စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, January 26, 2019
ခုန်ပျံကျော်လွှား ဖြတ်တောက် ပစ်လိုက်စမ်းပါ
🎈 ခုန်ပျံကျော်လွှား ဖြတ်တောက်ပစ်လိုက်စမ်းပါ
“အိုကေကြီး လာတယ်ဟေ့၊ ပါးပါးလေးတစ်ပွဲ”
ကျော်ဝေ ကော်ရည်ဆိုင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ယောကျာ်းက မှာလေ၏။ မိန်းမက မုန့်ပွဲပြင်လေ၏။
“ဘာလဲကွ ပါးပါးလေးဆိုတာ”
“လာတော့ကြည့်ဗျာ၊ ခင်ဗျားလည်းမှာလေ”
မကြာမီ ပါးပါးလေးတစ်ပွဲ ရောက်လာ၏။ ခေါက်ဆွဲဖတ်နည်းနည်း၊ ကြက်ဥ အကာကျက်ကလေးတစ်လုံး၊ ကော်ရည်အနေသင့်၊ မွှေးချိုစိမ့်ကလေး။
“ပါးပါးလေးဆိုတာ ဒါကိုး”
“ဟုတ်ပါ ဦးတိန်တောင်”
“ဟိုနေ့က လက်ဖက်ရည်ဆိုင်မှာလည်း “ကြက်ပလာတာ ပူပါးကြွပ်နပ်ကလေး” လို့မှာတာ ကြားမိသလိုပဲ”
“ဟုတ်တယ်ခင်ဗျာ့၊ ပါးပါးလေးခေတ်လေဗျာ”
“ကောင်မလေးတွေကို ဟြေတာလား”
“လိုရာဆွဲမတွေးပါးနဲ့ဗျာ၊ အတုံးလိုက်အတစ်လိုက် ထူလပျစ်ကြီးတွေ ခေတ်မရှိတော့ဘူးလို့ ဆိုလိုတာ”
“အတုံးလိုက်အတစ်လိုက်ဆိုတာ…”
“ဒီလိုလေဗျာ ဦးတိန်တောင်…”
ကျွန်တော်နှင့် ဦးတိန်တောင် စကားတစ်ဟြေဟြေနဲ့ မုန့် တစ်ပန်းကန်စီ ချောလေ၏။
၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကဗျာ၊ ကျွန်တော်တို့သားအဖ နှစ်ယောက် ပြည်မြို့က ပရိဘောဂဆိုင်တွေ၊ လက်သမားရုံတွေ၊ မင်္ဂလာပစ္စည်းဆိုင်တွေ နှံ့ရော၊ တစ်နေကုန်ရောဗျာ။ မင်္ဂလာခန်းဝင်ပစ္စည်း ခုတင်၊ ဗီရို၊ မှန်တင်ခုံ လိုက်ရှာကြတာ၊
တွေ့ပါ၏။ မျက်စိမှာ မတိုး။
“တို့သားအဖ ရန်ကုန်ဆင်းရှာကြစို့ကွာ”
အောက်တိုဘာ ၃၀ ရက်နေ နံနက် ၉ နာရီ ယုဇနပလာဇာရောက်၊ တစ်ထပ်လုံး မင်္ဂလာခန်းဝင်ပစ္စည်းတွေချည်း ခင်းကျင်းပြသထားတာဗျာ။
“ရှာကြဟေ့၊ ဈေးမမေးနဲ့ဦး၊ ဈေးမဆစ် နဲ့ဦး၊ ငွေမချေနဲ့ဦး၊ မဝယ်နဲ့ဦး၊ ကြည့်ရုံပဲကြည့်”
ဈေးဝယ်တာ မလောရဘူး၊ နှံနေအောင် တစ်ပတ်လျှောက်ကြည့်ရတယ်၊
လောကြီးဝယ်ပြီးကာမှ သူ့ထက်လှတာ၊ ကောင်းတာ၊ သူ့ထက်ဈေးချိုတာ တွေ့ရတက်တယ်။ သည်အခါမှာ ဝယ်ပြီးသားပစ္စည်းကြီး မကြိုက်ဘဲနဲ့ ယူလာရတာမျိုး ဖြစ်တတ်တယ်ဗျာ့။
အခန်းကျယ်ကြီးထဲမှာ တကယ့်နုနုရွရွကလေးတွေ အလှကလေးတွေ၊ အတုံးလိုက် အတစ်လိုက် ဆော်ထားတာတွေ၊ ဒုကြီး ဗြက်ကြီး ထူလပျစ်ကြီးတွေ၊ ခုတင်၊ ဗီရို၊ မှန်တင်ခုံ၊ မွေ့ယာ၊ ခေါင်းအုံး၊ စားပွဲ ကုလားထိုင်၊ ဆက်တီစုံမှစုံဗျာ။
အဲသည်အထဲက ခေတ်မှီလှပ နိုင်ငံခြားဖြစ် ပါးပါးကလေးကို ဆွဲလိုက်တယ်။ ခုတင်၊ ဗီရို၊ မှန်တင်ခုံ။ နိုင်ငံခြားဖြစ်ကို အရမ်းအထင်ကြီးလွန်းလို့၊ နိုင်ငံခြားဖြစ်ဆို ပြီး ရောဟ သဘောမျိုးနဲ့ ဆွဲတာမဟုတ်ဘူး။ သူ့ဈေးနဲ့သူ အဆင့်သင့်တယ်ဆိုပြီး ဝယ်တာ (ပြည်တွင်းဖြစ်တွေထက်တောင် ဈေးကချိုပါသေး။)
ဖြုတ်လို့ရတယ်၊ ပတ်ကင် လုပ်လို့ရတယ်၊ အဝေးကို သယ်လို့လွယ်တယ်။ ပတ်ကင်လုပ်၊ တင်ပို့။ ပြည်ရောက်တော့ ကတ်တလောက်ကြည့်ဆင်၊ သူတို့သားသမီးများ လုပ်ထားလိုက်တာ၊ လုပ်တက်လိုက် ကြတာ၊ ပေါ့ပေါ့ကလေးကို အခိုင်အခံဖြစ်အောင် လုပ်တတ်ပါ့ဗျာ၊ ပညာ။
သစ်သားဗီရို၊ သစ်သားမှန်တင်ခုံဆိုလို့ ကျွန်းသားတွေ ပျဉ်းကတိုးသားတွေလို့ မထင်လိုက်ပါနဲ့ဦး၊ ကြိတ်သားပါတဲ့ဗျာ။ ဘာသားမှန်းမသိ၊ ဈေးပေါသစ်သားကို ခေတ်မှီနည်း ခေတ်မှီစက်ကရိယာများနဲ့ လုပ်ထားတဲ့လက်ရာ။
နောက်ကျောတစ်ချပ်၊ ဘေးတစ်ချပ်စီ၊ အမိုးတစ်ချပ်၊ ဖင်ပိတ်တစ်ချက်၊ တံခါးတစ်ရွက်တစ်ချပ်စီ၊ သည်မှာလို ပျဉ်တွေကို လျှာထိုး၊ နဘေထပ်၊ ကော်နဲ့ကပ်ဆက်စပ်ထားတာမျိုးမဟုတ်ပါ။
ဗီရိုတစ်လုံး။ ကျွန်တော်တို့ တောရွာမှာတော့ သည်လိုဗီရိုဆို သုံးတစ်လက်မတွေ၊ ခြောက် တစ်လက်မတွေ၊ ပေပျဉ် (ဒုတစ်လက်မ ဗြတ်တစ်ပေ) ကြီးတွေနဲ့ လှော်ခတ်ကြတာ။ ပတ္တာတပ် အသေစပ်ထားကြတာဆိုတော့ အလုံးကြီးအတိုင်း မရွှေ့ရတာ။
လေးထပ်တိုက်ပေါ်ရောက်အောင် လူရှစ်ယောက်လောက် ဝိုင်းမရမယ်။ ၁၀ ထပ်တိုက်ပေါ်
တင်ရမယ်ဆို လျှာထွက်သေလောက်တယ်။ ဘာထူသလဲမမေးနဲ့။ ဘာလေးသလဲ မမေးနဲ့။
ခုတင်ဆိုလည်း သည်အတိုင်းပဲ။ ဒုကြီး ဗြတ်ကြီး ကျွန်းပျဉ်ကြီးတွေနဲ့ ဆော်ထားတာ။ လက်သမားရုံထဲသွားကြည့်၊ လူကိုယ်တိုင် ရွေဘော်ထိုး၊ ခုတ်ဟ၊ ထစ်ဟ၊ဖောက်ဟ၊ ထွင်းဟ၊ ချွေးတစ်ပြိုက်ပြိုက်ကျ၊ ပင်ပန်းလှ။ ထွက်လာတဲ့လက်ရာကတော့ သည်နေ့ထွက်တဲ့ပစ္စည်း နက်ဖြန်ပြတိုက်သာ ပို့လိုက်ပါတော့။ ကျွန်တော်တို့
တောသားများမှာတော့ ဒါကြီးတွေကိုပဲ အဟုတ်ကြီးမှတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ သုံးနေကြရတာကလားဗျာ။ တကယ်ဆိုဗျာ၊ သူများလုပ်တာကြည့်၊ သူများပါးပါးလွှာလွှာ၊ ကိုယ်လည်းလွှာ၊ သူများပါးပါးလှီး၊ ကိုယ်လည်းလှီး၊ သူများနည်းပညာသုံး၊ ကိုယ်လည်းသုံး၊ သူများက ကြိတ်သားဆို၊ ကိုယ်လည်း ကြိတ်သားပေါ့ဗျာ။ ကျွန်းပျဉ်းကတိုး သစ်သားမပါရင် ပရိဘောဂ မဖြစ်တော့ဘူးလားဗျာ။ ပုံတုံးကြီးတွေနဲ့ပဲ ပြီးကြတော့မှာလား။ နောက်မှာ အဝေးကြီး ပြတ်ကျန်နေရစ်ခဲ့ကြတော့မှာလားဗျာ။
သည်အတိုင်းကတော့ ပျဉ်သာကုန် မောင်ပုံလက်သမားကျော် မဖြစ်နိုင်ပါ။ အတင်းနင်းကန် ဖြတ်ကျော်တက်ပစ်ကြစမ်းပါ။
အမီလိုက်ကြလော့၊ ခုန်ပျံကျော်လွှားကြလော့၊ သူများရှေ့က ဖြတ်တက်ကြကုန်လော့။
မြန်နိုင်သမျှ မြန်မြန်။
မောင်ချမ်းသာ
https://koaungnaingoo.blogspot.com
Monday, January 14, 2019
ဘယ်သူတွေ ရူးသလဲ
ခင်ဗျား လား?
ကျနော် လား?
သူ လား?
💃 ဘယ်သူတွေ ရူးသလဲ
တေးရေး ဂီတစာဆိုစိန်မောင်မြင့်
◼ တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ ငှက်ကလေးပေလား
◼ ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘ၀လမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မက်ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘ၀ထဲ ၀ဲချာချာလည်
◼ ( လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည် ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )
တီးလုံးသီးသန့် ကိုတော့ ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး နဲ့ စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး ၂ ပုဒ် ကို အောက်က လင့်ခ်တွေမှာ တင်ပေးထားပါတယ်
ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး
https://my.pcloud.com/publink/show?code=XZCEix7ZEwisUcvGwVpdqeo5EW3fNjjqu0M7
ဖိုင်ဆိုဒ်က 8.0 mb ရှိပါတယ် ။
စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး
https://my.pcloud.com/publink/show?code=XZlOix7ZDkgyE3uEpKYFDR8UcffEghVrIzJV
ဖိုင်ဆိုဒ်က 5.3 mb ရှိပါတယ် ။
အောက်က လင့်ခ်တွေမှာ တော့ အဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေပါ။
၈ ယောက် ဆိုထားတဲ့ ဘယ်သူတွေ ရူးသလဲ သီချင်း ကို တင်ပေးလိုက်ပါတယ်။
အိအိချွန် ရဲ့ သီချင်း ဖြစ်ပါတယ် ။11.48 mb ရှိပါတယ် ။
https://yadi.sk/d/VKFXi5iHliOHjA
စိန်မောင်မြင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။5.39 mb ရှိပါတယ် ။
https://yadi.sk/d/8SvunIEhsEyDdQ
နီနီဝင်းရွှေ ရဲ့ သီချင်း ဖြစ်ပါတယ် ။8.51 mb ရှိပါတယ် ။
https://yadi.sk/d/Xmv_GH8-Xd_H-A
မာမာအေး ရဲ့ သီချင်း ဖြစ်ပါတယ် ။18.47 mb ရှိပါတယ် ။
https://yadi.sk/d/Naco-CZDKrBd6w
လွှမ်းမိုး ရဲ့ သီချင်း ဖြစ်ပါတယ် ။8.19 mb ရှိပါတယ် ။
https://yadi.sk/d/P3TUlujg5bPf7A
ရာဇာဝင်းတင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.98 mb ရှိပါတယ် ။
https://yadi.sk/d/ZoXm9FLnjtocBw
ကိုင်ဇာ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 7.75 mb ရှိပါတယ် ။
https://yadi.sk/d/ygCaeGcGTBlXNA
အောင်သူ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.24 mb ရှိပါတယ် ။
https://yadi.sk/d/e--gBPU9t9dy5w
Tuesday, January 1, 2019
အစိမ်းရဲ့သဘော

🌱 🌱🌱 အစိမ်းရဲ့ သဘော
အိမ်ပြန်မိန်းမနဲ့ တိုင်ပင်လိုက်ပါဦးမည်
“ကျွန်တော်တို့ အရောင်းအဝယ် လောကမှာ မိတ်ကောင်းဆွေကောင်းဟာ အရေကြီးဆုံးပဲဗျာ”
သြဂုတ်လ ၃ ရက်နေ့က အောင်လံမြို့ မြောက်ပိုင်း ရှေ့ဆောင်ပွဲရုံသို့ ရောက်သောအခါ ပွဲစားကြီးဦးစိုးညွန့်ရွှေက အထက်ပါအတိုင်း နိဒါန်းချီလေ၏။
“အင်း… ခင်ဗျားတို့က ပွဲစားလက်ဟောင်းကြီးတွေဆိုတော့ လူ့သဘောကို နောကျေနေပြီပေါ့လေ”
“ဒီလိုဗျာ ကိုချမ်းသာရ၊ ကျွန်တော်တို့အောင်လံမှာ အဝယ်တော် ၁၀ ဦးရှိတဲ့အထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ”
ကျွန်တော်သည် “အင်း” လိုက်ရင်း သူ့ဆီမှ ပွဲစားပညာကို သင်ယူနေလေ၏။
“အဲဒီ ၁၀ ဦးထဲမှာ နှစ်ဦးသုံးဦးဟာ သဘောထား တော်တော်ပြည့်ဝကြတယ်ဗျာ့။ သူ့ဘက်ကိုယ့်ဘက်မျှတယ်”
သူက နာမည်တွေထုတ်ဟြေ၏။
“ဟာ… တစ်ယောက်ကတော့ဗျာ၊ သူ့ဂွင်ထဲဝင်ပြီဆို လည်ပင်းလျှာထွက်အောင် ညှစ်တော့တာပဲဗျို့၊ သူ့ကိုတော့ ကျွန်တော်က “မရှိပေါင်း” ပဲဗျာ”
သူ့ပွဲရုံသို့ ပဲတီစိမ်းအိတ် (တစ်အိတ်ပိသာ၃၀) ၁၀၀ မှ ၅၀၀ အထိ နေ့စဉ် ဝင်လေရာ အဝယ်တော်များနှင့် အမြဲ နပန်းလုံးနေရသော ပွဲရုံဖြစ်ပါ၏။
“ပဲတီစိမ်းလှောင်ရင် ဘယ်နှယ့်နေမလဲဗျာ”
ကျွန်တော်က ကိုလိုချင်တာ ဆွဲဟြေလိုက်၏။
“ခင်ဗျားဘာသာ ဆုံးဖြတ်ဗျာ၊ ပဲတီစိမ်းရဲ့သဘောကို ဟြေပြမယ်”
အောင်လံတွင် ယခုနှစ် ပဲတီစိမ်း အထွက်ကောင်းတယ်ခင်ဗျာ့၊ ကျွန်တော် ခန့်မှန်းတာက မေလ ၅ ရက်နေမှာ ထွန်လို့ယက်လို့ဖြစ်လောက်အောင် မိုးရွာလိုက်တော့ စိုက်ရက် အပင်လုပ်ရက်ကိုတွက်ပြီး ဇူလိုင် ၁၀ နေ့ပေါ်မယ် မှန်းခဲ့တယ်။ မှန်းတာထက် သုံးရက်စောပြီး ခုနှစ်ရက်နေ့မှာ ပဲတီစိမ်းစဝင်တာပဲ။ စပေါ်ပေါ်ချင်း အချိန် ၂၀ တစ်တင်းက ၆၂၀၀ နဲ့ဈေးဖွင့်ခဲ့ကြတယ်ဗျာ။ ၆၃၀၀-၆၄၀၀ ဇူလိုင် ၂၈ တနင်္ဂနွေနေ့မှာ ၆၅၀၀
ဖြစ်တာပါပဲ။ အဲသည်နောက် ဆက်တက်၊ သြဂုတ်လ ၃ ရက်နေ စနေနေ့ကျတော့ နည်းနည်း ပြန်အေးချင်သလိုလို (စနေ၊ တနင်္ဂနွေ ဘဏ်ပိတ်ရက်၊ ငွေလွဲမလာ ၊သီးနှံဈေးများအီတက်၏။ ထုံးစံ။)
“အတက်ကြမ်းတယ်လို့ ဆိုရမယ်ဗျာ့၊ ဒီဈေးမနေသေးဘူး ကိုချမ်းသာ တက်ဖို့ အလားအလာ ရှိသေးတယ်ဗျာ”
“အဟုတ်လား ပွဲစား”
"စောင့်ကြည့်လေ”
“ဒါဆို ဝယ်ထားရင် ဘယ်နှယ့်နေမလဲ”
“ခက်တယ်ကိုချမ်းသာ၊ မိုးပဲတီစိမ်းက “အထပ်” မခံချင်ဘူးဗျာ” (အိတ်နဲ့ထည့်ပြီး ထပ်ထားသည်ကို အထပ်ဟုခေါ်သည်)
“ပဲတီစိမ်းဟာ အသီးရဲ့ အခွံစိမ်းရာကနေ ရင့်မှည့်လာပြီ၊ အဆန်ရင့်ပြီ၊ ကျောက်စိမ်းလို ပြောင်လက်နေပြီ၊ အခွံက မည်းသွားပြီ၊ ခြောက်သွားပြီဗျာ၊ ဆွတ်လို့ရပြီပေါ့နော်။ (ပဲတီစိမ်းဆွတ်သည်ကို ပဲခြောက်ကောက်သည်ဟု ခေါ်သည်။)
“အဲ… ရင့်လို့ ခြောက်လို့ ကောက်တဲ့အခါ မိုးထဲရေထဲ လုပ်ရတာဆိုတော့ အခွံမှာ အစိုဓာတ်က ရှိနေတယ်၊ အခွံမှာရှိနေတဲ့ အစိုဓာတ်က အဆန်ကို သွားဟပ်တယ်ဗျာ၊ အဲဒီတော့ အဆန်ဟာ ကောင်းကောင်းမသွေ့ခြောက်ဘဲ ဖြစ်နေတယ်”
“ပဲခြောက်ကောက်ပြီး နေလှန်းမနေတော့ဘဲ ခြွေလှေ့စက်ပေါ်တင် ခွဲလိုက်တယ်ဗျာ၊ စက်ကထွက်လာတာကို အိတ်နဲ့ထည့်ပြီး ပွဲရုံလာချတယ်ဗျာ၊ ဝိတ်(အချိန်) နဲ့ ရောင်းစားရတာဆိုတော့ အချိန်လျော့မှာ စိုးတာကိုးဗျာ”
“ဟုတ်တာပေါ့ ပွဲစား၊ သူသူကိုယ်ကိုယ် လူ့သဘာဝ ရသလောက် ယူချင်ကြတာပေါ့ဗျာ၊ ဘယ်အလျော့ခံချင်ပါ့မလဲ”
“အဲဒီလို ဝိတ်လျှော့မှာစိုးလို့ ဖုတ်ပူမီးတိုက် ပွဲရုံလာချတော့ ထပ်ထားမယ်ဆို အရည်အသွေးက ကျသွားနိုင်တယ်ဗျာ့။ အရောင်ဖျော့လာမယ်၊ မိုးမိရေစိုလာမယ်ဆို ပိုဆိုးတာပေါ့၊ အရောင်ပျက်ရုံတင်မဟုတ်ဘူး၊ တစ်စေ့နဲ့တစေ့ ကပ်ပြီး အခဲလေးတွေ ဖြစ်သွားနိုင်တယ်ဗျာ့၊ ဒါကြောင့် အထပ်မခံဘူးလို့ဟြေတာ”
“ထပ်ထားလို့ အရောင်ပျက်သွားမယ်၊ ခဲသွားမယ်၊ ထွေးသွားမယ်ဆို အဝယ်ဘက်က ငြင်းမယ်ဗျာ”
“ဟုတ်တာပေါ့”
ဈေးမြောက်လာမယ်ဆိုတာ အကဲဖမ်းလို့ရတယ် ကိုချမ်းသာရဲ့၊ ဒါပေမယ့် ကျွန်တော်လည်း ထိန်းမထားရဲဘူးဗျာ၊ ရောက်လွှတ်ပဲ”
“အင်း… ပဲတီစိမ်းရဲ့သဘောက အခတ်သားပါလား”
“ဒီလိုတော့ရှိတယ် ကိုချမ်းသာရဲ့၊ ဝယ်၊ ခြောက်နေအောင်လှန်း၊ အစေ့ကို သွားနဲ့ကိုက်ကြည့်လို့ “ဂျွတ်” ခနဲနေပြီဆိုတော့မှ အိတ်ထဲထည့် ထပ်ထားလိုက်ရင်တော့ စိတ်ချရမယ်ဗျာ့၊ မပျက်နိုင်တော့ဘူး”
“အဲဒီလို “ရှယ်” ပြန်ကိုင်လိုက်မယ်ဆို ဝိတ်ကလျော့သွားမှာပေါ့”
“ဟာ… သေချာတာပေါ့ကိုချမ်းသာရယ်”
“ဈေးကျသွားရင် ပိုဆိုးမယ်နော်”
“အမယ်လေး ကိုချမ်းသာ၊ ဝိတ်ကလျော့၊ ဈေးကကျဆိုရင်တော့ အမြီးနုတ် ခေါင်းနုတ်နဲ့ ဘာကျန်တော့မလဲဗျာ၊ ပဲတီစိမ်းရဲ့သဘောက ငါးရဥ့်ဖမ်းဆုပ်ရသလိုပဲဗျာ့၊ အကိုင်ရခတ်တယ်၊ အဲဒါပဲ ကိုချမ်းသာ ၊ အကျိုးအကြောင်း အဆိုးအကောင်းကို ဟြေပြလိုက်ပြီ၊ လှောင်ဖို့မလှောင်ဖို့ကတော့ ခင်ဗျား သဘောပေါ့ဗျာ၊ လှောင်မယ်ဆို အိတ် ၁၀၀ လား၊ အိတ် ၂၀၀ လား၊ အခုကျွန်တော် သိမ်းခိုင်းလိုက်မယ်”
“ဟာ… ဟာ… နေပါဦးပွဲစားရဲ့၊ အိမ်ပြန်မိန်းမနဲ့ တိုင်ပင်ပါရစေဦးဗျာ”
“အဲ… အဲဒါကောင်းတယ်”
မောင်ချမ်းသာ
🌱 🌱🌱 အစိမ်းရဲ့ သဘော
အိမ်ပြန်မိန်းမနဲ့ တိုင်ပင်လိုက်ပါဦးမည်
“ကျွန်တော်တို့ အရောင်းအဝယ် လောကမှာ မိတ်ကောင်းဆွေကောင်းဟာ အရေကြီးဆုံးပဲဗျာ”
သြဂုတ်လ ၃ ရက်နေ့က အောင်လံမြို့ မြောက်ပိုင်း ရှေ့ဆောင်ပွဲရုံသို့ ရောက်သောအခါ ပွဲစားကြီးဦးစိုးညွန့်ရွှေက အထက်ပါအတိုင်း နိဒါန်းချီလေ၏။
“အင်း… ခင်ဗျားတို့က ပွဲစားလက်ဟောင်းကြီးတွေဆိုတော့ လူ့သဘောကို နောကျေနေပြီပေါ့လေ”
“ဒီလိုဗျာ ကိုချမ်းသာရ၊ ကျွန်တော်တို့အောင်လံမှာ အဝယ်တော် ၁၀ ဦးရှိတဲ့အထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ”
ကျွန်တော်သည် “အင်း” လိုက်ရင်း သူ့ဆီမှ ပွဲစားပညာကို သင်ယူနေလေ၏။
“အဲဒီ ၁၀ ဦးထဲမှာ နှစ်ဦးသုံးဦးဟာ သဘောထား တော်တော်ပြည့်ဝကြတယ်ဗျာ့။ သူ့ဘက်ကိုယ့်ဘက်မျှတယ်”
သူက နာမည်တွေထုတ်ဟြေ၏။
“ဟာ… တစ်ယောက်ကတော့ဗျာ၊ သူ့ဂွင်ထဲဝင်ပြီဆို လည်ပင်းလျှာထွက်အောင် ညှစ်တော့တာပဲဗျို့၊ သူ့ကိုတော့ ကျွန်တော်က “မရှိပေါင်း” ပဲဗျာ”
သူ့ပွဲရုံသို့ ပဲတီစိမ်းအိတ် (တစ်အိတ်ပိသာ၃၀) ၁၀၀ မှ ၅၀၀ အထိ နေ့စဉ် ဝင်လေရာ အဝယ်တော်များနှင့် အမြဲ နပန်းလုံးနေရသော ပွဲရုံဖြစ်ပါ၏။
“ပဲတီစိမ်းလှောင်ရင် ဘယ်နှယ့်နေမလဲဗျာ”
ကျွန်တော်က ကိုလိုချင်တာ ဆွဲဟြေလိုက်၏။
“ခင်ဗျားဘာသာ ဆုံးဖြတ်ဗျာ၊ ပဲတီစိမ်းရဲ့သဘောကို ဟြေပြမယ်”
အောင်လံတွင် ယခုနှစ် ပဲတီစိမ်း အထွက်ကောင်းတယ်ခင်ဗျာ့၊ ကျွန်တော် ခန့်မှန်းတာက မေလ ၅ ရက်နေမှာ ထွန်လို့ယက်လို့ဖြစ်လောက်အောင် မိုးရွာလိုက်တော့ စိုက်ရက် အပင်လုပ်ရက်ကိုတွက်ပြီး ဇူလိုင် ၁၀ နေ့ပေါ်မယ် မှန်းခဲ့တယ်။ မှန်းတာထက် သုံးရက်စောပြီး ခုနှစ်ရက်နေ့မှာ ပဲတီစိမ်းစဝင်တာပဲ။ စပေါ်ပေါ်ချင်း အချိန် ၂၀ တစ်တင်းက ၆၂၀၀ နဲ့ဈေးဖွင့်ခဲ့ကြတယ်ဗျာ။ ၆၃၀၀-၆၄၀၀ ဇူလိုင် ၂၈ တနင်္ဂနွေနေ့မှာ ၆၅၀၀
ဖြစ်တာပါပဲ။ အဲသည်နောက် ဆက်တက်၊ သြဂုတ်လ ၃ ရက်နေ စနေနေ့ကျတော့ နည်းနည်း ပြန်အေးချင်သလိုလို (စနေ၊ တနင်္ဂနွေ ဘဏ်ပိတ်ရက်၊ ငွေလွဲမလာ ၊သီးနှံဈေးများအီတက်၏။ ထုံးစံ။)
“အတက်ကြမ်းတယ်လို့ ဆိုရမယ်ဗျာ့၊ ဒီဈေးမနေသေးဘူး ကိုချမ်းသာ တက်ဖို့ အလားအလာ ရှိသေးတယ်ဗျာ”
“အဟုတ်လား ပွဲစား”
"စောင့်ကြည့်လေ”
“ဒါဆို ဝယ်ထားရင် ဘယ်နှယ့်နေမလဲ”
“ခက်တယ်ကိုချမ်းသာ၊ မိုးပဲတီစိမ်းက “အထပ်” မခံချင်ဘူးဗျာ” (အိတ်နဲ့ထည့်ပြီး ထပ်ထားသည်ကို အထပ်ဟုခေါ်သည်)
“ပဲတီစိမ်းဟာ အသီးရဲ့ အခွံစိမ်းရာကနေ ရင့်မှည့်လာပြီ၊ အဆန်ရင့်ပြီ၊ ကျောက်စိမ်းလို ပြောင်လက်နေပြီ၊ အခွံက မည်းသွားပြီ၊ ခြောက်သွားပြီဗျာ၊ ဆွတ်လို့ရပြီပေါ့နော်။ (ပဲတီစိမ်းဆွတ်သည်ကို ပဲခြောက်ကောက်သည်ဟု ခေါ်သည်။)
“အဲ… ရင့်လို့ ခြောက်လို့ ကောက်တဲ့အခါ မိုးထဲရေထဲ လုပ်ရတာဆိုတော့ အခွံမှာ အစိုဓာတ်က ရှိနေတယ်၊ အခွံမှာရှိနေတဲ့ အစိုဓာတ်က အဆန်ကို သွားဟပ်တယ်ဗျာ၊ အဲဒီတော့ အဆန်ဟာ ကောင်းကောင်းမသွေ့ခြောက်ဘဲ ဖြစ်နေတယ်”
“ပဲခြောက်ကောက်ပြီး နေလှန်းမနေတော့ဘဲ ခြွေလှေ့စက်ပေါ်တင် ခွဲလိုက်တယ်ဗျာ၊ စက်ကထွက်လာတာကို အိတ်နဲ့ထည့်ပြီး ပွဲရုံလာချတယ်ဗျာ၊ ဝိတ်(အချိန်) နဲ့ ရောင်းစားရတာဆိုတော့ အချိန်လျော့မှာ စိုးတာကိုးဗျာ”
“ဟုတ်တာပေါ့ ပွဲစား၊ သူသူကိုယ်ကိုယ် လူ့သဘာဝ ရသလောက် ယူချင်ကြတာပေါ့ဗျာ၊ ဘယ်အလျော့ခံချင်ပါ့မလဲ”
“အဲဒီလို ဝိတ်လျှော့မှာစိုးလို့ ဖုတ်ပူမီးတိုက် ပွဲရုံလာချတော့ ထပ်ထားမယ်ဆို အရည်အသွေးက ကျသွားနိုင်တယ်ဗျာ့။ အရောင်ဖျော့လာမယ်၊ မိုးမိရေစိုလာမယ်ဆို ပိုဆိုးတာပေါ့၊ အရောင်ပျက်ရုံတင်မဟုတ်ဘူး၊ တစ်စေ့နဲ့တစေ့ ကပ်ပြီး အခဲလေးတွေ ဖြစ်သွားနိုင်တယ်ဗျာ့၊ ဒါကြောင့် အထပ်မခံဘူးလို့ဟြေတာ”
“ထပ်ထားလို့ အရောင်ပျက်သွားမယ်၊ ခဲသွားမယ်၊ ထွေးသွားမယ်ဆို အဝယ်ဘက်က ငြင်းမယ်ဗျာ”
“ဟုတ်တာပေါ့”
ဈေးမြောက်လာမယ်ဆိုတာ အကဲဖမ်းလို့ရတယ် ကိုချမ်းသာရဲ့၊ ဒါပေမယ့် ကျွန်တော်လည်း ထိန်းမထားရဲဘူးဗျာ၊ ရောက်လွှတ်ပဲ”
“အင်း… ပဲတီစိမ်းရဲ့သဘောက အခတ်သားပါလား”
“ဒီလိုတော့ရှိတယ် ကိုချမ်းသာရဲ့၊ ဝယ်၊ ခြောက်နေအောင်လှန်း၊ အစေ့ကို သွားနဲ့ကိုက်ကြည့်လို့ “ဂျွတ်” ခနဲနေပြီဆိုတော့မှ အိတ်ထဲထည့် ထပ်ထားလိုက်ရင်တော့ စိတ်ချရမယ်ဗျာ့၊ မပျက်နိုင်တော့ဘူး”
“အဲဒီလို “ရှယ်” ပြန်ကိုင်လိုက်မယ်ဆို ဝိတ်ကလျော့သွားမှာပေါ့”
“ဟာ… သေချာတာပေါ့ကိုချမ်းသာရယ်”
“ဈေးကျသွားရင် ပိုဆိုးမယ်နော်”
“အမယ်လေး ကိုချမ်းသာ၊ ဝိတ်ကလျော့၊ ဈေးကကျဆိုရင်တော့ အမြီးနုတ် ခေါင်းနုတ်နဲ့ ဘာကျန်တော့မလဲဗျာ၊ ပဲတီစိမ်းရဲ့သဘောက ငါးရဥ့်ဖမ်းဆုပ်ရသလိုပဲဗျာ့၊ အကိုင်ရခတ်တယ်၊ အဲဒါပဲ ကိုချမ်းသာ ၊ အကျိုးအကြောင်း အဆိုးအကောင်းကို ဟြေပြလိုက်ပြီ၊ လှောင်ဖို့မလှောင်ဖို့ကတော့ ခင်ဗျား သဘောပေါ့ဗျာ၊ လှောင်မယ်ဆို အိတ် ၁၀၀ လား၊ အိတ် ၂၀၀ လား၊ အခုကျွန်တော် သိမ်းခိုင်းလိုက်မယ်”
“ဟာ… ဟာ… နေပါဦးပွဲစားရဲ့၊ အိမ်ပြန်မိန်းမနဲ့ တိုင်ပင်ပါရစေဦးဗျာ”
“အဲ… အဲဒါကောင်းတယ်”
မောင်ချမ်းသာ
Wednesday, December 26, 2018
ချစ်နှင်းမှုန်မှုန်
. ချစ် နှင်း မှုန် ရယ်
တသုန်သုန်မြူးကာ
ညှင်းရက်တာလားကွယ်
🎹 ချစ်နှင်းမှုန်မှုန်
တေးရေး ဂီတနက်သံ ကိုအုန်းလွင်
[ (နှင်းမှုန်ငွေရည် ပုလဲသွယ် တဖွဲဖွဲနဲ့ ကြဲကာမစဲတော့တယ် တစ်ကိုယ်ရေ နွမ်းလျဖွယ် ရင်ထဲ ရွှင်သည်းဖိုမိတယ် ချစ်နှင်းမှုန်ရယ် တသုန်သုန်မြူးကာ ညှင်းရက်တော့တယ် )
မောင့်အပါးဝယ် ရှောင်ရှားကာ ရွေ့လျားပေါ့ကွယ် နှင်းငွေမှုန်ရယ် ကြုံကာဆုံသည့်နှယ် တစ်ရံရောအခါကရယ် မောင်မယ်နှစ်ဦးဝယ် ကြည်နူးလို့ကွယ် ညဥ့်လွှာရုံအောက်ဝယ် ခင့်ကိုသာ မောင့်မှာတွေးလို့ရယ် မကြင်စိမ်းကာ ယိမ်းနွဲ့ပေါ့ မာလာသဇင်နွယ် နန်းဝေဟင် ပင်ယံမြင့်အလယ် လေသင့်ရာလွင့်ရှာလေတယ် ငွေဇာရုံ ခြုံလွှာပုံသို့နှယ် ချစ်နှင်းမှုန် တဖွဲဖွဲရယ် ၀ဲကာ ကြဲတော့တယ် ]
တီးလုံး သီးသန့် လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ယူနိုင်ပါတယ် ။
ဖိုင်ဆိုဒ် က 13.3 mb ရှိပါတယ်။
https://yadi.sk/d/7VoYsf2eo0QB5Q
https://koaungnaingoo.blogspot.com
Thursday, December 20, 2018
ငြင်းပယ်မှာပဲ စိုးမိတယ်
❎ ငြင်းပယ်မှာပဲ စိုးမိတယ်
ရင်မှာ သိမ်းထားတဲ့
ချစ်စကားလေးတွေ
နားထောင်ပါလား
အချစ်ရယ်
တေးရေး ကိုမြတ်လင်း
တေးဆိုသူ ကိုသန်းလှိုင် ၊ သန်းဖေလေး ၊ အောင်ချင်း ၊ ခင်ညွန့်ရီ ၊ ရာဇာဝင်းတင့် တို့ ဆိုထားတဲ့ key မတူတဲ့ တီးလုံး ( သီးသန့်. ) တွေကို တင်ပေးလိုက်ပါတယ်။
ကိုယ်နဲ့လိုက်မယ့် သံစဉ်ကို ဆိုကြရအောင်ဗျာ......
https://my.pcloud.com/publink/show?code=XZxD4C7ZRc0au7iyJOYVBl4WhdS7TjdmeLNk
( အပေါ်က link သည် ကိုသန်းလှိုင် ဆိုသည့်သီချင်း၏ တီးလုံး ဖြစ်ပါသည် ။ ဖိုင်ဆိုဒ် 9.4 mb ရှိပါသည် ။)
https://my.pcloud.com/publink/show?code=XZc14C7ZwxRFGCooxYHnaR2ds83M4yI3SFS7
( အပေါ်က link သည် သန်းဖေလေး ဆိုသည့်သီချင်း၏ တီးလုံး ဖြစ်ပါသည် ။ ဖိုင်ဆိုဒ် 5.2 mb ရှိပါသည် ။)
https://my.pcloud.com/publink/show?code=XZoe4C7ZzyKvKTtB7E00DvQPVpDfRylOQkvX
( အပေါ်က link သည် အောင်ချင်း ဆိုသည့်သီချင်း၏ တီးလုံး ဖြစ်ပါသည် ။ ဖိုင်ဆိုဒ် 10.2 mb ရှိပါသည် ။)
https://my.pcloud.com/publink/show?code=XZCn4C7Zy9fkMCkKnRfJLVBQbtoFY7kQYzRk
( အပေါ်က link သည် ခင်ညွန့်ရီ ဆိုသည့်သီချင်း၏ တီးလုံး ဖြစ်ပါသည် ။ ဖိုင်ဆိုဒ် 4.4 mb ရှိပါသည် ။)
https://my.pcloud.com/publink/show?code=XZb94C7Z1nXeYOlgIaVvP4bthemanXGvyBcV
( အပေါ်က link သည် ရာဇာဝင်းတင့် ဆိုသည့်သီချင်း၏ တီးလုံး ဖြစ်ပါသည် ။ ဖိုင်ဆိုဒ် 4.3 mb ရှိပါသည် ။)
❎ ငြင်းပယ်မှာပဲ စိုးမိတယ်
တေးရေး ကိုမြတ်လင်း
[ လှရိပ်ရည်လူး ရွယ်သစ်ဦး ချစ်မှူး နောင့်မယ် ယဉ်မျိုးကြွယ်ကို မပြယ်သော မေတ္တာများနဲ့ကွယ် ချစ်ခဲ့တယ် ချစ်စကား ဆိုပါရင်လည်းကွယ် ရှက်သွေးပို မျက်နှာပေးညို ညိုမှာစိုးလို့တကယ် ချစ်ပင်ပျိုး တိတ်တခိုးပါမေရယ်
( နီးဖို့ရာ အခြေမပေး ဝေးတဲ့အခါများမယ် သူ့ကိုသာ သတိတရ ရှိလှတယ် အချစ်ရယ်ယုံကွယ် ) ပိတောက်ဝါပွင့်ဖူး ဒီနွေတန်ခူးဝယ် ခြွေခူးလို့ ပန်ပေးချင်တယ် စံပယ်တွေ ပွင့်တော့လည်း ဒီနှယ် သဇင်တွေ ပွင့်တော့လည်း ဒီနှယ် မှန်းဆ တမ်းတမိသေးတယ် သူ့ကိုသာ ပြန်လည်တွေ့ရင် တကယ့်ကိုပြောပြမယ် ရင်မှာ သိမ်းထားတဲ့ ချစ်စကားလေးတွေ နားထောင်ပါလား အချစ်ရယ် ငြင်းပယ်မှာပဲ စိုးမိပါတယ် ]
🎧 ကျနော်ကတော့ ကိုသန်းလှိုင် ဆိုထားတဲ့ သီချင်းရဲ့ တီးလုံး နဲ့ ဆိုထားပါတယ်။
https://koaungnaingoo.blogspot.com
.
Sunday, December 16, 2018
ဟယ်..တယ်မလွယ်ပါလား
🔘 ဟယ် တယ်မလွယ်ပါလား
“ဦးလေး ကျွန်မရွှေဝယ်ချင်လို့ လိုက်ခဲ့ပါဦး”
ကျွန်တော့်တူမ တင်တင်ရီသည် တောမှ ရောက်ရောက်ချင်း အမောတကော အပူကပ်လေ၏။
“ပိုက်ဆံပေး ငအေးတေးဆိုလို့ဟာ ငွေရှိ ဝယ်လိုက်ပေါ့ဟယ်၊ ရှင်းနေတာပဲ”
“ငွေနဲ့ဝယ်မှာ မဟုတ်ဘူး၊ ရွှေ ရွှေချင်းလဲမှာ၊ ရွာက မင်္ဂလာဆောင်မှာ ဆွဲဖို့”
သည်လိုနဲ့ ဈေးသို့ ရောက်ခဲ့ကြလေ၏။ အောက်တိုဘာ ၁၆ ရက်နေ့က။
ပထမ ဖောင်းဖောင်းတို့ရွှေဆိုင်။
ပထမ ဖောင်းဖောင်းတို့ရွှေဆိုင်။
“ဒါလေးက ဘယ်လောက်သားလဲဟင်”
“သုံးကျပ်သုံးရွေး မမ”
“ဘယ်လောက်ကျလဲ တွက်ကြည့်ပါဦး”
ဖောင်းဖောင်းက သွယ်ပျောင်းနေသော လက်ချောင်းကလေးများနဲ့ တွက်စက်ကို နှိပ်၊ ကျသင့်တန်ဖိုးဟြေ၊ အလျော့တွက်နဲ့လက်ခပါ ထည့်တွက်။ ထိုအခါ ကျွန်တော့်တူမက သူ့အထုပ်ကိုဖြေ၊ ရွှေဆွဲကြိုးတစ်ကုံး၊ အခေါက်မောင်းကွင်း လက်စွပ်တစ်ကွင်း၊
ကျောက်နီလက်စွပ် တစ်ကွင်း၊ ငါးမူးသား ရွှေဒင်္ဂါးဟြးတစ်ခုထွက်လာ။
ကျောက်နီလက်စွပ် တစ်ကွင်း၊ ငါးမူးသား ရွှေဒင်္ဂါးဟြးတစ်ခုထွက်လာ။
“ဒါတွေနဲ့လဲမယ် ချိန်ကြည့်ဟယ်”
“ဟင်… အစ်မ၊ကျွန်မတို့က ပြင်ပရွှေမဝယ်ဘူး၊ ဒီလိုလုပ်ပါလား၊ အစ်မတို့ရွှေကို
ဘေးမှာသွားရောင်း၊ ရတဲ့ပိုက်ဆံနဲ ဒီဆွဲကြိုးကိုဝယ်”
ဘေးမှာသွားရောင်း၊ ရတဲ့ပိုက်ဆံနဲ ဒီဆွဲကြိုးကိုဝယ်”
“အေး… ကောင်းသားပဲ၊ လာငါ့တူမ”
ကျွန်တော့်အသိ ရွှေဆိုင်ရောက်။
“ကြိုးက ၁၄ ပဲရည်၊ ဒင်္ဂါးက အနာလေးပါတယ်၊ ဒီမောင်းကွင်းက အင်း… အဲ… နည်းနည်းဖန်တယ်ဗျာ”
သူက ရေနွေးကြမ်းသောက်ရင်းဟြေ။
“ပေးစမ်းဗျာ”
ကျွန်တော်သူ့လက်မှ ရေနွေးကြမ်းကိုယူမော့။
“ဘယ်မှာ ဖန်လို့လဲဗျာ၊ အနေတော်ပါပဲဗျာ”
“ဟာ… ဦးချမ်းသာကလည်း၊ ရေနွေးကြမ်းကိုဟြေတာမဟုတ်ဘူး၊ ဒီအခေါက်က
နည်းနည်းဖန်တယ်လို့ ဟြေတာဗျာ”
နည်းနည်းဖန်တယ်လို့ ဟြေတာဗျာ”
“အို… မသိပါဘူးဗျာ၊ ကဲ… ဖန်တာ ငန်တာအသာထား၊ အားလုံးတွက်စမ်းဗျာ၊ ဘယ်လောက်ရနိုင်မလဲ”
တစ်ခုပြီးတစ်ခုချိန်ကြည့်၊ ဈေးဖြတ်၊ စုစုပေါင်း ရွှေသားအလေးချိန် သုံးကျပ် တစ်မူးသား။ အားလုံး တန်ဖိုးသင့်။ ရမည့်ငွေပမာဏဟြေ။ (အလျော့တွက်လက်ခမပါ။)
“ငါ့တူမရေ… သူပေးတဲ့ဈေးနဲ့ဆို တို့က ၉၀၀၀၀ တောင်လိုက်ရဦးမှာဟေ့”
“ကိုးသောင်းဆို ဦးလေး နှမ်းကိုးတင်း ထုတ်ရောင်း ရတော့မှာပေါ” (နှမ်းတစ်တင်း တစ်သောင်း)
“လာ… လာ… ငါ့တူမ အခြားဆိုင်သွားကြဦးစို့၊ နင်ဝယ်တဲ့ဆိုင်ကို သွားမယ်၊ ဈေးချင်းတူရင် ခင်ဗျားဆီ ပြန်လာခဲ့မယ်ဗျို့”
ဆိုင်ရှင်ကို နှုတ်ဆက်ထွက်ခဲ့။
“ကျွန်မ ဒီဆိုင်ကဝယ်တာ၊ ဒါတွေအားလုံး”
“အေး… ကောင်းတယ်၊ သူ့ဆိုင်ပြန်ရောင်းမယ်၊ ဟင်… ဆိုင်ကခုထိ မဖွင့်သေးပါလားဟ”
မျက်နှာချင်းဆိုင်မှ ဒန်အိုးသည်မက ထွက်လာ။
“ဖီးဖီးတို့ ဒီနေ့ဆိုင်မထွက်ဘူး ဦးလေး၊ ဘုရားဖူးသွားကြတယ်”
အဲဒါမှ ဂွပဲ။ သည်ဆိုင်ကလုပ်တဲ့ ၁၅ ပဲရည် ဟိုဆိုင်က ၁၄ ပဲတဲ့။ အခေါက်က နည်းနည်းဖန်သတဲ့။ ခက်ဘူးလား။ မခက်ပါ၊ ကျွန်တော့်အသိ ရွှေဆိုင်တွေမှ ပြည့်လို့။ ကျွန်တော်တို့ ဦးသာဝဆိုင်ရောက် တွေ့ပါပြီ၊ နို့အုံကြီးနှစ်လုံးက ကျောက်ဖရုံသီး အလယ်က ပိုင်းပြီးကပ်ထားသလိုပဲ။ ဗိုက်ကြီးက အချိန်နှစ်ဆယ်ဝင် စဥ့်အိုးလောက်ရှိတယ်ဗျာ့။
“ဘာကိစ္စလဲ ဦးချမ်းသာ၊ ငွေချေးချင်လို့လား (သူ့ဆီက ငွေအမြဲချေးနေကျ)
မျက်နှာက ပြုံး၊ မျက်လုံးက အရောင်တဖိတ်ဖိတ်တောက်၊ ဗိုက်ကြီးလက်ဝါးနဲ့ပွတ် ရင်းဟြေ။
မျက်နှာက ပြုံး၊ မျက်လုံးက အရောင်တဖိတ်ဖိတ်တောက်၊ ဗိုက်ကြီးလက်ဝါးနဲ့ပွတ် ရင်းဟြေ။
“ငွေချေးရအောင်လာတာ မဟုတ်ဘူးဗျာ့၊ ရွှေရောင်းချင်လို့”
အမှတ်မထင် ခွေးချေးတုံး ဝါးစားမိသကဲ့သို့ မျက်နှာတွေသွား။
“ရွှေမဝယ်ချင်ဘူးဗျာ၊ ရောင်းပဲရောင်းချင်တယ်”
လေသံပျော့ကလေးနဲ့ဟြေ။
“ဘာကြောင့်လဲဗျာ”
“ရွှေဈေးက နောက်ကထိုးကျနေတယ်ဗျာ”
မဟန်သေး။ ကျွန်တော့်တူမ လက်ကုပ်၊ ခပ်သုတ်သုတ်ထွက်ခဲ့။
“ညည်းတို့ဆီက ဝယ်တုန်းက ၁၅ ပဲရည်ဟြေပြီး ရောင်းလိုက်ကြတယ်၊ ခုတို့ တစ်ဈေးလုံးက ရွှေဆိုင်တွေ လိုက်ပြပြီးပြီ၊ ၁၃ ပဲလို့ဟြေနေကြပါလား”
တောသူမ သုံးယောက်က အော်ကြီးဟစ်ကျယ် ဟြေနေကြလေ၏။ ချိုချောင် ဝါးနဲ့တော့ သူမ မစွာကျယ်တို့တွေ့ကြလေပြီ။ ချောင်ချောင်တို့ဖွင့်ထားသော “ဝါးရီး” အမည်ရှိဆိုင်ရေ့မှာ။
“အစ်မကြီးတိုးတိုးဟြေပါ”
“ဟေ့… တို့တောသူမတွေက ကျယ်ကျယ်ပဲဟြေတက်တယ်၊ မဟုတ်ဘွင်းဘွင်း ဟုတ် ဘွင်းဘွင်းပဲအေ့၊ ညည်းတို့ကတောသားနာပေါက်ဆိုပြီး ဆော်တာပေါ့လေ၊ ဘယ်နှယ် ၁၃ ပဲရည်က ၁၅ ပဲရည်တဲ့တော့”
ချောင်ချောင်ယောက်ျား ဝါးဝါးဆိုသူ ပျာပျာသလဲထွက်လာ။
“အစ်မရေ… မှားရောင်းလိုက်မိတာပါ၊ ကျွန်တော့်ရွှေပြန်ပေး၊ အစ်မတို့ပိုက်ဆံ ပြန်ယူပါ၊ ကျေပါနော်”
ဝါးဝါးက ဖုံးဖုံးဖိဖိဟြေ၊ သူ့ရွှေယူ၊ ငွေပြန်ပေး။
“လာဟေ့… ငါ့တူမ၊ တို့ကြားညပ်နေပါဦးမယ်၊ တစ်မျိုးကြံကြသေးတာပေါဟယ်”
ကျွန်တော်တို့ တူအရီးနှစ်ယောက် အိမ်သို့ပြန်ရောက်၊ ရေအိုးစင်မှ ရေအေးအေး တစ်ခွက်ခပ်သောက်။
“ပေးစမ်း နင့်ရွှေတွေ”
ဆွဲကြိုးက ဂျိတ်ကိုဖြေ၊ ရွှေဒင်္ဂါးထိပ်က ကွင်းကလေးထဲ ဆွဲကြိုးအစကိုထည့်၊ လက်စွပ်က ကွင်းတွေကိုထည့်၊ ဂျိတ်ကိုပြန်ပိတ်။
“ရော့ ဆွဲကြည့်စမ်း၊ ဟိုဆွဲကြိုးက သုံးကျပ်သုံးရွေး၊ အခု နင့်ဆွဲကြိုးက သုံးကျပ်တစ်မူးသားတောင် ရှိပါတယ်ဟာ”
“ဝက်သားတွဲကြီးလိုပဲ၊ မလှဘူး”
(တောရွာများတွင် ဝက်သားကိုနှီးနဲ့တွဲပြီးရောင်းကြသည်)
“ဝက်သားတွဲမကလို့ အမဲသားတွဲပဲဖြစ်ဖြစ်ဟယ်၊ နင်ရှိတဲ့ရွှေနင်ဝတ်တာ ဘယ်သူ့ဘာမှုရမလဲဟယ်၊ ဟုတ်ဘူးလား”
“အင်း… ဟုတ်”
ဘယ်နှယ်ဗျာ၊ သုံးကျပ်သားချင်းအတူတူ ကိုးသောင်းတောင် ထပ်လိုက်ရဦးမယ်ဆိုတော့။
ဟင်… တယ်မလွယ်သေးပါလား။
မောင်ချမ်းသာ
Friday, November 30, 2018
ရွှေတောင်ကြီးပြိုလဲကျသွားနိုင်
⛰️ ရွှေတောင်ကြီး ပြိုလဲကျသွားနိုင်
" ကောင်ရေ ဖြုတ်စားတာ မဝလို့ လုပ်စားနေပြန်ပြီလေ”
၂၀၀၂ ခုနှစ် ဇူလိုင်လက ဇာတိချက်ကြွေ ဆက်ဆူဝသို့အသွား သမ္ဘူလဈေးတန်း နဲ့ ဆက်ဆူဝအကြား ယာခင်းထဲတွင် နှမ်းပေါင်းထိုးနေသော ဦးနားဝေးနှင့် တွေ့ရလေ၏။ လမ်းဘေး သူ့ယာခင်းထဲ ဝင်လိုက်သောအခါ အထက်ပါစကားဖြင့် နှုတ်ဆက်လေ၏။
တောင်စောင်းကလေး၊ ပြီးတော့ ကြောပြင်၊ ကြောပြင်ပေါ်က ယာတဲကလေး၊ တဲကလေးမှာ ခဏနား၊ ရေတစ်ခွက်သောက် အမောဖြေ၊ မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းနဲ့ စကားဟြေ၊ ငယ်ဘဝရောက်၊ ကြီးဘဝရောက်။
“ငါဖြုတ်ဖြုတ်စားလာတာ မင်းအသိ”
ဟုတ်ပါ၏။ ဦးနားဝေးသည် ငယ်စဉ်က အလွန်ချမ်းသာ၏။ မောင်နှမ
နှစ်ယောက်တည်းရှိ။ သူတို့မိဘများမှာ လယ်တွေလုပ်မကုန်၊ လူငှားနှင့် လုပ်ရ၏။ တန်ဆောင်မုန်း၊ နတ်တော် ကောက်လှိုင်းတိုက်ပြီဆို အားချ တစ်ရွာလုံး ဝိုင်းတိုက်၊ကောက်လှိုင်းတိုက်သူများကို မနက်အစောကြီး ကောက်ညှင်းပေါင်း အဝကျွေး၊ မနက် ၁၀နာရီ ၁၁ နာရီ ဆွမ်းခံဝင်ချိန် ကောက်လှိုင်းတိုက် လှည်းတွေ ပြန်လာပြီ၊ ရွာမြောက်ဘက်က လယ်ကွင်းတလင်းထဲမှာ ကောက်ဆိုင်ပုံတွေပုံ၊ ကောက်လှိုင်းတိုက်သူများကို ကြက်သားနဲ့
ကျောက်ဖရုံသီး ရောချက်ထားတဲဟင်းနဲ့ နေ့လည်စာကျွေး၊ ပြန်ချေဦး ညနေတစ်ခေါက်။ ရွာလယ်ခေါင်မှ ဦးနားဝေးတို့အိမ်ကြီးမှာ ဟီးလို့ပါဗျာ။ ပျဉ်ထောင်အိမ် နှစ်ဆောင်ပြိုင်ကြီး၊ အဝေးကပင် မြင်နိုင်ပါ့။
“ငါ ဘာလုပ်စရာလိုလဲကွာ၊ တို့အမေ အဖေမှာ ပစ္စည်းတွေရှိပါ့၊ တို့တစ်သက် စားမကုန်ဘူး ဟေ့ကောင်”
ငယ်စဉ် လူပျိုဘဝက ဦးနားဝေးဟြေသောစကား ကျွန်တော့်နားထဲခုအထိ
ကြားယောင်နေဆဲ။ သူဌေး ပဂေးရဲ့သား ဖြစ်သောကြောင့် မျက်နှာအလွန်ပွင့်၊
အပျိုချောကလေးများက စတင်မျက်စပစ်ရသည်ထိ။ ဦးနားဝေးမင်္ဂလာဆောင်တော့ အခြား တစ်ရွာမှ အပျိုချောကလေးကို သွားတောင်း၊ ကျွန်တော်က လှည်းကြော့ကလေး တစ်စီးမောင်းလိုက်။ မင်္ဂလာလှည်းများ သူ့ထက်ငါ အတင်းကျော်တက်၊ မင်္ဂလာအုပ် လွင့်ကျမှာစိုးလို့ အတင်းဖက်ထားရ၊ လူ့ငယ်ဘာဝ ပျော်လိုက်သည့်ဖြစ်ခြင်း။ သူ့မိန်းမ လှမှလှ၊ အသားဖြူ၊ ဥစ္စာပေါ၊ ရုပ်ချော၊ နေနဲ့လ ရွှေနဲ့မြ။ တစ်ရွာသူလေး ဆက်ဆူဝပါလာ၊ ဦးနားဝေး ကြွားလို့မဆုံး။ သည်လိုနဲ့ သူက အိမ်ထောင်ကျ၊ ကလေးတွေရ၊
ကျွန်တော်က ရန်ကုန်ရောက်သွား။ လွန်ခဲ့သော အနှစ် ၂၀၊ ၁၈၉၂ ခုနှစ်က ရန်ကုန်မှ
ဆက်ဆူဝသို့ ခေတ္တပြန်လာတော့ လွမ်းလွမ်းနဲ့ ဦးနားဝေးအိမ် ကျွန်တော်ပြေးကြည့်။
အိမ်ကြီးပေါ်မှာ သူမရှိတော့။
“ရွာထိပ်က နတ်စင်ကုန်းပေါ်ရောက်နေပြီ”
ကျွန်တော့်တူကလေးများဟြေပြ၍ သိရ။ အိမ်ကြီးကို ရောင်းပစ်လိုက်ပြီ။ လယ်တွေလည်း ရောင်းပစ်လိုက်ပြီ။ သူတို့လင်မယားအတွက် တစ်ကွက်နှစ်ကွက်ပဲ ကျန်ခဲ့။ ဦးနားဝေး သွားတွေ့ သုံးပင် သက်ကယ်မိုးအိမ်ကလေးမှာ နှီးဖြာနေတုန်းရောက်သွား၊ သူ့မယားလည်း အနားမှာရှိ၊ ထမင်အိုးတည်ထားသော မီးဖိုက မီးဟြေင်းနဲ့ကုန်းမှုတ်၊
ဖြူစပြုနေပြီဖြစ်သော ဆံပင်များပေါ်သို့ ဟြတွေကျ။ ငယ်စဉ်က အပြုံးကလေး မပျက်သေး၊ သွားတစ်ချောင်းကျိုး အရွယ်နဲ့ မလိုက်အောင် ရုပ်ကကျနေပြီ။
“ဟဲချမ်းသာ၊ ထမင်းစားသွား၊ ရောက်တုန်းရောက်ခိုက်”
သူတို့ချကျွေးသော ငါးပိရည်ကျိုနဲ့ ပဲသီးပြုတ်၊ ကြက်ဟင်းခါးသီးပြုတ်၊ ချဉ်ပေါင်ဟင်း စားလို့ကောင်းလိုက်သည့်ဖြစ်ခြင်း၊ ထမင်းသုံးခါ ထပ်ထည့်ရ။
“ဟကောင်… မင်း ငါတို့ထမင်းဟင်းတွေ စားနိုင်ပါ့မလား အောက်မေ့နေတာ အတွယ်သားပါလားကွ”
သူ့ထမင်း မြိုန်ရေရှက်ရေစားနေသော ကျွန်တော့်အား ဦးနားဝေး ပီတိပြုံးကြီးနဲ့ဟြေ။
“ကောင်ရေ ဟြေမဟြေချင်တော့ဘူးကွာ၊ ကုသိုလ်ကံများ”
“မဟြေပါနဲ့တော့ဗျာ”
စိတ်မကောင်းစရာများ မဟြေကြ၊ ငယ်ငယ်က ထန်းရည် သောက်ကြတဲ့
အကြောင်း၊ ကောင်မလေးများကို ပိုးကြတဲ့အကြောင်း ပျော်စရာလေးများ ရေနူးကြ။
ဟော… အခုတစ်ခေါက်ပြန်တော့ ဦးနားဝေးတို့လင်မယား နတ်စင်ကုန်းက
သုံးပင်အိမ်ပေါ်မှာ မဟုတ်တော့ပါ။ ယာခင်းထဲက တဲကလေးပေါ်မှာ။
“ တောထဲဝင်နေတာ လေးငါးနှစ်ရှိပြီကွ၊ သာရေးနာရေး အကြောင်းကြီးငယ်ရှိမှပဲ ရွာကို ပြန်ဖြစ်တော့တယ်”
ဦးနားဝေးက သူ့ဘဝ တစ်စွန်းတစ်စကို ဖောက်သည်ချ။ ဦးနားဝေးတဲမှာ ဝအောင် သူစိတ်ကျေနပ်အောင် နေခဲ့ပြီးနောက် ရွာဘက်သို့ခရီးဆက်ခဲ့။ သူက ကျွန်တော့်ထက် အသက်သုံးလေးနှစ်ပဲ ပိုကြီးသည်။ ညီအစ်ကို သူငယ်ချင်းလိုချစ်ခဲ့ကြ။ လမ်း တစ်လျှောက်လုံး သူ့အကြောင်း ခေါင်းထဲကပ်ပါလာ။
“ ဖြုတ်စားလို့မဝဘူးကောင်ရေ” မချိတင်ကဲဟြေလိုက်သော သူ့စကားနားထဲမှမထွက်။ “ ကျေလဲကျ ကင်စွမ်ပန်”
ကျွန်တော့်မိတ်ဆွေ အသက် ၈၀ ရှိပြီဖြစ်သော တရုတ်ကြီး ဦးပေါင်ပေါင် ခဏခဏဟြေလေ့ရှိသည့်စကား ကျွန်တော်သွားသတိရ။
“ ကျေလဲကျ ကင်စွမ်ပန်”
ပြည်ကြီးပေါက်တရုတ်ကြီး မပီကလာပီကလာဟြေ။
“ဗမာလို ဘယ်လိုပြန်ရမလဲဗျာ”
ဦးပေါင်ပေါင်က မြန်မာပြန်ပေးတဲ့စကား။
“ထိုင်စားနေမယ်ဆို ရွှေတောင်ကြီးတောင် ပြိုကျသွားနိုင်တယ်ကွ”
မပြည့်လေသော ကိုယ့်ဆုတောင်း
💠 မြောက်လေ
သုတ်ဖျန်း
ချမ်းရှာရော့မည် ....
တီးလုံး သီးသန့် ကို အောက်က လင့်ခ် တွေကနေ ယူနိုင်ပါတယ်။
mp3 ဖိုင်ဆိုဒ်က 5.6mb ရှိပါတယ် ။
picosong မှ ဒေါင်းရန်
Pcloud မှ ဒေါင်းရန်
🌨️ မပြည့်လေသော ကိုယ့်ဆုတောင်း
တေးရေး သောင်းတင်ဌေး
◼ ဆောင်းနှင်းသဇင် တော့ ပြောင်းယွင်းချင်တော့ပြီ
◼ ( သီဝေသွဲ့နှင်း မင်းလွင်ကျင်းပြန်တော့ ပင်မြင့်စံတဲ့ ငွေသဇင် ခင်မင်ခိုလှုံ ဆောင်းရိပ်မြုံထဲ သူ့မှာ ရနံ့သင်း သင်းပျံ့လှိုင်ကြည် လှမာန် စိန်မြခြယ်စီ လသာစဉ်အခိုက် လရောင်ကို သူကြိုက်ပါ၍ မှောင်မိုက်လွန်ကာ နေခြည်လာသော် လသာ မေ့နိုင်အားသည် ယုံစားနေသမျှ ကိုယ့် အမှားဖြစ်မည် လွမ်းရက်ရှည်၍ ဖြေပါနိုင် ငါးပွင့်ပန်းခိုင် လက်ဝယ်ကိုင်ကာ စိန္တေထံ လျှောက်တိုင်ဝံ့သည် ဆောင်းဟေမာန် ခါဆန်းရင် သဇင်ပန်းတွေ ပွင့်မှာစိုးပါသည်
◼ ငွေနှင်းရယ်မှုန် လေညှင်းသုန်သော တစ်ညဆီ ချစ်ခွန်းဝေရွှန်း လမင်းရှက်အောင် ချစ်သက်နှောင်ခဲ့ မောင် မမေ့ပါချေပြီ မြောက်လေသုတ်ဖျန်း ချမ်းရှာအေးရှာရော့မည် ရင်ဝယ်ထွေးကာ နွေးစေပါသည် နှင်းမကျစေကြောင်း ပန်းမဉ္ဖူ မြတ်ပန်းခိုင်နဲ့ ဦးတိုင်မြှောက်ချီ လျှောက်လိုပါသည် ဒီလို ဆောင်းကို ရောက်ရင် နှင်းမကျစေကြောင်း ဆုတောင်းနေပါသည်
◼ ဒီနွေ ဒီမိုးတွေပြောင်းရင် ဒီဆောင်းကိုလည်း ရောက်လာပေဦးတော့မည် ဆောင်းရောက်ရင် သဇင်ပွင့်မည် နှင်းကျမည် ဆုတောင်း မပြည့်ခဲ့ပါလေပြီ )
.
Thursday, November 15, 2018
ရှမ်း တို့ရဲ့ မင်္ဂလာပွဲ
⭕ ရှမ်း တို့ရဲ့ မင်္ဂလာပွဲ
မင်္ဂလာနေ့၌ သတို့သားအိမ်တွင် (ပစ္စည်းပြည့်စုံသူများဖြစ်လျှင် သတို့သမီးအိမ်ပါ)မြတ်စွာဘုရားအမှူးထား၍ သမုတိသံဃာတော်အရှင်မြတ်တို့အား မင်္ဂလာလက်ထပ် ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။
သတို့သားဘက်က ဖိတ်ကြားထားသော လူများကလည်း သတို့သားအိမ်၊ သတို့သမီးဘက်မှ ဖိတ်ကြားထားသောသူများကလည်း သတို့သမီးအိမ်သို့ စုရုံးရောက်ရှိလာကြပြီး နှစ်ဘက်စလုံးမှ သူ့အိမ်ကိုယ့်အိမ်တွင် ကျွေးမွေးဧည့်ခံကြသည်။
ထို့နေ့၌ နှစ်အိမ်စလုံး အမင်္ဂလာစကား မပြောရ၊ ငိုကြွေးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ကြွေးတောင်းခြင်းများကို လုံးဝမပြုကြရပါ။
သတို့သားအိမ်၌ ကျွေးမွေးဧည့်ခံပြီးနောက် အိုးစည်ဗုံမောင်းများတီးကာ တစုတရုံး တပျော်တပါးကြီးဖြင့် လူကြီးများက ရှေ့ဆောင်၍ သတို့သားကို လူပျိုရံများ ခြံရံပြီး သတို့သမီးအိမ်ဆီသို့ သွားကြပါသည်။
သတို့သမီးအိမ်သို့သွားကြသောအခါ သတို့သားနှင့်ယှဉ်၍ မိစုံဖစုံသူလူပျိုတစ်ယောက်က “ အွပ်ခေါင်ခိုင် ” ခေါ် ယွန်းအုပ်နီ(မင်္ဂလာအုပ်)ကို ပိုက်၍ လိုက်ရသည်။
အွပ်ခေါင်ခိုင် ခေါ်(မင်္ဂလာအုပ်) ယွန်းအုပ်နီအတွင်း၌ ဖျင်ဖြူဖြစ်စေ၊ ဖျင်နီဖြစ်စေ တစ်အုပ်နှင့်ငွေ ၅ိ-၁၀ိ-၅၀ိ-၁၀၀ိ စသည်ဖြင့် တတ်နိုင်သလောက် သတို့သားဘက်က ထည့်ရသည့်အပြင် ဘဲဥပြုတ် သို့မဟုတ် ကြက်ဥပြုတ်(၃)လုံး ကြံသကာတစ်ထုပ် သို့မဟုတ် သကြားတစ်ထုပ်ပါ ထည့်ရသည်။
၎င်းမင်္ဂလာယွန်းအုပ်နီသည် သတို့သမီးမိဘများကို ကန်တော့ရသောအုပ်ဖြစ်၍ မင်္ဂလာဆောင်ပြီးနောက် ၇ ရက်မြောက်မှ အုပ်ကို ဖွင့်၍ ပါလာသောပစ္စည်းများကို သတို့သမီးမိဘများက သိမ်းယူရသည်။ မိခင်၏ထမင်း ၀ါးဖတ်နှင့်နို့ဖိုးပူဇော်ခြင်း ဖြစ်သည်ဟုဆိုသည်။
မင်္ဂလာဆောင်သို့ ကြွရောက်ချီးမြှောက်ကြသော လူကြီးအားလုံးကိုလည်း ကန်တော့ရန် သုံးချောင်းထောက်ဗန်းနှင့်ပန်းများပါ ထည့်ယူသွားကြရသေးသည်။ အချို့အုန်းပျောကန်တော့ပွဲကိုလည်း ယူ၍သွားကြသေးသည်။
မင်္ဂလာအိမ်အခန်းတွင်း၌ လှပစွာ ဖီးလိမ်းဆင်ပြင် ၀တ်စားထားသော သတို့သမီးအနား အပျိုရံများက ရယ်စရာ ရွှင်စရာ စကားလိမ် စကားထာများကို ပြော၍သော်၎င်း ၊ ကဗျာတေးသံသာကို သီဆို၍သော်၎င်း ၊ အချို့အပျိုရံက အပျိုရည်မနွမ်းခင် “ နန်း ” ကိုလေ အားရပါးရ ဖက်ရဦးမယ်ပြောပြီး သတို့သမီးကို ဖက်ကြ ပွေ့ကြ ပိုက်ကြ မွှေးကြ၍ သတို့သမီးခမျာ ရယ်ကာမောကာ အပြုံးကြွယ်ရာမှ မင်္ဂလာပွဲထုတ်လျှင် သတို့သားနှင့်ယှဉ်တွဲထိုင်ကာ မျက်နှာချင်း ဘယ်လိုဆိုင်ရပါ့မယ်ဟု
တွေးဆစိတ်မော၍သာ နေရှာသည်။
ရှမ်းဘာသာ “ နန်း ” ဟူသော ဝေါဟာရသည် “ ခင် ” သို့မဟုတ် “ မေ ” အပျို-သူငယ်မ-လုံမ-မိန်းခလေးဟူသောအဓိပ္ပါယ်များ ဖြစ်ပါသည်။
“ ပူကျောင်း ” ဖိုးကျောင်းဒကာ၊ “ ပူကျယ် ” ဖိုးသူတော်ကြီး၊ “ အောက်ခေါင်း ” ကာလသမီးခေါင်း သို့မဟုတ် အပျိုခေါင်း၊ “ အောက်လွယ် ” ဘုရားဒကာမ အစရှိသောမင်္ဂလာပွဲသို့ ကြွရောက်ချီးမြှောက်ကြသော ပရိသတ်များကို ၀က်သား ကြက်သား ဆီပြန်ဟင်းများနှင့်ကြက်သွန်မြိတ် နံနံပင် ဆလပ်ရွက်များနှင့်တို့စားရန် “ နမ့်ဖစ်ဖူး ” ခေါ် ဟင်းရံများနှင့်ကျွေးမွေးဧည့်ခံရာ ပရိသတ်က မြိန်ရှက်စွာ သုံးဆောင်ကြပြီး “ မင်္ဂလာမောင်မယ်တို့သည် ရာသက်ပန် ရိုးမြေပြာကျ ပေါင်းသင်းနိုင်ကြပါစေ ” ဟု ဆုမွန်ကောင်း တောင်းကြသည်။
“ နမ့်ဖစ်ဖူး ” ဆိုသည်မှာ ပဲပုပ်မီးကင်၍ ဆားနှင့်ထောင်းပြီး ကြက်သွန်ဖြူ ကြက်သွန်နီ မီးအုံး ငရုတ်သီးစိမ်း သင့်တော်ရုံမျှ မီးကင်ကိုပါ ရော၍ ထောင်းပြီး ရေနွေးနှင့်မပျစ်မကျဲ ဖျော်ထားသည်ကို ခေါ်သည်။ အချို့က ခရမ်းချဉ်သီးကိုပါ မီးအုံး၍ထည့်ဖျော်ထားကြသည်။
“ နမ့်ဖစ်ဖူး ”ကို မြေမြင့် “ ပန်ထွေဖျော် ” ခေါ်လျှင် မှားမည် မဟုတ်ပါချေ။ ပန်ထွေဖျော်က ငန်ပြာရည်ထည့် ဖျော်၍ နမ့်ဖစ်ဖူးက ပဲပုပ်ထောင်းထည့်ဖျော်သည်သာ ကွာခြားသည်။
သတို့သမီးအိမ်ရှေ့သို့ သတို့သားနှင့်လူကြီးများ ရောက်လာသောအခါ သတို့သမီးဘက်မှ “ အောက်ခေါင်း ” ခေါ် အပျိုခေါင်းက အမျိုးသမီးများနှင့်ဆီး၍ တားကာ. . .
“ ရှင်တို့ကို ၀င်ခွင့်မပြုနိုင်သေးဘူးရှင့်၊ ကျမတို့ သတို့သမီးက တစ်သိန်းတန်တယ်၊ နှစ်သိန်းတန်တယ်၊တစ်သန်း-နှစ်သန်း-တစ်ကုဋေတန်တယ် ” ဟုပြောကာ ခဲဘိုးကို ဆီး၍ တောင်းကြပါသည်။
ထိုအခါ သတို့သားဘက်မှ ခေါင်းဆောင် “ ပူခေါင်း ” ခေါ် ကာလသားခေါင်းက. . .
“ အေး. . . ခင်ဗျားတို့ဟာ အဘိုးတန်မှန်း သိလို့ ကျုပ်တို့ကလဲ သိန်း-သန်း-ကုဋေငွေထုပ်ကြီးတွေ ထမ်းလာတယ်လေ၊ ဟောဒီမှာ ကြည့် ” ဟုပြောကာ ငွေ ၄-၅ ဆယ်ဘိုးအနှုတ်(အကြွေ)များကို မိုင်းကိုင်စက္ကူနှင့်အထုပ် ငယ်ကလေးများ ထုပ်၍ လွယ်အိတ် ၄-၅ လုံးတွင် ထည့်ယူလာပြီး ပြကြသည်။
တစ်သိန်း-တစ်သောင်း၊ ငါးထောင်-ငါးရာ စသည်ဖြင့် ပြောကြဆိုကြ ဈေးတည်ကြသောအခါ စက္ကူထုပ်ကလေးများကို ငါးရာ တစ်ထောင် တစ်သောင်း တစ်သိန်းစသည်ဖြင့် မင်္ဂလာယူ၍ ပြောကြ ဆိုကြ ပေးကြ ယူကြသည်။
တစ်ဖန် လှေကားဦးအိမ်ပေါက်အ၀င်မှစ၍ တားနိုင်သောနေရာမှန်သမျှ တားပြီး ငွေမက်သောလက္ခဏာ အရိပ်နိမိတ်စကား မပါရှိရဘဲ ပျော်ပွဲရွှင်ပွဲသဘောမျိုးဖြင့် တစ်ဝါးဝါး တဟားဟားနှင့်ရယ်သွမ်းသွေးကာ မင်္ဂလာယူသောစကားများကိုသာ ပြောဆိုသုံးနှုန်းကြပါသည်။
မင်္ဂလာဆောင်တွင် ဒုက္ခအရောက်ဆုံးသူမှာ “ အွပ်ခေါင်ခိုင် ” ခေါ် ယွန်းအုပ်နီ (မင်္ဂလာအုပ်)ကိုကိုင်သူဖြစ်ပါသည်။ သတို့သားအိမ်ကစပြီး ပိုက်ခဲ့ရသောမင်္ဂလာအုပ်ကို သတို့သမီးအိမ်ရောက်၍ သတို့သားနှင့်သတို့သမီးယှဉ်တွဲထိုင်ကာ ကန်တော့မည့်နေရာကို မရောက်မီ မင်္ဂလာအုပ်နီကို လူလွှဲပြောင်းကိုင်ခြင်း၊ ထိုင်ခြင်းမပြုရဘဲ မတ်တပ်-မတ်တပ်နှင့်နေရ၍ အတားအဆီးတို့မှာ စကားကြွယ်လျှင် ကြွယ်သလို ၂-နာရီကျော်ကျော် ၄-နာရီနည်းပါးမျှ ကြာတတ်၍ အုပ်နီကြီးတစ်ပိုက်ပိုက်၊ ပင့်သက်ကြီးရှူရှိုက်ပြီး ချွေးတပြိုက်ပြိုက်နှင့်နေရရှာသည်။
သတို့သားကို သတို့သမီးမိခင် သို့မဟုတ် အဒေါ် အရီးတစ်ဦးဦးက လက်ကိုဆွဲပြီး ကန်တော့ရမည့်နေရာသို့ ခေါ်သွားပါသည်။ ထိုအခါမှ အုပ်နီကိုင်သူကသတို့သားရှေ့တွင် အုပ်နီကို ချထား၍ သူ့ခမျာ ၀ဋ်ကျွတ်ရှာပါတော့သည်။
သတို့သားဘက်မှ ခေါင်းဆောင်လုပ်သူက လူကြီးမိဘများ ခွင့်ပြုပြီးဖြစ်ပါ၍ ခင်ဗျားတို့ သတို့သမီးကိုခေါ်ကြပါတော့(ပွဲထုတ်ကြပါတော့)ပြောလျှင် သတို့သားမိခင် ကြီးဒေါ်-အဒေါ်တို့နှင့်အပျိုခေါင်းတို့က သတို့သမီးအခန်းသို့ သွားကြပါသည်။
ခန်းပေါက်ဝတွင် အထက်နည်းအတိုင်း အပျိုရံများက ဆီး၍တားပြီး ပျော်စရာ ရွှင်စရာများကို ပြောဆိုကာ ငွေတောင်းကြ ၊ ပေးကြ ၊ ရွေးယူကြရပြီးနောက် သတို့သားမိခင်၊ သို့မဟုတ် ကြီးဒေါ်-အဒေါ် အပျိုခေါင်းတို့က သတို့သမီးကို လက်တွဲ၍ ပွဲထုတ်လာပြီး သတို့သားနှင့်ယှဉ်တွဲထိုင်စေကာ လူကြီးများကို ကန်တော့စေပါ
သည်။
လူကြီးများလည်း မေတ္တာဆုပေးကာ ဆုံးမသင့်သောစကားများကို ပြောဆိုဆုံးမ သြ၀ါဒပေးကြပါသည်။
လူကြီးတစ်ဦးလျှင် ငွေတစ်မတ်ထက်မနည်း စက္ကူနှင့်ထုပ်၍ုဖြစ်စေ၊ သို့မဟုတ် လက်ကိုင်ပ၀ါနှင့်ချည်၍ဖြစ်စေ၊သတို့သား သတို့သမီးတို့က လှူဒါန်းကြပါသည်။ ထိုသို့ ငွေတစ်မတ်ထက်မနည်း လှူဒါန်းသောထုံးစံမှာ ၎င်းင်းတို့နှစ်ဦးကို ဤနေ့မှစ၍ တရားဝင်သောဇနီးမောင်နှံအဖြစ်သို့ ရောက်ရှိပြီးဖြစ်သည်ကို အသိအမှတ်ပြုတော်မူကြ
ပါဟူသော အထိမ်းအမှတ် ဖြစ်လေသည်။
ပြီးနောက် အမိ-အဒေါ်-အရီး-အပျိုခေါင်းတို့က ဇနီးမောင်မယ်တို့ကို တွဲ၍ အိပ်ခန်းဆောင်အတွင်းသို့ခေါ်သွားကြပါသည်။
အိပ်ခန်းဆောင်အတွင်းသို့ ရောက်သောအခါ ဂုဏ်သရေရှိ ငယ်ပေါင်းဇနီးမောင်နှံနှစ်ဦးက မောင်မယ်သစ်လွင် အိမ်ထောင်ရှင်တို့ကို ထမင်းလက်ဆုံစားရန် “ ခေါက်ဆွမ်လီ ” ခေါ် မင်္ဂလာထမင်းအုပ်ကို ဖွင့်၍ ယောက်ျားက သတို့သမီးကို၎င်း မိန်းမက သတို့သားကို၎င်း မင်္ဂလာထမင်း ၇-လုပ်စီ ခွံ့ကျွေးပါသည်။
အချို့ဒေသ၌ လူပျိုရံက သတို့သမီးကို အပျိုရံက သတို့သားကို “ ခေါက်ဆွမ်လီ ” မင်္ဂလာထမင်း ၇-လုပ်စီ ခွံ့ကျွေးပါသည်။ ထမင်းအုပ်တွင် ထမင်းဖြူ ထမင်းဝါ၊ ကောက်ညှင်း ငချိတ်ပေါင်း၊ ကောက်ညှင်းဖြူပေါင်း၊ကြက်ဥပြုတ်၊ ငါးကြော်၊ အသားကြော်များနှင့်သကြား၊ ကြံသကာများလည်း ပါသည်။
မင်္ဂလာထမင်းခွံ့ကျွေးသူ လူပျိုရံ အပျိုရံတို့က တစ်ခါတရံ နောက်ပြောင်တဲ့သဘောဖြင့် ဆားငန်ငန်နှင့် ထမင်းဆုပ်ကြီးကြီး ဆုပ်ပြီး ခွံ့ကျွေးကြ၍ မင်္ဂလာထမင်းကို ထွေးပစ်ရိုး ထုံးစံလည်း မရှိ၊ စိတ်လည်း မဆိုးရသော ကြောင့် မင်္ဂလာမောင်မယ်တို့မှာ ပျို့အန်ထွက်မတတ်နှင့်ပင် ဆားငန်ငန်ထမင်းလုပ်ကြီးကို ကျိတ်မှိတ်မျိုချရရှာ
သည်။
သတို့သမီးက သတို့သားအိမ်သို့ လိုက်နေရလျှင် ခေါက်ဆွမ်လီ မင်္ဂလာထမင်းကို သတို့သားအိမ်အိပ်ခန်းဆောင်ရောက်မှ ၇-လုပ်စီ ခွံ့ကျွေးရသည်။
မင်္ဂလာပွဲ ပြီးစီးအောင်မြင်၍ အိုးစည်ဝိုင်းက နှဲမပါ ပြွေမပါဘဲ မောင်း၊ လင်းကွင်း၊ သံလွင်စည်းပြားကလေးနှင့်သတို့သား မာပါစေ၊ သတို့သမီး မာပါစေလို့၊ ပန်ဆုချွေ ခါခါတောင်း အောင်ပါစေကြောင်း အောင်စေကြောင်း ဆုတောင်းပတ္ထနာ တေးသွားတီးကွက်ကို ဖော်ထုတ်တီးကြပြီး မင်္ဂလာစည်တော်ကြီး ရွှန်းသလို ရွှန်းရွှန်း
ဝေအောင် တီးကြ ကကြ ပျော်ရွှင်ကြပါသည်။
မြေမြင့်နေ မြန်မာ့သွေးသား ရှမ်းညီအစ်ကိုမောင်နှမများ၏မင်္ဂလာအခမ်းအနား ယဉ်ကျေးမှုများကိုမြေပြန့်နေ စာရေးဆရာက သုတေသနပြုမိသမျှ ပြုကာ ချစ်ကြည်မှုရှုထောင့်က တင်ပြရာတွင် ပြည့်စုံလိမ့်မည် မဟုတ်သည်ကို ရိုးသားစွာဖြင့် ၀န်ခံအပ်ပါကြောင်း။
ဒါရိုက်တာဆရာမြင့်
မှတ်ချက်။ ။၁၉၆၇-ခုနှစ်၊ ဇူလိုင်လထုတ် ငွေတာရီမဂ္ဂဇင်း စာမျက်နှာ(၆၈-၇၁)တွင် ပါသော ဆောင်းပါးကို
ပြန်လည်၍ စာစီရိုက်ထားပါသည်။
www.shanyoma.org
Tuesday, November 6, 2018
ဖွားဖွားထမှ များများရမတဲ့ဗျာ
💸 ဖွားဖွားထမှ များများရမတဲ့ဗျာ
“ဟဲ့ကောင်မလေး တိုးတိုးဟြေ၊ နင်ဟာ ငါ့တူမလေး အရင်းခေါက်ခေါက်ကြီးမို့ ဟြေတာ၊ သူများဆိုဟြေပြပါလိမ့်မယ် စောင့်နေ အားကြီးပဲ”
ကျွန်တော် ဦးနားဝေး အိမ်ထဲသို့ဝင်သွားသောအခါ သူတို့ စကားပြတ်သွားကြ လေ၏။
“ ဟော… ဦးလေးချမ်းသာ လာပြီ၊ သူ့ကိုမေးရဦးမယ်၊ ဒီမှာ ဦးလေးနားဝေးကဟြေနေတယ်၊ ငွေသုံးသိန်းရင်းရင် တစ်နှစ်မှာ ၁၅ သိန်းလောက်မြတ်နိုင်သတဲ့ ဟုတ်ပါ့မလား ဦးလေးချမ်းသာ”
“ မြတ်နိုင်တာပေါ့ဟ၊ လုပ်တဲ့အလုပ်နဲ့ လုပ်တဲ့လူပေါ်မှာ မူတည်တာပဲ၊ နင့်ကို ဦးနားဝေးက ဘယ်လိုတွေဟြေပြနေလို့တုံး”
ကျွန်တော် သူတို့စကားဝင်းထဲ ဝင်လိုက်သောအခါ ရေးစုံကွက်စုံသိရလေ၏။ ခင်ရွှေရီ ဆိုတာက ဦးနားဝေးရဲ့တူမ၊ ဦးနားဝေး နှမကမွေးတာ၊ သည်ကောင်မလေး အိမ်ထောင်ကျသွား၊ ပြည်မြို့ကို ပါသွား။ အရက်ဆိုင်ကလေးဖွင့်ထား၊ သူ့ယောက်ျား ပိန်ညှောင်ကောင်က သည်ဘက်မှာ အစကတည်းက အားသန်၊ အရက်ဆိုင်ဆိုတော့
“လိပ်ဆေး” ပေါ့။ ရောင်းလိုက် သောက်လိုက်၊ ပထမတော့ ညနေပိုင်းလောက်၊ နောက်တော့ နေ့ခင်းရော ညနေပါ၊ နောက်တော့ တစ်နေကုန်၊ နောက်ဆုံး အရက်နှင့် မျက်နှာသစ်လေ၏။ ပုလင်းထဲဦးစိုက်ကျသွား၊ ပုလင်းထဲက ပြန်မထွက်နိုင်၊ အသက်သာထွက်သွားလေ၏။ ခေတ်အရက် ကောင်းချက်ကတော့။
ခင်ရွှေရီ ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ် ကလေးနှစ်ယောက်ကျန်ခဲ့။ ယောက်ျား ပုလင်းထဲနစ်၊ အဖြစ်မလှ၊ သေတော့မယ်ဆိုတာ အကဲခတ်မိတော့ ရွှေကလေးဝယ်စု၊ အမေ့အပ်ထား၊ အခု ယောက်ျားသေသွားတော့ ရွှေတိုရွှေစကလေးတွေ ဈေးကောင်းရ၊ သုံးသိန်းဆိုလား လက်ထဲရ၊ ပြည်မှာ အရက်ဆိုင်ဆက်ဖွင့်ဆိုတာက မိန်းမသား တစ်ယောက်တည်းမို့ မတင့်တယ်။ ဒါနဲ့ အောင်လံပြန်ရောက်၊ အခု သူ့ဦးလေး ဦးနားဝေးနှင့် တိုင်ပင်နေခြင်းပါပဲ။ ဘာလုပ်စားရင် ကောင်းမလဲပေါ့။
“ငါက တွက်ပြတယ်ကွ”
ဦးနားဝေးက စကားဆက်လေ၏။
“ဘယ်လိုများလဲဗျာ”
“သူ့ငွေသုံးသိန်း ဆိုပါတော့ကွာ၊ ငါက တတ်လို့တော မဟုတ်ဘူး၊ ငါ့အိမ်ဘေးက မောင်ပန်းမောင် လုပ်နေတာကိုကြည့်ပြီး ဟြေတာ”
“ပန်းမောင်ကွာ၊ အစကဘာရှိမှတ်လို့၊ လက်ထဲ ၁ဝဝဝဝ တောင်ပြည့်အောင် မရှိဘူး၊ အဲဒီငွေရင်း ကချောက်ကချက် ကလေးနဲ့ ဝက်ပုတ်နဲ့ အောင်လံ
ခြေကလန်ထိုးနေတာ”
(ဝက်ပုတ်ဆိုတာ ပြည်- ရန်ကုန်ကားလမ်းမပေါ်ရှိ ကုန်စိမ်းအလွန်ထွက်သော ရွာကလေး၊ ခြေကလန်ထိုးတယ်ဆိုတာက မပြတ်မလပ် ကူကယ်ခေါက်ကယ် ကုန်ကူး ရောင်းဝယ်နေသည်ကို ဆိုလိုသည်။ ကျွန်တော်တို့ တောစကား။)
“အဲဒီအကောင်ကွာ၊ အခု အိမ်အိုကလေးကိုဖျက်ပြီး တိုက်ဆောက်နေပြီ၊ မင်းအမြင်၊ သူလုပ်တာကိုလည်း ကြည့်ဦး၊ ငွေရင်း ၁ဝဝဝဝ လောက်က ဖွပေးနေတာကွ”
“ဘယ်လိုဖွတာလဲဗျာ”
“မင်းကလည်းကွာ (ညံ့ရန်ကောဆိုသော မျက်နှာနဲ့ ကျွန်တော့်ကိုကြည့်)
ဖွတယ်ဆိုတာ ပွားအောင်လုပ်တာကို ဟြေတာကွ၊ ရေထဲ ဆပ်ဟြမှုန့်ထည့်
မွှေသလိုဟာမျိုးဟာ၊ မွှေတယ် မွှေတယ်၊ ပွထလာတယ်၊ ပွထလာတယ်၊ ဖွားဖွား ဖွားဖွားနဲ့။ သူလုပ်တာက ဒီသဘောကွ၊ မူလအရင်းက ၁ဝဝဝဝ ပဲထားကွာ၊ ဒါပေမယ့် ဒီကောင် တကယ်လည်ပတ်နေတာက လေးငါးသောင်းဖိုးကွ၊ ဟိုကခေါက်ပြန်ပေး အကြွေးယူတယ်၊ (၁ဝဝဝဝ ရှိလျှင် ၃ဝဝဝဝ ဖိုးအကြွေးယူလို့ ရပါ၏။) ဒီအောင်လံမှာ လက်ငင်းလည်းရောင်းတယ်၊ အကြွေးလည်းပေးတယ်၊ တစ်လ တစ်လကို ၁ဝ ခေါက်ထက် မနည်းဘူး၊
ဒီကောင် သွားနေတာ၊ တစ်ခေါက် လေးငါးသောင်းဖိုးပါတာကွာ၊ ၁ဝ ခေါက်ဆိုတော့လေးငါးသိန်းအရင်း ဖြစ်မသွားဘူးလား၊ တစ်လတစ်လ”
“အင်း… ဒီလိုဆိုတော့”
“ဒီလိုဆိုတော့ မင်းတွက်ကြည့်လေ၊ တစ်နှစ်မှာ လည်ပတ်ငွေ သိန်းလေးငါးဆယ် ဖြစ်မသွားဘူးလား”
“တွက်ရေးကိုဗျာ”
“ ဟေ့ကောင်… မင်းကန့်လန့်မတိုက်နဲ့”
ကန့်လန့်တိုက်တယ်ဆိုတာ လှေသမားများ မြစ်ကို ကူးတဲအခါ ရွက်ကိုတိုက်ရ ဟိုဘက် သည်ဘက် တည့်တည့်ကြီး မဖြတ်ရဘူးဟု ဆိုလိုပုံရပါ၏။
“ကဲဗျာ… ခေါင်းပဲ တိုက်ပါ့မယ်”
“မင်းကွာ... တော်တော့မလိုလိုနဲ့၊ အဲဒီ တစ်နှစ် လည်ပတ်ငွေပေါ်မှာ အမြတ် ပါးပါးကလေးပဲယူဦး၊ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ယူဦး၊ ဟေ့ကောင်… တစ်နှစ် ဘယ်လောက်အမြတ်ရမလဲ မင်းတွက်ကြည့်”
အမှန်ကတော ကုန်စိမ်းဆိုတာ ပါးပါးလေး မြတ်တာမဟုတ်ပါဘူး ခင်ဗျာ။
တစ်ကျပ်ဖိုးရင်းရင် ငါးမူးဖိုးလောက် မြတ်၊ အတုံးလိုက် အတစ်လိုက် မြတ်တဲ့ အ မျိုးဗျာ။
အဲ… လမ်းမှာ တံတားကျိုးလို့၊ တောင်ပြိုလို့ ကားကိုရပ်ထားနေရရင်တော့ ပုပ်သိုးသွားနိုင်တာပေါ့လေ။ ဆယ်ကွေ့ တစ်ကွေ့ ဖြစ်တတ်တာမျိုးပါ။
ကျွန်တော် စိတ်တွက်တွက်ကြည့်၏။ အမယ် ငွေအရင်းကလေး ၁ဝဝဝဝ အရင်းခံ၊ လူအပင်ပန်းခံရုံနဲ တစ်နှစ်မှာ လေးငါးသိန်း မြတ်နိုင်တာ ကလားဗျာ၊
“အဲဒါ အရင်းရှင်ကွ”
“ဗျာ ဘယ်လို”
“အရင်းသေမနေဘဲ အမြဲရှင်နေလို့ အရင်းရှင်လို့ ဟြေတာကွ၊ ရှင်းရှင်းလေးရယ်ပါ၊မင်းမြန်မာစကား မတတ်ဘူးလား”
ဦးနားဝေး ကျွန်တော့်ကို ဆော်ပြီဗျို့။
“ဒါဖြင့် အရင်းသေဆိုတာ ရှိဦးမှာပေါ့”
“ဟာ ရှိပါပြီလား မောင်ရာ၊ အရင်းသေနေတာ အရင်းသေပေါ့ကွာ”
ဆရာ မောင်စူးစမ်း ကယ်တော်မူပါ။ ဦးနားဝေးကို လိုက်မမီတောဘူး။
“အရင်းသေဆိုတာ ဘယ်လိုဟာမျိုး”
“ဘယ်လိုဟာရမလဲကွာ၊ အိမ်ဆောက်ပြီး ငှားစားတာမျိုး၊ အတိုးနဲ့ ငွေချေးတာမျိုး၊
ကုန်လှောင်တာမျိုးပေါ့ကွ၊ တို့အောင်လံမှာဆို ဥပမာ ပဲကြီးလှောင်တယ် ဆိုပါတော့ကွာ၊
တပေါင်းလပြည့်က တန်ခူးလပြည့်အတွင်း ပဲကြီးထည့်၊ ဆေးအုပ်၊ လေးငါးခြောက်လကြာ
ဝါခေါင်၊ တော်သလင်း ပြန်ထုတ်၊ ဈေးတက်ရင် စားရမယ်၊ ကျရင်ရှုံးမယ်၊ အမှတ်အသားရှိတာတော့ သုံနှစ်တစ်ကြိမ် အတက်ရှိတယ်”
“ခင်ရွှေမှာ ရှိတဲ့ ငွေကို ပဲကြီးဝယ်ကြည့်စမ်း၊ လှိုင်တုန်းက တစ်တင်း ၅၀၀၀၊
ငွေရင်း သုံးသိန်းခွဲဆိုတော တင်း… ရမယ်၊ ၁၀၀၀ တက်ရင် ၇၀၀၀၀ ရမယ်၊ ၂၀၀၀ ဆို
၁၄၀၀၀၀ ပေါ့ကွာ”
“အတိုးပေးမယ်ဆို ၁၀၀ မှာ ငါးကျပ်တိုး တစ်လ ၁၇၅၀၀၊ တစ်နှစ်မှာ
နှစ်သိန်းကျော်ရမယ်ကွာ”
“အဲ… ပဲလှော်လှော်မယ်၊ မုန့်ပဲသရေစာ လုပ်ရောင်းမယ်၊ ကုန်ကူးမယ်ဆို မတည်ရင်းနှီးငွေ သုံးသိန်းခွဲဟာ တစ်နှစ်လည်ပတ်ငွေ သိန်း ၂၀၀ လောက်ဖြစ်သွားမယ်၊ ငါးရာခိုင်နှုန်းမြတ်ရင သိန်း ၂၀ ရမယ်ကွာ”
ငွေကိုဖွပေးရမယ်တဲ့။ အရင်းရှင်တဲ့။ အရင်းသေတဲ့။ ဦးနားဝေးထံမှ ကျွန်တော် အများကြီးရလိုက်ပါ၏။
မောင်ချမ်းသာ
Saturday, November 3, 2018
တစ်ဆောင်းသစ်ပြန်ပြီ
☃ တစ်ဆောင်းသစ်ပြန်ပြီ
စန္ဒရား ဆရာရဲ့ အမည်ကို မသိပါ။ တယောဆရာကတော့ Nayphone Khant ပါ။
Nayphone Khant တင်ထားတဲ့ video file ရှိတဲ့ link ပါ။
https://m.facebook.com/story.php?story_fbid=938370569644258&id=100004139716130
သူတို့ တီးထားတဲ့ mp3 ကို ရချင်ရင်တော့ အောက်က link တွေကနေ ယူနိုင်ပါတယ်။ file size က 9.89 mb ရှိပါတယ်။
picosong မှ ဒေါင်းရန်
yadi မှ ဒေါင်းရန်
☃ တစ်ဆောင်းသစ်ပြန်ပြီ
တေးရေး ကိုသန်းလှိုင်
◼ ( မှုန်ပြာရီ ရာသီရွေ့ပြောင်း တစ်ဆောင်းသစ်ပြန်ပြီ ငွေနှင်းမှုန်မှုန် သုန်သုန်လေမြူး ဟေမန်ဦး ကူး ကူးခဲ့ပြီ ) ( ခွါပြာညို သဇင်ပွင့်ရယ်တို့ အဆင့်ဆင့် အစီအရီ ပွင့်ရှာကြပြီ အခွင့်ရယ် မသာသည် ဗျာပါစိတ်ပမ်း တမ်းတ မှန်းဆ နွမ်းလျ ဖြေမဆည် လွမ်း လွမ်းလှပါပြီ နေနိုင်တော်မူအား သနားမညှာသည် )
◼ မကြံသာ ကံကြမ္မာငယ်မှေး ငိုရေးဖြင့် ကြုံရရှာပြီ ၀ဋ်ကြွေးက မပြေလည်သည် သွေဖယ်တော် မူအား ခုများဖြင့် အသည်းကြွေပြီ သြော် ခုများဖြင့် အသည်းကကြွေပြီ လွဲသွေဖီ ရှောင်တိမ်း
◼ ခွါပြာညို သဇင်ပွင့်ရယ်တို့ အဆင့်ဆင့် အစီအရီ ပွင့်ရှာကြပြီ အခွင့်ရယ် မသာသည် ဗျာပါစိတ်ပမ်း တမ်းတ မှန်းဆ နွမ်းလျ ဖြေမဆည် လွမ်း လွမ်းလှပါပြီ နေနိုင်တော်မူအား သနားမညှာသည်
◼ မကြံသာ ကံကြမ္မာငယ်မှေး ငိုရေးဖြင့် ကြုံရရှာပြီ ၀ဋ်ကြွေးက မပြေလည်သည် သွေဖယ်တော် မူအား ခုများဖြင့် အသည်းကြွေပြီ သြော် ခုများဖြင့် အသည်းကကြွေပြီ လွဲသွေဖီ ရှောင်တိမ်း
◼ စိမ်းမြမြ စိမ်းရက်သည် မသက်ညှာသူကြီးရဲ့ ရတက်ဖြင့် ပွေရပြီ ချစ်ကံငယ် ခေလွန်းသူမတော့ စိတ်နောက်ဗျာပါကြွယ် အဖြေသာသည် ဆောင်းဝတ်လွှာ ပွင့်ပန်းနဲ့ ငွေနှင်းမှုန် တွေ့လေတိုင်း သောကမုန်တိုင်းက ကိုယ့်အပေါ် ဖိစီးကြလေသည်
Tuesday, October 30, 2018
ငယ်ကချစ်တော့ မမေ့သာသည်
♡ ♡ ငယ်ချစ်ဟောင်းကို အနှစ်တစ်သောင်းရွေ့တိုင်............. မ မေ့ နိုင် သည် .....
တီးလုံး ( သီးသန့် ) ဒေါင်းလိုပါက အောက်က လင့်ခ် တွေမှာ ယူနိုင်ပါတယ်။
ဖိုင်ဆိုဒ်က 4.7 mb ရှိပါတယ်။
file-upload မှဒေါင်းရန်
°° ° ° ° °
pcloud မှ ဒေါင်းရန်
°° ° ° ° °
picosong မှ ဒေါင်းရန်
°° ° ° ° °
♡ ♡ ငယ်ကချစ်တော့ မမေ့သာသည်
တေးရေး မောင်ထွန်းမြင့်
◼ ငယ်ချစ်ဟောင်းကို အနှစ်တစ်သောင်းရွေ့တိုင် မမေ့နိုင်သည် သြော် နေရာဟောင်းဆိုတာ အချစ်စစ်တို့ရဲ့ သစ္စာမြေ
◼ ( ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာသည် တည်ကြည်ခိုင်မြဲ ချစ်ခဲ့ရသည်မို့လည်း ရေမြေနဲ့ခြား ဘ၀ဆိုတာများ မရေရာ အခြေအနေခြားတာလည်း ချစ်ခြင်းမေတ္တာ ယုံကြည်ချက်နဲ့ မဆိုင်ပြီ ဒီဘ၀ ဒီကမ္ဘာဆီ သြော် ဒီတစ်ယောက်ကိုမှ ချစ်တတ်လေသည် အမြဲ နောင်လည်း ချစ်လို့နေမည် )
◼ ( ဘ၀အကြောင်းဆိုတာတွေ ပြန်ပြောင်းသက်သေထူခဲ့ရင် နေရာဟောင်းဆိုတာ အချစ်စစ်တို့ရဲ့ သစ္စာနယ်မြေ ဆိုတာများ မေလည်း သိခဲ့သည် နေညိုရစ်ဝိုင်း မှိုင်းပျရီ ဇေယျာ ကမ်းခြေဆီ ပွင့်ပြာပြာ ရေ၀ယ်ပြေးကစား ဗေဒါလေးများ အဖြစ်လည်း မပြောင်းလည်းသည် ဟိုရှေးကာလ ဘ၀ဘ၀တွေများမှ ယခုထိတိုင်သာ ဧရာမြစ်ရေပြင်သည် အမိမြေကမ္ဘာဆီ စီးဆင်းနေမြဲဖြစ်သည် ဒီအသိတရားနဲ့ သံယောဇဉ်ကြိုး ဖွဲ့နှောင်ချည် ဖြစ်လာသမျှ အရေးအခင်းတွေလည်း တွေးရင်းနဲ့ပဲ တ၀ဲဝဲလည်မို့ ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာသည် )
Saturday, October 13, 2018
တို့ပြည်ထောင်စုသား
🇲🇲 တို့ပြည်ထောင်စုသား
စန္ဒရား လှထွဋ် ရေးစပ်ပြီး နောက်ခံတေးဂီတကတော့ ဒေါက်တာ လှဘူး ပါ။
မဆလခေတ် ပြည်ထောင်စု အလံတော် တစ်နိုင်ငံလုံးလက်ဆင့်ကမ်း သယ်ယူကြတဲ့အချိန်မှာ အားကစား ကွင်းထဲကဆောင်းဘောက်တွေနဲ့ ဟိန်းနေအောင် ဖွင့်တဲ့ နာမည်ကြီး အဆိုတော်ကြီးတွေ အားရပါးရ ဆိုတဲ့အသံကို ကြားပြီး ကြက်သီးမွှေးညှင်းထအောင် ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။
တီးလုံး ( သီးသန့် ) ရယူလိုရင်တော့ အောက်က လင့်ခ် တွေကနေ ရယူနိုင်ပါတယ်ခင်ဗျာ....
yati ကနေ ယူနိုင်ပါတယ်။
pcloud ကနေ ယူနိုင်ပါတယ်။
ဖိုင်ဆိုဒ်က 20 mb နီးပါးရှိပါတယ်။
🇲🇲 တို့ပြည်ထောင်စုသား
တေးရေး စန္ဒရားလှထွဋ်
တေးဆို ဂီတကောင်စီဝင်များ
◼ တစ်ဦးအပေါ်တစ်ဦး သံသယဆိုသည်မှာ အလကား တစ်ဦးအပေါ်တစ်ဦး အမှန်သပ ဆိုသည်မှာ ပတ္တမြား သံသယပျောက်ပါစေ အမှန်ဘ၀ရောက်ပါစေ
◼ ( တစ်ဦးကိုတစ်ဦး သံသယ ဆိုသည်မှာ အလကားဖြစ်ပေ တစ်ဦးကိုတစ်ဦး မှန်သပါ့ဆိုသည်မှာ ပတ္တမြားအစစ်ပေ သံသယ ပျောက်ပါစေ အမှန်ဘ၀ ရောက်ပါစေလေ သံသယပျောက်ပါစေ အမှန်ဘ၀သို့ ရောက်ပါစေလေ )
◼ ( ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တို့ညီအစ်ကိုတစ်တွေ တိုင်းရင်းသား အားလုံးစုံပေ တစ်ရေတည်းသောက် တစ်မြေတည်းနေလို့ ချစ်ကြည်ပေ သွေးစည်းညီညွတ်ခြင်း အရင်းခံတည်နေ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှလေ ပူးပေါင်းနေထိုင်ကြပေ ရာသက်လုံး ဆုံးကမ္ဘာတိုင်လေ တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသား ငါတို့တစ်တွေ )
◼ ( ပြည်ထောင်စုအကျိုး တို့သည်ပိုး တို့ထမ်းဆောင်ကာလေ ရရှိအပ်သော အကျိုးစီးပွါး သီးပွင့်ရတနာများ တို့အတူတကွ မူအရ ခံစားရမယ်လေ လာလာလေ လာကြဟေ ၀ိုင်းဝန်း၍ တိုင်းပြည် စီးပွါးရေးအတွက် တိုးတက်ဖို့ကြံဆောင်မယ်လေ တစ်ယောက်တစ်လက် တစ်အားမို့လေ လာလာဟေ လက်တွဲမဖြုတ်နှင့် တို့ရဲ့ ညီအစ်မ အစ်ကိုတွေ တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသား ငါတို့တစ်တွေ )
◼ လူမျိုးအလိုက် ကိုယ့်စရိုက် ဓလေ့ထုံးဘာသာ စာပေစကား သီးခြား ဆောင်ရွက်နိုင်ခွင့်ရှိသည်လေ တို့လေးစားသည်လေ တို့လေးစားပါသည်လေ တိုင်းပြည်ရဲ့ တည်တံ့ခိုင်မြဲရေးနှင့် စီးပွါးရေး လူမှုရေး လုပ်ငန်းအထွေထွေ တက်ညီလက်ညီ ဆောင်ရွက်ကြလို့ တာဝန်ကျေ စည်းလုံးညီညွတ်ရေး ထိပါးခြင်းမှ တို့ရှောင်သွေ တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသားငါတို့တစ်တွေ
◼ ( ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း တို့တစ်တွေ ပြည်ထောင်စုသား တိုင်းရင်းသားမို့ ညီအစ်ကို မောင်နှမတွေ သွေးစည်းကာသာလေ ညီညွတ်ချစ်ကြည်နေ အေးအတူ ပူအမျှ အတူတကွ မူအရခံစား ကြမယ်လေ )
◼ ( လာလာလေ လာကြပြီလေ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ ရပ်ဝေးကဆွေ ရပ်နီးကဆွေ စုပေါင်းညီညာပေ ဝေလေလေ ဝေလေလေ )
◼ ပြည်ထောင်စုသားတွေ ပြည်ထောင်စုသားတွေ တို့ပြည်ထောင်စုသားတွေ
Friday, October 5, 2018
နွေတပေါင်း
နွေတပေါင်း......တဲ့
အနိုင် ၊ အိဖြူ ၊ နီနီဝင်းရွှေ ၊ အောင်သူ တို့ ဆိုထားတာ လေးပုဒ်ပါ။
တေးရေးသူ ကတော့ နေထွဏ်းဦး ပါ။
အနိုင် ရဲ့ နွေတပေါင်း
https://picosong.com/w2Sq2
https://yadi.sk/d/BAJHAaLu8CyQmQ
mp3 5.0 mb ရှိပါတယ် ။
––––––––******––––––
အိဖြူ ရဲ့ နွေတပေါင်း
https://picosong.com/w2Sy9
https://yadi.sk/d/7sqE6VKYk9dn3w
mp3 4.5 mb ရှိပါတယ် ။
––––––––******––––––
နီနီဝင်းရွှေ ရဲ့ နွေတပေါင်း
https://picosong.com/w2SRD
https://yadi.sk/d/-uSD3ip9kvo43A
mp3 4.7 mb ရှိပါတယ် ။
––––––––******––––––
အောင်သူ ရဲ့ နွေတပေါင်း
https://picosong.com/w2SyN
https://yadi.sk/d/JHMzlXGO9eEUXw
mp3 4.7 mb ရှိပါတယ် ။
☀️ နွေတပေါင်း
တေးရေး နေထွဏ်းဦး
[ အို ဟောင်းရွက်တွေလည်းပြောင်းလို့ လတပေါင်းတော့ ပြန်ရောက်ခဲ့ပြီ ဥသြငယ်သည် နွေကို ကြိုလို့နေလေပြီ လွမ်းတေးသီတဲ့ ငှက်ငယ် ပင်ယံထက် တေးဖွဲ့လို့ရယ် ကြင်သူမှန်းဆ မျှော်တမ်းတနေသည်
အော် ကျေးငှက် တွန်ကျူးတဲ့သံ နာခံရင်းလွမ်းတတ်ခဲ့ပြီ ချစ်ဦးသူသည် ဘယ်ဆီကိုရောက်နေလေပြီ လှမ်းခဲ့ခေါ်လည်း မကြားပြီ ရှာသော်လည်း မတွေ့ခဲ့ရပြီ ဝေဒနာလမ်းထက် လျှောက်လှမ်းမိနေပြီ
ပုဇဉ်းငယ်လေးတွေ ရင်ခွင်ကွဲမတတ် အော်လိုက်တဲ့အသံ တမ်းတတဲ့ အသံဟာ အလွမ်းပိုအောင် သူပြုရက်တာ ချစ်တေးတွေသီပါလို့ ချစ်ဦးသူကို လိုက်လို့ဖြင့်ရှာ လိုက်လေလေ ပြေးလေလေ ဝေးလေလေ ဆွေးလေလေပဲကွာ အော် သည်းဦးငယ်ပန်းချစ်ကို ရည်ရွယ်ပြီး လှမ်းဆွတ်ခဲ့တာ အချစ်အလွမ်းတွေသာ သံသရာရှည်လို့ နေပြီကွာ အထီးကျန်ဆန်သော တပေါင်းနွေ ပြန်လည်လို့ ရောက်ခဲ့တဲ့အချိန် ငိုမယောင် အသည်းနု ကြွေလုလုပါလေ ]
Thursday, October 4, 2018
နင့်ကို ငါကြိုက်တယ် ငါ့ကို နင်ကြိုက်မလား
⚫ နင့်ကို ငါကြိုက်တယ်၊ ငါ့ကို နင်ကြိုက်မလား
၂၀၀၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ သရက်မြို့ အိုကေ မြေပဲဆားလှော် ကိုယ်စားလှယ် ဒေါ်ကြည်လေးထံမှ ပြန်အလာ ပဲ့ထောင်လိုင်းပေါ်မှာ လူငယ်အတွဲလေးကို တွေ့ရတယ်ခင်ဗျာ့။ သူတို့က ကျွန်တော့်ရှေ့ တည့်တည့်က ခုံပေါ်မှာလာထိုင်ကြတာ။
ကောင်လေးက ကောင်မလေးရဲ့ မရမ်းစေ့ရောင် လက်သည်းကလေးများကို တယုတယ ရွရွလေးပွတ်သပ်။ ကောင်မလေးက ကောင်လေးရဲ့ ရှပ်အင်္ကျီကြယ်သီးများကို ထိတွေ့။ ကယုကယ ချစ်တုံ့ကင်စကားလေးတွေ ဖလှယ်လို့။ လူငယ်ဘာဝ။ အင်း မောင်ချမ်းသာတို့ ကျင်လည်ကျက်စားနေရသည့် ဘဝနှင့် ကွာဘိခြင်း။
မောင်ချမ်းသာတို့ဘဝက-
“ဦးချမ်းသာရေ လုပ်ကြည့်နေတုန်းပဲဗျို့၊ အဆင်ပြေမယ်လို့ခန့်မှန်းရတာပဲ”
မြေပဲလုံးဆန် ဈေးနှုန်း နှစ်ဆ သုံးဆဖြစ်သွားတော့ မြေပဲဆားလှော် ငါးကျပ်တန်ထုပ်မဖြစ်၊ ၁၀ ကျပ်တန်လုပ်မရ။ ဆိုင်ရှင် ဒေါ်ကြည်လေးသား ကိုဦးနဲ့ စည်းဝါးရိုက်၊ ၂၅၄ ကျပ်တန်အောက်ခံထုပ်ဖို့ညှိ။ အခေါက်ခေါက် အခါခါလာ ။ အဖန်ဖန်အထပ်ထပ်ညှိ၊ သရက်ကို အရာက်ပို့ရမယ့်ဈေး၊ ကိုဦးတို့က ပြန်ဖြန့်မည့်ဈေး၊ တဆင့်ခံက ပြန်လွှတ်ရမည့်ဈေး၊ လက်လီဆိုင်က ပြန်ရောင်းရမည့်ဈေး စသည်အားဖြင့်။
လှော်လိုက်ပြီ။ ထုပ်လိုက်ပြီ၊ ရောင်းကြည့်နေပြီ။ ရောင်းနေပြီ။ အဝယ်လိုက်ရဲ့လား၊ ဝယ်စားသူရဲ့ အမြင်ကဘယ်လိုလဲ။ တွေးကြည့်မနေနိုင်ဘူးခင်ဗျာ့၊ ပြေးကြည့်ရတယ်။
ပြေးကြည့် ပြေးကြည့်၊ မြင်ပြီ မြင်ပြီ၊ အကဲခပ်လို့ရပြီ။
သည်လိုမျိုးခင်ဗျာ့။
အတွဲကလေးများကဲသို့ နုရွမနေနိုင်ဘူးဗျို့။ ရေတံခွန်ဇောက်ထိုးကျ အတင်းခုန်ချ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဒုန်းတရကြမ်း လှော်ခတ်ကြရတာဗျို့။
“ဘယ်လိုသဘောရလဲကိုချမ်းသာ ကျွန်တော်တော့ လွှတ်ချင်ပြီ”
သြဂုတ်လ လကုန်ပိုင်း၊ မြေပဲတောင့်အသစ်ပေါ်တော့မည်၊ ငွေက ခဏအားနေသဖြင့် ထည့်ထားသော ပဲတီစိမ်းကလေးများ ပြန်လွှတ်ရတော့မည်။ မအောင့်နိုင်ဘူးဗျို့၊ ငွေအတွက်ဗိုက်ကနာနေပြီ။
“လွှတ်လိုက်တော့ ကိုစံအုန်းရေ”
မတတ်နိုင်ဘူး၊ နောင်ခါလာနောင်ခါဈေး၊ ရှေ့လုပ်ငန်းက ရှိသေး။ ၂၇ ရက်နေ့က
၆၉၀၀ နဲ့လွှတ်လိုက်တယ်။ ၂၈ ရက်နေ့ ၇၀၀၀- ၇၂၀၀ ဖြစ်သွားတယ်။ ၂၉ ရက်နေ့ ၇၅၀၀၊ ၃၀ ရက်နေ့ ၇၆၀၀။ အင်း… မထိုက်တော့လည်း မရပေဘူးပေါ့။
“ဘယ်လိုလဲကိုချမ်းသာ ယူမှာလား၊ ခင်ဗျားမယူဘူးဆို ကိုမောင်မောင်ကို လှမ်းခေါ်လိုက်တော့မယ်”
ပွဲစားကိုချစ်ပိန်သည် သူ့ပွဲရုံရောက်လာသော မြေပဲတောင့်များကို ကျွန်တော့်ကို ရှေးဦးခေါ်ပြ၏။ ဦးစားပေးသည့်သဘော။ မြေပဲအိတ်ကို ပုတ်ကြည့်၊ မြေပဲတောင့် အနည်းငယ် ထွင်ကြည့်၊ ရက်စေ့အသက်ပြည့်ပဲလား။ စားရမယ့် ပဲလား။ အိတ်ထဲက ပါသွားမည့်ပဲလား။
“ဒီဘက်က ၁၀ လုံးကိုတော့ ကြိုက်တယ်၊ ပဲသားပြည့်တယ်၊ ဟိုဘက်က ၁၅ လုံးပုံကိုတော မကြိုက်ဘူးဗျာ၊ ၁၀ ရက်လောက်စောပြီး နုတ်လာတဲ့ပဲ၊ အဆန်ထွက် ညံ့မယ်ဗျာ၊ ပဲသားလည်းနုမယ်ဗျာ”
ထိုအချိန်တွင် ပဲအဝယ်သမား မောင်စိန်သောင်းကလည်း ကျွန်တော့်လိုပဲ ပဲများကို ထွင်ကြည့်နေပြီ။ ဆ,ကြည့်နေပြီ၊ ဝယ်သင့် မဝယ်သင့်။ သို့သော် သူသည် အလိုက်သိပါ၏။ ကျွန်တော်နှင့်ဆိုင်ထားသောကြောင့် ဘာမျှမဟြေ၊ ခဏ ဘေးရှောင်ထွက်သွားလေ၏။ ကျွန်တော်နှင့် မတည့်လျှင်တော့ သုတ်မည်ဆိုသည့်သဘော။
“ နေဦး ပွဲစားရေ စဉ်းစားဦးမယ်ဗျာ”
ရွှေမိုးလက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်ခဲ့၏။ လုပ်ဖော်ကိုင်ဖက် ကိုထူး၊ ကိုဝင်းတို့နဲ့ဆုံ။ ဈေးအနေအထားကိုစဉ်းစား၊ ပဲအနေအထားကိုစဉ်းစား။ မိုးရွာမှာလား၊နေပူမှာလား၊ မိုးရွာလျှင် ပဲလှန်းလို့မရ၊ နေပူမှ ပဲလှန်းလို့ရမည်။ နှမ်းဈေးကတော့ ဘယ်လိုလဲ၊ ၄၈၀၀၀ မှ ပြုတ်ကျလာခဲ့သောနှမ်းသည် ဈေး ၃၀၀၀၀ အောက်သို့ တစ်ရက်ဆင်းသွား၊ ၃၃၀၀၀ ပြန်ဖြစ် ၊ စားအုန်းဆီကကော ဘယ်လိုလဲ၊ ငွေဈေးကကော၊ ယနေ့လက်ရှိပေါက်ဈေး၊ နက်ဖြန်ဖြစ်နိုင်မည့် အလားအလာ နောက်တစ်ပတ်ကြာ
ဖြစ်လာနိုင်မည့် အခြေအနေ။ ပဲနဲ့ဈေးကတော့ မဆိုးပါဘူး၊ ဒါပေမယ့် ပဲသားက နုလှသဗျာ “ကဲပါဗျာ၊ ဆွဲလိုက်ကြတာပေါ့၊ နောက်မှ ကြည့်ရှင်း”
ဆုံးဖြတ်ချက်ချပြီးနောက် ကိုချစ်ပိန်ပွဲရုံဘက်ပြန်လှည့်၊ ဗာဒံပင်အောက်တန်းလျားလေးမှာ ထိုင်၊ အဖန်ကလေး တစ်ကျိုက်သောက်။
“ဘယ်လိုလဲ ပွဲစားဈေးမပြင်တော့ဘူးလား”
“ကိုချမ်းသာရေ အဝယ်တော် မောင်ရှူးရှားနဲ့ တည့်သွားတယ်ဗျို့၊ ဆိုတဲ့ဈေးပဲ”
အဝယ်တော် မောင်ရှူးရှားဆိုတာ ရှူးရှူးရှားရှား ဝူးဝူးဝါးဝါးနဲ့ဒေါသ
အလွန်ကြီးတတ်လွန်းလို့ သူ့ကို မောင်ရှူးရှားလို့ခေါ်နေကြတာ။
“သူက မျိုးအတွက် ဝယ်တာတဲဗျို့၊ ဈေးတောင်မဆစ်ဘူးဗျာ”
ကဲ ကောင်းရော၊ ကျွန်တော်တို့က ချိန်ဆ စဉ်းစားနေတုန်းရှိသေး၊ သူက သုတ်သွားပြီ။ သည်နေ့ ကျွန်တော်တို့ အရောင်းအဝယ်လောကမှာ ရှေ့နောက် စဉ်းစားချိန်မရ၊ အိမ်ပြန် မိန်းမနဲ့တိုင်ပင်ချိန်မရ။ ငွေဈေး ရွှေဈေး စနည်းနာနေချိန်မရ။ ဟန်ဆောင်မနေနဲ့ မူမနေနဲ့။ ကြောင်ကလေးကဲ့သို့ ညှောင်ညှောင် လုပ်မနေနဲ့၊ရောင်းချင်တယ်နော် ဝယ်သူကို မလွတ်တမ်းဖမ်း၊ ကမန်းကတမ်းရောင်းချ ရောင်းပြီးမှ တက်သွားလည်း ခံပေရော့။ ဝယ်ချင်တယ်နော်၊ တွေ့နေပြီ၊ အောက်တန်းကြိုက်တာတွေ မကြိုက်တာတွေ အသာဘေးချိတ်၊ သိမ်းကျုံးဝယ်ပစ်လိုက်။ ဝယ်ပြီးမှ ဈေးထိုးကျသွား။ မှားသွားပြီ၊ သိတယ်၊ ပြန်ပြင်လို့မရ။ အချိန်မရဘူးဗျာ့၊ အချိန်၊ အခြေအနေ လုလုပ်ကြရတာ။ ကျားများ၊ ခြင်္သေ့များတွေရာသားကောင် မလွတ်တမ်း ဖမ်းအုပ်ကြရသလို ပါပဲဗျာ။ လုဝယ်၊ လုရောင်း၊ ဟန်တာလည်းရ၊ မဟန်တာလည်းရ၊ ဒါသည်နေ့
မောင်ချမ်းသာတို့ ကျင်လည်နေကြရသည့် လက်တွေ့ဘဝ။ နင့်ကိုငါကြိုက်တယ်၊
ငါ့ကိုနင်ကြိုက်မလား ဟား… ဟား….
အောင့်နိုင်ဘူး
စောင့်နိုင်ဘူး
ဟူး… ဟူး… မောပါ့။
လူ့ဘဝ
ဆုံလည်သည့်နွား မရပ်နား။
မောင်ချမ်းသာ
Saturday, September 29, 2018
ချစ်အရိပ်
💌 အကြင်နာဆုံး နဲ့ တူယှဉ်နွှဲခဲ့တုန်းက အတိတ်ရဲ့ ပန်းချီ ကားတစ်ချပ်လို ထင်ဟပ် စေတဲ့ ..... ချစ်အရိပ် .....
mp3 တီးလုံး ( သီးသန့် ) လိုချင်ပါက အောက်က လင့်ခ် တွေကနေ ယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 11.6 mb ရှိပါတယ် ။
pcloud ကနေ ယူနိုင်ပါတယ်။
picosong ကနေ ယူနိုင်ပါတယ်။
💌 ချစ်အရိပ်
တေးရေး စန္ဒရား ချစ်ဆွေ
◼ ( ငယ်စဉ်အခါမှာ ကြင်နာ တူနှစ်ကိုယ်လက်တွဲလာ သည်ချစ်အရိပ် အတိတ် ပန်းချီကားတစ်ချပ် ထင်ဟပ်လို့လာ အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသောည တစ်ညမှာ သူ့ကို ကိုယ်လေ ချစ်ခွန်းစလာ နှစ်ဦးရင်မှာ ရှက်သွေး အလှဖြာ ကြည်နူးမဆုံး ချစ်ပြုံးအရိပ်သာ မမေ့ပါ မောင့်အသည်းလမ်းက ကြိုနေမှာ
◼ မှိုင်းရိပ်ကယ်သည့် ဝေမှောင် ရှစ်ခွင် တိမ်တောင် ညို့ညို မည်းလို့ သည်းသည်းစွေရွာ မိုးလ၀ဿန်ခါ ပုန်းညက်ပန်းတွေလည်း ဖွေးဖွေးဖြူစွာ မိုးရေစက်တွေ အောက်မှာပွင့်ရှာ မကြာမီ အာကာပြင်မှာ နှင်းပွင့်များနှင့်အတူ သဇင် ဖြူဖြူကလေး ပွင့်ဦးတော့မှာ ဟော ပြောရင်းဆိုရင်း နွေဦးကို ကြိုကြို နွေဥသြက တေးဆိုလာ ပိတောက်ပန်းလေးက ထိန်ထိန်ဝါ မောင့်အသည်းပန်းက နွမ်းလျမကြည်သာ )
◼ ငယ်စဉ်အခါမှာ ကြင်နာ တူနှစ်ကိုယ်လက်တွဲလာ သည်ချစ်အရိပ် အတိတ် ပန်းချီကားတစ်ချပ် ထင်ဟပ်လို့လာ အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသောည တစ်ညမှာ သူ့ကို ကိုယ်လေ ချစ်ခွန်းစလာ နှစ်ဦးရင်မှာ ရှက်သွေး အလှဖြာ ကြည်နူးမဆုံး ချစ်ပြုံးအရိပ်သာ မမေ့ပါ မောင့်အသည်းလမ်းက ကြိုနေမှာ
Tuesday, September 25, 2018
ကြီးလာလေ ကြောက်တတ်လာလေ
🏭 ကြီးလာလေကြောက်တတ်လာလေ
တစ်နေ့ ကျွန်တော်၊ ပဲကြော် ဟြေင်ကြီး၊ အရက်ရွှေနားပေ၊ ပါလေရာ ဦးနားဝေးတို့သည် လက်ဖက်ရည်ဆိုင်တွင် လူစုမိကြလေ၏။
“ကျုပ်ကတော့ ကြီးလာလေလေ ကြောက်လေလေပဲ”
အရက်ချက်စက်ရုံပိုင်ရှင် ရွှေနားပေက ကောက်ကာငင်ကာ စကားစလေ၏။
“မဟုတ်မှလွဲရော၊ မင်းအရက်ထဲ မဟုတ်ကဟုတ်ကတွေ ထည့်ချက်ပြီနဲ့တူတယ်”
“မဟုတ်ရပါဘူးကွာ”
” အေး… မင်းဘက်က နောက်ကြောင်းရှင်းရင် ဘာမှကြောက်စရာမလိုပါဘူးကွာ ၊
မသမာတာလုပ်မိရင် နောက်ကြောင်းရှုပ်ခဲ့ရင်သာ ကြောက်စရာလိုတာပါကွာ”
ကျွန်တော်က လူတတ်ကြီးလုပ်ပြီး တရားချလေ၏။
“ငါလည်း ရွှေနားပေလိုပဲကွ၊ ကြီးလာလေ ကြောက်လေပဲ”
“ဟ… ဘယ်လိုများလဲကွာ၊ ဟြေင်ကြီး”
ဦးနားဝေးက ဝင်ထောက်၏။ ပဲကြော်ဟြေင်ကြီးကလည်း ကြီးလာလို့
ကြောက်သတဲ့ဗျာ။ လာပြန်ပြီ တစ်ယောက်၊ သူက ပဲကြော်သမား၊ ဆီမဟုတ်တာတွေနဲ့ဆော်ခဲ့မိပြီထင်တယ်။ အရက်ချက်သမားကလည်း ကြောက်၊ ပဲကြော်သမားကလည်းကြောက်၊ နောက်ဆုံး ကျွန်တော့်အလှည့် ရောက်လာလေ၏။ မင်းသဘောက ဘယ်လိုလဲဟူသော အကြည့်ဖြင့် ကျွန်တော့်ကို ဝိုင်းကြည့်ကြလေ၏။
“ဟီး ဟီး ငါလည်း ကျောထဲစိမ့်သလိုလိုပါပဲကွာ”
သူတို့စကားနောက် သံယောင်လိုက် လိုက်၏။ သူတို့သဘောကို သိလို
သောကြောင့်။
“ဟဲ… ဟဲ… ချမ်းသာ နင်လည်း အနူနူပဲ မဟုတ်လား”
ကျွန်တော့်ကို ဝိုင်းနွှာကြလေ၏။
“စကားကို ရှင်းအောင် ဟြေကြကွာ၊ ဘာကိုကြောက်တာလဲ”
“ဟေ့ကောင်ချမ်းသာ မင်းလည်းသိသားပဲ၊ ငါဆို ပဲကြီးတစ်တင်း ၆၅ ကျပ်ကတည်းက အကြော်လောကထဲ ရောက်လာတာ၊ အခု ပဲကြီးတစ်တင်း ၈၅၀၀ ကျပ်၊ မင်းစဉ်းစားကြည့်”
“ဟ… ဒါတော့ ရေမြင့် ကြာမြင့်ပေါ့ကွ၊ ဟြေင်ကြီးရ”
“အဲဒါ အဟြေပါကွာ၊ တကယ်လက်တွေ့မှာ အဲဒီလိုသိပ်မဟုတ်တော့ဘူးကွ၊ မင်း အကြော်ကုန်းလာကြည့်စမ်း၊ မီးခိုးတိတ်နေပြီ”
အကြော်ကုန်းဆိုသည်မှာ ပဲကြော် ပဲလှော်သမားများ ကြော်ကြလှော်ကြ မီးခိုးတလူလူ ညှော်နံတသင်းသင်း၊ ခွေးတစ်စီစီ၊ ကလေးတဆူဆူ နေသော
တောင်ကုန်းကလေးခင်ဗျာ့၊ အောင်လံမြို့ အရှေ့မြောက်ဖျားက ကုန်းကလေး။
“နို့ မင်းအကြော်ဖိုကကော”
သိချင်သဖြင့် ကျွန်တော်က စကားထောက်။
“ငါအထိပ်ထိပ်အပျာပျာဖြစ်နေတာ အဲဒါပဲကွ၊ မင်းတို့သိတဲ့အတိုင်းပဲ၊
ငါ့လုပ်ငန်းမှာ အလုပ်သမားတွေ အများကြီးပဲ၊ ဆီ၊ ပဲကြီး ကုန်ကြမ်းတွေကဈေးမြင့်၊ ကုန်ချောကျတော မြှင့်ချင်တိုင်း မြှင့်မရ၊ ရပ်ထားပြန်ရင်လည်း အိတ်ထဲကပါဦးမယ်၊ ဘယ်လောက်ကြာရှည် အပါခံနိုင်မှာလဲကွာ၊ မောင်ချမ်းသာ မင်းစဉ်းစားကြည့်”
“ဟေ့ကောင် ရွှေနားပေ၊ မင်းအရက်ဖိုကော အခြေအနေ ဘယ်လို”
“ဘာထူးမှာလည်းကွာ၊ ဟြေင်ကြီးလိုပေါ့”
ကျွန်တော်သည် လက်ဖက်ရည်ဆိုင်က မသဒ္ဓါရေစာ လာချပေးသောရေနွေးကြမ်းကို အလိုက်ကမ်းဆိုးမသိ တစ်ခွက်ပြီးတစ်ခွက် ငှဲ့ငှဲ့သောက်ရင်း အတွေးနယ်ချဲ့မိလေ၏။ မြေပဲဆားလှော်လုပ်ငန်းက ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်လုပ်ခဲ့ပါ၏။ ငါးပိရည်ကျိုသော ဒန်ဒယ်အိုးကလေးဖြင့် စတင်လှော်ခဲ့ပါ၏။ တစ်နေ့မှ နို့ဆီဘူးနှစ်ဘူးသာ လှော်နိုင်ခဲ့ပါ၏။ လက်ထွင်မြေပဲဆန်တစ်ပြည် ၃၀ ကျပ်၊ တစ်တင်း ၄၆၀ ကျပ်။ ဆားတစ်ပိဿာ တစ်ကျပ် ၅၀ ဟြး၊ နှစ်ကျပ်။ ထင်းတစ်ကျပ်ဖိုးဆို ပုတ်တောင်းကြီးတစ်လုံး မထမ်းနိုင်အောင်ရတာဗျာ၊ အလုပ်သမားမရှိ၊ မိသားစု လုပ်ငန်းကလေး၊ လှော်၊ ဝိုင်းထုပ်၊ လိုက်ရောင်း။
ဟော အခုဗျာ၊ ဆားတစ်ပိသာ ၉၀ ကျပ်၊ မြေပဲခွံ ကားတစ်စီး ၁၅၀၀၀ (တစ်သောင်းငါးထောင်)၊ မြေပဲလက်ထွင် လုံးဆန်တစ်တင်း ၁၈၀၀၀ (တစ်သောင်းရှစ်ထောင်) တဲ့ဗျာ။ လုပ်ငန်းသေးတုန်းက အလုပ်သမားမရှိ၊
ကိုယ့်မိသားစုချည်း သိပ်ကိစ္စမရှိ။ အခု ကိစ္စရှိတယ်ဗျာ့၊ လုပ်ငန်းနည်းနည်းကြီးလာတော့ အလုပ်သမားဆိုတာ ရှိလာတယ်၊ သူတို့ရဲ့ စားဝတ်နေရေးဆိုတာ ရှိလာတယ်။ ရပ်ထားရမလား၊ ဆက်သွားရမလား၊ အခြားလုပ်ငန်းတစ်ခုခုကိုဟြေင်းရမလား၊ အမျိုးမျိုးစဉ်းစားရတာဗျာ။
ဟြေင်ကြီး အကြော်ဖိုဆိုဗျာ နည်းတဲ့လူတွေမှ မဟုတ်တာ။ ပဲဆေး၊ ပဲကြော့၊ ပဲရွေး၊ ပဲထွတ်၊ (ရေစိမ်ထားတဲ့ပဲကြီးစေ့ကို လက်ညှိးလက်မညှပ်၍ အခွံချွတ်သည်ကို ပဲထွတ်သည်ဟုခေါ်သည်။ လက်ထွက်သည် အကြော်မှာ အလှဆုံး)၊ အလှော်သမား၊ အကြော်သမား၊ ထုပ်ပိုးထည့်သွင်း၊ ထမ်းတင်ထမ်းချ၊ အလုပ်သမားတွေ အားကြီးဗျာ၊ သူတို့အရေးဟာ ကိုယ့်အရေးပေါ့နော်၊ တကယ်တမ်းကျတော့… ။
ရွှေနားပေရဲ့အရက်ဖို (အရက်ချက်စက်ရုံ) မှာလည်း လူတွေ အများကြီးပေါ့ဗျာ။ လုပ်ကိုင်လှုပ်ရှား မှီခိုအားထားနေကြတာ။ ကြီးလာလေ ကြောက်တတ် လာလေဆိုတာ အမှန်ပေါ့ဗျာ၊ လုပ်ငန်းကြီး ကြီးလာပြီဆို သည်လုပ်ငန်း လည်ပတ်နိုင်အောင်ကို မနည်း ရုန်းကန် လှုပ်ရှားကြရတာကလားဗျာ၊ လုပ်ငန်းကြီးလာလေ ပိုင်ရှင်ခေါင်းကြီးလာလေပဲဗျို့။
မောင်ချမ်းသာ
Friday, September 21, 2018
မိုးသက်လေနှင်
⛈️ ဂီတနက်သံ ကိုစောညိန်း ရဲ့ လက်ရာ... မိုးသက်လေနှင်..... သီချင်းပါ။
တီးလုံး ( သီးသန့် ) ကို လိုချင်ပါက အောက်က လင့်ခ် တွေကနေ ယူနိုင်ပါတယ်။
mp3 ဖိုင်ဆိုဒ်က 5.5 mb ရှိပါတယ် ။
picosong ကနေ ဒေါင်းနိုင်ပါတယ်
pcloud ကနေ ဒေါင်းနိုင်ပါတယ်
⛈️ မိုးသက်လေနှင်
တေးရေး ဂီတနက်သံကိုစောညိန်း
◼ ( အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင် မုန်တိုင်းပင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင် မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မင် ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင် )
◼ ( လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စစ်ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင် ) နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ မှီခိုရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းစရာ့စေခင် တစ်ကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီရွှေဘ၀င် ငြှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင် သြော် မိုးသက်လေနှင်
◼ အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင် မုန်တိုင်းပင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင် မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မင် ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်
◼ လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စစ်ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင် နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ မှီခိုရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းစရာ့စေခင် တစ်ကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီရွှေဘ၀င် ငြှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင် သြော် မိုးသက်လေနှင်
◼ ( လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စစ်ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင် ) နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ မှီခိုရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းစရာ့စေခင် တစ်ကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီရွှေဘ၀င် ငြှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင် သြော် မိုးသက်လေနှင်
Thursday, September 13, 2018
စမ်းရေ
အေးမြဆဲ ကြည်လင်ဆဲ
အသည်းဖြူမလေး " စမ်းရေ ”
သံစဉ် တီးလုံး ( သီးသန့် ) ကို နားဆင်ချင်ပါက အောက်က လင့်ခ် တွေကနေ ရယူနိုင်ပါတယ် ။mp3 ဖိုင်ဆိုဒ်က 4.7 mb ပါ။
picosong ကနေ ရယူရန်
pcloud ကနေ ရယူရန်
💦 စမ်းရေ 💧
တေးရေး ကိုတင်အောင်သန်း
◼ လျှိုမြောင် အထပ်ထပ် တောတောင် အရပ်ရပ် ဖြတ်ကျော်ကူးသန်း ခရီးကြမ်းနှင်ခဲ့သော်လည်းလေ သူ့အသွင်က အေးမြကြည်လင်ပေ ငြိမ့်ငြိမ့်အေးအေး တေးဆိုညည်းရင်း စီးဆင်းလာသော စမ်းရေ စမ်းရေ
◼ ( တစ်ခါတစ်ရံ ခက်ထန်သော လေပြင်းမုန်တိုင်းတွ တစ်ခါတစ်လေလည်း ၀ဲကတော့ လေပွေ တစ်ခါတစ်လေတော့ မြညှင်းလေပြေ မရှောင်သာ ဆုံတွေ့ခဲ့သော်လည်းလေ စီးမြဲစီးလျက် ခရီးဆက်၍ မပျက်သော အိနြေ္ဒ အေးမြဆဲ ကြည်လင်ဆဲ အသည်းဖြူမလေး စမ်းရေ စမ်းရေ
◼ လျှိုမြောင် အထပ်ထပ် တောတောင် အရပ်ရပ် ဖြတ်ကျော်ကူးသန်း ခရီးကြမ်းနှင်လာသော ကန္တာရ ခရီးသည် တစ်ကိုယ်ရည် ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ ဆာလောင်မွတ်သိပ်နေ ဒီတစ်ကွေ့မှ တွေ့ရပါသော မြသီတာ စမ်းချောင်းအပါးမှာလေ နားနေသောက်သုံးကြသူ ရင်ဝယ်အေးချမ်းစေ အပမ်းပြေ စမ်းရေ စမ်းရေ )
Thursday, September 6, 2018
အဖြူရောင် ဂေါ့ဖားများ
🏒 အဖြူရောင် ဂေါ့ဖားများ
ဒီဇင်ဘာနှင်းမှုန်ကြားမှ အားကစားကို လိုက်စားကြကုန်သော အင်းစိန်တိုက်ဒေသရှိ သံတိုင်ကြားမှ အဖြူဝတ်လူသား တို့သည် အဆင့်အတန်းမြင့်လာသော အနောက်တိုင်းအလိုအရ ဂေါ့ (Golf) ဟုခေါ်သော ဂေါက်သီးအားကစား နည်းပညာကို ကောင်းစွာလိုက်စားတတ်မြောက်ကြကုန်သည်။
ထိုခေတ်ကာလ လူကုံထံများသာ တတ်ကျွမ်းနားလည်သည့် ဂေါက်သီးရိုက်ခြင်း နည်းစနစ်နှင့် အတတ်ပညာဥပဒေသတို့ကို လူပုံစံများဟု ခေါ်တွင်နိုင်သည့် ပုံစံနှင့်ထိုင်...၊ ပုံစံနှင့်ရပ်...၊ ပုံစံနှင့်စား...၊ ပုံစံနှင့် အိပ်သည့်သူများကို ပုံစံတကျ နည်းပညာပေး သင်ကြားသော သူသည်ကား
"ဦးရဲထွန်း" ဖြစ်သည်။
ငယ်စဉ်ကာလမှပင် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားကာ ဘွဲ့အတတ်များရယူပြီး
အင်္ဂလန်နိုင်ငံတွင်ထပ်ဆင့် ပညာအတတ်ကို တတ်မြောက်ကျွမ်းကျင်လာသော ဥပဒေပညာရှင်ကြီး ဦးရဲထွန်းသည် အစဉ်အလာကြီးမားလှ၍ ကြွယ်ဝသောမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။
ကြက်သွေးရောင်ဘောင်းဘီကို စွပ်ကျယ်လက်ပြတ်နှင့် ကွမ်းကို တမြုံ့မြုံ့ဝါး၍ မိလ္လာခွက်ကို ကိုင်ကာ (Good morning) ဟူ၍ အလွန်ပီသသော အနောက်တိုင်းမှ ဘိုဆန်လှသော
လေသံကိုပြုကာ နှုတ်ဆက်ခြင်းဖြင့် သူ၏ တစ်နေ့တာကို စတင်မြဲဖြစ်သည်။
"ဇာဏီ မနေ့က သင်ပေးထားတာကို မှတ်မိလား"
ဟု ဦးရဲထွန်း၏ အမေးကို ဆံပင်ဘုတ်သိုက်၊ နံရိုးအပြိုင်းပြိုင်းနှင့် အပေါက်အပြဲတို့ကို သားရေကွင်းနှင့် ထုံးနှောင်၍ဝတ်ကာ ဒိုက်ထိုးနေသော စံ-ဇာဏီဘိုက မဖြေခင် ဘိုးတော်ခင်ဝင်းက ကြားဝင်၍-
"မှတ်မိတယ် ဦးရဲ... အယ်စတုန်ဆိုပြီးတော့ အဆင့်ဆင့် ကိုယ်ကိုစောင်းပြီး အလုံးကို တုတ်နဲ့ရိုက်ရမှာ"
ဘိုးတော်၏အဖြေကို ကြားလေသော် ဦးရဲထွန်းမျက်နှာ ရှုံ့မဲ့သွားပြီး-
"ဘယ့်နှယ် အယ်စတုန်ရမှာလဲ ဘိုးတော်ရာ၊ အမ် စတာ ဒမ် ဆိုပြီးတော့ ဂေါက်ရိုက်ဖို့ တိုင်ပင်ယူတာပါ"
ဟု ပြောလေသော်-
"ဦးရဲကလည်း အယ်စတုန်ဖြစ်ဖြစ်၊ အမ် စတာ ဒမ် ဖြစ်ဖြစ် အသံထွက်အတူတူဘဲဟာ၊ မြန်မာမှု ပြုလိုက်ပြီးရော"
အပြင်သို့ရောက်နေသော မင်းသားကြီး ဦးအောင်လွင်က တံမြတ်စည်းတစ်ချောင်းကို လက်နှစ်ဖက်နှင့်ကိုင်၍ ခြေစုံကားကား "အမ်" ဟု ခေါ်ကာ ခါးကိုကိုင်းကာ တံမြတ်စည်းကို မိမိ၏ရှေ့တွင် တည့်မတ်စွာထား၏။ "စတာ" ဟု အသံထွက်ကာ ခန္ဓာကိုယ်ကို ဘယ်မှညာသို့ အနည်းငယ် စောင်း၍ စုံကိုင်ထားသော တံမြတ်စည်းကို နာရီလက်တံ ဆန့်ကျင်ဘက်အတိုင်း
ခပ်ဝိုက်ဝိုက်မြှောက်၍ ဘယ်ခြေဖျားကိုထောက်၊ လက်တို့ကိုကွေး၍ "ဒမ်" ဟုခေါ်ကာနာရီလက်တံအတိုင်း ခြေထောက်ရှေ့တွင်ထားသော ကြွပ်ကြွပ်အိတ်အလုံးကြီးအား " အုန်းခနဲ" မြည်အောင်ရိုက်၏။ အဲဒါကိုကြည့်၍ "Very Good... Very Good" ဟု အာလုတ်သံကြီးဖြင့်
ဦးရဲထွန်းက ဦးအောင်လွင်အား ချီးမြှောက်၏။
ထိုခေတ်ကာလ အလွန်နာမည်ကြီးလှသော ဂေါက်သီးသမားကြီး (ဦးမြအေး)၏ ဟန်အတိုင်း မျက်နှာကို ဘယ်ဘက်သို့ ခပ်စောင်းစောင်းထား၍ လွင့်သွားသော ကြွပ်ကြွပ်အိတ်အလုံးကို ကြည့်၊
ခြေထောက်ကို ခပ်ကြဲကြဲထား၊ ဘယ်ခြေထောက်ကို ခြေဖျားထောက်၍ တံမြတ်စည်းကို ပုခုံးတွင်တင်ထားသော မင်းသားကြီးဦးအောင်လွင်၏ပုံသည် မဂ္ဂဇင်းမျက်နှာဖုံးပုံတွင် ဖော်ပြရန်ပင် ကောင်းလေသည်။
"ဟာ... ဘကြီးအောင် တယ်စတိုင်ကျပါလား"
ဟု ဘိုးတော်က လှမ်းအော်သည်။
"အိုက်တင်က တယ်မိပါလား..."
ဝိုင်းကြည့်နေသော လူငယ်များကလည်း-
"မိုက်တယ်ကွာ"
ဟု လှမ်းအော်ကြ၏။
"ဒီအိုက်တင်ကို ဘယ်လိုရအောင်လုပ်ထားလဲ"
အလွန်မျက်စိစူး၍ အတုခိုးကောင်းလှသော ရန်မျိုးသိန်းက မေးလေသော် "ဂေါက်သီးရိုက်တဲ့ အိုက်တင်က လူ (၄)ယောက်ဆီက ပုံစံယူထားတာ၊ တစ်ယောက်ဆို တော်သေးတယ်၊ အခုတော့ များလှချည်လား"
ဟု စံ-ဇာဏီဘိုက မေးလေသော်-
"ကိုဇာကြီး ဒါက ဒီလိုရှိတယ်"
ရန်မျိုးသန်းသည် စကားတစ်ခုကို ရှင်းလိုလျှင် ဒီလိုရှိတယ်ဟု အစချီလေသော်...
"ဒီလိုရှိတယ်ကြီးကို ရှင်းပါဦး"
"ခြေထောက်ကို ခပ်ကားကားရပ်ရင် ဆရာခလိုရပ်ရမှာ... ဆရာကြီး (ဦး) မင်းသိင်္ခသည် ဟာနီယာဟု အနောက်အတိုင်းအခေါ်အဝေါ်အရအူကျသည့်ရောဂါရှိပေရာ ရပ်လျှင် ခပ်ကားကားရပ်ရတယ်... ဘကြီးမိုးလို ခပ်ကုန်းကုန်းနေရတယ်"
စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူကို ဘကြီးမိုးဟူ၍ အားလုံးက ခေါ်သည်။ အရပ်ရှည်ရှည် ခါးကိုင်းကိုင်းနှင့် ပုံသဏ္ဍာန်ကို လူတိုင်းက မျက်စိထဲမြင်၏။
"ဆရာခလို ခြေကားရယ်၊ ဘကြီးမိုးလို ခါးကုန်းထား၊ ခါးစောင်းတဲ့အခါ ဦးသော်ကကြီးလို ခါးစောင်းရမှာ..."
စာရေးဆရာ ရေတပ်မှ ဗိုလ်မှူးဘသော်သည် စာရေးဆရာမောင်သော်ကဟု ခေါ်သည်။
ခါးတွင်ဒဏ်ရာရထားသဖြင့် ခပ်စောင်းစောင်းဖြစ်နေရာ အားလုံး၏ မျက်လုံးထဲတွင်
ထင်းခနဲဖြစ်သည်။
"ဂေါက်သီးရိုက်ပြီး မျက်နှာကို ခပ်မော့မော့ထားပြီး ပြုံးနေတဲ့ပုံက အဘချမ်းပုံလေ"
စာရေးဆရာကြီး မောင်စူးစမ်းအား အားလုံးက ချစ်စနိုးဖြင့် အဘချမ်းဟူ၍ ခေါ်ကြသည်။
"ကဲ ဂေါက်သီးရိုက်တယ်ဆိုတာ ဆရာခလို ခြေကားကား၊ ဘကြီးမိုးလို ခါးကုန်းကုန်း၊ ဦးသော်ကလို
ခါးစောင်း စောင်း၊ ဂေါက်သီးရိုက်ပြီးတာနဲ့ အဘချမ်းလို ပြုံး"
"ဟာ... ဒါဆိုရင် အမ် စတာ ဒမ် လို့ မအော်တော့ဘူး၊ ခ မိုး သော် ချမ်းလို့အော်ပြီး ဂေါက်ရိုက်မယ်"
ဟု ကျောင်းသားလူငယ် မင်းဇေယျာမှ ဝင်ပြောလေသော် အားလုံး သဘောကျသွားလေတော့သည်။
ဂေါက်ရိုက်တံမြတ်စည်း
ဂေါက်သီးအဖြစ် သုံးစွဲသော ကြွပ်ကြွပ်အိတ်သည် အခက်အခဲမရှိ ရကြသည်။
ထိုကြွပ်ကြွပ်အိတ်ကား ဂေါက်သီးအဖြစ်ရိုက်ရန် ဂေါက်ရိုက်တံမြတ်စည်းသည် ပြင်ပလောက ဂေါက်ရိုက်တံ (Golf Stick) ထက်ပင် ရှားပါးပေလိမ့်မည်။
တံမြတ်စည်း တစ်ခုအား သုံးစွဲလေသောအခါ တံမြတ်စည်းစတို့သည် တဖြေးဖြေးတိုဝင်၏။
ထို့နောက် နှုတ်ခမ်းမွှေးကဲ့သို့ တစ်ဖက်တစ်ချက် ခပ်ကော့ကော့သာ ရှိကြ၏။ သို့သော် ဂေါက်ရိုက်သည့် တံမြတ်စည်းသည် နှုတ်ခမ်းမွှေးတစ်ဖက်သာ ရှိရမည်။ ဤသို့သော တံမြတ်စည်းမျိုးရရန် နှစ်ပေါင်းများစွာ စောင့်မှသာ ရရှိမည်။ ၎င်းတံမြတ်စည်းရိုးကာ Hocky Stick
အဖြစ်လည်းကောင်း၊ Golf Stick အဖြစ်လည်းကောင်း ထည်လဲသုံးလို့ရသည်။ (၃)တိုက်တွင် တံမြတ်စည်း (၂)နှစ်ချောင်းရှိ၏။ တစ်ချောင်းသည် ဘကြီးအောင်(ဦးအောင်လွင်) မှ ပိုင်ဆိုင်သည်။
ကျန်တစ်ချောင်းသည် ကြိုးသမား ခွေးတူ ဝက်တူ လှသိန်းထံမှ နွား (မကျင်လှ)အလိပ် (၂၀)နှင့် ဝယ်ယူထားခြင်းဖြစ်သည်။ စံ-ဇာဏီဘိုမှ ပိုင်ဆိုင်၏။ ဤဂေါက်သီးရိုက်သည့် တဖက်ကော့ မြက်တံပျက်စည်းကို ငှားရမ်းခြင်းဖြင့် အတော်စီးပွားဖြစ်နေ၏။ ထောင်တွင်းဗေဒင် ဟောခြင်းထက်ပင် ပို၍စီးပွားဖြစ်သည်။ ဟန်ကျနေ၏။ ထိုဒေသတွင် စံ-ဇာဏီဘိုတွင် ဗေဒင်မေးက
မကျင်လှ (နွားဆေးလိပ်) ပေးရ၏။
ဂေါက်သီးရိုက်တံ ငှားရမ်းသည်ကား တစ်မောင်းဆိုက ၁-လိပ်၊ ၂-မောင်း ဆိုက ၂-လိပ်၊ ၃-မောင်းဆိုက ၃-လိပ်၊ လေးမောင်းဆိုက ၄-လိပ်ရ၏။ အင်းစိန်ဒေသတွင် ၁၅-မိနစ်တွင် တစ်မောင်းတီး၏။ မိနစ် ၃၀-တွင် နာရီတစ်ချက်ထိုးသော် ၂-မောင်းဟူ၍ သတ်မှတ်၏။ သံချောင်း ၃-ချက်ခေါက်သော် ၃-မောင်းဆိုသည့် ၄၅-မိနစ်ကြာသည်။ သံချောင်း ၄-ချက်တီးသောအခါ မိနစ်
၆၀ ကြာ၏။ ၁-နာရီ ဖြစ်၏။ ဤသို့ တစ်နာရီကြာက နွား (မကျင်လှ) ဆေးလိပ် ၄-
လိပ်ဝင်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဂေါက်ရိုက်သော တံမြတ်စည်းတုတ်၏ အရင်းကြေကာ အမြတ်များထွက်၍ ထပ်မံ၍မှာကြားရန်ပင် အခြေအနေ ပြည့်ပြည့်စုံစုံရှိ၏။ စံ-ဇာဏီဘို ငှားရမ်းခမတောင်းရဲသောသူ တစ်ဦးသာရှိ၏။ သူ၏ဆရာ မင်းသိင်္ခမှ ယူငင်သုံးစွဲလေသော် တံမြတ်စည်း ဂေါက်ရိုက်တုတ်ကို ပေးရုံသာမက ဆေးလိပ်ကိုပါ ပေး၏။
ဆရာခသည် ဂေါက်သီးရိုက်ခြင်းအပေါ် လွန်စွာစွဲမက်နေ၏။
"ဒီမှာ ကိုယ့်လူ I Say မောင်ရဲ ဂေါက်သီးရိုက်တာကို အတော်ကြိုက်သွားပြီ၊ အပြင်
ပြန်ရောက်ရင်တော့ ဆားပုလင်းနှင်းမောင်ကို ဂေါက်သီးရိုက်ခိုင်းမယ်... စာရေးရင် တစ်နေ့သ၌ ဆားပုလင်းနှင်းမောင်သည် နှင်းတောင်စီးကရက်ကိုခဲ၍ မျက်လုံးကို ခပ်မှေးမှေးထားကာ ဂေါက်သီးကို ကြည့်လျက် စနစ်တကျ ဂေါက်ရိုက်တံကိုကိုင်ကာ အစချီပြီး ရေးပစ်မှာ"
ဟုပြောရင်း အောက်တွင်ရှိသော ကြွပ်ကြွပ်အိတ်ကို လှမ်းရိုက်၏။ ဂေါက်တံသည်
လေထဲကိုဝဲမြှောက်တတ်သွားသည်။ ဂေါက်သီးကိုမထိ။ ထိုသို့ ဆရာခ လွဲချော်သွားသည်ကို ကြည့်၍ ဆရာဦးရဲက တဟားဟားရယ်ကာ-
"မောင်ခ ဒီလိုရိုက်လို့မရဘူးလေ၊ မောင်ရင့်ဗိုက်ပူကြီးက ရှေ့ခံနေတော့ ဘောလုံးကိုငုံ့ကြည့်လို့ ဘယ်မြင်ရမလဲ"
ဦးရဲထွန်းနှင့် ဆရာကြီး မင်းသိင်္ခတို့သည် အပြန်အလှန် ရင်းနှီးကြ၍ မောင်ခ၊ မောင်ရဲဟုပင် ကျီစယ်နောက်ပြောင်ခေါ်ဝေါ်ကြ၏။
"ခက်တာမှတ်လို့... ဗိုက်ခံနေလည်း ဘောလုံးရှေ့တိုးရိုက်ရုံပေါ့"
ရှေ့သို့တိုးကာ ဂေါက်သီးကို ရိုက်၏။ ကုန်း၍မရသဖြင့် လွဲပြန်၏။
"မောင်ခ မင်း ဒီဗိုက်ကြီးကို ဝိတ်လျော့ရမယ်"
ဟု ဦးရဲထွန်းက ဝေဖန်၏။
"ဒီမှာမောင်ရဲ ဒီလိုဗိုက်မျိုးက ကိုယ်နဲ့ ကောသလဘုရင်ကြီး ဒီနှစ်ယောက်မှာသာ ရှိတာ"
ဟု ပြောကာ ရယ်မောကုန်၏။
"အဆိုရှိတယ် မောင်ရဲရ"
"ဘယ်လိုအဆိုလဲ ပြောပါဦး မောင်ခရာ"
"မိန်းမဆို ပန်းပန်၊ ယောက်ျားဆို ဝမ်းခံဆိုတာ မကြားဖူးဘူးလား... မိန်းကလေးတွေက ပန်းပန်ရင် သိပ်လှတာ... နဂိုအလှထက်ပိုပြီး လှကျက်သရေတိုးတာ... ယောက်ျားတွေက ဗိုက်က ခပ်ရွှဲရွှဲနဲ့မှ
ခန့်ညားတာ၊ စတိုင်လ်ကျတာ"
ဟု ဆရာခ စကားကြားရ၏။
"ဟိုကောင် ဇာဏီကို ကြည့်၊ နံပိန်ပိန် ဗိုက်ကပ်ကပ်နဲ့ ယှဉ်လိုက်စမ်းပါ"
ဟူ၍ စံ-ဇာဏီဘိုအား ဆွဲယူကာ သူနှင့် ယှဉ်ပြသည်။ အမှန်ပင် ဆရာမင်းသိင်္ခသည်
ပြည့်ပြည့်ဖြိုးဖြိုးနှင့် လွန်စွာခန့်ညားသည်။ စံ-ဇာဏီဘိုသည်ကား ညှင်းသိုးသိုး ပိန်ကပ်ကပ်နှင့် ဗိုက်က အတွင်းသို့ချိုင့်ဝင်နေ၏။ ဧကရာဇ်နှင့် သူဖုန်းစားပမာ ကွာခြားလှ၏။
"ဟာ ဆရာခကလည်း မဟုတ်သေးဘူးလေ... ဒီလိုရှိတယ်"
ရန်ကြီးက ထုံးစံအတိုင်း အထွန့်တက်၍-
"ပိန်ရင် အလုပ်မရှိရင် အပြင်မှာ ရှာစားလို့ရတယ်။ ကိုဇာကြီးက အပြင်ထွက်လို့
ဗေဒင်မဟောရရင်တောင် ရှောက်သီးဆေးပြား ရောင်းလို့ရတယ်၊ ဗိုက်ပြားပြားလေးဆိုတော့ ပိုကောင်းသွားတာပေါ့။ တင်ပါးမှာ တင်တုထည့်၊ ရင်သားမှာ ရင်တုတည့်၊ ရေမြှပ်နဲ့ ဘော်လီဝတ်၊ မိန်းမလိုဝတ်လိုက်ရင် ဂေါ်ရင်ဂျီကုလားမလောက်တော့ ရုပ်ထွက်တယ်။ ဗိုက်ပူတဲ့ ဆရာခက အဲဒီအတုတွေနဲ့ ဝတ်လို့ဘယ်ရမလဲ"
ကပ်သီးကပ်သတ်ပြောသော ရန်ကြီးစကားအား ဆရာခကြားလေသော် တဟီးဟီးရယ်မော၏။
"ငါက ဇော်ဂျီလိုဝတ်ပြီး လျှက်ဆားရောင်းရင် အတော်စီးပွားဖြစ်မှာ"
ဟု ရယ်မောကာ ပြော၏။ ထိုစဉ် ဝါဒါခင်မောင်အေး ရောက်ရှိလာ၍ ဖြူဖွေးလှပသော
ဂေါက်သီးဘောလုံးအား ဦးရဲထွန်းအား ပြ၏။
ထောင်ဝါဒါ အတော်များများတွင် ခင်မောင်အေးသည် အခြားဝါဒါများနှင့်မတူ အလွန်
သွေးကြီးသောသူ ဖြစ်သည်။ ဆေးပေါ့လိပ်မသောက်၊ စီးကရက်ကိုမှ ဖွာသည်။ ထိုခေတ်ကာလ ပေါ်ပေါက်သော ဇင်းဇင်းစီးကရက်ကိုပင် မဖွာ။
ငါးသုံးလုံး စီးကရက်ကိုမှ သောက်သည်။ ကြော့နေအောင်နေသည်။ လူကုံထံ သူဌေးတို့၏ အမူအကျင့်ကို အတုယူ၍ နေထိုင်ပြောဆိုသူဖြစ်သည်။ ဦးရဲထွန်း၏ ဂေက်သီးရိုက်ခြင်း သင်တန်းတွင် အလွန်တက်ကြွစွာ အကျဉ်းသားမဟုတ်ဘဲ တက်ရောက်ခွင့်ရှိသော ဝါဒါဖြစ်သည်။
စင်ကနယ်၊ 92၊ 45 အစရှိသော ကုလားဆေးမွှေးတို့ထည့်၍ ယာထားသော ကွမ်းယာကို ထောင်တွင်းသို့ သွင်းယူကာ ဦးရဲထွန်းအား တံစိုးလက်ဆောင်ပေး၍ ဂေါက်ရိုက်ပညာကို သင်ကြားသူ ဖြစ်သည်။
"ဖက်တီး... မင်း ဒီဂေါက်သီးကို ဘယ်ကရတာလဲ"
ဝါဒါခင်မောင်အေးသည် အနည်းငယ် ဝဝဖိုင့်ဖိုင့်ရှိပေရာ ဖက်တီး ခင်မောင်အေးဟူ၍လည်းကောင်း အများက ခေါ်ကြ၏။
"ဒညင်းကုန်းဂေါက်ကွင်း ချုံကြားက ကောက်လာတာ"
ဦးရဲထံမှ ဂေါက်သီးကို ဟိုလူက ယူကြည့်၊ ဒီလူက ယူကြည့်နှင့် အလွန်သဘောကျလှသည်။
ကြွပ်ကြွပ်အိတ်အလုံးအား ဂေါက်သီးသဖွယ် ရိုက်ခြင်းခေတ်ကာလကား ကုန်ဆုံးပြီ။
ဂေါက်သီးအစစ်နှင့် ရိုက်ခြင်းဖြင့် ပိုမိုထည်ဝါမှု ရှိလာပြီဟူ၍ အားလုံးက ယူဆကြကာ ဂေါက်သီးကိုတည်၍ တံမြတ်စည်းနှင့် ရိုက်သည်။ ခပ်လေးလေးရှိသည့် ဂေါက်သီးသည် တစ်စက်မှမရွေ့။ ဂေါက်သီးကို တံမြတ်စည်းနှင့် လှည်းသည့် အလားရှိသည်။ ခပ်ပျော့ပျော့ တံမြတ်စည်းကြားတွင် ဂေါက်သီးသည် အိနြေ္ဒရှိလှ၏။ ဟိုလူရိုက်ကြည့်၊ ဒီလူရိုက်ကြည့်နှင့် နောက်ဆုံး ဂေါက်သီးလုံးအစစ်ကို ဖယ်ကာ ကြွပ်ကြွပ်အိတ်အလုံးကိုသာ ပြန်ရိုက်ကြရပြန်သည်။
ဂေါက်သီးစစ်စစ်သည် အင်းစိန်တိုက်သား ဂေါက်သမားများအတွက် စိုးစဉ်းမျှ အသုံးဝင်ခြင်းမရှိပေ။
🏒 ဂွင်ပျောက်သော တံမြတ်စည်း
"ခွေးရူးကောင်းစား တမွန်းတည့်"
ဟူသော စကားသည်ကား မှန်လှသည်။ တံမြတ်စည်းဂေါက်ရိုက်တံကား ငှားရမ်း၍ နွား (မကျင်လှ)
ဆေးလိပ်အပေါ်၌ ဖင်ခုထိုင်နေသော စံ-ဇာဏီဘို၏ ဘဝမှာ သမုဒ္ဒရာထက် ရေပွတ်ပမာ ခဏတာတည်း။ တံမြတ်စည်း ဂေါက်ရိုက်တံ ငှားရမ်းရသည်မှာ လွန်စွာတွက်ချေကိုက်ပေရာ တစ်ချောင်းမကရှိက ပို၍ တွက်ခြေကိုက်မည်ဟုထင်၍ အရိုးမာဟု အမွှေးအလွတ် တဖက်ကောက်
နှုတ်ခမ်းမွှေးပါးပါး မြတ်တံမြတ်စည်းအား ၁-တိုက်၊ ၂-တိုက်၊ ၄-တို၊ ၄-ရှည်၊ ၅-တိုက်၊ ၆-တိုက် တို့သို့ အဝယ်တော်လွှတ်ကာ တံမြတ်စည်းတစ်လက်အား ဆေးပေါ့လိပ် ၂၀-နှင့် ဝယ်ယူလေသော် တံမြတ်စည်း ၆-လက်ရ၏။
မူလရှိရင်းစွဲနှင့် ပေါင်းလေသော် တံမြတ်စည်းသည် ၇-လက်ဖြစ်လာ၏။ အခါအတိုင်း ၁၅-မိနစ် တစ်မောင်းလျှင် ဆေးပေါ့လိပ် ၁-လိပ်ဝင်ငွေရှိ၍ ယခု ၁၅-မိနစ် တစ်မောင်းတွင် ဆေးပေါ့လိပ် ၇-
လိပ်ဝင်ကာ လွန်စွာဟန်ကျနေ၏။ ဂေါက်သီးလုံးအစစ် တိုက်တွင်းသို့ ရောက်ရှိလာသည့် အချိန်၌
တံမြတ်စည်းနှင့် ထိုဂေါက်သီးအား ရိုက်၍မရသောကြောင့် နဂိုအတိုင်းပင် ကြွပ်ကြွပ်အိတ်နှင့် တံမြတ်စည်း နှစ်ပါးသွားကြသည်။ ၁၅-မိနစ်လျှင် ဆေးပေါ့လိပ်တစ်တိုင် မပေးနိုင်သော ဘိုင်ကောင်များဖြစ်သည့် ရင်ထွေး၊ တင့်ဆန်း၊ ရန်ကြီးစသည့်လူငယ်တို့သည် ဂေါက်သီးလုံးကိုယူ၍
ဂေါ်လီရိုက်တမ်းကစား၏။ ၃-ကြွင်းစိမ်တမ်း ကစား၏။ ဆေးလိပ်တိုကို ထောင်၍ ပစ်ကြကုန်၏။
"တောက်... နိုင်ငံခြားကလာတဲ့ ဂေါက်သီး အင်းစိန်တိုက်ထဲရောက်မှ ပေသီးဖြစ်တော့တယ်"
ဟု ဦးအောင်လွင်က ဆို၏။
အရာရာအပေါ် စနစ်တကျ တီထွင်တတ်သော ဦးအောင်လွင်သည် ၃-တိုက်နှင့် ၂-တိုက်အကြားရှိ သရက်ပင်ကြီးမှ ကိုင်းတစ်ကိုင်းကို အမြဲဆင်းထောင်ကျ မျောက်ဖိုးစိန်အား တတ်ရောက်ချိုးစေသည်။ ဖောက်ထွင်းခိုးမှုဖြင့် ထောင်ကျလာသော ဖိုးစိန်သည် မျောက်နှင့် ရုပ်ဆင်သည်။ ခြေလက်တို့သည်လည်း ဆင်သည်။ မျောက်တစ်ကောင်အလား ဟိုဟိုဒီဒီ တွယ်ကပ်၍ ဆင်းနိုင်သည်။ ဆေးပေါ့လိပ် ၅-လိပ်ပေး၍ သရက်ကိုင်း ခပ်စိုစို ခပ်ဖြောင့်ဖြောင့်တစ်ချောင်းအား သွားရောက်ချိုးစေ၏။ ထို့နောက် ခေါင်မိုးသွပ်ပြားမှ ချိုးယူထားသော ဓားနှင့် အချိန်ယူကပ်ကပ်၍ ဂေါက်သီးရိုက်တံပုံစံအားလှီး၍ တစ်ဖုံခြစ်၍
တစ်မျိုးထွင်း၍ တလီ အချိန်ယူ၍ တီထွင်လေ၏။
"ဘကြီးအောင် သွားကြားထိုးတံလုပ်နေတာလား" ဟု လူငယ်များက နောက်၏။ "ဝီ" ဟု၍လည်း အော်ကြကုန်၏။ မြန်မာရိုးရာ ဟာသပုံပြင်ထဲ၌ လှော်တက်ကိုလုပ်ရင်း ဟင်းမွှေယောင်းမ, ဖြစ်၊ ထိုမှတစ်ဖန် တုတ်တိုဖြစ်၍ လွှင့်ပစ်သောအခါ
"ဝီခနဲ" အသံမည် ပုံပြင်ဖြစ်စဉ်ကို ကိုးကား၍ နောက်ပြောင်ကြခြင်းဖြစ်သည်။
"အဲဒီ ဝီ တုတ်ကြီးဘဲ မင်းတို့ကစားဖို့ လုပ်ပေးမှာ"
ဟုပြောကာ သရက်ကိုင်းအား သင်းသပ်ထွင်းထု၍ ကြွပ်ကြွပ်အိတ်ကြိုး ထိုးထားသည်နှင့် ချည်နှောင်၍ အလွန်လှပသပ်ရပ်သော ဂေါက်တံဖြစ်လာ၏။ ဂေါက်သီးလုံးကိုယူ၍ သစ်သားနှင့် ခွက်သဏ္ဍာန်ပြုလုပ်ထားသည့် အပေါ်တင်ကာ ဂေါက်ရိုက် သစ်သားထုတ်နှင့် ရိုက်လေသော်
"ဒေါက်... ဝှီး"။ ဂေါက်သီးနှင့် တုတ်တံ တည့်သွားပြီဖြစ်သည်။ အားလုံးက ဝိုင်းဝန်း၍
လက်ခုပ်တီးကြသည်။
ဂေါက်သီး ၂-လုံး ဂေါက်တံတစ်ချောင်းနှင့် ဝရုန်းသုန်းကား ဖြစ်နေကြသည်။ ကွပ်ကြွပ်အိတ်နှင့် လုပ်ထားသော ဂေါက်သီးသည်လည်းကောင်း၊ တံမြတ်စည်းနှင့် ပြုလုပ်ထားသော ဂေါက်ရိုက်တုတ်အားလည်းကောင်း မည်သူကမျှ မျက်စောင်းပင် ထိုး၍မကြည့်။ မည်သူကမျှ တံမြတ်စည်း တုတ် စံ-ဇာဏီဘိုဆီ လာမငှားတော့။ တံမြတ်စည်းတုတ် ငှားရမ်းသောဂွင် ပျက်ရလေတော့သည်။
"ဟေ့ကောင် ဇာဏီ မင်းဘာဖြစ်နေတာလဲ"
ဟု ဆရာခက တံမြတ်စည်း ၇-ချောင်းနှင့် ယောင်စင်းစင်းကြီးဖြစ်နေသော ဇာဏီဘိုအား လှမ်းအော်မေးသည်။
"ဆရာစဉ်းစားကြည့်၊ တံမြတ်စည်းတစ်ချောင်းကို နွားဆေးလိပ် အလိပ် ၂၀၊ ၇-ချောင်းဆိုတော့ ဆေးလိပ် ၁၄၀။ ကဲ ဘယ်လောက်နှမြောဖို့ကောင်းလဲ။ ဒီနေ့ ဖိုကြီးပေါက်ဈေး ကြက်ဥတစ်လုံး နွား ၂-လိပ်ဆိုတော့ ပုံစံစောင်တစ်ထည် နွား ၂၀၊ ကြိုးပုတီး ၁-ခု နွား ၁၀-လိပ်၊ ဘယ်လောက်
ရှုံးထားလဲ"
"မင်း တစ်မောင်းကို ၁-လိပ်နဲ့ငှားစားတဲ့ ဆေးပေါ့လိပ်တွေရော..."
"ကုန်ပြီလေ ဆရာရဲ့... တံမြတ်စည်းတုတ်ရဖို့ ရင်းတာကတစ်မျိုး၊ ဟိုလူ့တိုက် ဒီလူ့တိုက်နဲ့ အခုတောင် ဒီတစ်တိုဘဲ ကျန်တော့တာ..."
ဟု အစီခံနားကပ်နေသော ဆေးလိပ်တိုကိုပြပြီး ညည်းလေသော်-
"ဟေ့ကောင်ရာ ဒါများ ညည်းမနေပါနဲ့တော့"
ဟု ဆိုကာ တံမြတ်စည်းအစည်းကို မြေသို့ချ၊ ညာခြေနှင့်နင်း၍ မျက်စိမှိတ်ကာ "အုမ်"ဟူ၍ ၃-ကြိမ် ရွတ်၏။ ဆရာ မင်းသိင်္ခ၏ "အုမ်" ရွတ်ပုံသည် အသံထွက်နှင့်လည်း ညီ၏။ ရင်ခေါင်းသံလည်းပါ၏။
"အုမ်ကို တစ်ညလုံးရွတ်မှာ။ ဒီဇင်ဘာ ၂၅-ရက်မှစပြီး ညလုံးပေါက်ရွတ်မှာ"
ဟုဆိုကာ တံမြတ်စည်းတို့ကို ဆောင့်ကန်ထွက်သွားသည်။ ဆေးလိပ်လည်းကုန်၊
ထပ်မံဝယ်စရာလည်းမရှိ၍ အိပ်ငိုက် စိတ်ညစ်နေဆဲ။
"ကိုဇာကြီး၊ ကိုဇာကြီး"
ဟု ခေါ်သံကြား၍ လှည့်ကြည့်သော် ၄-တိုက်မှ အမြဲဆင်း ကရင်လေးကို တွေ့ရ၏။
"၄-တိုက်မှာ အဘတော်ဘုရားလေး ဦးအရိုင်းတို့ကို အန်ကယ်ဂျွန်က ဂေါက်သီးရိုက်တာ သင်ပေးမလို့၊ အဲ့ဒါ ဂေါက်သီးရိုက်တဲ့ တံမြတ်စည်းရောင်းဖို့ ကိုဇာကြီးမှာ ရှိတယ် ဆိုလို့"
"မင်းတို့ အန်ကယ်ဂျွန်က လေယာဉ်ပဲမောင်းတတ်တာ၊ ဂေါက်သီးရိုက်တတ်လို့လား"
တံမြတ်စည်းတုတ်များ ရောင်းရမည်ကို ရင်ထဲမှ ဝမ်းသာနေတာကို ဖုံးကာပြောရ၏။
"အန်ကယ်ဂျွန်က ဦးရဲထက်တောင် တော်သေး"
"မင်း ဦးရဲကြားသွားလို့ သေဦးအုန်းမယ်။ ကဲ မင်းဘယ်လောက်ပေးမလဲ"
"တစ်ချောင်းကို နွား အလိပ် (၂၀)နဲ့ ဝယ်ထားမှန်းသိတယ်။ ရှားပါးပစ္စည်းမို့ (၂၅)လိပ်နဲ့ ဝယ်မယ်"
ဟုပြော၏။
စံ-ဇာဏီဘို ရင်တလှပ်လှပ်ဖြစ်သွားသည်။ အရင်းပါပြန်ရမည့်အပြင် (၅)လိပ်ပင် မြတ်သေး၏။
"ဘယ်နှစ်ချောင်းယူမှာလည်း"
"အကုန်ယူမှာ"
"ဟုတ်လို့လား သွားမေးလိုက်ဦး"
ကရင်လေး ပြန်သွားသည်။ ပြန်မှလာပါ့မလားဟု ရင်တလှပ်လှပ်ဖြစ်နေသော စံ-ဇာဏီဘိုသည်
ခရာခ ရွတ်သည့် အတိုင်း "အုမ်" ကို ရွတ်လေသော် သူ့အသံသည် တစ်ခုခုဖြစ်နေသည်။
"ကိုဇာကြီး ရော့ဆေးလိပ် တံမြတ်စည်းပေး"
ဟူ၍ အသံကြား၍ မျက်လုံးကို ဖွင့်ကြည့်လေသော် ဆေးလိပ်များကို တွေ့ရ၏။ ဆေးလိပ်(၅၀)စီးက
(၃)စီး၊ (၂၅)လိပ်စီးက တစ်စီးတွေ့ရ၏။ ဆေးလိပ်စည်းပေါ်မှ နွား (မကျင်လှ) တံဆိပ်က ကြော့သား။
"ရော့ ဂေါက်တံ တံမြတ်စည်း (၇)ချောင်းယူသွား။ ဒီကြွပ်ကြွပ်အိတ် ဂေါက်သီးလုံးတွေပါ အဆစ်ယူသွားလိုက်"
ဆရာခ၏ "အုမ်" သည် အလွန်စွမ်းလှပေသည်။
ံ-ဇာဏီဘိုသည် ဆေးပေါ့လိပ်အထုတ်တို့ကို မ၍ တိုက်-၃၊ အခန်း-၁၃တွင်ရှိသော ဆရာခဆီသို့သွားလေသော် အရှေ့ဘက်နံရံသို့ မျက်နှာမူ၍ တပလ္လင်ခွေထိုင်၍
မျက်လုံးများမှိတ်ကာ "အုမ်" ဟူ၍ ရွတ်ဆိုနေသော အသံကိုကြားနေရသတည်း။
ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။
စံ-ဇာဏီဘို
Subscribe to:
Posts (Atom)







