Wednesday, July 17, 2019

ဗိုလ်အောင်ဆန်း

🏵  ဗိုလ်အောင်ဆန်း
                      တေးရေး ▪ သဟာရဆရာတင်

      ( မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် )  ငါတို့မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ် ငါတို့မြန်မာပြည် မိဘအပေါင်းတို့ကရယ် အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ် အော် ဘုရင့်နောင် နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်
      ( ရာဇ၀င် အတ္ထုပ္ပတ္တိ လည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်  တို့ မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
      ( မြန်မာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ် နေမျိုးသာကီ မြန်မာပြည်လက်ရုံး မြန်မာနိုင်ငံအလုံး ထင်ပေါ်စေတယ် စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ် တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းတွင်စေဖွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ် )
      ( ရာဇ၀င် အတ္ထုပ္ပတ္တိ လည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်  တို့ မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်

◾ ကိုမြကြီး ၏  ဗိုလ်အောင်ဆန်း

https://yadi.sk/d/nDMuWkcApgOMCg

◾  ခင်ညွန့်ရီ ၏  ဗိုလ်အောင်ဆန်း

https://yadi.sk/d/H31sTyw-7-4Oqg

◾  ဂီတလုလင် မောင်ကိုကို ၏ ဗိုလ်အောင်ဆန်း စန္ဒရား လက်သံ

https://yadi.sk/d/YxO5KLBxZfqBLg

◾  နိုင်ဇော် ၏ ဗိုလ်အောင်ဆန်း ဂစ်တာ လက်သံ

https://yadi.sk/d/0H2-RtOwM-tP3g

◾  ရဲထွေး ( မြို့မ ) ၏ ဗိုလ်အောင်ဆန်း  တီးလုံးသီးသန့်

https://yadi.sk/d/R4gLybvmPG_5xg


No comments:

Post a Comment