက် ကိုယ်တွက်ကျန်တာ ဆရာရေ့ ”
         “ အဲဒါ သုံးဟယ် စားဟယ် ဟိုတယ်တက်ဟယ် နဲ့ ဘာမှ ကောင်းကောင်း မစုမိဘူးဆရာ ”
         “ ဒီလိုပဲ အမြဲ ရနေလိမ့်မယ်လို့ မှတ်တာကိုး ”
         “ ဖြစ်ချင်တော့ ”
         “ အင်း ပြောပါဦး ”
         “ ဖြစ်ချင်တော့ ကျွန်တော်တို့ လိုင်း ပျောက်သွားတယ် ဆရာ ၊ ခေတ်ကုန်သွားတယ် ”
         “ ဘာလိုင်းလဲ ဗျာ့ ”
         “ ဘိလပ်မြေလိုင်းလေ ၊ ၁၉၉၀ ခုနှစ် နောက်ပိုင်း ဘိလပ်မြေ စက်ရုံတွေ အလျှိုအလျှို ၊ ဘိလပ်မြေတွေ တံဆိပ်မျိုးစုံနဲ့ ထွက်လာတော့ ”
         “ အင်း ဟုတ်ပြီ ဟုတ်ပြီ ”
         “ လိုင်းပျောက် ခေတ်ပျောက်သွားတော့ ”
         “ ဆရာရယ် လိုင်းပျောက် ခေတ်ပျောက်သွားတော့ အခု ကျွန်တော် ဘုန်းကြီးကျောင်းမှာ ထင်းပေါက်ရတဲ့ ဘ၀ ရောက်သွားတော့တာပေါ့ ဆရာရယ် ”
         မှန်ပါပေသည် ။ မှန်ပါပေသည် ။ မိုးသည် အမြဲ မကောင်းတတ်ပါ ။ လေသည်လည်း အမြဲ သဘောကောင်း မနေတတ်ပါ ။ ထို့အတူ စီးပွါးရေး ဆိုတာကလည်း  ဆိုတာကလည်း ....  ။
         သည်လိုပဲ အမြဲ ရနေဦးမလားလို့ ။
         သည်လိုလည်း အမြဲ ရမနေတတ်ပါ ။
         သည်လိုလည်း အမြဲ ရချင်မှ ရမယ် ဆိုရင်တော့ ။
         ရတုန်း စုမိလိုက်တဲ့ လူက ကျော်တက်သွား ၊ ကျော်တက်သွားပါ၏ ။
မောင်ချမ်းသာ
ကုမုဒြာ ဂျာနယ်  ၊ ၉  စက်တင်ဘာလ ၂၀၀၅
Tuesday, June 11, 2019
စဉ်းစားစရာ ပြန်ဆိုတေး
 🎶   စဉ်းစားစရာ ပြန်ဆိုတေး  ◾ကံချွန်
         ပြန်ဆိုတေးများနှင့် အောင်မြင်နေသူများကို လေ့လာကြည့်တော့ အောင်မြင်ခဲ့တဲ့ တေးများကို ပြန်ဆိုနေလို့ပါပဲခင်ဗျ ။ ခုလို ကောက်ချက်ချတာကို သဘောမတူနိုင်ဘူး ဆိုရင်တော့ တစ်ချိန်က လုံးဝ မအောင်မြင်ခဲ့တဲ့ တေးများကို ပြန်ဆိုဖို့ အကြံပြုရမှာပါပဲ ။ ပြန်ဆိုတေး ကြော်ငြာများကို မြင်တိုင်း ကံချွန် အူယားနေလို့ ကံချွန်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ရေးမှာပဲဆိုပြီး အစပျိုးလိုက်ရတာပါ ။
         ကံချွန် တွေးကြည့်မိတယ် ။ ပြန်ဆိုတေးတွေ တစ်ခွေပြီး တစ်ခွေဆိုနေတာဟာ ဈေးကွက်မှာ ရောင်းရလို့ ဆိုတာကတော့ သေချာပါတယ် ။ အနုပညာအား ကောင်းလို့ ဆိုပြီး ပြောရမှာတော့ ခက်နေပါတယ် ။ အသံကောင်းတိုင်း အနုပညာအား ကောင်းတယ်လို့ ပြောဖို့လည်း စဉ်းစားစရာပါပဲ ။ အသံကောင်းကောင်းနဲ့ ပြန်ဆိုတေးတွေ ဆက်တိုက်ဆိုရင်း အချိန်တွေ ကုန်သွားမယ် ဆိုရင်တော့ သားသမီးများ လက်ထက်မှာ “ ငါ့အဖေ ဆိုခဲ့တဲ့ သီချင်းလေ ” ဆိုပြီး ပြလို့ ရပါ့မလား ။ အဲဒီသီချင်းက “ နင့်အဖေ ဆိုတာမဟုတ်ဘူး ၊ ငါ့အမေ ဆိုတာ ” ဆိုပြီး ငြင်းစရာတွေ ဖြစ်လာမလား ။ အဲဒီအချိန်မှာ အသက်ရှစ်ဆယ်ကျော် ခေါင်းဖြူကြီးက “ ဟဲ့ ... နင်ပြောတာ မှားတယ် ၊ မင်းပြောတာလည်း မဟုတ်ဘူး ။ အဲဒါ ငါဆိုတာ ”  ဆိုပြီး ရှင်းရတဲ့ အဖြစ်တွေ ရောက်လာမလား ။ ဒါမှမဟုတ် ကျွန်မဖေဖေ ပြန်ဆို ဂန္တ၀င် ဆိုပြီး ပြန်ဆိုရဲ့ သားသမီးများက ပြန်ဆိုဖို့ ကြိုးစားကြမလား ။ ပြန်ဆို တေးသံရှင်ကြီးအနေနဲ့ သားသမီးများကို ဘယ်လို အနုပညာအမွေ ၊ အတတ်ပညာ နည်းလမ်းကောင်းများ ပေးမှာလဲ ။ အဲသလို ... ကံချွန်ဟာ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေ တွေးနေမိတယ်ခင်ဗျ ။
         နောက်တစ်ချက် စဉ်းစားမိတာကတော့ ဒီနေ့ အနုပညာဖန်တီးမှု စွမ်းရည်တွေ ကျဆင်းလာလို့များ ပြန်ဆိုတေးတွေ နေရာရလာသလား ဆိုတာပါပဲ ။ မြန်မာသံတွေကို ပရိတ်သတ်က ပြန်လက်ခံလာပြီ ဆိုတဲ့ ကောက်ချက်မျိုးကို ဂျာနယ်တစ်စောင်မှာ ကံချွန်တွေ့မိတော့ ပြုံးမိတယ် ။ ပရိတ်သတ်က ဘယ်တုန်းကမှ မပစ်ပယ်ပါဘူး ။ အရည်အသွေးမီ မြန်မာသံတွေကိုက ထွက်မလာပဲ ရပ်သွားတာပါ ။ ကံချွန် သတိရမိသွားတာလေး ပြောပါမယ် ။ စတီရီယိုများ အရှိန်အဟုန် အလွန်ကောင်းနေစဉ်မှာ ဆရာပုဏ္ဏက ရဲ့ “ တိမ်ပလီ နွေနှောင်း ” ဟာ ထွက်ခဲ့တာပါ ။ အဲဒီတုန်းကလည်း “ ကော်ပီ ” တွေ ၊ “ အုန်းကျွန်း ” တွေကြားမှာ တိမ်ပလီ ဟာ ပန်းပန်ခဲ့တာပါ ။ အဲသလို တွေးမိတော့ မြန်မာသံကို ပရိတ်သတ်က လက်မခံခဲ့တာ မဟုတ်ပါဘူး ။ အရည်အသွေးမီ မြန်မာသံတွေ အထွက်နည်းခဲ့တာလို့ပဲ မြင်မိပါတယ် ။ ဇော်ဝင်းထွဋ် ၊ လေးဖြူ တို့ လျှမ်းလျှမ်းတောက်နေတုန်းမှာပဲ တွံတေးစိုးအောင်လည်း ပေါ်လာခဲ့တာပါပဲ ။
          ကံချွန်ကတော့ မြန်မာသံကို တကယ် ချစ်ရိုးမှန်ရင် ၊ မြတ်နိုးရိုးမှန်ရင် မြန်မာသံများ ဝေစည်ဖို့အတွက် ၊ မြန်မာသံ အသစ်များကို ဆိုကြစေချင်ပါတယ် ။ ပြန်ဆို ပင်တိုင်ဆရာတို့ စဉ်းစားပါခင်ဗျာ ။ တကယ်ကို လေးစားမြတ်နိုးလို့ ပြန်ဆိုရတာပါ ဆိုခဲ့ရာကနေပြီး “ အနုပညာ နှမ်းဖြူး တဲ့ ” ဘ၀ ရောက်သွားမှာမျိုးကိုတော့ ကိုယ့်ကိုယ်ကို မဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ် ။ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့  သီချင်းမှန်သမျှ ငါပြန်ဆိုမယ် ၊ ငါပြန်ထုတ်မယ် ဆိုရင်တော့ “ သူတို့ချစ်တာ တစ်မျိုးကြီးနော် ” လို့ ပြောရမှာပါပဲ ။
         နောက်ပြီး ပြန်ဆိုတေးများကို အားပြုနေသူများ ကိုယ်စား ကံချွန် စဉ်းစားမိတာလေး ရှိပါတယ် ။ အဲဒါကတော့ ဒီနေ့ တေးသံရှင်ကြီးများဟာ သူတို့ရဲ့ သီချင်းများကို သူတို့ ကိုယ်တိုင် ပြန်ဆိုနေကြပါပြီ ၊ ပြန်ဆိုလာကြပြီ ဆိုတာပါပဲ ။
         ကံချွန်ဟာ ပြန်ဆိုတေးများကို အားပြုနေတဲ့ ထုတ်လုပ်သူ ၊ တေးသံရှင်များကို အားမလို အားမရ ဖြစ်ရတာလည်း ပါပါတယ် ။ ဘာလို့ ကိုယ့်ရဲ့ အနုပညာသမိုင်း စာမျက်နှာမှာ သူများရဲ့ အနုပညာလုပ်ရပ်တွေကို ကူးထဲ့နေရတာလဲ ။ ပြန်ဆိုတေးတွေကို အောင်မြင်အောင် ဆိုနိုင်တယ် ဆိုကတည်းက အတိုင်းအတာ တစ်ခုထိ သူ့မှာ အရည်အသွေး ရှိလို့ဆိုတာ ကံချွန်လက်ခံပါတယ် ။  အဲဒီ အရည်အသွေးကို တန်ဖိုးထား လေးစားမယ်ဆိုရင် ကိုယ်ပိုင် သီချင်းသစ်တွေကိုပဲ ဆိုပေါ့ ။
         “ ပြန်ဆိုတေး ” ဟာ ငွေ ရနိုင်ပေမယ့် နာမည် မရနိုင်ပါဘူး ။ ပြန်ဆိုပြီ ဆိုကတည်းက အဲဒီ သီချင်းဟာ အောင်မြင်ခဲ့လို့ပါ ။ အဲဒီ အောင်မြင်မှုကို ပြန်ဆိုတဲ့သူက ကျော်လွှားသွားတာ ကံချွန်တော့ မတွေ့မိသေးပါဘူး ။ အဲ ... မူလတေး ၊ မူရင်း အဆိုတော်ရဲ့ အသံကို မကြားဖူးသူ အတွက်တော့ “ မူး ” ဟာ မြစ်ပေါ့ဗျာ ။
         ပြီးတော့ အဲဒီ အောင်မြင်ခဲ့တယ်ဆိုတဲ့ သီချင်းတွေရဲ့ မူလကို ပြန်လေ့လာကြည့်ရင် တေးရေးဆရာများဟာ ဘယ်သူဆိုဖို့ ၊ ဘယ်ဝါဆိုဖို့ ဆိုပြီး ရေးပေးခဲ့တာတွေပါ ။ အဲသလို သီချင်းမျိုးကျတော့ နောက်လူ ဘယ်လိုမှ ပြန်လိုက်မဆိုနိုင်တော့ပါဘူး ။ အသံကောင်းခြင်း ၊ မကောင်းခြင်း ၊ အဆိုပညာ ပြည့်ဝခြင်း ၊ မပြည့်ဝခြင်းနဲ့ကို မဆိုင်တော့တာ ။ ကံချွန် နမူနာပြပြီး ပြောပါရစေ ။ ကွယ်လွန်သူ ဦးဖူးအံ့ သီဆိုခဲ့တဲ့ ကွမ်းနဲ့အချစ် ဟာ ဆရာ ဦးဘိုခင်က ဦးဖူးအံ့ အတွက် ရေးပေးခဲ့တဲ့ သီချင်းပါ ။
         အဲဒီ သီချင်းကို ကံချွန် စပြီး နားထောင်ရတာက ဈေးချို အလယ်ပေါက် ကထိန်မှာပါ ။ ဦးဖူးအံ့ က သီချင်းသာ ဆိုနေတာပါ ။ ကွမ်းစားက မပျက်ပါဘူး ။ ဒါကြောင့်လည်း ကွမ်းနဲ့အချစ် သီချင်းကို ဦးဖူးအံ့ အတွက် ရေးပေးတာပါ ။  “ ဈေးချိုအလယ်မှာ .... လေးပျိုထယ်ဝါ ... မှန်လုံကားနဲ့လာ .... ” ဆိုပြီး စကတည်းက  ဦးဖူးအံ့ရယ် ဆိုတဲ့နေရာရယ်  “ ကျွန်တော့်ကို ချစ်ရင်လေ ... ပုလင်းဆေး နဲ့ ကွမ်းလေး ယူခဲ့ပါ ... ” ဆိုတဲ့ အပိုဒ်မှာ ကွမ်းထုတ် စားပြလိုက်တာရယ် ၊ သက်ကြီး တေးသံရှင်ကြီး တစ်ဦးဆိုတဲ့ အချစ်သီချင်းက မကလက်ဘဲ ကြည်နူးစရာ ဖြစ်နေတာရယ် ၊ အဲဒီ အမြင် အဲဒီ ခံစားမှု ဦးဖူးအံ့ ရဲ့ ( လူကြီး ) သံကို နားစွဲနေတော့ ကံချွန်ရဲ့ မိတ်ဆွေ ညီအစ်ကိုလို ခင်တဲ့ ချစ်သူငယ်ချင်း ( ကို ) သုမောင် ပြန်ဆိုတော့ ကံချွန် နားထောင်လို့ မရတော့ပါဘူး ။ ကိုသုမောင် ညံ့လို့ မဟုတ်ပါဘူး ။ ( အသံ ) ကောင်းလွန်းနေလို့ ။
         ဒါကြောင့် ပြန်ဆိုတေးဟာ မူလ တေးသံရှင်ကို ကျော်လွှားနိုင်ဖို့ မလွယ်ပါဘူး ။ ( သုလေးရေ .... သည်းခံဟ ။ တစ်ခြားအဆိုတော် နမူနာပြရင် ဆိုလိုရင်း ပျောက်ပြီး အမြင်စောင်းသွားမှာစိုးလို့ သု ကို နမူနာထဲ ထည့်လိုက်ရတာပါ ။ ) နောက်ပြန်ဆိုတဲ့ လူကိုက ဘယ်လောက် ကောင်းကောင်းပါ ။
         စဉ်းစားကြပါ ။ ကံချွန် စေတနာနဲ့ အကြံပြုတာပါ ။ ပြန်ဆိုတေးဆိုတာ ကိုယ့်ရဲ့ အနုပညာသမိုင်းစာမျက်နှာမှာ အခြား အနုပညာရှင်ရဲ့ မှတ်တမ်းကို ကူးထည့်တာပါ ။ တေးသံရှင်တိုင်း ကိုယ်ပိုင်သီချင်းများနဲ့ အောင်မြင်မှု မှတ်တိုင် စိုက်ထူနိုင်ကြပါစေ ။
ကံချွန်
( အလင်းတန်းဂျာနယ် )
Sunday, June 9, 2019
ရွှေပုပ္ပါး
⛰️     ရွှေပုပ္ပါး  ( တေးရေး  ရွှေညာမောင်  )
        တို့တိုင်းဌာနီ တို့မြန်မာပြည်ဝယ် ပေလေးထောင်ကျော် မြင့်ခေါင် တောင်တော်ရွှေပုပ္ပါးရယ်
        [ ( ကြည်နူးဖွယ် ရွှေရီရှိန် တောင်တော်ပုပ္ပါး စိမ်းနုပြာညို ရွန်းရွန်းစိုတယ် ) ( ဂန္ဓမာတောင် ပုံဆောင်နိုင်ဖွယ် ) သုံးလုံးတောင်ထွဋ် ယှဉ်ပြိုင်ကာရယ် ဖိုခနောက်ဆိုင် တည်နေပါတယ် ( ဖူးညွန့်စိမ်းလန်း နွယ်ပန်းဆန်းကြယ် ) အံ့မခန်းလောက်ဖွယ် အသွယ်သွယ် ရွှေပုပ္ပါး ပုပ္ပါးတောင်မြတ်ဝယ် ]
      ( ပန်းပဲမောင်တင့်တယ် နတ်မောင်နှမရယ် ပျော်စံမြန်းတဲ့ နတ်နန်းကြီးလည်း ရှိရာဌာနတကယ် ) ပေါက္ကံပြည်ကို ပန်းတော်ဆက်တဲ့ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏ တူစုံမောင်မယ် ချစ်ကြိုးသွယ်နှောင် ရွှေဖျင်းညီနောင် ဖွားရာဒေသကွယ်
      ( ပုပ္ပါး ပုပ္ပါး တောင်တော်ရွှေပုပ္ပါး ) ပုပ္ပါးရယ်သာ လာချင်ပါရဲ့လေး
      [ ( စကားပွင့် ဂမုန်းရယ် အများဖြင့်သုံးတယ် ပုပ္ပါးတောင်မြတ် တောင်ကလပ်ဝယ် ၀ိဇ္ဖာတပသီ ဇော်ဂျီတွေ ဆေးကြိတ်ပါတယ် ) စိမ့်စမ်းရေတံခွန် ကိုးဆယ့်ကိုးနဲ့ ကျောက်နွားသိုး ကိုးကောင်ရှိပါတယ် ]
       ( ပန်းပဲမောင်တင့်တယ် နတ်မောင်နှမရယ် ပျော်စံမြန်းတဲ့ နတ်နန်းကြီးလည်း ရှိရာဌာနတကယ် ) ပေါက္ကံပြည်ကို ပန်းတော်ဆက်တဲ့ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏ တူစုံမောင်မယ် ချစ်ကြိုးသွယ်နှောင် ရွှေဖျင်းညီနောင် ဖွားရာဒေသကွယ်
◾ ရွှေညာမောင်
https://yadi.sk/d/8YzTSna4Kxaf2w
◾  ဝင်းဦး
https://yadi.sk/d/51PYJ2qx0zypMA
◾  သုမောင်
https://yadi.sk/d/yf3pAHBUcsE4Jg
◾  မောင်မောင်ထိပ်
https://yadi.sk/d/JJPQyJl-hux8Ag
◾   ရဲအိမ်သူမြတ်
https://yadi.sk/d/D7y18YeL1g4zdA
◾   နီနီဝင်းရွေ
https://yadi.sk/d/jjAFNETNfguZlA
 ◾   ခင်ညွန့်ရီ
https://yadi.sk/d/q_OeDiTiRjjnbw
✏    သုမောင် သီချင်းရဲ့ တီးလုံး သီးသန့်
https://yadi.sk/d/rAJmkz9sX7b8Gg
✏    မောင်မောင်ထိပ် သီချင်းရဲ့ တီးလုံး သီးသန့်
https://yadi.sk/d/CqnEJodC1ZDJ0A
Tuesday, June 4, 2019
မအိုသေးတဲ့ ဘဘဗိုလ်ကလေးတင့်အောင်
🎓 မအိုသေးတဲ့ ဘဘဗိုလ်ကလေးတင့်အောင်
          ◾တင့်လွင်ဦး ( စီးပွားရေးတက္ကသိုလ် )
       အနုပညာမှာ ဆိုဖွယ်ရာမရှိ ၊ ဂုဏ်ထူး ၀ိသေသများကား များလှပါဘိ ၊ တိုင်းသိပြည်သိ ကြည်ညို လေးစားခြင်းခံရသည့် ဘိုးသက်ရှည် ဂုရုဆရာ ၊ “ အာရောဂျံ ပရမံ လာဘံ ” ကျန်းမာခြင်းဟူသည် လာဘ်ကြီး တစ်ပါး ပိုင်ဆိုင်ထားသူ ၊ ပြီးခဲ့သည့် ဇွန် ၃ ရက်မှာ ဘဘအသက် ၉၆ နှစ်ပြည့်ခဲ့ပြီ ။ သီလ ကောင်းလေစွ ၊ ဇွန် ၂ ရက်ညက မွေးနေ့ညစာစားပွဲကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့ရာ ဘဘမိသားစုဝင်များ ၊ မိတ်ဆွေအပေါင်းအသင်းများ ၊ စာပေ ၊ ရုပ်ရှင် ၊ ဂီတနယ်ပယ်အသီးသီးမှ  အနုပညာရှင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  စည်ကားသိုက်မြိုက်စွာ   တက်ရောက်ခဲ့ကြသည် ။ အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် မတက်ရောက်နိုင်ကြသော်လည်း စိတ်ကတော့ ရောက်နေကြမည် ။ နိုင်ငံတစ်ဝန်းရှိ ဘဘကိုချစ်သည့် ပြည်သူများကလည်း ထိုပွဲကို မှန်းဆမေတ္တာပို့ကြမည်မှာ  မလွဲ ၊  သို့ဖြစ်၍ ဘဘ ဤမျှ အသက်ရှည်စွာ နေထိုင်နိုင်ခြင်းသည် အစားအသောက်အာဟာရ ၊ ဆေးဝါး အာဟာရတွေထက် အစွမ်းထက်လှသော ပရိသတ်၏ မေတ္တာ အာဟာရ စွမ်းပကားတွေကြောင့်ဟု ဆိုချင်သည် ။
         ဘဘသည် အနုပညာလောကထဲသို့ ဂီတကိုအခြေခံ၍ ၀င်ရောက်ခဲ့သူ ဖြစ်ပြီး ဂီတနှင့် ပတ်သက်၍ ၀ါသနာဆန္ဒ ပြင်းထန်လှသည် ၊ အသက်ရှူရပ်မှ ဂီတနှင့် ပြတ်မည့်သူ ၊ ဂီတကို အသက်ထက်ချစ်သည် ၊ အကြောင်းသိ ဂီတ ၀ိုင်းတော်သားများက ဘဘမွေးနေ့မှာ ဘဘလက်ရာတေးများကို ပြန်လည် ဖော်ထုတ်ရင်း ဂီတဖြင့် ဂုဏ်ပြုကြသည်မှာ ကြည်နူးစရာ ။
         ဘဘသမိုင်းကို စိတ်ကြိုက်ရေးရမည်ဆိုက ဆုံးအံ့မထင် ၊ တစ်ထောင့်တစ်ည ပုံပြင်သည်ပင် ဘဘသမိုင်း၏ နိဒါန်းမျှသာ ရှိမည်ထင်၏ ။ အများသိစေရန် အကျဉ်း သဘောမျှ တင်ပြရလျှင် စာပေ ၊ ပြဇာတ် ၊ ရုပ်ရှင် ၊ ဂီတ စွယ်စုံရ ဘဘ ဗိုလ်ကလေးတင့်အောင်ကို အဖ ဦးဘသင် ၊ အမိ ဒေါ်ဖွားသိမ်း တို့က ၁၉၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဘိုကလေးမြို့၌ မွေးဖွားခဲ့သည် ။ မွေးချင်း ခြောက်ယောက်အနက် ဒုတိယမြောက် ။ စတုတ္ထမြောက် ညီဖြစ်သူမှာ အကယ်ဒမီ ဂီတလုလင် မောင်ကိုကို ၊ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပြီး ငယ်စဉ် ကတည်းက မယ်ဒလင် ၊ ဂီတာ ၊ တယောအတီးပညာများ တတ်ကျွမ်းသည် ။ ခက်ခဲနက်နဲသည့် မဟာဂီတပညာရပ်များကို မြန်မာညွန့် ဦးချစ်မောင် ၊ အမေ ဒေါ်အောင်ကြည်တို့ထံတွင် သင်ယူခဲ့ပြီး အသက် ၂၀ အရွယ် ၁၉၄၂ ခုနှစ်တွင် သီချင်းများ စတင်ရေးသားသည် ။ ဂျပန်ခေတ် တစ်ခေတ်လုံး ပြဇာတ်နှင့် ဂီတပညာရပ်များကို  လေ့လာသည် ။ ဘိုကလေးမြို့တွင် နေထိုင်စဉ် ပြဇာတ်ကပြပြီး “ သစ်လွင် ” ပြဇာတ်အဖွဲ့ကို တည်ထောင်ခဲ့သည် ။
         ၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ကာ ပြဇာတ်ဘုရင် ဒဂုံဆရာတင်ထံ တပည့်အဖြစ် ခံယူသည် ။ ပြဇာတ်သီချင်းရေးဆရာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ တွဲဖက်ဒါရိုက်တာ ဘ၀ဖြင့် ရပ်တည်ခဲ့သည် ။ ၁၉၅၀ ပြည့်နှစ်တွင် ဒါရိုက်တာအဖြစ်နှင့် “ အပြုံးလက်ဆောင် ” ပြဇာတ်ကို စတင်ကပြခဲ့သည် ။ ဘ၀တစ်လျှောက် ကပြခဲ့သည့် ပြဇာတ်ပေါင်း ၄၀ ခန့်ရှိခဲ့ရာ ကာဌေးရုံ ၊ ၀င်းဝင်းရုံ ၊ ကျိုက်္ကဆံကွင်း ပြည်ထောင်စုပဒေသာကပွဲ ၊ မြေပဒေသာ ကျွန်းပဒေသာကပွဲ ၊ နယ်လှည့်ပဒေသာကပွဲ နိုင်ငံတော်မှ တာဝန်ပေးအပ်သည့် ပဒေသာကပွဲနှင့် ၀ဇီရာပြဇာတ်တို့တွင် ကပြခဲ့သည့် ပြဇာတ်များ ထဲမှအချို့ကို ကောက်နုတ်ဖော်ပြရလျှင်
အပြုံးလက်ဆောင် (တက္ကသိုလ် မျိုးချစ် ၊ မေမြင့်) ၊
မြေပဒေသာ ( ခင်မောင်မြင့် ၊ ကြည်ကြည်ဌေး ) ၊
မြတ်မွန်ရတနာ ( ဇေယျ ၊ ခင်အုန်းမြင့် ) ၊
နှစ်ကိုယ်သစ္စာ (တက္ကသိုလ်မျိုးချစ် ၊ ကြည်ကြည်ဌေး )၊
ဂီတလုံမေ ( ဒေါ်ခင်ညွန့် ၊ မြင့်မြင့်ဌေး ) ၊
ဗမာ့သွေးခဲ ( ၀င်းဦး ၊ သင်းသင်းလဲ့ ) ၊
ခြင်းတောင်းကြီးငါးလုံး ( ဖိုးပါကြီး ၊ သာဆန်း ၊ မသန်းရွှေ ) ၊
လောဘကို သတ်ကြပါနော် (ဦးပလာတာ ၊ ပါရဂူ ၊ စန္ဒရား ခင်နုနု ) ၊
အလှဆုံးအချိန် ( လွင်မိုး ၊ ထက်ထက်မိုးဦး ) ၊
ဂုဏ်တုဂုဏ်ပြိုင် - ပထမအကြိမ် ( မန္တလေးသိန်းဇော် ၊ တစ်ခိုင်လုံးရွှေအေးအေးမြင့်) ၊
ဂုဏ်တုဂုဏ်ပြိုင် - ဒုတိယအကြိမ်(ညွန့်ဝင်း ၊ ရဲအောင် ၊ ခင်သန်းနု ၊ ခိုင်ခင်ဦး ) တို့ဖြစ်သည် ။
         ဘဘသည် မြန်မာအသံ ဓာတ်ပြားတေး ၊ ရောင်းတမ်းဓာတ်ပြားတေး ၊ ပြဇာတ်နှင့် ရုပ်ရှင်နောက်ခံတေး ၊ တေးစီးရီးနှင့် နိုင်ငံတော်မှ တာဝန်ပေး၍ ရေးစပ်ရသည့် ပြည်သူ့အကျိုးပြုတေး စသည်ဖြင့် တေးသီချင်းပေါင်းများစွာ ရေးစပ်ခဲ့သည် ။ ပရိသတ်အကြိုက် တေးအချို့ကိုတင်ပြရလျှင်
လက်ပံပွင့်ကောက် အရောက်လာမယ် ( မာမာအေး ၊ အေးအေးသွယ် ၊ မိမိလေး ) ၊
 မွှေးလွန်းသည့်ပန်း ( စန္ဒရားချစ်ဆွေ ) ၊
သံယောဇဉ် ( မာမာအေး ) ၊
မျက်ဝန်းလဲ့ပြာပြာ ( ၀င်းဦး ) ၊
နှစ်သစ်ချစ်ဦး ( ခင်မောင်မြင့် ၊ ကြည်ကြည်ဌေး ) ၊
သက်ဆိုင်သူသို့ ( ခင်ယုမေ ) ၊
ဂျင်မလေးဂျမ်း ( ကိုမင်းနောင် ) ၊  
လွမ်းမေယုတောင် ( ကြည်ကြည်ဌေး ) ၊    
ပျိုလေးတို့ ကောက်စိုက်ရာ ( ဂီတလုလင်မောင်ကိုကို ၊ ကြည်ကြည်ဌေး ) ၊
ရုပ်ရှင်နှင့် ဂီတ ( တွံတေးသိန်းတန် ၊ မာမာအေး ) ၊
မေနှင်း ( ကိုမင်းနောင် ) ၊
မျှော်တလင့်လင့် ( မာမာအေး ) ၊
စာရေးကြီး ( ဓနုဖြူစိုးသိန်း ) ၊
ချစ်ရည်ပြိုင် ( ဂီတလုလင်မောင်ကိုကို ၊ကြည်ကြည်ဌေး) ၊
လူပျိုကြီး ( ဓနုဖြူစိုးသိန်း ) ၊
စကားဝါမြေ ( ရီရီသန့် ) ၊
မွန်တို့ဌာနီ ( ထား ) ၊ ငယ်ကျွမ်းဆွေ (မောင်သိန်းဝင်း ၊ မာမာအေး ) ၊
ပန်းတံတား ( စန္ဒရားချစ်ဆွေ ၊ အေ၀မ်းတင်တင်လှ ) ၊  
ယုန်ကမတိုးပိုက်ကတိုး ( မိမိလေး ) ၊
မေတ္တာဟူသည် ( စန္ဒရားထွန်းညွန့် ) ၊
ဇရာ ( ကိုမင်းနောင် ) ၊
မငိုပါနဲ့ ကောက်ပင်ပျို ( ကိုမြကြီး ) ၊
ရေခပ်ဆင်းချိန် ( တွံတေးသိန်းတန်နှင့်အဖွဲ့ ) ၊  
တက္ကသိုလ်ကျောင်းသူတစ်ဦး ( ကိုမင်းနောင် ) ၊
လာလာလေလိုက်ခဲ့တော့ ( ဗိုလ်ကလေးတင့်အောင်၊ ကြည်ကြည်ဌေး) ၊
ပိတောက်ချစ်သူ ( ဇော်ဝမ်း ၊ မာမာအေး) ၊
ဂီတအခြေခံ ( ကိုမင်းနောင်၊ တင်တင်မြ ၊ မာမာအေး ) ၊  
ပျံသန်းရမည့်နေ့ ( စိန်စိန်မြိုင် ) ၊
မေတ္တာရှင်တစ်ခက်ပန်း ( ရီလေး ) ၊
ရှစ်တိုင်းအမ္ဗုန် ( မာမာအေး ) ၊
တိမ်မိလ္လာ ( တင်တင်မြ ) ၊
စာခြောက်ရုပ် ( ဗိုလ်ကလေးတင့်အောင် ၊ မာမာအေး ) ၊
ကိသာဂေါတမီ ( ဗိုလ်ဗကို ၊ မောင်မောင်ကြီး ၊ ကိုမင်းနောင် ၊ ကမ္ဘောဇမေသင်းရီ ) ၊ ပန်တော်ကျဒေ၀ီ ( အေ၀မ်းတင်တင်လှ ) ၊
အသည်းထဲက ဆူး (မောင်သိန်းဝင်း ၊ အေ၀မ်းတင်တင်လှ ) ၊
ပျော်စရာအစုံ မြို့ရွှေဂုံ ( ထား ) ၊  
ဂျမ်းဆိုသော  ဂျင်မလေး ( ခင်မျိုးအေး ) ၊
မန်းတောင်ရိပ်ခို ( အောင်ထက် ၊ မေသက်ထားဆွေ ) တို့ဖြစ်ပါသည် ။
         ဘဘ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင် ၁၂ ကားရှိသည် ။ မများ
သော်လည်း တစ်ကားဆို ဆိုသလောက် ခရီးပေါက်သည် ။ အချို့ကိုဖော်ပြရလျှင်
နှောင်ကြိုးကို ငင်ပါ့မယ် ( မြင့်အောင် ၊ တင်တင်မူ ) ၊
မေတ္တာဟူသည် (ထွန်းဝေ ၊ စံရှားတင် ) ၊
မေမြတ်နွယ် ( မြင့်အောင် ၊ ကြည်ကြည်ဌေး ) ၊
ဆောင်းတစ်ည၀ယ် (၀င်းဦး ၊ ၀ါဝါ၀င်းရွှေ ) ၊
မြခြူသံ ( မြတ်လေး ၊ တွံတေးသိန်းတန် ၊ မာမာအေး ) ၊
ရွှေဝါ ( ကောလိပ်ဂျင်နေ၀င်း ၊ နွဲ့နွဲ့မူ ၊ မေသစ် ) ၊
ငယ်ကျွမ်းဆွေ (ထွန်းထွန်းဝင်း ၊ နွဲ့နွဲ့မူ ) ၊
နော်မေဖော ( ထွန်းထွန်းဝင်း ၊ နွဲ့နွဲ့မူ ) တို့ဖြစ်သည် ။
         ပြဇာတ် ၊ ရုပ်ရှင် ၊ ဂီတဖြင့် မအားလပ်သည့်ကြားမှ အချိန်လု၍ စာရေးပြန်
သည် ။ ကြေးမုံ ၊ ဗမာ့ခေတ် ၊ လုပ်သား ၊ နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းနှင့် အခြားသော
စာစောင်မဂ္ဂဇင်းများတွင် ၀တ္ထုတိုနှင့် ဆောင်းပါးပေါင်း များစွာ ရေးသားခဲ့ပြီး
ဆောင်းပါး လုံးချင်း လေးအုပ် ထုတ်ဝေခဲ့ရာ “ ပန်းဝင်္ကပါ ” စာအုပ်ဖြင့် အမျိုးသား
စာပေဆုရရှိခဲ့ပါသည်။
         လက်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
တို့တွင် နာယက ၊ နိုင်ငံတော်မှ ဦးစီးကျင်းပသည့် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ
များကိုလည်း ရှေ့ဆုံးက ဦးဆောင် စီစဉ်ပေးခဲ့သူ တိုင်းပြည်ကို အနုပညာဖြင့်
အကျိုးပြုခဲ့သည့်အတွက် ဘဘကို နိုင်ငံတော်မှ စည်သူဘွဲ့ ၊ ဒေါက်တာဘွဲ့နှင့်
၂၀၁၇ ခုနှစ်အတွက် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု တို့ကို ချီးမြှင့်ခဲ့သည် ။
         ကမ္ဘာမှာ မြန်မာတို့သည် ကိုယ်ပိုင် ဟန် ၊ ကိုယ်ပိုင် အသံဖြင့် ကိုယ့်လူမျိုး ၊
ကိုယ့်ဂီတ မျက်နှာပန်းလှအောင် ဖန်တီးနိုင်ကြသူများဖြစ်သည် ။ အစဉ်အလာ ကြီးမားပြီး အနှစ်သာရပြည့်ဝသည့် မြန်မာသံ ဂန္ထ၀င်တေးများကို Channel 9  “ ဤဘ၀၀ယ် ” အစီအစဉ်မှ ဘဘဦးဆောင်၍ အပတ်စဉ် ပြန်လည်ဖော်ထုတ် ပေးလျက်ရှိသည်မှာ မြန်မာ ဂီတလောက အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ ၊ ဘဘနှင့်အတူ ဘဘတပည့်ရင်း Channel 9  တာဝန်ခံ တေးသံရှင် ဒါရိုက်တာ ခင်နန်းယုထွေး ၊ ဂီတမှူး ညမွှေးပန်း ဇော်ဟိန်း(ကွယ်လွန်သူ ညမွှေးပန်း တင်ထွတ်၏သား ) ၊ စည်သူဘွဲ့ ပိုင်ရှင်များဖြစ်ကြသည့် ဂန္ထ၀င်
အဆိုတော် တင်တင်မြ ၊ ထား ၊ မောင်မောင်ကြီး နှင့် မျိုးဆက်သစ်တေးသံရှင်များက “ ဤဘ၀၀ယ် ” အစီအစဉ် အောင်မြင်ရေး ပါဝင် အားဖြည့်ပေးကြသည် ။         ဘဘအရွယ်လေးရလာတော့ အိုပြီဟုထင်ကြမည် ။ တကယ်တော့ ဘဘ မအိုသေးပါ ၊ မေ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်မှာ ရုရှားနိုင်ငံက ဘွားသက်ရှည် “ အမ်တမ်ဘူလိုဗာ ”   အသက် ၁၂၉ နှစ်ပြည့် မွေးနေ့ ကျင်းပမည့်သတင်း ဖတ်လိုက်ရသည့်အခါ  ထိုဘွားဘွားနှင့် ယှဉ်လိုက် လျှင် ဘဘသည် မောင်လေးအရွယ်မျှသာ ။ သို့ပါ၍ ဘဘကို ကဗျာဖြင့် ဦးညွတ်
ဂုဏ်ပြုလိုက်ချင်သည်က -
         “ မအိုသေးတဲ့ ဘဘ ဗိုလ်ကလေးတင့်အောင် ”
+ ဂီတဖြင့် အလှဆင် ၊ စာပေအရာမှာလည်း တန်းဝင်
   ရုပ်ရှင်နှင့် ပြဇာတ် ၊ နှံ့စပ်သေချာ
   လက်ရာမြောက်စံတင် ၊ ဂန္ထ၀င်ထဲက ဘဘ
+ မေ့မရသည်က ငယ်ကျွမ်းဆွေ
   ပြည်သူတွေ တမ်းတ ၊ ယဉ်ကျေးလှသည့်
   မြန်မာ့သုခုမ အနုပညာ
   ကမ်္ဘာမှာ ပြန်ကြည့် ၊ နောက်တန်းမှာ မရှိ
   ပညာရှင်တိုင်း သိကြသည်
+ သင်္ခါရဖြင့်ကြည့်
   အားလုံးသည် တအိအိ  အို
   ဇရာကိုဆန် လှန်၍မရ
   ဘဘ အရွယ်ကလေးကျပေမယ့်
   စိတ်ဓာတ်က နုပျို ၊ အရင်လိုပါပဲ
   ဘာတစ်ခုမှ မမေ့ ၊ ဆုံတွေ့လေသမျှ
   ဆုံးမသွန်သင် ၊ မေတ္တာရှင် ဘဘ
   ချွေးဒီးဒီးကျစေ ၊ ဝေငှဆင့်ကမ်း
   အနုပညာလမ်းမှာ လှမ်းနေဆဲ ။   ။
( စည်သူ ဒေါက်တာ ဗိုလ်ကလေးတင့်အောင် အသက် ၉၆ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု အမှတ်တရ )
တင့်လွင်ဦး  ( စီးပွါးရေး တက္ကသိုလ် )
ကြေးမုံ  ဇွန် ၂၄ ၊ ၂၀၁၈
.
Monday, June 3, 2019
ဆုတောင်းပဏ္ဏာ
   ◼✒   ဆုတောင်းပဏ္ဏာ တဲ့ ၊ မင်္ဂလာဆုတောင်း တဲ့ ၊ ဆုကြီးပန်ဆင် တဲ့ ၊ ဆုတောင်းပဏာမ တဲ့ ။ သီချင်းခေါင်းစဉ်တွေ အမျိုးမျိုးဖြစ်နေတာတွေ့ရပါတယ် ။ ဆရာ ရွှေပြည်အေး ပေးခဲ့တဲ့ နာမည် အမှန် ဟာ ဘယ်ဟာလဲဆိုတာ သိရှိသူများ ရှင်းပြစေလိုပါတယ် ။
( အလွယ်တကူ ပဲ ခေါင်းစဉ်တပ်ပေးလိုက်တာဟာ သီချင်းရေးတဲ့သူကို မလေးစားရာ ရောက်ပါတယ် ။)
         ဝင်းဦး ၊ မာမာအေး ၊ သုမောင် ၊ လွှမ်းမိုး ၊ နီနီဝင်းရွှေ ၊ ( ဟေမာနေဝင်း + ကော်နီ +မို့မို့ဇော်ဝင်း) အဖွဲ့ ၊  ရတနာဦး ၊ ရန်အောင် ၊ မင်းအောင် ၊ ရီရီသန့် ၊ နှင်းရီသန့် ၊ ပစ်တိုင်းထောင် + ရတနာဦး  နဲ့ စိုင်းထီးဆိုင် တို့ ဆိုထားတဲ့ သီချင်းတွေလည်း တင်ပေးလိုက်ပါတယ်။
         ရန်အောင် ဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့် နဲ့  စောင်းလှိုင်ဝင်းမောင် ( မကွေး  ) ရဲ့ စောင်းလက်သံ  ၊ ပစ်တိုင်းထောင် ရဲ့ ဆိုင်းလက်သံ ၊ မွန်ပြည်နယ် ကိုကိုနိုင် ရဲ့ ဆိုင်းလက်သံ တွေကိုလည်း တင်ပေးလိုက်ပါတယ် ။
         ဒုံမင်း ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ လည်း  ပါပါတယ်ဗျာ ။
 🎧  ဝင်းဦး
https://yadi.sk/d/dye2PEUwlX8Gfg
🎧  မာမာအေး
https://yadi.sk/d/-tbaq2jqobeUHQ
🎧   သုမောင်
https://yadi.sk/d/Xz9KFAcbSi6ZdQ
🎧   လွှမ်းမိုး
https://yadi.sk/d/JBKYL_fSRAzRKA
🎧   နီနီဝင်းရွှေ
https://yadi.sk/d/uRsdkIAKZIdIrA
🎧     ( ဟေမာနေဝင်း + ကော်နီ +မို့မို့ဇော်ဝင်း) အဖွဲ့
https://yadi.sk/d/wc1dNlMncMbAXQ
🎧    ရတနာဦး
https://yadi.sk/d/MnXG78bYu5FiIg
🎧    ရန်အောင်
https://yadi.sk/d/kRGrLw-WjXdixA
🎧     မင်းအောင်
https://yadi.sk/d/cdhrPHNh6bQmKg
🎧    ပစ်တိုင်းထောင် နဲ့ ရတနာဦး စုံတွဲ
https://yadi.sk/d/UFHwcEaPnJqEpg
🎧    ရီရီသန့်
https://yadi.sk/d/OeOsYcgQhXeBjw
🎧    နှင်းရီသန့်
https://yadi.sk/d/KijA4S23NU-tYw
🎧    စိုင်းထီးဆိုင်
https://yadi.sk/d/Fp-ZFaXbljfeHw
 🎶   ရန်အောင် သီချင်းရဲ့ တီးလုံး သီးသန့်
https://yadi.sk/d/Wt3zUk7f_8ChqA
 🎶    စောင်းလှိုင်ဝင်းမောင် ရဲ့ စောင်းလက်သံ
https://yadi.sk/d/d-pDySp2MR9ywQ
 🎶   ပစ်တိုင်းထောင်  တီးလုံး သီးသန့်
https://yadi.sk/d/T4NHLQ8TETVJNQ
 🎶   မွန်ပြည်နယ် ကိုကိုနိုင် တီးလုံး သီးသန့်
https://yadi.sk/d/S5MpuYmyvN3EZg
 🎶   ဒုံမင်း ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ
https://yadi.sk/d/77esTFF-GE96Jw
⭕   ဆုတောင်းပဏ္ဏာ
တေးရေး     ရွှေပြည်အေး
             [ တစ်သောင်းဇမ္ဗူပေါ် တောင်းဆုခြွေကာရည်မျှော် စည်းစိမ်ဥစ္စာများ ကြွယ်ဝတိုးတက်စေသား များဝေနေ စပါးနဲ့ဆန်ရေ အထွေထွေ ကောင်းမှု ကုသိုလ်များ ထပ်မနားပြုဖို့ငွေမရှား စိန်ရွှေရတနာ နှိုင်းကြည့်လည်းလွှမ်းကာ အချိန်ကုဋေကုဋာ အတိုင်း မသိပဲချမ်းသာ စန်းပါလာဘ်ပါတက်ဆဲ ပုလဲ မြဆပွါး ကျောက်သံပတ္တမြား ဆင့်ဆင့်ထား လိုတိုင်းတ၍ ရစေသား
             ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကွာ ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ လန်းကြပါစေ ပန်းတွေ သဏ္ဍာန်ပမာ ချမ်းမြကာလေ စမ်းရေလျှံဖြာ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ အို ဣ စ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ
             ( နောင်သံသရာ ရည်စိတ်ကြံမှန်းဆလို့ ပြည်နိဗ္ဗာန် လမ်းဝသို့ လှမ်းကြွရောက်စေ့ငှာ ) ဒီနေ့ ဟိုနေ့တောင်မကြာ ကြည်မွေ့ လိုသရွေ့ဆောင်ကာ ကောင်းကင်ခရီး ပျံတက်ဖို့ မငြီး မဂ္ဂင်ဖောင်ကြီး စီးသွား စေတိုင်းတ၍ ရစေသား
             ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကွာ ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ လန်းကြပါစေ ပန်းတွေ သဏ္ဍာန်ပမာ ချမ်းမြကာလေ စမ်းရေလျှံဖြာ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ အို ဣ စ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ ]