Monday, June 3, 2019

ဆုတောင်းပဏ္ဏာ


   ◼✒   ဆုတောင်းပဏ္ဏာ တဲ့ ၊ မင်္ဂလာဆုတောင်း တဲ့ ၊ ဆုကြီးပန်ဆင် တဲ့ ၊ ဆုတောင်းပဏာမ တဲ့ ။ သီချင်းခေါင်းစဉ်တွေ အမျိုးမျိုးဖြစ်နေတာတွေ့ရပါတယ် ။ ဆရာ ရွှေပြည်အေး ပေးခဲ့တဲ့ နာမည် အမှန် ဟာ ဘယ်ဟာလဲဆိုတာ သိရှိသူများ ရှင်းပြစေလိုပါတယ် ။
( အလွယ်တကူ ပဲ ခေါင်းစဉ်တပ်ပေးလိုက်တာဟာ သီချင်းရေးတဲ့သူကို မလေးစားရာ ရောက်ပါတယ် ။)
 
         ဝင်းဦး ၊ မာမာအေး ၊ သုမောင် ၊ လွှမ်းမိုး ၊ နီနီဝင်းရွှေ ၊ ( ဟေမာနေဝင်း + ကော်နီ +မို့မို့ဇော်ဝင်း) အဖွဲ့ ၊  ရတနာဦး ၊ ရန်အောင် ၊ မင်းအောင် ၊ ရီရီသန့် ၊ နှင်းရီသန့် ၊ ပစ်တိုင်းထောင် + ရတနာဦး  နဲ့ စိုင်းထီးဆိုင် တို့ ဆိုထားတဲ့ သီချင်းတွေလည်း တင်ပေးလိုက်ပါတယ်။

         ရန်အောင် ဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့် နဲ့  စောင်းလှိုင်ဝင်းမောင် ( မကွေး  ) ရဲ့ စောင်းလက်သံ  ၊ ပစ်တိုင်းထောင် ရဲ့ ဆိုင်းလက်သံ ၊ မွန်ပြည်နယ် ကိုကိုနိုင် ရဲ့ ဆိုင်းလက်သံ တွေကိုလည်း တင်ပေးလိုက်ပါတယ် ။
         ဒုံမင်း ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ လည်း  ပါပါတယ်ဗျာ ။

 🎧  ဝင်းဦး

https://yadi.sk/d/dye2PEUwlX8Gfg

🎧  မာမာအေး

https://yadi.sk/d/-tbaq2jqobeUHQ

🎧   သုမောင်

https://yadi.sk/d/Xz9KFAcbSi6ZdQ

🎧   လွှမ်းမိုး

https://yadi.sk/d/JBKYL_fSRAzRKA

🎧   နီနီဝင်းရွှေ

https://yadi.sk/d/uRsdkIAKZIdIrA

🎧     ( ဟေမာနေဝင်း + ကော်နီ +မို့မို့ဇော်ဝင်း) အဖွဲ့

https://yadi.sk/d/wc1dNlMncMbAXQ

🎧    ရတနာဦး

https://yadi.sk/d/MnXG78bYu5FiIg

🎧    ရန်အောင်

https://yadi.sk/d/kRGrLw-WjXdixA

🎧     မင်းအောင်

https://yadi.sk/d/cdhrPHNh6bQmKg

🎧    ပစ်တိုင်းထောင် နဲ့ ရတနာဦး စုံတွဲ

https://yadi.sk/d/UFHwcEaPnJqEpg

🎧    ရီရီသန့်

https://yadi.sk/d/OeOsYcgQhXeBjw

🎧    နှင်းရီသန့်

https://yadi.sk/d/KijA4S23NU-tYw

🎧    စိုင်းထီးဆိုင်

https://yadi.sk/d/Fp-ZFaXbljfeHw

 
 🎶   ရန်အောင် သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/Wt3zUk7f_8ChqA

 🎶    စောင်းလှိုင်ဝင်းမောင် ရဲ့ စောင်းလက်သံ

https://yadi.sk/d/d-pDySp2MR9ywQ

 🎶   ပစ်တိုင်းထောင်  တီးလုံး သီးသန့်

https://yadi.sk/d/T4NHLQ8TETVJNQ

 🎶   မွန်ပြည်နယ် ကိုကိုနိုင် တီးလုံး သီးသန့်

https://yadi.sk/d/S5MpuYmyvN3EZg


 🎶   ဒုံမင်း ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ

https://yadi.sk/d/77esTFF-GE96Jw

⭕   ဆုတောင်းပဏ္ဏာ

တေးရေး     ရွှေပြည်အေး

             [ တစ်သောင်းဇမ္ဗူပေါ် တောင်းဆုခြွေကာရည်မျှော် စည်းစိမ်ဥစ္စာများ ကြွယ်ဝတိုးတက်စေသား များဝေနေ စပါးနဲ့ဆန်ရေ အထွေထွေ ကောင်းမှု ကုသိုလ်များ ထပ်မနားပြုဖို့ငွေမရှား စိန်ရွှေရတနာ နှိုင်းကြည့်လည်းလွှမ်းကာ အချိန်ကုဋေကုဋာ အတိုင်း မသိပဲချမ်းသာ စန်းပါလာဘ်ပါတက်ဆဲ ပုလဲ မြဆပွါး ကျောက်သံပတ္တမြား ဆင့်ဆင့်ထား လိုတိုင်းတ၍ ရစေသား
             ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကွာ ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ လန်းကြပါစေ ပန်းတွေ သဏ္ဍာန်ပမာ ချမ်းမြကာလေ စမ်းရေလျှံဖြာ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ အို ဣ စ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ
             ( နောင်သံသရာ ရည်စိတ်ကြံမှန်းဆလို့ ပြည်နိဗ္ဗာန် လမ်းဝသို့ လှမ်းကြွရောက်စေ့ငှာ ) ဒီနေ့ ဟိုနေ့တောင်မကြာ ကြည်မွေ့ လိုသရွေ့ဆောင်ကာ ကောင်းကင်ခရီး ပျံတက်ဖို့ မငြီး မဂ္ဂင်ဖောင်ကြီး စီးသွား စေတိုင်းတ၍ ရစေသား
             ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကွာ ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ လန်းကြပါစေ ပန်းတွေ သဏ္ဍာန်ပမာ ချမ်းမြကာလေ စမ်းရေလျှံဖြာ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ အို ဣ စ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ ]

No comments:

Post a Comment